အခန်း ၅၇
Vol. 6 Ch. 57
57 01
အပိုင်း (၅၇)
ထျန်းလုနန်းတော်ရာကို ရောက်လာကြတော့ သူ့ဘေးမှာ ပြတိုက်ရှိတယ်လေ။ လုံးဝကို ကမ္ဘာလှည့်ခရီးသွားဆွဲဆောင်ရာနေရာပဲလေ။
ဒါပေမဲ့ တကယ့် ထျန်းလုနန်းတော်ရာနေရာဟောင်းကို ဝင်လည်တဲ့လူကတော့ များများစားစား မရှိဘူးလေ။ ပြီးတော့ ဝင်ခွင့်လက်မှတိကလည်း ဈေးကြီးတာကိုး။ ပြီးတော့ နေရာကိုပြန်ပြင်တယ်ဆိုပေမဲ့ နန်းတော်တွေကို မူလအတိုင်းပဲထားတော့ တကယ့်အပျက်အဆီးနေရာကြီးလို ဖြစ်နေတယ်လေ။
သူတို့က လက်မှတ်ဝယ်ပြီး ထျန်းလုနန်းတော်ရာထဲ ဝင်သွားကြတော့တယ်။ ယွီယွီ့အတွက်တော့ တစ်ချိန်ကခန်းနားပေမဲ့ အခုတော့ ယိုယွင်းနေတဲ့အိမ်ဟောင်းကို ပြန်ရောက်လာသလိုမျိုးပဲ။
ဒါပေမဲ့ ဝေ့မင်းဆက်နောက် မင်းဆက် ဘယ်လောက်ပြောင်းပြီးပြီလဲဆိုတာ သူမ မသိဘူးလေ။ နန်းတော်တွေအားလုံးက သူ မမှတ်မိသလို မရှိကြတော့ဘူး။
“စွန့်ပစ်နေရာကြီး ကျနေတာပဲ”
“နန်းတော်ရာဟောင်းကို ပြန်လည်ပြင်ဆင်မှုတွေသိပ်မလုပ်ကြဘူး ရှေးကပုံစံအတိုင်းပဲ ထားတယ်လေ။ ဒါပေမဲ့ ရှေ့မှာ ရှေးဟောင်းသစ်ပင်ရှိတယ်။ ဒီနားတစ်ဝိုက်မှာ ဆွဲဆောင်တဲ့နေရာပဲလေ။ ဂျင်ကိုပင်ကြီးလေ လေ့လာသူတွေအရဆို နှစ်နှစ်ထောင်လောက် ရှိပြီတဲ့”
ဂျင်ကိုပင်လား။
ယွင်ယွီက သူမနန်းဆောင်ရဲ့ ဂျင်ကိုပင်က ဒီလောက်အထိ သက်တမ်းကြာပါ့မလားလို့ တွေးနေမိတယ်လေ။
သူမနန်းဆောင်မှာ တကယ်လည်း ဂျင်ကိုပင်တစ်ပင်ရှိတယ်လေ။ ပြောရရင် သူမတို့မတိုင်ခင်က မင်းဆက်ကတည်းက အပင်ဆိုတော့ အဲ့အချိန်မှာတောင် နှစ်နှစ်ရာလောက် ရှိပြီလေ။ သူမက အဲ့အပင်အောက်မှာ ကျင့်ကြံတယ်။ ဝိဉာဉ်စမ်းရေနဲ့ လောင်းတယ်။ ရှိသမျှလျှို့ဝှက်ချက် အကုန်ပြောပြပြီး တစ်ခါတလေ ငိုကြွေးတတ်တယ်။ သူမနဲ့နှစ်နှစ်ဆယ်လောက် အတူရှိခဲ့တာလေ။
“သွားကြည့်မယ်”
သူတို့က နန်းတော်ရာ အပျက်အဆီးတွေကြားကနေ နန်းတော်ငယ်လေးတစ်ခုဆီ ဝင်သွားတော့ လူတွေတော်တော်များများ ဝိုင်းဖက်ရမဲ့ ပင်စည်တုတ်ကြီးနဲ့ နန်းတော်တစ်ခုလုံးကို အုပ်နေတဲ့ ဂျင်ကိုပင်ကြီးကို တွေ့လိုက်ရတယ်လေ။
နွေရာသီဆိုပေမဲ့ သူ့ရဲ့ယပ်တောင်ပုံအရွက်တွေက သိပ်မကျန်တော့ဘူးလေ။ တော်တော်လေး ဆုတ်ယုတ်သွားပြီး ခြောက်စပြုနေပြီ မကြာခင် သေတော့မယ်လေ။
ယွင်ယွီမျက်လုံးတွေက တုန်လှုပ်နေတယ်လေ။ တအား ပြောင်းလဲသွားပေမဲ့ ဒါက သူမရဲ့နန်းတော်နဲ့ သူမရဲ့ဂျင်ကိုပင်ပဲဆိုတာ သိလိုက်တော့တယ်လေ။
သူမက လက်ကိုဆန့်ပြီး ထိလိုက်တော့ သစ်ပင်က လှုပ်ခါသွားတော့တယ်။ အိုမင်းနေတဲ့လူတစ်ယောက်က ရင်းနှီးတဲ့လူကို ပြန်တွေ့ရသလိုခံစားချက်ကို ရလိုက်တဲ့ ယွင်ယွီက ငိုချင်လာတော့တယ်။
ဒီဂျင်ကိုပင်က နေ့တိုင်း ရေလောင်း ပေါင်းသင်ပေးခံရတယ်လေ။ သူမက ထိုင်ချလိုက်ပြီး အမြစ်တွေကို ထိတွေ့နေရင်း ဝိဉာဉ်စမ်းရေကို တဖြည်းဖြည်း စိမ့်ဝင်စေတယ်။ ချင်ယွိစွေက ယွင်ယွီ တစ်ခုခုကို တွေ့နေတယ်ထင်တော့ ဘာမှမနှောက်ယှက်ဘူးလေ။
ရုတ်တရက် ယွီယွီ့ဘေးပတ်ဝန်းကျင်က လုံးဝပြောင်းလဲသွားတော့တယ်။ နန်းတော်တွေက သစ်လွင်လာပြီး ဂျင်ကိုပင်က ကျုံ့ဝင်သွားတယ်လေ။ ဂျင်ကိုပင်ရဲ့အရှေ့မှာတော့ ချပ်ဝတ်အလေးကြီး ဝတ်ထားတဲ့လူတစ်ယောက်။ ခါးကိုညွတ်ပြီး ပင်စည်ကို ထိကိုင်ထားရင်း သူ့အပေါ်ကို နှင်းတွေ ကျခွင့်ပေးထားတယ်။ အဲ့ဒီနောက်မှာတော့ အထီးကျန်နေသလိုမျိုး ခြေလှမ်းတွေနဲ့ ထွက်သွားတော့တယ်။ အစကနေအဆုံးအထိ ယွင်ယွီသူ့မျက်နှာကို မမြင်ခဲ့ရဘူးလေ။
အစောင့်နှစ်ယောက်က ဖြတ်လာရင်း ပြောလာတဲ့အသံကို ကြားနေရတယ်။ “စစ်သူကြီးကုက ပြန်ရောက်တာနဲ့ မင်းသမီးကို လာတွေ့တော့တာပဲ သူ တကယ်သဘောကျတာထင်တယ်”
57 02
“ရှူး မပြောစမ်းနဲ့ အဲဒါမျိုးကို အလွယ်တကူ လျောက်ပြောနေရင် မင်း အပြစ်ပေးခံရလိမ့်မယ်”
“ဘာမှမဖြစ်ဘူး ငါပြောပြမယ်။ စစ်သူကြီးကုက မင်းသမီးကို တကယ်သဘောကျတာ မင်းသမီးနတ်ရွာစံပြီးတဲ့နောက် ဟွမ်တွေ လာတိုက်တယ်လေ။ စစ်သူကြီးကုက စစ်မြေပြင်ထဲ ဝင်ပြီး ရန်သူ့ခေါင်းဆောင်ကို တန်းသတ်ပစ်လိုက်တာ။ အဲ့အတွက် မြို့တော်ကာကွယ်ရေးစစ်သူကြီး ဘွဲ့အပေးခံရပေမဲ့ သူ တောင်းဆိုတဲ့ဆုလာဘ်က မင်းသမီးရဲ့ အရင်နန်းဆောင်မှာ မင်းသမီးကို ဂါရဝပြုခွင့်ပဲ တောင်းခဲ့တာ။ အခုဆို ရှစ်နှစ်တောင် ရှိပြီလေ”
နောက်အစောင့်က သက်ပြင်းချရင်း “စစ်သူကြီးကုက ပထမအဆင့်အရာရှိအိမ်ကနေ မွေးလာတာ။ မင်းသမီးနဲ့ ရှန်းလုလီ မရှိတော့တဲ့နောက်မှာ လူတွေက ရှန်းလုလီက မင်းသမီးကို သဘောကျလို့ အစောင့်ဝင်လုပ်ပြီး နောက်ကျရင် ကြင်ယာတော်မင်းသား ဖြစ်လာမယ်လို့ ပြောကြတယ်လေ။ အိုက်ယား ငါ့ကိုလာမေးရင်တော့ စစ်သူကြီးကုက ပိုသာတယ်လို့ပြောမှာပဲ မင်းသမီးမရှိတဲ့နောက် အသက်စွန့်ပြီး မင်းသမီးချစ်တဲ့လောကကို ကာကွယ်ပေးနေတာလေကွာ”
“အေးလို့ ဒီလိုသူရဲကောင်းက အချစ်ထောင်ခြောက်ထဲကနေ ပြန်မထွက်တော့တာ နှမြောစရာပဲကွာ”
အစောင့်တွေ ဝေးသွားပြီးတဲ့နောက်မှာ ယွင်ယွီက နိုးလာတော့တယ်။ သူမက ချင်ယွီစွေ့ရင်ခွင်ထဲ လဲကျနေတယ်လေ။
“ဘာဖြစ်တာလဲ”
“တစ်ခုခု မြင်လိုက်ရုံပါ” ပြောရရင် အခုဂျင်ကိုပင်က သူမကို သူမ မသိခဲ့တဲ့အကြောင်းအရာတချို့ကို ပြောပြပေးတာပဲလေ။ ပြောရရင် တအားကြီးမားနေတဲ့ စစ်သူကြီးကုရဲ့ သူမအပေါ် စွဲလမ်းမှုလိုမျိုးကိုပေါ့။
ချင်ယွိစွေက “ပြန်ရအောင် နားဖို့လိုတယ်”
“အင်း”
ချင်ယွိစွေက သူမကိုပွေ့ဖက်ထားရင်း မနေနိုင်ဘဲ ဂျင်ကိုပင်ကို လှည့်ကြည့်လိုက်မိတော့တယ်။
တစ်လမ်းလုံး သူမက ချင်ယွိစွေရဲ့လက်မောင်းထဲ ပါသွားတော့တယ်။ သူမက သူမကို တိတ်တဆိတ် ဂါရဝပြုနေတဲ့ စစ်သူကြီးကုကို တွေးမိတယ်။ နန်းတော်အစောင့်တွေအဆိုအရ ရှန်းလုလီက သေပြီတဲ့လား။ သူဆက်နေဖို့ သတ္တိမရှိတဲ့ပုံပဲလေ။ သူမက ရှန်းလုလီနဲ့ ထွက်လာတဲ့အချိန်တုန်းက သူမတိူ့နောက် လိူက်လာတဲ့ မြင်းခွာသံက သူများလားပဲ။ သူမနောက်ဆုံးတော့ တွေးနေရင်း အိပ်ပျော်သွားတော့တယ်။ သူမနိုးလာတော့ ချင်ယွိစွေအိပ်ယာထဲကို ရောက်နေပြီလေ။ သူမက ဂျင်ကိုပင် သူမကိုပြတာတွေကို ပြန်တွေးလိုက်တော့ တကယ်တန်းကျ စစ်သူကြီးကုရော ရှန်းလုလီရော အရင်ဘဝက ဖြစ်သွားပြီလေ။ အတိတ်လို့တောင် ပြောမရတော့ဘူး။ အခုတော့ သူမမှာ နာမည်အသစ် လူအသစ်ရှိနေပြီလေ။ အလွန်ဆုံး သူမ လုပ်နိုင်တာ သူမသူငယ်ချင်းဟောင်း ဂျင်ကိုပင်ဆီကို အချိန်ရတိုင်း သွားလည်တာမျိုးပေါ့။
သူမက ထလိုက်ပြီး အောက်ထပ်ကို ဆင်းသွားတော့ ထမင်းစားစားပွဲပေါ်မှာ ဟင်းပန်းကန်တွေတောင် ရောက်နေပြီလေ။ မီးဖိုချောင်ထဲမှာတော့ ချင်ယွိစွေက အိမ်နေရင်း အဝတ်အစားနဲ့ ယောက်ချိုကိုင်ရင်း သူမကိုမေးလာတယ်။ “နေလို့ကောင်းသွားပြီလား”
“ကောင်းသွားပြီ။ ကျွန်မဘာကူရဦးမလဲ”
သူမက ချိန်းတွေ့မယ်ပြောပြီး ဂျင်ကိုပင်ကို ဝိဉာဉ်စမ်းရေ လောင်းပြီး တစ်ညနေလုံး အိပ်သွားတာဆိုတော့ နည်းနည်း မျက်နှာပူနေတယ်လေ။
“စားပွဲမှာသာ သွားထိုင်နေလိုက်ပါ”
ယွင်ယွီက ကူပေးတဲ့အနေနဲ့ ထမင်းနှစ်ပန်းကန် ခူးလိုက်တယ်လေ။
စားပြီးတော့ သူမက စုန့်ချန်းမင်းဆီမက်ဆေ့ လှမ်းပို့တော့တယ်။
[မြေခွေးငယ်လေး: မနက်ဖြန် ဘယ်သွားရမလဲသိပြီလား ညကျ ကျွန်မပြန်မလာတော့ရင်ရော ရလား။ တအားပင်ပန်းနေလို့]
[စုန့်ချန်းမင်း: နင်ကပြန်မလာပဲဘာလုပ်မလို့လဲ]
[စုန့်ချန်းမင်း: မသိရသေးဘူး။ ပြန်မလာချင်ရင် ဟူထုံနားက ဘတ်စ်ကားမှတ်တိုင်ဆီတော့ မနက်ကိုးခွဲ အမှီလာခဲ့]
[မြေခွေးငယ်လေး: ဟုတ်ပြီလေ]
ချင်ယွိစွေက သူမကို ပန်းကန် ပေးမဆေးဘဲ ချယ်ရီသီးတစ်ပန်းကန်နဲ့ တီဗွီရှေ့ ထားခဲ့တယ်လေ။ သူမက “ဘာလို့ချယ်ရီသီးတွေ ရှိနေတာလဲ”
57 03
ချင်ယွိစွေက “ကိုယ် နေ့ခင်းတုန်းက ဝယ်ခဲ့တာ”
သူမအတွက်လား။
ယွင်ယွီသူ့ကို စိုက်ကြည့်မိလိုက်တော့တယ်။
“ဒီည ပြန်သွားဦးမှာလား”
“ဟင့်အင်း မနက်ဖြန်မနက်မှ လူပြန်စုမှာ”
“ဒါဆို မနက်ကျမှ ကိုယ်လိုက်ပို့မယ်”
ဆယ်နာရီလောက်ကျ သူတို့က အခန်းကိုယ်စီဝင်ပြီး အိပ်သွားကြတော့တယ်။ ဒါပေမဲ့ မနက်လေးနာရီမှာ ယွင်ယွီက ထကျင့်ကြံပြီး မနက်ခြောက်နာရီမှာ ချင်ယွိစွေက မနက်စာ လုပ်ပေးတယ်လေ။ မနက်စာစားပြီးတော့ ဟူထုံကားမှတ်တိုင်ကို လိုက်ပို့ပြီး ချင်ယွိစွေက
“လုံခြုံဖို့ကို အဓိကထား ခေါင်းမမာနဲ့”
“အင်းပါ”
ချင်ယွိစွေ ထွက်သွားပြီးတဲ့နောက် ယွင်ယွီက လူစုံတဲ့အထိ တစ်နာရီခွဲလောက် ထိုင်စောင့်လိုက်ရတယ်လေ။
******