← Chapters

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈

Vol. 7 Ch. 68

68 01

အပိုင်း (၆၈)

ထန်ဟုန်းလျန်က မြို့တော်နဲ့တော်တော်ဝေးတဲ့ ခြံဝန်းငယ်လေးထဲမှာ စောင့်နေတယ်။ သူ့အခြေအနေကတော်တော်လေး ဆိုးဝါးနေပြီး စိတ်ဓာတ်ကျနေဟန် ရှိတယ်လေ။

သူ့ဦးရေပြားတဝက်လောက်က သံပြားနဲ့ အလွှာထုတ်ခံလိုက်ရတဲ့အပြင် ရက်ချီပြီး ဆေးရုံတက်လိုက်ရသေးတယ်။ အဲဒီနောက်မှာလည်း အအေးမနေရတဲ့အပြင် မတော်တဆမှုနောက်မှာ မတော်တဆမှုတွေ ဆက်နေတာပဲ။ ရေသောက်ပြီး အိမ်သာသွားရင်တောင် အိမ်သာထဲ ကျတဲ့အခြေအနေပဲလေ။ အဲ့ကိစ္စအတွက် လုံမိသားစုကို သူ ရောက်လာတာ။ သူတို့ဘိုးဘေး မရှိတော့ရင်တောင် လုံမိသားစုက ဒီကိစ္စမှာ မြို့တော်ရဲ့ ထိပ်သီးပဲလေ။

သူက လုံမိသားစုရဲ့ဂျူနီယာနှစ်ယောက်လည်းဖြစ် ယွီယွီ့သူငယ်ချင်းတွေလည်းဖြစ်တဲ့ လုံဝမ့်ရင်းနဲ့ လုံချီချန်းကို ဖိတ်ခေါ်နိုင်ခဲ့တယ်လေ။

သူတို့က ဆွေးနွေးပွဲအပြီးမှာ ထန်ကျားဗီလာကို သွားကြည့်ပြီး သူတို့မတတ်နိုင်ကြောင်း သူတို့ရဲ့ အဘွားလေးဖြစ်တဲ့ လုံနျန်စီကို ပြောပြတော့ သူမက ထန်ဟုန်းလျန်ကို တွက်ချက်ပြီး “ဒီထန်ဟုန်းလျန်က ကောင်းတဲ့လူ မဟုတ်ဘူး။ မကျေနပ်နဲ့ ဖုန်းရွှေဆရာသခင်ရဲ့ လက်တုန့်ပြန်မှု ဖြစ်လိမ့်မယ် နဂါးပြာအစီအရင်ကို နှောက်ယှက်ပြီး တစ္ဆေငါးကောင်နဲ့ ဝင်ငွေကို ဖောက်ထုတ်တယ်။ အဲဒါအပြင် အိမ်ထောင်ဦးစီးယောက်ျားကိုပဲ ကွက်ပြီး ထိခိုက်စေတယ်။ ရက်အနည်းငယ်အတွင်း ဒေဝါလီ ခံရလိမ့်မယ်”

“ပြီးတော့” လုံနျန်စီက ဆက်တယ်။ “မိသားစုတွင်းကလူတွေကို မထိခိုက်စေဘဲ တစ်ယောက်ထဲကို လုပ်သွားပုံအရ အကျင့်ယုတ်တဲ့လူ လုပ်တာမဟုတ်ဘူး။ ထန်ဟုန်းလျန်ကလည်း လူကောင်းမဟုတ်တော့ လုံမိသားစုက ဝင်ပါခွင့် မရှိဘူးလို့ ဆုံးဖြတ်တယ်။

လုံဝမ့်ရင်းတို့မောင်နှမက သဘောပေါက်တဲ့သဘောနဲ့ ခေါင်းညိတ်ပြတော့ လုံနျန်စီက “မင်းတို့လေးတွေ ယွင်ယွီနဲ့ရော အဆက်အသွယ်ရှိလား” ယွီယွီ့ပါရမီက သူတို့လိုလူကြီးတွေ သဘောကျစေတယ်လေ။

လုံဝမ့်ရင်းက “ကျွန်မ နှစ်ခါတော့ ပြောဖူးတယ်။ အဘွားလေး သူက အိမ်မှာ သစ်သီးခြံလုပ်မလို့ ဆိုလားပဲ”

လုံနျန်စီကပြုံးပြီ ‌”ကောင်းပြီလေ”

ထန်ဟုန်းလျန်က လုံမိသားစု မဖြေရှင်းနိုင်မှန်းသိတော့ တော်တော် စိတ်ဓာတ်ကျသွားတယ်။ အဲ့အချိန်မှာ သူငယ်ချင်းတစ်ယောက်က “ဟုန်းလျန် မင်းပြဿနာက လုံမိသားစု ရှင်းမရရင် ရှင်းနိုင်တာဆိုလို့ ဆရာသခင်‌ဟိုကပဲ တတ်နိုင်တော့တယ်၊ နာမည်မကြီးပေမဲ့ သူ့ပညာအဟုန်က လုံမိသားစုရဲ့ဘိုးဘေးနဲ့ တန်းတူကွနော်၊ သူက တောတောင်ထဲ ကျင့်ကြံနေလို့ လူသိပ်မသိတာ သူ့ကိုဆက်သွယ်မရရင် သူ့တပည့်ကနေတစ်ဆင့် ဆက်သွယ်သင့်တယ်”

ထန်ဟုန်းလျန်က ကောက်ရိုးတစ်မျှင်ကို ဆွဲသလိုမျိုးပဲ မေးလိုက်တော့တယ်။ “ဘယ်သူက ဆရာသခင်ဟိုရဲ့တပည့်လဲ”

“ချင်နျန်ချီတဲ့”

ထန်ဟုန်းလျန် တန့်သွားတယ်။ “ချင်မိသားစုလား”

“အေး ချင်ကျွင်းလင်ရဲ့သားကြီးလေ။ သူက ရွှမ်းမန်မှာ တကယ်ပါရမီရှီတာကွ သူ့ဆရာကြောင့်လည်း ပါတာပေါ့ ငါဆရာသခင်ဟိုကို တွေ့ချင်နေတာ”

ထန်ဟုန်းလျန်က တကယ်ခါးသီးသွားတယ်။ “ချင်မိသားစုကို ငါဘယ်လိုများ သွားညှိနှိုင်းရမှာလဲ”

“မင်းမစမ်းကြည့်ဘဲ မသိနိုင်ဘူးလေ”

ထန်ဟုန်းလျန်က နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ ချင်နျန်ချီလာတတ်တဲ့နေရာကို သွားစောင့်နေတော့တယ်။ ချင်နျန်ချီ ထွက်လာတော့ သူက ပြေးသွားပြီး ဒူးထောက်ရင်း ဦးညွတ်လို့ “သခင်လေးချင် ဆရာသခင်ဟိုကို တွေ့ပါရစေ။ ကျွန်တော့်အိမ်က စီရင်ခံထားရလို့ မတတ်နိုင်လို့ အကူအညီ လာတောင်းတာပါ”

ချင်နျန်ချီက ကန်ထုတ်မလို့ကြံလိုက်ပေမဲ့ ပြောတဲ့စကားကိုကြားပြီး မေးလိုက်တယ်။ “မင်းကို ငါကူညီတယ်ဆိုပါတော့ ငါဘာပြန်ရမှာလဲ”

ထန်ဟုန်းလျန်က “ရှယ်ယာတွေ ပေးနိုင်ပါတယ် ကျွန်တော်တို့ကုမ္ပဏီက ရှယ်ယာတဝက်လုံးကို ပေးပါ့မယ်”

ချင်နျန်ချီက အေးစက်စက်ပြုံးပြီး “ပိုက်ဆံပဲပေါ့ ငါတို့ချင်မိသားစုက ပိုက်ဆံလိုမယ်လို့ မင်းထင်နေတာလား”

“ထွက်သွားစမ်း”

68 02

ထန်ဟုန်းလျန် ထွက်သွားပြီးတော့ လုံနျန်ချီက လက်ကိုင်ပုဝါနဲ့ သူ့လက်ကို သုတ်ပစ်ပြီး လွှင့်ပစ်လိုက်တော့တယ်။

ကန်ထုတ်ခံရတဲ့ ထန်ဟုန်းလျန်က တအားတော့ ဒေါသထွက်မနေဘူး။ သူ့လုပ်ရပ်က အလဟသပဲဆိုတာ သတိထားလိုက်မိတယ်လေ။ ဘာလို့ဆို ငွေမလိုအပ်တဲ့ ချင်မိသားစုကိုမှ သူက ရှယ်ယာနဲ့သွား ဆွဲဆောင်တာကိုး။

နောက်နေ့မှာတော့ သူ့ကို သူ့ဇနီးက ကွာရှင်းပြီး ဖောက်ပြားမှုနဲ့ တရားမဝင်ကလေးအမှုတိူ့နဲ့ တရားစွဲတော့တယ်။

ကုမ္ပဏိနဲ့ အခွန်ရှောင်တဲ့စာရင်းတွေ ပေါ်လာသလို သူပိုင်တဲ့ စားသောက်ဆိုင်နဲ့ ဟော်တယ်တွေက ရှောင်တခင် ဝင်စစ်တာခံရပြီး အရည်အသွေးမပြည့်မီမှု သန့်ရှင်းမှုမရှိခြင်း‌ဆိုတဲ့ အကြောင်းတွေနဲ့ ချိပ်ပိတ်ခံလိုက်ရတယ်လေ။

သူက သူ့ဇနီးကိုကွာရှင်းပြီး သူ့သားကို ဆက်ခံသူအဖြစ် လုပ်ပေးဖိူ့နားပူနေတဲ့ သူ့ချစ်သူကိုတွေးမိပြီး ဒေါသထွက်မိပေမဲ့ သူ အလျင်လိုနေတာကြောင့် သိသမျှဖုန်းရွှေဆရာသခင်တွေကို လိုက်ချိတ်ဆက်ပြီး ဖြေရှင်းဖို့ကြိုးစားတော့တယ်။

ဒါပေမဲ့ သူ့ဇနီးရှဟုန်ယန်က သက်သေတစ်ခု တွေ့လာပြီး သူ့သားလိူ့ထင်နေတဲ့ သူ့ချစ်သူရဲ့ကလေးက သူနဲ့ဘာမှမတော်စပ်တာကို ဖော်ပြလာတယ်လေ။ အဲ့အကြောင်းကိုလည်းသိရော သူ သွေးပါအန်လောက်အောင် ခံစားလိုက်ရတော့တယ်။

သူက ရှေ့ဖြစ်ဟောသူဆီက ကြားထားတာတွေ ပြန်သတိရပြီး သူ့အိမ်ကအခုအစီအရင်က သူ့မိနိးမငှားပြီး လုပ်ခိုင်းထားတာများလားလို့တောင် ထင်လာတယ်လေ။

အဲတော့သူက ရှဟုန်ယန်ကို သူ့ကို သတ်ဖို့ကြံစည်တယ်လို့ စွပ်စွဲတော့တယ်၊။ ဒါပေမဲ့ ရှဟုန်ယန်က သူ့ကိုလက်ထပ် ကလေးမွေးပေး သူမဘဝတစ်ဝက်လောက် သူ့နဲ့အတူရုန်းကန်ခဲ့တာတောင် သူက အပြင်မှာ ဖောက်ပြန်တယ်ဆိုတဲ့ သက်သေအခိုင်အမာကြီး ရှိနေတော့ တရားရုံးက သူတို့ကို ကွာရှင်းခိုင်းလိုက်တော့တယ်။

ပြီးတော့ ရှဟုန်ယန်က ကုမ္ပဏီကိုမရလိုက်ပေမဲ့ သူမက ဗီလာရယ် အိမ်တစ်လုံးရယ်အပြင် ပိုက်ဆံတစ်သန်းပါ အပိုရလိုက်တယ်လေ။ အဲ့ဒီနေ့မှာပဲ သူမက ဗီလာကနေ ထန်ဟုန်းလျန်ရဲ့ ချစ်သူနဲ့ သွေးမတော်တဲ့သားကို ကန်ထုတ်လိုက်တော့တယ်။

ဒါပေမဲ့ သူမက သူမရဲ့သမီးတွေနဲ့ပဲနေပြီး ဗီလာကို မပြန်တော့ဘူးလေ။

သူမက ထန်ဟုန်းလျန်ကို အဲ့ဗီလာမှာရှိတဲ့ ဖုန်းရွှေအခင်းအကျင်းက နှောက်ယှက်ပြီး ဒေဝါလီခံရအောင် လုပ်နေမှန်းသိတော့ သူမအဲ့မှာ နေမှာမဟုတ်ဘူးပေါ့။

နှစ်ရက်မကြာသေးဘူး ထန်ဟုန်းလျန်ကို ရဲတွေဖမ်းသွားပြီး အမှုအမျိုးမျိုးနဲ့ တရာစွဲလို့ ထောင်နှစ်နှစ်ဆယ် ချလိုက်တော့တယ်။

သူ လုံးဝဘဝသေသွားတာ သေချာတယ်လေ။

ယွင်ယွီကလည်း ဒီအကြောင်းကို သတင်းကနေ သိလိုက်ရတယ်လေ။ သူမလုပ်ခဲ့တဲ့ အစီအရင်အကြောင်း မပါပေမဲ့ ပါတာကတော့ ထန်ဟုန်းလျန် ကွာရှင်းရကြောင်း သူ့သားက သူ့နဲ့ဘာမှမတော်ကြောင်းတွေပေါ့။

ယွင်ယွီက မြို့တော်ကို တစ်ခေါက်ပြန်သွားပြီး ရှဟုန်ယန်ဗီလာဖြစ်သွားပြီဖြစ်တဲ့ ဗီလာကနေ အစီအရင်ကို ပြန်သွားဖျက်ဖို့ တွေးလိုက်တယ်။

အစီအရင်က ထိပြီးပြီမလို့ ထန်ဟုန်လျန် အဲ့ထောင်ထဲကနေ ထွက်လာစရာအကြောင်း မရှိတော့ဘူးလေ။

အစီအရင်က ယောက်ျားတွေကိုပဲ ထိတာမလို့ အမျိုးသမီးတွေချည်းရှိတဲ့ အမေနဲ့သမီးတစ်စုက ဘာမှမဖြစ်ပေမဲ့ ကံတော့ နည်းနည်းညံ့နေတတ်တာမလို့ သူမ သွားဖယ်ရမယ်လေ။

သတင်းကို သူမဖတ်မိတော့ ညကိုးနာရီထိုးနေပြီ။

ဒီနေ့က သူမနဲ့ချင်ယွိစွေ လက်ထပ်ပြီးတဲ့ ဒုတိယမြောက်ည။ ဒါပေမဲ့ သူမတို့က အခန်းခွဲအိပ်နေတုန်းပဲလေ။ တစ်ခန်းထဲအတူအိပ်ဖို့ မင်္ဂလာဆောင်ပြီးတဲ့အထိ စောင့်မှာပေါ့။

ယွင်ယွီက ယွင်မေကျင်းကို “အစ်မ မင်းခဲအိုနဲ့ သွားတိုင်ပင်စရာရှိလို့”

“အွန်း” မေ့ကျင်းက ခြေထောက်စင်းထားတာကို ရုတ်ပြီး ယွီယွီ့ကို ပေးသွားလိုက်တယ်။

ယွင်ယွီက အပြင်ထွက်သွားပြီး လက်ထပ်မှတ်ပုံတငိတဲ့နေ့က သူမကို ဝမ်းသာအားရဖက်ပြီး အခုမှ သူမဟုတ်သလို ထုံပေပေလုပ်နေတဲ့ ယောကျိားဘေးနားကို သွားထိုင်ပြီး သတငိးကိုပြလို့ သူမ အစီအရင် သွားဖျက်ချင်ကြောင်း ပြောလိုက်တယ်။ ချင်ယွိစွေက

“ဩဂုတ်လထဲမှာ မှာထားတဲ့ လက်ထပ်လက်စွပ်တွေရမှာဆိုတော့ အဲ့ကျမှသွားလေ”

ယွင်ယွီ တွေးကြည့်တော့ ထန်ဟုန်းလျန် ထောင်ထဲရောက်တာ သေချာအောင် တစ်လစောင့်ရတာလည်း သိပ်မဆိုးကြောင်းတွေးမိတော့ သူမ လက်ခံလိုက်တော့တယ်။

။

နောက်ရက်တွေက ငြိမ်းအေးနေတယ်လေ။ ဧကသုံးရာစာ သစ်သီးခြံက သေချာအလုပ်ဖြစ်နေပြီး ချင်ယွိစွေရဲ့ စိတ်ပူကြီးမှုကြောင့် စမ်းချောင်းဘေးထိုင်ပြီး ပုံးထဲရေဖြည့်နေရတယ်လေ။

ချင်ယွိစွေကတော့ ရေလာသယ်ပြီး အပင်ရေလောင်းပေါ့။ ပြောင်းစိုက်ထားတဲ့အပင်တွေက ရေတအားလောင်းစရာမလိုဘဲ လောင်းမိရင် အမြစ်တွေ ပုပ်သွားတတ်တော့ ချင်ယွိစွေလည်း တအားမလုပ်ရဘူးလေ။

သူမက အသီးခြံနဲ့ အလုပ်ရှုပ်နေတော့ ဘာဖုန်းရွှေ အလုပ်မှ မကြည့်နေရဘူးလေ။ အရင်သူမကို အလုပ်ချိတ်ပေးဖူးတဲ့ ပွဲစားဟယ်ကောကလည်း သူမအတွက် အလုပ်တွေ့မနေဘူးလေ။

သုံးရက်လောက်ကြာပြီးတော့ ယွင်ယွီက ‌ဆွေးနွေးပွဲမှာ ရခဲ့တဲ့ကျောက်စိမ်းနဲ့ သူမမိသားစုအတွက် အဆောင်လုပ်တော့တယ်လေ။

******

All Chapters