← Chapters

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

Vol. 6 Ch. 60

60 01

အပိုင်း (၆၀)

ဟွမ်ရှန်းက တံခါးကိုကြည့်ရင်း သက်ပြင်းချလိုက်တယ်။ ဒီလောက် ထင်းနေအောင် မြင်နေရတာကို သူက အသက်ပြင်းပြင်းရှုလို့ တံခါးကနေ ထွက်လိုက်တဲ့အချိန်မှာ သူ့ရှေ့မှာ ဖောက်မြင်ရတဲ့ တံခါးတစ်ခုခု ရှိနေသလိုမျိုး သူ ထွက်လို့ မရတော့ဘူး။

ဟွမ်ရှန်းမျက်နှာက မည်းသွားတယ်။ “ဘ ဘာဖြစ်တာလဲ ဘာလို့ငါက ထွက်မရတာလဲ”

“ဒီထုတ်လွှင့်သူ သရုပ်ဆောင်စကေးက ကြွတ်ဆင်ကြီးဟ ဟိုညီမလှလှလေးက သူ့တွဲဘက်ဖြစ်ရမယ် ဒီလိုသရုပ်ဆောင်နိုင်တာ တကယ်မဆိုးဘူး”

“သောက်ရမ်းလန်းသဟ ဒါမျိုးသရုပ်ဆောင်ချက်နဲ့ဆ်ု တကယ်မဟုတ်တောင် ကြည့်ရတာ အမှတ်ပိုပေးချင်သွာစပြီ”

ကြည့်ရှုသူတွေ ပွဲကျနေပေမဲ့ ယွီရှောင်ရှောင်နဲ့ စုန့်ချန်းမင်းကတော့ မျက်နှာ သိပိမကောင်းတော့ဘူး။ စုန့်ချန်းမင်းက ဟွမ်ရှန်းလုပ်သလိူ တံခါးနေရာကို ဖြတ်သွားဖို့ကြိုးစားပေမဲ့ သူ ဘယ်‌လောက်အားထည့်ထည့် ဘာမှပြောင်းမသွားဘူးလေ။

ကြည့်ရှုသူတွေက ရယ်နေကြတုန်း “ဒီအုပ်စုသရုပ်ဆောင်ချက်က ကောင်းသဟ အစကတည်းက မကြည့်ရင် တကယ်ယုံသွားလောက်တယ်”

သူတိူ့ရယ်နေကြပေမဲ့ ဟွမ်ရှန်းက သွေးပျက်နေပြီး စုန့်ချန်းမင်းက ဒီအခြေအနေ မကြုံဖူးတဲ့အတွက် လန့်နေတယ်လေ။ သူ ထပ်ခါထပ်ခါကြိုးစားပေမဲ့ မထွက်နိုင်ခဲ့ဘူးလေ။

အဲ့အခြေအနေကို လိုက်ဖ်ကနေ ကြည့်နေရတဲ့အုပ်စုက အခုမှာတော့ လန့်လာပြီလေ။ “နေစမ်းပါဦး သူတိူ့ တကယ်ထွက်မရနေရင်ရော”

“ကြောက်စရာကြီးဟ”

ချန်းဝမ်ရုက “ငါတို့ ဘာဆက်လုပ်ကြမလဲ”

ယွင်ယွီက မျက်မှောင် ကြုတ်လိုက်တယ်။ ဒီလောက်ဖြစ်နေတာတောင် သူမ ဘာမှမမြင်ရဘူးလေ။

ဟွမ်ရှန်းက စိတ်မရှည်နိုင်လောက်အောင် လန့်နေပြီလေ။ သူက ‌သူ့ဖုန်းကို ကြိုးနဲ့ လည်ပင်းမှာ ချိတ်ဆွဲလိုက်တယ်။ ပြီးတာနဲ့ အရှိန်နဲ့ တံခါးဆီကို ပြေးသွားတော့တယ်။

“ဟေ့”

ယွင်ယွီကတားချင်ပေမဲ့ သူမနဲ့ ဟွမ်ရှန်းက ဝေးလွန်းနေတယ်လေ။ ဟွမ်ရှန်းက *မမြင်ရတဲ့တံခါး* ကိုသွားဝင်တိုက်ပြီး ပြန်ထွက်လာတေယ့ ကြမ်းပြင်ကို လက်နဲ့ပါ ထောက်လိုက်မိတယ်လေ။ ဂျွတ်ကနဲအသံနဲ့အတူ သူ့ငိုသံက ထွက်လာတော့တယ်။ သေချာပေါက်ကို လက်ကတစ်ချက်ထဲကျိုးသွားတာလေ။ ဝင်တိုက်တဲ့အရှိန်နဲ့ နှဖူးပေါက်တာလေးပါအဆစ်ပါသေး။

“ထုတ်လွှင့်သူ ဘာဖြစ်တာလဲ”

“အမေကယ်ပါ ငါ မကြည့်ရဲတော့ဘူး”

ကြည့်ရှူသူတွေက ပြောနေကြတုန်းရှိသေးတယ်လေ။ ချန်းဝမ်ရုက “ငါတို့ ရဲဖြစ်ဖြစ် အရေးပေါ်ကားဖြစ်ဖြစ် ခေါ်သင့်တယ်နော်”

သူမက ဖုန်းထုတ်ကြည့်တော့ ဘာဖုန်းလိုင်းမှ မိမနေဘူးလေ။ “ဖုန်းလိုင်းမရှိဘူး” မဖြစ်နိုင်တာပဲ။ ဟွမ်ရှန်းက အခူအထိ ထုတ်လွှင့်နေတုန်းလေ။

အကုန်းလုံးက ဖုန်းတွေကြည့်လိုက်ကြပြီး အရေးပေါ်ဖုန်းရော ရိုးရိုးဖုန်းရော ခေါ်ဆိုလို့မရတော့တာ မြင်လိုက်ရတယ်လေ။

“အဲ့လူ ဘယ်လိုလုပ် လိုက်ဖ်ဆက်လွှင့်နေတာလဲ”

ယွင်ယွီက ကြမ်းပြင်ပေါ် လဲနေတဲ့ ဟွမ်ရှန်းပိုဆွဲထူပြီး ကျိုးနေတဲ့လက်မောင်းကို မထိအောင် ဂရုစိုက်ရင်း ခေါင်းက သွေးကို သုတ်ပေးလိုက်တယ်။ ပြီးတော့ သူမက ဖုန်းကိုကောက်ပြီး ကြည့်ရှုသူတွေကို

“မင်္ဂလာပါ အခုအခြေအနေကတော့ သိပိမကောင်းဘူး။ ဒီထဲက အစီအရင်တစ်ခုကြောင့် ငါတို့ဖုန်းတွေက ဆက်သွယ်မရတော့ဘူး။ ဒီလိုက်ဖ်ကို ဆက်ကြည့်လို့ရနေတာက အစီအရင် ယိုပေါက်တစ်ခုခုကြောင့် ဖြစ်မယ်ထင်တာပဲ။ ဒီလိုက်ဖ်ကိုပိတ်ရင် ပြန်ဝင်ကြည့်လို့ရမှာ မဟုတ်တော့ဘူး။ အဲတော့ အကူအညီပေးတဲ့အနေနဲ့ ရဲ ဒါမှမဟုတ် အရေးပေါ်ကားကို ဆက်သွယ်ပေးပါ။ ပြီးရင်တော့ ကောင်းကောင်း အိပ်လိုက်ကြပါတော့”

တချို့က စမ်းသပိတဲ့အနေနဲ့ တစ်မိနစ်အတွင်း ပြန်ပေါ်မလာရင် လိုက်ဖ် ဝင်ကြည့်လိူ့မရတော့လိူ့ဆိုပြီး ပြောရင်း ထွက်သွားကြတယ်။ နောက်ဆုံးမှာ သူတို့က လိုက်ဖ်ကြည့်ရှုသူအရေအတွက်က ကျနေပြီး တိုးမလာတာကို သတိထားမိသွားကြတော့တယ်။

ယွင်ယွီက ဖုန်းကို ဟွမ်ရှန်းဆီ ပြန်ပေးလိုက်တော့ ဟွမ်ရှန်းက “လိုက်ဖ်ကို ပိတ်လိုက်တော့မယ်၊ ဆိုးဝါးလွန်းတယ် မကြည့်ကြနဲ့”

60 02

ဒါပေမဲ့ ကြည့်ရှုသူတွေက မပိတ်ဖို့ တောင်းပန်နေကြတော့တယ်။ ယွီရှောင်ရှောင်က မျက်လုံးလှိမ့်ရင်း ဒီသေလမ်းရှာတစ်အုပ်စုကို မနိုင်ကြောင်း တွေးမိတော့တယ်။

ယွင်ယွီက ကြည့်ရှုသူတွေကို ဂရုမစိုက်တော့ဘဲ “အခုက အပြင်ကိုထွက်မရ အပြင်ကလည်း အထဲကို ဝင်မရတဲ့အခြေအနေဖြစ်နေပြီ။ အကြီးအကဲတွေကို အကြောင်းကြားမလား”

လုံမောင်နှမက “လူတွေ အများကြီးရှိတာပဲ တစ်ခုခု အရင်ကြိုးစားကြည့်ရအောင်”

ယွင်ယွီလည်း အလွယ်တကူ အရှုံးမပေးချင်တော့

“လုပ်ကြတာပေါ့” ယွင်ယွီက သာမန်လူဖြစ်တဲ့ ဟွမ်ရှန်းကို တွေးမိပြီး သူ့ကိုကာကွယ်နိုငိအောင် အဆောင်တွေ လက်ထဲထိူထည့်ရင်း “ဒီမှာငြိမ်ငြိမ်နေ တစ်ခုခု မကောင်းတာ ကပ်လာရင် ဒီအဆောင်နဲ့ တွေ့ကရာနေရာကိုသာရိုက်ပစ်”

ဟွမ်ရှန်းက လုံးဝကြောင်အနေပြီလေ။ ဒီလူတွေက စွန့်စားနေတဲ့ တက်ကြွလူငယ်လေးတွေ မဟုတ်ရင် ဘာတွေလဲ။

ယွင်ယွီက ဟင်းရိုင်းနဲ့ အခန်းအလယ်မှာ သင်္ကေတတွေ ရေးဆွဲရင်း “မိုးဟာ ကြည်လင်သလို မြေဟာ ဝိဉာဉ်တွေ ပေါများတယ်။ ယင်နဲ့ယန်မွေးဖွားတဲ့အခါ ရေမှာ ဝိဉာဉ်ဟာ သရုပ်သကန်ပြသလို ထင်ပေါ်တယ်။ ယခု မိုးမြေကို တိုင်တည်လို့ ငါ အမိန့်ပေးတယ် မူလသဏ္ဍာန်ပေါ်ထွက်စေ။ မူလသဏ္ဍာန်ပေါ်ထွက်စေ မူလသဏ္ဍာန် ပေါ်ထွက်စေ ဥပဒေသများ ပေါ်ထွက်စေ ပွင့်စမ်း”

နောက်ဆုံးစုတ်ချက်နဲ့အတူ အစီအရင်ကြီးက ကြမ်းပေါ်မှာပေါ်လာပြီး အခန်းအပြည့်တစ္ဆေတွေကို မြင်လိုက်ရတော့တယ်။

“ချီးပဲ” စုန့်ချန်းမင်း ဆဲရေမိတော့တယ်။ ယွီယွီ့မန္တာန်က လောကနှစ်ခုကြား အတားအဆီးကို ချိုးဖျက်လိုက်ူလိုမျိုး ဟွန်ရှန်းလို သာမန်လူပါမချန်ဘဲ အကုန်လုံးကို ယာယီ ယင်ယန်မျက်လုံး ပွင့်သွားစေတယ်လေ။

ဟွမ်ရှန်းခမျာ ကြောက်လွန်းလို့ ဆီးပါ ထွက်ကျတော့တယ်။ ဒါပေမဲ့ အခုက တစ္ဆေတွေပဲ ပေါ်လာတာမဟုတ်ပဲ ဒါဇင်ချီနေတဲ့ အပုတ်နံ့လှိုင်လှိုင်ထနေတဲ့ အလောင်းပုံကြီးပါ ပေါ်လာတယ်လေ။

လိုက်ဖ်ကြည့်ရှုသူတွေက တအားကြောက်သွားတော့တယ်။ “အား ငိုး ချီးတဲ့မှ အား အား” ဆိုတဲ့အသံတွေ ညံသွားတယ်လေ။

“ဒီလူတွေက လျောက်စွန့်စားနေတဲ့လူတွေမှ မဟုတ်ဘဲ ဆရာသခင်တွေပဲ။ အရိုးပုံကြီးက ဘွားကနဲပေါ်လာတာ”

ပြောရရင် တစ္ဆေတွေကို သူတို့မမြင်ရတော့ အရိုးပုံကြီးပေါ်လာတာပဲ သိလိုက်တယ်လေ။ အဲ့အခန်းထဲမှာ ရာချီနေတဲ့ တစ္ဆေတွေရှိနေတာ ဘယ်လိုလုပ် မြင်ရမှာလဲ။ ဒီအခြေအနေကြောင့် တော်တော်များများက ရုတ်တရက် ထွက်သွားကြပြီး ပြန်ဝင်ချင်တဲ့အချိန်မှာတော့ လိုက်ဖ်အခန်းကို ရှာမတွေ့တော့ဘူးလေ။

တခြားလူတွေလနိ့နေကြပေမဲ့ ယွင်ယွီကတော့ အခြေအနေကိုမြင်ရပြီမလိူ့ ဖြေရှင်းဖို့ မခက်တော့ကြောင်းတွေးရင်း သက်ပြင်း ချမိတော့တယ်။ ပြောရရင် အခန်းပတ်ပတ်လည်မှာ ဒီတစ္ဆေဝိဉာဉ်တွေကို ပိတ်ထားတဲ့ သံကြိုးအစီအရင် ရှိတာကို တွေ့လိုက်ရတယ်လေ။

ယွင်ယွီက “ဝိဉာဉ်ချုပ်ကြိုးရှိနေတယ်” ပြောရရင် ဒီနည်းစနစ်က ပျောက်ကွယ် သွားသင့်နေပြီလေ။

“ဘာ” စုန့်ချန်းမင်းက ယွင်ယွီကြည့်တဲ့နေရာကို လိုက်ကြည့်ပြီး သံကြိုးလေးကို တွေ့သွားတော့တယ်။ “ဝိဉာဉ်ချုပ်ကြိုးဆိုတာ ဘာကြီးလဲ”

ယွင်ယွီပြန်မဖြေခငိမှာ တစ္ဆေတွေက သူမတို့ကိုတွေ့သွားပြီး အလုံးအရင်းနဲ့ ဝငိလာတော့တယ်လေ။

ယွင်ယွီက ဘာမှမပြောပဲ မိုးကြိုးငါးသွယ်အဆောင်နဲ့ အနီးဆုံးက တစ္ဆေကိုရိုက်လိုက်တော့ အဲ့တစ္ဆေက နှစ်ပိုင်း ကွဲသွားတော့တယ်။ ဒါပေမဲ့ အဲ့နှစ်ပိုင်းကို ရုတ်တရက် ပေါ်လာတဲ့ တစ္ဆေငယ်တစ်‌ကောင်က အမြန်ဝါးမျိုလိုက်တော့တယ်”

“သောက်ကျိုးနည်း”

အကုန်လန့်သွားတဲ့အချိန်မှာ အဲ့တစ္ဆေလေးက သူတို့ကို စိုက်ကြည့်လာတော့တယ်။ အဲ့ကလေးတစ္ဆေလူ‌ကောင်အရဆို နှစ်နှစိသားပဲရှိဦးမှာဆိုပေမဲ့ သူ့ကလေးမျက်နှာမှာ အစွယ်နဲ့ ကြမ်းပေါ် လေးဖက် ထောက်နေတာက လန့်စရာကောင်းနေစေတယ်လေ။

ဟွမ်ရှန်းက သူ့ဖုန်းကို ထိဖို့ ကြိုးစားလိုက်တယ်။ ပြောရရင် ကြည့်ရှုသူတွေက ဒီဟာကြီးကို အတင်းကြည့်ဖို့ ဖိအားပေးခံရသလိုဖြစ်နေပြီး နောက်ဆုံး ဟွမ်ရှန်းဖုန်း ပေါက်ကွဲသွားမှ ရပ်တော့တယ်။

ယွင်ယွီတို့က အစွယ်နဲ့ကလေးတစ္ဆေကို ကြည့်နေကြတယ်။

“ဒီသောက်ဟာလေးက ဒီမှာ ဘာလာလုပ်နေတာလား”

60 03

တစ္ဆေက အသံတစ်ခုလုပ်ပြီး ပါးစပ်ဟတာနဲ့ ယွင်ယွီကအဆောင်ကို မဖြစ်နိုင်တဲ့ အမြန်နှုန်းနဲ့ ပစ်လွှတ်လိုက်တော့တယ်။ မိုးကြိးငါးသွယ်အဆောင်ထိတော့ အဲ့တစ္ဆေက နာကျင်တဲ့အသံ ထွက်လာတော့တယ်။ တစ္ဆေကို နှစ်ခြမ်းပိုင်းသွားစေတဲ့အဆောင်က ဒီကောင့်ကို နာတယ်ဆိုရုံလေးပဲ နာအောင် လုပ်နိုင်တယ်လေ။

တစ္ဆေတွေ အဝိုင်းခံရတော့ သူတို့က ဝူလေ့ဖူနဲ့ ကျန်းရှဲ့ဖူလိုအဆောင်တွေနဲ့တွေ့ပြီး အပိုင်းပိုင်း ပြတ်သွားတော့တယ်။ တစ္ဆေပေါက်စက ရှိသမျှ အပိုင်းပိုင်းဖြစ်သွားတဲ့ တစ္ဆေတွေကို ဝါမျိုချင်တယ်လေ။ ဒါပေမဲ့ ယွင်ယွီက “သွားစမ်း”

မိုးကြိုးငါးသွယ်အဆောင် ထပ်ထိသွားတဲ့ တစ္ဆေလေးဆီကနေ အသံထွက်လာတော့ အခန်းထောင့်ကနေ တစ္ဆေနှစ်ကောင်က ပြေးထွက်လာပြီး တစ္ဆေလေးကိူ ပွေ့ပြီး ကာကွယ်လိုက်တယ်။ ယွင်ယွီက မနေနိုင်တော့ဘဲ

“ဒါက မိသားစုသုံးယောက်နဲ့တူတယ်”

ယွီရှောင်ရှောင်က “ဒါအိမ်ရှင်မိသားစု မဟုတ်ဘူးလား”

“ဘာဖြစ်ကုန်တာလဲ”

ယွင်ယွီက “ကြည့်ရတာ လူသတ်မှုပြီးတော့ ဒီလူတွေ အလောင်းတွေကို ဒီမြေအောက်ခန်းထဲ ဆွဲသွင်းပြီး အစီအရင်လုပ်ခဲ့တာ ထင်တယ်”

လုံဝမ့်ရင်းက “အဲ့လိုဆိုလည်း တစ်နေကုန် လူတွေရှာနေတာ ဘာမှမတွေ့ဘဲ ဘာလို့ ငါတို့ကျမှ ပိတ်မိရတာလဲ”

ယွင်ယွီက “ညခုနှစ်နာရီကနေ မနက်ခုနှစ်နာရီကြားက ယန်အားနည်းပြီး ယင်ထကြွတဲ့အချိန်လေ။ ဒီအစီအရင်က အဲ့အချိန်မှာမှစပြီး လူတွေကို တစ္ဆေတွေ စားသွားအောင် လုပ်ထားရင်ရော”

ဝိဉာဉ်ချုပ်ကြိုးက လူတွေရဲ့ဝိဉာဉ်ကိုကျွေးပြီး တစ္ဆေမွေးတာပဲလေ။

စုန့်ချန်းမင်းက “ကလေးတစ္ဆေမွေးဖို့ကို ဒီလောက် ရက်စက်စရာ လိုလို့လား”

ယွင်ယွီက ခေါင်းခါရင်း “မပြောတတ်ဘူး သာမန်တစ္ဆေမွေးတာ မဟုတ်တာတော့ သေချာတယ်”

သူမက လမ်းမှန်ရုပ်လွန်ပညာရှငိဆိုတော့ လမ်းလွဲသမားတွေအကြောင်း ခရေစေ့တွင်းကျ မသိဘူးလေ။ ဒီကြိုးအကြောင်းကတောင် သူမရဲ့ အရင်ဘဝက ဆရာပြောတာ ကြားဖူးလို့ သိတာကိုး။

“ဘာဆက်လုပ်မလဲ”

“တစ္ဆေတွေအကုန်သတ်မယ်။ ဆက်ထားလဲ မထူးဘူး။ ကျွတ်အောင် လုပ်လို့မရတော့ဘူး”

ယွင်ယွီက လုယွမ်က မက်မွန်သားဓားကို သယ်ထားတာတွေ့တော့ သူ့ကို “အစ်ကိုလု မက်မွန်သားဓားလေး ငှားပေး”

လုယွမ်ကလည်း ယွင်ယွီနဲ့စာရင် သူက ဓားအစွမ်းကို အသုံးမချနိုင်မှန်းသိတော့ တန်းပေးလိုက်တော့တယ်။

ယွင်ယွီက လက်ကိုကိုက်ဖောက်ပြီး သူမရဲ့ ဝိဉာဉ်စမ်းရေရောနေတဲ့သွေးနဲ့ ဓားပေါ်ကို သုတ်လိမ်းလိုက်ပြီး။ အနားက တစ္ဆေကို ပိုင်းဖြတ်လိုက်တော့တယ်။ တ‌စ္ဆေလေးက ဝါးမျိုဖို့ အပြေးလာပေမဲ့ သူမက ဓားနဲ့ ထိုးပစိလိုက်တယ်။ တစ္ဆေလေးက ရှောင်ပေမဲ့ ခါးကို ပိုင်းမိသွားသေးတယ်လေ။

တခြားလူတွေက ‌တစ္ဆေအုပ်ကြီးနဲ့ရင်ဆိုင်ရင်း အဆောင်တွေ ကုန်တော့မဲ့အချိန်မှာ သူမက မလိုအပ်တော့တဲ့ ကျောပိုးအိတ်တစ်လုံးစာ အဆောင်တစ်ထပ်ကြီးကို ပေးပစ်လိုက်တော့တယ်။

ယွင်ယွီက မက်မွန်သားဓားနဲ့ သူ့ကို ထိခိုက်အောင်လုပ်နိုင်မှန်း သိတော့ တစ္ဆေလေးက ယွီယွီ့ကို ရှောင်တော့တယ်။ တခါတလေ တခြားတစ္ဆေတွေကိုတောင် ဒိုင်းလို အသုံးချသေးတယ်။

နောက်ဆုံးမှာ ထောင့်ကိုကပ်သွားရပြီး သူ့မိဘတွေကို အော်ခေါ်တော့တယ်။ ယွင်ယွီက သူမရှေ့ရောက်လာတဲ့ မိဘတစ္ဆေတွေကို သနားမနေဘဲ ခုတ်ပိုင်းလိုက်တော့တယ်။ သူမက အသတ်ခံရတဲ့ လင်မယားကို သနားပေမဲ့ အခုတစ္ဆေတွေက သူတိူ့ မဟုတ်တော့ဘူးလေ။

တစ္ဆေနှစ်ကောငိသေတာနဲ့ တစ္ဆေလေးက အော်ဟစ်ပြီး ယွီယွီ့ရဲ့ လက်ရှိအားအနည်းဆူံအပိုင်းဖြစ်တဲ့ သူမဗိုက်ထဲက သန္ဓေသားကို ပစ်မှတိထား တိုက်ခိုက်လာတော့တယ်။ ယွင်ယွီကလည်း ဓားပေါ်မှာ သွေးနဲ့ သင်္ကေတရေးနေရင်း သူမဆီ ပစ်လွှင့်လာတဲ့တစ္ဆေကို ကန်ထုတ်ရင်း ဓားကို တစ္ဆေရဲ့ ရင်ဘတ်ထဲစိုက်ချရင်း တစ္ဆေလေးကိူ မီးခိုးအမည်းတစ်စုအဖြစ် ပျောက်ကွယ်သွားစေတယ်လေ။

အဲ့နောက်မှာတော့ တစ္ဆေမကုန်ရင် မန္တာန်ပျက်မှာ မဟုတ်တဲ့အတွက် အခန်းထဲက တစ္တေတွေကို ယွင်ယွီ စကိစ္စတုံးတော့တယ်။

******

All Chapters