အခန်း ၅၂
Vol. 6 Ch. 52
52 01
အပိုင်း (၅၂)
ဖုန်းချူးထောင် ထသွားတာမြင်တော့ ဖုန်းယီချန်းက “ချူးထောင် နင်ဘာမှမလုပ်နဲ့နော် နင့်ဒဏ်ရာတွေ မပျောက်သေးဘူး”
“ငါသူ့ကို ဘာလို့ငါ့ကိူ ဒဏ်ရာရအောင်လုပ်လဲ မေးချင်ရုံပဲ”
ပြောရရင် သူမက ဒီကိုရောက်လာမှတော့ အဲ့ရထားပေါ်မှာ သူမရဲ့ အကြီးအကဲတစ်ယောက်ယောက် ပါလောက်တယ်လေ။ ဘာလို့များ အကြီးအကဲက သူမလိုဂျူနီယာလေးကို နာကျင်အောင် လုပ်ရတာလဲ သူမ သိချင်တယ်လေ။ ပြောရရင် သူမရဲ့ ဖုန်းမိသားစုဝမ်းကွဲတွေလည်း အဲ့လိုပဲတွေးခဲ့တာ။ ယွီယွီ့လက်ချက်ထက် ယွီယွီ့အကြီးအကဲလက်ချက်လို့ ထင်တာလေ။
သေချာပေါက် သူတို့က ကျိုးကြောင်းညီညွတ်မှု ရှိမနေဘူးလေ။ အစကတည်းက သူတို့က ဖုန်းချူးထောင် ပြဿနာမရှာအောင် တားရမှာ မတားဘဲ တဖက်ကပြန်လုပ်မှ အပြစ်တင်ချင်နေတယ်လေ။ ဒါပေမဲ့လည်း ဖုန်းချူးထောင်က ရိုင်းစိုင်းပြီး မောက်မာတယ်လေ။ သူတို့တားချင်ရင်တောင် သူတို့တတ်နိုင်မယ်မထင်ဘူး။ ဖုန်းချူးထောင် ယွင်ယွီနားရောက်သွားတော့ ကျန်တဲ့ဖုန်းမိသားစုဝင်သုံးယောက်က တော်တော်လေး မျက်စိမျက်နှာပျက်နေကြပြီလေ။ ဖုန်းချူးထောင်က ယွင်ယွီကို တိုက်ရိုက်ပဲမေးလိုက်တယ်။
“ရထားပေါ်မှာ နင့်အကြီးအကဲက ငါ့ကိုသတ်တော့မလို့ဆိုတာ နင်သိလား။ နင် လုပ်ခိုင်းတာလား။ နင်အဲ့လောက်တောင် အကျင့်မကောင်းဘူးလား”
“အကျင့်မကောင်းတာ” ယွင်ယွီက အံ့ဩနေတဲ့ပုံလေးနဲ့ “စီနီယာ ကျွန်မတို့ သိကြလို့လား၊ အော်…ဟုတ်သားပဲ၊၊ လွန်ခဲ့တဲ့သုံးရက်က ရထားပေါ်မှာတွေ့သေးတာပဲ၊ ဒါပေမဲ့ စီနီယာဘာပြောချင်တာလဲဆိုတာ ကျွန်မသိပ်နားမလည်ဘူး”
သူမက ရူးချင်ယောင် ဆောင်နေတာပါ။
ဖုန်းချူးထောင်က မျက်မှောင်ကြုတ်ရင်း “ဘာမှမသိဘူးလား”
ယွင်ယွီက စိတ်ရှုပ်နေတဲ့မျက်နှာနဲ့ “ကျွန်မအကြီးအကဲကလည်း ဘာမှမပြောဘူးလေ။ ဘာဖြစ်လဲ ကျွန်မကို အတိအကျပြ န်ပြောပြပါလား”
သူ့အကြအကဲက စက္ကူလူရုပ်အကြောင်း ဘာမှမပြောဘူးလား။ ဖုန်းချူးထောင်က မျက်မှောင် ကြုတ်လိုက်တယ်။ လူတွေအများကြီးရှိနေတော့ သူမက ဒီဂျူနီယာလေးရဲ့ ယောက်ျားကို ဆွဲဆောင်တာ မအောင်မြင်လို့ ဒီဂျူနီယာလေးကို အနိုင်ကျင့်ဖို့ကြိုးစားပေမဲ့ တန်ပြန်ခံရတယ်လို့ မပြောနိုင်ဘူးလေ။ဖုန်းချူးထောင်က နှာမှုတိပြီး ပြန်ထွက်သွားတော့တယ်။
စုန့်ချန်းမင်းက ထွက်သွားတဲ့ သူမကိုကြည့်ရင်း “ယွင်ယွီ သူက ဘယ်သူလဲ”
ယွင်ယွီက ခပ်တိုးတိုးပြောပြတော့ စုန့်ချန်းမင်းက အံ့ဩသွားတော့တယ်။ “နျန့်ချန်ချိပ်စည်းမိသားစုကလား ကျစ်ရမ်ရှုမိသားစုက တော်တော်မောက်မာပြီး ဒီလိုတပည့်မျိုးကို အပြင်လောကကို လွှတ်ရဲတယ်ပေါ့”
သူတို့စကားပြောနေတာကို လူတွေက ကွက်ကြည့်ကွက်ကြည့် လုပ်နေကြတော့တယ်။ ထန်းလောင်ရဲ့ အမျိုးသမီးတပည့်မက အသက်သုံးဆယ်ရှိပြီး ဒီနှစ်မှာ ပါဝငိဆင်နွဲမှာ မဟုတ်ဘူး။ ဒါဆို စုန့်ချန်းမင်းနဲ့ စကားပြောနေတဲ့ ဒီကလေးမက ဘယ်သူများလဲ။ အကုန်လုံးက တွေးနေကြတော့တယ်။
အဲ့အချိန်မှာ လူတစ်ယောက်က ဝင်လာလို့ အကုန်လုံး လှည့်ကြည့်မိကြတယ်။ သူ့ကို ယွင်ယွီကအစ အကုန်လုံး သိတယ်လေ။ စုန့်ချန်းမင်းရဲ့ စီနီယာအစ်ကို လီကျိုး။
သူက ဝင်လာပြီး “ဆရာသခင်တွေ ရောက်လာတော့မယ်ဆိုတော့ လူရေကြတာပေါ့”
လူအကုန်လုံးကို လိုက်ကြည့်ပြီးတော့ သူက ပြောလိုက်တယ်။
“အခုတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့လူတွေက အမျိုးသမီး ၂၈ယောက် အမျိုးသား အယောက် ၅၀ အားလုံးပေါင်း ၇၈ယောက် ကိုယ့်ဘာသာ မိတ်ဆက်ကြပါ ရင်းရင်းနှီးနှီးနေကြပြီး အိပ်ဖို့နေရာရွေးလို့ ဒီတစ်ည ဒီမှာအိပ်ကြပါ”
တစ်ယောက်က ရေရွတ်လိုက်တယ်။ “ဒီမှာခြင်တွေအများကြီးပဲ ပူကပူသေး လျှပ်စစ်မီးကမရှိ အခန်းက ဆယ်ခန်းထဲ လူခုနှစ်ဆယ် ဘယ်လိုနေမှာလဲ။
လီကျိုးက “စိတ်လျော့ပါ လူတိုင်းအတွက် လောက်ပါတယ်”
တစ်ယောက်ယောက်က ထပ်အတွန့်တက်ချင်ပေမဲ့ လီကျိုးက စကားဖြတ်ပြောလိုက်တယ်။ “ကဲဒါဆို မိတ်ဆက်ကြတာပေါ့”
သူက တစ်ယောက်ကို လက်ညိုးထိုးပြလိုက်တယ်။ သူမက စကပ်အရှည်နဲ့ ခပ်ပိန်ပိန်ကောင်မလေး။ သူမက မျက်နှာနီနီနဲ့ အရှေ့ကိုထွက်လာပြီး “ချန်းချွမ်တံခါးရဲ့တပည့် ဝမ်ရုပါ”
မြက်ရိုင်းပင်ရဲ့ဝမ်ရု။ ကောင်းလိုက်တဲ့နာမည်။
ယွင်ယွီက ဒီတံခါးဆိုတဲ့ ဂိုဏ်းတွေကို သိပ်နားမလည်ဘူး။ အရင်ဘဝမှာတုန်းက သူတို့က ရှိတောင်မရှိဘူးလေ။ သူမဆရာက ဉာဏ်အလင်းပွင့်နေတဲ့ ကြိုးကြာတစ်ကောင်ပဲ။ ဒီဘဝမှာတော့ သာမက အဘိုးကြီးဟူရဲ့တပည့်မဆိုတဲ့နာမည်ကို ခံယူထားတယ်။ သူမက နှာခေါငိးကို ပွတ်လိုက်မိတော့တယ်။ သူမကို မမိတ်ဆက်ခိုင်းလောက်သေးဘူး။
52 02
နောက်ထပိ တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ကြတော့တယ်။ အမျိုအစား တကယ်စုံတယ်လေ။ ရုပ်လွန်ပညာ၊ တာအိုတို့အပြင် တခြားအမျိုးကွဲတွေမှ အများကြီးပဲ။
နောက်ဆက်တွဲဆို တန်တင်းကိုင်းခွဲက ယွင်ယွီရဲ့ ဗေဒင်ပညာ၊ ဖုန်းရွှေ၊ အစီအရင်အခင်းအကျင်း၊ တာအိုဝါဒ၊ ဂဏန်းဗေဒင်နဲ့ ကျစ်ရန်အနက်တွေပေါ့။ ထပ်ပြောရရင် တာအိုဝါဒကလည်း ထပ်ခွဲလို့ရသေးတယ်။ အော်သိုဒေါက် ဆန်ချင်းလမ်းစဉ်၊ မောက်ရှန်း တစ္ဆေလမ်းစဉ်နဲ့ တန်တင်းပေါ့
အဲ့လိုမျိုးတွေတွေ့ရတော့ ယွင်ယွီလည်း တကယ်ကို မျက်စိပွင့်နားပွင့် ဖြစ်ရတယ်လေ။
ဒါပေမဲ့ ရွှမ်းမန်ကလည်း အော်သိုဒေါက်ဝါဒကို ရုပ်လွန်ပညာ နည်းလမ်းငါးသွယ်အဖြစ် ကျင့်ကြံတယ်လေ။ အဲ့မှာ လုံမျိုရိုးနဲ့ ယောက်ျားနဲ့မိန်းမနှစ်ယောက်ရှိနေတယ်။ အရွယ်ကတော့ နှစ်ဆယ်ဝန်းကျင်ပဲ။
စုန့်ချန်းမင်းက ယွင်ယွီနဲ့ ချင်ယွိစွေအကြောင်း သိပြီးသားလေ။ သူက ယွင်ယွီလုံမိသားစုအကြောင်း မသိမှာစိုးတော့ ပြောပြတော့တယ်။
“လုံမိသားစုက ချင်ယွိစွေရဲ့ အမေဖက်က မိသားစု လုံချီလျန်ရဲ့ ချင်ယွီလို့ခေါ်တာ။ အဲ့မှာ ဝမ်းကွဲစွေ့၊ ချင်ယွိစွေအမေက သူ့အဒေါ်ပေါ့ ပြောရရင် တစ်မိသားစုထဲပဲ။ လုံဝမ့်ရင်းက လုံမိသားစုရဲ့ ဒုတိယမိသားစုက ချင်ယွိစွေနဲ့ဆို ဝမ်းကွဲတော်တာပေါ့”
ယွင်ယွီက ချင်ယွိစွေပြောတဲ့ ချီရှားဝိဉာဉ်သတ်ဖြတ်အစီအရင်ထဲ မြုပ်ထားတဲ့ဘိုးဘေးက သူ့အဖွားဆိုတာကို သတိရလိုက်တယ်။
စုန့်ချန်းမင်းက ဆက်ပြောနေသေးတယ်။ “လုံမိသားစုခေါင်းဆောင် လုံဖုန်းကျန့်က ရွှမ်းမန်လောကရဲ့ ထိုက်ရှန်ပေသောပဲ။ ပြီးတော့ လွန်ခဲ့တဲ့ တိုင်းပြည်ကပ်ဆိုက်နေတဲ့နှစ်တွေတုန်းက သူမဘယ်လောက်များ လူတွေ ကယ်တင်ခဲ့သလဲ။ ဘယ်လောက်များ ရန်သူတွေကို နှိမ်နင်းခဲ့သလဲဆိုတာ ဘယ်သူပြောနိူငိမှာလဲ။ ဒါပေမဲ့ အဲ့လို ဒဏ္ဍာရီတစ်ခု ဖြစ်နေတဲ့လူရဲ့ အသေက ဒီလောက် ဆိုးသလားပဲလေ။
လုံဖုန်းကျန့် သေဆုံးပုံက ဖုံးကွယ်ခံထားရတာ လူတော်တော်များများက သူမက ဝိဉာဉ်နဲ့ ခန္ဓာကွဲသွားမှန်း မသိကြဘူးလေ။
တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်နေကြရင်း နောက်ဆုံး ယွီယွီ့အလှည့် ရောက်လာတော့တယ်။ လီကျိူက သူမကိုခေါင်းညိတ်ပြတော့ သူမက အရှေ့တက်လာပြီး
“စီနီယာတို့ ကျွန်မက ယွင်ယွီပါ အပျင်းကြီးပေမဲ့ ရုပ်လွန်ပညာရဲ့ ငါးသွယ်သောအခွဲတို့ကို ကျွမ်းကျင်ပါတယ်”
သူမလို အသက်ငယ်ငယ်နဲ့ ကလေးမလေးက အဲ့ဒီလိုပြောလာတေယ့ တချို့က ရယ်တော့တယ်။ “ဒါက ဘယ်သူများလဲ ဒီနေရာမှာလာပြီး ရုပ်လွန်ပညာရဲ့ ငါးသွယ်သောအခွဲမှာ ကျွမ်းကျင်တယ်လို့ပြောရဲတာ”
လူတိုင်းက ပညာရပ်တစ်ခုကိုပေါက်မြှောက်ဖို့ အချိန်ပေးရတယ်လေ။ ဒါကို ဒီကလေးမ သတ္တိရှိလွန်းပြီး အကုန်လုံးမှာ ကျွမ်းကျင်တယ်လို့လာပြောနေတယ်။
လုံမိသားစုကနှစ်ယောက်က ယွီယွီ့စကားကိုကြားတော့ လှည့်ကြည့်လာတော့တယ်။ ဘိုးဘေးတွေဆီမှာလေ့ကျင့်ခဲ့တဲ့ သူတို့တောင် နည်းစနစ်ငါးသွယ်မှာ ကျွမ်းကျင်တယ်လိူ့ မပြောရဲဘူး။ ပြောရဲရင် သူတိူ့ဘိုးဘေးကပဲပြောရဲလိမ့်မယ်လေ။ ယွင်ယွီကတော့ ပြိုငိမငြင်းပဲ ပြုံးပဲပြုံးနေတော့တယ်။
စုန့်ချန်းမင်းကတော့ တကယ့်ပွဲကျရင် သတိထားဖို့ ပြောချင်တာ ပါးစပ်ပါယားနေပေမဲ့ မပြောနိုင်ဘူးလေ။ သူတိူ့တွေက သူတိူ့ကဲ့ရဲ့နေတဲ့ ဒီဆရာသခင်မလေးက ချီရှားဝိဉာဉ်သတ်ဖြတ်အစီအရင်ကို တစ်ယောက်ထဲ ဖြိုသွားတာလေ။
လီကျိုးကတော့ဘာမှမပြောပဲ ခဏကြာမှ သူပြောရမဲ့ဟာကို ဆက်ပြောတယ်။ “ရင်းနှီးသွားကြပြီဆိုတော့ အခန်းခွဲလို့ အနားယူကြရအောင်ပါ။ ဆရာသခင်တွေက မကြာခင် ရောက်လာပါလိမ့်မယ်”
အမျိုးသမီးနှစ်ဆယ့်ရှစ်ယောက်က အခန်းလေးခန်းကို အညီအမျီခွဲဝေလိုက်ကြတယ်။ ကံပဲမကောင်းတာလားမသိပေမဲ့ ဖုန်းမိသားစုညီအစ်မသုံးယောက်၊ ယွင်ယွီ၊ လုံဝမ့်ရင်းနဲ့ တန်တင်းရဲ့ ဝမ်ရုက တစ်ခန်းထဲ ကျပါလေရော။ ကျန်တဲ့တစ်ယောက်က ယွီရှောင်ရှောင်တဲ့။
ယွီရှောင်ရှောင်က ဗေဒင်ပညာမိသားစုလေးကလေ။ ဖြောင့်စင်းနေတဲ့ဆံပင်ရှည်တွေနဲ့ ချိုင်းပြတ်ဝတ်စုံအတိုကို ဝတ်လို့ သူမကို ကြည့်နေတယ်။
ယွင်ယွီက ဖုန်းမိသားစု ညီအစ်မတွေနာမည်ကို သိတယ်လေ။
အရှက်မရှိတဲ့ ဖုန်းချူးထောင်၊ ခပ်ဝဝနဲ့ ဖုန်းချူးချန်း၊ အနေအေးတဲ့ ဖုန်းချူးရှင်း။
ဖုန်းချူးထောင်က ယွင်ယွီဝင်လာတော့ နှာမှုတ်လိုက်ပြီး ဖုန်းချူးရှင်းကို သူမအတွက် အိပ်ယာခင်းပေးဖိူ့ ပြောတော့တယ်။
52 03
“ဖုန်းချူးထောင် နင့်မှာ လက်မပါဘူးလား” ဖုန်းချူးချန်းက အံကြိတိပြီး ဖုန်းချူးရှင်းကို ပြန်ဆွဲလိုက်တယ်။ “နင် သူ ခိုင်းတိုင်းလုပ်ရအောင်။ နင် ရူးနေလား”
“ဝက်မ နင့်နဲ့ဘာဆိုင်လဲ” သူတိူ့က စအငြင်းပွားကြတော့တယ်။
“ရန်မဖြစ်ကြနဲ့”ဖုန်းချူးရှင်းက အားနည်းစွာ ပြောလိုက်တော့တယ်။
တခြားလေးယောက်ကတော့ အိပ်ယာခင်းပြီး သူတိူ့ကို ကုတင်ပေါ်ထိုင်လိူ့ ပွဲတစ်ခုလို ကြည့်နေကြတော့တယ်။
သူမတို့အတွက် လုပ်ထားတဲ့ ကုတင်ကြီးကလွဲရင် ကျန်တာတွေက ရှေးကပုံအတိုင်းပဲလေ။ ထိုင်ခုံ၊ ရတနာရှစ်မျိုး စီချယ်ထားတဲ့ စားပွဲ၊ နဂါးပုံထွင်းထုထားတဲ့ စင်လေးတို့ ပါဝင်တယ်လေ။ ကြည့်ရတာ ဒါက အဓိကအခန်းဖြစ်လောက်တယ်။
ဖုန်းမိသားစုကညီအစ်မနှစ်ယောက်က သူတိူ့အရှက်ကွဲမှန်း သတိထားမိမှ ရပ်တော့တယ်။
ယွီရှောင်ရှောင်က တက်ကြွတဲ့စရိုက်ရှိတော့ သူမက စမေးတော့တယ်။ “ဆရာသခင်တွေက ငါတို့ကို ဘာစစ်ဆေးမှာတဲ့လဲ”
သူမက ပထမဆုံးလာပြိုငိတော့ ဘာစစ်ဆေးမလဲ မသိဘူးလေ။ ဝမ်ရုက ခပ်တိူတိုးနဲ့ “အရင်နှစ်ကတော့ စာအုပ်ထဲကအကြောင်းတွေ မေးတာ”
ရွှမ်းလောကနဲ့ တောက်လောကနဲ့ပတ်သက်တဲ့စာအုပ်တွေက အများကြီးလေ။ အဲ့အကြောင်းတွေပြီး သူမတိူ့မျက်နှာက စိမ်းပါသွားတော့တယ်။
“နင်ရော မစိုးရိမ်ဘူးလား”
ယွီရှောင်ရှောင်က ယွီယွီ့ကို မေးလိုက်တယ်။
“အင်း” ယွင်ယွီကပြောလိုက်တယ်။ သူမ စာအုပ်တွေ အများကြီးဖတ်ဖူးတယ်လေ။
ဖုန်းချူးထောင်က လှောင်ရယ်ရင်း “ငကြွားမ”
ယွင်ယွီက သူမကို ကြည့်လိုက်ပေမဲ့ ဘာမှအတွန့်တက်ပြီး ငြင်းမနေဘူး။
ယွီရှောင်ရှောင်က ချူးထောင်ကို “နင် တအားလျှာရှည်တာပဲ”
ဖုန်းချူးထောင်က သူမကို စိုက်ကြည့်လာတော့တယ်။
“နင်တကယ် အားလုံးကျွမ်းကျင်တာလား”
“အင်း”
ယွီရှောင်ရှောင်က ထပ်စပ်စုချင်ပေမဲ့ အပြင်ကနေ လီကျိုးအသံကို ကြားလိုက်ရတယ်လေ။ အခန်းထဲက မိန်းကလေးတွေက အပြင်ကိုထွက်လိုက်တော့ အနားက ရှင်းလင်းပြီး မြူတွေဆိုင်းနေတာ တွေ့လိုက်ရတယ်လေ။ အနားကပစ္စည်းတွေက ရေထဲတောင် နစ်တော့မယ်။
အံ့ဩစရာတော့မရှိဘူး ယွင်ယွီက အထဲဝင်ကတည်းက အဲ့အစီအရင်ကို မြင်သားပဲ။ အသက်မဝင်သေးရုံလေ။ လူတွေ လန့်နေကြတာကို ကြားနေရတယ်။ “ဘာဖြစ်နေကြတာလဲ”
“မသိဘူး ချက်ချင်း မြူတွေဆိုင်းလာတာပဲ”
“ဒါက ပထမစာမေးပွဲလား”
“ဟုတ်လောက်တယ် စီနီယာလီက ခန်းမထဲစုခိုင်းပေမဲ့ ဒီလိုဆိူတော့ အဲ့ကိုအရောက်သွားရမလားပဲ”
သူတို့က လက်တစ်ကမ်းလောက်ပဲဝေးပေမဲ့ အသံတွေက သိပ်မကျယ်ပဲ အနားမှာလည်ူ ဘယ်သူမှမရှိတဲ့ပုံဖြစ်နေတယ်။
လူတွေက မှော်နည်းစနစ်တွေနဲ့ သံလိုက်အိမ်မြှောင်တွေထုတိလို့ ဒီမြူအစီအရင်ကို ကျော်လွှားဖို့ကြိုးစားတယ်။
ဒီမြူအစီအရင်က လူတွေကို ပြဿနာပေးနိုင်ပေမဲ့ ယွီယွီ့အတွက်တော့ ဘာမှမဆန်းဘူး။
သူမက မျက်လုံးကိုဖွင့်လို့ ချီတွေကို အာရုံခံလိုက်တာနဲ့ မြူတွေက သူမကို အနှောက်အယှက် မပေးတော့ဘူးလေ။
လူတိုင်းရဲ့ရုပ်ပုံက သူမရှေ့မှာ ပေါ်လာတယ်။ လူတွေခေါင်းမရှိတဲ့ယင်ကောင်လို ဦးတည်ရာ ပျောက်နေတာကို မြင်နေရတယ်။ စုန့်ချန်းမင်းတောင်မှ သူ့သံလိုက်အိမ်မြှောင်ကို ချွေးတရွဲရွဲနဲ့ လှုပ်ခါနေတယ်လေ။
ယွင်ယွီက သက်ပြင်းချရင်း ကျန်တဲ့လူတွေကို မြူထဲ ချန်ထားရင်း စုန့်ချန်းမင်းဆီသွားလိုက်တယ်။ သူမက စုန့်ချန်းမင်းလက်မောင်းကို လှမ်းဆွဲတော့ စုန့်ချန်းမင်း လန့်သွားတော့တယ်။ ပြီးမှ ယွီယွီ့ပုံ သူ့ရှေ့မှာ တဖြည်းဖြည်း ပေါ်လာတော့ သူက သက်ပြင်းချလိုက်ရင်း “ရှောင်ယွီအာ ဒါကြီးက နင့်ကို တိုးမပေါက်ဘူးပေါ့” ယွင်ယွီက ခပ်တိုးတိူးနဲ့ “ကျွန်မအပေါ် အသုံးမဝင်ဘူး ရှင့်ကို ခေါ်သွားပေးရမလား ကိုယ့်ဘာသာ ထွက်ချင်လား”
52 04
စုန့်ချန်းမင်းက အံကြိတ်ရင်း “သွားနှင့် ငါသာနင့်ဆီကပ်ပြီးထွက်လို့ကတော့ ငါ့ဆရာငါ့ကို အသေသတ်လိမ့်မယ်”
ဒါက ပင်ကိုယ်စွမ်းရည်စစ်ဆေးတာဆိုတော့ သူ ယွီယွီ့အပေါ်မှီခိုနေလို့မရဘူးလေ။
“ကံကောင်းပါစေ”
ယွင်ယွီက ပြောပြီးတာနဲ့ သူ့ကိုလွှတ်ပြီး မြူထဲပျောက်ကွယ်သွားတော့တယ်။ အားလုံးက အခုမှ အခန်းပေါက်ဝတင်ရှိသေးတယ်လေ။ ခြံထဲမှာက ဘယ်သူမှရှိမနေဘူး။ သူမက ခြံပေါက်ဝကိုသွားလိုက်တော့တယ်။
ဒီအစီအရင်မျိုးက သူမအတွက် ဘာမှမဟုတ်ဘူးလေ။ ဟိုလှည့်ဒီလှည့်နဲ့ ခြံတံခါးကို ဆွဲဖွင့်လိုက်တော့တယ်။
ခြံပေါက်က အစီအရင်ရဲ့ အဆုံးသတ်ဆိုတော့ နည်းနည်းတော့ ပိတ်တာပေါ့လေ။
အပြင်မှာရပ်နေတာက ဆံပင်တွေဖြူနေတဲ့ အဖိုးကြီးသုံးယောက်နဲ့ အသက်ငါးဆယ်လောက်ရှိတဲ့ မိန်းမကြီးတစ်ယောက်ပေါ့။ လီကျိူကတော့ သူ့ဆရာနောက်မှာ ရပ်နေတယ်လေ။
အဲ့ထဲက ဝတ်ရုံဝတ်ပြီး တုတ်ကောက်ကိုင်ထားတဲ့ အဖိုးကြီးက
“ဒီကလေးတွေ ဘယ်လောက် ကြာမယ်ထင်လဲ။ လောင်ထန်းတောင် ဆယ့်ငါးမိနစ် ကြာသလားလို့ သူတို့သာ ဆယ်မိနစ်အတွင်း ထွက်လာရင် ကောင်းချီး ပေးခံထားရတာပဲ။
သူက ဒီခြံဝန်းပိုင်ရှင် လုဖာကျင်းလေ။ ဖုန်းလေ့ရဲ့ တာအိုသခင်ပေါ့။
သူက ချို့ယွင်းချက်ငါးခုကို ခံစားရပြီး ကလေး မရနိုင်တော့ဘူး။ အဲတော့ သူက မိဘမဲ့ကလေးတွေကို မွေးစားပြီး နောက်ကျ ဒီအိမ်နဲ့မဆန့်တော့လို့ နိုင်ငံတော်ကို ပြောတဲ့အခါ သူတို့က တာအိုကျောင်းတစ်ခုအတွက် လှူဒါန်းပေးလာကြတယ်လေ။ အခုဆို ကျောင်းက အတော်တောင် ကြီးနေပြီ။
သူအဲ့လိုပြောတော့ ထန်းလောင်ရော လီကျိူးပါ ဘာမှမပြောဘူးလေ။
နောက်ထပ်က လုံနျန်စီ။ လုံဖုန်းရွှမ်းရဲ့ အငယ်ဆုံးသမီးနဲ့ ဆက်ခံသူလောင်းပေါ့။
နောက်တစ်ယောက်က ချန်းယီ၊ ချန်းချွမ် တန်တင်းရဲ့ အရင်ခေါင်းဆောင်ဖြစ်ပြီး ပထမဆုံးမိတ်ဆက်တဲ့ ဝမ်ရုက သူ့မြေးမလေ။ သူတို့က ကျန်းကျိုးကနေ လာခဲ့တာ။
ချန်းယီက ဆေးဖော်စပ်ရာမှာ ဆရာတစ်ဆူပဲလေ။ သူ့ဆေးက အဆိပ်တွေကို ဖယ်ပစ်တဲ့အပြင် ခန္ဓာကိုယ်ကို ဆေးဖက်ဝင်အော်ရာတွေနဲ့ ဖြည့်ပေးနိုင်စွမ်းရှိတယ်။ ဒါပေမဲ့ တန်ဖိုးကြီးလွန်းတယ်လေ။ ဖော်စပ်ဖို့ လိုအပ်တဲ့ဆေးပင်တွေက တအားတန်ဖိုးကြီးလွန်းတာပေါ့။
ထန်းလောင် ဘာမှမပြောတော့ ချန်းယီက ပြုံးရင်း “ထန်းလောင်တပည့်တွေက တော်လွန်းပါတယ်။ အထဲမှာရှိတဲ့တပည့်နဲ့ လုံမိသားသုက ဂျူနီယာလေးနှစိယောက်က အရင်ဆုံး ထွက်လာမယ်လို့ထင်တာပဲ။ ကျုပ်တို့ဝမ်ရုကတော့ ဆေးပညာပဲ ကျွမ်းကျင်တော့ သိပ်မမျှော်လင့်ရဲပေါင်ဗျာ”
ထန်းလောင်က ခေါင်းခါပြီး သက်ပြင်းချတော့တယ်။
သူ ဘာကိုဆိုလိုချင်မှန်း ဘယ်သူကမှ မသိတော့ လုဖာ့ကျင်းက “ထန်း ခင်ဗျား ဘာပြောတာလဲ။ သူတို့မတတ်နိုင်ဘူးလား”
ထန်းလောင်က ယွီယွီ့အကြောင်းသိပေမဲ့ ထူတ်ပြောဖို့ မစဉ်းစားဘူးလေ။
သူပြောနိုင်တာက “ခင်ဗျားတို့ တစ်တောင်ထက်တစ်တောင်က ပိုမြင့်တတ်တယ်ဆိုတာကို နားလည်ထားရမယ်။ ကိုယ့်ကလေးတွေက တော်ပေမဲ့ သူများတွေကလည်း ညံ့နေမယ်လို့ တသမှတ်ထဲ တွက်ဆထားလို့မရဘူး”
“အဲဒါက အကြောင်းရင်းလား” လုဖာ့ကျင်းက ရယ်လိုက်တယ်။ “အဲ့ထဲမှာ လူအများကြီးရှိပေမဲ့ ဒါကိူကျော်နိုင်ရင် နောက်ထပ်လာမှာက ပိုခက်တဲ့ စမ်းသပ်ချက်တွေပဲလေ။ အရည်အချင်း မပြည်မီတဲ့လူတွေကို မြန်မြန်ဖယ်ထုတ်လိုက်သင့်တာပေါ့”
သဘောက မြူအစီအရင်လေးကိုတောင် မကျော်လွှားနိုင်ရင် အခြေခံ မပိုင်တဲ့သဘောပဲလေ။ လာရှုပ်နေမဲ့အစား ပြန်သွားပြီး အခြေခံကို လေ့လာနေသင့်တာ။
စကားပြောနေကြတုန်းမှာ ခြံတံခါးကနေ အသံကြားလိုက်တော့ သူတို့က အမှတ်တမဲ့ လှည့်ကြည့်မိကြတော့တယ်။ သူတို့က တံခါးထဲကနေ ခေါင်ရမ်းပန်းလိုလှတဲ့ ကလေးမတစ်ယောက် ထွက်လာတာ တွေ့လိုက်ရတယ်လေ။
သုံးယောက်က အကြောင်သားဆိုပေမဲ့ အကြောင်းသိနေတဲ့ ထန်းလောင်နဲ့ လီကျိုးကတော့ တစ်စက်မှ မအံ့ဩသွားဘူးလေ။
52 05
ယွင်ယွီက တံခါးကိုပြန်ပိတ်ရင်း အရှေ့တိုးလို့ “အကြီးအကဲတို့ကို နှုတ်ဆက်ပါတယ်”
“အိုး အိုး မင်္ဂလာပါကွယ်” ချန်းယီက အကြောင်သားပြန်ဖြေမိတော့တယ်။
သူတို့က လူအတော်များများတစ်ညလောက်ဖြေရှင်းရနိုင်တဲ့ ဒီမြူအစီအရင်ကို တစ်မိနစ်ထဲနဲ့ ထွက်လာပြတဲ့ ဒီကောင်မလေးက ပုံရိပ်ယောင်ဟုတ်မနေတာ သူတိူ့သိတယ်လေ။
ယုံချင်စရာကိုမရှိတာ လုံမိသားစုဆက်ခံသူ ငယ်ငယ်ကတောင် ငါးမိနစ်ကြာတယ်လေ။
သူမ ဘယ်လိုလုပ်တာလဲ။
ပြီးတော့ ဘယ်က လာတာများလဲ။
စကားနည်းတဲ့ လုံနျန်စီကတောင် မေးလာတယ်။ “မင်းနာမည်ကရော”
ယွင်ယွီက “ဆရာသခင် ကျွန်မနာမည်က ယွင်ယွီပါ။ ကျွန်မဆရာက အပျင်းကြီးတော့ သူ့ကိုသိမယ် မထင်ပါဘူး”
မဖြစ်နိုင်တာပဲ။
အခုက လူငယ်တွေကျင့်ကြံရတာ ပိုခက်ခဲလာတယ်လေ။ ဝိဉာဉ်အော်ရာက ပါးလျလာတော့ အရင်က ရတနာတွေအားကိုးပြီးပဲ ကျင့်ကြရတာမလား။
******