အခန်း ၆၉
Vol. 7 Ch. 69
69 01
အပိုင်း (၆၉)
သူမ ငွေပြတ်တတ်တာ သိသွားတဲ့ ယွီရှောင်ရှောင်က ထောင်ပေါင်းမှာ အဆောင်တွေရောင်းဖို့ သူမကို အကြံပေးဖူးတာ သတိရသွားတော့ အဲ့အတွက်ပါ သူမက အဆောင်ဆွဲပြီး ဆိုင်အတွက် ပြင်ဆင်တော့တယ်။
ထောင်ပေါင်ဆိုင်က လွယ်လွယ်ကူကူပဲ စာရင်းသွင်းလိုက်နိုင်ပြီး ရွှမ်းလောက အဆောင်ဆိုင်လို့ ခေါ်တယ်လေ။ သူမက သူမ ဆွဲပြီးတဲ့ အဆောင်တချို့ကို တစ်ခုတစ်သောင်းဆိုတဲ့ဈေးနဲ့ တင်လိုက်တော့တယ်။
သူမကိုယ်သူမ အဆောင်တစ်ခုအတွက် ဈေးတင်လှပြီထင်နေပေမဲ့ ယွီရှောင်ရှောင်လည်း သိရော “ဟမ် ဈေးပေါချက်ပဲ။ နင့်အဆောင်တွေက အစစ်ဖြစ်ရုံမကဘူး။ ဒီလောက်ကောင်းတာ ငါးသောင်းလောက်တောင်း”
“ဈေးမကြီးဘူးလားဟယ်”
အဲ့ကျတော့ ယွီရှောင်ရှောင်က “နင်ဝမ်ရုအဖိုး အကြီးအကဲချန်းကို သိတယ်မလား။ သူဆို ဆေးလေးတစ်ဖုံနဲ့ နှစ်သိန်းတောင်ရတာ။ နင့်အဆောင်က သူ့ဆေးနဲ့ တန်းတူလောက် အစွမ်းထက်တာပဲကို ဘယ်မှာဈေးကြီးလို့လဲ။ နင်ဈေး နည်းနည်းပဲတောင်းရင် လူတွေက အစစ်အမှန် မဟုတ်ဘူးဆိုပြီး ဒီတိုင်း ကျော်သွားကြလိမ့်မယ်”
ယွင်ယွီက ဈေးကို မြင့်လိုက်တော့တယ်။ ယွမ်ငါးသောင်း ဖြစ်သွားတာကို ဘယ်သူမှ ဘာမှမပြောပေမဲ့ ရွှမ်လင်းဇစ်ဆိုတဲ့ အင်တာနက်သုံးသူကတော့ မတူဘူးလေ။ သူက ဖုန်းရွှေဖက်ကို စိတ်ဝင်စားပြီး အဆောင်တွေ မက်မွန်သားဓားတွေ ဝယ်တတ်တဲ့လူ။ ဈေးကတော့ ယွမ်တစ်ဒါဇင်လောက်ကနေ တစ်ရာလောက်ပေါ့။ ဒီတခါလည်း သူက လျောက်ကြည့်နေရင်းနဲ့ ရွှမ်းလောက အဆောင်ဆိုင်ကို တွေ့သွားတော့တယ်။ ဈေးက ငါးသောင်းမှန်း သိသွားတဲ့အပြင် ရှိတာက အဆောင်အမျိုးအစားနည်းနည်းလေးပဲဆိုတော့ သူက တကယ်ဒေါသထွက်သွားပြီး ဝေ့ပေါ်ပေါ်တက်ပြီး ပြောတော့တယ်။ သူ့မှာ ဖော်လိုဝါးနှစ်သောင်းလောက် ရှိတာကိုး။
သူက လောဘသားကောင်ဆိုင် ဆိုတဲ့ခေါင်းစဉ်နဲ့ ဆိုင်ရဲ့ ပုံကိုတွဲတင်ပြီး
“ဒီနေ့ ငါ အဆောင် မဖြစ်ညစ်ကျယ်လေးတွေကို ငါးသောင်းဆိုတဲ့ဈေးနဲ့ရောင်းနေတဲ့ ဆိုင်တစ်ဆိုင် တွေ့ခဲ့တယ်။ ငါ့လူတို့ ဒီလိုလိမ်စားနေတဲ့ဆီက ဝယ်မဲ့အစား ဘုရားကျောင်းသာ သွားကြ ငါ့လူတို့”
သေချာပေါက် သူ့ဖော်လိုဝါတွေက ယွီယွီ့ကို ဆဲကြတော့တာပေါ့။
“အဆောင်တစ်ခုငါးသောင်း သောက်ရူးမှပဲ ဝယ်လိမ့်မယ်”
“အပေါ်ထပ်ကလူ လွဲနေပြီ။ တချို့အဆောင်တွေက တန်တယ်ဟ။ လုံမိသားစုကဆွဲတဲ့အဆောင်တို့ တခြားအကြီးအကဲတွေ ရှိသေးတယ်”
“အဲ့အဆောင်တွေက ဒီလောက်ရှားတာကွာ ဒီဆိုင်မှာတော့ ပေါ်လာမယ်မထင်ဘူး”
“ဒီဆိုင်ကများ တုပြီး ဈေးတင်ချင်သေးတယ်။ မတူရင်မတုနဲ့ကွ”
“အဲ့လောက် ပိုက်ဆံလိုချင် ဘဏ်ဓားပြသွားတိုက်ပါလား”
အကျိုးဆက်ကတော့ အဓိကအကြောင်းအရာစာရင်းကို ကွန်မန့်ပေးသူ တစ်သောင်းကျော်နဲ့ ရောက်သွားတော့တယ်။ ဒါပေါ့ အကုန်ဆဲဆို အပြစ်တင်နေကြတာတွေချည်း။
တချို့ကျတော့ ဘယ်အရူးကများ အဲ့ဒီဆိုင်ကနေ ဝယ်သလဲလို့ သွားစစ်ကြတယ်လေ။ ရွှမ်လင်းဇစ် မွေးတဲ့မီးကပြန့်နေပေမဲ့ ယွင်ယွီကတော့ ကျောက်စိမ်းကို ပုံသွင်းပြီး အဆောင်လုပ်နေတော့ သိတောင်မသိလိုက်ဘူးလေ။ သူမက သူမအဖွား၊ အမေ၊ ရှောင်ရှန်းနဲ့ အစ်မအတွက် ရာသီခွင်အရုပ်လေးတွေပုံနဲ့ အဆောင်လုပ်ပေးဖို့ တွေးထားတယ်လေ။ အော် ချင်ယွိစွေကိုပါ မေ့ထားလို့မရဘူးပဲလေ။ သူမကတော့ မလိုပေမဲ့ သာမန်လူတွေချည်းရှိတဲ့ သူမမိသားစုကတော့ လိုတာကိုး။
သူမက မလောဘဲ အချိန်ယူလို့ တစ်ခုကို အချိန်သုံးရက်သုံးပြီး ထုဆစ်ခဲ့တယ်လေ။ သူမက ဒီနည်းနဲ့ တလက်စထဲ ကျင့်ကြံတာပေါ့။ တရားထိုင်ရင်း ကျင့်ကြံမှကျင့်ကြံတာ မဟုတ်ဘဲ ဘာလုပ်လုပ် ကျင့်ကြံနိုင်တဲ့နည်းလမ်းကို သူမဆရာဆီကနေ သင်ထားတာလေ။
တောင်ကုန်းပေါ်မှာက ဧကနှစ်ထောင်လောက်လွှတ်နေသေးတော့ သူမက လက်ဖက်ပင်နဲ့ အစေ့အဆံပင်တွေ စိုက်ချင်သေးတယ်လေ။
လက်ဖက်ပင်က ရေကြိုက်တော့ နောက်နှစ်နွေဦးကုန် မိုးစမှပဲစိုက်နိုင်တော့မယ်။ အစေ့အဆံပင်ကတော့ ဈေးကြီးလွန်းလို့ သူမ မတတိနိုင်ဘူးလေ။
ဒါပေမဲ့ မြေနေရာကြီး ပုပ်နေမဲ့အစား တစ်ခုခုစိုက်သင့်တယ်မလား။
ပြောင်းတွေက စိုက်ချိန်တိုပြီး ကြီးနှုန်းမြန်တဲ့အပင်တွေပဲလေ။ သူတို့ကို နွေဦးနဲ့ ဆောင်းဦးတွေမှာ စိုက်ကြတယ်။
ပုံမှန်ဆို နွေဦးမှာစိုက်ကြပေမဲ့ တချို့အမျိုးတွေက ဆောင်းဦးစိုက်တယ်လေ။ သူမတို့မိသားစုကတောင် အခုစိုက်ထားသေးတယ်။ တအားမများတော့ တဧကတောင် မရှိဘူးလေ။ အဲ့အစား ဘန်းမုန့်ဆိုင်ကတောင် အလုပ်ဖြစ်သေးတယ်။
တစ်ဖက်မှာ ပြောင်းဖူးတွေကတော့ ချိုမြနေတဲ့ အရသာရှိရှိ သကြားပြောင်းမဟုတ်ရင် ရောင်းရဖို့တောင် မတတ်နိုင်ဘူးလေ။ ဒါပေမဲ့လည်း သူမတို့စိုက်တာက မချိုစရာအကြောင်းမှ မရှိတာ။ စုန့်ချန်းမင်းကို ဟိုရက်ကမှ ပို့လိုက်သေးပေမဲ့ နှစ်ရက်မကြာခင် ထပ်တောင်းနေပြန်ပြီလေ။
အဲ့လိုမှတော့ သူမက နေရာကို ဆောင်းဦးပြောင်းတွေစိုက်ဖို့ ဆုံးဖြတ်လိုက်တယ်လေ။ ဒါပေမဲ့ သူမအလုပ်ကြိုးစားလေ ရွာထဲမှာ ကောလဟလ ပြန့်လေပဲလေ။
69 02
“ယွင်အိမ်ကသမီးက ရည်မှန်းချက်ကြီးတာပဲ။ တောင်ထိပ်ကို နှစ်ခုနှစ်ဆယ်စာချုပ်နဲ့ ငှားသွားတယ်တဲ့”
“ဘယ်ကမလဲဟ အသီးပင်တွေကို ရောင်းလို့ရမရ မကြည်ဘဲ စွတ်စိုက်တာရှိသေးတယ်”
“ဟော အခုကျ ဆောင်းဦးပြောင်းတွေပါ ပါလာပြီ။ ရာသီဥတုအေးလာရင် ဧကနှစ်ရာက လစ်ကုန်မှာကွ”
“လူငယ်တွေက ရှေ့ရေး မကြည့်ဘူး၊ လူကြီးတွေကလည်း ဂရုတစိုက် မဆုံးမဘူးပဲ”
“မပြောနဲ့ မပြောနဲ့။ မင်းတို့တွေ ကျောက်ကျင်းဟွာ ဘာဖြစ်သွားလဲ မမှတိမိဘူးလား”
“တိုက်ဆိုင်တာပါကွာ သူ့အသက်လေးနဲ့ဘာလုပ်နိုင်မှာကျလို့”
ယွင်ယွီက ရွာရဲ့ဆွေးနွေးစရာခေါင်းစဉ်ကြီး ဖြစ်နေပြီလေ။ အဖွားနဲ့ အမေကတော့ ဒေါသထွက်တာပေါ့။ “ဒီအရူးတွေက အလုပ်မရှိ အကိုင်မရှိ သောက်တင်းပဲ ပြောနေကြတာ ငါတို့က သူတို့နဲ့ တအားပတ်သက်ချင်တာဆိုတော့လေ”
ယွင်ယွီကတော့ အာရုံတောင် စိုက်မနေဘူးလေ။
“အဖွား အမေ သူတို့ မနာလိုနေကြရုံပါ။ ဘယ်လောက် ပြောနိုင်မှာလဲ။ မကြာခင် မေ့သွားလိမ့်မယ်”
သူတို့ချင်းဟယ်ရွာက လူဦးရေသုံးသောင်းလောက် ရှိတဲ့ရွာလေ အဲ့လိုလူကတော့ မရှိဘဲ မနေပါဘူး။
ယွင်ယွီက သူမ လုပ်ထားတဲ့အဆောင်တွေကိုပြပြီး “ဒီနှစ်ခုက အဖွားနဲ့ အမေ့အတွက် လုပ်ထားတာ ကာကွယ်ရေးအဆောင်နော်” သူမက ဒါတွေကို ဝိဉာဉ်စမ်းရေစိမ်ပြီးလို့ သေချာအသက်သွင်းပြီးသားဆိုတော့ ဘေးဆိုးသုံးလေးခုတော့ သေချာပေါက်ကာနိုင်တယ်လေ။
ကျောက်စိမ်းအရေအသွေးက ကောင်းလွန်းတော့ ကျောက်အကြောင်းနားမလည်တဲ့ အဖွားနဲ့အမေကတောင် ဈေးကြီးမှန်းသိတယ်လေ။ အဖွားက
“ရှောင်ယွီအာ ဒါဈေးကြီးလွန်းတယ် ဘယ်ကရလာတာလဲ”
“မပူနဲ့အဖွား သမီး မြို့တော်သွားတော့ ရုပ်လွန်ပညာဆွေးနွေးပွဲရှိလို့ သွားပြိုင်လာတာ ယွမ်တစ်သန်းအပြင် အပိုဆုရလာတာ အဲဒါနဲ့ အဆောင်လုပ်လိုက်တာ”
“ယွီအာ နင်လေးကို ဖုန်းရွှေသခင်မလုပ်ဖို့ငါမတားဘူးလား ချို့ယွင်းချက်တွေရလာရင်ဘယ်လိုလုပ်မလဲ”
“သမီးမရပါဘူး မရပါဘူးဆို”
သူမ ဘယ်လိုရှင်းပြရမလဲ တကယ်မသိဘူးလေ။ သူမအရင်ဘဝက ကုသိုလ်ကြီးကြီးလုပ်တဲ့အပြင် သူမအခုရတဲ့ပိုက်ဆံတွေ တော်တော်များများကို လှူပစ်လိုက်တာဆိုတော့ အဲဒါမျိုးက ရဖို့သိပ်မလွယ်ဘူး။ အဲဒါအပြင် သူမနားရှိတဲ့ ချင်ယွိစွေရဲ့ကုသိုလ်ဆို ပိုတောင်များသေး ရွှေရောင်အရှိန်အဝါနဲ့ ခရမ်းရောင်အခိုးတွေပါ ထွက်နေတာ ဘယ်လိုကုသိုလ်မျိုးနဲ့ရတဲ့ ဘုန်းကံမှန်း သူမတောင် မသိတော့ဘူး။ အနားရှိတဲ့လူတွေကို လုံးဝကူညီပေးနိုငိစွမ်းရှိတယ်လေ။ အဲဒါကလည်း လက်ထပ်ဖို့ သဘောတူခဲ့တဲ့ အချက်တွေထဲပါတာပေါ့။ သူ့မှာ စိတ်ကောင်းရှိတာကြောင့်လည်း ပါတယ်လေ။
အဖွားက သက်ပြင်းချပြီး “လုပ်ချင်သပဆိုလည်း မတားတော့ပါဘူးကွယ် ဒါပေမဲ့ လုံခြုံရေးကို ဦးစားပေးပြီး အန္တရာယ်တောထဲ ဇွတ်တိုးမဝင်ရဘူး” အဖွားက သူမရဲ့မြေးမ တစ်လခွဲလောက် အိမ်မှာ စကားနားထောငိစွာနဲ့နေနေပေမဲ့ ဖင်တကြွကြွနဲ့ ဂနာမငြိမ်တဲ့အခြေအနေကိုတွေ့တော့ ဝါသနာကို မတားရက်တော့ဘူးလေ။
ယွင်ယွီကပျော်သွားပြီး “ကျေးဇူးပါအဖွား မပူပါနဲ့။ သမီးလုံခြုံရေးက အဓိကဦးစားပေးပါနော်”
အဖွားရော အမေရော အဆောင်တွေကို လည်ပင်းမှာ ဆွဲထားလိုက်တယ်လေ။
နောက်နေ့မှာတော့ ယွင်ယွီက နှင်းဆီခုံအောက်ထိုင်ပြီး မြင်းရုပ်လေးထုနေတယ်။ ယွင်ရှန်းက မြင်းနှစ်ဖွားဆိုတော့ ဒါက သူ့အတွက်ပေါ့။
အခုက ဇူလိုင်လနှောင်းဆိုတော့ ရာသီဥတုက တအားမပူတော့ပေမဲ့ နည်းနည်းအိုက်နေသေးတယ်လေ။ ဒါပေမဲ့ ဒီခြံဝန်းထဲမှာကတော့ အေးချမ်းနေတယ်လေ။
မနက်စာစားပြီးတော့ ချင်ယွိစွေက ပြောင်းတွေချိုးပြီး ဆိုင်သွားပို့ဖို့ထွက်သွားတော့တယ်။
ယွင်ရှန်းနဲ့ ယွင်မေကျင်းကလည်း ဘန်းမုန့်ဆိုင်ကို သွားကူကြတော့ ယွီယွီ့အတွက် အေးအေးဆေးဆေး လုပ်ချိန်ရနေတယ်လေ။
ခဏနားတော့ သူမဖုန်းယူကြည့်ပြီး ထန်ဟုန်းလျန် ထောင်နှစ်နှစ်ဆယ်ကျသွားတာ သိလိုက်ရတယ်။
69 03
သူမရဲ့ဆိုင်ကိုဝင်ကြည့်တော့ သူမက ဖောက်သည်မရတဲ့အပြင် အဆဲပါခံထားရမှန်း သိလိုက်ရတယ်လေ။
ဒီလူတွေက အတော်အားနေကြသလားပဲ လဝက်လောက်ကို သူမကို လာဆဲနေကြတာ သူမက ဒီလူတွေကိုမှတ်ထားပြီး အကူအညီတောင်းရင်တောင် ငြင်းဖို့တွေးလိုက်တယ်။
သူမဖုန်းကိုပိတိခါနီးမှာ ဟယ်ကောက ဆက်သွယ်လာတာတွေ့လိုက်ရတယ်လေ။
ဟယ်ကော “ဆရာသခင်ယွင် ချန်းရွှေမှာ ကိစ္စတစ်ခုရှိတာဖြေရှင်းပေးချင်လားဗျ”
“ဘာကိစ္စလဲ*
“မစ္စနီရဲ့သမီးက တစ္ဆေထီးတစ်ကောင် နှောက်ယှက်တာခံနေရလို့ပါ ဆရာသခငိက အနီးဆုံးမလို့ ဆက်သွယ်လိုက်တာပါ။ နေ့ချင်းပြန်သွားချင်ရင်တောငိ ရလိမ့်မယ်ထင်ပါတယ်”
++++++