အခန်း ၅၃
Vol. 6 Ch. 53
53 01
အပိုင်း (၅၃)
ဘယ်လိုအပျင်းကြီးတဲ့ ဆရာသခင်က ဒီလိုတော်တဲ့ တပည့်ရလာတာလားပဲ။
ဒါပေမဲ့ ဒီကလေးမပြောတာတော့ သူမရော သူမဆရာကပါ တော်တယ်လို့ ပြောတယ်လေ။ မမြင်ရပေမဲ့ ဒီအစီအရင်ချထားတဲ့ ခြံဝန်းထဲက လွယ်လွယ်ကူကူ ထွက်လာတာနဲ့တင် သိနိုင်တယ်လေ။
အကြီးအကဲတချို့က ရွှမ်းမန်နဲ့ တောက်မန်လောကတွေရဲ့ မျှော်လင့်ချက်တစ်ခု ပြန်မွေးဖွားလာသလို သူမကို ကြည့်နေကြတယ်။ လုံမိသားစုဘိုးဘေးရဲ့ မတော်တဆမှုနောက်မှာ သူတို့လောကက မျှော်လင့်ချက် မဲ့ပြီလို့ ထင်ခဲ့တာလေ။
“ဆရာသခင်ယွင်ရဲ့ ဆရာက တကယ်တော်တဲ့သူပဲ ။သူ ဘယ်မှာနေလဲပြောပြလို့ရမလား”
ယွင်ယွီက တိတ်သွားပြီးတော့ “သူက အနောက်ရပ်ကို ကြွမြန်းသွားပါတယ်”
“အာ စိတ်မကောင်းပါဘူး” မေးမိတဲ့ ချန်းယီက ဘာပြောရမှန်းမသိဘဲ ရပ်သွားတော့တယ်။ “ဒီလိုထူးချွန်မှတော့ မင်းရဲ့ ဆရာက ဝိဉာဉ်ကောင်းကင်ပေါ်ကနေ ဂုဏ်ယူနေမှာပါ”
“ကျေးဇူးတင်ပါတယ်”
လုဖာ့ကျင်းက “တာအိုရောင်းရင်းလေး ဘယ်မှာနေတာလဲ။ ဒီဆွေးနွေးပွဲပြီးရင် ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ”
“အိမ်ပြန်ပြီး တောင်ပေါ်မှာ သီးစာပင်တွေ စိုက်မလို့ပါ”
“အမ်” လုကျန်းမန်တစ်ယောက် ရုတ်တရက် ဘာပြောရမှန်းမသိ ဖြစ်သွားတော့တယ်။ “ကောင်းတာပေါ့ကွယ်”
သူတို့က ယွီယွီ့နဲ့ စကားပြောနေကြတယ်။ ဆယ့်ငါးမိနစ်လောက်ကြာတော့ ခြံတံခါးပွင့်သွားပြီး ချွေးနည်းနည်းထွက်နေတဲ့ လုံချီချန်းက ထွက်လာတယ်။ သူ့နောက်မှာတော့ လုံဝမ့်ရင်းက စက္ကန့်နည်းနည်းပဲခြားပြီး လိုက်ထွက်လာတယ်။
လုံနျန်စီအခုမှပဲ သက်ပြင်းချနိုငိတော့တယ်။ ဒီယွင်ယွီဆိုတဲ့ ဂျူနီယာလေး ပေါ်လာပေမဲ့ လုံမိသားစုက မျက်နှာမပျက်ခဲ့ဘူးလေ။
လုံမောင်နှမက သူတို့ပထမဆုံးလို့ ထင်ထားပေမဲ့ သူမကိုယ်သူမ ရုပ်လွန်ပညာမှာ ကျွမ်းကျင်တယ်လို့ပြောတဲ့ လူသစ်လေးက အကြီးအကဲတွေနဲ့တောင် စကားလက်ဆုံ ကျနေမယ်လို့ မထင်ထားဘူးလေ။
သူတို့ရှုပ်ထွေးသွားပေမဲ့ ယဉ်ကျေးမှုကို နားလည်တော့ မမေးသင့်တာကို လျောက်မမေးဘူးလေ။
လုံနျန်စီကတော့ “တော်တယ်” လို့ပဲပြောနိုင်တော့တယ်။ ယွင်ယွီဆိုတဲ့ကလေးမကို ဖယ်ရင် သူမတို့ လုံမိသားစုဂျူနီယာနှစ်ယောက်က ထိပ်ဆုံးပဲလေ။
နောက်နှစ်မိနစ်လောက်ကျ လုဖာ့ကျင်းရဲ့ တပည့် လုယွမ်က ထွက်လာတယ်။
လုဖာ့ကျင်းရဲ့ တာအိုကျောင်းက တပည့်အားလုံးက လုဖာ့ကျင်း မွေးစားထားတဲ့ မိဘမဲ့လေးတွေလေ။ အလုပ်လုပ်ပုံက သာမန်မိဘမဲ့ကျောင်းလိုပဲ။ ထူးခြားတာက ပါရမီပါတဲ့လူတွေကို ကျင့်ကြံဖို့ သင်ပေးတယ်လေ။ သူကဆရာပေါ့ ပြောရရင် သူ့မှာ တပည့်တွေ အများကြီးရှိတယ်လေ။
ဒီရဲ့ လုယွမ်က စုန့်ချန်းမင်းထက် တစ်နှစ်ငယ်ပြီး အခုမှဘွဲ့ရခါစ အသက်နှစ်ဆယ့်လေးနှစ်နဲ့ ပါရမီကောင်းတဲ့လူငယ်လေးပဲ။
ယုယွမ်ထွက်လာတော့ လုဖာ့ကျင်းက “ကောင်းတယ်”
လုယွမ်က နာမည်အတိုင်းပဲ ကြင်နာတတ်တဲ့ မျက်နှာဝိုင်းဝိုင်းနဲ့ ကောင်လေးလေ။ သူက ဘာဖြစ်မှန်းမသိတော့ သူ့ထက် အရင်ထွက်လာတဲ့ စီနီယာတွေကို နှုတ်ဆက်ပြီး လုဖာ့ကျင်းနောက်မှာ ငြိမ်ငြိမ်လေး ရပ်နေတော့တယ်။
ပြောရရင် လုံမောင်နှမက ယွီယွီ့ကို တစ်မိနစ် မပြည့်ခင် ထွက်သွားတယ်လို့ မထင်ဘဲ သူတို့ထက် မိနစ်နည်းနည်း စောတယ်လို့ ထင်ကြတယ်လေ။
အဲ့နောက်မှာတော့ တော်တော်ခါးသီးနေတဲ့ မျက်နှာပေးနဲ့ စုန့်ချန်းမင်းတစ်ယောက် သံလိုက်အိမ်မြှောင်လေးကိုင်ပြီး ထွက်လာတော့တယ်။ ထန်းလောင်ကိုမြင်တော့ သူက သံလိုက်အိမ်မြှောင်ကို သိမ်းလိုက်ပြီး အကြီးအကဲတွေကို နှုတ်ဆက်တော့တယ်။
သူက ယွီယွီ့နောက်ကို တိတ်တိတ်လေး ကပ်သွားတယ်။ သူ့ဆရာကို မျက်လုံးချင်း ဆုံမကြည့်ရဲဘူးလေ။ ကွေ့ယွမ်တံခါးရဲ့ ဖုန်းရွှေအစီအရင်ကျွမ်းကျင်သူက ဒီလောက် နောက်ကျကျန်ရစ်ခဲ့တာက အရှက်ကွဲတာပဲလေ။
အဲ့နောက်မှာ ချန်းဝမ်ရုနဲ့ ယွီရှောင်ရှောင် ထွက်လာတော့တယ်။
53 02
အဲ့နောက်မှာ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြတယ်။ ဖုန်းချူးထောင် ထွက်လာတော့ ခြံပြင်မှာ လူအများကြီးရပ်နေတာ မြင်လိုက်ရတယ်လေ။ သူမပုံစံက ဖြူဖျော့နေပြီး ပခုံးပေါ်မှာ စက္ကူလူလေး ရှိနေတယ်။ သေချာပေါက် သူမကို ကူညီဖို့ခေါ်ထားတာ ဖြစ်လောက်တယ်လေ။
ဖုန်းချူးထောင်က သူမရှေ့မှာ လူအများကြီးရှိနေမယ် မထင်ထားဘူးလေ။ သူမက သူမ ပထမလို့ထင်ခဲ့တာကိုး။
သူမရဲ့ပျက်နေတဲ့မျက်နှာပေးက ယွီယွီ့ကိုလည်းမြင်ရော ပိုတောင်ဆိုးသွားသေးတယ်။ သူမက ယွီယွီ့ကို နှာမှုတ်ပြီး နှာခေါင်းရှုံ့လိုက်တယ်။
ယွင်ယွီက သူမရဲ့ပခုံးပေါ်က စက္ကူလူလေးကို စိုက်ကြည့်လိုက်တော့ အဲ့စက္ကူလူက တုန်သွားတော့တယ်။
ယွင်ယွီကပြုံးရင်း အဲ့စက္ကူလူက သူမရဲ့ စက္ကူလူလောက် ချစ်စရာမကောင်းဘူးလို့ တွေးလိုက်မိတယ်။
လူလေးဆယ်ပြည့်တဲ့အထိ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြတော့တယ်။ အဲ့နောက်မှာတော့ တစ်နာရီလောက်ကြာတဲ့အထိ ဘယ်သူမှ ထွက်မလာတော့ဘူးလေ။
နှစ်နာရီလောက်ကြာတော့ ဆည်းဆာရဲ့ အလင်းက မိုးမြေတစ်ခွင်ကို ထွန်းလင်းလာစေတော့တယ်။ ထန်းလောင်က “ဒီနေ့ရဲ့ အကြိုယှဉ်ပြိုင်ပွဲက အဆုံးသတ်ပါပြီ။ ခြံဝန်း အပြင်ရောက်လာသူအားလုံးကို အောင်တယ်လို့ သတ်မှတ်ပါတယ်။ လီကျိုး အစီအရင်ကို သွားဖျက်လိုက်တော့။ မအောင်မြင်သူများကတော့ လီကျိုးက ဘွတ်ကင် ယူပေးထားတဲ့ ဟော်တယ်ကို လိုက်ပို့မှာဖြစ်ပြီး တစ်ညအိပ်ပြီးရင်တော့ မနက်ဖြန် သင်ခန်းစာပို့ချပေးမှာပါ”
အခြေခံမပိုင်သူတွေက မတတ်နိုင်ဘူးလေ။
လီကျိုးက ခေါင်းညိတ်ပြလို့ ခြံထဲဝင်သွားပြီး ဆယ်မိနစ်လောက်ကြာတော့ အစီအရင်ကို ဖယ်ပြီးသွားပြီလေ။
ထွက်မလာနိုင်တဲ့လူတွေက စိတ်ပျက်မှုတွေ ပြည့်နေကြတယ်။ လီကျိုးက သူတို့ မအောင်မြင်ကြောင်းပြောပြီး အထုတ်ပြန်ထုတ်လို့ သူ့နဲ့ ဟော်တယ်ဖက် လိုက်ခဲ့ရလိမ့်မယ်လို့ ပြောလိုက်တယ်။
အားလုံးက သူတို့အဆင့်ကို သိကြတယ်လေ။ ဒီလို အရိုးရှင်းဆုံးဟာလေးကိုတောင် မကျော်ဖြတ်နိုင်ရင် သူတို့စွမ်းရည်က စုတ်ပျက်လွန်းနေတာပဲလေ။ ပြီးတော့ သုံးရက်စာ သင်ခန်းစာပို့ချတာလည်းရှိမယ်ဆိုတော့ သူတို့ပိုပြီး သင်ယူလေ့လာနိုင်မယ်လေ။
သူတို့တွေအထုတ်ထုတ်ပြီးတော့ လီကျိုးက ထွက်ခွာသွားတော့တယ်။
ဖုန်းယီချန်းက ဖုန်းချူးထောင် နားလာပြီး စိတ်ပူနေတဲ့အသံနဲ့ “ချူးထောင် နင်ခံနိုင်သေးလား”
စက္ကူလူဆင့်ခေါ်တာကို ရက်အနည်းငယ်အတွင်း နှစ်ခါတောင်လုပ်ရတာဆိုတော့ သူ စိတ်ပူတာမဆန်းဘူးလေ။
ဖုန်းချူးထောင်က ကြမ်းကြမ်းတမ်းတမ်း ပြန်ပြောလိုက်တယ်။
“နင်ကတော့ ဘာကိုမှ ခံနိုင်ရည် မရှိဘူးမလား၊ အထုတ်ခံရတာကို ငါ့ကို နှောက်ယှက်မနေနဲ့ လီကျိုးနောက်ကို ဒိုးတော့”
ဖုန်းယီချန်း တင်းသွားပြီး လှည့်ထွက်သွားတော့တယ်။
လုံနျန်စီက “ဒီမှာ လူလေးဆယ် ကျန်တယ်။ အခန်းကို သေချာပြန်ခွဲလိုက်ကြရအောင်”
အားလုံးက လုံနျန်စီနဲ့ လိုက်သွားကြတော့တယ်။ သူတို့က လုံနျန်စီက သူတို့ရဲ့ကျေးဇူးရှင် လုံဖုန်းယွငိရဲ့ သမီးဆိုတာ သိတယ်လေ။ ကျေးဇူးမရှိတဲါလူတွေကလည်း လုံဖုန်းယွင်ရဲ့ ကြီးမြတ်မှုအကြောင်းတွေ ကြားဖူးကြတာကိုး။
ခြံထဲမှာတော့ လုံနျန်စီက တစ်ခန်းကို ပျမ်းမျှလူလေးယောက်နဲ့ စီပေးလိုက်တယ်။
ဒီတစ်ခါတော့ ယွင်ယွီ၊ ယွီရှောင်ရှောငိ၊ လုံဝေ့ရင်နဲ့ ချန်းဝမ်ရုက တစ်ခန်းထဲကျတယ်လေ။ ပြောရရင် ဘယ်သူကမှ ပြဿနာအိုး မဟုတ်ကြဘူးပေါ့။
ဖုန်းချူးထောင်က သူမတို့နဲ့မနေဘဲ တခြားအခန်းထဲ ရောက်သွားတော့တယ်။ ပွဲပြီးပေမဲ့ ရလဒ်က နောက်ဆုံးအချိန် မရောက်မချင်း မကြေငြာဘူးလေ။
အခေါက်တိုင်းမှာ ဆယ် ယောက်လောက်ပြုတ်နိုင်တယ်လေ။ ပြီးတော့ ဘယ်နှခေါက်ပြိုင်ရမလဲ မသိကြဘူး။ အမြင့်ဆုံးအမှတ်ရတဲ့လူက ကျောက်စိမ်းကို ဆုအဖြစ် ရနိုင်တယ်လေ။
အခန်း စီစဉ်ပေးပြီးတဲ့နောက်မှာ လုံနျန်စီက “အားလူံပဲ လွတ်လွတ်လပ်လပ်နဲ့ သွားလာစားသောက်နိုင်ပါတယ်ဦ ညတော့ ပြန်လာနားကြပါဦ နောက်တစ်ကြိမ်ပြိုင်ပွဲက မနက်ဖြန် ဖြစ်ပါလိမ့်မယ်”
53 03
အကြီးအကဲတွေ ထွက်သွားအပြီးမှာ လေးဆယ့်တစ်ယောက်သော ပြိုင်ပွဲဝငိတွေက အကြောင်သား ဖြစ်နေကြတယ်။ မိန်းကလေးက ဆယ့်နှစ်ယောက်ပဲ ကျန်တော့တယ်လေ၊
အကြီးအကဲတွေ မရှိတော့ လူတွေက ခြံဝန်းထဲစုလာကြရင်း စိုးရိမ်တကြီးနဲ့ “လျှပ်စစ်မီးရော လေအေးပေးစက်ရော ပန်ကာရော ယပ်တောင်ပါမရှိဘူး၊ ငါ ညဘယ်လိုအိပ်ရပါ့”
ဒါက လုဖာ့ကျင်းရဲ့ အိမ်ဟောင်းလေ၊ သဘောက သူအဲ့မှာ နေလည်းမနေ ရောင်းလည်းမရောင်းဘဲ ထားတာလေ။ ပြောရရင် အရင်ဖုန်းလေ့မန်ခေါင်းဆောင် ထားခဲ့တာဆိုတော့ တစ်ခုလုံးက လုဖာ့ကျင်းအပိုင် မဟုတ်ဘူးလေ။ ဒီနေရာက စွန့်ပစ်ခံထားရတာကြာပြီ။ အခုလိုလုပ်မယ်ဆိုတော့ အိမ်ကို လာပြီးရှင်းလင်းကြပေမဲ့ လျှပ်စစ်မီးကတော့ သေချာပေါက် မရှိဘူးပေါ့။
ရေလိုရင် အိမ်နောက်မှာ ရေတွင်းရှိတယ်လေ။
အချိန်က ညခုနှစ်နာရီ လင်းနေသေးတယ်။ ယွီရှောင်ရှောင်က “တစ်ခုခု သွားစားမလား”
ချန်းဝမ်ရုက ခေါင်းညိတ်ရင်း “အတူတူသွားရအောင်”
ယွင်ယွီက တခြားလုပ်စရာမရှိဘူး။ လုံဝမ့်ရင်းကလည်း ခေါင်းညိတ်တယ်။ သူမနဲ့ လုံချီချန်းက ဝမ်းကွဲဆိုပေမဲ့ တချိန်လုံးပူးကပ်နေတာမဟုတ်ဘူးလေ။
မိန်းကလေးလေးယောက်က တိုင်ပင်ပြီး ထွက်လာတော့ ခြံဝန်းတံခါးတည့်တည့်မှာ စုန့်ချန်းမင်းနဲ့ လုယွမ်တို့နဲ့ တိုးပါလေရော။
ကွေ့ယွမ်မန်နဲ့ ဖုန်းလေ့ကွမ်းက မြို့တော်ကဂိုဏ်းကြီးတွေလေ။ သူတို့ကို တွဲမြင်ရတာက မထူးဆန်းဘူး။
“ရှောင်ယွီအာ ညစာထွက်စားမလို့လား ငါလည်း လိုက်မယ်လေ” သူကလိုက်ချင်နေတော့ ယွင်ယွီတို့မှာ ရွေးချယ်စရာ မရှိဘူးလေ။
ထိုက်ရှင်းဟုထုံနဲ့ အစားအသောက်လမ်းက သိပ်မဝေးဘူးလေ။ အကုန်လုံးက ဟော့ပေါ့ဆိုင်ကို ရွေးလိုက်ကြတယ်။
လူခြောက်ယောက်က စားပွဲဝိုင်းပြည့်အောင်မှာလိုက်ပြီးထိုင်လိုက်ကြတယ်။
ပြောရရင် အားလုံးက ရွှမ်းမန်လောကရဲ့လူတွေဆိုတော့ စကားပြောစရာက ရှိနေကြပြီးသားလေ။
အားလုံးက စုန့်ချန်းမင်းက ယွီယွီ့နဲ့ရင်းနှီးနေတဲ့အကြောင်းရင်းကို သိချင်ကြတယ်လေ။ ဒါပေါ့ လုံမိသားစုဘိုးဘေးကြောင့်လို့ သူ ဘယ်ဖြေရဲပါ့မလဲ။ “ရှောင်ယွီအာတို့မြို့ကို ခရီးထွက်ရင်း သူတို့ရဲ့ဘန်းမုန့်ဆိုင်မှာ စားဖြစ်ရင်းသိတာ။ တအားအရသာရှိလို့ ရင်းနှီးသွားတာလေ ဟားဟား”
“အဲ့လောက် အရသာရှိတာလား”
“ခိုင်းတာ အကုန်ပါ လုပ်ပေးချင်စိတ် ပေါက်သွားလိမ့်မယ်” စုန့်ချန်းမင်းက နှုတ်ခမ်းသပ်ရင်း အဖွားယွင်ရဲ့ ဟင်း၊ ခေါက်ဆွဲနဲ့ ဘန်းမုန့်တွေကိုတွေးပြီး စိတ်ဓာတ် ကျသွားတော့တယ်။ “ဒီပွဲပြီးရင် ငါ လိုက်သွားမှာ”
အကုန်လုံး အတွေးကတော့ သူချဲ့ကားပြောနေတယ်ပဲ ထင်တာလေ။ ဘန်းမုန့်တစ်ခုက ဘယ်လောက် အရသာရှိနိုင်မှာတဲ့လဲ။
စုန့်ချန်းမင်းက ခေါင်းရမ်းလိုက်တယ်။ နားမလည်ကြဘူးဘဲ။
ခဏကြာပြီးတော့ အားလုံးက ရင်းနှီးသွားကြတော့တယ်။ ယွင်ယွီက သူငယ်ချင်း သိပ်မရှိတော့ အခုလို သူငယ်ချင်းအသစ်တွေ ရလာတဲ့အတွက် သူမ ပျော်နေတယ်လေ။
စားနေတုန်းမှာ ယွီယွီ့ဆီ နံပါတ်အစိမ်းနဲ့ ဖုန်းတစ်လုံး ဝင်လာတယ်။ နံပါတ်ပုံစံကတော့ မြို့တော်ကနံပါတ်ပဲ။ ကိုင်လိုက်တော့ တစ်ဖက်က
“ဆရာသခင်ယွင်လားရှင့်”
“ဘယ်သူများလဲ”
“ကျွန်မဟန်ဟွေ့ပါ။ အရင်တစ်လခွဲလောက်က ဆရာသခင်ကယ်ပေးခဲ့တဲ့ ကလေးရဲ့အမေပါ”
အဲ့ကျမှ သူမ မှတ်မိတော့တယ်။ ကျင်းကျင်းနဲ့ ရှန်းရှန်းတို့နဲ့ ညစာထွက်စားနေတုန်း လူကုန်ကူးသမားဆီကနေ ကလေးကိုကယ်ပြီး ကလေးကိုခိုးပေးတာက ကလေးထိန်း ဖြစ်နေတဲ့အမှုလေ။ သူမတောင် ဆုအဖြစ် ယွမ်တစ်သိန်း ရလိုက်သေး။
ယွင်ယွီက “မစ္စဟန် တစ်ခုခု ဖြစ်လို့လား”
******