← Chapters

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆

Vol. 7 Ch. 66

66 01

အပိုင်း (၆၆)

ယွင်ယွီက ပန်းခုံပေါ်ထိုင်နေရင်းနဲ့ သူမပခုံးပေါ်က စက္ကူလူလေးကို “ဒီနှင်းဆီအမြစ်နဲ့ နင့်ကို ပြန်ပျိုးထောင်ပေးမယ်လေ ဘယ်လိုလဲ”

စက္ကူလူတွေက ပန်းဝိဉာဉ်လေးတွေပဲလေ။ ဘယ်ငြင်းပါ့မလဲ။ စက္ကူလူလေးရဲ့ ပန်းဝိဉာဉ်က နှင်းဆီမြစ်ထဲ ပေါင်းစပ်သွားပြီး နှင်း‌ဆီပန်းတွေက ပိုပွင့်လာတယ်လေ။ ယွင်ယွီက ဒီဟာမျိုးကို ချင်ယွိစွေဆီကနေ ကွယ်ပြီးလုပ်ဖို့ မစဉ်းစားထားဘူးလေ။

အဲ့နောက်မှာတော့ ဝိဉာဉ်မဲ့သွားတဲ့ စက္ကူလူရုပ်လေးကို လုံးပစ်လိုက်တော့တယ်။

ယွင်ယွီက “နောက်ရက်တွေအတွင်း ကျွန်မ အပင်ပေါက်တွေ ဝယ်စိုက်ရမယ်”

ချင်ယွီစွေ့က “ကိုယ်ကူမယ်လေ”

ယွင်ယွီက မေးလိုက်ပြန်တယ်။ “ရှင့်မှာ လုပ်စရာတာဝန်တွေ မရှိဘူးလား” သူ့တာဝန်တွေက အရေးကြီးတာ သူမသိတယ်လေ။

“ကိုယ်က ခွင့်ရထားတယ်။ ကိုယ်ပါမှ ဖြစ်မဲ့တာဝန်မျိုး မဟုတ်ရင် သွားစရာ မလိုဘူး”

သူအားလပ်ရက် မယူတာ နှစ်ချီနေတော့ ဒီလိုနေခွင့် သူ့မှာရှိတယ်လေ။

ကိုးနာရီထိုးတော့ သူတို့ အိပ်လိုက်ကြတယ်လေ။ နောက်နေ့မနက်မှာတော့ မနက်စာက အရံဟင်း ပေါ့ပေါ့ပါးပါးတစ်ခွက်နဲ့ ဆန်ပြုတ်ပဲလေ။ ‌ဟေးတနဲ့ သူမ နာမည်ထပ်မစဉ်းစားချင်လို့ ဟွေးစဲ့တလို့ နာမည်ရောပေးထားတဲ့ စာကလေးကိုပါ ကျွေးလိုက်ပြီး ငှားထားတဲ့တောင်ပေါ်ကို ချင်ယွိစွေနဲ့ အတူတက်လာကြတယ်လေ။

တောင်က ဧကသုံးထောင်ကျော်ရှိပြီး စိုက်ပျိုးလို့ရတဲ့မြေနေရာက ဧကနှစ်ထောင် ကျော်တယ်လေ။ သူမ အဲ့နေရာအကုန်လုံးကို တပြိုင်ထဲ ဘယ်စိုက်နိုင်ပါ့မလဲ။ သူမက ဝူသာ့ရှန်းနဲ့ အပေးအယူ လုပ်ထားတော့ သူမစိုက်သမျှ မရောင်းရမှာ ပူစရာမလိုပေမဲ့ သူမက ပျိုးပင်ပေါက်လေးတွေ ဝယ်ဖို့ မစဉ်းစားထားဘူးလေ။ အဲ့အပင်တွေသာ ဝယ်စိုက်ရင် သူမအသီးတွေကို နောက်သုံးနှစ်လောက်မှ ရလိမ့်မယ်လေ။ အခုအစီအစဉ်အတိုင်းဆို သူမရဲ့ ဝိဉာဉ်စမ်းရေအကူနဲ့ဆို နောက်နှစ် အသီးစားရဖို့ အာမခံနိုင်တယ်လေ။

ရိုးရိုးအပင်ပေါက်တွေထက်တော့ အခုသူမဝယ်မဲ့ အပင်တွေက ဈေးပိုကြီးတာပေါ့လေ။ အဲဒါကြောင်း သူမ ဈေးစုံစမ်းပြီး အရင်ဆုံး မက်မွန်၊ ချယ်ရီနဲ့ စပျစ်အပင်ပေါက်တွေ ဝယ်ဖို့ လုပ်လိုက်တယ်။

မက်မွန်ပင်တွေက အတန်းလိုက်စိုက်ရပြီး တစ်ဧကကို အပင်သုံးဆယ်လောက်စိုက်လို့ရတယ်လေ။ ဒါပေမဲ့ ယွင်ယွီက သာမန်အတိုငိးစိုက်ဖို့ မလုပ်ထားဘူး။ သူမက အပင်တွေကို အစီအရင်ဝင်္ကပါတစ်ခုအနေနဲ့ ခင်းကျင်းပြီး စိုက်ဖို့လုပ်ထားတယ်လေ။ အဲ့လိုဆို သူခိုးကပ်ရင်တောင် သူခိုးက လမ်းပျောက်ပြီး ထွက်လမ်းရှာတွေ့တော့မှာ မဟုတ်ဘူးလေ။

သူမက မက်မွန်တောတန်း၊ ချယ်ရီတောတန်းနဲ့ စပျစ်ပင်တန်းကို ဝင်္ကပါတစ်ခုအနေနဲ့ စိုက်ဖို့ အစီအစဉ်ချလိုက်ပြီးပြီလေ။

မက်မွန်ပင်တွေကိူ သုံးနှစ်အရွယ်အပင် လေးထောင်ဝယ်ပြီး အစုတွေခွဲလိုက်ရင် ရာသီသုံးခုမှာ တစ်ရာသီ တစ်သုတ်မှည့်လိမ့်မယ်လေ။ တစ်ရာသီထဲ ပြွတ်သိပ်မှည့်နေတာမျိုး မရှိတော့ရင် သူမတို့လည်း အလုပ်မပို မက်မွန်သီးတွေကိုလည်း တစ်နှစ်ပတ်လုံး ရောင်းလို့ရပြီလေ။

ချယ်ရီတွေကျ အလုံးကြီးတာကို ပိုကြိုက်ကြတာဆိုပေမဲ့ ချယ်ရီသီးတွေက တအားကြီးတဲ့အမျိုး မဟုတ်ဘူးလေ။ ဒါပေမဲ့လည်း ယွင်ယွီကတော့ လုပ်နိုင်တာပေါ့လေ။ သူမက ချယ်ရီပင်တွေကို မက်မွန်ပင်တွေထက် ဆယ်ဧက ပိုစိုက်ဖို့ ကြံလိုက်တယ်လေ။ သူမက ချယ်ရီပင်ငါးထောင်ကို အလူံးသေး အပင်နှစိထောင့်ငါးရာနဲ့ အလုံးကြီး အပင်နှစ်ထောင့်ငါးရာလို့ ခွဲလိုက်တယ်။

ပြောရရင် အလူံကြီးတဲ့ချယိရီသီးတွေက နိုင်ငံခြားက ဝင်တာများတယ်လေ။ ပြည်တွင်းအပင်တွေက အလုံးသေးလွန်းတာကိုး။ ပြောရရင် အလုံးသေးတွေက စားလို့ရပေမဲ့ အလူံကြီးတွေလောက် အရသာမရှိဘူးလေ။ ဒါပေမဲ့ ယွင်ယွီက သူတိူ့ကို ဝိုင်လုပ်ဖို့ လုပ်ထားတာကိုး။

ချယိရီပင်တွေက ရေကြိုက်တော့ သူမက တောင်ပေါ်က စမ်းချောင်းဘေးနားမှာစိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ စပျစ်ပင်တွေကတော့ တောင်ကုန်းတဖက်ခြမ်းမှာ ခြံနဲ့ စိုက်တာပေါ့လေ။

သုံးနှစ်အရွယ်ချယ်ရီပင်က တစ်ပင်ကို ယွမ်သုံးဆယ်လေ။ ချယိရီအသေးမျိုးက ယွမ်နှစ်ဆယ် သူမစိုက်မဲ့အရေအတွက်အရဆို ယွမ် တစ်သိန်းနှစ်သောင်းခွဲ ကုန်သွားတယ်လေ။

66 02

စပျစ်ပင်ပေါက်တွေကိုကျတော့ သူမက နိုင်ငံခြားဖြစ် နှင်းဆီနံ့စပျစ်ပင်တွေကို ရွေးထားတယ်။ သူတို့က သကြားပါဝင်မှုများပြီး ချိုတဲ့အပြင် အချွဲလည်းမရှိဘူးလေ။ သူတို့ကတော့ တစ်ပင်မှ ဆယ့်သုံးယွမ်ပဲလေ။

ဒါပေမဲ့ ဧကတစ်ရာစာကျတော့ ယွီယွီ့ကို 195000 ယွမ်လောက် ကျသွားစေတယ်လေ။

ဒါကလည်း ‌ရောင်းဖို့ထက် ဝိုင်ချက်ဖိူ့လေ။ သူမအဖိုးက ဝိုင်ချက်တတ်တော့ အဖွားကလည်း တတ်တယ်လေ။ အဲတော့ ဝိုင်ချက်ရုံလေး ဖြစ်လာနိုင်ပြီပေါ့။

လက်ရှိမှာတော့ သူမက အပင်ပေါက်အတွက် ယွမ်လေးသိန်း သုံးလိုက်ရတယ်လေ။

ယွင်ယွီက အပင်ပေါက်ရောင်းတဲ့လူကို သူမဝယ်မဲ့အရေအတွက် ပြောပြလိုက်တယ်။ လျော့ဈေးမရပေမဲ့ သူမကို ပစ္စည်းတွေ အိမ်အထိလာပို့ပေးဖို့ သဘောတူခဲ့တယ်လေ။ လျော့ဈေးထက် ဒါကပိုအဆင်ပြေတယ်လေ။ ဘာလိုါဆို အဲ့လိုပစ္စည်းရွေ့ပြောင်းရတာက တကယ့်ပြဿနာကြီးကိုး။

ခန့်မှန်းချေ နှစ်ရက်အတွင်းပေါ့လေ။ ဒါပေါ့ ယွင်ယွီကလည်း မလောဘူးလေ။ သူမအပင်နေရာအတွက် တောင်ပေါ် သွားစစ်ရဦးမှာကိုး။ ဒါပေမဲ့ သူမက သံလိုက်အိမ်မြောင် မလိုဘူးလေ။ ဒီတိုင်းနဲ့ အဆင်ပြေတာကိုး။

သူမက နောက်ထပ် သစ်သီးအမျိုးမျိုး ဧကသုံးထောင်ပါရင် သူမတို့ မိသားစုလေးက ဘယ်လိုမှမနိုင်ဘူးလေ။ သူမတို့ လူငှားခေါ်ရတော့မှာကိုး။

ယွီယွီ့အတွက် အပင်နေရာချတာက နှစ်ရက် ကြာသွားတယ်။ အခုဆို မက်မွန်ပင် ပထမအသုတ်က ရောက်လာနေပြီလေ။ ငှားထားတဲ့လူတွေက နားချိန်တောင်မရဘဲ အလုပ်လုပ်နေရတော့တယ်။ နေပူကျဲတဲထဲ အလုပ်လုပ်နေရတာကိုမြငိတော့ ယွင်ယွီက ယွင်ရှန်းနဲ့ ဝိဉာဉ်စမ်းရေနည်ူနည်းပါတဲ့ ရေနဲ့ကျိုထားတဲ့ လက်ဖက်ရည်တွေ သယ်သွားခိုင်းပြီး လက်ဖက်ရည် တိုက်ခိုင်းလိုက်တယ်။ ဒါမှလည်း သူတို့ အားပြန်ပြည့်မှာကိုး။

ချင်ယွိစွေက အချောငိခိုမနေဘူးလေ။ သူက သူ့ရှပ်အင်္ကျီကိုချွတိပြီး သူ့ကျယ်ပြန့်တဲ့ပခုံး တောင့်တငိးတဲ့နောက်ကျောနဲ့ ခပ်ကျဉ်းကျဉ်းခါး နဲ့ ကြွက်သားရှစ်မြောင်းကို ဖော်ပြလိူ့ အလုပ်လုပ်နေတော့ ယွင်ယွီက တော်တော်လေး အာရုံပျက်နေပြီး သူ့ကို ဝိဉာဉ်စမ်းရေတွေချည်း တစ်ခွက်လုံး တိုက်ပစ်လိုက်တယ်။ သူ့ကိုယိထဲက နတ်ဆိုးအော်ရာကို လျော့စေတာဆိုတော့ မကောင်းတာတော့ မဟုတ်ဘူးလေနော့်။

သူမတို့ လက်ထပ်တော့မှာသိတဲ့ ရွာသားတွေက စနောက်လာတော့တယ်။ “ယွီအာက သူ့ကောင်လေးကို တော်တော်ချစ်တာပဲ”

ယွင်ယွီက ဘာမှမပြောပဲ ပြုံးပဲပြုံးနေတော့တယ်လေ။ ဝူလီကလည်း ယွင်ယွီကောင်လေးရှိပြီး လက်ထပ်တော့မယ်ဆိုတာ သိလိုက်ပြီး နှစ်ရက်လောက် အိမ်တွင်းပုန်းစိတ်ဓာတ်ကျပြီးတဲ့နောက်မှာတော့ ပြန်ထွက်လာပြီး လာကူညီတယ်လေ။

သူ ယွီယွီ့ကိုကြိုက်မှန်း သူ့အဖေသိတော့ ဘာဖြစ်လဲဆို သူ့ကိူ ဆူတာပဲပေါ့။

“မင်းက ကြိုက်ရဲသေးတယ်ပေါ့ အဲ့မကောင်းတဲ့ဟာမလေးကိုလေ။ မင်း သူတို့မိသားစုထဲ လက်ထပ်ဝင်ချင်နေတာလားကွ”

ဒါကြားတော့ ထျန်းယန်က “ယွင်မိသားစုက ကျောင်းသား နှစ်ယောက်တောင်နော်။ ယွီအာကတောင် ဘွဲ့ရပြီးနေပြီ။ နင့်သားတော်ကတောင် သူမနဲ့ မထိုက်တန်တာ ဖြစ်နေမယ်”

“ဘာကွ အဲ့ကောင်မလေးဘွဲ့ရတော့ရော ဘာထူးလဲ။ သူက ဘွဲ့နဲ့အလုပ်မလုပ်စားပဲ အဖိုးကြီးဟူဆီက ရှေ့ဖြစ်ဟောသင်ထားသတဲ့လေ။ ချို့ယွင်းချက် ငါးမျိုးကြောင့် အဖိုးကြီးဟူ ဘာဖြစ်သွားလဲ မတွေ့ဘူးလား”

ရွာထဲကလူအားလုံးက ယွင်ယွီ အဖွားစွန်းရဲ့ မြေးရှောင်ယွီကို ကယိတဲ့အပြင် မန္တာန်တစ်ခူနဲ့ ရေတွေအကုန် အန်ထွက်လာအောင်လုပ်ပေးခဲ့တာ မသိဘဲဘယိနေပါ့မလဲ။

အဲဒါအပြင် မျိုးစေ့ရောငိးတုန်းက ကျောက်ကျင်းဟွာက သူမရဲ့အစေ့ခြောက်တွေကို လက်သိပ်ထိုးရောင်းဖို့ ကြိုးစားတာ ယွင်ယွီငြင်းလို့ ယွီယွီ့ကို ဆဲပြီးတဲ့နောက်နေ့ ရုပ်ပျက်ဆင်းပျက် အရိုက်ခံလိုက်ရတာတွေလို သာဓကတွေကြောင့် ရွာထဲကလူတွေက ယွင်ယွီ လူအိုကြီးဟူဆီက သင်လာတဲ့ပညာတွေနဲ့ လုပ်တာလိူ့ တွေးတာလည်းရှိတယ်လေ။

တချို့တွေကျတော့ တိုက်ဆိုငိတာလို့ပဲ ထင်ကြတာပေါ့။

ဝူလီက နှစ်ရက်လောက်နေတော့ ပြန်ထွက်လာတယ်။ သူက ငယ်ငယ်ကတည်းက သူမကို ညီမလေးလို ဆက်ဆံလာတော့ နောက်လည်း ညီမလေး ဖြစ်နေဦးမှာပဲလေ။

သူများတွေ သတိမထားမိတဲ့အချိန် ယွင်ယွီက ချောင်းထဲကနေ ရေတစ်ပုံးခပ်ပြီး ဝိဉာဉ်စမ်းရေနဲ့ ရောလိုက်တယ်။ သူမ ကိုယ်ဝန်ကြောင့် တအားလျောက်မလုပ်ရဲဘူးလေ။

နေပူထဲ အလုပ်လုပ်ခဲ့ရတော့ ညနေလုပ်အားခ ရှင်းတော့ ယွင်ယွီက တစ်ရာပိုပေးခဲ့တယ်လေ။

66 03

ဝူလီကတော့ ပိုက်ဆံကို ငြင်းခဲ့တယ်လေ။ ယွင်ယွီလည်း သူ့ကို ထပ်ဖိအားပေးမနေတော့ဘူးလေ။ သူတို့အိမ်ပြန်ရောက်တော့ ညခုနှစ်နာရီတောင် ထိုးတော့မယ်လေ။

ယွင်ယွီက ဖုန်တလူးလူးဖြစ်နေတဲ့ ချင်ယွီစွေ့ကို ရေချိုးခိုင်းလိုက်ပြီး ‌အဲ့နောက်မှာတော့ အဖွားချက်ထားတဲ့ ငါးခူဟင်းနဲ့ ထမင်းစားလိုက်တော့တယ်။

စားပြီးတော့ ယွင်ယွီက သူမရဲ့ အကောင့်ကို ပြန်စစ်နေတယ်လေ။ သူမဒီတခါက အနိုင်ရတာဆိုတော့ တစ်ဝက်ကို ပြန်မလှူခဲ့ဘူးလေ။ သူမမှာ တစ်သန်းခွဲရှိတာ လေးသိန်း သုံးလိုက်တော့ ဆယ့်တစ်သိန်း ကျန်သေးတာပေါ့။

သူမက ယွင်မောက်ကျုံးတို့မိသားစုကို ဆက်သွယ်လိုက်ပြီး ပိုက်ဆံ ပြန်ဆပ်ချင်တဲ့အကြောင်း ပြောတော့ ယွင်မောက်ကျုံးက “မလိုဘူး ယွီအာ အဲ့ပိုက်ဆံတွေက ရှောင်ချင်က ဦးလေးတို့ပေးသလိုနဲ့ သမီးအဖွားဆီ ပေးခိုင်းလိုက်တာတွေ”

ယွင်ယွီက မအံ့ဩတော့ဘူး။ “အာ ဟုတ် သမီးသိပြီ ဦးလေး”

ယွင်မောက်ကျုံးက “မေ့ကျင်းက သမီးတို့ဆီ လာဆော့ချင်လို့တဲ့။ ဒါပေမဲ့ ဒီတခါ စာမေးပွဲရလဒ်က မကောင်းတော့ ပေးမသွားတော့ဘူးလားလို့”

“ဦးလေး မေ့ကျင်းကို လွှတ်လိုက်ပါလား။ ရှောင်ရှန်းလည်းရှိနေတော့ စာပြပေးလို့ရတာပေါ့”

“ဒါဆိုကောင်းသားပဲ။ မနက်ဖြန်ကျ လာပို့လိုက်မယ်လေ”

ဖုန်းချလိုက်ပြီးတော့ ယွင်ယွီက ကျောက်ခုံပေါ်ထိုင်နေတဲ့ ချင်ယွိစွေကို

“ရှင် ဦးလေးတို့ဆီကနေတဆင့် ပိုက်ဆံပေးတယ်ပေါ့လေ”

ချင်ယွိစွေက “တကယ်တော့ အဲ့လောက်အထိ အတိအကျကြီး ရှင်းရှင်းလင်းလင်း လုပ်စရာမလိုခဲ့ဘူးလေ”

သူက လစာကဒ် ပေးပြီးသလို သူ့ပိုငိဆိုင်မှုတွေကိုပါ ပေးချင်ပေမဲ့ ယွင်ယွီက လိုချင်တဲ့ပုံမရှိဘူးဆိုတော့ လက်ထပ်ပြီးမှ ဖြေးဖြေးချငိး ပေးရမယ်လေ။

ယွင်ယွီက ကျန်တဲ့ပိုက်ဆံတွေနဲ့ သူမအစ်မကြီးအတွက် ချင်းဟန်မြို့မှာ အိမ်စရံပေးပေးဖို့ လုပ်လိုက်တယ်လေ။

လယ်တောအိမ်ဖွင့်မယ်ဆိုရင်လည်း သူမက မက်မွန်တောဘေးမှာ အကြီးအကျယ် ဖွင့်ချင်တယ်လေ။ စားဖို့နဲ့ နားဖို့နေရာရှိတဲ့အပြင် နွေဦးဆို မက်မွန်ပန်းတွေပါ ကြည့်လို့ရဦးမယ် ဘယ်လောက်ကောင်းလဲ။

သူမ တွက်ချက်နေတဲ့အချိနိ ချင်ယွီစွေ့က သူမဘေးမှာ ခွေးနက်တစ်ကောင် စာကလေးတစ်ကောင်နဲ့ ထိုင်စောင့်နေတော့တယ်။

။

နောက်နေ့မှာတော့ ယွင်မေကျင်းကို လာပို့ပြီး ယွင်မောင်ကျူံးက ခပ်သုတ်သုတ် ပြန်ပြေးရတော့တယ်။ အသီးခြံအကြောင်း ကြားတော့ ယွင်မေကျင်းက မနေနိုင်တော့ဘဲ အဲ့ကို ပြေးသွားတော့တယ်လေ။ ညပြန်လာတော့ နေရောင်ကာ လိမ်းဆေး မလိမ်းမိတဲ့ အသားအရေကို ယွီယွီ့ကိုပြရင်း

“အစ်မ ညီမဗိုက်နဲ့ လက်က အရောင်မတူတော့ဘူး”

ယွီယွီ့မှာ ရယ်ပဲရယ်နေမိတော့တယ်။ ယွင်မေကျင်းက ဘယ်လိုနေနေ ဘာမှမဖြစ်လာတဲ့ ယွီယွီ့ကိုကြည့်ပြီး “အစ်မကျတော့ ဘာမှမဖြစ်ဘူးရော အသားလေးဆို နူညံ့နေရော”

နောက်နေ့မှာတော့ ယွင်ယွီက သူမကို တောင်ပေါ်ပေးမသွားဘဲ အိမ်မှာ စာလုပ်ခိုင်းခဲ့တယ်လေ။

ယွင်ယွီက နောက်ဆုံးပို့လာတဲ့ အပင်တစ်သုတ်ကို စိုက်ပြီးတော့ သူမက အလုပ်သမားတွေ အကူအညီနဲ့ သံကြိုးနဲ့ စည်းရိုး ကာလိုက်တယ်လေ။ အားလုံးပြီးတော့ နောက်တရက်က ဇူလိုင်ဆယ်ရက်နေ့ လက်ထပ်ဖို့ စေ့စပ်ဖို့ ပြီးရင် အလုပ်ခွင့်ပြုချက်တောင်းဖို့ စတဲ့ဟာတွေလုပ်ဖို့ ကောင်းတဲ့နေ့ပဲလေ။

အဲတော့ လက်ထပ်မှတ်ပုံသွားတင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်လေ။ မသွားခင်မှာ သူမက ယွင်ရှန်းကို “ရှောင်ရှန်း အစ်မတို့ မှတ်ပုံသွားတင်မလို့ မေ့ကျင်းကို သေချာကြည့်ထားနော်”

“ဟုတ်အစ်မ ကျွန်တော်ကြည့်ထားလိုက်မယ်”

မရှင်းမလင်းဖြစ်နေတဲ့ မေ့ကျင်းက “အမ် အစ်မတို့ မှတ်ပူံတင်ထုတ်ချင်ရင် တစ်ယောက်ယောက်နဲ့ခိုင်းလိုက်လို့ ရတယ်မလား။ ခဲအိုဆီကနေ ဆိုရမှာပါ”

ယွင်ရှန်းက “ယွင်မေကျင်း လက်ထပ်မှတ်ပုံတင်တာကို လူစားထိုး လုပ်လို့ရတယ်လို့ နင့်ဘယ်သူ သင်ပေးလိုက်လဲ ဟင်”

ယွင်မေကျင်းက လျှာပဲထုတ်ပြလိုက်တော့တယ်။

66 04

ယွင်ယွီနဲ့ ချင်ယွိစွေက အသေအချာ ဝတ်စားလိုက်ကြတယ်။ ဒီလိုပူတဲ့အချိန်မှာတောင် ချင်ယွိစွေက ဝတ်စုံပြည့် ဝတ်ဆင်ထားတယ်လေ။

သူက အရပ်မြင့်ပြီး ခန့်ညားတော့ သူထွက်လာတာနဲ့ မေ့ကျင်းက “တွေ့လား အစ်မတို့ ကံကောင်းချက်များ ငါသာ ယောက်ျားယူမယ်ဆို ခဲအိုတဝက်လောက် မမှီရင် ငါမယူဘူး”

သူမပြောပြီးတာနဲ့ ယွင်ရှန်းက သူမကိုခေါက်ပြီး “အောင်မာ တခြားကိစ္စ တွေးနိုင်သေးတယ်ပေါ့။ နင့်အိမ်စာကို ငါစစ်မှာ မျိုမဲ့ဟာ မြန်မြန်သွပ်ပြီး စာလုပ်စမ်း နင်မရတဲ့ အင်္ဂလိပ်စာကို စစ်မှာနော်”

မေ့ကျင်းမှာ သက်ပြင်းတွေ ဖိချနေရတော့တယ်လေ။ ယွင်ယွီက အဖြူရောင်ဝတ်စုံနဲ့ ထွက်လာတော့ တကယ်လှနေတဲ့ သူမအစ်မကို ထပ်မြှောက်ချင်ပေမဲ့ မေ့ကျင်းခမျာ ယွင်ရှန်းကိုလန့်လို့ မျက်လွှာပဲ ချထားလိုက်ရတော့ ပြန်တယ်လေ။

မြို့ငယိထဲမှာ လူမှုရေးရာဗျူရိုမရှိတော့ မြို့တွငိးဧရိယာအထိ မိနစ်လေးဆယ် ကားမောင်းသွားလိုက်ရတယ်လေ။

ရက်ကောင်းဆိုတော့ လူတွေက ပြွတ်သိပ်နေတယ်လေ။ သူမတို့က ချောမောလှပကြတော့ ဗျူရိုထဲဝင်တာနဲ့ စိုက်ကြည့်ခံနေကြရတော့တယ်။ သူတို့က အချက်အလက်တွေဖြည့်ပြီး ကျမ်းကျိန်ကြတော့တယ်။ သူမတို့ ကျမ်းကျိန်ချက်ကို ရွတ်ဆိုရတဲ့အချိန်မှာ ယွင်ယွီက နည်းနည်းရှက်သွားတယ်လေ။ ပြီးတော့ ဓာတ်ပုံရိုက်ဖို့ပေါ့။

အဲ့ဒီမှာ ဓာတ်ပုံရိုက်ဖို့ တန်းစီစောင့်နေတဲ့ လူတန်းရှိနေပြီး အဲ့မှာ ဖုန်းဆော့နေတဲ့လူနဲ့ သူ့ဘေးက ရပ်နေတဲ့ မိနိးမငယ်၊ ပြီးတော့ ပွစိပွစိရွတ်နေတဲ့မိန်းမကြီးတို့ရှိနေတယ်။ မိန်းမကြီးက

“ဘာလို့ ဒီနေ့လဲ ဒီလောက်ပူတာ ချွေးတွေရွဲနေတာပဲ”

ရပ်နေတဲ့ မိန်းကလေးက “အန်တီ ဒီနေ့က ရက်ကောင်းလို့ပါ”

“ဘာကောင်းတာလဲ၊ ဒီလောက် ပူအိုက်နေတာကြီးကို လေအေးပေးစက်တောင် မရှိဘူး”

ဖုန်းဆော့နေတဲ့လူက “အမေတော်ပါတော့ အနှောက်အယှက် ပေးနေသလိုပဲ”

“အေးပါ ငါတော်ပါပြီ” ပြီးတော့ သူမက ကွာရှင်းတဲ့ဖက်မှာ လူနည်းပြီး မမွန်းကြပ်တာ တွေ့တော့ အဲ့ကို တန်းဝင်သွားတော့တယ်”

မိန်းကလေးက ယောက်ျားကိုတွန်းပြီး “ရှင့်အမေကို ကြည့်ဦး။ ကျွန်မတို့ ဒီနေ့လက်ထပ်တာကို သူက ကွာရှင်းတဲ့ဖက်မှာတောင် သွားနေလိုက်သေးတယ်”

******

All Chapters