← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

67 01

အပိုင်း (၆၇)

ပြောရရင် ဒီမိန်းမကြီးက လက်ထပ်တဲ့နေရာလာပြီး အပျော်လုပ်နေတာလေ။ သူမသားနဲ့ ချွေးမက လက်ထပ်မှတ်ပုံတင်ပြီးလို့ ဓာတ်ပုံတောင် ရိုက်တော့မယ်။ သူမက ကွာရှင်းတဲ့ဖက်မှာ သွားရှုပ်နေတယ်လေ။

ယောက်ျားရဲ့ဂိမ်းက ပြီးဆုံးသွားတော့ သူက မျက်မှောင်ကြုတ်ရင်း “စိတ်ဆိုးမနေပါနဲ့တော့ အမေက လိုက်လာတာ ကားထဲနေခဲ့လို့ ပြောလို့မှ မရတာ”

“ဒါပေမဲ့ ဒါကျွန်မတို့ လက်ထပ်ရမဲ့နေ့ကြီးလေ။ သူ နည်းနည်းလောက် သည်းခံသင့်တယ်”

ခဏနေကျတော့ အဲ့မိန်းမကြီးက ပြန်လာပြီး သူ့သားရဲ့ အင်္ကျီစကိုဆွဲလို့ “ကွာရှင်းရင် ပိုင်ဆိုင်မှုတွေ ခွဲဝေရတယ်တဲ့ ။သား အိမ်အရင်ဝယ်ပြီးမှ လက်ထပ်ရင်ရော။ ဒါဆို အိမ်ကို တဝက်ခွဲစရာမလိုတော့ဘူးလေ”

မိန်းမငယ်က “အန်တီ အဲ့လိုမလုပ်နဲ့လေ။ အိမ်စရံငွေက ကျွန်မပေးမှာကို။ နှစ်ယောက်စပ်တူဝယ်တာ ဖြစ်နေပြီးပြီ။ လက်မထပ်ခင်ဝယ်ရင်တောငိ နှစ်ယောက် ပိုင်ဆိုင်မှုပဲလေ”

“နင့်ယွမ်နှစ်သိနိးစရံလေးကိုများ စကားထဲ ထညိ့ပြောနေသေးတယ်။ ငါ့သားက ယွမ်သုံးသိန်း ထည့်ထားတာ နင့်ထက်များတယ်။ ပြီးတော့ လက်ထပ်ပြီးရင်တောင် ငါ့သားက ပိုက်ဆံရှာ။ နင်က အိမ်မှာနေ အိမ်မှုကိစ္စလုပ် ကလေးထိန်းနေရုံပဲကိုများ နောက်ကျ နှစ်သန်းခွဲတန်လာမဲ့အိမ်ကို နင် တစ်ဝက်ပိုင်တယ်လို့ပြောရဲတယ်ပေါ့။ နင်မရှက်ဘူးလား”

ယွင်ယွီအပါအဝင် အနားကလူတွေက ကောင်မ‌လေးနဲ့ အတွေးတူတော့ အဲ့အဘွားကြီးစကားမှာ တအားအံ့ဩပြီး တောင့်တင်းသွားတော့တယ်။ မိန်းမငယ်က မျက်နှာအပျက်ပျက်နဲ့ သန့်စင်ခန်းထဲဝင်ပြီး မျက်နှာသွားသစ်လို့ စိတ်ကိုငြိမ်အောင်လုပ်ဖို့ ပြင်လိုက်တယ်။

အဘွားကြီးက မအားနိုင်သေးပဲ သူမသားကိုဆွဲပြီး သူမရဲ့ “အကြံ” အကြောင်းကို ပြောနေတာ ကြာလာတော့ သူမသားကလည်း ရပ်ဖို့ ပြောယူရတော့တယ်။

ဒါလည်း သူမက မရပ်သေးပဲ အခန်းကို ပတ်ကြည့်ပြီး လူကြားထဲထင်းထွက်နေတဲ့ ယွင်ယွီနဲ့ ချင်ယွိစွေကို တွေ့သွားတော့တယ်။ အဲ့အခါ သူမ ကြုတ်လိုက်တဲ့မျက်မှောင်က ခြင်ကိုတောင် ညစ်သတ်လိူ့ ရလောက်တယ်လေ။

မိန်းမငယ်က ပြန်ရောက်လာတဲ့အခါ အဘွားကြီးက သူမကိုဆွဲပြီး “ဟိုဖက်ကိုကြည့်လိုက်စမ်း နင်သူတိူ့လို မဖြစ်ချင်ဘူးမလား”

သူမက တင်းကြပ်တဲ့ဝတ်စုံ အဖြူရောင်ရှပ် နက်ခ်တိုင် လို သေချာဝတိစားပြင်ဆငိထားတဲ့ ချင်ယွိစွေကိုပြပြီး ဖြစ်သင့်တာ မဖြစ်သင့်တာလို ပေါက်ကရတွေစပြောတော့တယ်။

“ကြည့်လိုက်စမ်း ပိန်ကပ်နေတာများ ဆင်းရဲပြီး လက်ကြောမတင်းမှနိးသိသာချက် ရှောင်လျူ။ နင်ငါ့သားကို ရတာ တကယ်ကံကောင်းတာနော်။ အဲ့ကောင်လေးလိူမဟုတ်ဘဲ ငါ့သားမှာက လစာတစ်လတစ်သောင်းနဲ့ အိမ်ဝယ်ဖို့ပါရှိတယ်လေ

ဒီအဘွားကြီးက တကယ်ကို အရှက်မရှိဘူး သူမက သူမရဲ့ ဘီယာဗိုက်နဲ့သားကို ဒီခန့်ညားတဲ့လူနဲ့ ယှဉ်ရဲတယ်လေ။ တကယ်ဆို သူမက လုံးဝအမြင်မရှိဘူးလေ။ ချင်ယွိစွေဝတ်ထားတာ ခေါင်းကနေ ခြေအဆုံး နာမည်ကြီးတံဆိပ်တွေချည်းပဲ။

အဲ့အချိန်မှာ ကောင်းကောင်း ဝတ်စားထားတဲ့ ကောင်မလေးတစ်ယောက်က “ဒီဘွားတော် ကန်းနေသလားပဲ။ ဟိုဖက်က လူကို ကျွန်မမသိပေမဲ့ သူ့လက်ကနာရီကတော့ ခုနှစ်သန်းလောက် ပေးရတဲ့ Vacheron Constantin ဆိုတာတော့ သိတယ်”

အနားကလူတွေက အသက်ပြင်းပြင်း ရှုမိလိုက်ကြတော့တယ်။ ယွင်ယွီက “ရှင် အသေအချာ ဝတ်လာတာပဲ။ နာရီတောင် ဒီလောက် ဈေးကြီးတာနဲ့”

ချင်ယွိစွေက “မင်းအတွက် ကိုယ်ရတနာတွေ ပြင်ထားသေးတယ်။ အဘွားချန်ခဲ့တာတွေ”

ယွင်ယွီက ရယ်ရင်း “ရှင် တအား ဂရုစိုက်နေတာပဲ”

67 02

“ဒါပေါ့”

သူတို့က ပေါက်ပေါက်ဆဖာက်နေတဲ့ အဘွားကြီးကို ဂရုမစိုက်ပေမဲ့ အဘွားကြီးကတော့ ခုဏက စကားကိုကြားပြီး ပိုတောင်ဆိုးလာသေးတယ်။ သူမက “ဘာခြောက်သန်း ခုနှစ်သန်းလဲ။ ဒီတိုင်းအတုကိုများ သူ့နာရီကအစစ်ဆို ငါ့နာမည်ကို ပြောင်းပြန်ရေးပစ်ဦးမယ်”

မိန်းကလေးက ရှက်လို့ ခေါင်းတောင်မဖော်ရဲတော့ဘူး။ ယွင်ယွီက အဲ့ကောင်မလေးကို

“ရှင့်မျက်လုံးတွေက ဖောင်းအစ်ပြီး ကောင်းကင်နေရာက ရှုပ်ထွေးနေတယ် ကျောင်းဆောင်က ပြိုလဲပြီး ရှင့်မျက်နှာက ခက်ခက်ခဲခဲနဲ့ ပင်ပန်းဆင်းရဲကြီးစွာ အလုပ်လုပ်ရမဲ့ ကိန်းမြင်နေရတယ်၊ ညဟာလည်း ခြောက်ကပ်နေပြီ၊ ဒါပေမဲ့ လူ့ကံကြမ္မာက တစ်တမှတ်ထဲမသွားပဲ ပြောင်းလဲလို့ရတဲ့အချိုးအကွေ့ရှိတယ်၊ အခူချိန်က အဲ့ဒီအချိုးအကွေ့ပဲ၊ သင့်လျော်တဲ့လမ်းကိုရွေးရင် ပြန်လည်မွေးဖွားသလိုမျိုး ကံကောင်းမှုနဲ့ကြုံမယ်၊ ဘဝတစ်လျောက်လုံး ကောင်းသွားလိမ့်မယ်၊ စိတ်ပျော်စရာ ဘဝကိုနေထိုင်ရမယ်၊ မှားတဲ့လမ်းကိုရွေးရင် တစ်သက်လုံး နောင်တကြီးစွာနဲ့နေရပြီး အရှက်ရရလိမ့်မယ်”

အကုန်လုံးက မျက်နှာမှာ ပေါ်နေတယ်လေ။ သိပ္ပံနည်းအရဆိုလည်း စိတ်မပျော်တာနဲ့ မျက်နှာက ပြောင်းလာတာပဲလေ။ ပင်ပန်းဆင်းရဲကြီးလေ မျက်နှာဟာ ပိုပျက်လေပဲ။ သက်တောင့်သက်သာနေရရင်တော့ မျက်နှာက နုပျိုလန်းဆန်းနေလိမ့်မယ်။

ဒီမိန်းမငယ်မျက်နှာက တကယ်ကို ပင်ပန်းဆင်းရဲဟန် ပြည့်နေတာ။ သူမမျက်နှာက ပြည့်တယ်။ မျက်လုံးက မှန်ကန်တယ်။ နှာခေါင်းက ချို့ယွင်းချက်မရှိ နှုတ်ခမ်းက ညီညာတယ် မျက်နှာအမျိုအစားက ကြင်နာတတ်မှန်း သိသာတယ်။ ဒါပေမဲ့ ဒီလူကို လက်ထပ်ရင် သူမယောက္ခမက သူမဘဝကို ဖျက်ဆီးလိမ့်မယ်လေ။

ယွင်ယွီက လူတွေဘဝပြောင်းနိုင်တဲ့အချိုးအကွေ့မျိုးကို ဝင်မပါတတ်ဘူး။ ဒါပေမဲ့ ဒီမိန်းမအိုကြီးက လွန်လွန်းတယ်။ သူမလူချင်ယွီစွေ့ကိူ လာပြီး မကောင်းပြောရဲမှတော့ သူမ ဝင်ရှုပ်ရမယ်လေ။ မိန်းကလေးက ယွီယွီ့ကို နားမလည်ဟန်နဲ့စိုက်ကြည့်နေတယ်။ ယွင်ယွီက “ကျွန်မက ဖုန်းရွှေဆရာသခင်ပါ ယုံကြည်လို့ရပါတယ်”

မိနိးမငယ်က တွေးမိတော့တယ်။ သူမအရှေ့က ကောင်မလေးစကားတွေက မှန်နိုင်မလားမသိဘူးလေ။

အဘွားကြီးက ဒေါသတကြီးနဲ့ “နင်ကများ ဒီလက်ထပ်တာက မကောင်းဘူးလို့ပြောပြီး ဖျက်ချင်နေတာ ငါ့သားကို ကြိုက်လို့မလား”

အားလုံးက ယွင်ယွီဆိုလိုချင်တာကို နားလည်ကြတယ်လေ။

“အန်တီ” ယွင်ယွီက ပြောတယ်။ “အန်တီ့မိဘတွေက အန်တီငယ်စဉ်တုန်းက ဆုံးသွားကြတော့ အန်တီ့ကို မသက်သာတဲ့ကလေးဘဝ ရစေပြီး အစောကြီး လက်ထပ်လိုက်ရတယ်။ ရလိုက်တဲ့ယောက်ျားက အပျင်းကြီးတဲ့ သက်လတ်ပိုင်းယောက်ျား ရှင်အလုပ်လုပ်ရတာ ရောဂါဖြစ်မတတ်ဘဲ။ ဒီသားအထက်မှာ သေသွားတဲ့ သမီးတစ်ယောက် ရှိဦးမယ်”

အဲ့သားအမိက ကြက်သေ သေသွားတော့တယ်။

“နင် ငါ့မိသားစုအကြောင်း ဘယ်လိူသိတာလဲ”

ယွင်ယွီက ကောင်မလေးဖက်လှည့်ပြီး “ကဲ ဘယ်ကိစ္စမဆို ကျွန်မမှန်အောင်ကြည့်နိုင်တယ် ယုံပြီမလား။ ဒီနောက်ပိုင်း ကံကြမ္မာဟောတာနဲ့ပတ်သက်ပြီး ဘာမှမလုပ်ပေမဲ့ ဒါကျ ကြည့်မနေနိုင်လို့ပါ။ ဒီအခြေအနေဆို ဘယ်လမ်းကိူ ရွေးသင့်လဲ ကျွန်မအထူးပြောစရာမလိုဘူးလို့ ထင်ပါတယ်။ ကံကြမ္မာဖတ်ခက နှစ်ထောင်ပါ လှူဒါန်းတယ်ပဲ သဘောထားပါ”

ကောင်မလေးက ထရပ်ပြီး နှစ်ထောင် ထုတ်ပေးရင်း “ဆရာသခင်ကိုကျေးဇူးတင်ပါတယ် အစကတော့ ကျွန်မတကယ်တုန့်ဆိုင်းခဲ့တယ်။ ဒါပေမဲ့ အခုတော့ ဘာလုပ်သင့်လဲဆိုတာသိပါပြီ။ ဆရာသခင် သတိမပေးရင် ဒီလက်ထပ်မှတ်ပုံတင်တာကို ဆက်လုပ်ဖြစ်ပြီး ဒုက္ခရောက်ဦးမှာ။ အစက ကျွန်မဒီဘဝကို လိုချင်တယ်ထင်ခဲ့တာ။ ရက်ကောင်းရက်မြတ်ကို ရွေးလာတာပဲကြည့်လေ။ အခုတော့ လက်မထပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ”

သူမက ဘီယာဗိုက်နဲ့လူကို ကြည့်ပြီး “လမ်းခွဲရအောင်” လို့ပြောပြီး ဗျူရိုကနေ ထွက်သွားတော့တယ်။ လူတွေက သူမကို အားပေးနေကြတယ်လေ။ သားအမိက ကြောင်နေပြီး သားလုပ်တဲ့လူက အဲ့ကောင်မလေးနောက်ကို ပြေးလိုက်သွားတော့တယ်။ ဒီအဖြစ်အပျက်တွေပြီးတော့ သူမတို့က ဓာတ်ပုံရိုက်လိုက်နိုင်တော့တယ်။

ဗျူရိုကနေ ထွက်လာပြီးတဲ့နောက် ယွင်ယွီက စာအုပ်နီလေးကိူ ချင်ယွီစွေ့ကိုပေးပြီး “ချင်ယွိစွေ ကျွန်မတို့ လက်ထပ်လိုက်ပြီနော်”

ချင်ယွိစွေက သူမကို ဖက်လိုက်တော့တယ်။

သူလက်ထပ်ပြီးပြီဆိုတော့ အခုကစပြီး သူ့မှာ အိမ်ရှိသွားပြီလေ။

ညစာစားတော့ မေ့ကျင်းက “ခဲအိုနဲ့ အစ်မ သက်ဆုံးတိုင်ပေါင်းဖက်ရပါစေလို့ ဆုတောင်းပါတယ်”

******

All Chapters