← Chapters

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆

Vol. 8 Ch. 76

76 01

အခန်း (၇၆)

ယွင်မောက်လျန်သည် သူ၏သမီးနှစ်ယောက်က တစ်စုံတစ်ခုကို ကွယ်ဝှက်ထားမှန်း သိ၏။ ရင်က ဤအခြေအနေနဲ့ အဆုံးသတ်သွားရသည့် အကြောင်းအရင်း ဖြစ်လောက်သည်။

နီရွယ်ကျောင်းက ကာပြောလိုက်လေ၏။

“ဘာများ ဖြစ်နိုင်မှာလဲ။ အဲဒီ မျိုးမစစ်လေးက ဝေးဝေးကို မနာလို ဖြစ်တာပဲ နေမယ်”

မည်သို့ပင်ဆိုစေ သူမ့ရင်ထဲ၌ သူ့သမီးကသာ အကောင်းဆုံးဖြစ်၏။

“ပါးစပ်ပိတ်ထား”

ယွင်မောက်လျန်၏နဖူးပေါ်ရှိ သွေးကြောများက ထောင်တက်လာ၏။

“ဒါလည်း ငါ့သမီးပဲ။ သူက မျိုးမစစ်ဆို မင်းက ဘယ်သူလဲ”

သူတို့ လက်ထပ်ထိမ်းမြှားချိန်မှစပြီး တစ်ယောက်နှင့်တစ်ယောက် အလွန်ခင်ကတည်းက သူမက အလွန် နူးညံ့သိမ့်မွေ့ခဲ့တာ သိသာ၏။ သို့သော် ယခုအချိန်တွင် သူမ ဤကဲ့သို့ အပေါက်ဆိုးသည့် ကြောင်သူတော်အမျိုးသမီးအဖြစ် ပြောင်းလဲသွားရသည့် အကြောင်းအရင်းကို နားမလည်နိုင်ပေ။

ယွင်ဝေးဝေးကမှု အခဲမကြေဖြစ်နေပြီးသား ဖြစ်ကာ ယွင်မောက်လျန်ကို အာရုံမစိုက်ချင်တော့ပေ။

ယွင်မောက်လျန်က အော်ပြောလိုက်၏။

“ယွင်ဝေးဝေး ငါ မေးနေတယ်။ မကြားဘူးလား”

ယွင်ဝေးဝေးက တုံ့ပြန်မှု တစ်ခုပြလာပြီး ခေါင်းကို ဖြည်းဖြည်းချင်း မော့ကာ တည်ငြိမ်စွာ ပြောလိုက်တော့သည်။

“ဘာများ ဖြစ်နိုင်မှာလဲ။ မြို့တော်မှာ ရှိတုန်းက သမီးသူ့ကို ဆေးခတ်ပြီး အဘိုးကြီးနဲ့ အိပ်ခိုင်းလိုက်တာလေ”

ယွင်ယွီက အခန်း မှားပို့ခံရပြီး ဤလူနှင့် တွေ့ဆုံရလောက်သည့်အထိ ကံကောင်းလိမ့်မည်ဟု သူမ မယုံကြည်နိုင်ခဲ့ပေ။ သူမ ဖုံးဖိပြောနေသည်သာ ဖြစ်လိမ့်မည်။ ထို့လူ သူမကို ချစ်မြတ်နိုးလောက်အောင် မှော်အတတ်များ သုံးပြီး ဤကိစ္စကို ဂရုမစိုက်နိုင်အောင် လုပ်ထားတာပဲ ဖြစ်လိမ့်မည်။

“ဘာ”

ယွင်မောက်လျန်သည် ခဏတာ တုံ့ပြန်နိုင်ခြင်းတောင် မရှိတော့ပေ။ သူက

“ဆေးခတ်တာလား”

သူက ဘရိတ်ကို ဆောင့်နင်းပြီး ကားကို လမ်းဘေး ချရပ်လိုက်ကာ လှည့်ကြည့်ပြီး အမောတကော မေးလိုက်လေ၏။

“မင်းရဲ့ အစ်မကို ဆေးခတ်တယ်လား။ သူ့ကို သူ့ကို”

သူသည် စကား ဆက်မပြောနိုင်တော့ပေ။ သူ၏သမီးငယ်လေးက ဤကဲ့သို့ ရက်စက်သည့် အရာမျိုးကို လုပ်ခဲ့ပြီး သူ၏အစ်မကို ဤသို့ ဆက်ဆံလိမ့်မည်ဆိုတာ တွေးတောင် မတွေးနိုင်ပေ။

ယွင်ဝေးဝေးက ဝန်ခံလိုက်၏။

“ဟုတ်တယ်။ သူ့ကို ဆေးခတ်ခဲ့တာ ဒီတော့ ဘာဖြစ်လဲ။ ဘာလို့များ သမီးကို သူနဲ့ပဲ နှိုင်းယှဉ်နေရတာလဲ။ သူက အဆင့်ကောင်းတွေ ရထားပြီး ကျောင်းကောင်းကောင်းကို ဝင်နိုင်ခဲ့တာပဲ ပြောနေရတာလဲ။ သမီးကို သူနဲ့အတူ စာလေ့လာဖို့ ပြောပြီးတိုင်း သမီးကို စောဒက တက်နေတာ။ သူ့အကြောင်း ကြားရတာ ပင်ပန်းနေပြီ။ သူ့အကြောင်း ကြားရတာ တကယ် ပင်ပန်းနေပြီ။ သူ့လိုလည်း ဖြစ်မလာချင်ဘူး။ ဒါကြောင့် သူ့ကို ဆေးခတ်ပြီး အဲဒီအဘိုးကြီးရဲ့အခန်းထဲကို ပို့လိုက်တာ။ သူနဲ့ ထိုက်တန်တယ်လေ”

ဤခံစားချက်များကို ယွင်မောက်လျန်က သူမဆီ သယ်ဆောင်လာတာပဲ ဖြစ်သည်။ သူတို့က သူ၏သမီးများ ဖြစ်၏။ ထို့သို့ဆိုလိုလျှင် အဘယ်ကြောင့်များ ယွင်ယွီက အရာရာ၌ ပိုတော်သည့်ဟု သူထင်နေရသနည်း။ တော်လွန်း ကောင်းလွန်းတယ်လျှင် သူမ ဖျက်စီးနိုင်သည်။

ယွင်မောက်လျန်သည် ဒေါသ ထွက်လွန်းသောကြောင့် သွေးများ ဆန်တက်လာလေ၏။ သူမက ဒေါသ တစ်ထောင်းထောင်း ထွက်နေကာ ထိုင်ခုံ ခါးပတ်ကို ဖြည့်လျှက် ယွင်ဝေးဝေး၏ ဆံပင်ကို ဆွဲကိုင်ကာ ခေါင်းကို ရိုက်လိုက်တော့သည်။

“ငယ်ငယ်လေးနဲ့ ဒီလောက် ရက်စက်နေပြီ။ ဘယ်သူဆီက သင်လာတာလဲ။ ဒီနေ့ သေအောင် ရိုက်ပစ်မယ်”

“အား”

ယွင်ဝေးဝေးသည် ရိုက်နှိက်ခံရပြီး သူမလက်ထဲတွင် ခေါင်းကို ကိုင်ထားလျှက် အော်ဟစ်လိုက်ကာ ဆံပင်များစွာသည် ယွင်မောက်လျန်ကြောင့် ဆွဲနှုတ်ခံလိုက်ရသည်။

76 02

နီရွယ်ကျောင်းက ထိတ်လန့်သွားကာ သူ့သမီးကို ကာကွယ်ရန် သွားလိုက်သည်။

“ဘာလို့ သူ့ကို ရိုက်နေတာလဲ။ အာလုံး ရှင့်အမှားပဲ။ ရှင့်က သူ့ကို ဝေးဝေးနဲ့ အမြဲတမ်း ယှဉ်နေတာလေ။ ရှင်က သူ့နဲ့ ဝေးဝေးကို အမြဲတမ်း ယှဉ်နေတာ။ ကလေးက စိတ်မသက်မသာ ဖြစ်မှာပဲ။ အားလုံးက ရှင်ရဲ့ အမှား”

ယွင်မောက်လျန်က နီရွယ်ကျောင်းကို ရိုက်နှက်လိုက်ပြန်၏။

ဤကဲ့သို့သော ရက်စက်လွန်းသောကြောင့် သူဒေါသ ထွက်နေတာပဲဖြစ်သည်။ ယွီအာက သူတို့ကို သဘောမကျဟုဆိုခဲ့သည်။ ယင်းက အကြောင်းပြချက် ဖြစ်နေ၏။

သားအမိနှစ်ယောက်လုံးက အရိုက်အနှက် ခံရသောကြောင့် ဖရိုဖရဲဖြစ်နေကာ ဆံပင်များပွနေ၏။

ယွင်မောက်လျန်သည် သူ၏လက်များ ထုံကျင်လာသည့်အထိ ရိုက်နှက်သည်။ ရပ်တန့်လိုက်သည်။ သူကခုံကို ပြန်သွားကာ သူမကို နှစ်ကြိမ်ခန့် ကန်ကျောက် လိုက်တော့သည်။

“မင်းက သူ့ကို အလိုလိုက်ခဲ့တဲ့သူပဲ။ မင်းကြောင့်သာ မဟုတ်ရင် သူဒီလို ကြီးပြင်းလာမှာလား။ ငယ်ငယ်လေးနဲ့ ဒီလောက် ရက်စက်တတ်နေပြီး ပိုက်ဆံကို ဆင်ခြင်မဲ့သုံးနေတာ။ ယန်နှစ်သိန်း နှစ်ရက်အတွင်း သုံးလိုက်တယ်။ သူ ခံသင့်တယ်။ ငါသာဆိုရင် သူ့ကို ဒီမှာ တစ်ယောက်ထဲ ထားခဲ့ပြီး အဲဒီသရဲရဲ့ မိန်းမ ဖြစ်ခိုင်းလိုက်မှာ”

နီရွယ်ကျောင်းက ငိုယိုနေပြီး စကားမပြောရဲတော့ပေ။

သားအမိနှစ်ယောက်လုံး စုတ်ပျက်သတ်နေပြီး ယွင်ဝေးဝေးက ထိုနေရာ၌ မှင်သက်စွာ ထိုင်နေမိသည်။

ရွှင်ယွီ၏အိမ်တွင် အဖွားယွင်က သူမကို နှစ်သိမ့် နေလေ၏။

“သမီးကို ဒုက္ခပေးတာ သူဆိုတာ ဘာလို့ မပြောပြတာလဲ။ အသက်ငယ်ငယ်လေနဲ့ စိတ်က ဒီလောက် ကောက်ကျစ်နေပြီး နောက်ကျ ပြစ်ဒဏ်ခံရမှာပဲ အခုက သူဝဠ်လည်တာနေမယ်”

ယွင် မိသားစုဝင်များက အမှန်တကယ် ဒေါသထွက်နေ၏။

“ဖွားဖွား အားလုံးအဆင်ပြေသွားပါပြီ”

ယွင်ယွီက သူမ၏ မိသားစုကို နှစ်သိမ့်လိုက်သည်။

“ ဒီကိစ္စကို ကူရှာပေးခဲ့တာ ချင်ယွီစွေလေ။ သူ ဝဠ်လည်နေပြီ။ သူက နောက်ကျ သမီးတို့ကိုထပ်ပြီး နှောက်ယှက်နိုင်တော့မှာ မဟုတ်ဘူး။ သူတို့မိသားစုနှင့်လည်း အဆက်အသွယ် လုပ်စရာမလိုတော့ဘူး။ ဒီမှာတင်ပြီးပြီ”

ဤအဖြစ်အပျက် ပြီးနောက် ထိုမိသားစုသည် ထပ်လာရဲတော့မှာ မဟုတ်တော့ပေ။

အဖွားယွင်က သက်ပြင်းချလိုက်၏။

“တကယ် ဆိုးတာပဲ”

ဖုန်းရှုကျန်းက အက်ကွဲသော လေသံဖြင့်ပြောလိုက်သည်။

“သမီးတို့ အနားယူလိုက်အုံး။ အမေ ဟင်းသွားချက်လိုက်အုံးမယ်”

အဖွားယွင်က ပြောလိုက်၏။

“ငါလည်း ကူပေးမယ်”

နောက်ကျနေပြီဖြစ်ကာ သူတို့ မစားမသောက်ရသေးပေ။

ယွင်ယွီနှင့် ကျန်တဲ့နှစ်ယောက်ကို ဧည့်ခန်းထဲတွင် ထားရစ်ခဲ့ပြီး ယွင်ရှန်းက သူတို့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။

“အစ်မ ပြန်လာကာစပဲရှိသေးတာ အခန်းပြန်ပြီး နားအုံးလေ။ ညစာကျက်ရင်ခေါ် လိုက်မယ်”

“ဟုတ်ပြီ”

ယွင်ယွီနှင့် ချင်ယွီစွေတို့က ဧည့်ခန်းထဲမှ ထွက်သွားပြီး သူတို့အခန်းထဲ ပြန်သွားတော့မည့် အချိန်တွင် နှင်းဆီ အနွယ်များနောက်၌ မျောလွှင့်နေသေးသည့် သရဲဝမ်ယုလင်ကို တွေ့လိုက်ရသည်။

သူက သွားလိုက်ကာ တီးတိုးပြောလိုက်တော့သည်။

“ဒီမှာနေ ရွာထဲ ကြိုက်သလောက် လျှောက်သွားလို့ ရတယ်။ တခြားသူတွေကို မခြောက်လှန့်နဲ့”

76 03

သူမသည် သူမ မိသားစု ကြောက်သွားမှာကိုစိုးရိမ်သောကြောင့် အသံတိုးတိုးဖြင့် ပြောခဲ့၏။ ဝမ်ယုလင်က ဒုက္ခမပေးလျှင်တောင် သာမန်သူများအဖို့ အနားတွင် သရဲတစ်ကောင်နဲ့‌ နေရတာ ခြောက်ခြားဖွယ်ကောင်းလှပေ၏။

အနက်ရောင် မြက်ပင်သည် အခြေအနေကို အာရုံခံစားမှုရှိပေသည်။ ဝမ်ယုလင်က အခြေအနေကို သိပေ၏။ သူက ခြံဝန်းထဲတွင် အရှေ့အနောက် လျှောက်သွားနေပြီး ရံဖန်ရံခါ၌ နှင်းဆီနွယ်များဆီ သွားတတ်သည်။

ယွင်ယွီက ဝမ်ယုလင်ဆီ သွားလိုက်၏။

“စိတ်မပူနဲ့ အန္တရာယ် မများဘူး ငြိမ်းငြိမ်းချမ်းချမ်းနေလို့ ရပြီ”

ဝမ်ယုလင်က နောက်ဆုံး၌ ဟေးတ၏ အခြေအနေကို အာရုံခံစားနိုင်စွမ်းရှိပေ၏။ ၎င်းက ခြံဝန်းထဲတွင် မနားမနေဘဲ ရှေ့ပြေးနောက်ပြေး ရှိနေပြီး နှင်းဆီနွယ်အနား သွားကာ ဟောက်နေတော့သည်။

ယွင်ယွီက ဟေးတခေါင်းကို ထိကာ ပြောလိုက်၏။

“စိတ်မပူနဲ့ ဒါ အန္တရာယ် မရှိဘူး အခုကစပြီး ငါတို့ ငြိမ်းငြိမ်းချမ်းချမ်း နေမှာ”

ဟေးတက နောက်ဆုံး၌ ငြိမ်သွားတော့သည်။

ချင်ယွီစွေက ယွင်ယွီနောက်လိုက်ကာ အခန်းထဲ ဝင်လိုက်၏။ သူမက လွယ်ပြီး သယ်လာသည့် အိတ်ကို အိပ်ယာပေါ် ပစ်တင်လိုက်သည်။

တစ်နေ့တာလုံး ခရီးနှင်လာပြီး အပြန်တွင် ယွင်ဝေးဝေး ရစ်ပတ်တာခံလိုက်ရသည်။ ထို့ကြောင့် သူမ အတော်ပင်ပန်းနေပြီ ဖြစ်သည်။

သို့သော် သူမ မည်သည်ကို တွေးနေမှန်းမသိ ရုတ်တရက် ချင်ယွီစွေဖက် လှည့်မေးလိုက်၏။

“အစောတုန်းက ကျွန်မပြောလိုက်တာကို စိတ်မရှိနဲ့။ သူ့ကို ဒေါသထွက်အောင် တမင်တကာ ပြောလိုက်တာ တကယ်တော့”

ယွင်ယွီက စကားပြောခဏရပ်လိုက်၏။ တကယ်တော့ ဘာဖြစ်လဲ။ သူမ သူ့ကို နည်းနည်းသဘောကျတယ်လို့ ပြောသင့်လား။

အပြင်လူများ၏ အမြင်တွင် သူတို့နှစ်ယောက်က စုံတွဲမဟုတ်ပေ။

အပြင်လူများ၏ အမြင်တွင် သူ၌က ကောင်းမွန်သည့် မိသားစုနောက်ခံရှိပြီး သူမက ကျေးလက်မှ ဖြစ်၏။ အပြင်လူများအမြင်တွင် သူက သာမန်လူတစ်ယောက်ဖြစ်ပြီး သူမက မှော်ရုပ်လွန်ပညာရှင် ဖြစ်သည်။ နှစ်ယောက်သားက လိုက်ဖက်မညီဟု သူတောင် တွေးနေမိလေလော။

သို့သော် လိုက်ဖက်ညီခြင်း ရှိမရှိက ဘာများ အကျိုးထူးနေနေ တစ်စုံတစ်ယောက်ကို သဘောကျလျှင် နှစ်သက်တာပဲ ဖြစ်သည်။ တာဝန်ယူမှု အတွက်ကြောင့်တာ သူက လက်ခံခဲ့သော်ငှား သူမကမူ သံယော်ဇဉ်ရှိနေသောကြောင့် ဖြစ်သည်။

ဤခံစားချက်က ယွင်ယွီကို ရေစက်ဟု ခံစားမိစေသည်။

သူမ ယခင်ဘဝတွင် သူမ၏ သက်တော်စောင့်အဖြစ် ခစားပေးပြီး သူမ၏ ငယ်သူငယ်ချင်းဖြစ်ခဲ့သည့် ရှန်မိသားစု၏ သားကြီး ရှန်လုလင် အတွက်တောင် ခံစားချက် မရှိခဲ့ပေ။ သို့သော် ယွင်ယွီဖြစ်လာပြီးနောက် ချင်ယွီစွေ အမည်ရသည့် ဤအမျိုးသားကို သဘောကျသွားပုံ ပေါ်သည်။

သူတို့နှစ်ယောက်က မတော်တဆ ဆုံတွေ့ခဲ့ရသည့်တိုင်

ချင်ယွီစွေက ခေါင်းငုံထားလျှက် သူမကို ကြည့်လိုက်သည်။

“ဘာလဲ”

သူက စာကြောင်း၏ ဒုတိယတစ်ပုဒ်ကို မေးနေတာဖြစ်သည်။

ယွင်ယွီက ဘာမှ မပြောခဲ့ပေ။ သူမ မော့ကြည့်မိအချိန် တလက်လက်တောက်ပနေသော မျက်ဝန်းများက သူနှင့် အကြည့်ချင်းဆုံသွားသောအခါ သူ အသက်ရှုနှုန်း ရပ်တန့်သွားလေ၏။

“တကယ်တော့”

သူမအသံက နူးညံ့သိမ်မွေ့နေသည်။ ရုတ်တရက် ခေါင်းကို ငုံံ့လျှက် သူ့အနားကပ်ကာ လက်ဆန့်ထုတ်ပြီး သူ့၏ခါးကို ဖက်လိုက်လေ၏။

“တကယ်တော့ ရှင်ကို ကျေးဇူးတင်တာ။ ကျေးဇူးတင်ပါတယ်”

76 04

ချင်ယွီစွေသည် သူမ၏ ပွေ့ဖက်မှုကြောင့် တောင့်တင်းသွားပြန်သည်။ သို့သော် ယခု အခေါက်တွင်မူ သူက သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကို လျှင်မြန်စွာ ပွေ့ဖက်လိုက်တော့သည်။

ရှားပါးသော ရတနာတစ်ပါးကို ပွေ့ဖက်ထားသည့်ပမာ ဂရုတစိုက် ရှိနေလေသည်။ သူက အရင်ဆုံး မလွှတ်လိုက်ပေ။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် အချိန်အတော်ကြာ ဖက်နေမိသည်။ နောက်ဆုံး၌ ယွင်ယွီက အနည်းငယ် ပူလောင်လာတာကို ခံစားမိပြီး လက်ကို အနည်းငယ် ဖြေလျော့လိုက်၏။ သူက သူမကို သွားဖွင့်ပေးကာ တိုးလျှသော အသံဖြင့် ပြောလိုက်သည်။

“ရေသောက်ချင်သေးလား”

သူက ရေနှစ်ခွက် ထည့်ပေးပြီးနောက် ယွင်ယွီက တစ်ခွက်သောက်ကာ ညအိပ်ဝတ်စုံကို ယူကာ ရေချိုးရန် ထွက်သွားလေ၏။

တခြားတစ်မြို့သို့ ခရီးသွားပြီးနောက် သူမ၏ ခန္ဓာကိုယ်၌ ချွေးများ စီးကပ်နေပြီ ဖြစ်သည်။

“ကျွန်မအရင် ရေချိုးလိုက်အုန်းမယ်။ ပြီးမှ ရှင်ချိုးလိုက်”

“ဟုတ်ပြီ”

သူ၏အသံက အနည်းငယ် တိုးရှနေပြီး ကြည်လင်မှု မရှိပေ။

******

All Chapters