← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

51 01

အပိုင်း (၅၁)

ယွင်ယွီက သုံးနာရီလောက်ပဲအိပ်ပြီး မနက်ခုနှစ်နာရီအထိ ကျင့်ကြံနေတယ်။ စက္ကူလူလေးက ကျောပိုးအိတ်ထဲကနေ ကုတ်ကပ်ထွက်လာပြီး သူမရဲ့ ကျင့်ကြံနေတဲ့ တရားထိုင်တဲ့ပုံစံကို လိုက်တုနေတယ်။ ယွင်ယွီကလည်း သူ့ကို ကျင့်ကြံခြင်း နည်းစနစ်တချို့သင်ပေးလိုက်တယ်။

တစ်နာရီလောက် ကြာပြီးတော့ သူမကထလို့ မနေ့ညက သူမလျော်ထားခဲ့တဲ့အဝတ်တွေကို ယူပြီးပြန်ဝတ်လိုက်တယ်။ ဉာဏ်ရည်တုပါတဲ့ အဝတ်လျော်စက်ဆိုတော့ သူမအလုပ်မပိုပဲ လျော်ပြီး အခြောက်ခံပြီး တန်းဖြစ်သွားရောလေ။

သူမအောက်ထပ်ဆင်းလာတော့ ချင်ယွိစွေက မနက်စာတောင်ပြင်နေပြီ။ သူက သူမကို လှမ်းခေါ်ရင်း

“မင်းမနက်စာဘာစားချင်လဲ ကိုယ်မသိလို့ ရှိတာလေးတွေပဲ လုပ်ထားခဲ့တယ်”

စားပွဲပေါ်မှာတော့ ကြက်ဥကြော်၊ နွားနို့ပူပူနဲ့ ဆန်ပြုတ်။ တအားမဆိုးတဲ့ မနက်စာပဲ။ ယွင်ယွီကပြုံးရင်း “ကျေးဇူး”

မနက်စာစားနေရင်း ချင်ယွိစွေက “ဒီနေလုပ်စရာရှိသေးလား ကိုယ်လိုက်ပို့ရဦးမလား”

“တော်ပြီ” ယွင်ယွီက ခေါင်းရမ်းပြလိုက်တယ်။ “ကျွန်မ ရှန်းရှန်းတို့ကို နှစ်ရက်လောက်သွားအဖော်လုပ်ပေးဦးမယ် ပြီးရင် သဘက်ခါကျ ရုပ်လွန်ပညာဆွေးနွေးပွဲကိုသွားမယ်လေ အဲဒါပြီးမှ ချင်းဟယ်ရွာကို ပြန်တော့မယ်”

“ဒါဆို ကိုယ်ပြန်ပို့ပေးမယ်”

ဒါပေမဲ့ မထွက်သွားခင်မှာ ချင်ယွိစွေက ဝင်ပေါက်‌ကလော့မှာ သူမရဲ့ လက်ဗွေရာကို စာရင်းသွင်းပေးတယ်လေ။ နောက်ဆို သူမ ဒီကို စိတ်ကြိုက်လာလို့ရပြီပေါ့။

ယွင်ယွီကို ပြန်ပို့ပေးပြီးတဲ့နောက်မှာ ချင်ယွိစွေက အိမ်မပြန်ပဲ လုံကျားအိမ်တော်ကို တန်းတန်းမတ်မတ် သွားတော့တယ်။

လုံဖုန်းယီသေဆုံးပြီးတဲ့နောက်မှာ သူမရဲ့ အကြီးဆုံးသား လုံရှောင်ခွေ့က လုံကျားအိမ်တော်ရဲ့ ပိုင်ရှင်ဖြစ်လာတယ်လေ။ ဗိုလ်ချုပ်လုံရှောင်ခွေ့က ချင်ယွိစွေရဲ့ အဖိုးပေါ့။ သူ့အဖွား မရှိတဲ့နောက် သူက အိမ်တော်မှာ တစ်ယောက်တည်း နေတယ်လေ။

လုံရှောင်ခွေ့က ဆံပင်တွေဖြူပြီးအိုနေပေမဲ့ ကျန်းမာတယ်လေ။ မနက်တိုင်း ထိုက်ကျိ ကစားနေတာကိုး။ ဒီမနက်လည်း ထိုက်ကျိကစား မနက်စာစားပြီး ခဏနားတုန်းရှိသေး ကျန်းယွမ်ကို အဝင်ပေါက်ကခေါ်လာပြီး ချင်ယွိစွေရောက်နေကြောင်း ပြောလာတယ်လေ။

လုံရှောင်ခွေ့က ဒီမြေးကို သူ့အမေဆုံးပြီးကတည်းက မမြင်ရတော့တာ။ လုံမိသားစုမှာ မြေးတွေအများကြီးရှိပေမဲ့ ဒီမြေးကို သူအချစ်ဆုံးလေ။

မကြာခင်မှာ ချင်ယွိစွေက ရောက်လာတော့ ဗိုလိချုပ်လုံလည်း လှမ်းခေါ်လိုက်ရင်း

“ယွီစွေ့ လာထိုင်” လုံရှောင်ခွေ့က မြင့်မားပြီး ခန့်ညားတဲ့ သူ့မြေးကိုကြည့်ရင်း မသိမသာ သက်ပြင်းချမိတယ်။ သူ့သမီးက ဒီကလေးကိုမွေးပြီး မကြာခင်ဆုံးတော့ ဒီကလေးက တအား တိတ်ဆိတ်လွန်းနေတယ်။ ပြီးတော့ နှစ်ဖက်ဆွေမျိုးအသိုင်းအဝိုင်းနဲ့လည်း တအားအစေးမကပ်ဘူး။ ဒီကလေးကို သူ့အမေ (လုံရှောင်ခွေ့အမေ) ကပဲ ပျိုးထောင်ခဲ့တာလေ။ ဒီမိသားစုတွေကြား ဒီကလေး ဂရုစိုက်တာ သူ့အမေပဲရှိတယ်။

ဒါပေမဲ့ သူ့အမေက ရွှမ်းမန်ကလူဆိုတော့ အဆုံးသတ်သိပ်မလှသွားဘူး။ ဒီကလေးမျက်လုံးထဲမှာတော့ သူ့အမေကပဲ တစ်ဦးတည်းသော ဆွေမျိုးဖြစ်လိမ့်မယ်လေ။ ချင်ယွိစွေက လုံရှောင်ခွေ့နားလျောက်လာပြီး ဦးညွတ်လို့ “အဖိုး”

လုံရှောင်ခွေ့က ကိစ္စမရှိပဲ လာမှာမဟုတ်တာကို သိတဲ့အတွက် မေးလိုက်တယ်။ “ကိစ္စတစ်ခုခုရှိသလား”

“ရှိတယ်” ချင်ယွိစွေက ရှင်းပြလိုက်ရင်း “ကျွန်တော် လက်ထပ်တော့မယ်”

ဗိုလ်ချုပ်လုံက အံ့အားတကြီးနဲ့ “လက်ထပ်တော့မယ် ယွီစွေ့ ဘယ်ကကလေးမလဲ”

သူက ဒီအသက်နှစ်ဆယ့်ကိုးမြေးကို မိန်းမမရမှာ အတော်လေးပူနေတာလေ။ ဒီကောင်လေးက ရည်းစားလည်းမရှိတော့ သူ့မိတ်ဆွေရဲ့ မြေးမနဲ့ ဘလိုင်းဒိတ် စီစဉ်ပေးတော့လည်း မသွားပြန်ဘူး။ သူ့မှာ အဲ့မိတ်တွေကို အတော်လေး မျက်နှာပူခဲ့ရသေးတယ်။ အဲ့လိုဖြစ်ခဲ့တော့ သူက ချင်ယွိစွေမှာ လက်ထပ်ဖို့ အစီအစဉ်မရှိဘူးလို့ပဲ ထင်ခဲ့တာလေ။

အခုချက်ချင်း လက်ထပ်ဖို့ကိစ္စ လာပြောတော့ သူ့လောက် လန့်တဲ့လူ ရှိပါ့မလားလေနော်။

51 02

ချင်ယွိစွေက “သူမက ချင်းဟယ်ရွာမှာနေတာ မကြာခင် လက်ထပ်ဖို့ တွေးထားတယ်”

အခုသူတို့က လက်ထပ်ဖို့ သဘောတူထားတဲ့ အခြေအနေမှာရှိတယ်လေ။ အသေးစိတ်ကို မတိုင်ပင်ရသေးပေမဲ့ သူမက ကိုယ်ဝန်ရှိနေတော့ သူမမိသားစုက အမြန်လက်ထပ်ချင်မှာပဲလေ။ ဖုန့်ကွမ်းရှက လက်ချုပ်ဆို သုံးလလောက် ကြာတတ်တော့ လက်ထပ်ပွဲက အဲ့အချိန်လောက်မှာ ကျင်းပဖြစ်လောက်တယ်လေ။

ချင်းဟယ်ရွာလား။

အတွေ့ကြုံရင့် ဗိုလ်ချုပ်ကြီး လုံရှောင်ခွေ့က အဲ့ဒီနေရာကို လုံးဝသိမနေပါဘူး။

သူက မေးလိုက်တယ်။ “ချင်းဟယ်ရွာလား”

ချင်ယွိစွေ: “ဟုတ်တယ် အဖိုး ချန်းရွှေမြို့လက်အောက်ကပဲ ကျွန်တော် ဒီရှေ့အဲ့မှာ နေဖြစ်လိမ့်မယ်”

လုံရှောင်ခွေ့က ကြက်သေ သေနေရင်း “မင်းက မင်းယောက္ခမနဲ့ သွားနေမလို့လား။ သူတို့က ဘာလုပ်တာလဲ။ ပြီးတော့ မင်းမိသားစုအကြောင်း မင်းသိတာပဲ။ တွေ့ကရာကလေးမကို လက်ထပ်လို့ မရဘူးလေ။ မင်းအဖိုးအဖွားတွေကို ကြည့်ပါဦးဟ”

လုံမိသားစုဘိုးဘေးဖြစ်တဲ့ သူ့အမေက ယွီစွေ့လက်ထပ်တာကို မိသားစုထဲက ဘယ်သူမှ ဝင်မရှုပိရဘူးလို့ အမိန့်ထုတ်ဖူးတော့ သေချာပေါက် လုံမိသားစုက ဝင်ရှုပ်မှာ မဟုတ်ဘူးလေ။

ဒါပေမဲ့ သူ့မြေးက ချင်မိသားစုကလေ။ အဲ့မိသားစုက သူတို့မြေးကို သာမန်မိန်းကလေးနဲ့ ပေးလက်ထပ်ပါ့မလား။

“ချင်မိသားစုက သိစရာမလိုဘူး” ယွီယွီ့ကိစ္စဆိုရင်တော့ သူ့အဖိုးကို သူဖုံးကွယ်ထားဖို့ စိတ်မကူးဘူးလေ။ “သူမက ရွှမ်မန်ဂိုဏ်းက။ ပြီးတော့ မိသားစုက တောင်တစ်တောင်မှာ စိုက်ပျိုးရေးလုပ်ငန်းလေး လုပ်နေတယ်”

အဲဒါ သာမန်လယ်သူမလေး မဟုတ်ဘူးလား။လုံရှောငိခွေ့က သူ့မြေးစကားတဝက်လောက်ကို လျစ်လျူရှုလိုက်တယ်။ သူ့အမေလုံဖုန်းယီက တကယ်တတ်ကျွမ်းတဲ့ ဆရာသခငိလေ။ ဘယ်ကလေးမက သူ့ကိုယ်သူ ဆရာသခင် ခေါ်ရဲတာလဲ။

အခြေအနေ ကွာခြားလွန်းတော့ သူ့လို ဝင်မရှုပ်ဖို့ ဆုံးဖြတ်ထားတဲ့လူတောင် သိပ်လက်မခံချင်ဘူးလေ။ သူက “ယွီစွေ့ ဒါကို တကယ်လို့ ဆုံးဖြတ်ပြီးပြီလား”

ချင်ယွိစွေက “ဟုတ်တယ် အဖိုး ကျွန်တော် အဖွားအခန်း သွားလိုက်ဦးမယ်”

“သွား သွား” သူ့သက်ပြင်းသံက နည်းနည်းကျယ်သွားတယ်။ သူက “မင်းတအား မကပ်ဘဲ နေလည်းရပါတယ်။ အဲ့အခန်းထဲက ပစ္စည်းတဝက်က မင်းဟာတွေပဲကို စာချုပ်နဲ့ လွဲပြောင်းထားတာပဲ ဒီတိုင်း မထားခဲ့လဲ ရပါတယ်”

ကျန်တဲ့တဝက်က လုံမိသားစုအတွက်လေ။ သူမက ချင်ယွိစွေကို အရေးပေးလွန်းတော့ လုံမိသားစုကတောင် သိပ်မကျေနပ်ချင်ဘူး။ ဒါပေမဲ့လည်း မကျေနပ်ကြောင်း ဘယ်သူကမှ မပြောရဲဘူးလေ။

ချင်ယွိစွေက ပထမထပ်မှာရှိတဲ့ သူ့အဖွားအခန်းထဲ သွားပြီး သစ်သားသေတ္တာလေးကိုယူလို့ ပြန်ထွက်သွားတော့တယ်။

လုံကျားအိမ်တော်ကနေထွက်တော့ သူက ချောင်ယီချန်းဆီကို သွားတော့တယ်။ ချောင်ယီချန်းက နာမည်ကြီး လက်မှုပညာရှင်လေ။ သူ့လက်ထွက်ရတနာတွေထက် ကောင်းတာ ဘာမှမရှိတော့ဘူး။

ချင်ယွိစွေက ဖြစ်ကြောင်းကုန်စင် ရှင်းပြတော့ သူကရယ်ရင်း “အားမနာစမ်းပါနဲ့ကွာ မင်းလက်ထပ်ရင် ဝတ်စုံနဲ့ သရဖူကို ငါကိုယ်တိုင်လုပ်ပေးဖို့ ကတိပေးထားပြီးသား။ အရင်မင်းနေနေတဲ့ပုံနဲ့ကျတော့ ငါ့မှာ ကတိမတည်နိုင်တော့ဘူးတောင် ထင်နေတာ။ တော်သေးတာပေါ့”

“ကျေးဇူးတင်ပါတယ်” ချင်ယွိစွေက သစ်သားသေတ္တာကို ထုတ်ပြီး “ဒါက အဖွားချန်ခဲ့တာတွေ ဒီရတနာတွေနဲ့ ဖီးနစ်သရဖူ သွန်းလုပ်လို့ရပါ့မလား”

ချောင်ယီချန်းက စားပွဲပေါ်က သေတ္တာကို ယူကြည့်လိုက်တယ်။ ရွှေ၊ငွေနဲ့ ကျောက်စိမ်းတွေက သူ့ကိုတောင် မျက်စိကြိမ်းစေသလိုပဲ။ “ဒါတွေနဲ့ဆို သွန်းလုပ်တဲ့ ဖီးနစ်သရဖူက ငါ့ရဲ့ အကောင်းဆုံးလက်ရာ ဖြစ်လာလိမ့်မယ်ထင်တယ်”

“အလုပ်ရှုပ်စေခဲ့ပါပြီ”

ချောင်ယီချန်းက ရတနာတွေကို စစ်ဆေးနေရင်းနဲ့ “ယွီစွေ့လက်ထပ်တော့မယ်ဆို ဖုန့်ကွမ်းရှက ဘယ်အချိန်အမှီ လိုမလဲ”

“နောက်သုံးလလောက်ပါ”

51 03

ချောင်ယီချန်းက တွေးလိုက်တယ်။ နည်းနည်းလောရကျပေမဲ့ သူ့အရည်အချင်းနဲ့ သူ့တပည့်တွေ အကူအညီနဲ့ဆို ကိစ္စတော့မရှိပါဘူး။

သူက “ဟုတ်ပြီလေ ဒါဆိုရင် နောက်သုံးလကျရင် လာယူ”

သူက ဒီရတနာတွေအတွက် သူ့ဘဝနဲ့တောင် လဲလိုက်ချင်သေး။ ဒီလောက်ကောင်းတဲ့ ရတနာတွေကို သူ တစ်ခါမှ မမြင်ဖူးဘူးလေ။ လုံမိသားစုဘိုးဘေးက ကံမကောင်းအကြောင်းမလှဘဲ သေသွားလို့။ မျိုးဆက်ရဲ့ သူရဲကောင်းက ဒီလိုအဆုံးသတ်သွားတာ မယုံနိုင်စရာပဲလေ။ လူသတ်သမားကိုလည်း မမိသေးဘူး။

ချောင်အိမ်ကနေပြန်တော့ ချင်ယွိစွေက အိမ်ကို တန်းပြန်သွားတော့တယ်။ သူက ချင်မိသားစုကို ပြန်ပြီး ပြောပြမနေဘူး။ အဲချင်တွေဘယ်လိုစရိုက်လဲ သူ သေချာသိတယ်လေ။

ယွင်ယွီကတော့ တနေကုန် ရှန်းရှန်းတိုက်ခန်းထဲ ခိုနေပြီး အဆောင်တွေ ဆွဲနေတယ်။ အဆောင်ဆွဲဖို့က ဟင်းရိုင်း၊ အဝါရောင်စက္ကူနဲ့ သူမရဲ့ ဝိဉာဉ်ချီ လိုအပ်တယ်လေ။ တစ်နေကုန်ပြီးတော့ သူမက အဆောင်နှစ်ဆယ်ဆွဲနိုင်ခဲ့တယ်။

အဆောင်တွေထဲမှာ မိုးကြိုးငါးသွယ်အဆောင်၊ ငြိမ်းချမ်းခြင်းအဆောင်၊ မိစ္ဆာဖိနှိပ်အဆောင်၊ ကောင်းချီးအဆောင် နဲ့ ကိုယ်ပျောက်အဆောင်တွေ ပါတယ်လေ။

အဲဒါအပြင် ကိုယ်လုံအဆောင်ပါ ပါသေးတယ်။ အဲဒါက ကာကွယ်ရေးအဆောင်နဲ့ဆင်ပေမဲ့ သူက ဖြစ်လာမဲ့ အန္တရာယ်ကို ကြိုတားတာမျိုးပေါ့။

ရှန်းရှန်းနဲ့ ကျင်းကျင်းရောက်လာတော့ သူမက ကာကွယ်ရေးနဲ့ ကောင်းချီးအဆောင်တွေ ပေးလိုက်တယ်။

“ကာကွယ်ရေးအဆောင်က အိမ်မှာကပ်ထား။ မကောင်းတာတွေကနေ နင်တို့ကို ကာကွယိပေးလိမ့်မယ် ကောင်းချီးအဆောင်ကတော့ ကိုယ်နဲ့မကွာဆောင်”

ပြောရရင် သူမမိသားစုကလွဲရင် သူမရင်းနှီးတာ သူမကို တအားဂရုစိုက်တဲ့ ဒီသူငယ်ချင်းနှစိယောက်ပဲ ရှိတာပဲလေ။

အဲဒါအပြင် ဒီမနက်က ရှန်းရှန်းကို ဖုချန်းက စာပို့ပြီး ခွင့်လွှတ်ဖို့ ပြောလာတယ်လေ။ ရှန်းရှန်းကတော့ သူ့ကို ဘလက်လစ်ထဲ တန်းထည့်လိုက်တော့တယ်။

ရုပ်လွန်ပညာပွဲပြီးရင် သူမက အိမ်ပြန်ပြီး ဒီကို ထပ်လာဖို့ ဘယ်လောက်ကြာမလဲ မသိနိုင်ဘူးလေ။ သူမရဲ့ သူငယ်ချင်းတွေ နေထိုင်ကောင်းနေတာကို သူမလိုချင်တာပေါ့။

သူမတို့က သူမတို့သူငယ်ချင်းမှော်ဆရာမလေးအကြောင်း သိတော့ လက်ခံလိုက်ကြတယ်လေ။ ပြီးတာနဲ့ ‌သူမတိူ့က ဈေးဝယ်ထွက် ရုပ်ရှင်ကြည့်ကြပြီး ပြန်လာတော့ နားကြတော့တယ်။ စုန့်ကျင်းကျင်းက ဖုန်းကလိနေပြီး တစ်ခါတလေ သူမဆီက ရယ်သံကြားနေရတယ်။ ရှန်းရှန်းက ဒရာမာကိုက်နေပြီး ယွင်ယွီကတော့ စုန့်ချန်းမင်းနဲ့ စကားပြောနေတော့တယ်။

[စုန့်ချန်းမင်း: နေရာက နံပါတ် ၁၄ ထိုက်ရှင်းဟူထုံ မှာ။ ခြံဝင်းကျယ်ပါတဲ့အိမ် မနက်ဖြန်မမေ့နဲ့နော် ရှောင်ယွီအာ။]

[မြေခွေးငယ်လေး: ဝင်းကျယ်ထဲမှာ လုပ်မှာလား။]

[စုန့်ချန်းမင်း: ဒါက ဒီနှစ်အတွက်နေရာလေ။ နှစ်တိုင်း နေရာပြောင်းတယ်လေ။ လွန်ခဲ့တဲ့ငါးနှစ်ကဆို ကြယ်ငါးပွင့်ဟော်တယ်မှာ လွန်ခဲ့တဲ့ဆယ်နှစ်မှာကျ ငါတို့သိုင်းပညာဂိုဏ်းမှာ ။ အခုဝင်းက ဖုန်းလေ့မန်ခေါင်းဆောင်ခြံဝန်းဟောင်းလေ။ နောက်ကျ ဂိုဏ်းကပိုကြီးသွားတော့ ဒီနေရာကို စွန့်လိုက်တာ။ သူက တာအိုကျောင်းကို တစ်နေရာမှာပြန်တည်ထောင်ပြီး ဖုန်းလေ့သောင်းကွမ်း လို့နာမည်ပေးလိုက်တယ်လေ။ အခုဆို နိုင်ငံ့အထင်ကရ လည်ပတ်စရာနေရာတောင်ဖြစ်နေပြီ။ မင်းသိတယ်မလား ရွှမ်ရွှယ်က တာအိုဝါဒဂိုဏ်းခွဲလေ။ အဲဒါကြောင့် သူ့နဲ့တွေ့ရင် တာအိုဝါဒနဲ့ ရုပ်လွန်ပညာကြားက ဆက်နွယ်မှုတွေကို မေးလို့ရတယ်။]

[မြေခွေးငယ်လေး: ဟုတ်ပြီ မနက်ဖြန်ဆက်ဆက် လာခဲ့မယ်။ လူရောများလား ကျွန်မ ဘာလေ့လာခဲ့ရဦးမလဲ]

[စုန့်ချန်းမင်း: ဒီနှစ်စာရင်းသွင်းတဲ့လူ များတယ်။ လုပ်ရမှာကတော့ သိပ်မပြောင်းပါဘူး ရေဖြေနဲ့ လက်တွေ့တိုက်ပွဲပေါ့။ လက်တွေ့ကိုတော့ သိပ်အတိအကျ မသိဘူး။ ပုံစံကတော့ တစ္ဆေတွေဖမ်းပြတာတို့ နည်းစနစ်တွေ သုံးပြတာတို့လောက်ပေါ့။]

[မြေခွေးငယ်လေး: ကျွန်မသိပြီ မနက်ဖြန်တွေ့ကြမယ်။]

ဖုန်းပိတ်လိုက်တဲ့အချိန် သူမနောက်ကနေ ခပ်တိုးတိူးအော်နေတာကို ကြားလိုက်ရတယ်။ “ရှောင်ယွီအာ လာကြည့်ဦး ဒါနင်လား”

ယွင်ယွီအနောက်ကို လှည့်ကြည့်တော့ ဖုန်းပေါ်မှာ စကပ်အောက်ခိုးရိုက်တဲ့ကိစ္စ ဗွီဒီယိုတင်ထားတာကို တွေ့လိုက်ရတယ်။ ဘယ်သူ ရိုက်တင်လိုက်လဲမသိပေမဲ့ တစ်ရက်ထဲ သန်းချီအောင် ဝင်ကြည့်ခံလိုက်ရတယ်လေ။

ယွင်ယွီ ငိုရမလား ရယ်ရမလားမသိ ဖြစ်သွားတော့တယ်။ “ဟုတ်တယ်”

51 04

ကျင်းကျင်းက”နင်နာမည်ကြီးပြီပဲ။ နင့်ကို လက်ထပ်ပါရစေလို့ပြောနေတာတောင် အများကြီး”

ယွင်ယွီက ရယ်ပဲရယ်နေတော့တယ်။ အခုလိုခေတ်မှာ အင်တာနက်ပေါ် နာမည်ကြီးနေတဲ့လူတွေကို ဆယ်လီဘရစ်တီတွေလို့ ခေါ်ကြတယ်လေ။ တချို့တွေက နာမည်နည်းနည်းရလာရင် ကြော်ငြာတွေလက်ခံတာတို့ လိုက်ဖ်လွှင့်တာတို့လုပ်ပြီး နာမည်ကို တည်ဆောက်ကြတယ်လေ။

တချို့ကျတော့ ငြိမ်နေပြီး သူတို့ဘဝကိုပဲ သူတို့ဆက်ကြတယ်။

နောက်နေ့မှာ ယွင်ယွီက အထုတ်ပြင်ရင်း သူမလုပ်စရာရှိကြောင်းပြောပြီး ကိစ္စပြီးလို့ ချင်းဟယ်ရွာမပြန်ခင် တစ်ခေါက်လောက် ညစာစားကြမယ်လို့ အဆိူပြုလိုက်တယ်။

ပြီးတော့ ရထားတစ်တန် ကားတစ်တန်စီးပြီး နံပါတ် ၁၄ ထိုက်ရှင်းဟူထုံကို သွားလိုက်တယ်။ ဒီဝင်းကျယ်အိမ်က ရှေးတုန်းကပုံစံမျိုးပဲလေ။ အဓိကအိမ် အရှေ့နဲ့ အနောက်မှာ နောက်ထပ် အဆောင်တွေ ပြီးရင် အတွင်းဆောင်။ အခန်းတွေက ဒါဇင်ချီနေရောပဲ။ အဲ့အခန်းတွေက တစ်ခန်းကို လူရှစ်ယောက်လောက်နေလို့ရတယ်လေ။

ယွင်ယွီက ညနေ့ခင်းပိုင်းမှာ ရောက်သွားတယ်။ အဲ့အချိန်မှာ လူတော်တော်များများက ခြံထဲမှာတောင် ထိုင်စကားပြောနေကြပြီလေ။ သူမကိုမြင်တော့ ကြောင်သွားကြတယ်။ ဘာလို့ဆို သူမက တအားငယ်လွန်းနေတာကိုး။

ယွင်ယွီက သူတို့ကို ဘယ်လိုနှုတ်ဆက်ရမလဲမသိနေဘူး။ သူမထက် အသက်ကြီးကြတာမြင်တော့ “မင်္ဂလာပါ စီနီယာတို့”

တချို့က ပြန်နှုတ်ဆက်ကြပြီး တချို့က မျက်နှာလွဲသွားကြတယ်။ သူမကလည်း ဂရုစိုက်မနေပါဘူး။ အရိပ်အောက် ဝင်ထိုင်လိုက်တော့တယ်။ ပြီးတာနဲ့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြတော့တယ်။

ယွင်ယွီကတော့ စုန့်ချန်းမင်းကလွဲရင် ဘယ်သူ့ကိုမှ မသိဘူးလေ။ သူမက တိုင်ကိုမှီလို့ မျက်လုံးကို မှိတ်ထားနေတုန်းမှာ မိန်းကလေးအသံကို ကြားလိုက်ရတယ်။

“ဒီမှာပဲ”

ယွင်ယွီက မျက်လုံးဖွင့်ပြီး အဲ့လူလေးယောက်ကို ကြည့်လိုက်တယ်။ အဲ့ထဲကတစ်ယောက်က ချင်ယွိစွေကို ဆွဲဆောင်ဖို့ကြိုးစားပြီး မအောင်မြင်တော့ စက္ကူလူနဲ့ သူမကို ကိုက်ခိုင်းတဲ့ မုန်းစရာမိန်းမပဲ။

ဖုန်းချူးထောင်မျက်နှာက ဖြူဖျော့နေပြီး တအားအားနည်းနေတဲ့ပုံ ပေါက်နေတယ်။ သူမက အဖြူရောင်ဝတ်စုံနဲ့ ဆံပင်ကို ခပ်လျော့လျော့စည်းထားပြီး နှုတ်ခမ်းနီပဲဆိုးထားတယ်။ တစ်ယောက်က သူမကို “အစ်မ လာဒီမှာထိုင် လူတွေလည်း မစုံသေးဘူး။ အကြီးအကဲတွေလည်း မရောက်သေးဘူး”

ဖုန်းချူးထောင်က သူ့ကိုကျေးဇူးတင်ပြီး သူမလူတွေနဲ့ လာထိုင်တော့တယ်။

ဖုန်းယီချန်းက “ချူးထောင် နင် အဆင်ပြေတာသေချာလား” ပြောရရင် ရထားပေါ်က စက္ကူလူရုပ်ကနေတစ်ဆင့် သူမကို တန်ပြန်ထိအောင် တိုက်ခိုက်ခံလိုက်ရတယ်လေ။ မြို့တော်ကိူရောက်တော့ ဆရာဝန်ဆီ ခေါ်သွားပြပေမဲ့။ ဒဏ်ရာမပေါ်ပဲ ကိုယ်တွင်းသွေးယိုစိမ့်မှု ဖြစ်နေတယ်လို့ ပြောလိုက်တယ်။ သူမက နလံထူအောင် နှစ်ရက်လောက် နားလိုက်ရတယ်လေ။

ပြောရရင် သူတို့ထဲမှာ ချူးယောင်ကပဲ လာပြိုင်ဖို့ တန်းဝင်တာလေ။ အကာအကွယ်ကျောက်စိမ်းကြောင့်သာ မဟုတ်ရင် လာမပြိုင်လည်းဖြစ်တယ်။ ဒါပေမဲ့ လာပြိုင်လိုက်တော့ ချူးထောင်လည်း အတွေ့အကြုံရလို့ ကျင့်စဉ်အဆင့်တက်နိုင်ရင် တက်နိုင်မှာပေါ့လေ။

ဖုန်းချူးထောင်က ခေါင်းရမ်းရင်း “ငါ အဆင်ပြေတယ်။ ဒီအကြောင်း ထပ်မပြောနဲ့။ အတွင်းဒဏ်ရာအကြောင်း ဘယ်သူ့ကိုမှ မသိစေချင်ဘူး ဒီပွဲမှာ ငါနိုင်ရမယ်”

ဖုန်းချူးချန်းက လှောင်ပြုံး ပြုံးမိတော့တယ်။ သူမဝမ်းကွဲက ကိုယ့်ဘာသာ အထင်ကြီးလွန်းနေတာပဲ။ ရထားပေါ်က သူမရဲ့ အကောက်ကြံတာကို ဘာမဟုတ်သလို ဖြေရှင်းသွားတဲ့လူကို မပြောနဲ့။ အခုနှစ်က လုံမိသားစုပါ တက်မယ်ကြားတာ ဘယ်ကြားကနေ သူမနိုင်ဦးမလဲမသိဘူး။

တစ်ယောက်ယောက်က တီးတိုးရေရွတ်မိတယ်။ “ဆရာသခင်တွေ ဘာလို့မရောက်လာသေးတာလဲ”

ဆရာသခင်တွေ မရောက်လာသေးပေမဲ့ စုန့်ချန်းမင်းက ရောက်လာပြီလေ။ သူက ကွေယွမ်တံခါးရဲ့ ခေါင်းဆောင် ထန်လောင်ရဲ့ တပည့်ပဲလေ။

ထန်လောင်က ထိပ်တန်းဆရာသခင်ဆိုတော့ သူ့တပည့်ဖြစ်တဲ့ စုန့်ချန်းမင်းကို လာနှုတ်ဆက်တဲ့လူတွေ များတာပေါ့။ သူက ယဉ်ယဉ်ကျေးကျေး ပြန်နှုတ်ဆက်နေရင်းနဲ့ လူ‌တစ်ယောက်ကို လိုက်ရှာနေတယ်။

နောက်ဆုံးမှာ သူကလှေကားထောင့်မှာကွယ်နေတဲ့ ယွင်ယွီကိုတွေ့သွားတော့တယ်။ သူက လူတွေကို မအံ့အားသင့်စေချင်တော့ ခပ်တိုးတိုး ရွတ်တယ်။ “ရှောင်ယွီအာ ဘယ်တုန်းကရောက်လဲ”

51 05

ယွင်ယွီက နှုတ်ခမ်းလှုပ်ရုံ ပြန်ပြောတယ်။ “ဆယ့်နှစ်နာရီလောက်က ဆရာတွေရော ဘယ်မှာလဲ”

စုန့်ချန်းမင်းက ခေါင်းခါရင်း “ငါမသိဘူး ငါ့ဆရာငါ့ကို ဘာမှမပြောလိုက်ဘူး”

“ကြည့်ရတာ ကျွန်မ ဆက်စောင့်ရုံပဲရှိမယ်ထင်တယ်”

ယွင်ယွီက ဟင်းရိုင်း အဝါရောငိစာရွက်တချို့နဲ့ လဲစရာအဝတ်နှစ်စုံပဲယူလာတယ်။ စက္ကူလူလေးပါပေမဲ့ သူ့ခမျာ ခေါင်းတောင်မဖော်ရဲဘူး။

စုန့်ချန်းမင်း ဝင်လာတာနဲ့ ဖုန်းချူးထောင်က သွားနှုတ်ဆက်ဖို့ ပြင်တယ်။ သူက အကြီးအကဲထန်လောင်ရဲ့ တပည့်လေ။ သူမ အဲ့လိုလူနဲ့ဆို ခင်ချင်တာပေါ့။

ဒါပေမဲ့ စုန့်ချန်းမင်းက ထောင့်မှာထိုင်နေတဲ့ ကောင်မလေးနဲ့ စကားသွားပြောနေတော့တယ်။

ဖုန်းယီချန်းက ရထားပေါ်မှာ ဖုန်းချူးထောင် အကောက်ကြံလိုက်တဲ့ကောင်မလေးမှန်း သတိရသွားတယ်။ သူမက သာမန်လူ မဟုတ်ဘူးလား။ သာမန်လူတွေ ရှိမနေသင့်တဲ့ ဒီမှာရှိနေတယ်ဆိုတာက သူမလည်း သာမန်လူမဟုတ်ဘူးဆိုတဲ့ သဘောပဲမလား။ ဖုန်းချူးထောင်က ရုတ်တရက်ထပြီး အဲ့ကောင်မလေးဆီ သွားလိုက်တော့တယ်။

******

All Chapters