အခန်း ၇၀
Vol. 7 Ch. 70
70 01
အပိုင်း (၇၀)
မစ္စနီလား။ ပြီးတော့ သူ့သမီးကို တစ္ဆေထီးတစ်ကောင်က လိုက်နှောက်ယှက်တယ်။ ဖြစ်တာက ယွင်ဝေးဝေးများလားပဲ။ ယွင်ယွီက ပြန်မေးလိုက်တော့တယ်။
“အခြေအနေကို အတိအကျပြောပြပါ။ ပြီးတော့ မိသားစုနာမည်ကရော ဘာတဲ့လဲ”
ဟယ်ကောက ဘာလို့မိသားစုနာမည်မေးလဲ မရှင်းပေမဲ့ ဖုန်းရွှေသခင်တွေမှာ ထူးဆန်းတဲ့အကျင့် ရှိတတ်ကြတာပဲလေ။ “အမေလုပ်တဲ့လူက နီရွှယ်ကျောင်းပါ။ သမီးက ယွင်ဝေးဝေး ပြီးဝောာ့ အဖေက ယွင်မောက်လျန်ပါတဲ့။ အငယ်ဆုံးသားလေးက ယွင်ဟောက်ယွီပါ။ ဖြစ်ပုံကတော့ မြို့တော်မှာ ရုပ်ရှင်ရိုက်နေရင်း အပြန်လမ်းမှာ ယွမ်နှစ်သိန်းနဲ့ ရတနာတွေပါတဲ့အထုတ်ကို အဆောင်တစ်ခုနဲ့အတူ ကောက်ရတယ်တဲ့ဗျ။ အဲ့အဆောင်ကိုပစ်ထုတ်ပြီး ပိုက်ဆံကိုသုံးလိုက်မိတာ။ ညကျတော့ သူ့ကို မိန်းမ မိန်းမလို့ခေါ်နေတဲ့ ရေနှစ်သေတဲ့တစ္ဆေနဲ့ တွေ့တော့တာပဲတဲ့ အဲ့လိုပါပဲဗျာ”
ဟယ်ကောက ဆက်ပြောတယ်။ “ဆရာသခင် အဲ့လိုပုံစံကျတော့ တစ္ဆေမင်္ဂလာဆောင်မလား”
ယွင်ယွီက “ဟုတ်တယ် ရတနာက ခန်းဝင်ပစ္စည်းအဖြစ် ပိုက်ဆံက တင်တောင်းငွေအဖြစ် အလုပ်လုပ်တယ်။ ပိုက်ဆံနှစ်သိန်းကို သိမ်းထားရင် ဘာမှမခက်ခဲဘဲ ပြီးသွားတယ်၊ အခုသူက သုံးလိုက်တော့ ခက်ပြီလေ”
ဟယ်ကောက “မစ္စနီက ဒါကိုဖြေရှင်းပေးရင် သုံးသိန်းပေးမယ်လို့ ပြောပါတယ် အဲဒါ.....”
“ဟယ်ကော ခံရတဲ့လူက ယွင်ဝေးဝေး ကျွန်မမျိုးရိုးကလည်း ယွင်ပဲ။ ရှင် ရဲရဲတွေးကြည့်လို့ရတယ်။ ဘာဖြစ်သလဲဆိုတာကို ဒါပေမဲ့ ဒီကိစ္စကို ကျွန်မ မကူညီနိုင်ဘူး”
သူမက ဟယ်ကော စာပြန်လာတာကို စောင့်လိုက်ပြီးမှ
“ဒါကို မကူညီဘူးဆိုပေမဲ့ နီးနီးနားနားက တခြားအလုပ်တွေတွေ့ရင် ကျွန်မကို ပြောလို့ရပါတယ်”
သူမကိုယ်တိုင် မလုပ်တာကပဲ ကျေးဇူတင်သင့်နေပြီကို ကူညီစရာအကြောင်း ဘယ်ရှိပါ့မလဲ။
ယွင်ယွီက ဂရုစိုက်မနေပေမဲ့ ဟယ်ကောကတော့ မဟုတ်ဘူးလေ။ မျိုးရိုးယွင်ချင်း တူတာနဲ့ပဲ ဘာလို့မကူညီရတာလဲလေနော်။ သူ ထဲထဲဝင်ဝင် စုံစမ်းလိုက်တယ်လေ။ သူက ဒီအလုပ်ကို လုပ်လာတာကြာတော့ အဆက်အသွယ်နည်းနည်း ရှိတာမလို့ စုံစမ်းရတာက အဲ့လောက် အရေးကြီးတဲ့ကိစ္စ မဟုတ်ဘူးကိုး။ အဲ့မှာမှ ယွင်မောက်လျန်ရဲ့ ခွေးဇာတ်ကို မြင်ရတော့တာပဲ။ မယားငယ် ထားတဲ့အပြင် မယားငယ်နဲ့ လက်ထပ်နိုင်အောင် မယားငယ်ကို ကိုယ်ဝန်ရအောင် လုပ်တဲ့အချိန် မယားကြီးကိုပါ ကိုယ်ဝန်ထပ်ရစေခဲ့တယ်။ နောက်ကွာရှင်းပြီးတော့ ကလေးစရိတ် မပေးတဲ့အပြင် သူ့အရင်မိန်းမ ခြေထောက်ကျိုးလိူ့ ကလေးသုံးယောက်က အလုပ်ကိုယ်စီ လုပ်ရတာတောင် ဘာမှသွားမကူ သွားမကြည့်ဘူးလေ။ ဟယ်ကောက သူ့အစား တကယ်ရှက်တဲ့အပြင် ကူညီချင်စိတ်ပါ ပျောက်သွားတော့ နီရွယ်ကျောင်းကိုခေါ်ပြီး
“စိတ်မကောင်းပါဘူး မစ္စနီ ကျွန်တော် မကူညီနိုင်တော့ဘူး”
“နေဦး ရှောင်ဟယ် ပြောတော့ ဆရာသခင်နဲ့တွေ့ပေးမယ်ဆို။ အခုကျတော့ ဘာဖြစ်တာလဲ၊။ ငါပေးတဲ့ ယွမ်သုံးသိန်းက နည်းတယ်ထင်ရင် လိုချင်တဲ့ဈေးပြောလိုက်”
အစက တာအိုကျောင်းတွေ တစ်ခုပြီးတစ်ခု လိုက်စမ်းမလို့ပေမဲ့ တနေရာမှာ ဒီဟယ်ကောနဲ့တွေ့လာတော့ တဖြည်းဖြည်း ပိန်ကပ်လာတဲ့ သူ့သမီးအတွက် မျှော်လင့်ချက်ရောင်ခြည် သန်းလာတယ်လို့ ထင်တယ်လေ။ အခုကျတော့ သူမ မျှော်လင့်ချက်က ရိုက်ချိူးခံလိုက်ရတော့ သူမ ဘယ်နေပါ့မလဲ။
ဟယ်ကောက “ခင်ဗျားသမီးက လောဘတကြီးနဲ့ ယွမ်နှစ်သိန်းလုံးကို သုံးပစ်လိုက်တာကိုး။ ဆရာသခင်က ကျန်သေးရင် ကယ်လို့ရသေးပေမဲ့ အခုတော့ ကယ်မရတော့ဘူးလို့ ပြောတယ်လေ။ ပြီးတော့ ဆရာသခင်ကမရဘူးဆိုမှတော့ ကယ်နိုင်မဲ့လူကို မြန်မြန်ရှာသင့်တယ်
ဖုန်းချလိုက်ပြီးတော့ ဟယ်ကောက ယွင်မောက်လျန်သာ သူပစ်ထားခဲ့တဲ့ မယားကြီးနဲ့ ကလေးတစ်စုမှာ သမီးငယ်က ဖုန်းရွှေဆရာသခင်ဖြစ်လာပြီး ယွင်ဝေးဝေးကို ကူညီနိုငိတဲ့လူ ဖြစ်နေတာသိရင် အဲဒီလင်မယား ဘယ်လိုများ ခံစားရမလဲလို့ တွေးလိုက်မိတယ်လေ။ ဒါပေါ့ သူကတော့ ယွီယွီ့ကို ဘယ်ဖော်ပါ့မလဲ။
နီရွယ်ကျောင်းက ဖုန်းချပြီး အော်ဟစ်မိတော့တယ်။ သူမက အိပ်ယာထဲ မြုပ်မတတ်ဖြစ်နေတဲ့ သူမသမီးကို ကြည့်လိုက်တယ်။ ဒီရက်ပိုင်း တစ္ဆေထီးက ပိုဆိုးလာပြီး ယွင်ဝေးဝေးအခန်းထဲကနေ သူတိူ့ကိုတောင် ဆွဲထုတ်ပြီး ယွင်ဝေးဝေးကို သူ့နဲ့ တစ်အိပ်ယာထဲ အိပ်စေတဲ့အပြင် သူမခြေထောက်ကိုပါ လာထိနေပြီလေ။
ယွင်ဝေးဝေးက မခံနိုင်တော့ပဲ သေလိုက်ချင်ပေမဲ့ တာအိုကျောင်းကလူတွေက ဒီလက်ထပ်ပွဲက သေသူ့အတွက် လုပ်တာမလို့ သေသွားရင်တောငိ ဒီတစ္ဆေလက်က မလွှတ်ဘူးလို့ ပြောလိုက်တယ်လေ။ နီရွယ်ကျောင်းက လိုင်းပေါ်ကနေ မက်မွန်သားဓားတွေ အဆောင်တွေဝယ်ပေမဲ့ ဘာတစ်ခုမှ အလုပ်မဖြစ်ဘူးလေ။
အဲ့မှာ ရွှမ်းလောက အဆောင်ဆိုင်ကို သူမတွေ့သွားတော့တာပဲ။
ဈေးကတော့ ဒါဇင်နည်းနည်းလောက်ပဲ ပေးရတဲ့ဟာတွေနဲ့စာရင် ကောင်းချက်ပဲ။ ငါးသောင်းတဲ့။ ဒါပေမဲ့ အစစ်မလို့ ဈေးကြီးတာများလားပဲလေ။ ဝယ်ဖို့နှိပ်လိုက်တော့ နေရာက ချန်းရွှေမြို့ ရှန်ကျန်းဒေသဖြစ်နေပြီး သူ့ယောက်ျားရဲ့ မွေးရပ်မြေဖြစ်နေမှန်း သိလိုက်တယ်လေ။ ဆရာသခင်က အစစ်ရောဟုတ်ရဲ့လားလို့ သံသယဖြစ်မိပေမဲ့ ဝေးဝေးရဲ့ အခုအခြေအနေနဲ့ သေရင်တောင် မလွှတ်ဘူးဆိုတာတွေ တွေးမိပြီး ဝယ်လိုက်တော့တယ်။
70 02
ယွင်ယွီကတော့ အဆောင်ထုနေရင်း ဖုန်းက အချက်ပေးသံကြားလိူ့ ယူကြည့်လိုက်ပြီး ကြောင်အသွားတော့တယ်။ ဒီလောက်အဆဲခံနေရတဲ့ ဈေးကြီးတဲ့သူမဆိုင်က ဝယ်သူရတယ်ပေါ့လေ။
ပို့ရမဲ့နေရာက ချန်းရွှေမြို့ဆိုတော့ သူမအေးဆေးပေါ့။ ဖုန်းချလိုက်တော့ ချင်ယွီစွေက ရောင်းဖို့ခူးထားတဲ့ အသီးခြင်းတွေနဲ့ ပြန်ရောက်လာတယ်။ ရှီဖုန်းလို ဝယ်လက်မျိုးရှိတော့ သူမတိူ့က ဒီရက်ပိုင်းတင် ယွမ်တစ်သိန်းခွဲဝင်ပြီး အဖွားကို အပ်ထားလိုက်တယ်။ “ဦးလေးတို့ကို ပေးရမဲ့ အကြွေးနှစ်သိန်း” ကိုတော့ သူမ ပေးပြီးကြောင်း ပြောထားတော့ အဖွားက စိတ်အေးနေတယ်လေ။
မေ့ကျင်းနဲ့ ယွင်ရှန်းတို့ ပြန်ရောက်လာလာချင်းမှာပဲ ယွင်မောက်ကျုံးက ကျောင်းဖွင့်ကာနီးပြီမလို့ မေ့ကျင်းကို လာကြိုတယ်လေ။ မေ့ကျင်းက ရွာရဲ့အေးချမ်းတဲ့လေထုကို ပျော်ပိုက်နေတာကြာတော့ နွဲ့ဆိုးလေးလုပ်ပြီး သူမအဖေကို နောက်သုံးရက်မှ ကျောင်းဖွင့်မှာမလိူ့ နှစ်ရက်နေမှလာခေါ်ဖို့ ဂျီချပေမဲ့ ယွင်မောက်ကျုံးက စိတ်မပြောင်းဘူးလေ။ နည်းနည်းလောက် ထပ်ဆန္ဒပြလိုက်သေးပေမဲ့ နောက်ဆုံးမှာတော့ မြို့ကို ပြန်ပါသွားရတာပဲလေ။
သူမဦးလေးနဲ့ညီမဝမ်းကွဲလေး ပြန်သွားပြီးတော့ ယွင်ယွီက ဝါးတောထဲမှာ လှုပ်ကုလားထိုင်နဲ့ သွားနှပ်နေတော့တယ်လေ။
ချင်ယွိစွေက နေပူနေတဲ့ထဲမှာ ထွက်သွားတာကြည့်ရင်း သူမက အိပ်ပျော်သွားတော့တယ်။ သူမနိုးလာတော့ ချင်ယွိစွေက ကြာရွက်တွေနဲ့ ပြန်ရောက်လာတာ မြင်လိုက်ရတယ်လေ။ သူမမေးတော့ သူက “ချက်တဲ့နေရာမှာသုံးဖို့လေ။ ယွင်ယွီက ကြာရွက်တွေ ဆေးနေတဲ့ချင်ယွိစွေကို ပဟေဠိဖြစ်စွာ ကြည့်နေရင်း “ဘယ်လိုလုပ်စားရမှာလဲ”
ချင်ယွိစွေက အဖွားမနေ့က ဝယ်လာတဲ့ ဝက်နံရိုးတွေကို ဆေးထားတဲ့ ကြာရွက်နဲ့ထုပ်ရင်း “ကြာရွက်ဝက်နံရိုးပေါင်းလေ” သူမလို ထမင်းနောက်ကျမှ စားတတ်တဲ့ အကျင့်ဆိုးလေးရှိတဲ့ ကိုယိဝန်သည်အတွက် ဒီလိုအပေါ့စာလေးက အသင့်တော်ဆုံးပေါ့။ ယွင်ယွီက သူ့ဘေးနားဝင်ထိုင်ပြီး ဒီလူက ဘာမဆိုလုပ်နိုင်ပါလားလို့ တွေးလိုက်မိတယ်လေ။
စားကြတဲ့အချိန်မှာတော့ ချင်ယွိစွေက ဝက်နံရိုးတင်မကပဲ ထမင်းကိုပါ ကြာရွက်နဲ့ပေါင်းတော့ အားလုံးက ချင်ယွိစွေလက်ရာကို သဘောကျကြတယ်လေ။ ယွင်ရှန်းက သုံးလေးပန်းကန်လောက် စားလိုက်ပြီး သူ့အစ်မကို အနိုင်ကျင့်မှာစိုးလို့ အစကသဘောမကျခဲ့တဲ့ ချင်ယွိစွေကို ကြည့်လိုက်တယ် တာဝန်သိစိတ် ရှိတာပါပဲပေါ့။
အဖွားယွင်က “ရှောင်ချင် လက်ရာက ကောင်းလိုက်တာကွယ်”
ပြောရရင် သူ့ဇနီးအတွက် ဟင်းချက်ပေးချင်စိတ်အပြည့်ရှိတဲ့ ယောက်ျားတစ်ယောက်ကို သူတို့လူကြီးတွေ အတွန့်တက်စရာ ဘာအကြောင်းမှ မရှိဘူးလေ။
နီရွယ်ကျောင်းကတော့ ချင်းဟယ်ရွာက ပို့လိုက်ဆဲ့ အဆောင်ကိုသွားယူလာပြီးကြည့်ရင်း အရင်ကဝယ်ဖူးတဲ့ ဈေးပေါပေါဟာတွေနဲ့ မကွာပါဘူးလို့တွေးမိပေမဲ့ ဝယ်ပြီးမှတော့ စမ်းကြည့်တာ ပိုကောင်းတာပဲလေ။
သူမက ယွင်ဝေးဝေးကို အဆောင်ပေးရင်း
“သမီး အမေ အဆောင် ဝယ်လာတယ်”
ယွင်ဝေးဝေးက အော်တော့တယ်။ “ဘာမှအသုံးမဝင်တဲ့ အမှိုက်တွေချည်းပဲ”
“ဒါကမတူပါဘူးကွယ် စမ်းကြည့်ရအောင်နော်”
တစ္ဆေက ညမှ ခြောက်တာဆိုပေမဲ့ သူမတိူ့ သိပ်မတွေ့ရဘူးလေ။ ဒါပေမယ် စိုရွဲနေတဲ့ ယွင်ဝေးဝေး မွေ့ယာနဲ့ ခြေရာတွေကတော့ ခြောက်နေမှနိး သိသာနေတာပေါ့။
အချိန်ကညရောက်လာပြီး တစ္ဆေရဲ့ အသံ ကထွက်လာတော့တယ်။ “မိန်းမ ကိုယ်လာပြီ”
ယွင်ဝေးဝေးက ဖြူဆုတ်နေတဲ့မျက်နှာနဲ့တစ္ဆေကပ်လာတာကိုမြင်နေရတယ်လေ။ အခုအိမ်မှာ သူမတို့သားအမိပဲ ကျန်ခဲ့တာ ဟိုသားအဖက သားဖြစ်သူ မခံနိုင်တော့ တခြားအိမ်မှာ သွားနေနေတယ်လေ။
နီရွယ်ကျောင်းက အဆောင်ကအတုကြီးဖြစ်ပြီး တစ္ဆေက ခြောက်နေတုန်းလိူ့ ထင်လိုက်တဲ့အချိန်မှာပဲ သူမတို့နဲ့ နှစ်မီတာလောက်မှာ တစ္ဆေကရပ်သွားပြီး အော်ဟစ်လာတယ်။ “မင်းဘာဆောင်ထားတာလဲ”
အဆောင်က အလုပ်ဖြစ်တယ်။ နီရွယ်ကျောင်းပျော်လွန်းလို့ မျက်ရည်ပါ ကျလာတော့တယ်လေ။ အဆောင်က အလုပ်ဖြစ်တယ်ဆိုတဲ့အဓိပ္ပါယ်က ဆိုင်ရှင်က တကယ့်ကျွမ်းကျင်သူဖြစ်ပြီး ယွင်ဝေးဝေးရဲ့ပြဿနာကို ရှင်းပေးနိုင်တယ်လေ။
ယွင်ဝေးဝေးက အဲ့ဒီအရာက သူမနား ကပ်မလာရဲတာကိုတွေ့တော့ အိတ်ကပ်ထဲက အဆောင်ကို ဆွဲထုတ်ပြီး တစ္ဆေရှေ့ကိုတွန်းပို့ရင်း “ထွက်သွား မဟုတ်ရင် ဒါနဲ့ နင့်ကို ငါသတ်ပစ်မှာနော်”
တစ္ဆေက အနားကပ်လာလို့မရတော့ အဲ့အဆောင်ကို ကြောက်လန့်နေသလိုကြည့်ပြီး ထွက်မသွားချင်တဲ့ပုံနဲ့ သူတိူ့နားမှာ တဝဲလည်လည် လုပ်နေတော့တယ်။
70 03
ယွင်ဝေးဝေးက အဲ့တစ္ဆေ တကယ်ကပ်မလာနိုင်တာသိတော့ ဝမ်းသာမျက်ရည်ကျရင်း နီရွယ်ကျောင်းကို “အမေ ဒါဝယ်ခဲ့တဲ့ဆိုင်ရှင်ကို ကူညီဖို့မေးကြည့်ပါလား” ရိုးရိုးအဆောင်ကတောင် ဒီလောက်စွမ်းရင် ဆရာသခင်သာလာရင် ချက်ချင်း ဖြေရှင်းလို့ပြီးမှာပဲလေ။
နီရွယ်ကျောင်းက ဖုန်းကိုထုတ်ပြီး ဆိုင်ကို သီးသန့်မက်ဆေ့ပို့လိုက်တော့တယ်။ “ဆရာသခင် အဆောင်ကအလုပ်ဖြစ်တယ် ကျေးဇူးပါ”
ယွင်ယွီက ချင်ယွိစွေအခန်းထဲမှာ သူ့နဲ့အတူ တီဗွီကြည့်နေရင်း အင်တာနက်ပေါ်က အဆောင်ဝယ်သွားတဲ့ ကန်နာဆိုတဲ့လူက ဆက်သွယ်လာတာတွေ့လိုက်တယ်လေ။ ယွင်မောက်လျန်တို့မိသားစုနဲ့ သူမက အဆက်အသွယ် မရှိတာမလို့ တဖက်လူက နီရွယ်ကျောင်းမှန်း သူမ မသိဘူးလေ။
သူမက စာပြန်ပို့လိုက်တယ်။ “ဒါပေါ့ အလုပ်ဖြစ်တာပေါ့”
တဖက်က အမြန်စာပြန်ပို့လာတယ်လေ။
“ဆရာသခင်ကယ်ပါဦး အိမ်မှာတစ္ဆေခြောက်နေလို့ပါ ယွမ်သုံးသိန်း ပေးချင်စိတ် ရှိပါတယ်”
ယွမ်သုံးသိန်းမှာ ယွင်ယွီမျက်မှောင်ကြုတ်လိုက်မိတယ်။ တိုက်ဆိုင်တာများလားပဲ။
“အခြေအနေက”
“ကျွန်မသမီးက ယွမ်နှစ်သိန်း ကောက်ရလို့ သုံးမိလိုက်ပြီး တစ္ဆေက.....”
ယွင်ယွီ သက်ပြင်းချမိတော့တယ်။ ဒီသားအမိကို သူမရဲ့ ပထမဆုံးဖောက်သည် ဖြစ်လာမယ် မထင်ထားဘူးလေ။
သူမက “လုပ်နိုင်တာ မရှိပါဘူး”
တစ်ဖက်က “ဆရာသခင် ကျွန်မ ငွေပိုပေးရမယ်ဆိုလဲ ရပါတယ်”
ယွင်ယွီဘာမှမပြောပဲနဲ့ သူမကို ဘလော့လိုက်ပြီး ဆိုင်ပေါ်က တင်ထားတာတွေကို တစ်ခုချင်း ဖျက်ချတော့တယ်။ သူမတို့ကို အရင်ကအနိုင်ကျင့်ဖူးတဲ့ ဒီသားအမိကို သူမက အဆောင်တောင် မရောင်းချင်ဘူးလေ။ ဘလော့ရင်တောင် နောက်အကောင့်နဲ့ အဆောင် လာဝယ်နိုင်နေသေးမှတော့ အကုန်ဖြုတ်ချတာ အကောင်းဆုံးပေါ့။
သူမအဆောင်တွေက စွမ်းအားကောင်းတော့ အိမ်လုံအဆောင်လိုမျိုးသာ ဝယ်ရင် တစ္ဆေက အိမ်ထဲ ဝင်နိုင်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ နီရွယ်ကျောင်းက ရိုးရိုးအဆောင်ပဲ ဝယ်သွားတယ်လေ။ အဲ့အဆောင်မျိုးက အချိန်အကန့်အသတ် ရှိတာကိုး။
ချင်ယွိစွေက “ဘာဖြစ်လို့လဲ”
ယွင်ယွီက ဖုံးထားမနေဘဲ အကုန်ပြောပြလိုက်တော့တယ်။ ချင်ယွိစွေက
“မင်း အကုန်လုံးကို တွက်ချက်ပြီး ခန့်မှန်းနေလို့မှ မရတာပဲကွာ ဘာမှမဖြစ်ပါဘူး”
သူမရဲ့ မကျေမနပ်ဖြစ်နေတဲ့ ရုပ်လေးက သူ့ကို သူမခေါင်းကို သွားပုတ်ပေးချင်စိတ် ပေါက်အောင် လုပ်နေတယ်လေ။
“တကယ်တော့ တောင်းပေါင်းမှာ ဈေးရောင်းလို့ရတာမှ မဟုတ်ဘဲ။ ဝေ့ပေါ်မှာ ရှေ့ဖြစ်ဟောရင်း အဆောင်ပါ ရောင်းရင်ရော ဘယ်လိုလဲ”
အကြံကောင်း ရလိုက်တဲ့ယွင်ယွီက သူ့ကို ကျေးဇူးတင်လိုက်တယ်။ ဒါမျိုးဆို အရင်ကံကြမ္မာဖတ် ရှေ့ဖြစ်ဟောရမှာဆိုတော့ ဘယ်လိုလူလဲသိရပြီး ဘယ်လိုလူမှ ရောင်းမယ်ဆိုတာမျိုး သူမ ဆုံးဖြတ်လို့ရပြီလေ။
သူမက ရွှမ်းလောကရဲ့ ရွှမ်းကိုယူပြီး ဖုန်းရွှေဆရာသခင် ရွှမ်းယွီဆိုတဲ့နာမည်နဲ့ အကောင့် ဖွင့်လိုက်တယ်။ မြေခွေးငယ်လေးအကောင့်ကတော့ သူမရဲ့ ကိုယ်ရေးကိုယ်တာအကောင့်အဖြစ် သတ်မှတ်လိုက်တယ်လေ။
******