← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

55 01

အပိုင်း (၅၅)

လိပ်စာကိုရတော့ ယွင်ယွီက သူမနောက်ကလူတွေကို "နင်တို့ပြန်မလား လိုက်မလား" တစ်ယောက်ပြီးတစ်ယောက် အိမ်တွေကို အုပ်စုလိုက်ကြီး သွားနေတာက သူမကို ရှက်လာစေတယ်လေ။

ယွီရှောင်ရှောင်က "လိုက်မှာ" ဘာအကူအညီမှ မပါဘဲ တစ္ဆေတွေ မြင်ရတဲ့လူနဲ့တွေ့ဖို့ဆိုတာ တကယ်မျက်စိပွင့် နားပွင့်ရတဲ့ကိစ္စမျိုး ဘာလို့အလွတ်ခံမတဲ့လဲ။

တခြားလူတွေအကုန်လုံးကလည်း အတူတူပဲ လိုက်ဖို့သဘောတူကြတယ်လေ။

ဟန်ဟွေ့ကတော့ သေချာပေါက် အိမ်ပြန်တာပေါ့ သူမက သာမန်လူပဲလေ။ ပြီးတော့ သူမရှေ့မှာ တစ္ဆေနဲ့စကားပြောနေတာက တကယ်ကြက်သီးထစရာပဲ။

ကျန်တဲ့ခြောက်ယောက်က တစ္ဆေရဲ့အိမ်ကို လိုက်သွားကြတော့တယ်။ ပြောရရင် သူ့အိမ်က သိပ်မဝေးဘူးလေ။ ကျန်းယီရဲ့အိမ်ကနေ မိနစ်နှစ်ဆယ် လမ်းလျောက်ရုံနဲ့ရောက်တယ်လေ။

အိမ်ကိုရောက်တော့ သူတို့ကို တစ္ဆေမြင်နိုင်အောင် လုပ်ပေးဖို့လုပ်လိုက်တော့ တစ္ဆေက သူတို့ကို ငိုယိုပြီး ဖက်ဖို့လုပ်တော့တယ်။ ယွင်ယွီ ခေါင်းပါကိုက်ချင်လာပြီး သူ့ကို တားလိုက်တယ်။ "ရှင်တို့က ဘဝခြားနေပြီ။ သွားဖက်ရင် ရှင့်ဆီကယင်က သူတို့ဆီကို ကူးသွားပြီး ကောင်းတာဖြစ်လာမှာမဟုတ်ဘူး။ သူတို့ကို ခဏလောက် ရှင့်ကို မြင်နိုင်အောင် လုပ်ပေးလိုက်မယ်"

လျူလီနဲ့ သူမကလေးတွေက တစ္ဆေကိုမြင်တော့ ငိုကြတော့တယ်။ မိသားစုက ဆုံတွေ့နိုင်ပေမဲ့ ဘဝကခြားနေပြီလေ။

ဆယ်မိနစ် ကြာပြီးတော့ အမြင်ကို ပြန်ဖျောက်ပြီးတဲ့အခါ လျူလီက သူမကို ကျေးဇူးတင်လာပြီး တစ္ဆေရတော့ ကျန်းယီ ပိုက်ဆံပြန်မဆပ်မချင်း ခြောက်ဖို့လုပ်လိုက်တယ်။ လျူလီ ပေးလာတဲ့ တစ်သောင်း ယူပြီးတဲ့နောက်မှာ သူတို့က ခြံဝန်းဆီကို ပြန်သွားတော့တယ်။

တစ္ဆေအကြောင်းကို ဆက်ရရင်တော့ သူက ကျန်းယီရဲ့အိမ်ကိုပြန်သွားတော့ လင်မယားနှစ်ယောက်လုံး လေထဲကို တောင်းပန်နေပြီး ပိုက်ဆံတွေက ‌စတော့ဈေးကွက်ထဲမှာ မြုပ်နေလို့ အဲ့ကရမှပေးပါ့မယ်လို့ ပြောနေတယ်လေ။

ဒါပေါ့ တစ္ဆေကို အဲ့လိုလာလှိမ့်လို့ ရမလား။ ပြောရရင် သုံးသန်းလုံးကို ကဒ်ထဲလွဲလိုက်တာ သူကိုယ်တိုင် မြင်နေတာလေ။ သူတို့က သူ့ကို ကတိအတုပေး၊ သူ ကျွတ်တဲ့အခါမှ ပိုက်ဆံကို သိမ်းထားလို့ လုပ်မဲ့အစီအစဉ်ပဲလေ။

အဲတော့ နောက်နေ့မနက်မှာ ခရမ်းစွဲလက်ရာကိုယ်စီနဲ့ လင်မယားနှစ်ယောက် အိပ်ယာ ထရတော့တယ်။

ပြောရရင် ဘယ်လိုပဲနေနေ လျူလီကတော့ သူတို့ကို တရားစွဲတော့မှာလေ။ ညည တစ္ဆေခြောက်တာနဲ့ပါ ပေါင်းရင် သူတိူ့ ကြာကြာမခံပါဘူး။ ရက်နည်းနည်းကြာတော့ သူတို့ ငွေပြန်ပေးလိုက်ကြပြီး တစ္ဆေကလည်း လူဝင်စားသွားတော့တယ်။

။

အပြန်လမ်းမှာ ယွီရှောင်ရှောင်က ယွီယွီ့ကို "ရှောင်ယွီအာ နင် ဘာဖွက်လိုက်လဲ ငါတို့ မြင်တယ်နော်" သူက စုန့်ချန်းမင်း ခေါ်သလို ရှောင်ယွီအာလို့လို က်ခေါ်တော့တယ်။

ယွင်ယွီက "နင်တို့ ခွဲချင်လား။ ငါနဲ့ လျောက်သွားပေးရကြတော့"

အကုန်လုံးက ငြင်းကြတော့တယ်။ ယွင်ယွီက ရလာတဲ့နှစ်သောင်းမှာ တစ်သောင်းလှူပြီး ကျန်တာကို သူမအတွက် သိမ်းလိုက်တယ်။

ဆုကြေးတစ်သန်းရပြီးရင် သူမအိမ်ပြန်လို့ရပြီလေ။

ခြံဝန်းထဲပြန်ရောက်တော့ ညဆယ့်နှစ်နာရီလောက်ရှိပြီ။ ဒါပေမဲ့ တော်တော်များများက မအိပ်ကြသေးဘူး။ အတိုင်တုတ်တုတ် ဖယောင်းတိုင်တွေထွန်းလို့ သူတို့က ထိုင်စကား ပြောနေကြတယ်လေ။ ခြင်တွေလည်း မရှိတော့ဘူး။

လူတွေက အကြောင်းအရာမျိုးစုံကို ပြောနေကြတယ်။ သူတို့ရဲ့ဆရာသခင်တွေ ဘယ်လောက်စွမ်းကြောင်းနေရာမှာကျတော့ မောက်ရှန်းကလာတဲ့ တစ်ဦးတည်းသောတပည့် ချွေ့ထျန်းယိက သူ့ဆရာက တစ္ဆေနှိမ်နင်းရင် ဆေးတောင်ဝှေးကို တစ်ချက်ယမ်းရုံနဲ့ ကိစ္စပြတ်ကြောင်းကြွားဝါနေတယ်လေ။

အဲ့စကားကိုကြားလိုက်တဲ့ ယွီယွီ့နောက်က အုပ်စုကတော့ တွေးလိုက်မိတော့တယ်။ ဆေးတောင်ဝှေးတောင် ယမ်းရတယ်လား။ ဒီချွေ့မျိုးရိုးက သူမတို့ရှေ့က ယွီယွီ့ကို တွေ့ဖူးသင့်သလိုပဲ။

ယွင်ယွီတို့ကလည်း အိပ်ဖို့အလျင်မလိုတော့ ထိုင်ပြီးဘာပြောကြသလဲဆိုတာ နားထောင်လိုက်ကြတယ်လေ။

မကြာခင်မှာ သူမနားက တဝီဝီနဲ့အသံကိုကြားရတာနဲ့ ယွင်ယွီက ခပ်တိုးတိုးရွတ်လိုက်တယ်။ "မိုးမြေဟာကင်းစင်လို့ နေနဲ့လက တောက်ပတယ်။ ယင်နဲ့ယန်က ငြိမ်သက်လို့ ဥပဒေသနဲ့အညီသွားစေ"

သူမ မန္တာန်ကျေးဇူးကြောင့် မကြာခင်မှာတင် ခြင်တွေက ပျောက်ကွယ်ကုန်ကြတော့တယ်။

55 02

မကြာခင်မှာလူတစ်ယောက်က "ဟေ့ ခြင်တွေ မရှိတော့ဘူးဟ"

"အေးလို့ ခြင်တွေ ပျောက်ကုန်ပြီ"

"ဘယ်ကလာ ပျောက်ရမှာ အခုလေးတင် တဝီဝီနဲ့ ဝဲနေတာကို.....ဟမ် ငါ မကြားရတော့ဘူးဘဲ"

"ဘယ်ဆရာသခင်ကများ လုပ်လိုက်တာလဲ"

ယွင်ယွီကတော့ သူတို့ပြောနေတာတွေကို နားထောင်နေရင်း ဖုန်းကလိနေတယ်လေ။ ချင်ယွိစွေရဲ့ အကောင့်ကိုလည်း တွေ့ရော သူမက စကားသွားပြောဖို့ ဆုံးဖြတ်လိုက်တယ်လေ။

[မြေခွေးငယ်လေး: ရှင်အိပ်ပြီလား ကျွန်မဝန်းထဲရောက်ပြီ။ အကြိုစမ်းသတ်မှုက ဒီနေ့စတယ်လေ တဝက်လောက် အထုတ်ခံလိုက်ရတယ်။ မနက်ဖြန်ကတော့ တကယ့်ဟာဖြစ်လိမ့်မယ်"

[ချင်ယွိစွေ: မအိပ်သေးဘူး။ မနက်ဖြန်ကျ လုံမိသားစု မနှောက်ယှက်အောင် မင်းကို ကိုယ်လာကြိုမယ်]

သူတို့က ခဏလောက် စာပို့နေကြတယ်လေ။ ပြီးတော့ ချင်ယွိစွေက

[ချင်ယွိစွေ: မအိပ်သေးဘူးလား]

[မြေခွေးငယ်လေး: သူတို့ စကားပြောနေကြတုန်းလေ။ မဟုတ်ရင် ကျွန်မ အခန်းထဲပြန်သွားပြီး ရှင့်ဆီ ဖုန်းခေါ်လိုက်မယ်လေ]

ပြောရရင် လက်ထပ်ခါနီးတောင် ဖြစ်နေမှတော့ သူမတိူ့ အချင်းချင်းပိုရင်းနှီးအောင် လုပ်သင့်တယ်မလား။

ယွင်ယွီက ရေတွင်းနားသွားလို့ ဆေးကြောပြီး အခန်းထဲပြန်ဝင် ကျောခင်းပြီး ဖုန်းခေါ်လိုက်တယ်။ ချင်ယွိစွေရဲ့ ခပ်နှိမ့်နှိမ့်အသံက ဖုန်းထဲ ဝင်လာတော့တယ်။

"ဟယ်လို"

"ချင်ယွိစွေ"

နှစ်ယောက်သားက အခုအချိန်အထိ နည်းနည်း စိမ်းနေသေးတော့ နှစ်ယောက်ကြားမှာ ပြောစရာသိပ်မရှိဘူးလေ။ အလွန်ဆုံးမှ ယွင်ယွီက ဖြစ်ခဲ့တာတွေကို ပြန်ပြောပြပြီး ချင်ယွိစွေက တစ်ခွန်းနှစ်ခွန်း ပြန်ပြောတာလောက်ပဲ ရှိတယ်လေ။ ယွင်ယွီက သူမ မျက်လုံးဖွင့်နိုင်သေးသ၍ စကားပြောနေပြီး နောက်ဆုံးမှာတော့ ပလုံးပထွေးနဲ့ "ချင်ယွိစွေ ကျွန်မအိပ်တော့မယ် ကောင်းသောညပါ"

သူမက ဖုန်းတောင်မချနိုင်ဘဲ အိပ်ပျော်သွားတော့တယ်။ ချင်ယွိစွေက သူမရဲ့ အသက်ရှုသံကို နားထောင်နေလိုက်ပြီး "ကောင်းသောညပါ"

ဖုန်းချလိုက်တော့တယ်။

နောက်နေ့မနက် သူမနိုးလာတော့ ဘယ်သူကမှ မနိုးသေးဘူးလေ။ ယွီရှောင်ရှောင်က ခြေကားယား လက်ကားယားနဲ့အိပ်နေပြီး ဝမ်ရုနဲ့ လုံဝမ့်ရင်းကတော့ သူတို့လက်တွေကို ရင်ဘတ်ပေါ် တင်ထားကြတယ်။

ယွင်ယွီက ဝိဉာဉ်စမ်းရေကို သောက်ပြီး ခဏကျင့်ကြံလိုက်တယ်။ လုံဝမ့်ရင်းကလည်း ထလာတယ်။ ပြောရရင် သူမမှာလည်း မနက်ထပြီး အတွင်းချီကို လည်ပတ်လို့ ကျင့်ကြံလေ့ ရှိတယ်လေ။ သူမက ရမ်တုကြားခံနယ်ကို ကျော်ဖြတ်နိုင်ရင် အဆင့်ချိုးဖောက်တော့မှာကိုး။

အကုန်ထလာလို့ ခြံဝန်းထဲသွားတာနဲ့ စားပွဲနဲ့ ခုံတွေ စီတန်းချထားတာ မြင်လိုက်ရတယ်။ ဒီနေ့စမ်းသပ်မှုက ခြံထဲမှာ လုပ်မယ်ထင်တယ်။ ခြံဝန်းကိုဝေဖန်နေတဲ့ မနေ့ကလူတွေကတော့ လစ်တာပဲလေ။ တကယ်ဆို သူတို့လို ကျင့်စဉ်သမားတွေက ဘယ်ပတ်ဝန်းကျင်မဆို နေနိုင်ရမှာလေ။

မြင်နေရတာတွေကို ခန့်မှန်းနေရင်တောင် ဘာမှထူးမလာဘူးလေ။ စားပွဲနဲ့ခုံမှတော့ သေချာပေါက် ရေးဖြေပဲလေ။ ဆိုးဝါးချက်ပဲ။

စောနေသေးတော့ သူတို့က မနက်စာ သွားစားလိုက်ကြတယ်။ ပြန်လာတော့ ယွီရှောင်ရှောင်က စားပွဲပေါ်ကူရာမဲ့သလို မှောက်နေပြီး "သွားပြီ ဒီလိုစာမေးပွဲဆို ငါဘဲဥကွဲအောင် မနည်းကြိုးစားရတော့မယ်"

"မပူပါနဲ့ ငါတို့လည်း ဘာထူးတာကျလို့" ချန်းဝမ်ရုက "စာအုပ်တွေကများလွန်းပြီး ဘာမေးမယ်ဆိုတာ ကြိုခန့်မှန်းဖို့မဖြစ်နိုင်ဘူး။ အဲတော့ လူတိုင်းက ထူးမခြားနားတွေပဲ"

အေးစက်တဲ့စရိုက်ရှိလို့ စကားသိပ်မပြောတဲ့ လုံဝမ့်ရင်းတောင် မသက်မသာနဲ့ ပြောလာတယ်။ "အကုန်လုံးက အတူတူပဲ မပူနဲ့"

55 03

စုန့်ချန်းမင်းကတော့ "ဆရာကငါ့ကို ဒီလိုခဏခဏစစ်တာလေ၊ တစ်ခါမှ မအောင်ဖူးဘူး" သူတို့က စာအုပ်ထဲက အကြောင်းအရာတွေကို နားလည်နိုငိရင်တောင် စာအုပ်ရဲ့ ဖော်ပြချင်တဲ့အဓိပ္ပါယ်ကို တိုက်ရိုက် နားမလည်နိုင်ဘူးလေ။

မနက်ရှစ်နာရီခွဲကျတော့ အားလုံးက ခြံထဲရောက်နေကြပြီ။

ဆယ်မိနစ်လောက်ကြာတော့ ထန်းလောင်၊ လုဖာ့ကျင်း၊ ချန်းယီနဲ့ လုံဝမ့်ကျင်းတို့က ရောက်လာကြတော့တယ်။

တစ်နှစ်တစ်နှစ်မှာ သဘာပတိဝင်လုပ်တဲ့ အကြီးအကဲတွေက တူတာမဟုတ်ဘူးလေ။ ဒီနှစ်က သူတို့လေးယောက်ပေါ့ သူတို့က တကယ့်လေးစားခံထိုက်တဲ့လူတွေပဲလေ။

ဒီနှစ်က အိမ်ရှင်က လုဖာ့ကျင်းဖြစ်တဲ့အတွက် သူက ရှေ့တက်ပြီးပြောလိုက်တယ်။ "မင်းတို့အားလုံး ဒီမှာ သင်ခန်းစာပို့ချနေတဲ့ ရက်တွေအတွင်းမှာ နေရမယ်။ လျှပ်စစ်မီးမရှိပေမဲ့ ညကတော့ အိပ်မရလောက်တဲ့အထိ မပူပါဘူး"

လုဖာ့ကျင်းက ဆက်ပြောတယ်။ "မနက်ပိုင်းမှာ ငါတို့က ဆရာတွေအဖြစ် မင်းတို့ကို သင်ခန်းစာ ပို့ချပေးမယ်၊ နေ့ခင်းမှာ ဆွေးနွေကြ ညမှာတော့ ထွက်ကစားလို့ရတယ်လေ၊ အစကတည်းက ဒါက ပညာတိုးအောင် ကျင်းပတဲ့ပွဲသက်သက်ပဲ တအားမတင်းကြပ်ဘူး၊ ဒီနေ့သင်တာတွေကို မနက်ဖြန်မေး မှာဖြစ်တဲ့အတွက် ဂရုတစိုက် နားထောင်ပေးပါ။ မရှင်းတာရှိရင် ချက်ချင်းမေးပါ"

အားလုံးက သေချာအာရုံစိုက်သွားကြတော့တယ်။ ဒီအကြီးအကဲတွေရဲ့ ဘာမဟုတ်တဲ့ သင်ခန်းစာလေးက သူတို့တစ်ဘဝလုံး ပြောင်းလဲသွားနိုင်တယ်လေ။

လုဖာ့ကျင်းက အခြေခံအကျဆုံး ပြောင်းလဲခြင်းကျမ်းကို ရှင်းပြတယ်။ အားလုံးက ဖတ်ဖူးကြပြီးသားလေ။

အကြောင်းအရာက အစာရှောင်ခြင်းအခန်းအနား၊ ဖုတန်းတောက်နဲ့ ရိုးရှင်းတဲ့ ကျင့်ကြံနည်းတချို့ပဲလေ။

ဖတ်ဖူးပြီးသားကြီးကို ပြန်ရှင်းပြတာဆိူပေမဲ့ သူတို့သတိမပြုမိတဲ့ ရှုထောင့်ကနေ ပြောင်းလဲခြင်းကျမ်းကို နားလည်ခွင့် ရလိုက်တယ်လေ။

နောက်ထပ်က ထန်းလောင် သူက ဖုန်းရွှေပညာဖက်ကို ရှင်းပြတယ်။

ချန်းယီကတော့ ရိုးရာဆေးဖော်စပ်သူဆိုတော့ အဲ့ဖက်နဲ့ ပတ်သက်တာတွေ ရှင်းပြတယ်လေ။ လုံနျန်စီအလှည့်ကျတော့ ရုပ်လွန်ပညာရဲ့ ငါးခုသောအခွဲတွေကို တစ်ခုချင်း ရှင်းပြတယ်။ ပြီးတော့ လိုအပ်တဲ့ ကျင့်ကြံနည်းရောပဲ။ ဝိဉာဉ်နဲ့ ခန္ဓာကို အမျိုးမျိုးလေ့ကျင့်နည်းတွေကို သူမက သေသေချာချာ ရှင်းပြသွားတယ်လေ။

အားလုံးက ဂရုတစိုက် နားထောင်နေကြတယ်။ နေ့ခင်းမှာ လုပ်ရမဲ့အိမ်စာတွေ ရောက်လာတော့တယ်။ နေ့လည်စာစားအပြီးမှာ သူတို့က အချင်းချင်း တီးတိုးတိုင်ပင်နေကြတယ်။ ဘယ်လိုပြောပြော အိမ်စာဆိုပေမဲ့ ကျင့်စဉ်ကို သင်ပေးတာမျိုးပဲလေ။

သန့်စင်ခြင်းက အခြေခံပဲလေ။ အကြီးအကဲတွေပို့ချသွားတဲ့ သင်ခန်းစာတွေက သူတို့ကို ဉာဏ်အလင်းပွင့်စေတယ်လေ။ ဒါပေမဲ့ လူတိုင်းကတော့ ခန္ဓာကိုယ်ရဲ့နေရာတိုင်းကို ဝိဉာဉ်ချီရောက်အောင် လုပ်နိုင်မှာမဟုတ်ဘူးလေ။ နောက်ဆုံးမှာ ပါရမီပါတဲ့လူတွေပဲ ကျန်ခဲ့မှာလေ။ လူတိုင်းက အော်ရာကို အာရုံခံနိုင်ပေမဲ့ အောင်မြင်ဖို့က အပတ်နည်းနည်း ကြာမဲ့လူတွေလည်း ရှိတယ်လေ။

ခက်ခဲလွန်းတယ်ဆိုပေမဲ့ ပါးလျနေတဲ့ ဝိဉာဉ်ချီကလည်း အကြောင်းရင်းပဲလေ။

လူတိုင်းက ကြိုးစားပြီး နေ့ခင်းမှာ ဘယ်သူကမှ အပြင်မထွက်ကြဘူးလေ။ ညစာစားပြီးတော့ တချို့က အပြင်ထွက်သွားကြတော့တယ်။ တချို့ကလည်း အင်တာနက်ကဖေးကိုသွားပြီး ဖုန်းအားသွင်းကြတယ်လေ။

ယွီယွီ့ဖုန်းကလည်း အားကုန်ခါနီးနေတော့ သူမက သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီး အင်တာနက်ကဖေးကို သွားလိုက်ကြတော့တယ်။ သူမက စာရင်းသွင်းလိုက်ပြီး အထဲဝင်သွားတော့တယ်။ အခုအင်တာနက်ကဖေးတွေက ကျယ်ဝန်းခမ်းနားပြီး လော်ဘီထဲမှာတင် နားစရာရှိတယ်လေ။

အထဲမှာ လေအေးပေးစက်ကလေက အေးစိမ့်နေရောပဲ။ ယွင်ယွီလှည့်ကြည့်လိုက်တော့ ဂိမ်းကစားတဲ့ လူနောက်မှာရပ်နေတဲ့ တစ္ဆေကို မြင်လိုက်ရတယ်လေ။ သူက အော်တောင် အော်နေသေးတယ်။ "အဲ့လောက်ပိန်းလားကွ အဲ့တောင်ဘေးသစ်ပင်နားမှာ ဘယ်သူမှမရှိတာကို သောက်ရူး ဖောက်ခွဲလိုက်လေကွာ"

တစ္ဆေက အသက် ၁၇ ၁၈ လောက်ကောင်လေး။ ကြည့်ရတာ သူက ဒီအင်တာနက်ကဖေးကို စွဲလမ်းနေတဲ့ပုံပဲလေ။

ငွေရှင်းချိန်မှာ ငွေလက်ခံကောင်လေးကို ယွင်ယွီက "ဒီမှာ လူသေဖူးတယ်မလား"

ငွေလက်ခံရဲ့မျက်နှာက ဖြူဆုတ်သွားပေမဲ့ သူက ရှင်းပြလာပါတယ်။ "အရင်လကတော့ အထက်တန်းကျောင်းသားတစ်ယောက် သေဖူးတယ်" အင်တာနက်ကဖေးကို လာတာက သူတို့ဆုံးဖြတ်ချက်နဲ့ သူတို့ပဲလေ။ စည်းကမ်းလည်း လိုက်နာရမှာပေါ့။ ဒါပေမဲ့ အဲ့ကောင်လေးက တော်တော်ကြာအောင်နေပြီး တစ်ညမှာ ကွန်ပြူတာရှေ့ အိပ်ပျော်သွားပြီး ပြန်ကို နိုးမလာတော့ဘူးလေ။

55 04

ဆိုင်ရှင်က တကယ်ဒေါသထွက်သွားတယ်လေ။ ဒီကိစ္စမျိုးက သူ့ဆိုင်ကို နာမည်ပျက်စေတာကိုး။ သူက ဆိုင်ကို ခဏခဏ လာစစ်ပြီး ရက်ချီနေတဲ့လူတွေကို ဆွဲထုတ်တတ်တယ်။ နောက်ထပ် အဲလိုတွေ အဖြစ်မခံနိုငိတော့ဘူးလေ။

ဒါက အင်တာနက်စွဲလမ်းမှုပြဿနာမှန်း ယွင်ယွီသိလိုက်ရတယ်လေ။

သူက အင်တာနက်ကို အစွဲလမ်းလွန်နေတာပဲလေ။ သေပြီးတာ တစ်လလောက်ကြာပေမဲ့ ထွက်မသွားနိုင်သေးဘူး။ ဘာအန္တရာယ်မှမရှိတော့ ဂရုစိုက်မနေတော့ဘူး။ သူက ယွင်ယွီ သူ့ကိုကြည့်နေတာလည်းမြင်ရော ဇက်ကိုပုပြီး ကြုတ်ဝင်သွားတော့တယ်။

အခုလို အင်တာနက်ခေတ်က တိုးတက်မှုအများကြီးကို ဆောင်ယူနိုင်ပြီး အနာဂတ်မှာ ပိုကောင်းလာနိုင်တယ်ဆိုပေမဲ့ အင်တာနက်နဲ့ ဂိမ်းစွဲလမ်းနေတဲ့လူတွေ အများကြီးလေ။ ပြီးတော့ အင်တာနက်ပေါ်မှာ တရာမဝင်တာတွေလည်း အများကြီးပဲ။

ယွင်ယွီက အင်တာနက်နဲ့ချိတ်ဆက်လိုက်ပေမဲ့ သူမက ဂိမ်းလည်း ဆော့တာမဟုတ်ဘူးလေ။ ဘာလုပ်ရမှန်းမသိပေမဲ့ သူမ တွန့်ဆုတ်ဆုတ်နဲ့ပဲ ဝေ့မင်းဆက်ရယ် သူမရဲ့ ခမည်းတော်နဲ့ မယ်တော်တို့ရဲ့နာမည်တွေကို ရှာလိုက်တယ်လေ။

မဟာဝေ့မင်းဆက်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၈၀လောက်က ရှိခဲ့တာလေ။ အားလုံးပေါင်း ဧကရာဇ်ရှစ်ပါးအထိ တည်တံ့ခဲ့တယ်။ ဧကရာဇ်တွေအဖြစ် ယွီယွီ့ခမည်းတော်နာမည်အောက်မှာ အစ်ကိုတော်နာမည်ကို တွေ့ရတယ်။ ကြည့်ရတာ သူမရဲ့စတေးမှုက နှစ်ပေါင်းရာချီကြာအောင် တိုင်းပြည်ကံကြမ္မာကို ဆွဲဆန့်ပေးနိုင်ခဲ့တဲ့ပုံပဲလေ။ အိမ်ရှေ့စံနေရာမှာကတော့ သူမရဲ့ တူတော်လေးပဲ။

သူမထပ်ဆွဲချလိုက်တော့ သူမနာမည်ကို တွေ့လိုက်ရတယ်။ ဖုယွီ အသက်နှစ်ဆယ်။ တခြားဘာအချက်အလက်မှ မရှိတော့ဘူး။ သူမက နည်းနည်းစိတ်အေးသွားတော့တယ်။ ခဏတုန့်ဆိုင်းအပြီးမှာ ထပ်ရိုက်ထည့်လိုက်တယ်။ ဝေ့လု၊ ရှန်းလုလီ။

ထွက်လာတဲ့အချက်အလက်က ရှုပ်ထွေးနေရော သူမရှာတဲ့ ရှန်းလုလီကတေည့ မရှိဘူး။

ယွင်ယွီ သူမကိုယ်သူမ ရယ်မိတော့တယ်။ သူက သူမဘေးက ရိုးရိုးအစောင့်တစ်ယောက် သက်သက်ပဲလေ။ ဘယ်လိုလုပ် သူ့အကြောင်း ရှိမှာတဲ့လဲ။

ရှန်းလုလီက ရှန်းကော်ကုန်းအိမ်တော်က အဲ့လိုနောက်ခံနဲ့ သူက သူမရဲ့ ကိုယ်ရံတော် ဖြစ်လာတယ်လေ။ သူ့အဖေနဲ့ အဘိုးကလည်း တရားရုံးအမှုထမ်းတွေချည်းပဲ။

သူမက ကြီးလာတာနဲ့ သူ့ခံစားချက်တွေကို သိတယ်လေ။ သူမဆရာသခင်က သူမမှာ နှစ်ဆယ့်တစ်နှစ်အထိ ကြမ္မာဆိုးရှိတယ်လို့ပြောတော့ သူမရဲ့ ခမည်းတော်နဲ့ မယ်တော်က သူမကို အဲ့အရွယ်အထိ ထိန်းမြားလက်ထပ်ပေးခဲ့တာမျိုး မရှိဘူးလေ။

သူမအသက် ၁၇ ၁၈ လောက်မှာ တွေးမိတာကတော့ အသက်နှစ်ဆယ်ကြမ္မာဆိုးသာ လွန်ခဲ့ရင် ခမည်းတော်နဲ့ မယ်တော်က သူမကို ရှန်းလုလီနဲ့ပေးစားမလားလို့လေ။ သူမကို စွဲလမ်းပြီး တွယ်ကပ်နေတာ တအားသိသာနေတာကိုး။

ပြောရရင် သူမက ခံစားချက်မွေးမြူရာမှာ နှေးတဲ့အထဲပါတယ်လေ။ သူမမှာ သူမသူငယ်ချင်းတွေ ပြောသလို ချစ်ကြိုက်ပြီး ရင်ခုန်တာလိုခံစားချက်တွေ မရှိဘူးလေ။

ရှန်းလုလီကို အစ်ကိုလို မြင်တယ်လို့ပြောရင် မမှားပေမဲ့ သူ့နဲ့လက်ထပ်ဆိုရင်လည်း သူမမှာ ဘာပြဿနာမှ မရှိဘူးလေ။ ဒါပေမဲ့ အဲ့အခွင့်အရေးက ဝေ့မင်းဆက်ပျက်သုန်းကြောင်းကို တွက်ချက်မိတဲ့အခါမှာ ပျက်သုန်းသွားတော့တယ်။

သူမရဲ့ ခမည်းတော်နဲ့ မယ်တော်ကိုဖုံးကွယ်လို့ ရှန်းလုလီနဲ့ နဂါးသွေးကြောပျက် နေရာကိုသွားပြီး သူမလုပ်နေတုန်းမှာ သူ့ကို စောင့်ခိုင်းခဲ့တယ်လေ။

သူက သူမလက်ကောက်ဝတ်ကို လှီးဖြတ်ပြီး သူမရဲ့ အသွေးအသားနဲ့ စတေးတာကို ရပ်ကြည့်နေခဲ့ရတယ်လေ။

သူမက ခေါင်းတလားထဲဝင်လို့ သူမသေမဲ့အချိန်ကို စောင့်နေတာတောင်မှ သူ့မျက်လုံးတွေထဲ စိုက်မကြည့်ရဲခဲ့ဘူး။

သူမ အသိစိတ် ပျောက်မသွားခင်လေးမှာတင် သူ့ရဲ့ ငိုရှိုက်သံကို သေသေချာချာ ကြားလိုက်ရတယ်လေ။

ပြောရရင် ယွင်ယွီအရင်ဘဝမှာ အပြစ်ရှိသလို ခံစားရတာက သူမရဲ့ ခမည်းတော်တဲ့ မယ်တော့်ကြောင့်မဟုတ်ဘဲ ရှန်းလုလီကြောင့်ပဲလေ။ ပြောရရင် သူမကပဲ သူချစ်တဲ့လူ သူ့ရှေ့မှာတင် တဖြည်းဖြည်း သေဆုံးသွားတာကို ကူရာမဲ့စွာ ငေးကြည့်နေခိုင်းခဲ့တာကိုး။

အခုလို ယွင်ယွီဖြစ်လာပြီးတဲ့နောက်မှာတောင်မှ ရှန်းလုလီအကြောင်းကို မရှာရဲနေဘူးလေ။ အခုကတော့ ရှာလိုက်မိပြီ။ ဘာမှလည်း မရှိတော့ဘူးလေ။

သူမကို အာရုံပျောက်နေတဲ့အချိန်မှာ သူမကို အော်ခေါ်တာကြားလိုက်ရပြီး ပြန်ကြတော့မှာကို သိလိုက်ရတယ်လေ။ သူမက လေသံတိုးတိုးနဲ့ တောင်းပန်စကား ဆိုလိုက်တယ်။ ပြီးတာနဲ့ ကွန်ပြူတာကိုပိတ်ပြီး ခြံဝန်းကိုပြန်တော့တယ်။ အရင်ဘဝကအကြောင်းတွေကို အရင်ဘဝမှာပဲ ထားခဲ့သင့်တော့တယ်လေ။ သူမရဲ့ အရင်ဘဝက မိသားစုကို သူမမှတ်မိနေရင်တောင် သူမက အဲ့ဖက်နဲ့ ချည်နှောင်ခံတော့မှာ မဟုတ်ဘူး။ သူမက လူသစ် စိတ်သစ်နဲ့ အပေါင်းအသင်းအသစ်တွေနဲ့ ဘဝသစ်ကို ဆက်နေသွားရတော့မယ်လေ။

55 05

နောက်နေ့မှာ အကြီးအကဲတွေက နာမည်တပ်ပြီးသား စာရွက်တွေပို့လာတယ်။ မေးခွန်းနည်းနည်းပါပြီး မနေ့က သင်ထားတာတွေပဲလေ။ ယွင်ယွီက နှစ်နှစ်ထောင်စာ အသိပညာနဲ့ ပါရမီကြောင့် ဘာမှကို မခက်ဘူးလေ။ အကြီးအကဲတွေက သူမကို ကြည့်လိုက်မိကြတယ်။

အခုလက်ရှိရလဒ်ကို မကြေငြာသေးဘူး နောက်ဆုံးရက်ကို စောင့်ရမယ်လေ။

တတိယရက်မှာတော့ ရှိသေးပေမဲ့ ပြိုင်ဆိုင်ရတာမျိုး မဟုတ်ဘူးလေ။ သူတို့က ကျွမ်းကျင်တာတွေကို လေ့ကျင့်ရတာမျိုးပေါ့။

ပြောရရင် ချန်းဝမ်ရုက ဆေးဖော်ရာမှာပါရမီပါတော့ ချန်းယီက သူမကို ဆေးကြိုအိုးတစ်လုံးပေးထားတယ်လေ။ ယွီရှောင်ရှောင်က ဗေဒင်ပညာပိုင်းဆိုတော့ သူမက မနက်ဖြန်ဖြစ်မဲ့ကိစ္စတစ်ခုကို တွက်ချက်ခဲ့တယ်။

စုန့်ချန်းမင်းကတော့ ပန်းအိုးတစ်လုံးရှာပြီး ပန်းအိုးထဲမှာ အစီအရင်တစ်ခုလုပ်လိုက်တယ်။

ဖုန်းလေ့ကွမ်းရဲ့ လုယွမ်နဲ့ မောက်ရှန်းရဲ့ ချွေ့ထျန်းယိက တစ္ဆေနှင်အဆောင်တွေ ဆွဲနေကြပြီး။ ဖုန်းချူးထောင်က စက္ကူရုပ်ကို ဆင့်ခေါ်လိုက်တယ်။

လုံဝမ်းကွဲမောင်နှမကတော့ သင်္ကေတတွေ ရေးဆွဲကြတယ်လေ။

ဟင်းရိုင်းနဲ့ စာရွက်ဝါတွေရှိတယ်ဆိုတော့ အဆောင်ဆွဲကြတဲ့လူတွေလည်းရှိတယ်။ ယွင်ယွီက သူမရဲ့အခြေအနေအဆိုးဆုံးဟာက ဆေးပညာဖြစ်ပြီး အကောင်းဆုံးက ဗေဒင်ပညာပဲ။ အခုအခြေအနေနဲ့ သင့်တော်တာက အဆောင်ရေးဆွဲတာဆိုတော့ သူမစပြီး အဆောင်တွေ ဆွဲတော့တယ်။

သူမက သူများတွေဆွဲနေသလိုပဲ အေးအေးဆေး‌ဆေးလိုက်ဆွဲတော့တယ်။

အလွယ်ဆုံးအဆောင်တွေက သွေးတိတ်အဆောင်တို့ ကုသခြင်းအဆောင်တို့တွေ။

ပြီးရင် စိတ်ငြိမ်စေတဲ့အဆောင်။

ပြီးရင် အိမ်တော်တို့ ဘာတို့လို ကာကွယ်ရေးအဆောင်တွေလာတယ်။

အခက်ဆုံးက တိုက်ခိုက်ရေးအမျိုးအစားပဲလေ။ ပြောရရင် မိုးကြိုးငါးသွယ်အဆောင်၊ ရေခဲနက်အဆောင်၊ ဓာတ်ငါးပါးရွှေအဆောင်၊ ဓာတ်ငါးပါးမီးတောက်အဆောင်တွေလိုပေါ့။

သူမက မကောင်းဆိုးဝါးတွေကို တိုက်ခိုက်တဲ့ ဝူလေ့ဖူမှာ ပိုစွမ်းတယ်လေ။

သူမက ဘာမဟုတ်သလို ဆွဲနေတော့ သူမကို အစကတည်းက မလိုမုန်းထားရှိတဲ့ ဖုန်းချူးထောင်က "နင် သူများဆွဲသလို လျောက်ဆွဲနေတာပဲ အကြီးအကဲတွေကို လှည့်စားချင်နေတာမလား" သူမက ယွီယွီ့ကိုကြည့်ရင်း "ဝက်လိုဟာမပဲ သူ ဆွဲထားတာကိုကြည့်ဦး ဝူလွေဖူမိုးကြိုးငါးသွယ်အဆောင် ပြီးတော့ စက္ကန့်သုံးဆယ်နဲ့ ဆွဲသွားတာ။ ဘာတွေလာရောင်းနေတာလဲ။ အကြီးအကဲတွေတောင် မလုပ်နိုင်ဘူး"

အကြီးအကဲတွေကဆွဲနိုင်ပေမဲ့ တိတ်ဆိတ်ပြီး အာရုံစူးစိုက်နိုင်တဲ့ ပတ်ဝန်းကျင်မှာ ငါးမိနစ်ကြာအောင် ဆွဲရတတ်တယ်လေ။

အကုန်လုံးက ဖုန်းချူးထောင် လှောင်နေတာကြားတော့ အုံလာကြပြီး "သူက မိုးကြိုးငါးသွယ်အဆောင်ကို ဆွဲရဲတယ်ပေါ့"

"အသုံးမဝင်တဲ့ ပုံတူပန်းချီသက်သက်ပါကွာ။ အစွမ်းရှိရင် တစ္ဆေလေးနည်းနည်းနှင်လို့ရရုံပေါ့။ တကယ့်မိုးကြိုးငါးသွယ်အဆောင်အစစ်က စုတ်ချက်တစ်ချက်ချင်းစီမှာ ဝိဉာဉ်ချီတွေကို စုပ်ယူသွားမှာ တစ်ခုလုံးဆွဲပြီးရင် မတ်တပ်တောင် ရပ်နိုင်မှာမဟုတ်ဘူး"

ယွင်ယွီက အဆောင်တစ်ခုပဲ ဆွဲရသေးတယ်လေ။ အရင်ဘဝကသာဆို သူမ ပိုပြီးလွယ်လွယ်နဲ့ဆွဲလို့တောင် ရသေးတယ်။

စုန့်ချန်းမင်းမျက်နှာက တွန့်နေတယ်။ ဒီလူတွေရှောင်ယွီအာကို အလကား အထင်သေးနေတာပဲ။ သူမက အဆောင်တစ်ခုကို သာသာလေးဆွဲနိုင်တာ မဟုတ်ဘူးကွ။ သူမက အဆောင်အများကြီးကို လွယ်လွယ်နဲ့ ဆွဲနိုင်တာ။

ဘယ့်နှယ် ချီရှားဝိဉာဉ်သတ်အစီအရင်ကို ဖျက်ပြီး မျက်လုံးတောင်မဖွင့်ပဲ တစ္ဆေကိုသာသာလေး ဖမ်းနိုင်တဲ့လူက မိုးကြိုးငါးသွယ်အဆောင်လောက်နဲ့ လဲမလားတဲ့။

အကြီးအကဲတွေက ဝင်လာတော့တယ်။ လူဖာ့ကျင်းက

"အဆောင်ကို ပြလို့ရမလား ဂျူနီယာလေး"

ယွင်ယွီက ခေါင်းညိတ်လိုက်တယ်။

55 06

လုဖာ့ကျင်းက အဆောင်ကို ကောက်ကိုင်လိုက်တော့ ရွှေရောင်အရှိန်အဝါပါထွက်နေတဲ့ မိုးကြိုးငါးသွယ်အဆောင်အစစ်ပဲလေ။ သူက စိတ်လှုပ်ရှားနေတဲ့အသံနဲ့ "အစစ်ပဲ မိုးကြိုးငါးသွယ်အဆောင်အစစ်ပဲ"

သူတို့လို အိုကြီးအိုမကြီးတွေက ဒါကို အပင်ပန်းခံ ဆွဲရတတ်တယ်လေ။ အခုလိုဆို တကယ့်မျှော်လင့်ချက်လေးပဲဆိုတာ သိလိုက်ရပြီကိုး။

ချန်းယီကပြုံးပြီး "တကယ့်အစစ်ပါပဲ"

အကုန်လုံးက တောင့်ခဲသွားကြတော့တယ်။ သူတို့ထက်တောင် ငယ်တဲ့ ဒီကလေးမလေးက တကယ့်ဆရာတစ်ဆူ ဖြစ်နေတာလား။

ဖုန်းချူးထောင်က ရေရွတ်မိတယ်။ "မဖြစ်နိုင်တာ" ဒါပေမဲ့ ခဏလောက်တွေးပြီးတော့ သူမမျက်နှာက ပျက်ယွင်းလာပြီး "နင်မလား။ ရထားပေါ်မှာ ငါ့ကိုတိုက်ခိုက်တာက နင်မလား" ဘယ်ဆရာသခင်မှ မပါဘူးလေ။

ယွင်ယွီက သူမကို ကြည့်လိုက်ပြီး "နင်က ငါ့ကောင်လေးကို ဆွဲဆောင်တယ်။ မရတော့ သာမန်လူလို့ထင်တဲ့ ငါ့ကိုမုန်းပြီး စက္ကူလူလေးနဲ့ တိုက်ခိုက်ခိုင်းတယ်။ အဲ့လိုမျိုး တိုက်ခိုက်ခံရတာ သာမန်လူဆိုရင် ဘာဖြစ်မလဲ နင်သိလား။ အနည်းဆုံးတော့ အိပ်ယာထဲ လဲတဲ့အထိ ဖျားမှာပဲ။ နင်ကယုတ်မာပြီး ငါ့ကို စတိုက်ခိုက်တယ်။ ငါပြန်လုပ်တော့ ငါ့ကိုအပြစ်တင်တယ်။ ဘာလဲ နင်သတ်တာကို ငြိမ်ခံပေးရမှာလား။ နင့်စက္ကူလူနဲ့နင့်အဆက်အသွယ်ကိုလည်း ငါဖျက်လိုက်ပြီ”

ဖုန်းချူးထောင် ဘာမှမပြောနိုင်တော့တာတွေ့တော့ သူမက ဆက်ပြောတယ်။ "ဆရာသခင်တစ်ယောက်အနေနဲ့ နင့်မှာ စိတ်ယုတ်စိတ်ညံ့ မရှိရဘူး။ စိတ်မရှည်မှုနဲ့ ထောင်လွှားမှုတွေကို လွှတ်ချခဲ့ရမယ်။ ပြီးရင် အပြစ်မဲ့တဲ့ သာမန်လူတွေကို သင်ထားတဲ့ပညာတွေနဲ့ မတိုက်ခိုက်ရဘူး။ မဟုတ်ရင် တန်ပြန်ခံရတတ်တယ်"

"နင် နင်" ဖုန်းချူးထောင်က လုံးဝစိတ်လွှတ်သွားတော့တယ်။ "နင့်မန္တာန်ကြောင့် ငါထိခိုက်ခဲ့ရတာ နင်*****" သူမက သူမရဲ့ စက္ကူလူကိုခေါ်ပြီး ယွီယွီ့ကို သွားတိုက်ခိုက်ခိုင်းတော့တယ်။

ယွင်ယွီ တကယ်ဒေါသထွက်သွားတော့တယ်။ ဒီဖုန်းချူးထောင်က တကယ်ရူးနေတာပဲ။

သူမပြန်လုပ်ခါနီးမှာ ပန်းစက္ကူလူလေးက သူမအိတ်ကပ်ထဲကနေ ခုန်ထွက်လာပြီး ဖုန်းချူးထောင်စက္ကူလူကို ကန်လိုက်တော့တယ်။ အကန်ရပြီးတဲ့နောက်တော့ ဖုန်းချူးထောင်ရဲ့ စက္ကူလူက သူမနောက်သွားပုန်းနေပြီး အမိန့်ပေးရင်တောင် ထွက်မလာတော့ဘူးလေ။

အဲ့အချိန်မှာ လုဖာ့ကျင်းက "ဘယ်ကဂျူနီယာလဲကွ။ ဒီလိုကိစ္စမျိုး ရှိသေးတယ်ပေါ့။ ဒီလိုဟာလုပ်မှတော့ ဖုန်းရွှေဆရာသခင် ဖြစ်ကိုမလာသင့်ဘူး"

လုံနျန်စီက "ရွှမ်းမန်လောကထဲကလူတွေက အမြင်ကျဉ်းလွန်းတာပဲ။ မင်းက နင်းချန်းမိသားစုကမလား ဒီမိန်းကလေးပြောတာတွေက မှန်တယ်လို့ ဝန်ခံသလား။ ဝန်ခံချင်စိတ် မရှိတောင် ရထားပေါ်က ကင်မရာကိုစစ်ကြည့်ရင် သိမှာပဲလေ”

"ဆရာသခင် ကျွန်မ...." ဖုန်းချူးထောင်က ကပျာကယာနဲ့ "ကျွန်မလုပ်ဖို့ တကယ်မစဉ်းစားခဲ့ပါဘူး ဒေါသ တအားထွက်လွန်းသွားလို့ အမှားလုပ်မိတာပါ"

ရယ်ရသားပဲ၊ တစ်ယောက်ယောက်ရဲ့ ရည်းစားကို မလုနိုင်တော့ သူ့ကောင်မလေးကို ပြန်အနိုင်ကျင့်တယ်ပေါ့လေ။

လုံနျန်စီက "မင်းဝန်ခံသည်ဖြစ်စေ ဝန်မခံသည်ဖြစ်စေ မင်းမိသားစုဆီကို အကြောင်းကြားလိုက်မယ်။ ဒီနှစ်ဒီဆွေးနွေးပွဲကို ဆက်တက်စရာလဲမလိုဘူး အထုတ်သိမ်းပြီး သွားပါတော့"

"ကျွန်မ မှားသွားပါတယ်" ဖုန်းချူးထောင်ငိုတော့တယ်။ နောက်တစ်ခါမှ တက်ရရင် သူမအသက်က သုံးဆယ်ရှိပြီလေ။ အသက်သုံးဆယ်ဆို လာတက်လို့ရတော့မှာ မဟုတ်ဘူး။

"ငိုမနေနဲ့ ကိုယ်လုပ်တာ ကိုယ်ခံရမှာပဲ။ အထုတ်ပြင်ပြီး မြန်မြန်သွားတော့။ ဒီကနေ သင်ခန်းစာယူတတ်အောင် ကြိုးစား"

ဖုန်းချူးထောင်ထွက်သွားတော့ အားလုံးက ဆက်စကားပြောနေကြတယ်လေ။ ဖုန်းချူးထောင်ကြောင့် အားလုံးက ယွီယွီ့နဲ့ ရင်းနှီးလာပြီး သူမကို ညီမလေးလို့ ခေါ်ကြတယ်။

ပြောရရင် ဂိုဏ်းခွဲအများကြီးရှိတဲ့ ရုပ်လွန်ပညာဆိုပေမဲ့ ရေသောက်မြစ်က တစ်ခုထဲမလို့ သူမကို ညီမလေးလို့ခေါ်တာကို လက်ခံပေးလို့ရတယ်လေ။

အကြီးအကဲတွေက ဒီနေ့အတွက်ပြီးပြီမလို့ နားလို့ရကြောင်းပြောပြီး မနက်ဖြန်ကျရင်တော့ လက်တွေ့တိုက်ပွဲအတွက် ကားနဲ့ တစ်နေရာကိုသွားရမယ်လေ။

ယွင်ဝေးဝေးက ညသန်းခေါင်မှာ ယွမ်နှစ်သိန်းကို သုံးလိုက်ပေမဲ့ ဘယ်သူကမှ အမှုဖွင့်မထားတာကို သိလိုက်ရတယ်လေ။

55 07

အဲ့ယွမ်နှစ်သိန်းနဲ့ သူမက ဇိမ်ခံအိတ်နှစိလုံးကို တစ်ပြိုင်ထဲ ဝယ်လိုက်ပြီး ဘရန်းဒက်အင်္ကျီနှစ်စုံကိုပါ ဝယ်လိုက်တယ်။ ပြီးတော့ ဖိနပ်တွေ အလှကုန်တွေ ရေမွှေး၊ လက်ဝတ်ရတနာတွေပါ ဝယ်တော့ နှစ်ရင်မပြည့်ခင်မှာတင် ယွမ်နှစ်သိန်းက တစ်ပြားတောင် မကျန်ဘူးလေ။

ဒီနောက်ပိုင်း သူမအဝတ်သစ်တွေဝတ် အိတ်အသစ်တွေ လွယ်နေတော့ သူမနဲ့ရင်းနှီးတဲ့ ဆယ့်ရှစ်လိုင်းမင်းသမီးပေါက်စတစ်ယောက်က မေးလာတော့တယ်။ သူမလည်း ကောက်ရတဲ့ပိုက်ဆံလို့ မပြောနိုင်တော့ သူမအိမ်က ပိုက်ဆံတွေလို့ပဲ ပြောရတော့တယ်လေ။

"နင့်မိသားစု ချမ်းသာနေတာ ဘာလို့ အဆူအဆဲခံပြီး ရုပ်ရှင်လာရိုက်နေရတာလဲ။ ကိုယ့်ဘာသာရိုက်ပေါ့"

သူမကလည်း အိမ်ကခွင့်မပြုလို့ ခိုးလုပ်ရကြောင်းပဲပြောနိုင်တော့တယ်။

သူမနေနေတဲ့တစ်လျောက် တစ်ယောက်ယောက်က စိုက်ကြည့်နေသလို အမြဲခံစားနေရတယ်လေ။ သူမ အိပ်ပျော်သွားတော့ သူမနားကပ်ပြီး သူမကို မိန်းမလို့ခေါ်နေတဲ့အသံကို ကြားနေရတယ်လေ။

သူမနိုးလာတော့ ဘယ်သူမှမရှိတဲ့ အမှောင်ထဲကနေ အသံကဆက်ထွက်လာသေးတယ်။ "မိန်းမ ငါ့မိန်းမ"

"အား...." ယွင်ဝေးဝေးက ကြောက်လန့်တကြား အော်ပြီး သူမကိုယ်သူမ စိုအောင်လုပ်မိလိုက်တယ်။ မီးဖွင့်လိုက်တော့ သူမရဲ့ စိုနေတဲ့အိပ်ယာရဲ့ တဖက်ခြမ်းမှာ လူအိပ်ထားသလို အရာကြီးကို မြင်နေရတယ်လေ။

သူမက ကြောက်လွန်းလို့ ဖုန်းကိုထုတ်ပြီး သူမအဖေကို လှမ်းခေါ်တော့တယ်။ ယွင်မောက်လျန်က အိပ်ချင်မူးတူးလေသံနဲ့ "ဝေးဝေး ဒီလောက် ညနက်မှ"

ယွင်ဝေးဝေးက ငိုယိုရင်း "အဖေ ဒီမှာ သရဲ သရဲတွေ သမီးနားမှာသရဲတွေ"

ယွင်မောက်လျန်ရဲ့ အိပ်ချင်မူးတူးစိတ်က သူမအသံကြောင့် သေချာနိူးသွားပြီး "ဝေးဝေး သရဲဆိုတာ ဘယ်ရှိမလဲကွယ်။ ညနက်နေလို့ အိပ်မက်ဆိုးနေမှာပါ"

ယွင်မောက်လျန်က သူမကိုချော့ပြီး ပြန်အိပ်သွားတော့တယ်။ ယွင်ဝေးဝေးက ငိုနေရင်း သူမကောက်ရတဲ့ရတနာတွေနဲ့ အဆောင်စာရွက်ကို သတိရသွားပြီး ကြောက်လာလို့ စက္ကူနဲ့ထုတ်ပြီး သွားပစ်ထုတ်လိုက်တော့တယ်။

ပစိထုတ်ပြီးတဲ့နောက်မှာ သူမ စိတ်သက်သာရာရသွားပြီး ဆိုဖာပေါ်မှာ အိပ်ပျော်သွားတော့တယ်။ နိုးလာရင်တော့ သူမဘုရားကျောင်းသွားဖို့ တွေးထားတယ်လေ။ ဒါပေမဲ့ နိုးနိုးချင်းမှာတင် သူမပစ်ထုတ်လိုက်တဲ့ ရတနာတွေက သူမဘေးမှာ လူရပ်နေသလို ရပ်နေတာကို မြင်လိုက်ရမယ်လို့ ဘယ်သူထင်မှာလဲ။

******

All Chapters