← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

58 01

အပိုင်း (၅၈)

ကိုးနာရီခွဲတော့ လူတွေစုံသွားပြီလေ။ အကြီးအကဲတွေ ဘယ်ကနေ ဒီဘတ်စ်ကားအသစ်ကြီးကို ရလာလဲ သူမမသိဘူး။ မောင်းတဲ့လူကလည်း ကံကောင်းခြင်းရောင်ဝါတွေ အပြည့်နဲ့ ပြုံးနေတဲ့လူ။

ယွင်ယွီက နောက်ဆုံးခုံတန်းမှာ ယွီရှောင်ရှောင်၊ ချန်းဝမ်ရု၊ စုန့်ချန်းမင်းနဲ့ လုံဝမ့်ရင်းတို့နဲ့ ထိုင်နေတယ်လေ။

ယွီရှောင်ရှောင်က “ရှောင်ယွီအာ မနေ့ညက ပြန်မလာဘူးနော်”

ယွင်ယွီက စိတ်မပါလက်မပါနဲ့ “ငါ့ခင်ပွန်းလောင်းဆီ သွားအိပ်တာ”

“နင့်ခင်ပွန်းလောင်းက မြို့တော်ကပေါ့” ယွီရှောင်ရှောင်က မနေနိုင်ဘဲ ထပ်မေးတော့တယ်။ ယွင်ယွီက ခေါင်းညိတ်ပြီး ဘာမှဆက်မပြောဘူးလေ။ လုံဝမ့်ရင်းကတော့ ယွီယွီ့ခင်ပွန်းလောင်းက ချင်ယွိစွေလားလို့ တအားမေးချင်နေတော့တယ်။

ယွီရှောင်ရှောင်က ဆက်မမေးတော့ပဲ စမ်းသပ်ချက်အကြောင်း ဆက်ပြောတော့တယ်။

ပြောရရင် ဒီတစ်ခါက အကြီးအကဲအကုန် လိုက်မလာဘဲ လုံနျန်စီကပဲ ဟိုရောက်ရင် စမ်းသပ်ချက်ရဲ့စည်းကမ်းတွေ ရှင်းပြဖို့ လိုက်လာတယ်လေ။ ဘတ်စ်ကားက မြို့တော်ကနေထွက်ပြီး ဖူစစ်ရွာဆိုတဲ့ မြို့‌တော်အနားကရွာကို ရောက်သွားတော့တယ်။ ဒီရွာမှာက မိသားစုတစ်စုက လူငယ်တစ်အုပ်ရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတဲ့ဟာလေ။ လင်ယောင်္ကျားက အပိုင်းပိုင်းခုတ်ခံရပြီး မိန်းမက သေတဲ့အထိ စော်ကားခံခဲ့ရတယ်။ ကလေးတောင်မချန်ဘဲ သတ်ခဲ့တာလေ။ သူမပြောတာနဲ့ အားလုံးက အဲ့လူသတ်မှုကိစ္စကို ပြန်သတိရသွားကြတယ်လေ။

ဖြစ်ခဲ့ဝာာက သုံးနှစ်လောက်တော့ ကြာပြီ။

ဘာဖြစ်ခဲ့လဲဆိုတာ ယွင်ယွီက သေချာမသိတော့ ယွီရှောင်ရှောင်က ခပ်တိုးတိုးရှင်းပြတယ်။ “ဒီမှာ လွန်ခဲ့တဲ့သုံးနှစ်လောက်က လူသတ်မှုဖြစ်တာလေ။ လူသတ်သမားက ခြောက်ယောက်။ အသက်သိပ်မကြီးသေးဘူး အကြီးဆုံးက နှစ်ဆယ့်ရှစ် အငယ်ဆုံးက နှစ်ဆယ် သူတို့က ဖူစစ်ရွာက မဟုတ်ဘူး။ ဘေးရွာက သူတို့သုံးစရာ ပြတ်နေတဲ့အချိန် အိမ်တစ်အိမ်ထဲကို ဝင်သွားတာလေ။ အိမ်ရှင်မကလည်း ခပ်လှလှ သူတို့က စိတ်ရိုင်းလည်း ဝင်နေတဲ့အချိန်ဆိုတော့ အိမ်ရှင်ယောက်ျားကို ချုပ်ထားပြီး သူ့ရှေ့မှာတင် သူ့မိန်းမကို စော်ကားတာလေ။ ပြီးတော့ နှစ်နှစ်ပဲရှိသေးတဲ့ ကလေးကိုတောင် သူတို့ရှေ့မှာ သတ်ပစ်တာ။ နောက်ဆုံးကျတော့ အိမ်ရှင်စုံတွဲကိုသတ်ပြိး အိမ်က ရွှေငွေလက်ဝတ်လက်စားအကုန် ယူသွားကြတာလေ”

လုံးဝကို လူသားတွေရဲ့ ယုတ်ညံ့တဲ့ဘက်ခြမ်းဘဲလေ။ ယွင်ယွီ ကြက်သီး ထသွားတော့တယ်။ နားထောင်နေတဲ့လူတွေလည်း မျက်နှာ မကောင်းကြတော့ဘူးလေ။

ယွီရှောင်ရှောင်က ဆက်ပြောတယ်။ “မိသားစုသုံးယောက်က သူတို့မိဘ ဘိုးဘွားတွေနဲ့နေကြတာ။ အိမ်ရှင်ရဲ့မိဘတွေပေါ့။ အမျိုးတစ်ယောက်ရဲ့ လက်ထပ်ပွဲသွားပြီး ညနက်လို့ အဲ့မှာ အိပ်လိုက်ကြတာ။လေ သူတို့ဖြစ်တာလည်းသိရော စိတ်ဖောက်သွားကြတယ်ပြောတယ်”

တစ်ယောက်ယောက်က ရေရွတ်မိတော့တယ်။ “ဆိုးဝါးချက်ပဲ အဲ့လူတွေကိုဖမ်းမိလား”

ယွီရှောင်ရှောင်က “နေရာက စိမ်းတော့ စုံစမ်းရေးက တအား မထိရောက်ဘူး လူသတ်မှုအပြီးမှာ သူတို့ကို အနားက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တွေ့လိုက်ကြရတယ်လေ။ ပြီးတာနဲ့ သုံးနှစ်လုံး ပျောက်နေတာ။ ဆုကြေးတောင် ထုတ်ထားသေးတယ်”

သူမက အဲ့လူသတ်သမားတွေနေရာကို တွက်ချက်ဖူးတယ်လေ။ ထူးထူးဆန်းဆန်း ဘာမှပေါ်မလာလို့ သူမ မှတ်မိနေတာလေ။ ပြောရရင် နောက်ပိုင်း အင်တာနက်ပေါ်မှာ ပြောကြတာက အဲ့လူသတ်သမားထဲက တချို့က တစ္ဆေတွေ သတ်လို့သေပြီတဲ့လေ။

“ဒါဆို ဒီနေ့မေးခွန်းက လူသတ်မှုဖြစ်တဲ့နေရာကို စုံစမ်းပြီး လူသတ်သမားတွေနေရာကို ရှာကြရမှာလား”

“လူသတ်သမားတွေက အိမ်ရှင်နဲ့ အိမ်ရှင်မကို အပိုင်းပိုင်း ခုတ်ဖြတ်ခဲ့တော့ ရဲတွေလာစစ်တဲ့အခါ အလောင်းက အပြည့်အစုံမရှိဘူး။ ပြီးတော့ လူသတ်သမားတွေက အလောင်းရဲ့ အစိတ်အပိုင်းတွေကို ယူသွားကြတော့ လက်ကျန်အလောင်းအစိတ်အပိုင်းတွေကို ရှာမလား လူသတ်သမား ခြောက်ယောက်ကို ရှာမလား ဆိုတာကို ကိုယ့်ဘာသာ ဆုံးဖြတ်ကြပါ”

ယွီရှောင်ရှောင်က “အကြီးအကဲတို့ လူသတ်သမားခြောက်ယောက်နေရာကို တွေ့ရဖို့က မလွယ်ဘူးမလား”

သူတို့က မွေးနေ့သိရင် တွက်ချက်ရုံပဲလေ။ ဒါပေမဲ့ တစ်ခုခုတော့ လွဲနေတယ်။

လုံနျန်စီက “ဟုတ်တယ်။ သူတို့မွေးနေ့တွေက တစ်ခုခုပဲ တွက်ချက်လို့မရဘူး”

58 02

သူမက လူသတ်သမားတွေရဲ့ပုံနဲ့ မွေးသက္ကရာဇ်ကို ပေးလိုက်တော့ အားလုံးက စတွက်ချက်ကြတော့တယ်။ ယွင်ယွီလည်း တွက်ချက်ရင်း မျက်မှောင် ကြုတ်လိုက်မိတယ်။ မွေးသက္ကရာဇ်ကနေ ဘာမှမရသလို ဓာတ်ပုံကို မျက်နှာဖတ်တာကနေလည်း ဘာမှမရဘူးလေ။ ဘယ်လိုမှ သူတို့ကံကြမ္မာကို တွက်ချက်လို့မရဘူး။

သေချာပေါက် လွယ်ကူမဲ့ကိစ္စ မဟုတ်ဘူးလေ။ အားလုံးက တွက်ချက်ကြပြီး ဘာမှမရပြန်ဘူး။ လုံနျန်စီက လူသတ်မှုဖြစ်ထားတဲ့အိမ်ကို ခေါ်သွားတော့ အိမ်ကို ကြည့်ရုံနဲ့တင် သူတို့ကြက်သီးထပြီး ချွေးစေးတွေ ပြန်လာတော့တယ်။ အဲ့အိမ်မှာရှိနေတဲ့လေထုက သာမန်မဟုတ်ဘူးလေ။

လုံနျန်စီက “မင်းတိူ့တွေ အိမ်နေရာသိပြီဆိုတော့ အလောင်းနေရာတွေ ရှာတွေ့အောင် သုံးရက်အချိန်ပေးမယ်။ ဒီအိမ်ဘေးက ဗီလာက ရေမီးအစုံရှိပြီး ရှင်းထားပြီးသား။ အဲ့မှာနေလို့ရတယ်။ တကယ်လို့ လက်လျော့တာ မဟုတ်ရင် အန္တရာယ်ကြုံလို့ လက်လျော့တာမျိုးဆို လက်ကောက်ဝတ်က အချက်ပေးစက်ကို နှိပ်လိုက် ငါနဲ့တခြားအကြီးအကဲတွေ ပြေးလာခဲ့မယ်”

ပြောရရင် ဆွေးနွေးပွဲက အရေးကြီးပေမဲ့ သူတို့အတွက်တော့ ဒီဂျူနီယာလေးတွေက ပိုအရေးကြီးတယ်လေ။ ဒီနှစ်မေးခွန်းက ခက်လွန်းတော့ ဖြေရှင်းနိုင်ဖို့ထက် အတွေ့အကြုံ ရကြဖို့ကိုပဲ သူတိူ့ မျှော်လင့်တယ်လေ။ ဒါပေမဲ့ ထူးချွန်တဲ့တပည့်တစ်ယောက်ယောက်က ဖြေရှင်းနိုင်သွားရင်လည်း တအားတော့ မဆိုးဘူးပေါ့လေ။

လုံနျန်စီက “ကဲနေ့လယ်စာကို ရွာထဲ သွားစားလို့ရတယ်၊။ စစ်ဆေးတဲ့အခါ တစ်ယောက်ထဲ မသွားပါနဲ့။ အစုအဖွဲ့နဲ့ သွားကြပါ”

အားလုံးက လုံနျန်စီ ထွက်သွားတာနဲ့ ရွာထဲဝင်သွားတော့တယ်။ ရွာဆိုပေမဲ့ ခြောက်ကပ်ကပ်မဟုတ်ဘဲ ရှုခင်းအလှတွေ စူပါမားကက် အသေးလေးတွေ စားသောက်ဆိုင်နဲ့ တည်းခိုခန်းတွေရှိတယ်လေ။ လူသတ်မှုမတိုင်ခင်ကဆို ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်ရာ နေရာဖြစ်ခဲ့တာ”

ယွင်ယွီတို့က စားသောက်ဆိုင်တစ်ခုထဲ ဝင်လို့ ဟင်းပွဲတချို့မှာပြီး ဖုန်းထဲကနေ လူသတ်မှုအကြောင်း ရှာလိုက်တဲ့အချိန်မှာပဲ စားသောက်ဆိုင်ထဲကို လူသုံးယောက် ဝင်လာတော့တယ်။

အဲ့ထဲက လူငယ်တစ်ယောက်က ဖုနိးနဲ့ ဗွီဒီယိုရိုက်နေဟန်ရှိပြီး သူ့ပါးစပ်ကနေလည်း “ဖူစစ်ရွာကိူ ကျွန်တော်တို့ ရောက်လာပါပြီ။ နေ့လယ်စာလေး အရင်စားပြီးရင် တည်းခိုခန်းမှာ ခဏနား ညနေကျရင် ရှာဖွေရေးလေး စကြတာပေါ့”

ယွင်ယွီက အကြောင်သားဖြစ်သွားပြီး အဲ့လူကိုကြည့်လိုက်မိတယ်။ ယွီရှောင်ရှောင်က “ဒါက လိုက်ဖ်လွှင့်တဲ့လူတွေလေ ကြည့်ရတာ သူတိူ့က သရဲခြောက်တဲ့နေရာတွေကို လိုက်စူးစမ်းတဲ့အဖွဲ့ ထင်တယ်”

“သတ္တိကောင်းတာပဲ” ယွင်ယွီက ကူရာမဲ့ခါနီးလေးပဲ။

ပြောရရင် တအားမဆိုးတဲ့ဟာတွေ သွားတာဘာမှမဖြစ်ပေမဲ့ တကယ်ဆိူးဆိုးဝါးဝါးခြောက်မဲ့ ဒီလိုနေရာလာရဲတာဆိုတော့ သေမှာကို မကြောက်တတ်တာပဲ။

လုံဝမ့်ရင်းက “ဒီနောက်ပိုင်းက လိုက်ဖ်လွှင့်တာတွေ တအားပေါလာတာလေ။ သူများရှေ့ရောက်ချင်ရင် ထူးခြားတာတစ်ခုခု ပြနိုင်မှရမှာ။ တနေ‌ရာရာကို စူးစမ်းရှာဖွေတာမျိုးကို လူတွေက သိပ်မလုပ်ရဲကြဘူးလေ အရူးလို လျောက်ပြေးနေတာလောက်ပဲလို့ မြင်ကြတာကိုး”

အဲ့လူနာမည်က ကျိူကျန်းတဲ့ သူက ပေါ့ပေါ့ပါးပါးဝတ်ထားပြီး လိုက်ဖ်လွှင့်နေရင်း ယွင်ယွီတို့စားပွဲဖက်ကို ကင်မရာလှည့်သွားပြီးတဲ့နောက် သူက ခဏရပ်သွားပြီး သက်ပြင်းချလို့ သူမတိူ့စားပွဲနား လာပြီး “ကျွန်တော် လိုက်ဖ်လွှင့်နေတော့ ညီမတို့ပုံ ပါသွားပြီး လိုက်ဖ့်ကြည့်နေတဲ့လူတွေက နှုတ်ဆက်ချင်နေကြတယ်။

ပြောရရင် ဖြစ်ချင်စရာပဲလေ။ ယွင်ယွီက နူးညံ့ဟန်ရှိပြီး ယွီရှောင်ရှောင်နဲ့ လုံဝမ့်ရင်းက လှပတယ် စုန့်ချန်းမင်း လုံချီချန်းက ခန့်ညားပြီး လုယွမ်က ကြင်နာတတ်တဲ့ပုံရှိတယ်လေ။

လူအုပ်က ရုးချင်သွားတော့တယ်။

“တအားခန့်ညား တအားလှတာပဲ၊ သူတို့ရော လာစွန့်စားကြတာလား”

ယွင်ယွီက အဲ့မေးခွန်းကို တကယ်အတည်ပေါက်ဖြေတယ်လေ။ “ကျွန်မတို့ စူးစမ်းရှာဖွေဖို့လာတာ မဟုတ်ဘူး” စမ်းသပ်ချက်အတွက်လေ။

“ညီမငယ်က ချစ်စရာလေး”

ယွင်ယွီက အခုအထိ အတည်ပေါက်ကြီးပဲ။ “ချစ်ဖို့ကောင်းတာ မကောင်းတာ အသာထား။ ဒီလိုဟာမျိုးက ခဏခဏ ကြည့်လို့မကောင်းဘူးနော်။ မဟုတ်ရင် ကံတရားကို ထိခိုက်တတ်တယ်၊ ထုတ်လွှင့်သူလည်း ဒီနေ့ည‌ ဒီနေရာကိုရှောင်သင့်တယ်။ မဟုတ်ရင် သွေးထွက်သံယိုဖြစ်လိမ့်မယ်”

လိုက်ဖ်ကြည့်နေတဲ့လူအုပ်က ရယ်ချလာတော့တယ်။

“ညီမလေးက တကယ်ပျော်တတ်တာပဲ။ လိုက်ဖ်မလွှင့်ဘူးလား။ ငါ တကယ်ကြည့်ချင်မိတယ်”

58 03

တချို့လူတွေက မကောင်းပြောကြပြန်တယ်။

“နင်လည်း လိုက်ဖ်လွှင့်မဲ့ပုံပဲကို။ ငါတို့ဟွမ်ရှောင်ကို လာဖယ်ထုတ်ချင်နေတာ”

“ကန်းနေလား ဘာမှကောင်းတာလဲ မဟုတ်ပဲနဲ့။ ငါ့လို ယန်မေ့ယွီဖိနပ်တောင် မစီးဘဲ သူ့ကို သိုးလေးလို့ ခေါ်နေတာပဲ”

“ယန်မေ့ယွီရဲ့ ဦးနှောက်သေနေတဲ့ဖန်တွေ လာပြန်ပြီလား။ နင်တို့ကို ဘယ်သူမှမလိုချင်ဘူး လှိမ့်လိုက်တော့”

ထုတ်လွှင့်သူဖြစ်တဲ့ ဟွမ်ရှောင်က ရှက်သွားပြီး ဖုန်းကိုရွှေ့လို့ “တောင်းပန်ပါတယ် အဲ့လိုဖြစ်မယ် မထင်ထားလို့ပါ။ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဆောင် သွားတောင်းလိုက်ပါ့မယ်”

ဟွမ်ရှောင်ရဲ့ နာမည်အရင်းက ဟွမ်ရှန်းလေ သူကကောလိပ်ကဘွဲ့ရပေမဲ့ သူ့လစာက နည်းလွန်ပြီး မိသားစုကိုမထောက်ပံ့နိုင်ဘူးလေ။ သူက ပိုက်ဆံရလိုရညားနဲ့ လိုက်ဖ်လွှင့်ပေမဲ့ သူက ရုပ်ရည်မရှိဘူးကိုး။ သူကိုယ်တိုင်က ဘာသာမဲ့ဖြစ်ပြီး သရဲတစ္တေလည်း သိပ်မကြောက်တတ်တော့ ဒီနည်းနဲ့ အောင်မြင်လာခဲ့တယ်လေ။

လူငယ်တစ်အုပ်နဲ့အတိုးမှာ အဲ့လိုအပြောခံရမယ်လို့ မထင်ထားခဲ့ဘူးလေ။

သူက တောင်းပန်ပြီးထွက်သွားတော့ သူ့နားက ကောင်မလေးက

“ဘာလို့ သွားတောင်းပန်နေတာလဲ သူက ကျိန်ဆဲနေတာကို” ဒါကတော့ ဟွမ်ရှန်းရဲ့ကောင်မလေးလေ။ နောက်ထပ် ပါလာတဲ့လူကတော့ သူ့ညီအစ်ကိုပေါ့ နည်းနည်းခန့်ညားဟန်ရှိတယ်လေ။

ယွင်ယွီက ကောင်မလေးမျက်နှာနဲ့ အပိုပါလာတဲ့လူမျက်နှာကို ကြည့်ပြီး သက်ပြင်းချမိတော့တယ်။

ဟွမ်ရှန်းက လိုက်ဖ်ကြည့်နေတဲ့လူတွေကို နှုတ်ဆက်ပြီး ထမင်းစားလိုက်တယ်။ ခဏနေ လိုက်ဖ်ထပ်လွှင့်ရဦးမယ်လေ။

******

All Chapters