အခန်း ၇၈
Vol. 8 Ch. 78
78 01
အပိုင်း (၇၈)
ချန်ရှီအန်း တက်နေသည့် ဆေးရုံကို မေးပြီးနောက် ယွင်ယွီသည် သူမ မိတ်ဆွေများကို နှုတ်ဆက် စကားပြောကာ ဆေးရုံသို့ သွားရန် တက်စီဌားလိုက်တော့သည်။
ကားထဲတွင် သူမက ချင်ယွီစွေကို ခေါ်လိုက်ချိန် ဖုန်းက အမြန်ဝင်သွားလေ၏။ ယွင်ယွီက ပြောလိုက်သည်။
“ချင်ယွီစွေ ကျွန်မ အိမ်ပြန် နည်းနည်း နောက်ကျလောက်တယ်။ ရှင် အရင် အိပ်ယာဝင်နှင့် ကျွန်မကို မစောင့်နဲ့”
ချင်ယွီစွေက မေးလိုက်၏။
“တစ်ခုခု ဖြစ်လို့လား”
ယွင်ယွီက တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်တော့သည်။
“ကျွန်မရဲ့ အရင် စီနီယာ သူ တစ်ခုခု ဖြစ်သွားပြီး အခု သူ ဆေးရုံရောက်နေတယ်။ ကျွန်မ တစ်ချက် သွားကြည့်ချင်လို့”
“ဒါဆိုရင် မင်း ဂရုစိုက်နော်”
ချင်ယွီစွေသည် သူမ ပြောနေသည့်် မတော်တဆသည် သာမန်ကိစ္စ မဟုတ်ကြောင်း သိ၏။
“ကိုယ့်ကို ဆေးရုံ လိပ်စာပြော ပြီးသွားရင် ဆေးရုံမှာ လာကြိုလိုက်မယ်”
အတန်ငယ် တုံ့ဆိုင်းနေပြီးနောက် ယွင်ယွီသည် ချင်ယွီစွေအား ဆေးရုံလိပ်စာ ပြောလိုက်၏။ သူမက ဆိုရလျှင် သူမသည် ချန်ရှီအန်းအပေါ် ခံစားချက် မရှိပေ။ အတိတ်တုန်းက သူမ၏မူလကိုယ်ကိုသာ အတွေးဝင်နေတာ ဖြစ်သည်။ သို့သော် မူလခန္ဓာကိုယ်ကို သူမ ရယူပြီးနောက် အပြင်လူများအဖို့ သူမက ယွင်ယွီ ချန်ရှီအန်းနှင့်အတူ တွဲမိလို့နီးပါး ဖြစ်ခဲ့သည့် လူတစ်ယောက် ဖြစ်သည်။
ချင်ယွီစွေက သူမကို နားလည်မှု လွဲမှာ စိုးရိမ်မိ၏။ သို့သော် သူ့အပေါ် မဖုံးကွယ်ထားချင်ပေ။
ထို့ကြောင့် သူမသည် ချင်ယွီစွေကို လိပ်စာ ပြောြပလိုက်သည်။
ဖုန်းချပြီးနောက် ယွင်ယွီသည် သူမလက်ထဲ၌ ဖုန်းကို ကိုင်ထားကာ စိတ်လေးနေလေ၏။ သူမသည် ချန်ရှီအန်းကို အလွန် စိုးရိမ် ပူပန်နေမိသည်။ သူ့ကို ဘာမှ မဖြစ်စေချင်ပေ။ သူ၌ ကောင်းမွန်သည့် အနာဂတ်ကောင်း ရှိပြီး သူ နှစ်သက်သည့် အမျိုးသမီး တစ်ယောက် ထပ်တွေ့ကာ ကလေးရပြီး ပျော်ရွှင်သည့် ဘဝတွင် နေစေချင်မိသည်။
သူတို့ ဆေးရုံသို့ လျင်မြန်စွာ ရောက်လာတော့သည်။ ယွင်ယွီက အတွင်းလူနာဌာကို သွားလိုက်၏။ ချန်မိသားစုက ချမ်းသာသောကြောင့် သူက တစ်ယောက်အခန်းထဲတွင် နေသည်။
သူမ ဝင်သွားသောအခါ အခန်း၌ ကလေးထိန်းတစ်ယောက်သာ စောင့်ကြပ်နေသည်။ သူမက ယွင်ယွီကို မသိ။ ချန်ရှီအန်း၏ အတန်းဖော်ဟုသာ ထင်နေသည်။
သူမက ဆေးရုံခုတင်ပေါ်တွင် လဲနေသည်။ ချန်ရှီအန်းကို ကြည့်လိုက်သည်။ သူက နူးညံ့သိမ်မွေ့ပြီး ချောမော ခန့်ညားသည်။
တစ်ချိန်တုန်းက ချောမောခဲ့ဖူးသည့် လူငယ်သည် ဖြူဖျော့သော မျက်နှာဖြင့် အိပ်ယာပေါ်တွင် လဲနေ၏။ သူမ မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် အနား၌ ဘာမှ မတွေ့ရပေ။ ချန်ရှီအန်း အသက်ရှုနေသော်ငြား သူ့ဝိညာဉ် မရှိတော့ပေ။
သူ၏ဝိညာဉ် ပျောက်ဆုံးနေတာ သိသာ၏။ သူ၏ ဝိညာဉ်ကို တခြားလူတစ်ယောက် ယူသွားခြင်းပင်လော။ သို့ ဒီမဟုတ် တစ်စုံတစ်ခုနှင့် တွေ့ကြုံပြီး လမ်းပျောက်သွားခြင်းလား မသိ။
ယွင်ယွီသည် သူနာပြုအား မေးလိုက်သည်။
“ချန်ရှီအန်း သုံးထားတဲ့ ပစ္စည်းတွေ ရှိလား။ အဝတ်ဟောင်း ဖြစ်ဖြစ် တပတ်ဟောင်း ဖြစ်ဖြစ် သူနဲ့အတူ မကြာခဏ သယ်ထားတဲ့ ပစ္စည်းတွေ”
သူမသည် သူ၏ဝိညာဉ်ကို ပြန်ဆင့်ခေါ်ရန် ပြင်ဆင်နေတာပဲ ဖြစ်သည်။
လူနာစောင့်က ခေါင်းခါပြီး ပြောလိုက်၏။
“မရှိဘူး”
သူမသည် ဤမိန်းမလှလေး ဘာလုပ်ချင်မှန်း မသိပေ။
ယွင်ယွီက မေးခွန်းများ ထပ်မေးချင်သည့်အချိန်တွင် လူနာစောင့်တံခါးက ဖွင့်လာသည်။ သူမ လှည့်ကြည့်လိုက်မိချိန်တွင် ဆံပင်ကို သေသပ်စွာ ချည်နှောင်ထားသည့် ကောင်းစွာ ထိန်းသိမ်းထားကာ ကျော့ရှင်းသည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက် ဝင်လာတာ တွေ့လိုက်ရသည်။
ထို့အမျိုးသမီးက ချန်ရှီအန်းနှင့် ဆင်တူသောကြောင့် ချန်ရှီအန်း၏မိခင် ဖြစ်လောက်သည်။
ထို့အမျိုးသမီးက ချန်ရှီအန်း၏မိခင် နမ်ချွဲယန်ပဲ ဖြစ်သည်။ သူမက ယွင်ယွီကို မြင်သောအခါ မျက်နှာထား ပြောင်းလဲသွားသည်။ မြင်လည်း မြင်ချိန် ယွင်ယွီကို မှတ်မိပေ၏။ ရှီအန်းသည် လွန်ခဲ့သည့် နှစ်ဝက်ခန့်က သူသည် မိန်းကလေးတစ်ယောက်ကို ချစ်မိသွားကြောင်းနှင့် သူမ ဘွဲ့ရပြီး တည်ငြိမ်သည့် အလုပ်အကိုင် ရပြီးနောက် သူ့ကို ဝန်ခံရန် ပြင်ဆင်ထားကြောင်း ပြောထားသည်။ ထို့မိန်းကလေးကလည်း သူ့ကို နှစ်သက်ပြီး တစ်ယောက်နှင့် တစ်ယောက် ချစ်နေပြီ ဖြစ်ကြောင်း ရှီအန်းက ပြောပြထားသည်။
78 02
သူမသည် မိန်းကလေး၏ဓာတ်ပုံကို မြင်တွေ့ဖူး၏။ သူမက အလွန် လှပသည်။
သူ့ရှေ့ရှိ မိန်းကလေးက ဓာတ်ပုံထဲကထက် ပိုနုနုယ်ပြီး ပန်းကလေးတစ်ပွင့်ထက် ပိုလှပသည်။ သို့သော် ဓာတ်ပုံထဲရှိ မိန်းကလေးကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားတာပဲ ဖြစ်သည်။
ထိုမိန်းကလေးက ရှီအန်း၏ နှလုံးသားထဲတွင် ရှိသော ရွှင်ဟိ ဟုသော မိန်းကလေးပဲ ဖြစ်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ရှီအန်းသည် သူနှင့် အဲဒီ ထိုမိန်းကလေးတို့ ဖြစ်နိုင်ခြင်း မရှိတော့ကြောင်း ဝမ်းနည်းစွာ ပြောြပခဲ့၏။ မိန်းကလေးက သူကို ငြင်းဆန်ခဲ့သည်။
ရွှဲ့ရှန်သည် သူမ၏ တည်ငြိမ်ပြီး ယုံကြဉ်ချက်ရှိသော သား၌ ဤကဲ့သို့ အမှုအရာမျိုး ရှိနေတာကို တစ်ခါမှ မတွေ့ဖူးပေ။ သူက စိတ်ဓာတ် ကျလွန်းသောကြောင့် အရက်သောက်ရန် ဘားသို့တောင် သွားခဲ့သေးသည်။
ယွင်ယွီကြောင့်သာ မဟုတ်လျှင် ရှီအန်း၌ ဤကဲ့သို့ ကိစ္စ ဖြစ်လာမှာ မဟုတ်ပေ။
သူမသား ဒုက္ခရောက်နေတာကို တွေ့ရသည့် မိခင်တိုင်းသည် လက်သည် တရားခံက သူမ့ရှေ့၌ ရပ်နေတာကို မြင်ပါက ဖော်ရွေ့နေတော့မှာ မဟုတ်ပေ။
နန်ချွဲယန်သည် လျှောက်လာခိုက် အေးတိအေးစက် ပြောလိုက်၏။
“မင်း ဒီမှာ ဘာလုပ်နေတာလဲ။ ရှီအန်းကို လှောင်ဖို့ ရောက်လာတာလား။ သူ နင့်ကို ဘယ်လို သဘောကျလဲ ကြည့်ဖို့လေ”
သူမသည် ပုံမှန်ဆို ဤသို့ မဟုတ်ပေ။ သို့သော် သူမ ထိန်းချုပ်နိုင်ခြင်း မရှိရုံသာ။ ရှီအန်း ဘယ်တော့မှ နိုးမလာနိုင်တာကို တွေးမိချိန်၌ စိတ်မသက်မသာ ဖြစ်မိသည်။
ယွင်ယွီသည် ဤလူက ချန်ရှီအန်း၏မိခင် ဖြစ်လောက်မှန်း သိ၏။ ထို့ကြောင့် သူတို့ကြား အဖြစ်အပျက်ကို သိလိမ့်မည်။ ချန်ရှီအန်း ဤသို့ ဖြစ်သွားခြင်းမှာ သူမကြောင့် ဖြစ်နေသောကြောင့် မိခင်ကို အပြစ်မတင်နိုင်။ သူမက ပြောလိုက်၏။
“အန်တီ မင်္ဂလာပါ။ ချန်ရှီအန်းရဲ့ အဝတ်အစားအဟောင်း ဒါမှ မဟုတ် ပစ္စည်းအဟောင်း ရှိလား မေးပါ့ရစေ”
နန်ချွဲယန်က မျက်မှောင် ကြုတ်မိသွား၏။
“မင်း ဘာလုပ်ချင်တာလဲ”
ယွင်ယွီက ပြောလိုက်သည်။
“ကျွန်မ ဝိညာဉ် ဆင့်ခေါ်ချင်လို့ ချန်ရှီအန်းရဲ့ ဝိညာဉ် ပြန်ရ မရ မြင်ချင်တယ်”
“မင်း ဘာပြောလိုက်တာလဲ”
နန်ချွဲယန်က သူမကို တအံတဩ ကြည့်လိုက်သည်။
“ဝိညာဉ်ဆင့်ခေါ်နိုင်တာလား။ မင်းက”
သူမက ရှီအန်းလို့ပဲ ကျောင်းသားတစ်ယောက် မဟုတ်ဘူးလား။ ဒီအရာတွေကို ဘာလို့ သိနေတာလဲ။
“အန်တီ ကျွန်မ အသေးစိတ် အချက်အလက်တွေ သိပ်မပြောပြနိုင်ဘူး။ မြန်မြန် လုပ်လို့ လိုတယ်”
ယွင်ယွီက ပြောလိုက်၏။
“ချန်ရှီအန်းရဲ့ ဝိညာဉ် သူ့ကိုယ်ထဲက ခွာသွားတာ ဘယ်လောက်ကြာသွားပြီလဲ”
နန်ချွဲယန်က နှုတ်ခမ်းတင်းတင်းစေ့ကာ ပြောလိုက်သည်။
“သုံးရက်”
ယွင်ယွီက ပြောလိုက်သည်။
“မြန်မြန်။ အရင်ဆုံး လိပ်ပြာခေါ်ဖို့ ကြိုးစားကြည့်မယ်”
သူမသည် လက်ရှိ၌ တတိယမျက်လုံးကို ဖွင့်နိုင်စွမ်း မရှိသေးပေ။ ကျင့်ကြံမှုက မလုံလောက်။ ထို့ကြောင့် ထို့နေ့က လမ်းကြားထဲတွင် ချန်ရှီအန်း ကြုံ့တွေ့ခဲ့သော အရာကို ကြည့်ရန် တတိယမျက်လုံးကို အသုံးမပြုနိုင်ပေ။
နန်ချွဲယန်က တုံ့ဆိုင်းနေသေးသောကြောင့် ယွင်ယွီက သူမကို အကြောင်းအရင်း ရှင်းပြလိုက်သည်။
78 03
“ချန်ရှီအန်းရဲ့ ရုပ်ပိုင်းဆိုင်ရာက ကောင်းတယ်။ သူရဲ့ လိပ်ပြာ ရှိသေးပေ့မဲ့ ဝိညာဉ် မရှိဘူး။ ဝိညာဉ်က ကိုယ်ထဲက ထွက်သွားပြီး အပြင်မှာ လျှောက်သွားနေတာ ဖြစ်လောက်တယ်။ ဒါမှ မဟုတ် တစ်ယောက်ယောက်က ရုပ်လွန်ပညာနဲ့ ခေါ်သွားတာ ဖြစ်မယ်။ ဝိညာဉ်က ယာယီ ပြင်နေပေ့မဲ့ ဝိညာဉ်သာ တစ်စုံတစ်ခု ဖြစ်သွားရင် ချန်ရှီအန်းက အသက်ရှု ရပ်သွားလိမ့်မယ်။ ဒါကြောင့် ကျွန်မတို့ မြန်မြန် လုပ်ဖို့ လိုတယ်။ တစ်ယောက်ယောက်က သူရဲ့ သက်ရှိ ဝိညာဉ်ကို ယူသွားပြီး အောက်လမ်းမှာ သုံးလိုက်မှာ စိုးရတယ်”
မဟုတ်လျှင် ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ မည့်ကဲ့သို့ အလွယ်တကူ ခွာသွားမည်နည်း။ ယင်းက အောက်လမ်းအတတ်သာ ဖြစ်၏။ သက်ရှိ ဝိညာဉ်ကို ယူသွားခြင်းက ဆိုးရွားသည့်အရာ လုပ်ဖို့သာ ဖြစ်လိမ့်မည်။
“အေး ငါ တစ်ချက် ကြည့်လိုက်အုန်းမယ်”
သူမ ဤကဲ့သို့ ပြောနေတာကို မြင်ပြီး နန်ချွဲယန်က မနှောင့်နှေးရဲတော့ချေ။
သူမ ယွင်ယွီကို မည်မျှ သဘောမကျ ဖြစ်နေစေကာမှု သူမသား ဘေးကင်းဖို့ မျှော်လင့်နေသေး၏။
နန်ချွဲယန်သည် သူမ ဘေးရှိ လူနာစောင့်ကို သူမ့သား မကြာခဏ ဝတ်လေ့ရှိသည့် ရှပ်အင်္ကျီ တစ်ထည် ယူခိုင်းလိုက်သည်။
တစ်နာရီခန့် ကြာပြီးနောက် လူနာစောင့်သည် ရှပ်အင်္ကျီကို ယူလာ၏။ ယွင်ယွီက သူမ၏ ကျောပိုးအိတ်ထဲမှ ဟစ်ယိုင်ကို ထုတ်လျှက် ချန်ရှီအန်း၏ မွေးနေ့ မွေးရက်ကို မေးကာ မြေပြင်ပေါ်၌ အစီအရင်တစ်ခု စတင် ရေးဆွဲလိုက်သည်။ ယင်းက အစွမ်းထက်သည့် ဝိညာဉ်ခေါ် အစီအရင် ဖြစ်ပြီး မထင်မှတ်ထားသည့် အခြေအနေ မရှိလာသရွေ့ ထို့လူ၏ ဝိညာဉ်ကို သေချာပေါက် ပြန်ခေါ်လာလိမ့်မည်။
နန်ချွဲယန်သည် သူမက မြေပြင်ပေါ်တွင် ဒူးထောက်လျှက် ထူးဆန်းသော သဏ္ဌာန်များ ရေးဆွဲနေတာကို မြင်လိုက်၏။ ယင်းက ချန်ရှီအန်းကို ကယ်ရန် သော့ချက် ဖြစ်လောက်သည့်ဟု သိလိုက်သည်။
အစက သူမသည် ရုပ်ဝါဒီသမားဖြစ်ပြီး သရဲတစ္ဆေများ နတ်ဘုရားများကို မယုံကြည်ပေ။ သူမသည် သူမ့သား မတော်တဆ ဖြစ်ပြီး စစ်ဆေးရန် ဆေးရုံသို့ အပို့မခံရခင်အထိ နတ်ဘုရားများကို မကိုးကွယ် ဗုဒ္ဓလည်း မယုံကြည်ခဲ့ပေ။ သူမ အရာအားလုံး စစ်ဆေးကြည့်ခဲ့ရာ သူရဲ့ခန္ဓာကိုယ်က ကျန်းမာနေကြောင်း တွေ့လိုက်ရသည်။ သို့သော် သူက မနိုးလာနိုင်ပေ။ အိမ်ရှိ ဉီးလေးထင်ကမှု သူ ဝိညာဉ် ပျောက်သွားတာ ဖြစ်လောက်သည်ဟု သတိပေးခဲ့၏။ ဒီတော့မှ သူမသည် ပညာရှင်ကို စတင် ရှာဖွေ့ခဲ့သည်။ ပညာရှင် နှစ်ယောက် သုံးယောက် ရှာတွေ့ခဲ့သော်ငှား သူမ့သားက နိုး မလာသေးပေ။ ယင်းက အတော်လေး ထူးဆန်မှန်း သိလိုက်၏။
ယခု ယွင်ယွီ ရေးဆွဲနေတာကို မြင်ပြီး သူက ၎င်းကို နှောင့်ယှက်မိမှာကိုတောင် စိုးရိမ်နေပြီး အမှား လုပ်မိကာ ချန်ရှီအန်းကို ထိခိုက်သွားမှာ စိုးရိမ်၏။
ယခင်က ဌားရမ်းခဲ့သည့် ဆရာသခင်သည် ၎င်းတို့ကို မည်သို့ ရေးဆွဲရမှန်းမည်မှန်း မသိပေ။ သူက ယစ်ပုလ္လင်တစ်ခု တည်ဆောက်လျှက် ရှီအန်းကို မက်မွန်သားဖြင့် ဝိုင်းလိုက်ရုံသာ ရှိသည်။ အဆုံးကျ အသုံးမဝင်။ ပေးရသည့် ဈေးကလည်း မြှင့်လှပေသည်။
ယွင်ယွီသည် ဝိညာဉ်ဆင့်ခေါ်ြခင်း အစီအရင်ကို လျင်မြန်စွာ ရေးဆွဲပြီးနောက် အစီအရင်ထဲတွင် ချန်ရှီအန်း၏ အဝတ်ဟောင်းကို ထားလိုက်၏။ ပြီးနောက် ချန်ရှီအန်း၏ လက်ညိုးမှ သွေးတစ်စက်ကို ယူကာ အစီအရင်ထဲ ချလိုက်သည်။
ယွင်ယွီက တင်ပလင်ခွေချိတ် ထိုင်ထားကာ အင်မတန် မြန်ဆန်သော အရှိန်ဖြင့် လက် သင်္ကေတများ ပြုလုပ်လိုက်သည်။
နန်ချွဲယန်နှင့် ကလေးထိန်းတို့က သူတို့ မြင်လိုက်ရသည့် အရာကြောင့် မှင်သက်သွားသည်။
ယွင်ယွီက လက် သင်္ကေတများ ပြုလုပ်ပြီး ဝိညာဉ်ကို ဆင့်ခေါ်ရန် ဂါထာ ရွတ်ဆိုခဲ့သည်။ သို့သော် အခန်းထဲ အစီအရင်၏အလယ်တွင် တုံ့ပြန်မှု မရှိပေ။
သူမ အနည်းငယ် မျက်မှောင် ကြုတ်ပြီး ဂါထာရွတ်ဆိုကာ သူ့ကို အားထုတ်ခေါ်ရန် ကြိုးစားခဲ့သော်ငှား ချန်ရှီအန်း၏ ညည်းနေသော အသံကို ကြားလိုက်ရပုံပေါ်၏။ ယင်းက သက်ရှိ ဝိညာဉ် တုံ့ပြန်မှု ဖြစ်သည်။
သက်ရှိ ဝိညာဉ်က ချုပ်နှောင်ခံထားရပြီး ပြန်ခေါ်၍ မရ။
ယွင်ယွီက မျက်လုံးဖွင့်လျှက် လက်ညိုးကို ကိုက်ကာ သွေးစက်ကို အစီအရင်ထဲ ချလိုက်သည်။
ဂါထာကို ရွတ်ဆိုပြီး မျက်လုံးမှိတ်လိုက်ချိန်တွင် သူမက အစီအရင်ထဲ ပိတ်မိနေသည်။ ချန်ရှီအန်း၏ဝိညာဉ်ကို ဝေဝါးဝါး တွေ့လိုက်ရသည်။ ၎င်းက ဝါးနေပြီး ကြည်လင်မှု မရှိပေ။ သူမ တီးတိုး ပြောလိုက်၏။
“ချန်ရှီအန်း ရှင် ကျွန်မ့အသံကို ကြားရင် ဘယ်နေရာမှာ ပိတ်မိနေလဲ ပြောပြ။ ရှင်ရဲ့ဝိညာဉ်ကို ခေါ်သွားတဲ့ လူက ဘယ်လိုပုံစံလဲ”
ချန်ရှီအန်း၏ သက်ရှိ ဝိညာဉ်က ရေရွတ်လိုက်၏။
78 04
“ယွီအာလား”
ယွင်ယွီက ဆိတ်ဆိတ်သာ နေလျှက် အသံကို နူးညံ့စွာ ပြောလိုက်၏။
“ချန်ရှီအန်း ရှင့်ကို ဘယ်သူ ခေါ်သွားလဲ။ မြန်မြန် ပြောပြ။ အချိန် သိပ်မကျန်တော့ဘူး”
ချန်ရှီအန်းသည် တုံးအသူ မဟုတ်ပေ။ သူ ဤရက်ပိုင်းအတွင်း မှင်သက်တွေဝေနေခဲ့တာ ဖြစ်သည်။ ဒါကြောင့် တစ်စုံတစ်ခု မှားယွင်းနေမှန်း သိသော်ငြား ဘာဖြစ်မှန်း မသိ။ သူ ဘား၏အနောက်ဘက် လမ်းကြားသို့ အရက်မူးပြီး ထွက်လာချိန်တွင် တစ်စုံတစ်ယောက်နှင့် တိုက်မိသွား၏။ ထို့လူက သူ့ကို ကြည့်မိချိန်တွင် သူက စိတ်လွတ်သွားပုံ ပေါ်၏။ သူ ထို့လူနောက် လိုက်သွားပြီး ထိန်းချုပ်မရတော့ပေ။ ထို့လူ မည်သည့်ပုံမှန်းလည်း မမှတ်မိပေ၏။
သူက ပြောလိုက်သည်။
“အသက် ၄၀ ၅၀ ဝန်းကျင် နဖူးပေါ်မှာ အမာရွတ်အကြီးကြီး ရှိတယ်။ မျက်ပေါက်က ကျဉ်းတယ်။ ဆံပင်အဖြူတွေနဲ့ မျက်ခုံးထူတယ်။ နှာတောင် ကောက်တယ်။ နှုတ်ခမ်းပါးတယ်။ ပြီးတော့ မျက်နှာ လေးထောင့် သူ အရပ် သိပ်မမြှင့်ဘူး။ ၁.၇ မီတာလောက်ပဲ။ နည်းနည်း ပိန်တယ်”
ယွင်ယွီသည် သူမ့နဖူးပေါ်ရှိ ချွေးစီးများကို ဖိနှိပ်ကာ ဆက်မေးလိုက်၏။
“သူ ရှင့်ကို ဘယ်ခေါ်သွားတာလဲ”
ချန်ရှီအန်းက အားနည်း ဖျော့တော့စွာ ပြောလိုက်သည်။
“ချန်းရှုး မြောက်ပိုင်းလမ်း အဆောက်အအုံ ၆၆။ အခန်းနံပါတ် အတိအကျနဲ့ အလွှာ သေချာ မသိဘူး။ အခြားနေရာက လူတွေ ဒီမှာ အိမ်ဌားနေကြတယ်။ ရောထွေးနေတာ”
ဤအချက်အလက်က လုံလောက်သွားပြီ ဖြစ်သည်။ ယွင်ယွီက ထပ်တောင့်ခံ မထားနိုင်တော့ပေ။ သူမက ပြောလိုက်၏။
“စိတ်မပူနဲ့။ ကျွန်မတို့ ရှင်ကို ကယ်ဖို့ လာမယ်”
“ယွီအာ”
ချန်ရှီအန်းက ရေရွတ်ပြောလိုက်သည်။
ယွင်ယွီသည် ဆက်လက် တောင့်ခံထားနိုင်ခြင်း မရှိတော့ပဲ အသက်တစ်ရှိုက်စာအတွင်း ချန်ရှီအန်း၏ ဝိညာဉ်နှင့် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။ သူမ့ ခန္ဓာကိုယ်က ပျော့ခွေသွားကာ မြေပြင်ပေါ် ပြုတ်ကျသွား၏။ သူမ၏ ကျင့်ကြံမှုများစွာ ကုန်ဆုံးသွားတာပဲ ဖြစ်သည်။
နန်ချွဲယန်သည် ယွင်ယွီ တစ်စုံတစ်ယောက်ကို စကားပြောနေပြီး ရှီအန်း၏ နာမည်ခေါ်တာကို မြင်လိုက်ရ၏။ သူမ အလွန် စိုးရိမ် ပူပန်နေခဲ့သည်။ ယခု ယွင်ယွီ၏ အဝတ်အစား၌ ချွေးများ ရွှဲနေပြီး မြေပြင်တွင် အားနည်းစွာ လှဲနေတာ တွေ့လိုက်၏။ သူမ သက်ပြင်းချကာ သူမကို ဆိုဖာပေါ်၌ ထိုင်နိုင်အောင် ကူညီပေးပြီး မေးလိုက်သည်။
“အဆင်ပြေရဲ့လား”
“ပြေတယ်”
ယွင်ယွီက ခွန်အား မကျန်တော့ဘဲ ဆိုဖာပေါ်တွင် လဲလိုက်သည်။
“အန်တီ ကျွန်မကို ခဏလောက် နားခွင့်ပေးပါ”
သူမ အပို ဝိညာဉ်နှင့် အခြားသော အရာများကို ဖြေရှင်းရတာ လွယ်ကူသော်ငြား သက်ရှိ ဝိညာဉ်များနှင့် ဆက်သွယ်ရခြင်းက ဝိညာဉ် စွမ်းအင်များစွာ ကုန်ဆုံးစေသည့် ခက်ခဲသော တာဝန် ဖြစ်သည်။
သူမ၏ ကျောပိုးအိတ်ထဲမှ ရေတစ်ပုလင်းကို ထုတ်ယူပြီး များစွာ သောက်လိုက်၏။ အားလုံးက ဝိညာဉ်စွမ်းအင်များ ဖြစ်ပြီး သူမ တစ်ခါတည်း သယ်ဆောင်လာတာပဲ ဖြစ်သည်။
ယွင်ယွီသည် ဝိညာဉ်စွမ်းအင် များစွာ သောက်လိုက်ပြီးနောက် မိနစ် အနည်းငယ်အကြာ၌ ပြောလိုက်တော့သည်။
“အန်တီ ချန်ရှီအန်း၏ ဝိညာဉ်ကို တစ်ယောက်ယောက်က ထိန်းထားတာ။ အားသုံးပြီး ခေါ်လို့ မရဘူး။ မဟုတ်ရင် သူ့အပေါ် ထိခိုက်သွားလိမ့်မယ်”
တစ်စုံတစ်ခု မှားယွင်းသွားပါက ပြန်ခေါ်နေစဉ် ဝိညာဉ်ကို ပြန်ခေါ်နိုင်ခဲ့လျှင်တောင်မှ ထို့လူက တုံးအ သွားလိမ့်မည်။ သူမ မစွန့်စားရဲချေ။ ထို့အပြင် သူ၏ဝိညာဉ်ကို ထိန်းထားသည့် သူ မည်သူဆိုတာ ရှာတွေ့ပြီ ဖြစ်၏။ ထို့ကြောင့် ကျန်သည့် ကိစ္စများကို အလွယ်တကူ ဖြေရှင်းနိုင်သည်။
နန်ချွဲယန်က သူ့ဘေးတွင် ထိုင်ကာ တုံ့ဆိုင်းစွာ ပြောလိုက်၏။
“အခုနတုန်းက ရှီအန်းကို တကယ် ဆက်သွယ်ခဲ့တာလား”
ယွင်ယွီက ခေါင်းညိတ်ပြီးနောက် ခေါင်းခါလိုက်သည်။
“အန်တီ သူရဲ့ ဝိညာဉ်ကို ကျွန်မ ဆက်သွယ်ခဲ့တယ်။ အဲဒီလူရဲ့ ပုံပန်းအသွင်အပြင်နဲ့ သူ အထိန်းခံထားရတဲ့ လိပ်စာကို ပြောပြတယ်။ အန်တီ ဒီကိစ္စက အလွန် ထူးဆန်းတယ်။ ရဲ ခေါ်မလား”
ထို့လူသည် ချန်ရှီအန်း၏ ဝိညာဉ်ကို ထိန်းထားရုံသာမက ဝိညာဉ်များစွာ ရှိလိမ့်ဟု ခံစားမိသည်။ ထို့လူက ဝိညာဉ်များ ထိန်းထားပြီး မည့်သည့်ကို ပြုလုပ်ရန် ပြင်ဆင်နေသနည်း။
******