အခန်း ၄၈
Vol. 5 Ch. 48
48 01
အပိုင်း (၄၈)
ယွင်ယွီတို့က အိမ်ပြန်ရောက်လို့ ရိုက်လာတဲ့ပုံတွေ တင်လိုက်တာနဲ့ စုန့်ချန်းမင်းက တန်းရစ်တော့တယ်။ “ရှောင်ယွီအာ နင်လေး အပြင်ထွက်လည်ရင် ငါ့ကိုခေါ်ပါဆို”
ယွင်ယွီက ဆိုဖာပေါ် အေးအေးလူလူလဲရင်း စာပြန်လိုက်တယ်။ “ရှင် ထွက်လာနိုင်တာကျလို့”
စုန့်ချန်းမင်းက ငိုတော့မတတ် ဖြစ်သွားတော့တယ်။ ရုပ်လွန်ပညာဆွေးနွေးပွဲက နီးလာတော့ သူ့ဆရာက မျက်နှာမပျက်ရအောင် သူ့ကို အပြင်ပေးမထွက်ဘဲ နေ့နေ့ညည နိယာမငါးမျိုနဲ့ နည်းစနစ်ငါးခုကို တစ်မျိုးပြီးတစ်မျိုး သင်ပေးနေတယ်လေ။ သူမတို့ ခဏစကားပြောနေတဲ့အချိန်မှာတောင် လေ့ကျင့်ဖို့ ထပ်ဆွဲခါ်ခံသွားရသေး။ သူ့ဘဝက တော်တော်တော့ သနားဖို့ကောင်းသား။
ဖန်ရှန်းရှန်းက ယွီဇီမေ့က အိမ်ပြန်လာထမင်းစားဖို့ ခေါ်နေတယ်လေ။ ယွင်ယွီကတော့ အဲ့လိုကိစ္စ ဘယ်ငြင်းပါ့မလဲ။ လိုက်သွားတာပေါ့။ ဒါပေမဲ့ ညလည်းမှောင်လာရော သူမက “ဦးလေး ဒေါ်လေး ကျွန်မလုပ်စရာရှိလို့ ညမအိပ်တော့ပါဘူး”
ရှန်းရှန်းက “ရှောင်ယွီအာ ဒီလောက်နောက်ကျမှ”
ယွင်ယွီက အကြောင်းပြချက်ကို တစ်ချက်တွေးရင်း “ငါ့သူငယ်ချင်းတစ်ယောက်ကို သွားတွေ့မလို့”
ဖန်ရှန်းရှန်းက “ငါနင့်ကိုလိုက်ပို့မယ်လေ။ ပြီးရင် ငါ့တိုက်ခန်းမှပဲ သွားအိပ်ရအောင်” သူမက အပြင်မှာ တိုက်ခန်း ဝယ်ထားတယ်လေ။
ယွင်ယွီက အလောတကြီးနဲ့ “နင်က ဦးလေးတို့နဲ့နေလိုက်။ ငါသူ့တိုက်ခန်းမှာပဲ အိပ်လိုက်မယ်”
ယွင်ယွီက တစ်ခုခုဖြစ်နေမှန်းသိတော့ ရှန်းရှန်းက ဘာမှမေးမနေတော့ဘဲ သူမကို သွားခွင့်ပြုလိုက်တော့တယ်။
ယွင်ယွီက ဖန်အိမ်က ထွက်လာပြီး တိုက်ခန်ဆီပြန် သူမရဲ့ ပုံမှန်အဝတ်ကိုပြန်လဲလို့ အိတ်အသေးတစ်လုံးနဲ့ အပြင်ထွက်တော့တယ်။
မနေ့က စက္ကူလူလေးက ကျောပိုးအိတ်ထဲကနေ ပြေးထွက်လာပြီး သူမပခုံးပေါ်အထိ တွယ်တက်လာတော့တယ်။ ယွင်ယွီက သူ့ကို တို့လိုက်ရင်း “ငါလုပ်စရာရှိလို့ လိုက်လာချင်လား”
ဒီစက္ကူလူလေးက သဘာဝလွန်သတ္တဝါစာရင်းထဲ ပါတယ်လေ။ သူက အရင်က တောထဲပဲနေရပြီး အခုမြို့ကြီးကို ရောက်လာတော့ သူ လျောက်ကြည့်ချင်တာပေါ့။ တစ်နေကုန်အိမ်မှာ ချန်ထားခံရတော့ အခုတော့ သူက မဆိုင်းမတွ ခေါင်းညိတ်တော့တယ်။
ယွင်ယွီကရယ်ရင်း “ဒါဆို မင်းလေး ငါ့အိတ်ကပ်ထဲမှာ ငြိမ်ငြိမ်နေရမယ်နော် သူများတွေ့သွားရင် ပြဿနာရှိတယ်”
စက္ကူလူရုပ်သာ လှုပ်ရှားနေရင် သာမန်လူတွေကို လန့်သွားစေလိမ့်မယ်လေ။
အခုတိုက်ခန်းက ထွက်တော့ သူမက ယန်နန်တိုက်ခန်းကို တက္ကစီငှားပြီးသွားလိုက်တယ်။ ယန်ရှီအိမ်ရာက မြို့တော်က အကြီးဆုံး အိမ်ရာနယ်မြေဆယ်ခုစာရင်းဝင်လေ။ အဲ့နေရာက အိမ်ရာတွေက တအားဈေးကြီးတော့ နေတဲ့လူတွေကလည်း တကယ်ချမ်းသာတဲ့ လူတွေပဲလေ။ လုံခြုံရေးစနစ်ကလည်း ကောင်းသလား မမေးနဲ့ ပေါ့။
ထန်ဟုန်လျန်က ယန်ရှီဗီလာအိမ်ရာမှာနေတာလေ။ သူက ငယ်တုန်းက ရိုက်ကွင်းထဲကို ထမင်းပို့ရတဲ့ စားသောက်ဆိုင်လုပ်ခဲ့ပြီး အဲ့ကနေ ဖျော်ဖြေရေးလောကထဲမှာ နာမည်ရလာတယ်လေ။
ယွင်ယွီရထားပေါ်ကို ရောက်သွားတော့ လူတွေ အများကြီးရှိနေတယ်။ အဲ့ါနဲ့ ရထားထွက်မှာစောင့်ရင်း ယွင်ယွီက ကျောပိုးအိတ်ကို ပိုက်လို့ရပ်နေတော့တယ်။ စက္ကူလူလေးကတော့ သူမရဲ့ အင်္ကျီအိတ်ထဲမှာ ပုန်းနေတယ်လေ။
သူမရပ်နေတဲ့နေရာကနေ ဈေးဝယ်စင်တာတစ်ခုကို မြင်နေရပြီး မိန်းကလေးတွေက ဝင်လိုက်ထွက်လိုက်နဲ့ စည်ကားသိုက်မြိုက်နေတယ်။
သူမက ရထား ဘယ်လောက်ကျန်သေးလဲလို့ တစ်ချက်ကြည့်လိုက်တယ်။ သူမ ရထားပြောင်းစီးရမယ်လေ။ သူမက ခေတ်အလိုက် နည်းပညာတွေပေါ် နားလည်နိုင်စွမ်း မြင့်ပေမဲ့ ရထားတိုးစီးရရင်တော့ သူမခေါင်းကိုက်လာတယ်လေ။ သူမက အနားကကောင်မလေးတွေ ဟော့ပေါ့သွားစားဖို့ တိုင်ပင်နေတာကိုကြားနေရတယလ။
အဲ့အချိန်မှ ကလစ်ကနဲ မြည်သံတစ်ခုကို ကြားလိုက်ရပြီး သူမကြည့်လိုက်တော့ စကားပြောနေတဲ့ ကောင်မလေးတွေ နောက်မှာရပ်နေတဲ့လူရဲ့ အပြုအမူကိုမြင်တော့ သူမက ပြေးသွားပြီး သူ့လက်ကို ဆုပ်ကိုင်လို့ “ရှင်ဘာလုပ်တာလဲ”
“မင်းကရော ဘာလာလုပ်တာလဲ” သူမ ဆုပ်ကိုင်လိုက်တဲ့လူက ဒေါသတကြီးနဲ့ ပြောလိုက်ပေမဲ့ ဆုပ်ကိုင်ထားတာကနေ ရုန်းမထွက်နိုင်ဘူးလေ။
အရှေ့က ကောင်မလေးက လှည့်ကြည့်လာတယ်။ “ဘာဖြစ်ကြတာလဲ”
48 02
ဒီလူက လေးလေးထောင့်ပုံမျက်မှန်နဲ့ တီရှပ်ရယ် ဂျင်းရယ်ဝတ်ထားတော့ ကောလိပ်ကျောင်းသားနဲ့ တူနေတယ်။ သူက ဖုန်းကိုပိတ်ရင်း “ဒီကလေးမ ဘာလုပ်ချင်လဲ။ ကျွန်တော် မသိဘူး။ ဒီမှာရပ်နေရုံကို ပြေးလာပြီး ရိုက်တာ”
“ဖုန်းထုတ်လိုက်စမ်း” ယွင်ယွီက မဟုတ်ကဟုတ်ကတွေကို ပြိုင်ငြင်းနေဖို့ ပျင်းတယ်လေ။ သူမက ကောင်မလေးကို “ဒီလူက နင့်စကပ်အောက်ကိူ ဖုန်းနဲ့ ဓာတ်ပုံရိုက်နေတာ”
သူမပြောလိုကါတာနဲ့ မိန်းကလေးတွေ မျက်နှာပျက်သွားတော့တယ်။ စကပ်ဝတ်တိုင်း သူမတို့က ဓာတ်ပုံ အရိုက်ခံချင်နေတာမဟုတ်ဘူးလေ။
“မဟုတ်တာမပြောနဲ့” သူက ဝန်မခံဘူးလေ။ “ငါဖုန်းကိုင်နေတိုင်း ဓာတ်ပုံခိုးရိုက်တာလား ငါ့မှာ ကောင်မလေးရှိတယ်။ ဒီလိုဟာ ဘယ်လိုလုပ် ငါလုပ်မှာလဲ”
ကောင်မလေးက ယွင်ယွီဆုပ်ကိုင်ထားတဲ့ သူ့လက်ကိုကြည့်လိုက်တော့ ဖုန်းကို မလွှတ်တမ်း တင်းတင်းဆုပ်ကိုင်ထားတာ တွေ့လိုက်ရတယ်လေ။ သူမက “ရှင့်ဖုန်းဖွင့်စမ်း”
“ကိုယ်ရေးကိုယ်တာ လွှတ်လပ်ခွင့် ချိုးဖောက်တာပဲကွ”
ယွင်ယွီက ဆက်နားထောင်မနေဘဲ သူ့လက်ကိုယူလို့ ဖုန်းခလုတ်ပေါ် နှိပ်ချလိုက်တယ်။ ချက်ချင်းဖုန်းပွင့်သွားပြီး ကင်မရာဖွင့်ထားတာကို မြင်လိုက်ရတယ်လေ။
“သူတကယ် ဓာတ်ပုံခိုးရိုက်နေတာ” ကောင်မလေးက တကယ်ဒေါသထွက်သွားပြီး ရဲတန်းခေါ်တော့တယ်။ သူမက ဖုန်းကိုဖွင့်ကြည့်တော့ မိန်းကလေးတော်တော်များများရဲ့ စကပ်အောက် ခိုးရိုက်ထားတဲ့ပုံတွေ အများကြီးလေ။
“ကျေးဇူးတင်ပါတယ်” ကောင်မလေးက ကျေးဇူးတင်စကား လာပြောတော့ ယွင်ယွီက
“ရပါတယ် နောက်ဆိုရင်တော့ ပျော်တာလည်းပျော် ဘေးပတ်ဝန်းကျင်လည်း ကြည့်နော်”
အဲ့နှာဘူးကောင်ကတော့ ဘူတာထိန်းသိမ်းရေးထဲကို လုံခြုံရေးတွေ ဆွဲခေါ်သွားတာခံရပြီး ရဲရောက်လာမှာကို စောင့်နေတော့တယ်။ အနည်းဆုံး 15ရက်လောက် ထိန်းသိမ်းခံရမှာပဲလေ။ ပြီးတော့ ကျောင်းကို အကြောင်းကြားတာနဲ့ မိသားစုကို အသိပေးတာမျိုးပါ ပါတယ်လေ။
အခုဒီကိစ္စက မိန်းကလေးတွေ စကပ်အောက် ဓာတ်ပုံလိုက်ရိုက်တဲ့ကောင်ကို ကောင်မလေးတစ်ယောက်က ဖမ်းမိခြင်းဆိုပြီး နာမည်ကြီးသွားတော့တယ်။ ခေါင်းစဉ်ကတော့ “ဘူတာက နှာဘူးအား အလှလေးမှဖမ်းဆီး” ဆိုပြီးတော့လေ။
အဲ့လိုခေါင်းစဉ်မျိုးက လူတွေ သဘောကျကြတယ်လေ။ လူတွေက အလှကြိုက်ကြတာကိုး။ နှိပ်ကြည့်လိုက်တော့ ကြွက်သားတွေနဲ့ နှာဘူးတစ်ယောက်ကို ကောင်မလေးတစ်ယောက်က လက်ကို တင်းတင်းကိုင် ဖမ်းလိုက်တာကို မြင်လိုက်ကြရတယ်လေ။
တစ်ယောက်ဆိူ မနေနိုင်ဘဲ ပြောမိတော့တယ်။
“အဲ့လိုအကိုင်ခံရတာ ငါသာဆို တအားကောင်းမှာပဲ”
တစ်ယောက်က ပြောလာတယ်။ “ဒါကို လှတယ်ခေါ်တာလား”
“ဟေ့ အပေါ်ထပ်ကကောင်။ ဒါကိုမှ လှတယ်မခေါ်ရင် ဘာကိုလှတယ်ခေါ်မှာလဲ။ ကျောက်စိမ်းလို ချောမွေ့နေတဲ့ အသားအရေ ဘာမှမပြင်ထားဘဲနဲ့ လှနေတဲ့မျက်နှာ ဒါမှလှတယ်မထင်ရင် နင်မနာလိုတာပဲ”
“အပေါ်ထပ် +၁”
“၁၀၀၈၆”
“သူ မဖြစ်သလို ဝတ်ထားတာတောင် လှနေတာကို မပြောနဲ့။ သူမက သိုင်းတတ်တယ် ထင်တယ်။ ဟိုလူ့လက်ကို ဆွဲထားတာ ဟိူလူ လုံးဝရုန်းမရဘူး”
ယွီယွီ့ပုံတွေက အဲ့လိုပြန့်သွားတယ်လေ။ ဒါပေါ့ ရက်နည်းနည်းကြာမှ ဖြစ်လာမှာတွေလေ။
ဆယ်နာရီထိုးခါနီးကျမှ ယွင်ယွီက ယန်ရှီအိမ်ရာကို ရောက်လာတယ်လေ။ သူမက လုံခြုံရေးရုံးခန်းနဲ့ တခြားနေရာတွေကို စစ်ဆေးလိုက်တယ်။
ပြီးတော့ လုံခြုံရေး ကင်မရာတွေ။
“……..”
သူမ ပြောစရာစကား မဲ့သွားတယ်။ အခုခေတ်မှာ ကင်မရာတွေရှိမှန်း သူမ လုံးဝမေ့သွားတာလေ။ သူမ ဘယ်အရွယ်ဖြစ်ဖြစ် ဒီလို လုံခြုံရေးမြင့်အိမ်ရာကို ခိုးဝင်မရဘူး။ အုတ်တံတိုင်းကျော်ဝင်ဖို့ဆို ဝေးလာဝေးပေါ့။
သူမကိုယ်သူမ လူတွေမမြင်အောင် ခဏတာလုပ်ပေးနိုင်တဲ့ မန္တာန်တွေရှိပေမဲ့ သူမရုပ်ကြီးက ကင်မရာပေါ်မှာ ပြူးနေအောင် ပေါ်နေမှာလေ။
ယွင်ယွီက ဝင်ပေါက်နားက ပန်းခြုံနားထိုင်ပြီး တုန်နေရုံပဲ တတ်နိုင်တော့တယ်။
48 03
သူမက ချင်ယွိစွေကို ဖုနိးခေါ်လိုက်တော့ သူကကိုင်လာပြီး “ယွင်ယွီ”
“ကျွန်မပါ’ ယွင်ယွီက တစ်ချက်တုန်သွားရင်း “အကူအညီ တောင်းချင်လို့”
“ပြောပါ”
“ကျွန်မ ထန်ဟုန်လျန်အိမ်ထဲ ဝင်မရဘူး”
ယွင်ယွီက ပြောလိုက်တယ်။
နှစ်စက္ကန့်လောက် တိတ်သွားပြီး ချင်ယွိစွေက “ကိုယ့်အမှားပါ။ အဲ့တစ်ချက် မတွေးလိုက်မိဘူး။ ကိုယ်နာရီဝက်လောက်ကြာရင် ရောက်မယ်”
“ကျေးဇူး” ယွင်ယွီက တိုးတိုးပြောလိုက်တယ်။ စက္ကူလူလေးကို အဖော်လုပ်နေရင်း သူမက ခပ်တိုးတိုးရေရွတ်လိုက်တယ်။ “နည်းပညာမြင့်တာ ကောင်းလိုက်တာနော်”
သူမလို ရုပ်လွန်ပညာသခင်တောင် အားမသန် မာန်လျော့ရတယ်။ သူမက ကင်မရာတွေကိာ ဝိဉာဉ်တွေနဲရှုပ်လိူ့ရပေမဲ့ ကင်မရာကို ဘယ်လောက်တပ်ထားမှန်းမှ မသိတာလေ။ ကင်မရာတွေ ဖျက်ဆီးလိုက်ရင်လည်း ဒီမှာ တစ်ခုခုဖြစ်နေပြီဆိုပြီး ရဲတွေ ချက်ချင်းရောက်လာမှာ။
စက္ကူလူလေးက သူမကို နှစ်သိမ့်လိုဟန်နဲ့ ပုတ်နေတယ်လေ။
နာရီဝက်လောက်အကြာမှာ ချင်ယွိစွေရောက်လာတော့ ပန်းခြုံနားထိုင်ပြီး စက္ကူလူလေးပခုံးပေါ် တင်ထားတဲ့ ယွီယွီ့ကို တွေ့လိုက်ရတယ်။
သူ့ကိုတွေ့တော့ အဲ့အရုပ်လေးက ယွီယွီ့အိတ်ကပ်ထဲ ပြေးပုန်းတော့တယ်။ ချင်ယွိစွေက မမြင်ချင်ယောင်ဆောင်ရုံဘဲ တတ်နိုင်တော့တယ်။ ယွင်ယွီက သူ့ဆီပြေးလာပြီး “ကျွန်မ ဝင်လို့မရဘူး”
ဒါပေါ့ ထန်ဟုန်လျန်ရဲ့ ဇာတာ သူမမှာ ရှိတယ်လေ။ ကျိန်စာ လှမ်းတိုက်လို့ရတယ်။ ဒါပေမဲ့ မြို့တော်မှာ ဆရာသခင်တွေပေါတော့ အဲ့ဟာလောက်က ချက်ချင်း ဖြေရှင်းလို့ရသွားမှာလေ။
“ကောင်းပါပြီ ကိုယ်ခေါ်ဝင်ပါ့မယ်”
ဒီလိုအိမ်ရာမျိုးက ဝင်ခွင့်ကဒ် လိုတယ်လေ။ ချင်ယွိစွေ ကဒ်ဘယိလိုရလဲ သူမ မသိပေမဲ့ သူမက အထဲကို ရှောရှောရှုရှု ရောက်သွားတော့တယ်။
******