← Chapters

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄

Vol. 7 Ch. 64

64 01

အပိုင်း (၆၄)

ရဲစခန်းမှူးက တကယ်ကို ချင်မိသားစုကလေ သူ့နာမည်က ချင်ကော်အန်းတဲ့ ပင်မမိသားစုကတော့ မဟုတ်ဘူးပေါ့လေ။ အဓိကမိသားစုမှာက ချင်ယွိစွေ သူ့အဖေ ချင်ကျွင်းလင်နဲ့ သူ့အဘိုးချင်သဲ့ယုံ ရှိတယ်လေ။ အခု ချင်ကော်အန်းက အဲ့အဘိုးကြီး ချင်သဲ့ကို လှမ်းဆက်တာ။

“အဘိုး ယွီစွေ့က လက်ထပ်ပြီးပြီဆို ဒီနေ့ပဲ သူ့ဇနီးဆိုတဲ့ကောင်မလေးနဲ့ လက်ကိုင်ထားတာ တွေ့လိုက်တယ်”

“ဘာကွ”

အဘိုးချင်က တကယ်ဒေါသထွက်သွားတော့တယ်။ သူက ဖုန်းကိုချလို့ ချင်ယွိစွေကို ခေါ်လိုက်တော့တယ်။ ဖုန်းက အတော်ကြာအောင်မြည်နေပြီးမှ ကိုင်လာတော့တယ်။ သူ တန်းမေးလိုက်တာက “ယွီစွေ့ ကော်အန်းက မင်းနဲ့ ကောင်မလေးတစ်ယောက် လက်တွဲထားတာတွေ့လိုက်တယ် ပြောတယ်။ မင်းကောင်မလေးလား”

ချင်ယွိစွေက “အဘိုး ကျွန်တော့်ဇနီးပါ”

ချင်သဲ့ယုံက ခေါင်း တကယ်ကိုက်သွားပြီးဘ”ဘယ်ကကောင်မလေးလဲ”

“မပူပါနဲ့အဘိုး တအားတော်တဲ့ကောင်မလေးပါ။ အဘိုးတို့ကောင်းချီးပေးတာ မျှော်လင့်နေပါတယ်”

“မင်း ချင်ယွိစွေ လက်ထပ်တယ်ဆိုတာ ကလေးကစားသလို လျောက်လုပ်စရာလားကွ တွေ့ကရာကောင်မလေးကို မင်းကောက်ကာငင်ကာ လက်ထပ်လိုက်လို့ မရဘူးလေ”

“စိတ်မကောင်းပါဘူး။ အဘိုး ဒါကျွန်တော့်ကိစ္စပါ”

ချင်ယွိစွေက ပြောပြီးတာနဲ့ ဖုန်းကို ချလိုက်တော့တယ်။

ဒီကလေး ချင်သဲ့ယုံက ဒေါသတကြီးနဲ့ သူ့မြေးအခုဘယ်မှာလဲဆိုတာနဲ့ အဲ့ကောင်မလေးဘယ်သူလဲဆိုတာ စုံစမ်းခိုင်းလိုက်ပေမဲ့ ဘာမှရမလာခဲ့ဘူးလေ။

ယွင်ယွီက သူ ဖုန်းပြောနေတာကြားတော့ ဘာဖြစ်သလဲလို့ မေးလိုက်တယ်လေ။ ပြောရရင် ချင်ယွိစွေက ဘယ်လောက်ပဲ ချင်မိသားစုနဲ့မဆက်ဆံဘူးပြောပြော လက်ထပ်ပွဲလိုဟာက ကြာကြာဖုံးထားလို့ မရဘူးကိုး။

“အဆင်ပြေပါတယ်” ချင်ယွိစွေက စတီယာရင်ကိုကိုင်ရင်း အရှေ့ကိုကြည့်ပြီး ပြောလာတယ်။ “ကိုယ့်အဘိုးက ကိုယ့်လက်ထပ်ပွဲက အရှက်ရစေမှာကို စိုးရိမ်နေတာလေ။ ကိုယ် ဘာမှမဝင်မရှုပ်ပေမဲ့ ချင်မိသားစုနဲ့ လုံမိသားစုက တစ်ဖက်စီ ဖြစ်သွားကြပြီးပြီလေ။ လုံမိသားစုက ဝင်မရှုပ်လောက်ပေမဲ့ ချင်မိသားစုကတော့ မဟုတ်ဘူး။ သူတို့က ကိုယ်လက်ထပ်မဲ့လူကို ကိုယ့်အဖေခွင့်ပြုမှ ကိုယ်လက်ထပ်နိုင်မယ် ဆိုတဲ့အထိ အစွဲအလမ်း ကြီးတယ်လေ။ ဒါပေမဲ့ ကိုယ်က ဒီနှစ်တွေအတောအတွင်းမှာ ချင်မိသားစုနဲ့ ဆက်ဆံရေး မရှိခဲ့ဘူးလေ”

သူက အဲ့အကြောင်းပြောပြီးတော့ “ဒီဟာထက် ကိုယ့်အမေအကြောင်း ပြောပြမယ်လေ”

ယွင်ယွီက အခုသူပြောပြမဲ့အကြောင်းက သူ့အဖေနဲ့ သူအဆင်မပြေတာ ချင်မိသားစုနဲ့အစေးမကပ်တာတွေရဲ့ အဓိက အကြောင်းရင်းဖြစ်မယ်မှန်း သိတော့ ငြိမ်ငြိမ်သက်သက် နားထောင်နေလိုက်တယ်။ သူမကတော့ သူ့ဘက်ကပဲလေ။

ချင်ယွိစွေအမေ လုံရှီယွင်က နူးညံ့ပြီးကြင်နာတတ်တဲ့ အမျိုးသမီးတစ်ယောက် သူ့အမြင်အရလည်း ဘယ်သူ့ကိုမဆို ကြင်နာပေးတတ်တယ်လေ။ ဒါပေမဲ့ သူမက လုံမိသားစုနည်းစနစ်ကို အမွေဆက်မခံဘဲ ရိုးရိုး စီးပွားရေး ဒါမှမဟုတ် အစိုးရရုံးအလုပ်ကို လုပ်ဖို့ပြင်ကြတယ်လေ။ သူမဘွဲ့ရတော့ ချင်ယွိစွေအဖေ ချင်ကျွင်းလင်နဲ့ လက်ထပ်ခဲ့တယ်လေ။ ပြောရရင် မိသားစုနှစ်ခုရဲ့ ရည်ရှည်အကျိုးအရ လက်ထပ်မှုဆိုတော့ ဘာမှအတွန့်မတက်နိုင်ခဲ့ဘူးလေ။ ဒါပေမဲ့ လုံရှီယွင်က လက်ထပ်ပြီးတဲ့နောက်မှာ ချင်ကျွင်းလင်ကို ချစ်မိသွားတော့တယ်။

စိတ်မကောင်းစရာက ချင်ကျွင်းလင်က သူမကို မချစ်ဘူး။ ဒါပေမဲ့ သူမနဲ့လက်ထပ်ဖို့ကို မငြင်းသလို သူမကိူ သူ့ဇနီးအဖြစ်လည်းမငြင်းဘဲ အလိုက်သင့်နေသွားတယ်။ သူ့အတွက်က လက်ထပ်တယ်ဆိုတာ သူနိုင် ကိုယ်နိုင်တဲ့ အခြေအနေအဖြစ် ပူးပေါင်းတာမျိုးပဲလေ။ အဲဒါအပြင် သူက လုံရှီယွင်လို နူးညံ့ကြင်နာတတ်တဲ့ မိန်းကလေးကို မကြိုက်ရုံတင် မကဘူး။ ရုံးတစ်ခုမှာ အရည်အချင်းရှိတဲ့ ချစ်သူတစ်ယောက်လည်း ရှိသေးတယ်။

သေချာတာပေါ့ အဲ့ကိစ္စက လွယ်လွယ်ကူကူပဲ လုံရှီယွင်နားထဲ ရောက်သွားတော့တယ်။ လုံရှီယွင်သိသွားပြီး ရင်ကွဲတဲ့အချိန် ချင်ယွိစွေက နှစ်နှစ်သား အရွယ်လောက်ရှိနေပြီလေ။

ခြောက်လလောက် လုံရှီယွင်က သူမယောက်ျား တခြားမိန်းမနဲ့ရှိနေတယ်ဆိုတဲ့အချက်ကို လက်မခံနိုင်ဖြစ်ပြီး နောက်ဆုံးမှာ သူမက ကွာရှင်းချင်တယ်လေ။

ချင်ကျွင်းလင်က သဘောမတူဘူး။ သူက ချင်မိသားစုမှာ ကွာရှင်းရတယ်ဆိုတဲ့ ရှက်စရာအမှု လုံးဝမရှိရတာမလို့ အိမ်မှာအေးဆေးနေပြီး ကလေးထိန်းနေရုံနဲ့ သခင်မချင် ဆိုတဲ့ဂုဏ်ပုဒ်ကို တစ်သက်လုံးရနေမှာပဲလို့ ပြောခဲ့တယ်လေ။

လုံရှီယွင်က ဖောက်ပြန်နေတဲ့ယောက်ျားနဲ့ပေါင်းရမှာထက်စာရင် သေလိုက်တာကမှ ကောင်းသေးတယ်လိူ့ ထင်တယ်လေ။ ဒါပေမဲ့ သူမက နောက်ဆုံးကောက်ရိုးတစ်မျှင်အနေနဲ့ ချင်မိဘတွေဆီ သွားပြီး ကွာရှင်းခွင့်ပေးဖို့ တောင်းဆိုတော့တယ်။

64 02

သေချာပေါက် အဘိုးကြီးချင်သဲ့ယုံက သဘောတူစရာအကြောင်းကို မရှိတာလေ။ သူက လုံရှီယွင်ကို ချင်မိသားစုထဲ ဝင်လာရင် ချင်မိသားစုအဖြစ်ပဲသေလို့ ချင်မိသားစုရဲ့တစ္ဆေအဖြစ် နေရမယ်လို့ စကားကုန် ပြောလွှတ်လိုက်တော့တယ်။

ဒါမျိုးက သူမလက်ခံနိုင်တာထက် လွန်သွားတော့ လုံရှီယွင်က နေ့နေ့ညည သူမကလေးကိုဖက်ပြီး ငိုလို့သာ နေတော့တယ်လေ။ နောက်ဆုံးတော့ သူမက ကလေးအရွယ် ချင်ယွိစွေလေးကို တိုက်အမြင့်တစ်ခုပေါ် ခေါ်သွားတယ်။ သူမက မြေပြင်ကို အသူတရာချောက်နက်ထဲကိုကြည့်သလို ငုံ့ကြည့်လိုက်တယ်။ ပြီးတော့ ချင်ယွိစွေကို ပြန်ကြည့်ရင်း ချင်ယွိစွေရဲ့ပါးကိုနမ်းလို့ “ယွီစွေ့ အမေသားကိုချစ်ပေမဲ့ သားဘဝမှာ အဖော်မပြုနိုင်လောက်တော့ဘူး တောင်းပန်ပါတယ်နော်”

“မေမေ...” ဘာမှန်းမသိပေမဲ့ စိတ်ထဲမကောင်းလို့ အော်ခေါ်မိတဲ့ ချင်ယွိစွေအသံက လုံရှီယွင်ကို အထပ်နှစ်ဆယ်တိုက်ပေါ်က ခုန်မချအောင် တားနိုင်စွမ်းတော့ မရှိခဲ့ဘူးလေ။

ဒီတိုက်က ချင်ကျွင်းလင်ချစ်သူ အလုပ်လုပ်နေတဲ့နေရာပေါ့။

ချင်မိသားစုရောက်လာတဲ့အခါမှာ ချင်ယွိစွေတစ်ယောက်ထဲ တိတ်တဆိတ် ရပ်နေတာ တွေ့လိုက်ရတယ်လေ။

အဲ့နောက်မှာ လုံနဲ့ ချင်ဆက်ဆံရေးက လုံးဝပြိုကွဲသွားတော့တယ်။ လုံဖုန်းယွင်က ချင်မိသားစုကို ပညာပေးဖိူ့ လူတစ်အုပ်ခေါ်လာပြီး ချင်ယွိစွေကို ခေါ်သွားပေမဲ့ ချင်ယွိစွေအဖေက ဘာမှမပြောနိုင်ခဲ့ဘူးလေ။

နှစ်ဝက်အတွင်းမှာ ချင်ကျွင်းလင်ချစ်သူက မြို့တော်ကနေ မောင်းထုတ်ခံလိုက်ရတယ်။

အဘိုးကြီးချင်က ချင်ကျွင်းလင်အတွက် ဇနီးကောင်းတစ်ယောက်ကို မြန်မြန်ရှာတွေ့ပြန်တယ်လေ။

ဇာတ်လမ်းကိုကြားပြီးတဲ့နောက်မှာ ယွင်ယွီက မျက်မှောင်ကြုတ်မိတော့တယ်။ ဇာတ်လမ်းတစ်ခုလုံးမှာ သနားစရာအကောင်းဆုံးက လုံရှီယွင်မဟုတ်ဘဲ ချင်ယွိစွေပဲလေ။

‌သူမတို့ ဝေ့မင်းဆက်မှာတောင် ကွာရှင်းခွင့် အပြည့်အဝရှိတာကို ဒီလိုခေတ်သစ်ကြီးမှာ ချင်မိသားစုလို အကျိုးအကြောင်းမဆီလျော်တဲ့ မိသားစု ဘယ်လိုလုပ် ရှိနေတာလဲဆိုတာ သူမ တကယ်နားမလည်ဘူး။ ဒါပေမဲ့ ချင်ယွိစွေရဲ့ ချင်မိသားစုနဲ့ အဆက်ဖြတ်ရတဲ့အကြောင်းကိုတော့ သိလိုက်ရပြီလေ။

“အဲ့လိုကြောင့် ကိုယ်တို့လက်ထပ်မဲ့အကြောင်း သူတို့ကို ဘာမှမပြောခဲ့တာ”

ဒါပေမဲ့ အခုချင်မိသားစုက ဒီလက်ထပ်ပွဲအကြောင်း သိသွားတော့ စုံစမ်းခိုင်းကြတော့မှာလေ။ တော်သေးလို့ သူယွီယွီ့အကြောင်းတွေကို ဖျောက်ထားတာမလို့ ဒါပေမဲ့ ချင်မိသားစုက တအားလွန်လာရင် သူနဲ့ ထိပ်တိုက်တွေ့လိမ့်မယ်လေ။ အကောင်းဆုံးဖြေရှင်းနည်းက ချင်မိသားစုရဲ့ သားကြီးဩရသဆိုတဲ့ ခေါင်းစဉ်ကို စွန့်ပစ်လိုက်ရုံပဲ။ သူ တအားဂရုစိုက်တဲ့ဟာလည်း မဟုတ်ဘူးလေ။

ယွင်ယွီက သူ့ကို နှစ်သိမ့်လိုက်တယ်။ “မပူပါနဲ့ ချင်မိသားစုက ကျွန်မကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး”

သူမက သိပ်မပူဘူးလေ။ ပြောရရင် သူမကို အနိုင်ကျင့်နိုင်တဲ့လူဆိုတာ လက်တစ်ဆုပ်စာလောက်လေး ရှိတာကလား။

64 03

ခဏစဉ်းစားပြီးတော့ သူမက “အခုကစပြီး ကျွန်မတို့မိသားစုက ရှင့်မိသားစုပဲ” ဒါက သူ့ဝမ်းနည်းမှုတွေကို သူမအတတ်နိုင်ဆုံးနည်းနဲ့ကူညီပေးတာလေ”

“ကိုယ် သိပြီ”

နှစ်နှစိဆယ်ကျော်သွားတော့ သူလည်း တအားဝမ်းမနည်းတော့ဘူးလေ။ ကားက ချိနိးထားတဲ့နေရာကို ရောက်သွားတော့တယ်။ နေရာက မီချီလင်ကြယ်ပွင့်ရထားတဲ့ တရုတ်စားသောက်ဆိုင်။ ကျင်းကျင်းနဲ့ ရှန်းရှန်းက ယွင်ယွီသူတို့ဆီကို ချင်ယွိစွေနဲ့လျောက်လာတာမြင်တဲ့အခါ မျက်လုံးပြူးသွားတော့တယ်။ ယွင်ယွီက သူမခင်ပွန်းလောင်းကို ခေါ်လာမယ်လို့ ပြောခဲ့တာကိုး။ သူတို့က ချန်ရှီအန်းကို ခေါ်လာမယ် ထင်ခဲ့တာလေ။

ချန်ရှီအန်းက သူတိူ့နဲ့ တစ်ကျောင်းထဲက စီနီယာပေါ့၊ ယွင်ယွီနဲ့ သူနဲ့က အချင်းချင်းသဘောကျကြတယ်လို့ သူမတို့ထင်ခဲ့တာလေ။ ယွင်ယွီ မပြန်ခင်လောက်က ချန်ရှီအန်းနဲ့တွေ့သွားသေးတယ်ကြားတော့ သူတို့အတူရှိသွားပြီလိူ့ ထင်ခဲ့တာကိုး။ သူမတို့နှစ်ယောက်က တောင့်တင်းနေတာမြင်တော့ ရယ်ပြီး “ကျငိးကျင်း ရှန်းရှန်း ဒါငါ့ခင်ပွန်းလောင်း ချင်ယွိစွေတဲ့”

ချင်ယွိစွေက နှုတ်ဆက်လိုက်တယ်။ “မင်္ဂလာပါ”

“အိုး မင်္ဂလာပါ” သူမတို့က ပစ္စုပ္ပန်ကို ပြန်ရောက်လာပြီးနှုတိဆက်လိုက်ကြတယ်။ ဒီလိုအခြေအနေမှာ ချန်းရှီအန်းအကြောင်း မေးမကောင်းဘူးလေ။

သီသန့်ခန်းထဲရောက်တော့ ကျင်းကျင်းနဲ့ရှန်းရှန်းကတစ်ခြမ်း ယွင်ယွီနဲ့ ချင်ယွီစွေ့က တစ်ခြမ်းထိုင်လိူက်တော့ မျက်နှာချင်းဆိုင် ဖြစ်သွားကြတယ်လေ။ ဒါပေမဲ့ ဒီလူ့အသက်က ဘယ်လောက်တောင်လဲ။ ကြည့်ရုံနဲ့ ရုပ်ချောပြီး အမူအကျင့်ကောင်းတဲ့ ချင်ယွိစွေက ချန်းရှီအန်းထက် သာတာမှန်ပေမဲ့ ရှောင်ယွီအာနဲ့ ဘယ်လိုလုပ် အတူရှိသွားကြတာလဲ။ သူမတို့က ယွီယွီ့သူငယ်ချင်းအရင်းကြီးတွေလေ ယွင်ယွီယောက်ျားအရွေးမှားပြီး တစ်ယောက်ယောက်ဆီက ဖောက်ပြန်ခံရတာမျိုး သူတို့မလိုချင်ဘူးကိုး။

ယွင်ယွီက “ကျင်းကျင်း ရှန်းရှန်း နင်တို့မှာကြလေ”

စားချင်တာတွေမှာကြပြီးတဲ့နောက်မှာ အားလုံးက စကားဝိုင်းစုပြီး ပြောကြတော့တယ်။ ယွင်ယွီအတွက်ကတော့ ချင်ယွီစွေ့ကို သူငယ်ချင်းတွေဆီကတစ်ဆင့် သိတာလို့ပြောခဲ့တယ်လေ။ မြို့တွင်းကလပ်ကအကြောင်း ပြန်ပြောနေရင် အလကား စိတ်ညစ်ကြတာပဲ အဖတ်တင်မဲ့အတူတူ မပြောတော့ဘူးပေါ့။

စကားပြောကြတော့ ချင်ယွိစွေက ကောင်းကောင်းမွန်မွန် ပြောပေမဲ့ တကယ်တန်း စကားပြောကြတာက မိန်းကလေးသုံးယောက်လေ။ ကျင်းကျင်းနဲ့ ရှန်းရှန်းကလည်း ယွီယွီ့မှာ လက်ထပ်ရမဲ့လူ ရှိနေမှတော့ အတူမရှိနိုင်ခဲ့တဲ့ စီနီယာ ချန်းရှီအန်းအကြောင်းကို အစဖော်မနေတော့ဘူးလေ။

ယွင်ယွီက “ရှန်းရှန်း နင့်ကို ဖုချန်း လိုက်မနှောက်ယှက်တော့ဘူးမလား” မျက်နှာမှာ အနှောက်အယှက်လက္ခဏာ ကင်းနေတယ်လေ။

ဖန်ရှန်းရှန်းကရယ်ပြီး “ငါ့အဖေ ရှင်းပေးသွားတယ်လေ၊ ငါ့ကိုလိုက်နှောက်ယှက်ရင် အလုပ်ပြုတ်မဲ့အကြောင်း သိသွားတော့ ငြိမ်ရော၊ ကောင်းမိသားစုနဲ့ အဆက်အသွယ် မရှိတော့တာ ကောင်းတဲ့အချက်ပဲ”

ယွင်ယွီကခေါင်းညိတ်ပြီး “ငါတော့ ချင်းဟယ်ရွာကို ပြန်တော့မယ်။ နင်တို့အားရင် လာလည်လေ”

သူမတို့က အားရင်လာမဲ့အကြောင်း ပြန်ပြောကြတယ်လေ။ ပြောနေကြရင်း စုန့်ကျင်းကျင်းက “ရှောင်ယွီအာ နင့်ကို ကောချင်ရှာနေတယ်။ သူပြောတာတော့ နင် သူ့ကိုသတ်ဖို့ ကြိုးစားနေတယ်ဆိုလား ဘာလားပဲ”

ယွင်ယွီက လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း “ကျောင်းပိတ်ပိတ်ချင်း ငါက အိမ်တန်းပြန်သွားတာကို ငါ ဘယ်လိုလုပ် သူ့ကို ဒုက္ခပေးဖို့ကြိုးစားနိုင်မှာလဲ သူအဆင်မပြေတာအတွက် ဝါးလုံးချီးသုတ်ရမ်းနေတာ သက်သက်ပဲမလား” သူမက ပြန်သွားကတည်းက အတန်းဖော်ဟောင်းတွေနဲ့ ဘာအဆက်အဆံမှ မလုပ်ခဲ့ဘူးလေ။ ကောချင် သူမကို မရှာနိုင်တာ မထူးဆန်းဘူး။

ကျင်းကျင်းနဲ့ ရှန်းရှန်းပြောပုံအရဆို ကောချင်က သူမကို အရူးလိုရှာနေတာမတွေ့တဲ့အခါ အပြောအဆိုတွေ ကြမ်းသည်ထက် ကြမ်းလာတဲ့အတွက် တချို့အတန်းဖော်တွေက မေးတော့ သူမက ဘာဖြေလဲဆိုရင်

“အဲ့ယွင်ယွီ ငါ့ကို ဘာလုပ်လိုက်လဲ ငါမသိဘူး။ ငါ့ကို လက်ညိုးထိုးလိုက်တော့ တမျိုးကြီး ခံစားလိုက်ရတာ၊ အဲ့နောက်မှာ ငါ တစ္ဆေတွေ မြင်လာတော့တာပဲ။ ငါမှားသွားတယ်။ ငါ တကယ်မှားသွားတာမလို့ သူ့ကို ရှာပေးကြပါ”

အဲတော့ သူတို့ ဒေါသထွက်တာပေါ့၊ “ရူးနေလား ကောချင် လက်ညိုးထိုးလိုက်လို့ တစ်မျိုးကြီး ခံစားလိုက်ရတယ်ဆိုတာကြီးက ဘာလဲ နင့်ကို ယွင်ယွီဘာလုပ်လို့ လိုက်ရှုပ်နေတာလဲ သွားစမ်းပါ”

ကောချင်က နှစ်ရက်လောက် ပျောက်သွားပြီး ပြန်ပေါ်လာပြန်တယ်။ ဒီတစ်ခါမှာတော့ သူမက “တစ္ဆေကြောင့် ငါခြေထောက်ကျိုးပြီ နောက်တစ်ခါကျ ဘာဖြစ်မှာလဲ။ သေမှာလား ငါသေရင် နင့်ကို ထာဝရလိုက်ခြောက်လှန့်မှာ။ ယွင်ယွီ နင်မှတ်ထား”

64 04

“ကောချင် နင်ရူးနေလား နင့်ဘာသာ တစ္ဆေခြောက်ခံရတာ။ ယွင်ယွီကို နှောက်ယှက်ပြန်ပြီလား”

နောက်ထပိ ရက်နည်းနည်းလောက်အထိ ကောချင်က ငိုယိုပြီး ကျိန်ဆဲနေတာ။ နောက်ဆုံး ဂရုပိုင်ရှင် မုန့်ကျဲဟောင်က သည်းမခံနိုင်ဘဲ ဂရုကနေ ကန်ထုတ်မှ ရပ်သွားတော့တယ်လေ။

အဲဒါတွေကြားပြီးတော့ ယွင်ယွီက နည်းနည်းရှက်သွားတယ်။ သူမလုပ်ခဲ့တာက အိပ်မက်ဆိုးလေး နည်းနည်းရအောင်ဆိူပေမဲ့ ကောချင်ရဲ့ အဆင်အခြင်မဲ့မှုက သူ့ကိူ ယင်နဲ့ပိုနီးစပ်စေပြီး ညစ်ညမ်းစေတာ ဖြစ်မယ်လေ။ ကြားရသလောက်ဆို ကောချင်က ပြန်လမ်းမဲ့နေပြီ။ မကြာခင် စိတ်ကျန်းမာရေးဆေးရုံကို ရောက်တော့မယ်လေ။

စားပြီးကြတော့ ချင်ယွိစွေက သူမသူငယ်ချင်းတွေကို ပြန်လိုက်ပို့လိုက်တယ်။ ပြီးတော့ သူမက နှုတ်ဆက်စကားပြောပြီး ချင်ယွိစွေနေရာကို ပြန်လိုက်သွားတယ်လေ။

သူမ ညအိပ်ဝတ်လဲပြီး ဆင်းလာတော့ ချင်ယွိစွေက

“အသီးစားပြီး ခဏစောင့်နော် ကိုယ်အပေါ်မှာ ဖုန်းတစ်ချက် သွားပြောဦးမယ်”

“သွားပါ”

သူ့မှာ ချင်မိသားစုနဲ့ပြောစရာတွေရှိမှန်း သူမ သိတယ်လေ။

******

All Chapters