အခန်း ၇၂
Vol. 8 Ch. 72
အပိုင်း ၇၂
ရွှမ်လင်းဇစ် ဝယ်ထားသောအိမ်သည် အတော်လေး စည်ကားသော ဧရိယာတွင်ရှိသည်။ သူသည် လူစည်ကားသော နေရာတွင် ငြိမ်းချမ်းတိတ်ဆိတ်စွာ နေရတာနှစ်ခြိုက်သည်။ ဤပတ်ဝန်းကျင်ရှိ အိမ်တန်ကြေးက ကြီးလှပေသည်။ သူက သရဲခြောက်သည့် အိမ်ကို တန်ကြေးထက်ဝက်ဖြင့် ရခဲ့တာဖြစ်သည်။ သူ၏အိမ်ကို ဝယ်စဉ်က ပွဲစားသည် သူ့ကို ကြိမ်ဖန်များစွာ သတိပေးခဲ့သည်။
“မစ္စတာရှန့် ဒီအိမ်ရဲ့ အရင်ပိုင်ရှင်က ဆိုးဆိုးရွားရွား သေသွားတာ။ မင်္ဂလာမရှိဘူး။ သူ သေသွားတာ နှစ်ဝက် ကျော်သွားပြီ။ သူ့မိသားစုက နှစ်ဝက်လုံး ဒီအိမ်ကို အွန်လိုင်းပေါ်မှ, အရောင်းတင်ခဲ့တာ ဘယ်သူမှ မဝယ်ခဲ့ဘူး။ ဂရုတစိုက် စဉ်းစားကြည့်ချင်သေးလား”
ရှန့်ယုံက ဤကိစ္စကို အရေးမစိုက်။ ယင်းကို သူဖြေရှင်းနိုင်သည်ဟု ခံစားမိသည်။
ထို့အပြင် ထိုလူက သေသွားပြီမဟုတ်ပါလော။ ဘာများကြောက်စရာ ရှိဦးမည်နည်း။
သူက စရံငွေကိုပျော်ရွှင်စွာ ပေးချေလျက် ချေးငွေယူကာ အိမ်ပိုင်ဆိုင်ကြောင်းရပြီးနောက် အိမ်သစ်ကို ရွှေ့ပြောင်းလာခဲ့သည်။ ဤအိမ်၌နှစ်ရက်ကြာ နေထိုင်ပြီးနောက် မူမမှန်တာ သတိမပြုမိခဲ့ပေ။ စာအုပ်ထဲမှာသင်ယူခဲ့သည့် နည်းလမ်းက အလုပ်ဖြစ်သည်ဟု တွေးမိသွားသည်။ သူက ခွေးသွေး ဖြန်းထားသည့် မက်မွန်ကိုင်းကို ထိုအရာကို ဖိနှိပ်နိုင်စွမ်းရှိသည်။ သူက အလွန်ပင်ပျော်ရွှင်သွားကာ သူအရည်အချင်းရှိသည်ဟု ခံစားမိသွားသည်။
ရှန့်ယုံသည် ထိုဆိုင်ကို အန်ဖောလိုး လုပ်လိုက်လေ၏။
သူက ဤလူလိမ်ကို ကြိမ်းမောင်းပြောဆိုချင်စိတ် မရှိခဲ့ပေ။ ဈေးဆိုင်ပေါ်မှ ပစ္စည်းများကိုသာ ဖယ်ရှားချင်စိတ် ရှိခဲ့သည်။
ဖုန်းကို ပစ်ချပြီးနောက် ရှန့်ယုံက အိပ်ရာထက်တွင် လဲကာ ရှေ့ရိုးပြောလိုက်လေ၏။
“ဒါ ဘယ်လိုသရဲခြောက်တဲ့အိမ်လဲ။ ငါက အဲဒါကို အလွယ်တကူ ဖိနှိပ်ထားတာ။ ပြန်လည်မွေးဖွားသွားပြီလား။ သရဲခြောက်တဲ့အိမ်လို့ ဘယ်လိုလုပ် ခေါ်ရဲသေးတာလဲ”
ပြောပြီးနောက် အချိန်ကို ကြည့်လိုက်သည်။
သူက ရေချိုးခန်းသွားကာ ရေချိုးပြီးနောက် အဝတ်အစားလဲကာ သူ၏ ဂိမ်းတိုက်ရိုက်ထုတ်လွှင့်မှုကို စတင်တော့သည်။ ဂိမ်းထုတ်လွှင့်သူတစ်ယောက်အနေနှင့် သူက ရွှမ်လင်းဇစ်ထက် ပိုများပေ၏။
သူကနာမည်ကျော် ဂိမ်းတင်ဆက်သူမဟုတ်သော်ငြား သူ့ကိုယ်သူ ပံ့ပိုးနိုင်သေးသည်။
ခုနှစ်နာရီထိုးကာနီးတွင် ဂိမ်းကို တိုက်ရိုက်ထုတ်လွှင့်ရန် သူက ကင်မရာကို ဖွင့်လိုက်လေ၏။
ဂိမ်းအစ၌ တစ်စုံတစ်ယောက်က သူ၏ခေါင်းကို ထုလိုက်လေရာ သူ သတိလစ်သွားတော့သည်။ သူက တောက်ပသည့် အလင်းရောင်ကို မော့ကြည့်ချိန်တွင် ဘာမှမတွေ့ရ။ သူက ဤနေရာတွင် တစ်ယောက်တည်းနေတာ ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ၏ ခေါင်းကို တစ်စုံတစ်ခု မည်သို့မှန်လာနိုင်မည်နည်း။ သူ အသိစိတ် ကပ်လာချိန်တွင် ဂိမ်းထဲရှိဇာတ်ကောင်က သေသွားပြီဖြစ်၏။
ပရိတ်သတ်များသည် သူ အာရုံထွေပြားသွားရသည့် အကြောင်းအရင်းကို မေးနေကြသည်။
ရှန့်ယုံ၏မျက်နှာက ဖြူဖျော့သွားပြီး ထိုအရာက ပစ်ပေါက်သည်ကို မပြောရဲချေ။
သူက လေးလံသောစိတ်နှလုံးဖြင့် ဂိမ်းကို ဆက်ကာဆေ့နေ၏။ ခဏအကြာတွင် သူ၏ခေါင်း အရိုက်ခံရ ပြန်သည်။ သူ ကြောက်လန့်သွားပြီး ဂိမ်းကို ကောင်းကောင်း မဆော့နိုင်တော့ချေ။ တိုက်ရိုက်ထုတ်လွှင့်မှု နာရီဝက်အကြာတွင် သူသည် ပရိတ်သတ်ကို တောင်းပန်လိုက်၏။ သူ နေမကောင်းကြောင်းနှင့် တိုက်ရိုက်ထုတ်လွှင့်မှု ခဏရပ်ဆိုင်းကြောင်း ပြောလိုက်၏။ ပရိတ်သတ်ကလည်း စဉ်းစားပေးကာ စောစောအနားယူရန် ပြောခဲ့သည်။ ရှန့်ယုံက ကွန်ပြူတာ ပိတ်လိုက်ပြီးနောက် ဆိုဖာပေါ်တွင် ထိုင်ကာ အနည်းငယ် ကြောက်လန့်နေတော့သည်။
သူက ညအချိန်တွင် အိပ်ယာဝင်သည့်အခါ လူငယ်တစ်ယောက် သူ့ကို အော်ဟစ်နေတာကို အိပ်မက်မက်တော့၏။
“မင်းက ငါ့ရဲ့အိမ်မှာ နေနေတဲ့ မကောင်းတဲ့ကောင်။ ငါ့အကြောင်း ဇာတ်လမ်းတွေ ထွင်နေသေးတုန်းလား”
ရှန့်ယုံက အနည်းငယ် လွှမ်းမိုးခံလိုက်ရ၏။ သူက နောက်နှစ်ရက်တွင် ပိုတောင်ကံဆိုးလာတော့၏။ ထိုအရာက သူ၏ခေါင်းကို ဆက်တိုက်ရိုက်နေ၏။ သူသည် ခွေးသွေးစိမ်ထားသည့် မက်မွန်ကိုင်းကို ကိုင်ထားလျှင်တောင် အသုံးမဝင်ပေ။
နှစ်ရက်ခန့် ကြာပြီးနောက် သူ ထပ်မတောင့်ခံနိုင်တော့ဘဲ သူ့မိဘများဆီ ပြန်သွားမည်ဟု ဆုံးဖြတ်လိုက်တော့၏။ သို့သော်လည်း သူသည် သူတို့ နားပူနားဆာတိုက်တာကို နားမထောင်ချင်ပေ။ သူ၏ ရုပ်လွန်ပညာတစ်ဝက်တပျက်ကိုလည်း စိတ်ပျက်မိ၏။ သို့သော် ထိုအရာက သူ့ကို ညစဉ်ညတိုင်း ဆူပူကြိမ်းမောင်းနေသည်က သူ့ကို တကယ်စိတ်မသက်မသာဖြစ်စေသည်။
ရှန့်ယုံသည် ရုတ်တရက် ယွမ်ငါးသောင်းဖြင့် အဆောင်များရောင်းသည့်ဆိုင်ကို တွေ့မိသွားသည်။
သူ၏ဖုန်းကိုကိုင်ကာ ဆိုင်ကိုရှာပြီးနောက် သီးသန့်စာပို့လိုက်တော့သည်။
“သူဌေးရှိလား။ ကျွန်တော့်ကို ကယ်ပါဦး”
သူသည် တကယ်တော့ အနည်းငယ် စိတ်သဘောထား ကျဉ်မြောင်းသူဖြစ်သည်။ သူကိုယ်တိုင် မဖြေရှင်းနိုင်သည့် ပြဿနာဖြစ်နေသောကြောင့် ထိုအွန်လိုင်းတွင် လိမ်ညာသည့်သူအတွက် ကိစ္စရပ်များ ခက်ခဲအောင်လုပ်ချင်ခဲ့သည်။
ယွင်ယွီသည် ဤပို့ထားသည့် စာကိုမြင်ပြီးနောက် မျက်ခုံးတစ်ဖက် ပင့်မိသွား၏။ အွန်လိုင်းစတိုးတွင် ပစ္စည်းအားလုံး ဖယ်ရှားပြီးသည့်တိုင် တစ်စုံတယောက်က သူမဆီ ရောက်လာဦးမည်ဟု မထင်ထားပေ။ သို့သော် ယခုကဲ့သို့ အကူအညီတောင်းခြင်းက မူမမှန်သည့် အရာဖြစ်သောကြောင့် သူက မေးလိုက်၏။
“ဘာကိစ္စလဲ”
ရှန့်ယုံသည် ဆိုင်ရှင်က တကယ်အကြောင်းပြန်လိမ့်မည်ဟု ထင်မထားပေ။ ထို့ကြောင့် သူက စိတ်အားထက်သန်စွာ ပြောလိုက်၏။
“ဆရာ၊ ဖြစ်ပုံက ဒီလိုပါ။ အရင်ရက်တွေတုန်းက ကျွန်တော် သရဲခြောက်တဲ့အိမ်ကို ဝယ်ခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ရက်ကပဲ အဲ့သရဲက ကျွန်တော့်ကို ရိုက်လိမ့်မယ်လို့ ထင်မထားဘူး။ ညအချိန်မှာတောင် အဆူခံရသေးတယ်။ ဆရာ တစ်ချက် လာကြည့်ပေးနိုင်မလား။ ကျွန်တော် ပိုက်ဆံပေးပါ့မယ်”
ယွင်ယွီက မေးလိုက်၏။
“လိပ်စာကရော”
ရှန့်ယုံက ပြောလိုက်သည်။
“ကျန်းရှန်မြို့။ ဆရာ လာနိုင်မလား”
ယွင်ယွီက ပြောလိုက်၏။
“လိပ်စာအတိအကျပေး။ မနက်ဖြန်မနက် လာခဲ့မယ်”
ယနေ့က ၂ရက်မြောက်နေ့ဖြစ်ကာ သူတို့က မြို့တော်သို့ ၅ရက်မြောက်နေ့ တွင်သွားမှာဖြစ်သည်။ ယွင်ယွီ၌ လုပ်စရာများများစားစားမရှိ။ ကျန်းရှန်မြို့က အိမ်နီးချင်းမြို့ ဖြစ်သောကြောင့် တစ်ရက်အတွင်း အမြန်ရထားဖြင့် အသွားအပြန်လုပ်နိုင်၏။ သူက သေချာပေါက် တစ်ချက်သွားကြည့်ရန် အချိန်ရှိသည်။
ရှန့်ယုံသည် ဤဆရာသခင်က တကယ်လာရဲလိမ့်မည်ဟု မထင်ထားပေ။ သူ နားလည်မှု လွဲတာများလား။ သူက တကယ်အရည်အချင်း ရှိတာများလား။
သူက အမြန်ပင် စာရိုက်လျက် တည်နေရာအတိအကျကို ပို့ပေးလိုက်သည်။
တဖက်လူက လျှင်မြန်စွာ ပြောလာ၏။
“မနက်ဖြန်မနက် ရောက်မယ်”
ရှန့်ယုံ “ဟုတ်ပြီ။ ဆရာလာတာစောင့်နေပါ့မယ်”
ဖုန်းချပြီးနောက် ရှန့်ယုံက မှင်သက်တွေဝေနေ၏။ ဆရာက မည်ကဲ့သို့ လာရဲရသနည်း။ သူမည်သို့လိမ်မည်ဆိုတာကို ကြည့်ရမည်။
ရွေးချယ်စရာမရှိပါက သူ့မိဘအိမ်သို့ ပြန်ရမှာပဲ ဖြစ်သည်။
ယွင်ယွီက လက်ရှိတွင် ချင်ယွီစွေ၏ အခန်းထဲ၌ တစ်စုံတခုကို ထွင်းထုနေ၏။ သူကရှောင်ရှန်းအတွက် အဆောင်ကို လျှင်မြန်စွာ ပြုလုပ်ပြီးသွားပြီဖြစ်သည်။
ထို့ကြောင့် သူ အလုပ်ရသည့်အချိန်၌ ချင်ယွီစွေကို ချက်ချင်းပြောလိုက်တော့သည်။
“မနက်ဖြန်ကျ ကျန်းရှန်မြို့ဆီ လာစေချင်နေတဲ့ အွန်လိုင်းပေါ်က ဧည့်သည်တစ်ယောက် ရှိတယ်။ သူက သရဲခြောက်တဲ့အိမ်ကို ဝယ်ထားပြီး အခုအခြောက်ခံနေရတယ်”
အဘယ်ကြောင့်များ လူတို့သည် ပိုက်ဆံခြွေတာရန်အတွက် သရဲခြောက်သည့်အိမ်ကို ဝယ်ရသနည်း။ ထိုကဲ့သို့သော အိမ်မျိုးတွင်နေထိုင်ခြင်းက အိမ်ရှင်အတွက် မကောင်းပေ။ မတော်တဆသေဆုံးခြင်းက ကပ်ဘေး သို့မဟုတ် ရောဂါကြောင့် သေဆုံးခြင်းနှင့် မတူညီပေ။ ဖြစ်ရပ်အများစု၌ သရဲခြောက်သည့်အိမ်က အငြိုးအတေးများရှိနေပြီး ထိုသရဲတစ္ဆေသည် လောကကြီးထဲ၌ ရှိနေဦးမှာပဲ ဖြစ်သည်၊။ ခြွင်းချက်အများစုတော့ ရှိသေးသည်။
ချင်ယွီစွေက ပြောလိုက်၏။
“ကိုယ် မင်းနဲ့ လိုက်ခဲ့မယ်”
ယွင်ယွီက ခေါင်းညိတ်လျက် မနက်ဖြန်အတွက် မီးရထားကို လက်မှတ်မှာလိုက်သည်။ မြို့က သိပ်မဝေးပေ။ အမြန်ရထားဖြင့်ဆို တစ်နာရီတောင်မသွားရ။ နှစ်ယောက်သားက ညအချိန်တွင် အိပ်ရာစောစော ဝင်လိုက်၏။ နောက်တစ်နေ့မနက် မနက်စာစားပြီးနောက် ယွင်ယွီသည် ရှောင်ရှန်းကို အားလုံးရှင်းပြပြီးနောက် ချင်ယွီစွေနှင့် ထွက်လာလေ၏။
သူတို့က အရင်ဆုံး ချန်းဆွေမြို့ရှိ အမြန်ရထားဘူတာရုံသို့ သွားရမည်။ ထို့နောက် သွားလိုရာ မြို့ဆီသို့ အမြန်ရထားစီးရမှာဖြစ်သည်။
မနက်၁၁နာရီ၌ နှစ်ယောက်သားသည် ကျန်းရှန်မြို့ထဲရှိ အမြန်ရထားဘူတာရုံထဲမှ ထွက်လာလေ၏။ ဤမြို့ပြဧရိယာသည် ချန်းဆွေမြို့ထက် ပိုပူပြင်း၏။ ယွင်ယွီ ဘတ်စ်ကားထဲမှ ထွက်လေထွက်ချင်း သူမ အပူလှိုင်းကို ခံစားလိုက်ရသည်။ ချင်ယွီစွေက သူမအား ရေတစ်ဗူးလှမ်းပေးပြီးနောက် ပြောလိုက်၏။
“နည်းနည်းသောက်လိုက်”
ယွင်ယွီက တစ်ငုံသောက်လိုက်လေ၏။ ကျန်သည်များကို ချင်ယွီစွေက သောက်လိုက်တော့သည်။ သူက ရေပုလင်းအလွတ်ကို ပြန်လည်အသုံးချသည့် အမှိုက်ပုံးထဲ ထည့်ပြီးနောက် ယွင်ယွီကို ခေါ်လိုက်ကာ တက္ကစီငှားလိုက်၏။
ဧည့်သည်၏အိမ်က ဘူတာရုံနှင့် သိပ်မဝေးပေ။ ထိုနေရာသို့ရောက်ရန် မိနစ်နှစ်ဆယ်ခန့်သာ အချိန်ယူရလေ၏။
၁၁နာရီခွဲကျော်သောအခါ ထိုလူနှစ်ယောက်သည် သရဲခြောက်သည့် အိမ်ရှေ့သို့ ရောက်သွားလေ၏။
ယင်းသည် အတော်လေး ကျယ်ဝန်းသည့် နေရာဖြစ်ပြီး မြို့ပြဧရိယာထက်ပင်တောင် စည်ကားပေ၏။
ထိုအစွန်းထဲ၌ လွတ်နေသည့် အိမ်မရှိပေ။ ဖုန်းရွှေကလည်း အတော်လေး ကောင်းမွန်ပေ၏။ ဤအိမ်က မည်ကဲ့သို့ သရဲခြောက်သည့်အိမ် ဖြစ်လာသနည်း။ သူက အိမ်နားတဝိုက်တွင် ယန်ဓာတ်ကို မတွေ့ရပေ။
သူမက အိမ်တံခါး ခေါက်လိုက်ချိန်တွင် မကြာမှီ၌ တစ်စုံတယောက်က တံခါးလာဖွင့်ပေး၏။ မျက်ကွင်းများ ညိုမဲနေပြီး အသက်နှစ်ဆယ်ဝန်းကျင်ရှိသည့် လူငယ်တစ်ယောက် ဖြစ်နေ၏။ သူက အခြေအနေကောင်းပုံ မရပေ။ နှစ်ရက်သုံးရက် မအိပ်ရသေးပုံ ပေါ်၏။
သူသည် ယွင်ယွီနှင့် ချင်ယွီစွေတို့ကိုမြင်သောအခါ မင်သက်သွားမိ၏။ ယွင်ယွီနှင့် ချင်ယွီစွေတို့က အတော်လေး ကြည့်ကောင်းပေ၏။ သူက သူတို့နှစ်ယောက်ကို အချိန်အတော်ကြာ ကြည့်ပြီးနောက် ချင်ယွီစွေဘက်လှည့်ကာ ပြောလိုက်သည်။
“ခင်ဗျားက ရွှမ်းရွမ်းဆိုင်ရှင်လား”
သူက ကြည့်ကောင်းပြီး စိတ်နေသဘောထားကောင်းရှိပုံ ပေါ်ငြားလည်း ငယ်ရွယ်နေ၏။ ယခုအချိန်တွင် လူငယ်များက ပညာရှင်ယောင်ဆောင်ပြီး လိမ်လည်နေရောလား။ သူသည် အနည်းဆုံးတော့ သက်လတ်ပိုင်းအရွယ်ဖြစ်လိမ့်မည်ဟု ထင်ထားသည်။
ယွင်ယွီက ဆိတ်ဆိတ်နေကာ သူမ ပါးကိုထိလိုက်လေသည်။ သူမနှင့် ရပ်နေချိန်တွင် ချင်ယွီစွေက ပညာရှင်ဟု ဘာကြောင့် အမြဲတစေထင်ခံနေရသနည်း။
ထိုစဉ်က ဟဲစဲရှန်း နံပါတ်တစ်အလယ်တန်းကျောင်းမှ ဟဲကော်ကလည်း ချင်ယွီစွေကို ပညာရှင်တစ်ယောက်ဟု ထင်ခဲ့၏။ သူမက ပြောလိုက်၏။
“စိတ်မရှိပါနဲ့ ကျွန်မက ရွှမ်းယွင်အဆောင်ဆိုင်ရှင်ပါ”
ရှန့်ယုံသည် အတန်ငယ် တိတ်ဆိတ်သွားပြီးနောက် ထပ်ပြောလိုက်၏။
“မင်္ဂလာပါဆရာ။ ကျွန်တော့်ကို တစ်ချက်လောက် ကူကြည့်ပေးနိုင်မလား”
သူသည် ဆရာဟု ခေါ်လိုက်သော်ငြား လေးစားမှုကို မခံစားရချေ။ ယွင်ယွီကို သံသယများဖြင့် ကြည့်နေလေ၏။
“ဝင်လာခဲ့ပါ”
ယွင်ယွီသည် သူက သူမကို မယုံကြည်မှန်း သိသော်ငြား များများစားစားမပြောဘဲ အခန်းထဲဝင်သွားတော့သည်။ ချင်ယွီစွေက ဘာမှမပြောပေ။ ယွင်ယွီက လူတို့အတွက် ဖုန်းရွှေဖတ်ပေးရန် အပြင်ထွက်ချိန်တိုင်း သူက ခိုင်ခံ့သောနံရံတစ်ခုပမာ အမြဲတစေ လိုက်လာတတ်သည်။
သို့သော် ဤနောက်ခံနံရံက အလွန်ထင်ရှားလွန်းနေ၏။ ရှန့်ယုံက သူ့ကို အကြိမ်ရေတချို့ လှည့်ကြည့်ပြီးနောက် မတွေးဘဲ မနေနိုင်တော့ချေ။ ဒီမိန်းကလေးက လိမ်ညာဖို့ ရောက်လာတာပဲ ဖြစ်မယ်။ သူ ဖော်ထုတ်ခံရမှာကို ကြောက်တာကြောင့် သူ့ချစ်သူကို ခေါ်လာတာလား။
ရှန့်ယုံသည် နောက်မှလိုက်လာကာ သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်သည်။
“ကျုပ်နာမည်က ရှန့်ယုံပါ။ ဆရာ့ရဲ့နာမည် သိလို့ရမလား”
ယွင်ယွီက နာမည်ပြောပစ်လိုက်၏။
“ရှင် အဆင်ပြေသလို ခေါ်လို့ရတယ်”
သူမအိမ်ထဲဝင်လိုက်ချိန်တွင် အသက်နှစ်ဆယ့်ငါး နှစ်ဆယ့်ခြောက်နှစ်ခန့်ရှိ သရဲတစ်ကောင် ဧည့်ခန်းထဲ ရပ်နေတာ တွေ့လိုက်ရသည်။
သူ၏မျက်နှာက ပြာနေကာ မြေပြင်ကို မထိဘဲ ဧည့်ခန်းထဲတွင် မျောလွင့်နေသည်။ သူက အတော်လေး ရည်မွန်ပုံပေါ်ပြီး သူ့တွင် မကောင်းဆိုးဝါး အငွေ့အသက်မရှိပေ။
သူက ကြမ်းကြုတ်တဲ့ သရဲမဟုတ်ဘူးလား။
ယွင်ယွီက ထိုသရဲကို ကြည့်ပြီးမေးလိုက်တော့သည်။
“ရှင် ဘယ်လိုသေသွားတာလဲ”
ရှန့်ယုံသည် ထိုရုတ်တရက် စကားများကြောင့် ထိတ်လန့််သွားလေ၏။
သူက ဖုန်းကိုင်ထားကာ ယွင်ယွီကို စိုက်ကြည့်နေသည်။ ဤမိန်းကလေးက လူတို့ကို အရူးလုပ်ရာ၌ တော်သည်ဟု တွေးမိသွားသည်။ သူမက ရောက်လာကာ ဘေးကိုကြည့်ပြီး မည်သို့သေသွားကြောင်း မေးနေသည်။ သူသာ ရုပ်လွန်ပညာကို မလေ့လာထားလျှင် သူမ အရူးလုပ်တာကို ခံရာလောက်၏။ အဆောင်များ သင့်တော်သည့်အစီအရင်များ မသုံးဘဲ သရဲတစ္ဆေများကို မည်ကဲ့သို့ မြင်နိုင်မည်နည်း။
ထိုသရဲက ပြောလိုက်တော့သည်။
“ကျွန်တော့် အတန်းဖော်တွေနဲ့ ပါတီပွဲသွားပြီး သောက်တာ များသွားတယ်။ ကျွန်တော် အိပ်ပျော်သွားပြီး သန်းခေါင်ယံအချိန်မှာ ပျို့အန်တော့ ကျွန်တော်က ဒီမှာတစ်ယောက်တည်းနေတာ ကျွန်တော့်ကို ဘယ်သူမှ ရှာမတွေ့ခဲ့ဘူးလေ။ အန်ဖက်ဆို့သွားပြီး အသက်ရှူကြပ် သေတာ”
“ရှင့်ဆီမှာ အငြိုးအတေးအရိပ်တွေ မတွေ့ရဘူး။ ဒါဆို သူ့ကိုဘာလို့ အနိုင်ကျင့်နေတာလဲ”
ယွင်ယွီက ရှန့်ယုံကို တစ်ချက်ကြည့်လိုက်၏။
******