အခန်း ၅၆
Vol. 6 Ch. 56
56 01
အပိုင်း (၅၆)
ယွင်ဝေးဝေးက အော်ဟစ်ပြီး ညအိပ်ဝတ်ကြီးနဲ့ အိတ်နဲ့ဖုန်းကိုယူလို့ ထွက်ပြေးတော့တယ်။ နီရွှယ်ကျောင်းကို ဖုန်းဆက်လိုက်တော့ နီရွှယ်ကျောက်းက “ဝေးဝေး အစောကြီးဘာဖြစ်လို့လဲ။ ဒီနှစ်နွေက ဘယ်အချိန် ပြန်လာမှာလဲ”
“အမေ သမီးကိုကယ်ပါဦး သရဲခြောက်ခံရတယ်”
သူမက နီရွယ်ကျောင်းကို ယွမ်နှစ်သိန်းနဲ့ ရတနာတွေရဲ့ ဖြစ်ကြောင်းကုန်စင်ပြောပြပြီး “အမေ သမီးဘာလုပ်ရတော့မှာလဲ”
နီရွှယ်ကျောင်းက သောကရောက်နေပေမဲ့ သူမသမီးကို ဆူဖို့တော့ မမေ့ဘူးလေ။ “သမီး နင့်ရုပ်ရှင်ရိုက်တာကို နင့်အဖေဘယ်လောက် သဘောမကျလဲ နင်သိတာပဲ။ အဲဒါ ခိုးလုပ်သေးတယ်ပေါ့။ မြန်မြန်ပြန်လာ တာအိုဘုရားကျောင်းကို လိုက်ပို့ပေးမယ်”
ယွင်ဝေးဝေးက ရုပ်ရှင်ရိုက်တာကို တကယ်သဘောကျပေမဲ့ သူမအသက်လောက်တော့ သဘောမကျဘူးလေ။
သူမက ခရီးအတွင် ဝင်ပြီးတောင် မထုတ်ပိုးရဲတာမလို့ နီရွယ်ကျောင်း ဖြတ်ပေးတဲ့ ရထားလက်မှတ်နဲ့ ချန်းရွှေမြို့ကို ပြန်သွားတော့တယ်။
ရောက်သွားတော့ သူတို့က မြို့က အစွမ်းထက်တာအိုကျောင်းကို သွားလိုက်ကြတော့တယ်။ လှူဒါန်းလို့ပြီးတော့ တာအိုကျောင်းက အကြီးအမှူးကို အကြောင်းစုံလည်းပြောပြရော သူက “အလှူ့ရှင်တို့ ဒါက တစ္ဆေလက်ထပ်ပွဲပါ ငွေနဲ့ ရွှေတွေကို လက်ဆောင်အဖြစ် ပေးတာမျိုးပေါ့ ငွေကိုသုံးပစ်ရင် လက်ထပ်ဖို့ သဘောတူတဲ့သဘောပဲ”
နီရွယ်ကျောင်းက “ဆရာသခင် ကျွန်မသမီးက ငယ်ပါသေးတယ်။ ဖြေရှင်းလို့ရမဲ့နည်း ရှိမလား”
တာအိုကျောင်းအကြီးအမှယးက “ပိုက်ဆံက ကုန်ပြီလား”
ယွင်ဝေးဝေးက လုံးဝပျက်ယွင်းနေတဲ့ မျက်နှာနဲ့ “ကုန်ပြီ”
နီရွယ်ကျောင်းက စိတ်လျော့နိုင်အောင် သက်ပြင်း ချလိုက်ရတယ်။ နှစ်ရက်ထဲနဲ့ ယွမ်နှစ်သိန်းသုံးတဲ့ သူမသမီးကို ကြည့်ရင်း သူမတိူ့ထိန်းကြောင်းပုံက မှားနေမှန်း သိလာတော့တယ်။
“အလှူ့ရှင်တို့ ကျူပ်မတတ်နိုင်ပါဘူး” တောက်ချန်းက သက်ပြင်းချတယ်။ “ပိုက်ဆံကျန်သေးရင် လုပ်ပေးလို့ရပေမဲ့ ပိုက်ဆံ သုံးပြီးသွားတဲ့အခြေအနေအတွက် ဒီတာအိုဆရာက အစွမ်းမဲ့ပါတယ် သာမန်ဆရာသခင်တွေ ဖြေရှင်းနိုင်တဲ့ဟာမျိုး မဟုတ်တော့ပါဘူး”
သူမတို့အိမ်ပြန်ရောက်တဲ့အထိ ယွင်ဝေးဝေးက ငိုနေတုန်းပဲလေ။ နီရွှယ်ကျောင်းက ဘာမှမတတ်နိုင်တော့ အလုပ်လုပ်နေတဲ့ ယွင်မောက်လျန်ကိုပဲ ခေါ်နိုငိတော့တယ်။ ယွင်မောက်လျန်က အိမ်ကို အပြေးပြန်လာပေမဲ့ ဘာဖြစ်တယ်ဆိုတာလည်းသိရော သူ့သမီးကို သရဲတစ္ဆေဆိုတာ ဒီကမ္ဘာမှာမရှိတာကြောင့် လျောက်လုပ်မနေဖို့ ဆူတော့တယ်။
နီရွယ်ကျောင်းက ညဖက်မှာ ယွင်ဝေးဝေးကို အဖော်လုပ်ပြီးအိပ်ပေးရတော့တယ်။
မအိပ်ခင်မှာ ရုပ်ရှင်အဖွဲ့သားတွေက ဖုန်းဆက်လာတယ်။ အကြောင်းစုံပြောတော့ ထန်ဟုန်းလျန်ကြောင့် နေရာနည်းနည်းရှိတဲ့ မင်းသမီးနေရာရပေမဲ့ တန်ဖိုးမထားဘူးလို့ ဆူသွားကြတယ်လေ။
သူတို့သားအမိ အိပ်ပျော်စမှာ လူတစ်ယောက်က မိန်းမ မိန်းမ လို့ခေါ်နေတဲ့အသံကို ကြားလိုက်ရတယ်လေ။
နီရွယ်ကျောင်း မှေးကနဲအဖြစ်မှာ သူမက အိပ်ယာပေါ်ကနေ ကန်ချခံလိုက်ရတယ်လေ။ သူတို့ ချက်ချင်းနိုးလာတဲ့အချိန်မှာ နီရွယ်ကျောင်းအိပ်ခဲ့တဲ့နေရာမှာ ခြေတစ်ဖက် ဆာနေတဲ့ လူငယ်တစ်ယောက်ပုံရိပ်က တဖြည်းဖြည်း ပေါ်လာတော့တယ်။
သားအမိနှစ်ယောက်ငိုသံက ယွင်မောက်လျန်ကို နိုးသွားစေပြီး သူလာကြည့်တော့ ကြမ်းပြင်ပေါ်က ခြေရာတွေကို တွေ့လိုက်ရတယ်လေ။
“သောက်ခွေးတွေ ဖြစ်နေတာလားဟ” သရဲက တကယ်ကြီးရှိတယ်ပေါ့။
အဲ့အချိန်မှာ အသံက ထပ်ထွက်လာပြန်တယ်။ “မိန်းမ မိန်းမ”
သုံးယောက်သား အဲ့အသံ ကြားလိုက်ကြရတော့ ယွင်မောက်လျန်က “တခြားအခန်း သွားအိပ်ရအောင်”
သုံးယောက်လုံးက အခန်းတစ်ခုထဲမှာ ပြတ်သိပ်ပြီး နေနေကြတယ်လေ။ ယွင်ဝေးဝေးက အသက်ရှူတောင် ရပ်ချင်နေပြီ သူမ တကယ်ရော အနာဂတ်မှာ အေးအေးချမ်းချမ်းနေရပါ့မလား။
ယွင်ဝေးဝေးက တစ္ဆေကြောင့် ဒုက္ခရောက်နေတဲ့အချိန်မှာ ထန်ဟုန်းလျန်ကတော့ တခြားဟာနဲ့ ဒုက္ခရောက်နေတယ်လေ။
သူ့ဇနီးက သူ့ကိူ သမီးသုံးယောက် မွေးပေးတယ်။ သူက သားလိုချင်တဲ့အပြင် အပြင်မှာလည်း ချစ်သူတွေ အများကြီးရှိတယ်လေ။
ဒီနှစ်စမှာ ရှေ့ဖြစ်ဟောဆရာသခင်တစ်ယောက်က သူ့ကို သမီးသုံးယောက်ပဲရမယ် တခြားကလေး မရှိနိုင်ဘူးလို့ ပြောတယ်လေ။
56 02
သေချာပေါက် သူမယုံဘူးပေါ့ သူ့မှာချစ်သူလေးယောက်ရှိပြီး တစ်ယောက်က သားမွေးပေးထားတယ်လေ။
သူ့ဇနီးက သူ့သမီးတွေနဲ့ ဗီလာမှာ နေနေတယ်။ ဘယ်သူထင်မှာလည်း သူ အလုပ်ခရီး သွားနေတဲ့အချိန်လေးအတွင်းမှာတင် သူ့ကို သားမွေးပေးထားတဲ့ ချစ်သူက သတ္တိတွေကောင်းပြီး သူ့ဇနီးနဲ့ သမီးကို ဗီလာကနေ လူအားနဲ့ နှင်ချလိုက်တယ်လေ။ ပြန်လာတော့ သူ့ဇနီးက ကွာရှင်းစာချုပ် ကိုင်ပြီးစောင့်နေပြီ။
သူကတော့ သူ့ဇနီး ရှဟုန်ယန်နဲ့ကွာရှင်းပြီး သူ့ချစ်သူ ဝမ်ဖူကို လက်ထပ်တာက သူ့သားနာမည်ကို ဆွဲတင်လို့ရမယ် အကုန်အမွေပေးနိုင်မယ်လို့ ထင်ခဲ့ပေမဲ့ သူ့ကို အံ့အားသင့်စေမဲ့ဟာတွေက အများကြီး ကျန်ပါသေးတယ်။
သူ့အခွန်ရှောင်တာက အရင်ပေါ်သွားတယ်။ ပြီးတော့ စာချူပ်ချုပ်ထားတဲ့ စတားကုမ္ပဏီတွေက စာချုပ်ဖျက်ပြီး တခြားကုမ္ပဏီတွေနဲ့ စာချူပ်ပြောင်းချုပ်သွားကြတယ်။
နောက်ထပ်က သူ့ဟော်တယ်ရဲ့ သန့်ရှင်းမှုကို စစ်ဆေးခံရပြီး စစ်ချက်ကျရှုံးတယ်။ ချက်ချင်း အင်တာနက်က ဟော်တယ်ရဲ့ အဆိုးမြင်ရီဗျူးတွေ ပွထသွားတော့တယ်။
သူက ကံမကောင်းနေဘူးထင်လို့ သူမေးနေကျ ရှေ့ဖြစ်ဟောဆရာ လုဟုန်ရန်ဆီအသွားမှာ ဆောက်လုပ်ရေးဆိုက်က သံချောင်းက လွှင့်လာပြီး သူ့ကို လာမှန်တယ်လေ။ ဆေးရုံရောက်တော့ ခေါင်းထိပေမဲ့ ဦးနှောက်ကို မထိဘူး။ ဦးရေခွံလေးပဲ နည်းနည်းပွန်းတယ်လေ။
ထန်ဟုန်းလျန်က သူ့ဆီအလုပ်လုပ်နေတဲ့ ဖုန်းရွှေသခင်ကို အိမ်မှာ ဘာမှားနေလဲ သွားကြည့်ခိုင်းလိုက်တယ်လေ။
ဖုန်းရွှေသခင်က သံလိုက်အိမ်မြှောင်တကိုင်ကိုင်နဲ့ နည်းနည်းစစ်ကြည့်ပြီး ဆေးရုံကို လာတော့တယ်။ သူက “သူဌေးထန် ခင်ဗျားဗီလာက အစီအရင်မိထားပြီ။ တစ္ဆေငါးကောင်ကိုမြင်ပေမဲ့ ဘာထပ်ရှိဦးမလဲမသိဘူး။ ကျုပ် ဆက်တောင်မစစ်ဆေးရဲဘူး။ ဘယ်ဖုန်းရွှေဆရာသခင်ကိုများ သွားစော်ကားထားတာလဲ။ ဒီလောက်အဆင့်ကို ဖြေနိုင်ဖို့က လုံမိသားစုဘိုးဘေးပဲရှိတာ၊ သူကလည်း ဆုံးသွားပြီ။ တခြားလူတွေ ရှိနိုင်သေးတယ် မြန်မြန်ရှာသင့်တယ်”
ထန်ဟုန်းလျန်က ချွေးစေးတွေပါ ပြန်လာပြီလေ။ “ကျုပ် ဘယ်သူ့ကို စော်ကားရဲမှာလဲဗျာ” မြို့တော်မှာ ဒီလောက်စွမ်းတဲ့ ဖုန်းရွှေသခင်တွေ ပြည့်နေတာ၊။ သူက စီးပွားရှာနေတာလေ ဘယ်လိုလုပ် စော်ကားရဲမှာတဲ့လဲ။
ဖုန်းရွှေဆရာက ကျောချမ်းဟန်နဲ့ “ခင်ဗျား ဒီဟာကိုဖျက်နိုင်မဲ့လူကို မြန်မြန်ရှာသင့်တယ် မဟုတ်ရင် ဘယ်သူ့ကိူစော်ကားမိလဲတွေးပြီး ပြန်ညှိနှိုင်းသင့်တယ် မဟုတ်ရင် မလွယ်ဘူး”
“ကျုပ် ဘယ်လောက်နေရဦးမလဲ” ထန်ဟုန်းလျန်က ဆက်ပြောတယ်။ “ဒီအစီအရင်က ဘယ်လိုအလုပ်လုပ်လဲ ကျုပ်ကို သတ်မှာလား”
ဖုန်းရွှေဆရာက “အချိန်ကျန်ပါသေးတာ် ဆယ်ရက်အတွင်း ရှာရမယ် မဟုတ်ရင် ဘဝဆုံးပြီလို့သာ မှတ်လိုက်တော့”
ထန်ဟုန်းလျန်က ခဏသတိလစ်သွားပြီး ပြန်နိုးလာတော့ သိသမျှဖုန်းရွှေဆရာသခင်တွေ ဒါမှမဟုတ် သူတို့နဲ့သိတဲ့ သူငယ်ချင်းတွေကိုခေါ်လို့ အကူအညီတောင်းပေမဲ့ ရောက်လာသမျှ ဖုန်းရွှေဆရာသခင်အားလုံးက လုံမိသားစုဘိုးဘေးကလွဲရင် ဒါကိုမဖျက်နိုင်ကြောင်း တစ်ညီတစ်ညွတ်တည်း ပြောပြကြတယ်။
ယွီယွီ့ဖက်မှာတော့
နောက်နေ့ကျမှ ဆက်မှာဆိုတော့ သူမက ခဏနားဖို့ကြံတယ်လေ။ ခင်နေတဲ့လူတွေက မေးလာတော့ ယွင်ယွီက “ငါ နေ့ခင်းလုပ်စရာရှိတယ်လေ”
အကုန်လုံးက သူမကို မနှောက်ယှက်ကြပေမဲ့ စုန့်ချန်းမင်းတော့ မပါဘူးလေ။ သူက “ရှောင်ယွီအာ ဘယ်သွားမလို့လဲ”
ယွင်ယွီက အေးအေးဆေးဆေးလေသံနဲ့ “သွားချိန်းတွေ့မလို့လေ လိုက်မလား”
စုန့်ချန်းမင်းမျက်နှာက ချက်ချင်းစိမ်းဖန့်သွားပြီး လုယွမ်ဘေးကို တန်းပြေးသွားပါလေရော။
သူမကလည်း မလိမ်ပါဘူး။ နားချိန်ကြာကြာရတော့ သူမချင်ယွိစွေနဲ့ လျောက်လည်ဖို့ ကြံထားတယ်လေ။
သူမဖုန်းဆက်တော့ တဖက်က ကိုင်လာပြီး “ယွင်ယွီ”
ယွင်ယွီက “ချင်ယွိစွေ ကျွန်မတို့ဆွေးနွေးပွဲက နေ့ခင်းပိုင်းမှာ ခဏနားတယ် ညကျ ညစာသွားစားချင်လား”
“ရတယ်လေ” ချင်ယွိစွေက ပြန်ဖြေတယ်။ “နေ့ခင်းကရော”
56 03
“ဘာမှမရှိဘူး”
“ဒါဆို ကိုယ်မင်းကို ခေါ်လည်မယ်”
“ဟုတ်ပြီ”
တစ်နာရီလောက်ကျ ချင်ယွိစွေကားက ထိုက်ရှင်းဟူထုံနားမှာ ရပ်သွားတော့တယ်။ လမ်းကြားထဲ ကားဝင်မရတာကြောင့် ယွင်ယွီက အိတ်လွယ်ပြီး သူ့ဆီကို သွားလိုက်တယ်လေ။
ချင်ယွီစွေ့က သူမတက်ဖို့ မောင်းသူဘေးထိုင်ခုံတံခါးကို ဖွင့်ပေးတဲ့အချိန်မှာ လုံချီချန်းနဲ့ လုံဝမ့်ရင်းတို့က တွေ့သွားတော့တယ်။ တွေ့တာက လုံဝမ့်ရင်းဆိုတော့ သူက ရင်းနှီးနေတဲ့ ပုံရိပ်နှစ်ခုကိုကြည့်ရင်း မျက်ခုံး ပင့်မိလိုက်တယ်လေ။
“ဝမ့်ရင်း ဘာဖြစ်လို့လဲ”
လုံဝမ့်ရင်းက “ငါဝမ်းကွဲယွီစွေ့နဲ့ ယွင်ယွီကားထဲ ဝင်သွားတာကို မြင်လိုက်ရတယ်”
“ချင်ယွိစွေ” လုံချီချန်း မျက်မှောင်ကြုတ်လိုက်တယ်။ “မြို့တော်ကို တစ်ခါမှပြန်မလာဘဲ မစ်ရှင်းတွေချည်း ထွက်လုပ်နေတဲ့လူကလား။ ဒီနှစ်ယောက် ဘယ်လိုတွေ့ကြတာလဲ”
သူတို့လို ဝမ်းကွဲတွေတောင် ဘိုးဘေးအသုဘတုန်းက တစ်ခေါက်ထဲ တွေ့ဖူးတယ်လေ။
အလုပ်သရဲနဲ့ ရုပ်လွန်ပညာပါရမီရှင် လက်သစ်လေးအတွဲ ဘယ်လိုတောင်လားပဲ။
လုံဝမ့်ရင်းကလည်း သိပ်တော့ မယုံချင်ဘူးလေ။ “ငါမှားတာပဲ နေမှာပါ”
ကားထဲမှာ ယွင်ယွီက “ထျန်းလုနန်းတော်ရာကို သွားရအောင်”
ထျန်းလုနန်းတော်ရာက နှစ်ပေါင်းထောင့်ငါးရာလောက်အထိ မင်းဆက်တော်တော်များများရဲ့ အခြေစိုက်ရာနေရာ ဖြစ်ခဲ့တာလေ။ သေချာတာပေါ့ ဝေ့မင်းဆက်ကလည်း အဲ့မှာပဲလေ။ သူမ ပြန်ကြည့်ချင်စိတ် ပေါ်လာတာကိုး။ ချင်ယွိစွေနဲ့အတူသွားတော့လည်း ချိန်းတွေ့ရာပါ ရောက်တာပေါ့လေ။
******