အခန်း ၄၇
Vol. 5 Ch. 47
47 01
အပိုင်း (၄၇)
ယွင်ယွီက သိုင်းပညာကို သဘောကျတယ်လေ။ မနက်ခင်း သူမလေ့ကျင့်ခန်းလုပ်ရင် သိုင်းကွက်တွေ ရောပါနေတတ်တယ်။ ပြီးတော့ အခုဒီကောင်မလေးက စိတ်ဓာတ် မကောင်းဘူးလေ။ သူမအပြစ်ကို ရှန်းရှန်းပေါ် ပုံချချင်နေတယ်။ အစကတည်းက ရှန်းရှန်းတို့ကို မင်္ဂလာပွဲဖိတ်ခဲ့တာ သူမကိုယ်တိုင်လေ။ အခု ရှန်းရှန်းက သူ့ယောက်ျားရဲ့ ရည်းစားဟောင်းမှန်းသိတော့ ဒေါသထွက်ပြီး ပြဿနာရှာပြန်တယ်။
အဖြစ်အပျက်အားလုံးမှာ ရှန်းရှန်းက အပြစ်ကင်းတာပဲကို သူမမှာအပြစ်ရှိမဲ့ရှိတော့လည်း အိမ်အခြေအနေမှန်ကို ဖုချန်းကို မပြောပြခဲ့ရုံသက်သက်ပဲ။ ကျောင်းမှာဆိုရင်လည်း ရှန်းရှန်းက လုံးဝသိုသိုသိပ်သိပ်ပဲ နေတာလေ။ အဝတ်အစား အသုံးအဆောင် အစားအသောက်ကအစ သူများတွေလိုပဲလေ။ အခုကားတောင် ဘွဲ့ရပြီးမှ သူမကို ဝယ်ပေးထားတာကိုး။
အခုဒီကောင်မလေးက လုံးဝမတုန့်ဆိုင်းပဲ ရှန်းရှန်းကို ပြေးလာရိုက်မှတော့ သူမလည်း ညှာတာမနေတော့ဘူးလေ။ သူမကန်ချက်က ကောင်းစစ်ချီကို နှစ်မီတာလောက် လွှင့်သွားစေတယ်။ ဒါပေမဲ့ သူမက နာကျင်အောင်မလုပ်ဘဲ အဝေးရောက်ရုံလေးပဲ တွန်းသလိူကန်ခဲ့တာလေ။
လူတွေက အံ့ဩသွားကြတော့တယ်။ သတို့သမီးက အတွန်းထုတ်ခံလိုက်ရတော့ ဟိုဒီကြည့်လို့ ဘာဖြစ်သွားသလဲလို့ မေးနေကြတော့တယ်။
ကောင်းလင်မယားက ဒေါသတကြီးနဲ့ “နင် ဘယ်ကဟာမလဲ စစ်ချီ သမီး မပူနဲ့။ ငါရဲခေါ်မယ် ရဲတိုင်ရမယ်”
ယွင်ယွီကတော့ လေသံအေးအေးနဲ့ “ရှင်တို့သမီးကမှ သည်းမခံတတ် စူးစမ်းလေ့လာတာမျိုးလည်း လုံးဝမရှိဘဲ ရှန်းရှန်းကို ရိုက်ဖို့ကြံတာ မဟုတ်ဘူးလား။ ကျွန်မက တားနိုင်အောင် ခြေထောက်လေး ဆန့်လိုက်ရုံပါ”
အဖေကောင်းက “ဒါဆိုလည်း ငါ့သမီးငါဆုံးမမှာပေါ့ကွ။ မင်း ဘာမှဝင်လုပ်စရာမလို့ဘူး”
ယွင်ယွီက “ရှင်တို့က တဖက်ထဲအမြင်နဲ့ ဆုံးဖြတ်တာပဲ၊ ဘယ်သူစလုပ်လဲ မှတ်တမ်း တင်ထားနိုင်တယ် ပြန်ကြည့်ချင်လား”
ဖန်ချွမ်ရှန်းက သူ့သမီးမှာ ဒီလောက်ကောင်းတဲ့ သူငယ်ချင်းရှိမှန်း မသိခဲ့ဘူးလေ။ ဒီကောင်မလေးက သူ့သမီးကို ကာကွယ်ပေးရုံတင် မဟုတ်ဘူး၊ မကောင်းပြောဖို့တောင် ခွင့်မပြုဘူးလေ။
ဖန်ချွမ်ရှန်းက ရှေ့တက်လိုက်ပြီး “ငါကလည်း ဘာဖြစ်သလဲလို့မေးချင်တ။ယ် ရှန်းရှန်းက ငါ့သမီး ဘာမှမဟုတ်တာ မလုပ်ထားပဲနဲ့ ငါတို့ရှန်းရှန်းကို အဲ့လိုရိုက်နှက်တာက ငါတို့ဖန်မိသားစုကို စော်ကားတာပဲ”
“......” အဖေကောင်း ဘာပြောရမှန်းမသိ ဖြစ်သွားတယ်။ ဖန်မိသားစုက ပိုက်ဆံရှိတော့ သူ မစော်ကားရဲဘူးလေ။
အဲ့အချိန်မှ ကောင်းစစ်ချီက ထလာပြီး ဖန်ရှန်းရှန်းကို လက်ညိုးထိုးလို့ “ဘာဖြစ်သလဲဆို ဒီဝမ်းကွဲက ကျွန်မယောက်ျားကို စနိုက်ချင်နေတာလေ”
တကယ့်ပေါက်ကရတွေစတော့တယ်။ ဖန်ရှန်းရှန်းက “ဟမ် ဘာလဲဟဲ့”
ဖုချန်းက “စစ်ချီ ပြဿနာမရှာနဲ့” သူ့မျက်နှာက ပျက်နေပြီလေ။
“ငါ့ကို ပြဿနာမရှာနဲ့ ဟုတ်လား” ကောင်းစစ်ချီက ငိုတော့တယ်။ “နင့်ရည်းစားဟောင်းကို ငါတို့မင်္ဂလာပွဲဖိတ်ပြီးမှ ဒါဘာသဘောလဲဟဲ့”
သူမက ရှန်းရှန်းကို သူမကိုယ်တိုင်ဖိတ်တယ်ဆိုတာ မေ့သွားပြီး ပေါက်တတ်ကရတွေ ပြောတော့တယ်။
လူအုပ်က ရှင်းလင်းသွားတော့တယ် ဒီလူက သူ့ရည်းစားဟောင်းကို မင်္ဂလာပွဲ ဖိတ်တယ်လား။ နှစ်ယောက်အကြောင်းသိတဲ့လူတွေကတော့ ရှုပ်ထွေးသွားပြန်တယ်။ ကောင်းမိသားစုနဲ့ ဖန်မိသာစုက ဝမ်းကွဲတွေမလား သဘောက သတို့သားရဲ့ ရည်းစားဟောင်းက သတို့သမီးရဲ့ ဝမ်းကွဲပေါ့။ ရှုပိထွေးလိုက်တဲ့ ဆက်ဆံရေးပဲ။
ဖန်ချွမ်ရှန်းက ခဏတောင့်ခဲသွားပြီး ခပ်ဖြေးဖြေးနဲ့ “ဒါဆို ရင် စစ်ချီက ရှန်းရှန်းကို တောင်းပန်လိုက် ဘာမဟုတ်တာလေးနဲ့ ရိုက်ချင်တာကိုး”
ဖန်အမေနဲ့အဖေက သူတိူ့သမီးကို တအားချစ်တာလေ။ အမျိုးတွေကလည်း “နားလည်မှုလွဲတာပါ။ နားလည်မှုလွဲတာ ရှောင်ဖု စစ်ချီကိုခေါ်ပြီး နည်းနည်း သွားစားလိုက်ဦး”
ဖုချန်းက ခေါင်းညိတ်ပြီး ကောင်းစစ်ချီကို ခေါ်လို့ ပြန်ထွက်ချင်ပေမဲ့ ကောင်းစစ်ချီက သူ့လက်ကိုပုတ်ထုတ်ရင်း ဖန်ရှန်းရှန်းကို လက်ညိုးထိုးလို့ အော်တော့တယ်။ “စောက်စနှိုက်ကျော်မ”
47 02
“ကောင်းစစ်ချီ” ဖန်ရှန်းရှန်း ဒေါသထွက်သွားတော့တယ်။ “ဘယ်သူက စနှိုက်ကျော်မလဲ နင် အဲ့လောက်ရှင်းလင်းချင်နေရင် ငါလုပ်ပေးမယ်။ လူကြားမကောင်းလို့ ငါဘာမှမပြောခဲ့တာ မင်္ဂလာပွဲကို ငါ့ကြောင့်မပျက်စေချင်လို့ ဘာမှမပြောခဲ့တာ အခုနင်က ငါ့ကို တစ်ဖက်သတ် ဖိပြောလာတော့ ရှင်းကြတာပေါ့” သူမက မတ်တပ်ရပ်လို့ ဧည့်သည်တွေကို ဝေ့ကြည့်လိုက်တယ်။ “ဦးလေးတို့ ဒေါ်လေးတို့ ကျွန်မ ဒီဖုချန်းနဲ့ သုံးနှစ်တိတိ တွဲခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့တစ်လမှာ သူက ကျွန်မဆီကနေ အိမ်ဝယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ယွမ်နှစ်သိန်း တောင်းပါတယ်။ ကျွန်မမပေးတော့ သူ့ကို သုံးလေးနှစ်လောက် တွယ်ကပ်နေတဲ့ အတန်းဖော်က ပေးဖို့ဆန္ဒရှိတာမလို့ လုံးဝမတုန့်ဆိုင်းဘဲ ကျွန်မကိုဖြတ်လို့ ဘယ်တော့မှထပ်မတွေ့ကြဘဲ အဲ့အတန်းဖော်နဲ့ လက်ထပ်ပါမယ်တဲ့။ ဟက် ကျွန်မ မထင်ခဲ့တာ။ အဲ့အတန်းဖော်က ကျွန်မရဲ့ ဝမ်းကွဲဖြစ်နေမယ်လို့လေ”
တကယ့်ခွေးသွေးတွေ ပြည့်နေတဲ့ ဇာတ်လမ်းပဲ။
သတို့သားက နှမ်းစေ့မြင်လို့ ဖရဲသီးကို ပစ်တာပေါ့။ သူ့ရည်းစားဟောင်းက ဟော်တယ်ဖွင့်မှန်း မသိခဲ့ဘူးလား။
အကြောင်းသိသွားတော့ ဧည့်သည်တွေက ကောင်းစစ်ချီတို့ကို ကြည့်လာတော့တယ်။ ကောင်းစစ်ချီက လူးလိမ့်မတတ်ငိုရင်း “သူ့ကို ငါအရင်သိခဲ့တာ”
အရင်သိရုံနဲ့ တခြားလူကိူ စနှိုက်တယ် ပြောစရာလား။
ပြောရရင် အခုက မင်္ဂလာပွဲနဲ့တောင် မတူတော့ဘူး။ ပြီးတော့ သေချာပေါက်ကို ဖန်မိသားစုနဲ့ ဆက်ဆံရေးက ပျက်ဆီးသွားပြီလေ။
ဖန်ချွမ်ရှန်းက “ကဲ ကိစ္စတွေလည်း ရှင်းသွားပြီ၊ ငါတို့တွေ အိမ်ကိုလည်း လာမလည်ကြနဲ့တော့ သွားပြီ”
ဖန်မိသားစု ထွက်သွားတာကို ဘယ်သူကမှ မတားရဲကြဘူးလေ။
အပြင်ရောက်တော့ ဖန်ချွမ်ရှန်းက သက်ပြင်းချရင်း “ရှန်းရှန်း အဖေ့ကို ဘာလို့မပြောတာလဲ”
ရှန်းရှန်းက ငိုရင်း “သမီးက သူ့ကို အဲ့လိုလူလို့မ ထင်လို့။ ပြီးတော့ သူပြောတဲ့ကောင်မလေးကိုလည်း ဝမ်းကွဲလို့ မထင်ခဲ့ဘူး”
ယွီဇီမေ့က “အဲ့လိုကောင်မလေးမျိုးကို ဘာဝမ်းကွဲလို့မှ သတ်မှတ်မနေနဲ့”
“ရှန်းရှန်း သမီးမငိုနဲ့ သမီးမှန်တာပဲဟာ” ပြောရရင် ရှန်းရှန်းက မမှားဘူးလေ။ သူတို့ ကြယ်ငါးပွင့်ဟော်တယ်ဆိုတာမျိုးက မြို့တော်မှာဆို ချမ်းသာတယ်လို့ ပြောမရဘူးလေ။ ဒါပေမဲ့ သာမန်လူအတွက်တော့ လက်လှမ်းမမှီနိုင်ဘူးပေါ့။ စိတ်ထားဖြူစင်တဲ့ ရှန်းရှန်းလိုကောင်မလေးက သူ့အိမ်ကို သာမန်ပဲလို့တွက်တော့ ဖုချန်းကိုလည်း ထူးထူးခြားခြား ပြောပြစရာမရှိဘူးလို့ တွေးတာနေမှာပေါ့။
ရှန်းရှန်းကို နှစ်သိမ့်ပြီးတော့ ဖန်ချွမ်ရှန်းက ယွီယွီ့ကို “သမီးကိုကျေးဇူးတင်ရမှာ သမီးတုန့်ပြန်တာ မြန်လို့ညမဟုတ်ရင် ရှန်းရှန်းအရိုက်ခံရမှာ”
“ကျေးဇူးပါပဲ ယွီအာရယ်”
သူမမှာ ဒီလို သူငယ်ချင်းရှိတာ တကယ်ကံကောင်းတာပဲလေ။
ယွင်ယွီက ရယ်ရင်း “နင် ဘာမှမဖြစ်ရင် ပန်းခြံသွားရအောင်”
“သွားကစားကြ အဖေ အိမ်အရင်ပြန်နှင့်မယ်” ဖန်ချွမ်ရှန်းက ပြောလိုက်တယ်။
တကယ်တော့ ဖန်ရှန်းရှနါးက တအားမခံစားရတော့ဘူးလေ။ သူမက ရယ်တောင်ရယ်ချင်နေသေး။ ဖုချန်းက သူမကိုဖြတ်ပြီး ချမ်းသာတဲ့ဆွေမျိုးတစ်သိုက်ရှိတဲ့ ချမ်းသာတဲ့မိသားစုကို သေချာရှာပြီး သူမရဲ့ ဝမ်းကွဲနဲ့ရလို့ ရှိတဲ့ ချမ်းသာနဲ့ဆွေမျိုးက သူမတို့နဲ့လေ။ အဲ့စိတ်နဲ့ သူတို့ ပန်းခြံကို ရောက်လာတော့တယ်။
အခုပန်းခြံက တရုတ်ပြည်တစ်ခွင် အကြီးဆုံး ပန်းခြံကစားကွင်းလေ။ သုံးရာဟက်တာလောက် ဧရိယာရှိပြီး မြို့လယ်မှာ ဆောက်မရလို့ မြို့စွန်မှာ ဆောက်ထားတာ။ အခုလို နွေရာသီအားလပ်ရက်ဆို ပျော်စရာအစီအစဉ်မျိုးစူံရှိတယ်လေ။
ရှန်းရှန်းရဲ့ VIP လက်မှတ်နဲ့ သူမတို့က စောင့်စရာမလိုပဲ ဝင်ခွင့်ရသွားပြီး သူမတို့က ကစားနည်းမျိုးစုံ ကစားကြတော့တယ်။ ဒါပေမဲ့ ယွင်ယွီက သူမကိုယ်ဝန်ကြောင့် တအားစိတိလှုပ်ရှားရတာမ်ျုး တအားပြင်းထန်တာမျိုးတွေကို ရှောင်တယ်လေ။
သူမတို့က ဓာတ်ပုံတွေ အများကြီးရိုက်ကြတယ်။ ကြောင်နားရွက်တွေဝတ်ပြီး ဓာတ်ပုံရိုက်တာမျိုးပေါ့။ ရှန်းရှန်းက လေတိူက်လို့ ယွီယွီ့ဂါဝန်စလေး နည်းနည်းဟပြီး ခြေထောက်လေးပေါ်လာတဲ့ ပုံကိုတောင် ရသွားသေး။
******