အခန်း ၇၃
Vol. 8 Ch. 73
အခန်း၇၃
ရှန့်ယုံက ပင့်သက်ရှိုက်မိသွားလေ၏။ သူမသည် ထိုအရာကို သူ့အား အနိုင်ကျင့်ရသည့် အကြောင်းအရင်းကို မေးနေသည်။ ဒါ အနိုင်ကျင့်တာလား။ အဲဒီအရာက သူ့ကို သတ်ချင်နေတာလေ။ သူ့ကို နေ့တိုင်း ရိုက်နှက်နေတယ်။ ညအချိန် သူအိပ်နေတဲ့အခါ သူ့ကို ဖမ်းပြီးမေးတယ်။
“မင်း ငါ့အခန်းထဲမှာနေတယ်။ ငါ့အိပ်ရာမှာ အိပ်တယ်။ ငါ့အကြောင်း ဇာတ်လမ်းဆင် ပြောရဲသေးတယ်ပေါ့။ ငါ မင်းကို သေအောင်ရိုက်မယ်”
သူသည်လည်း သတ္တိရှိသည့်သူတစ်ယောက် ဖြစ်သည်။ ဤအိမ်ကို ဝယ်ပြီးနောက် အခန်းအပြင်အဆင် ပရိဘောဂများကို ပြောင်းလဲခြင်းတောင် မပြုခဲ့။ အိမ်ကို နွေးအောင်တောင် မလုပ်ခဲ့။ သူက စကားတစ်ခွန်းမှ မပြောဘဲ ပြောင်းလာခဲ့တာ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ရက်ခန့်က သူ၏မိဘများသည် တစ်စုံတစ်ယောက်သေသွားရာ အိမ်ကို ဝယ်ခဲ့ကြောင်း ရှာတွေ့ပြီး သူ့ကို ဖုန်းဆက်ကာ ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းခဲ့ပြီး အိမ်ကို လက်လျှော့လျက် အိမ်ပြန်လာရန် ပြောထား၏။
သူက တောင့်ခံနေကာ ဤသရဲကို သေချာပေါက် ဖြေရှင်းနိုင်မည်ဟု ထင်ခဲ့သည်။
ထိုစကားကို ကြားပြီးနောက် ယွင်ယွီသည် ထိုသရဲက အတော်လေး သနားစရာကောင်းသည်ဟု ခံစားမိသွားသည်။
ရေနစ်ပြီးသေရခြင်းက အလွန်ကံဆိုးသောငြား ဤကဲ့သို့သော အိမ်မျိုးသည် သရဲခြောက်သည့် အိမ်ဟူ၍ မသတ်မှတ်နိုင်ပေ။ အလွန်ဆုံးမှာ ကံဆိုးသရုံမျှသာရှိသည်။ ဤအိမ်ကို ဝယ်အောင် လုပ်သည်များက ပိုမိုတင်းကြပ်နေပြီဖြစ်၏။ ထိုကဲ့သို့ သေဆုံးခြင်းမျိုးကိုလည်း သတင်းပို့ရမည်။ မဟုတ်လျှင် အိမ်ပိုင်ရှင်က တရားစွဲခံရမည် ဖြစ်သည်။
ယွင်ယွီ စကားကိုကြားပြီးနောက် သရဲက ပိုတောင် မကြေမချမ်း ဖြစ်လာတော့သည်။
“ဒါက ကျုပ်ရဲ့အိမ်။ သူ ဝယ်ထားတယ်ဆိုရင်တောင် ကျုပ်မှာ နေစရာမရှိဘူး။ ဒီမှာ ဆက်နေဖို့ပဲ တတ်နိုင်တယ်။ သူ့ရဲ့အိပ်ခန်းထဲမှာနေရင် ကျုပ်က ဘေးအခန်းမှာ နေလို့ရတယ် ထင်ခဲ့တာ။ သူက အနက်ရောင်ခွေးသွေး ဖြန်းထားတဲ့ မက်မွန်ကိုင်းသားနဲ့ ကျုပ်ကို အလွယ်တကူနှိမ်နိုင်တယ်လို့ ပြောမယ်မှန်း မထင်ထားဘူး။ ကျူပ်က သေပြီဆိုပေမဲ့ သူက ကျုပ်ကို နပူနဆာတိုက်နေပြီး ဇာတ်ကြောင်းတွေလည်း ဆင်နေသေးတာ။ သူ့ကို မရိုက်ရင် ဘယ်သူ့သွားရိုက်ရမှာလဲ”
ယွင်ယွီက ရှန့်ယုံကို တစ်ချက်ကြည့်ပြီး သူ တကယ်အရိုက်ခံရသင့်သည်ဟု ထင်မိသွားသည်။ ထိုကဲ့သို့သော စကားများက ရန်စစော်ကားနေခြင်းသာ ဖြစ်၏။ ဤအခန်းထဲတွင် တကယ်ကို ရက်စက်ကြမ်းကြုတ်သည့် သရဲတစ်ကောင်နေနေခဲ့လျှင် ၎င်းက သူ့ကို အပိုင်းပိုင်းစုတ်ဖြဲသွားနိုင်လောက်သည်။
ထို့အပြင် ဤရှန့်ယုံက ပညာတောင် မတတ်သေးပေ ထိုသို့တိုင် သရဲနှင်ရန် သွေးဖြန်းထားသည့် မက်မွန်ကိုင်းသားကို သာမန်ကာလျှံကာ အသုံးပြုရဲ၏။ သူက ဤသို့ ပုံပြင်များကို မည်သည့်နေရာမှ သင်ယူလာခဲ့သည်မသိ။ မတော်တဆဖြစ်မှာကို မစိုးရိမ်ဘဲ သုံးရဲနေသေးသည်။
ရှန့်ယုံက စိတ်ရှုပ်ထွေး သွားတော့သည်။
“ခင်ဗျား ကျုပ်ကို ဘာလို့ကြည့်နေတာလဲ”
“သူ အံဖတ်စို့ပြီး သေတာကတင် ကံဆိုးနေပြီဟာကို သေပြီးတဲ့နောက် ရှင်အကွက်ချတာလဲ ခံရသေးတယ်။ သူ့ ရှင့်ကို နှစ်ခါလောက် ရိုက်တာ ဘာမှားလို့လဲ”
ရှန့်ယုံသည် ယွင်ယွီကို အထိတ်တလန့်ကြည့်လိုက်မိ၏။ မူလပိုင်ရှင်က အသက်ရှူလမ်းကြောင်း ပိတ်ပြီး သေသွားသည့် အကြောင်းအရင်းကို သူမ မည်ကဲ့သို့ သိသွားသနည်း။ မဟုတ်ပေ။ သူမ ဤနေရာသို့လာချိန်၌ ဘေးပတ်ဝန်းကျင်ကို မေးခဲ့တာပဲဖြစ်မည်။ ဤရပ်ကွက်ထဲရှိ လူတိုင်းက ဤအကြောင်း သိထားကြပေ၏။ ဤသို့သာဖြစ်ရမည်။ ဤလူလိမ်မက အိမ်စာမည်သို့လုပ်ရမည်မှန်း သိနေသည်။
ရှန့်ယုံသည် ယွင်ယွီကို ကြည့်မိချိန်၌ သူ၏အကြည့်ထဲတွင် စေ့စေ့စပ်စပ် စစ်ဆေးခြင်းများ ပြည့်နေလေ၏။
ယွင်ယွီသည် ထိုကဲ့သို့ အမြင်ကျဉ်းသည့်လူမျိုးကို အာရုံစိုက်ရမှာ ပျင်းရိလွန်းနေ၏။ သူက ဆက်ပြောလိုက်သည်။
“နောင်ကျ သရဲတစ္ဆေတွေကို ဖိနှိပ်ဖို့အတွက် ခွေးသွေးဖြန်းထားတဲ့ မက်မွန်ကိုင်းသာ မသုံးနဲ့။ အသုံးမဝင်ဘူး။ တစ်ဖက်လူကို ရန်စမိလိမ့်မယ်”
မက်မွန်ကိုင်းသားသည် တကယ်အသုံးဝင်သော်ငြား သာမာန်လူတို့၏ လက်ထဲတွင်မူ အသုံးမဝင်ပေ။ သရဲတစ္ဆေများကို ဖိနှိပ်ရန် သမံကာလျှံကာ အသုံးပြု၍မရ။
“သရဲနှင်ဖို့ ဒါသုံးတယ်ဆိုတာ ဘယ်လိုသိလဲ”
ရှန့်ယုံက ထိတ်လန့်သွားလေ၏။ အိပ်ခန်းထဲတွင် ယင်းကိုထားထားတာ ဖြစ်သည်။ သူမ မည်ကဲ့သို့သိသနည်း။
ယွင်ယွီက သရဲကို မေးလိုက်လေ၏။
သရဲက ပြန်ပြောလေ၏။
“ဝမ်ယွိလင်”
ယွင်ယွီက ရှန့်ယုံကို ပြောလိုက်လေ၏။
“ဝမ်ယွိလင် ပြောပြတာ”
ရှန့်ယုံက သူ၏လျှာကို ကိုက်မိလုနီးပါးဖြစ်သွားသည်။
“မင်း တကယ် သရဲမြင်နိုင်တာလား”
“အတုဖြစ်နိုင်ပါ့မလား”
ယွင်ယွီ က ပြောလိုက်၏။
“ရှင့်ရဲ့ ယင်ယန်မျက်လုံးကို တစ်ချက် ဖွင့်ပေးမယ်ဆိုရင်ရော။ ရှင့်ကို တစ်ချက် ကြည့်ခိုင်းလိုက်မယ်”
သူမ သရဲမြင်နိုင်ကြောင်း မည်သူမှ မယုံကြည်ပေ။ သူမက သရဲမြင်နိုင်ရုံသာမက တခြားသူများကိုပါ သရဲမြင်နိုင်အောင် လုပ်ပေးနိုင်၏။
ရှန့်ယုံက အံကြိတ်လျက်ပြောလိုက်သည်။
“ဟုတ်ပြီ”
ရပ်ကွက်ထဲရှိလူက သရဲတစ္ဆေများကို အလွယ်တကူမြင်နိုင်လိမ့်မည်ဆိုတာ သူ အလွယ်တကူ မယုံကြည်ပေ။
စကားတစ်ခွန်းမှမပြောဘဲ ယွင်ယွီက လက်ဆန့်ထုတ်လျက် ရှန့်ယုံ၏ နဖူးကို ထိလိုက်သည်။ ရှန့်ယုံက ပြောလိုက်လေ၏။
“ဟားဟား ဒါသိပ်ရိုးရှင်းတာပဲ။ ကျုပ်မယုံနိုင်”
“ယုံဟူသော စကားလုံးက သူ၏ လည်ပင်းထဲ၌ ပိတ်ဆို့သွားကာ စကားဆက်မထွက်နိုင်ဖြစ်နေတော့သည်။ ရှန့်ယုံက ဧည့်ခန်း၏အလယ်တွင် မျောလွင့်နေသည့် လူတစ်ယောက်ကို တွေ့သွားသောအခါ ကြောက်လန့်သွားလေ၏။ သူ၏မျက်နှာက ဖြူဖျော့နေပြီး လူသားတစ်ယောက်မဟုတ်တာ သိသာ၏။
ရှန့်ယုံ၏ ခြေထောက်က အားနည်းပျော့ခွေသွားကာ မြေပြင်ပေါ်လဲကျလုနီးပါး ဖြစ်သွားသည်။ သူက အနီးရှိတစ်စုံတစ်ခုကို ကိုင်ပြီး ထရပ်လိုက်ရ၏။
ချွေးစေးများပျံလာကာ တုန်ယင်နေသောအသံဖြင့် ပြောလိုက်တော့၏။
“ဆရာ သရဲတွေကို တကယ်မြင်နိုင်တာပဲ”
သူ အတော်လေး ကြောက်လန့်သွားပုံ ပေါ်သည်။ သာမာန်လူတို့သည် ဘဝတွင် ပထမဆုံးအကြိမ် သရဲမြင်တွေ့ပါက အလွန်ကြောက်လန့်သွားမှာ ကြိမ်းသေ၏။ အန္တရာယ်ပေးသည့် တစ္ဆေဖြစ်စေ၊ မပေးသည့် တစ္ဆေဖြစ်စေ ကြောက်ရွံ့ကြမည်သာ ဖြစ်သည်။
ဆိုရလျှင် သူတို့ကို ယင်နဲ့ယန်က ခွဲခြားပေးထားတာဖြစ်ပြီး သူတို့ကိုယ်ထဲရှိ သန်မာသော ယွမ်စွမ်းအင်က သူတို့ကို ခြောက်ခြားစေကာ သွင်ပြင်ကလည်း အလွန်ကြောက်မက်ဖွယ် ကောင်းနေပြီးသားဖြစ်သည်။
ယွင်ယွီက ရှန့်ယုံကို လျစ်လျူရှူထားပြီး သရဲကို မေးလိုက်လေ၏။
“ဒါဆိုရင် ဒီကိစ္စကို ဘယ်လိုဖြေရှင်းချင်လဲ။ သူ မှားတယ်ဆိုရင်တောင် ဒီနှစ်ရက်လုံး သူ့ကို ခြောက်လန့်နေလို့ မရဘူးလေ”
သရဲက မကြေမချမ်း ပြောလိုက်တော့သည်။
“ဒါက ကျုပ်အိမ်လေ။ သူ ကျွန်တော့်ကို အနိုင်ကျင့်တာ။ ဒါ့ကြောင့် နှစ်ခါလောက် ရိုက်လိုက်တာ။ သူ့ကို ဘာမှမလုပ်ချင်ဘူး။ ကျုပ်ကို တောင်းပန်ခိုင်းပေးပါ”
ယွင်ယွီက ရှန့်ယုံကို ကြည့်လိုက်လေ၏။
“ရှင်လည်းကြားတယ်မလား”
ရှန့်ယုံ၏မျက်နှာက ဖြူဖျော့သွားကာ သူ၏ အသံက တုန်ယင်နေကာ ပြောလိုက်၏။
“အစ်ကိုကြီး ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် မှားတာပါ။ အဲ့လိုမပြောခဲ့သည့်ဘူး။ ကျွန်တော် ပါးစပ်ဆိုးတာပါ။ ကျွန်တော် မကောင်းတာ”
ပြောပြောဆိုဆိုဖြင့်် သူ့ မျက်နှာသူ နှစ်ချက်ရိုက်လိုက်တော့သည်။
သူ မှားယွင်းခဲ့ပေ၏။ သူက ရေတွင်းထဲရှိ ဖားတစ်ကောင်သာ ဖြစ်သည်။
ယွင်ယွီက ပြောလိုက်တော့သည်။
“ကြည့်ဦး။ သူ တောင်းပန်နေပြီ။ ဒီအကြောင်း မေ့လိုက်ပါ့လား”
သူမက ဖျန်ဖျေသူတစ်ယောက်နှင့် ပိုတူနေ၏။
သူမက ချင်ယွီစွေကို လှည့်ကြည့်မိသွားသည်။ သူက ကိုယ်စောင့်နတ်တစ်ယောက်ပမာ အနောက်၌ မြဲမြံစွာရပ်နေပြီး သူမ ကိစ္စကို ဝင်မစွက်ဖက်ပေ။ သူမ ရင်ထဲ ချိုမြိန်မှုကို ခံစားလိုက်ရကာ နှုတ်ခမ်းထောင့်က ကွေးစက်သွားချိန်၌ သူ၏ အေးစက်သော အမူအရာက ပြေလျော့သွားတော့သည်။
“ဒါဆို ကျုပ်မှာ တောင်းဆိုစရာရှိတယ်”
ထိုသရဲက ရှန့်ယုံရှေ့ မျောလွင့်သွားပြီးနောက် သူ့ကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်တော့သည်။
“ကျုပ်ကို ဝက်ဦးနှောက်နဲ့ တစ်နပ်ပေး”
ကွယ်လွန်ပြီးနောက် သူ့မိသားစုသည် သူ့အတွက် အားလုံးမီးရှို့ပူဇော်ပေးခဲ့ပြီး အဝတ်အစားများ၊ အိမ်များ၊ ကျန်သည့်ပစ္စည်းများ ပါသော်ငြား ဝက်ဦးနှောက်ကိုမူ ဆက်တိုက်စဉ်းစားနေမိသည်။ ယင်းက သူအသက်ရှင်နေစဉ် အနှစ်သက်ဆုံး အစားအစာ ဖြစ်၏။ သေလွန်ပြီး နှစ်ဝက်ကျော်သည်အထိ ထိုအကြောင်း စဉ်းစားနေခဲ့တာဖြစ်၏။ ရှန့်ယုံသည် သူ၏ ချဉ်းကပ်လာမှုကြောင့် ကြောက်လန့်သွားကာ ခြေထောက်များ ပျော့ခွေသွားပြီး သူ့ဘေးရှိ တီဗီနံရံကို မှီထားလိုက်ရသည်။
“ဘာ၊ ဘာ”
သူက သရဲကို ကြောင်အစွာ စိုက်ကြည့်နေမိ၏။ မည်ကဲ့သို့သော တောင်းဆိုမှုမျိုးနည်း။
ယွင်ယွီက ပြောလိုက်လေ၏။
“ဪ၊ ကြည့်ရတာ ဒါ သူ အသက်ရှင်တုန်းက အနှစ်သက်ဆုံး အစားအစာ ဖြစ်လောက်တယ်။ သေပြီးနောက် သူ သတိရနေသေးတာ”
သရဲက ခေါင်းညိတ်လိုက်၏။
ရှန့်ယုံက နဖူးပေါ်ရှိချွေးကို သုတ်ကာပြောလိုက်တော့သည်။
“အခု သွားဝယ်ပေးမယ်။ သူ့အတွက် ဒါကို မီးရှို့ပေးချင်တာလား”
“ဘာကိုရှို့ရမှာလဲ”
ယွင်ယွီက ပြောလိုက်၏။
“အရင်သွားဝယ်။ ပြီးရင်ကူညီပေးမယ်”
ရှန့်ယုံက စောဒက မတက်ရဲတော့ချေ။ ယခုဆို သူက ဒီဆရာကို အပြည့်အဝ လက်ခံယုံကြည်နေပြီ ဖြစ်သည်။
ကံကောင်းသည်မှာ ယခုခေတ်၌ နည်းပညာက မြင့်ပြီး အရာအားလုံးကို အွန်လိုင်း၌ ဝယ်နိုင်သည်။ ရှန့်ယုံက ဝက်ဦးနှောက် ဆယ်ပွဲကို မှာလိုက်တော့သည်။ ဤနေရာရောက်ရန် အချိန်တခဏ ယူရလိမ့်မည်။ ထိုကြောင့် ယွင်ယွီက ချင်ယွီစွေကို ဆိုဖာပေါ်၌ ထိုင်ခိုင်းထားပြီး ဝမ်ယွိလင်နှင့် စကားပြောနေလေ၏။
“ဝက်ဦးနှောက်စားပြီးရင် ရှင် ထွက်သွားသင့်ပြီမလား။ ရှင်က သေသွားပြီးလေလွေင့်ဝိဉာဉ် ဖြစ်နေပြီ။ ရှင့်ရဲ့မိသားစုတွေက ကောင်းမှုကုသိုလ်လုပ်ဖို့ လူတွေမခေါ်ခဲ့ရင် မြေအောက်ကမ္ဘာမှာ ဝင်စားဖို့ ခက်ခဲနေဦးမှာ။ ရှင် မြေအောက်ကမ္ဘာကို သွားပြီး ပြန်လည်မွေးဖွားဖို့ ကျွန်မ ကူညီပေးမယ်”
ထိုသရဲက အစက မျောလွင့်နေတာ ဖြစ်သည်။ သို့သော် ယွင်ယွီ၏စကားကို ကြားသောအခါ သူက သွားတာ ရပ်တန့်လိုက်တော့သည်။ ခဏအကြာ၌ သူက မကြေမချမ်း ပြောလိုက်လေ၏။
“ဒါက ကျုပ်ရဲ့အိမ်။ ကျုပ် ပြန်လည်မမွေးဖွားချင်ဘူး။ လူ ပြန်မဝင်စားချင်ဘူး”
ယွင်ယွီက ပြောလိုက်၏။
“ရှင့်ရဲ့အိမ်ဖြစ်ခဲ့တာလေ။ ဒါပေမဲ့ သူက ဒီအိမ်ကိုဝယ်ဖို့ ပိုက်ဆံပေးပြီးပြီ။ ရှင်က ခေတ်သစ်က တစ္ဆေတစ်ယောက်ဆိုရင် အိမ်ပိုင်ဆိုင်မှုက ဘယ်သူ့အပိုင်လဲဆိုတာ သိသင့်တာ ဟုတ်တယ်မလား”
ထိုသရဲက ထေ့ငေါ့နေပြီး စကားမပြောနိုင်တော့ချေ။
ရှန့်ယုံက နံရံကို မှီပြီး ရပ်နေသေးကာ လှုပ်ရှားဖို့တောင် အင်အားမရှိတော့ပေ။ ဆရာယွင်၏ စကားကိုကြားသောအခါ သူက အထင်ကြီးလွန်းသောကြောင့် သူမကို ဒူးထောက် ကန်တော့ချင်မိသွားသည်။
သရဲတစ္ဆေကိုတောင် နှုတ်ဖြင့် ဖျောင်းဖျနိုင်တာ အံ့ဩစရာကောင်းလှပေ၏။
ထိုသရဲက ထပ်မံမျောလွင့်လာပြန်၏။
“မဟုတ်ဘူး။ ဒါ ကျုပ်ရဲ့အိမ်။ ဘယ်မှမသွားဘူး”
ယွင်ယွီက သူ့ကို အကြံပေးလိုက်သည်။
“ရှင်က သေသွားပြီးပြီ။ လေလွင့်ဝိဉာဉ်ဖြစ်နေတာ။ သက်ရှိလောကမှာ ဘာလုပ်ဦးမှာလဲ။ မြေအောက်ကမ္ဘာကိုသွားပြီး လူဝင်စားဖို့ တန်းစီနေသင့်ပြီ။ နောက်ဘဝမှာ ကြွယ်ဝချမ်းသာတဲ့ ဂုဏ်သရေရှိတဲ့ ဘဝကို ရလောက်တာပဲ”
“ဒါပေမဲ့ ဒီလူ့လောကကို ကျုပ် သဘောကျတယ်။ လျှောက်ကြည့်ချင်တာ”
ထိုသရဲ ဝမ်ယွိလင်သည် သူ၏သဘောထားကို ထုတ်ပြလာခဲ့သည်။
အဲဒီကြောင့် တစ္ဆေဖြစ်ရခြင်းက အတော်လေး ကောင်းမွန်သည်ဟု ခံစားမိသည်။ သူ အချိန်အတိုင်းအတာ တစ်ခုအထိ လူပြန်ဝင်စားတာ မလုပ်ချင်သေးပေ။
ယွင်ယွီက မှေးမှိန်စွာ ပြောလိုက်တော့သည်။
“လေလွင့်ဝိဉာဉ်ဖြစ်ရတာ ကောင်းတယ်လို့မထင်နဲ့။ ဝိဉာဉ်အများစုက ပူဇော်တာတွေကို မစားနိုင်ဘူး။ ရှင်သေတာ သိပ်မကြာသေးတာကြောင့် လောကက ဘယ်လောက် အန္တရာယ်များသေးကြောင်း မသိတာ။ ဒီအိမ်မှာ တစ်သက်လုံးမနေနိုင်ဘူးမလား။ ဒီအိမ်ထဲမှာ ပုန်းနေတယ်ဆိုရင်တောင် တခြားလေလွင့်ဝိဉာဉ် တွေက ဖောက်ဝင်လာရင် သူတို့ရှင့်ကို သေအောင်အနိုင်ကျင့်လိမ့်မယ်။ သရဲသစ်လေးတွေကို အနိုင်ကျင့်ရတာ သဘောကျတဲ့ သရဲအိုကြီးတချို့ရှိတယ်။ သူတို့က ရှင့်ရဲ့အစာတွေကို လုယူလိမ့်မယ်။ ရှင် မဆာလောင်ဘူးသေးပါဘူး။ ဒီတော့ ဆာလောင်ရတဲ့ သရဲတစ်ကောင်ဖြစ်ရတာ ဘယ်လိုလဲခံစားရမှန်း ရှင် မသိသေးဘူး”
ဝမ်ယွိလင်သည် ယွင်ယွီ၏စကားကြောင့် အနည်းငယ် ကြောက်လန့်သွားတော့သည်။
ရှန့်ယုံကတောင် ဇာတ်ပုဝင်သွားလေ၏။
“ဒါပေမဲ့ ကျုပ်တကယ်မြေအောက်ကမ္ဘာကို မသွားချင်ဘူး”
ဝမ်ယွိလင်က မျောလွင့်နေတာကို ရပ်တန့်လိုက်ပြီး စိတ်ဓာတ်ကျသောပုံစံဖြင့် ပြတင်းပေါက်နား စောင့်ကြောင့်ထိုင်လိုက်၏။ သူက ယွင်ယွီကို မော့ကြည့်ကာ အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်၏။
“ဆရာ ဒီကနေ ဆရာနဲ့အတူ ထွက်လာခဲ့မယ်ဆိုရင်ရော။ ကျူပ် လျှောက်ပတ်ကြည့်ချင်ရုံပါပဲ”
သူ သွားစရာနေရာ တကယ် မရှိပေ။ သူ့မိဘအိမ်လည်း မသွားချင်။ သူတို့ ဝမ်းနည်းနေရတာကို မမြင်ချင်ပေ။
သူက သေလွန်ပြီး ဖြစ်သည်။ ကမ္ဘာပေါ်ရှိ သူ၏မိသားစုကို မြင်တွေ့ခွင့် မရတော့တာက သူ့အတွက် ညည်းပန်းနှိပ်စက်မှုတစ်ခု ဖြစ်သည်။ သူတို့ ဝမ်းနည်းနေတာကို ကြည့်ရတာကလည်း အဆင်မပြေ။
ယွင်ယွီက ၎င်းကို စဉ်းစားကြည့်မိပြီး ဝမ်ယွိလင်ကို ဟဲ့ကျင်ကျေးရွာကို ပြန်ခေါ်သွားတာက အကြံဉာဏ်ကောင်းဟု ဆုံးဖြတ်လိုက်လေ၏။ သူ နောက်နေ့ကျ သစ်သီးများ စားနိုင်ပေလိမ့်မည်။ သစ်သီးခြံထဲ ခေါ်သွားပြီးနောက် သစ်သီးသူခိုးများကို ခြောက်လန့်ခိုင်းမည်။ သူက တစ်နေ့ကျ လေလွင့်ဝိဉာဉ်ဖြစ်လာလျှင်လည်း သူမက သူ ပြန်လည်မွေးဖွားနိုင်အောင် ကူညီပေးမည်။
“ဟုတ်ပြီလေ။ ပြီးရင် ကျွန်မနဲ့လိုက်ခဲ့”
ဤကိစ္စကို ဖြေရှင်းပြီးသွားပြီးဖြစ်ကာ ရှန့်ယုံက မှင်သက်သွားလေ၏။ ဘာမှအပနှင်စရာမလိုဘဲ သရဲတစ်ကောင်ကို ဖြေရှင်းနိုင်တယ်လား။
သူ့မျက်နှာ ဖြတ်ရိုက်ခံရသလို ခံစားလိုက်ရသည်။ သူသည် အစက ဆိုင်ရှင်ကို ဟားတိုက်ချင်ခဲ့တာ ဖြစ်သည်။ သို့သော်ငြားလည်း သူမက မိန်းမလှတစ်ယောက် ဖြစ်နေပြီး။ အရည်အချင်းရှိသည့်သူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မထင်ထားပေ။
ရှန့်ယုံက ယွင်ယွီကို ကျေးဇူးတင်စကား ပြောပြီးနောက် ဤကိစ္စအတွက် တန်ကြေးကို မေးလိုက်သည်။
ယွင်ယွီကပြောလိုက်သည်။
“ရှင် အဆင်ပြေသလိုပေးပါ”
ရှန့်ယုံက ပိုက်ဆံပြတ်လတ်သူ မဟုတ်သော်ငြား လတ်တလော၌ ပိုက်ဆံပြတ်လတ်နေ၏။ ကတ်ထဲ၌ ယွမ်ခြောက်သောင်း ရှိနေသေးသည်။ သူက ယွမ်တစ်သောင်းကို သိမ်းထားပြီး ယွင်ယွီအား ယွမ်ငါးသောင်းကို ပေးလိုက်တော့သည်။ နောက်ဆုံး၌ သူသည် ယွင်ယွီကို ဆက်သွယ်ရန် အချက်အလက် တောင်းထား၏။ ဤကဲ့သို့အစွမ်းထက်သည့်သူမျိုးကို ပေါင်းထားသင့်သည်။ နောက်ဆုံး၌ သူသည် ယွင်ယွီ၏ဆေးဆိုင်က အဆောင်များအားလုံး ဖယ်ရှားလိုက်ရသည့် အကြောင်းအရင်းကို မေးလိုက်တော့၏။
ယွင်ယွီက ပြောလိုက်လေ၏။
“ကျွန်မ အရင်က ဂရုမစိုက်ခဲ့မိတာ။ တစ်ယောက်ယောက်က အဆောင်ကိုယူသွားပြီး မကောင်းတဲ့နေရာမှာသုံးရင် အခြေအနေ ဆိုးသွားမှာလေ။ ဒါကြောင့် အားလုံးကို ပြန်သိမ်းပြီး ဝေးပေါ်အကောင့် ဖန်တီးထားတယ်”
“ဆရာပြောတာက အဓိပ္ပာယ်ရှိတာပဲ။ ဆရာက အမြင်ကျယ်တယ်”
ရှန့်ယုံ၏စိတ်ခြေအနေက ပြောင်းလဲသွားပြီဖြစ်ကာ ယွင်ယွီပြောသမျှ အမှန်ဟု ခံစားမိသည်။ ပြီးနောက် သူသည် ရွှမ်လင်းဇစ်အကောင့်ကိုသုံးပြီး ယွင်ယွီ၏အကောင့်ကို ဖောလိုးလိုက်ကာ သူမ၏နာမည်က ဖုန်းရွှေပညာရှင် ရွှမ်းယွင်ဖြစ်နေတာကို တွေ့လိုက်ရပြီး ပျော်ရွှင်စွာ ပြောလိုက်၏။
“ကျုပ်ရဲ့နာမည်က ရွှမ်လင်းဇစ်။ ဆရာ ကျွန်တော်တို့က တကယ်အတူရှိဖို့ ကံပါလာတာပဲ”
ယွင်ယွီက ရယ်မောလိုက်၏။ ဤလုပ်ငန်းတွင် လူဦးရေတစ်ဝက်ခန့်မှ တာအိုနာမည် ရှိသည့်သူသာလျှင် သူတို့ကိုယ်သူတို့ ရွှမ်ဟူ၍ခေါ်ဝေါ်သည်။ ချင်ယွီစွေက ရုံယွမ်ဟူသော စကားကို ကြားသည့် အချိန်တွင် ရှန့်ယုံကို စိုက်ကြည့်လိုက်၏။ ရှန့်ယုံက လျှောက်မပြောရဲတော့ပေ။ မကြာမှီ၌ ဝက်ဦးနှောက်ကို လာပို့၏။ ရှန့်ယုံက အနံ့ရသည့်အချိန်တွင် တံတွေးကို မျိုချကာ မေးလိုက်သည်။
“ဆရာ၊ အခုကျွန်တော်တို့ ဘာလုပ်သင့်လဲ”
ယွင်ယွီက ပြောလိုက်တော့သည်။
“ကျွန်မ လုပ်လိုက်မယ်”
သူမက ထရပ်ပြီးနောက် ဝက်ဦးနှောက်ဆီ သွားလိုက်၏။ သူမက ဝမ်ယွိလင်ကို မွေးနေ့မေးပြီး ဂါထာတချို့ ရွတ်ဆိုကာ သရဲကို ပြောလိုက်လေ၏။
“လာစားတော့”
ရှန့်ယုံသည် ခြောက်ခြားဖွယ်သရဲက စားပွဲရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ စားစရာကို အနံ့ခံနေတာကို တွေ့လိုက်ရသည်။ ၁၀မိနစ်ခန့်ကြာပြီးနောက် စားပွဲပေါ်ရှိ ဝက်ဦးနှောက်က မလျှော့သေးပေ။ သို့သော်ငြား သရဲကမူ မျက်နှာထက်တွင် စိတ်ကျေနပ်သော အကြည့်ရှိနေတာကို တွေ့လိုက်ရ၏။
ယွင်ယွီက ရှန့်ယုံကို ညွှန်ကြားလိုက်တော့၏။
“ပြီးရင် စားပွဲပေါ်က အားလုံးကို လွှင့်ပစ်လိုက်တော့။ အားလုံးကို ဖြေရှင်းပြီးသွားပြီ။ အရင်ဆုံး ဖယ်လိုက်ကြတာပေါ့”
သူမသည် ရှန့်ယုံကို များများစားစား မပြောခဲ့ပေ။ သူမက သူ့မိခင်မဟုတ်။ ထို့အပြင် သူက သင်ခန်းစာမရသေးဘဲ ဤကဲ့သို့ အဖြစ်အပျက် တွေ့ကြုံပြီးနောက် သေလမ်းရှာနေသေးပါက ကုစရာဆေးရှိတော့မှာ မဟုတ်ပေ။
“ကျေးဇူးပါဆရာ”
ရှန့်ယုံက သူ့ကို ကျေးဇူးတင်စကားပြောလိုက်သည်။
“နောင်ကျ အလုပ်ကိစ္စရှိလာရင် သေချာပေါက် မိတ်ဆက်ပေးပါ့မယ်”
“ဟုတ်ပြီ”
ယွင်ယွီက ခေါင်းညိတ်လိုက်၏။
“သွားလိုက်ပါဦးမယ်”
အမျိုးသားနှစ်ယောက်သည် သရဲလုလင်ကို အခန်းထဲမှ ခေါ်သွားလေ၏။ အပြင်ဘက်၌ နေရောင်ရှိနေသေးသည်။ နေရောင်က ယန်ဓာတ်ဖြစ်သောကြောင့် သရဲများက ကြောက်ရွံ့သည်။ ယွင်ယွီက သူမ လက်ချောင်းကို ကိုက်ဖောက်ကာ ဂါဌာတစ်ခု ရွတ်ဆိုလိုက်ချိန် ဝမ်ယွိလင်က နေရောင်အောက်၌ လမ်းလျှောက်ရတာကို မကြောက်ရွံ့တော့တာကို ရှာတွေ့သွားပြီး ပျော်ရွှင်စွာ လိုက်ပါလာတော့သည်။ အခန်းထဲတွင် နေရတာ မွန်းကြပ်လှပေ၏။ မိနစ်အနည်းငယ်ကြာ အပြင်ထွက်ချိန်တွင် နေရောင်ကြောင့် သေလုနီးပါး ဖြစ်ခဲ့ရ၏။ နေရောင်က သရဲများကို ဟန့်တားနိုင်ကြောင်း သဘောပေါက်သွား၏။
ယွင်ယွီက နေ့လည်၌ အမြန်ရထားလက်မှတ် မှာယူထားပြီးနောက် နှစ်ယောက်သားသည် ဝမ်ယွိလင်ကို ဟယ်ချင်းရွာဆီသို့ ပြန်ခေါ်သွားသည်။
******