← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

62 01

အပိုင်း (၆၂)

ရင်ဖိုစရာညအပြီးမှာတော့ အားလုံးက ည ဆယ့်နှစ်နာရီမှာ ဝင်အိပ်ကြတော့တယခ။ ယွင်ယွီကတော့ ချင်ယွိစွေကို ဖြစ်ကြောင်းကုန်စင် ပြန်ပြောနေတယ်လေ။

“ဝိဉာဉ်လှောင်ကြိုးကို ဘယ်သူလုပ်လဲမသိတော့ နောက်ကွယ်ကလူကို မသိခဲ့ရဘူးလေ။ အဲ့လိုမကောင်းတဲ့ဟာကို ဘယ်လိုလုပ်ရမလဲ ကျွန်မ မသိဘူး။ ထန်းလောင်ကတော့ အချိန်ခုနှစ်ရက်ကြာအောင် နေပြရတာလိုမျိုးပါတယ် ပြောတယ်”

သူမက စကားပြောနေရင်း အိပ်ပျော်သွားတော့တယ်။ သူမအိပ်ပျော်ခါနီးမှာ ချင်ယွိစွေပြောတာကို ကြားလိုက်ရတယ်လေ။ “ကောင်းသောညပါ”

။

ဟွမ်ရှန်းက သူ့ကောင်မလေး သူ့အပေါ် ဖောက်ပြန်နေတာကို သိလိုက်တဲ့နောက် နေလို့သိပ်မကောင်းပေမဲ့ ဆေးရုံရောက်တော့ သူ့ကျိုးတဲ့လက်ကို ကျောက်ပတ်တီးစည်း ခေါင်းပေါက်တာ ပြန်ချုပ်ရပြီးတဲ့နောက်မှာ ညဆယ့်တစ်နာရီ ခွဲသွားပြီလေ။ သူ ဆေးရုံက ထွက်လာတော့ သူ့ကြည့်ရှုသူတွေ စိတ်ပူနေမှာ စိုးရိမ်တာနဲ့ ဝေ့ပေါ်မှာ

“အသက်ရှင်ခဲ့ပြီ ရက်နည်းနည်းလောက် လိုက်ဖ်လွှင့်တာနားဦးမယ်။ ကျွန်တော့်နဲ့ မြေအောက်ခန်းထဲကို လိုက်ဖ်နဲ့အတူဝင်ခဲ့တဲ့ ကြည့်ရှုသူတွေ ကံညံ့မှာစိုးလို့ တာအိုကျောင်းကို တစ်ခါသွားသင့်တယ်နော်”

သူ့သတင်းကိုစောင့်နေတဲ့လူတွေက ချက်ချင်းရောက်လာကြတော့တယ်။

“ဟွမ်ရှောင်ပြန်လာပြီ မင်းကိုတကယ်စိုးရိမ်သွားတာ ငါလိုက်ဖ်ကနေထွက်ပြီးတော့ လုံးဝပြန်ဝင်မရတော့ဘူးလေ”

“ပြန်ရောက်လာတာ ကောင်းလိုက်တာ။ နောက်ဆို ဘာကိုလိုက်ဖ်လွှင့်လွှင့် ငါတို့ အားပေးမယ်”

“အဲ့မြေအောက်ခန်းထဲ ဖြစ်ခဲ့တာတွေက တကယ်လား”

ဟွမ်ရှန်းက ယွင်ယွီပြောခဲ့တာတွေပြန်တွေးပြီး သူ့ကောင်မလေး ဖေးယွီလုနေတဲ့နေရာကို သွားလိုက်တော့တယ်။ သူက အခု ကျင်းရှန်နဲ့နေနေပြီး သူတို့ တစ်မြို့တည်းသား ငယ်သူငယ်ချင်းတွေလို့ ပြောလို့ရတယ်လေ။

ဖေးယွီလုနဲ့သူက အတူမနေပဲ သက်သက်စီနေတယ်လေ။ သူတိူ့က အရင်ကတည်းက အတန်းဖော်တွေဖြစ်ပြီး သူဘွဲ့ရပြီးတဲ့နောက် လိုက်ဖ်လွှင့်တဲ့အချိန်ကစပြီး တွဲခဲ့ကြတယ်လေ။ ဖေးယွီလုက သူ့ဆီကနေ နေစားရိတ်နဲ့ အိမ်ငှားခတော့ တောင်းတတ်တယ်။

တစ်လမ်းလုံးဟွမ်ရှန်းက ယွင်ယွီပြောတာ မှားပါစေလို့ ဆုတောင်းလာခဲ့တယ်။ သူ ဖေးယွီလုအိမ်ရှေ့ ရောက်တဲ့အချိန်မှာပဲ ဖေးယွီလုဆီကနေ မက်ဆေ့တစ်စောင် ဝင်လာတော့တယ်။

“အားရှန်း လိုက်ဖ်ကပြီးပြီလား ဘယ်အချိန်ပြန်လာမှာလဲ”

“ကိုယ်အခုပဲ မင်းအိမ်ရှေ့ရောက်နေတာ”

“အားရှန်း ကျွန်မသူငယ်ချင်းတွေနဲ့ ဘားရောက်နေတာ ဒီညတော့ အိမ်ပဲ ပြန်အိပ်လိုက်ပါလား”

ဟွမ်ရှန်းက မက်ဆေ့ကိုကြည့်ပြီး တကယ်ငိုချင်သွားတယ်။ သူက ချောင်းကြည့်ပေါက်ကနေ မမြင်ရအောင် တံခါးကနေခွာပြီး ဆောင့်ကြောင့်ထိုင်ချပြီး စောင့်နေလိုက်တယ်။

ခဏကြာတော့ ခြေသံနဲ့ တံခါးဖွင့်သံနဲ့အတူ ဖေးယွီလုအသံကို ကြားရတော့တယ်။

“ကျွန်မ တကယ်လန့်သွားတာ။ နောက်တစ်ခါ ဒီမလာနဲ့၊ သူသိသွားရင် ဘယ်လိုလုပ်မလဲ”

ကျင်းရှန်က ရယ်ရင်း “သူလား သိသွားမှာ အဲ့လဒူကောင်သာ သိနိုင်မယ်ဆိုရင် ငါ.....”

သူ့အသံက ဆောင့်ကြောင့်ထိုင်နေတဲ့ ဟွမ်ရှန်းကိုအမြင်မှာ ရပ်သွားတော့တယ်။

ဖေးယွီလုက ဟွမ်ရှန်းကို မြင်တော့ ကြောက်လန့်တကြားနဲ့ “ရှင်ပြန်သွားပြီမဟုတ်ဘူးလား”

ဟွမ်ရှန်းက ရယ်ရင်း “မင်းကရော ဘားမှာမဟုတ်ဘူးလား”

ကျင်းရှန်က ပြာပြာသလဲနဲ့ “အားရှန်း ငါရှင်းပြမယ်”

သူ့စကားမဆုံးခင်မှာတင် ဟွမ်ရှန်းက သူ့ကို ထိုးကြိတ်တော့တယ်။ ပြီးတာနဲ့ အိမ်ထဲဝင်သွားပြီး ဖေးယွီလုရဲ့ပစ္စည်းတွေကို အကုန်ပစ်ထုတ်တော့တယ်။ သူမက “ဟွမ်ရှန်း ရှင် ဘာလုပ်နေတာလဲ”

“_ီး” ဟွမ်ရှန်းဆဲတော့တယ်။ “ငါ ဘာလုပ်ရမှာလဲ ငါငှားထားတဲ့အိမ်ကနေ ငါမလိုတဲ့လူကို နှင်ချတာပေါ့၊ လှိမ့်လိုက်တော့မြန်မြန်”

သူ့ကို ဖောက်ပြန်နေတဲ့လူကို ဒီမှာထားရလောက်တဲ့အထိ သူမရူးဘူးလေ။

“နင် လူမဟုတ်ဘူးဘဲ” ဖေးယွီလုက ဆဲတော့တယ်။ ဒါပေမဲ့ ဟွမ်ရှန်းက ဘာမှမပြောတော့ဘူး။ ညသန်းခေါင်ကြီး ဆူဆူညံညံလုပ်ပြီး သူမရဲ့ မကောင်းတဲ့ဟာကို မိမှာကြောက်တော့ ဖေးယွီလု တိတ်သွားတော့တယ်။ သူမက သူမပစ္စည်းတွေကိုယူရင်း “အားရှန် ရှင့်ဆီပဲ လိုက်နေတော့မယ် ဟွမ်ရှန်းမှာ လူစိတ်မရှိဘူး”

62 02

“ဘယ်မှာနေမယ်” ဟွမ်ရှန်းက မေးလိုက်တယ်။ “အဲ့နေရာလည်း ငါ ငှားထားတာနော် ဆက်အနှောက်အယှက် ပေးနေရင် လူထုသိအောင် ငါ ဖော်ထုတ်ရလိမ့်မယ်”

ဖောက်ပြန်တဲ့အတွဲက ဘာမှမပြောရဲတော့ဘူး။

ဟွမ်ရှန်းက အဲ့အခန်းကို ပိတ်ခဲ့ပြီး သူလက်ရှိနေနေတဲ့နေရာကို ပြန်လာတော့တယ်။ ကျင်းရှန်က ပစ္စည်းတွေသိမ်းပြီး ဖေးယွီလုကို ဟော်တယ်ကို ခေါ်သွားတော့တယ်။

ဟွမ်ရှန်းက အခန်းထဲရောက်လို့ ခေါင်းအေးအေးနဲ့စဉ်းစားနိုင်တော့ သူ အဲ့လောက်ဝမ်းနည်းမနေတာကို သိလိုက်ရတယ်လေ။ သူ့လက်က ကျောက်ပတ်တီးကိုကြည့်ရင်း မြေအောက်ခနိးထဲက ကိစ္စတွေကို ပြန်တွေးလိုက်တော့ သူက “ဖောက်ပြန်ခံနေရတဲ့ကောင်” ဆိုတဲ့ဘဝထက် ကောင်းကောင်းနေနိုင်မှန်း သိလိုက်ရတယ်လေ။

နောက်နေမှာ ယွင်ယွီတတိူ့ မနက်စာစားပြီးတဲ့နောက် အကြီးအကဲတွေက ရောက်လာပြီး အလောင်းတွေရဲ့ DNA စစ်ချက်တချို့အရ မိသားစုသုံးယောက်နဲ့ လူသတ်သမားတွေထဲက နှစ်ယောက်ဆိုတာ သိလိုက်ရမှန်း ပြောပြတော့တယ်။ တခြားအလောင်းတွေကတော့ လက်လွတ်စပယ် ဝင်စွန့်စားတဲ့လူတွေရဲ့အလောင်းတွေပေါ့။

ယွင်ယွီက မနေနိုင်ဘဲ မျက်မှောင် ကြုတ်မိတော့တယ်။ ဒီလိုဟာမျိုးက ဘေးပတ်ဝန်းကျင်ကို ညစ်ညမ်းစေမှာလေ။ အနည်းဆုံးဆယ်နှစိလောက်တော့ ပျောက်မှာမဟုတ်ဘူး။

လုံနျန်စီက “နောက်ကွယ်က လူအတွက် ဆရာသခင်ကြီးတွေနဲ့ ငါတို့ ပူးပေါင်းအဖြေရှာနေပါတယ်။ ဒီဆွေးနွေးပွဲရဲ့ ပထမနေရာကတော့ ယွင်ယွီပါ”

ဘယ်သူကမှ မအံ့ဩသွားကြဘူး။ မနေ့ကဟာ ကြည့်ရုံနဲ့တင် ပထမနေရာက သူမအတွက်မှန်း ဘယ်သူမဆို သိတယ်လေ။

နောက်တော့ လုံနျန်စီက ရေးဖြေအတွက် အဖြေလွှာတွေ ထုတ်ပြတော့ အားလုံးက ယွီယွီ့အဖြေတွေကြောင့် အံ့ဩရပြန်ရော။ အဖြေတွေကိုဖတ်ရုံနဲ့တင် သူတို့ရဲ့ ရုပ်လွန်ပညာအပေါ် နားလည်မှုက တကယ်တိုးတက်လာတယ်လေ။

လုဖာ့ကျင်းက “ကောင်မလေးက တကယ်တော်တာ။ ဖြစ်နိုင်ရင် ဂရုတစ်ခုထောင်ပြီး သင်ကြားပိူ့ချတာတချို့ လုပ်သင့်တယ်”

ယွင်ယွီကလည်း ရုပ်လွန်ပညာအသိုက်အဝန်းကို ကြီးထွားစေချင်တော့ သဘောတူပြီး ဂရုထောင်လို့ လူအယောက်လေးဆယ်လုံးကို ဆွဲသွင်းလိုက်တယ်။

လုံနျန်စီက ရှားရှားပါးပါး ပြုံးမိတော့တယ်။ သူမအမေသာ ရှိသေးရင် ဒီကလေးမကို တကယ်သဘောကျမှာလေ။

နောက်ကျတော့ သူတို့က ယွီယွီ့ အကောင့်ထဲကို တစ်သန်းလွဲလာပြီး ဝိဉာဉ်စွမ်းအင် ပြည့်ဝတဲ့ လက်သီးဆုပ်အရွယ် မြစိမ်းရောင် ကျောက်စိမ်းကို ပေးလာတော့တယ်။

ယွင်ယွီလည်း သူမဦးလေးအတွက် အကာအကွယ်ပစ္စည်း လုပ်ပေးဖို့ ရလာတော့ ပျော်နေတော့တယ်။ သူမသာဆို ဝိဉာဉ်စွမ်းအင်နည်းနည်းပဲ ပါတာကိုတောင် တတ်နိုင်မှာ မဟုတ်ဘူးလေ။

အားလုံးက ပြန်တော့မယ်ဆိုတော့ ချန်းဝမ်ရုနဲ့ ယွိရှောင်းရှောင်းက ယွီယွီ့ကို လာနုတ်ဆက်နေတဲ့အချိန် လုံမောင်နှမက လုံနျန်စီနဲ့လိုက်ပြန်‌သွားတယ်။ နောက်ဆုံး စုန့်ချန်းမင်းက သူမကို မြို့တော်မှာ နှစ်ရက်လောက်နေဖို့ ပြောလာတဲ့အချိန် ယွင်ယွီက

“ကျွန်မ ခင်ပွန်းလောင်းကို သူငယ်ချင်းတွေနဲ့ ခေါ်သွားတွေ့မလို့”

စုန့်ချန်းမင်းက ခွေးစာနင်မတတ်မျက်နှာနဲ့ ထွက်သွားတော့တယ်။

ယွင်ယွီက သူတို့ သွားလိုက်တဲ့နောက် ထွက်လာပြီး ချင်ယွိစွေကားပေါ် တက်သွားတော့တယ်။ ချင်ယွိစွေတကယ် သေချာဝတ်စားလာတယ်လေ။ ခံတွင်းနံ့တောင် သန့်ရှင်းနေမှန်း သူမ ခံစားလို့ရတယ်။ “ရှင်စိတ်လှုပ်ရှားနေတာလား အဲ့လောက် သေချာဝတ်စားလာတာ”

“မလှုပ်ရှားပါဘူး”

ယွင်ယွီက “စောသေးတယ် ကျွန်မတို့ အရင်လျောက်လည်ရအောင်။ သူတို့ကို ညမှ ညစာဖိတ်ကျွေးလိုက်မယ်”

တကယ်လည်း ထျန်းလုနန်းတော်ရာ တစ်ခေါက်ကလွဲရင် သူမတို့ချိန်းတွေ့တာတွေက ညနက်သန်းခေါင် ကူညီရေးတို့ လမိုက်ည၌ ပန်းခြံအတွင်း ဆောင့်ကြောင့် ထိုင်ခြင်းတို့လေ။ သေချာတွေ့ရတယ်လို့မှ မရှိတာ။

ချိန်းတွေ့မယ်ဆိုမှ သူမရဲ့ ဂျင်းတီရှပ်စတိုင်က ချင်ယွိစွေရဲ့ အခုပုံနဲ့သိပ်မလိုက်တော့ သူမက မောလ်တစ်ခုမှာ အပြာနုရောင်ဂါဝန်လေး ဝယ်ဝတ်လိုက်တယ်။ အဲ့နောက်မှာတော့ သူမတို့က ချိန်းတွေ့ကြတော့တယ်လေ။

နေ့လယ်တစ်နာရီခွဲမှာတော့ နေ့လည်စာကို အနောက်တိုင်းအစားအစာ စားကြရင်း ယွင်ယွီက *ရုပ်ရှင်သွားကြည့်ရအောင်”

******

All Chapters