အခန်း ၅၀
Vol. 5 Ch. 50
50 01
အပိုင်း (၅၀)
ယွင်ယွီတို့ ရှေးဟောင်းပန်းခြံကိုရောက်သွားတော့ အဝင်ပေါက်မှာ ဘယ်သူမှရှိမနေဘူးလေ။ သူမတို့က ဝင်သွားပြီး သိပ်မကြာခင်မှာ မီးတွေလင်းနေတဲ့ ရှုတင်ဧရိယာကို တွေ့သွားတယ်လေ။ အဲ့မှာ ဒါရိုက်တာတွေ၊သရုပ်ဆောင်တွေ၊ ထုတ်လုပ်သူတွေ၊ မိတ်ကပ်ပညာရှင်တွေနဲ့ အကူတွေနဲ့ပြည့်နေတယ်လေ။
နာမည်ကြီးသရုပ်ဆောင်တွေကျတော့ ဝင်အိပ်လို့ရတဲ့ ကားအိမ်တွေပေါ် နားနေကြပြီး ဒီတိုင်း ထိုင်နေကြတဲ့လူတွေကတော့ နာမည်မရှိတဲ့ သရုပ်ဆောငိလေးတွေ အကူတွေနဲ့ ဖြတ်လျောက်တွေလေ။
ယွင်ယွီက ယွင်ဝေးဝေးကို တန်းတွေ့သွားတယ်။ သူမက သရုပ်ဆောင်တစ်ယောက်ရှေ့မှာ ရှိနေတယ်လေ။
သူမက ပြည်သူ့သမ္မတနိုင်ငံခေတ်က အဝတ်အစားကိုဝတ်လို့ မြင်းပေါ်ကနေ အဲ့ကောင်လေးကို စကားပြောနေပေမဲ့ အဲ့ကောင်လေးက သူမကို လျစ်လျူရှုနေတယ်လေ။
ခဏကြာတော့ ဒါရိုကိတာက “ယွင်ဝေးဝေး ဟယ်ဟန် မင်းတိူ့အလှည့်ရောက်ပြီ လာခဲ့”
ယွင်ဝေးဝေးက အဝတ်ကိုဆွဲလို့ အမြန်သွားလိုက်တယ်။ သူမနားက ကောင်လေးကပါ သွားရတော့တယ်။ သူတို့က ကျောက်တုံးတွေနားရပ်နေရင်း စလိုက်ကြတယ်။ ဒါပေမဲ့ မကြာခင်မှာ ယွင်ဝေးဝေး အမှားလုပ်မိတော့တယ်။
ယွင်ဝေးဝေးမျက်လုံးတွေ ရဲနေပြီး မတ်တပ်မရပ်နိုင်တော့သလို ဖြစ်နေတယ်။ နောက်ဆုံးတော့ ဒါရိုက်တာက သူမကို လွှတ်ပေးလိုက်ပြီး နောက် တစ်နာရီခွဲမှ ပြန်ရိုက်မယ်လို့ပြောလိုက်တော့တယ်။
ယွင်ယွီနဲ့ ချင်ယွိစွေက ထောင့်မှာကပ်ထိုင်နေကြရင်း ယွင်ယွီက “ရှင် ကျွန်မတို့လက်ထပ်မှာ လူကြီးတွေကို ပြောပြီးပြီလား”
“မပြောရသေးဘူး” ချင်ယွိစွေက ပြောလိုက်တယ်။ “မနက်ဖြန် ပြန်သွားရင် ပြောမှာ”
အချိန်ကပ်နေတာတောင် မပြောရလောက်အောင် သူ့မိသားစုက ပြိုကွဲနေတာလားပဲ။
အချိန်က မနက်သုံးနာရီ ကျော်သွားပြီ။ လူတွေ တော်တော်များများ ပြန်သွားပေမဲ့ ယွင်ဝေးဝေး သရုပ်ဆောင်တာကို ဒါရိုက်တာက မကျေနပ်လို့ ခဏခဏပြန်လုပ်ခိုင်းနေတော့ ကြာသွားတယ်လေ။
ဒါရိုက်တာပြန်သွားမှ သူမနဲ့ တခြားဖြတ်လျောက်တွေက ပြန်ရတော့တယ်။ ဒါတောင်မှ ဖြတ်လျောက်တွေက တစ်လမ်း သူမက တစ်လမ်းလေ။
ယွင်ယွီနဲ့ ချင်ယွိစွေက မှောင်ရိပ်မှာ ထိုင်စကားပြောနေကြပေမဲ့ သူတို့ကြားမှာ ချစ်သူတွေကြားက ဘာနွေးထွေးမှုမှရှိမနေဘူး။ ပြောရရင် ဘေးပတ်လည်က မှောင်မည်းတိတ်ဆိတ်ပြီး အုံ့ဆိုင်းနေမှတော့ ဘယ်အတွဲက ဒီမှာလာတော့မှာလဲ။ သူမတို့က ပထမဆုံးဖြစ်လောက်တယ်လေ။
အထူးသဖြင့် ကြောက်တတ်တဲ့ကောငိမလေးတွေက ဒီလိုနေရာကို မလာဘူးလေ။ သေချာပေါက် ယွင်ဝေးဝေးက ကြောက်တတ်တယ်လေ။ သူမက သစ်ပင်တွေရှိတဲ့ဖက်ကနေ ပတ်ပြီး ပြန်သွားတယ်။
လမ်းမီးတွေက မှိန်နေတော့ နည်းနည်းကြောက်စရာကောင်းနေပေမဲ့ သူမ တက္ကစီမငှားရဲဘူးလေ။ ဒီနောက်ပိုငိး တက္ကစီကနေဖြစ်တဲ့ မှုခင်းတွေ များလာတာကိုး။ အဲတော့ အတုန်တုန်အယင်ယင်နဲ့ သူမ လမ်းဆက်လျောက်ရုံပဲ တတ်နိုင်တယ်လေ။
သူမက အနောက်လှည့်မကြည့်ရဲတော့ သူမနောက်ကနေ ခြေသံလုံလုံနဲ့ လိုက်လာတဲ့ ယွင်ယွီနဲ့ ချင်ယွိစွေကို သူမ သတိမထားမိဘူးလေ။
ယွင်ဝေးဝေးက လမ်းပြင်ကို အမြန်ထွက်တော့ ရုတ်တရက် သူမအရှေ့ကလူကိုတွေ့တော့ လန့်ပြီး အော်တောင်အော်မိတယ်လေ။ သူဘယ်က ထွက်လာမှန်းတော့ မသိပေမဲ့ သူမအရှေ့ကနေလျောက်နေတဲ့ ခြေသံတွေကြားရတော့ သူမနည်းနည်း စိတ်သက်သာရာ ရသွားတော့တယ်လေ။
ယွင်ယွီက သူမကို တစ်ခုခုလုပ်ဖို့ကြံလိုက်ပေမဲ့ ရုတ်တရက် တစ်ခုခုမှားတော့ သူမချက်ချင်းရပ်လိုက်တယ်လေ။
အရှေ့ကလူက မိန်းမလား ယောက်ျားလားခွဲခြားလို့ ရမနေဘူး။ အရပ်သိပ်မမြင့်ပဲ အိတိတစ်လုံးကို ဆွဲပြီးသွားနေတယ်။
ခဏကြာတော့ သူ့လက်ထဲက အိတ်ကနေ အနက်ရောင်အထုတ်လေးတစ်ထုတ် ထွက်ကျလာတယ်လေ။ ဒါပေမဲ့ ဟိုလူကတော့ သတိမပြုမိတဲ့ပုံပံလေ။ ယွင်ဝေးဝေးက လှမ်းအော်ချင်ပေမဲ့ အဲ့လူက သရဲဖြစ်မှာကြောက်လာပြီး ဘာမှမပြောတော့ဘူး။
ယွင်ယွီကတော့ အဲ့အထုတ်ကိုမြင်တာနဲ့ ယင်စွမ်းအင်တွေ ပြည့်နေမှနိးသိလို့ နှာမှုတ်လိုက်မိတယ်။ အဲဒါပိုက်ဆံပဲ။
ပြောရရင် မိန်းကလေးတစ်ယောက်ရှေ့မှာ ယင်စွမ်းအင်ပြည့်နေတဲ့ အထုတ်တစ်ထုတ်က မတော်တဆ ကျလာတယ်ပေါ့။ ဟမ့်။
ယွင်ယွီက ဝင်ရှုပ်ဖို့ စိတ်မကူးပဲ ဒီတိုင်းကြဘ့်နေပေမဲ့ ယွင်ဝေးဝေးက တုတ်တုတ်မလှုပ်တော့ သူမက မန္တာန်တစ်ခုနဲ့ အထုတ်ကို ပွင့်သွားစေလိုက်တယ်။
အနီရောင်ငွေစက္ကူတွေက ခပ်မှိန်မှိန်လမ်းမီးရောင်အောက်မှာ မြင်ရတာ တစ်မျိုးဖြစ်နေတယ်။
ယွင်ဝေးဝေးက အသက်ပြင်းပြင်းရှုလို့ အနားကပိသွားပြီး ထိုင်ချလိုက်တော့တယ်။ သူမ ရေကြည့်တော့ တစ်အုပ်ကို အရွက်တစ်ရာရှိတဲ့ တစ်ရာတန်ငွေစက္ကူအုပ်နှစ်ဆယ်။ သဘောက ပိုက်ဆံနှစ်သိန်းပေါ့။
50 02
သူမ အသက်ပြင်းပြင်း ရှုလိုက်ပြန်တယ်။ သူမက ပန်းခြံနားမှာ လူတစ်ယောက်ထွက်ကျခဲ့တဲ့ အထုတ်တစ်ထုတ် ကောက်ရရာကနေ ပိုက်ဆံနှစိသိန်း ရလိုက်တယ်ပေါ့။ ဘုရားမတာပဲ။
သူမမိဘတွေက ချန်းရွှေမှာ လုပ်ငန်းရှိပေမဲ့ မြို့တော်ကလူတွေနဲ့ ယှဉ်မရဘူးလေ။ တစ်လမှ ယွမ်ငါးထောင်လောက်ပဲ သူမမုန့်ဖိုးရတာကိုး။ သူမလိုချင်တဲ့ ဘရန်းနဲ့အိတ်က မဝယ်နိုင်သေးဘူးလေ။ သူမအမေက ဈေးချရောင်းရင် တန်းဝယ်ပေးမယ်လို့ ကတိပေးရုံပေးထားတာလေ။
အခုတော့ ဒီနှစိသိနိးနဲ့ဆို သူမလိုချင်တဲ့ အဝတ်အစားတွေ အိတ်တွေ အလှကုန်တွေဝယ်လို့ရသွားပြီ။ သူမခဏတော့ ဖူလုံပြီလေ။ ပြီတော့ ဒီလူက လူကောင်းဟုတ်တဲ့ပုံမပေါ်တော့ သူမကို ရဲလည်းတိုင်မယ်မထင်ဘူး။
သူမက အိတိကို ဂရုတစိုက်ဖွင့်လိုက်တော့ အထဲကနေ ပိုက်ဆံတွေအပြင် ရွှေငွေလက်ဝတ်ရတနာတွေထွက်လာပြန်တယ်လေ။ သူမ ရယ်မိတော့တယ်။ ဒါတွေဆို မှောင်ခိုဈေးလိုမှာပြန်ရောင်းရင် ယွမ်သောင်းဂဏန်းတော့ ရနိူင်တယ်လေ။
သူမက တစ်ခုပြီးတစ်ခု ဆွဲထုတိပြီး သူမအိတ်ထဲထည့်နေတုန်း အထဲကနေ အဝါရောင်အဆောင်တစ်ခုကို တြိဂံပုံခေါက်ထားတာ ထွက်လာတော့တယ်။ သူမက ဆဲရေလိုက်ရင်း အဲ့အဆောင်ကို ပစ်ထုတ်လိုက်တော့တယ်။ ပြီးတာနဲ့ ငွေထုတ်ပိုက်ပြီး အမြန်ထွက်သွားတော့တယ်။
သူမမသိလိုက်တာက ယွင်ယွီက အဆောင်ပို မီးရှီု့ပြီး ပြာတွေကို ခါထုတ်လိုက်ပြီလေ။
အစကနေ အဆုံးအထိ သူမနောကါမှာ လူနှစ်ယောက်ရှိမှန်း သူမမသိခဲ့ဘူးလေ။
ယွင်ဝေးဝေး ထွက်သွားတော့ ယွင်ယွီက သူမ ဝင်ရှုပ်စရာမလိုမှန်း သိသွားတယ်လေ။ သူမက
“ချင်ယွီစွေ့ ကျွန်မတိူ့ ဆက်မလိုက်တော့ဘူး”
အခုအထိ သူမ လက်ဝင်ပါစရာ မလိုသေးဘူလေ။ သူမတို့က ကားဆီကို သွားနေရင်း ယွင်ယွီက
“ယွင်ဝေးဝေး ကောက်လိုက်တဲ့ အဲ့အထုတ်က အသက်ဝယ်တဲ့ငွေတွေနဲ့တူတယ် ဖုန်းရွှေနည်းနဲ့ စီရင်ထားတဲ့ လူတစ်ယောက်အသက်ကို ဆွဲဆန့်ဖို့သုံးတာတွေလေ။ အဲ့ငွေတွေကို သူများတွေကို လိုက်ပေးတာကရပေမဲ့ အဲ့ငွေကို သုံးတာက ကိုယ့်အသက်ပေးရသလိုပဲ ငွေသုံးလေ သေဖိူ့နီးလေပဲ”
သူမရဲ့စကားတွေက ညအမှောင်မှာ လျှို့ဝှက်ဆန်းကြယ်ဟန် ပေါက်နေတယ်။
ချင်ယွိစွေကလည်း တစ်မျိုးနေရခက်နေတယ်။ သူငယ်ငယ်ကတည်းက အခုလိုအချိန် မိန်းကလေးတစ်ယောက်နဲ့ လမ်းမလျောက်ဖူးဘူးလေ။ ယွင်ယွီက ဆက်ပြောပြန်တယ်။
“ဒါပေမဲ့ အထဲမှာ ငွေချည်းမဟုတ်ပဲ လက်ဝတ်လက်စားတွေပါတယ်လေ။ လက်ဝတိလက်စားတွေပုံက မင်္ဂလာပွဲသုံးတွေနဲ့တူတယ်။ သဘောက ဒါကလူသေမင်္ဂလာဆောင်ပဲ။ ကြည့်ရတာ သေပြီးရင် အထီးမကျန်ချင်တဲ့ လူချမ်းသာအိမ်က သားနေမှာပေါ့။ အခုအဲ့ပိုက်ဆံကို ကောက်ပြီး သုံးတာက သူမ အဲ့တစ္ဆေနဲ့ လက်ထပ်ပါ့မယ်လို့ သဘောတူတာနဲ့အတူတူပဲလေ။ အဲ့တစ္ဆေက သူမဘဝတစ်လျောက်လုံး လိုက်နေတော့မှာ”
သာမန်ဆို ဒီလို တစ္ဆေမင်္ဂလာဆောင်တွေက လူသေကို လူရှင်က လက်ထပ်ဖို့ သဘောတူရတယ်လေ။ ဒီလိုလုပ်ပုံထောက်ရင် သူတိူ့သေသွားတဲ့သားကို လက်ထပ်ဖို့ ဘယ်မိန်းကလေးကမှ သဘောမတူလို့ ဆရာသခင်တစ်ယောက်နဲ့ ပေါင်းကြံပြီး ဒီလိုလုပ်တာပဲနေမှာ။ သဘောက ဒီပိုက်ဆံကို ကောက်သုံးရင် သူတို့သားနဲ့ မင်္ဂလာဆောင်ဖို့ သဘောတူသလိုပဲပေါ့။
အဲတော့ လမ်းဘေးမှာ ပိုက်ဆံကျနေရင် ကောက်သုံးဖို့ မစဉ်းစားကြနဲ့ပေါ့လေ။ မတော်ရင် ကိုယ့်ဘဝကိုယ်မပိုင်ဘဲ နေလိမ့်မယ်။
အခုတော့ ယွင်ဝေးဝေးကိူ ယွင်ယွီကိုင်တွယ်ဖို့ မလိုသေးဘူး။
အဲ့အချိန်မှာ ချင်ယွိစွေက တုန့်ဆိုင်းနေတဲ့လေသံနဲ့ “မင်းသူငယ်ချင်းအိမ်က နည်းနည်းဝေးတယ်။ ကိုယ်ဒီနားက အိမ်ရာမှာနေတာဆိုတော့ အဲ့ကိုလိုက်နားချင်လား”
“ရတယ်လေ” သူမတိူ့က လက်ထပ်တော့မှာပဲဟာ။ ပြီးတော့ သူက ယုံရတဲ့လူလေ။ အဲတော့ မနက်လေးနာရီကျော်မှာ သူမက ချင်ယွိစွေနဲ့ လိုက်သွားတော့တယ်”
လိုက်သွားတော့မှ ချင်ယွိစွေက နှစ်ဆယ့်လေးနာရီ လုံခြုံရေးရှိတဲ့ ကျုံးဟိုင်ထင်းဗီလာအိမ်ရာမှာနေမှန်း သိလိုက်ရတယ်။ ချင်ယွိစွေနေတဲ့အိမ်ကို ရောက်သွားတော့ နှစ်ထပ်ဥယျာဉ်အိမ်ကို ခြံကျယ်ကျယ်နဲ့ ဖြစ်နေတာ တွေ့လိုက်ရတယ်လေ။ အိမ်ရှေ့မှာ ရွှေငါးလေးတွေရှိတဲ့ ရေကန်လေးတောင် ရှိသေးတယ်။ သူ့မိသားစုက တကယ်ချမ်းသာတာပဲ။
ဒါပေမဲ့ သူမက အဲ့လောက်နဲ့ အံ့ဩမသွားဘူးလေ။ အရင်ဘဝက တကယ်ခမ်းနားတဲ့ နန်းတော်မှာနေခဲ့တော့ ဒီလိုအိမ်မျိုးက သူမကို အံ့ဩစေဖို့ မလုံလောက်ဘူးလေ။
သူတို့က ဝင်သွားပြီးတော့ ဒုတိယထပ်ကို တက်သွားတော့တယ်။ ချင်ယွိစွေက သူမကို ဧည့်သည်ခန်း တစ်ခန်းပေးလာတဲ့အပြင် သူမ လဲစရာအဝတ် မပါမှန်းသိတော့ သူမကို သူမဝတ်ရသေးတဲ့ ရှပ်အင်္ကျီတစ်ထည် ပေးလာတယ်လေ။ သူမဆေးကြောပြီးလို့ ဝတ်လိုက်တော့ အဲ့အင်္ကျီက သူမဒူးနားတောင် ရောက်တော့မယ်လေ။ သူမရဲ့ အဝတ်ပေတွေကိုတော့ လျော်စက်ထဲပစ်ထည့်ပြီး အိပ်ယာပေါ်တက်လို့ အိပ်ပျော်သွားတော့တယ်။
******