အခန်း ၇၉
Vol. 8 Ch. 79
79 01
အပိုင်း (၇၉)
လူတစ်ယောက်၏ ဝိညာဉ်ကို တစ်စုံတစ်ယောက် ဖမ်းထားရာ၌ ပုံမှန်ဆို ဖြစ်နိုင်ချေ နှစ်ခု ရှိသည်။
တစ်ခုက ရန်သူ၏ ဝိညာဉ်ကို ဖမ်းပြီး ညှင်းပန်း နှိပ်စက်တာပဲ ဖြစ်သည်။ ကျန်တစ်မျိုးက အောက်လမ်းအတတ် အသုံးပြုပြီး ရက်စက်သော စိတ်ထားဖြင့် ခိုင်းစေတာပဲ ဖြစ်သည်။ ပုံမှန်ဆို ထို့ကဲ့သို့ လူတစ်ယောက်၏ ဝိညာဉ်ကို ဖမ်းခြင်းက အသုံးဝင်ပြီး သူတို့က ဝိညာဉ်တစ်ခုတည်း ဖမ်းတာ မဟုတ်။ တစ်ခုတည်း ဖမ်းခြင်းက အသုံးမဝင်ပေ။
ချန်ရှီအန်းသည် ဖော်ရွှေသော လူတစ်ယောက်ဖြစ်ပြီး ကျောင်းတွင် အလွန် နာမည်ကြီး၏။
သို့သော် ချန်မိသားစု၏ ရန်သူ မရှိဟု မဆိုနိုင်ပေ။ ထို့ကြောင့် ယွင်ယွီက နန်ချွဲယန်ကို မေးလိုက်တော့သည်။
“ချန်မိသားစုမှာ ရန်သူရှိလား”
နန်ချွဲယန်သည် ယခုဆို ယွင်ယွီက အရည်အချင်းတချို့ရှိမှန်း သိသွားပြီ ဖြစ်သည်။ သူမနဲ့ သူမသားကြား ကိစ္စအပြင် သူမ ဘာကိုမှ မကွယ်ဝှက်ထားရဲချေ။
“မရှိဘူး။ ရှီအန်းရဲ့အဖေနဲ့ ငါနဲ့ နှစ်ယောက်လုံးက ရိုးသားတဲ့ သူတွေ။ ရန်သူ မရှိဘူး။ ဒီကိစ္စကို ရဲဆီလည်း သတင်းပို့ထားတယ်။ ရဲစခန်းက အမှုဖွင့်ပြီးတဲ့နောက် အရင်ရက်တွေတုန်းက မြို့တော်ထဲမှာ ရှီအန်းလိုမျိုး ဒီလိုကိစ္စမျိုးတွေ အများကြီး ဖြစ်နေတယ်လို့ ပြောတယ်။ သူတို့တွေက ရုတ်တရက် မျောသွားပြီး ဆေးရုံကို စုံစမ်း စစ်ဆေးဖို့ အပို့ခံလိုက်ရတာ သူတို့ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်ပေမဲ့လည်း နိုးမလာဘူး။ ရုတ်တရက် အသက်ရှု ရပ်သွားပြီး သတိလစ်သွားတဲ့ လူ တော်တော်များတယ်လို့ ကြားမိတယ်”
ယွင်ယွီက အမှန်တိုင်း ပြောနေကြောင်း သူမ၏စကားများက အတည်ပြုပေးလိုက်တာပဲ ဖြစ်သည်။
နန်ချွဲယန်က စိုးရိမ် ပူပန်သွားလေ၏။
“ရှီအန်းကလည်း”
ရှီအန်းသည်လည်း ထိုသတိလစ်သွားသော လူများနည်းတူ ဖြစ်နေမည်မှန်း သိလိုက်၏။ ထို့ကြောင့် ရှီအန်း ရုတ်တရက် အသက်ရှု ရပ်တန့်သွားမှာကို စိုးရိမ်မိသည်။
ယွင်ယွီက သူမကို နှစ်သိမ့်လိုက်၏။
“အန်တီ စိတ်မပူပါနဲ့။ ချန်ရှီအန်းရဲ့ ဝိညာဉ်ကို ယူသွားတဲ့လူကို ရှာမတွေ့သေးပေ့မဲ့ ကျွန်မတို့တွေ သူ့ကို ပြန်ဆွဲထုတ်ဖို့ လူတစ်ယောက် လိုတယ်။ အမှုသတင်းပို့ဖို့ စခန်းကိုလည်း သွားရအုန်းမယ်”
ဤကိစ္စသည် ရဲများ၏ ပံ့ပိုးမှု လိုအပ်နေသည်။ ရဲစခန်းက ထို့ကဲ့သို့သော အမှုမျိုးကို အရေးစိုက်ရလိမ့်မည်။ ဆိုရလျှင် ဤယခင် ရှေးဘဝဟောင်း၌ ခေါင်းဆောင် များစွာ ရှိပြီး တော်ဝင်မြို့တော်ကလည်း ထို့ကဲ့သို့ အထူး ဌာန ရှိလိမ့်မည်။
ရဲများက ယင်းကို သေချာပေါက် သတင်းပို့ လိမ့်မည်။ အထူးဌာနများ၏ အကူအညီဖြင့် ပိုလွယ်ကူသွားလိမ့်မည်။ ထို့ကြောင့် သူမ တစ်ယောက်တည်း စွန့်စားစရာ မလိုအပ်ပေ။
“ဒါဆို ရဲစခန်း သွားကြရအောင်”
နန်ချွဲယန်က အတော်လေး စိုးရိမ် ပူပန်စွာ ပြောလိုက်တော့သည်။
ယွင်ယွီက ခေါင်းညိတ်ပြီး ချန်ရှီအန်းကို ဂရုစိုက်ရန် လူနာစောင့်ကို ပြောလိုက်၏။ ပြီးနောက် နန်ချွဲယန်နှင့်အတူ လူနာဆောင်ထဲမှ ထွက်လာတော့သည်။ မထွက်ခွာခင် နန်ချွဲယန်က ဆေးရုံခုတင်ပေါ်တွင် လဲနေသည့် သူမသားကို တစ်ချက်ကြည့်ပြီး သက်ပြင်းချလိုက်၏။ ဤမိန်းကလေးသည် သူမသားကို ကြည့်စဉ် ခင်တွယ်မှု အရိပ်အယောင်မပြပေ။
နန်ချွဲယန်က ရဲစခန်းသို့ မောင်းသွားလိုက်သည်။ လမ်း၌ ချင်ယွီစွေက စိုးရိမ်ပူပန်နေကာ သူမကို ဖုန်းခေါ်လာ၏။
79 02
ယွင်ယွီသည် ချင်ယွီစွေကို ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်ပြီး သူ့ကို စိတ်မပူရန်နှင့် ကိစ္စဝိတ်စ္စဖြေရှင်းပြီးနောက် ပြန်လာမည်ဖြစ်ကြောင်း ပြောခဲ့၏။ ထို့ကြောင့် သူလာရန် မလိုအပ်တော့ပေ။
ချင်ယွီစွေ ရောက်လာပါက နန်ချွဲယန်နှင့် တွေ့သွားခဲ့လျှင် အနေခက်လိမ့်မည်။ သူမတစ်ယောက်တည်း ဖြေရှင်းနိုင်သောကြောင့် တွေ့ရန် မလိုအပ်ပေ။
ယင်းက ချန်ရှီအန်းကို ပြန်လည် ပေးဆပ်ခြင်းလည်း ဖြစ်သည်။ သူနိုးလာချိန်၌ ချန်ရှီအန်းကို ဝမ်းနည်းတာမျိုး မဖြစ်စေချင်ဘူး။
“ဟုတ်ပြီ။ ဒါဆို မင်း ဂရုစိုက်နော်”
ချင်ယွီစွေက ဖုန်းထဲ၌ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ဟုတ်ပြီ ရှင် စောစော အိပ်ယာဝင်သင့်ပြီ”
ယွီယွီ့အသံက အလိုလိုပင် နူးညံ့သွားတော့သည်။
နန်ချွဲယန်သည် နောက်ကြည့်မှန်ကနေ မိန်းကလေး၏ သိမ်မွေ့သော အပြုံးကို မြင်သောအခါ မည်သို့ ခံစားရမည်မှန်း မသိတော့ပေ။ ဖုန်းထဲရှိ လူက သူမ ချစ်သူ ဖြစ်လိမ့်မည်။
ရှီအန်းအဖို့ သူမနှင့် အတူရှိဖို့ မဖြစ်နိုင်တော့ပေ။ ရှီအန်း ယခုတစ်ခေါက် နိုးလာချိန်၌ သေသေချာချာ စဉ်းစားမည်ဟု သူမ မျှော်လင့်မိ၏။
ဖုန်းချပြီးနောက် နှစ်ယောက်သားက ရဲစခန်းသို့ အမြန် ရောက်သွားတော့သည်။
ယွင်ယွီသည် ယခင်က ရဲစခန်းကို ရောက်ဖူးကြောင်း ရှာတွေ့သွားသည်။ သူမ လူကုန်ကူးမှုကို တွေ့ကြုံ့စဉ်က ခေါ်ခဲ့သည့် ရဲစခန်းနှင့် တူညီနေ၏။
နှစ်ယောက်သား ရဲစခန်းထဲ ဝင်သွားချိန် နန်ချွဲယန်က သူမ လာရခြင်း အကြောင်းအရင်းကို ရှင်းပြလိုက်သည်။ အလွန်ဖြတ်လတ် တက်ကြွပုံပေါ်သည့် ရဲသားလေးက ပြောလိုက်၏။
“ဒီအမှုက ပုံမှန် မဟုတ်ပါဘူး။ ကျွန်တော်တို့ သတင်းပို့ထားပါတယ်။ အထက်အရာရှိတွေက စစ်ဆေးဖို့ လူတစ်ယောက် လွှတ်ပေးမှာပါ”
ထို့ရဲက ယွင်ယွီကို တစ်ချက်ကြည့်ပြီး ရင်းနှီးနေသလို့ ခံစားလိုက်ရသည်။
နောက်ဆုံး၌ သူက ယွင်ယွီကို မှတ်မိသွားကာ လက်ညိုးထိုးလျှက် ပြောလိုက်သည်။
“မင်းက အရင် လွန်ခဲ့တဲ့ နှစ်လလောက်တုန်းက လူကုန်ကူးတဲ့ သူတွေကို ဖမ်းဖို့ ရဲကို ခေါ်ခဲ့တဲ့ အတန်းဖော်ယွင်ပဲ။ မှတ်မိနေသေးတယ်”
အမြင်က နက်ရှိုင်းလွန်ပေ၏။ ဤမိန်းကလေးသည် ပြန်ပေးဆွဲခံရသည့် ကလေး၏ မိဘများကို ရေဖြင့် ရေးဆွဲထားသည့် အဆောင်တစ်ခု ပေးခဲ့ကာ သူတို့၏ ရဲများ ရှေ့၌ ပညာရှင်ယောင်ဆောင်ခဲ့၏။ အဆောင်က ဘေးကင်းလုံခြုံမှု ဆောင်ယူလာမည်ဟုတောင် ဆိုခဲ့သည်။ နောက်ပိုင်းကျ မိဘများက ရဲစခန်းသို့ သက်သေထွက်ဆိုရန် ရောက်လာချိန်၌ သူက အဆောင်အကြောင်း မေးခဲ့သည်။ ထို့ စုံတွဲက ခေါင်းညိတ်ကာ အဆောင်သည် အသုံးဝင်ကြောင်းနှင့် ညအချိန်၌ ကလေးငိုတာ ရပ်တန့်သွားကြောင်း ပြောပြခဲ့၏။
သူသည် အစ၌ ယင်းက ရယ်စရာ ကောင်းသည်ဟု တွေးမိကာ များများစားစား မပြောရဲချေ။
ထို့ကြောင့် ယွင်ယွီအပေါ် နက်ရိုင်းစွာ အမြင်တစ်ခုရှိနေသည်။ ယခု သူမသည် လွန်ခဲ့သည့် နှစ်လခွဲခန့်ကထက် ပိုလှလာတာ တွေ့လိုက်ရ၏။ သူမ၏ လက်မောင်းများက ကြက်ဥကဲ့သို့ နူးညံ့နေပြီး မျက်နှာ အသွင်အပြင်က ပိုမို လှပလာ၏။ သို့သော် သူမမှန်း မှတ်မိနေသေးသည်။
ယွင်ယွီကလည်း ဤရဲအရာရှိကို မှတ်မိ၏။ သူ၏မျိုးရိုးက ချန်း ဖြစ်ကြောင်း မှတ်မိနေသးသည်။
“မင်္ဂလာပါ။ အရာရှိ ချန်း”
အရာရှိ ချန်းက မေးလိုက်၏။
“ခင်ဗျားနဲ့ ဒီအမျိုးသမီးက”
ယွင်ယွီက အမြန်ရှင်းပြလိုက်၏။
“သူက ကျွန်မရဲ့ အတန်းဖော် ချန်မျိုးရိုးရဲ့ အမေပါ။ သူရဲ့အမှု ထူးဆန်းနေမှန်း သိတာကြောင့် ဆေးရုံကို သွားကြည့်ခဲ့တယ်။ သံသယရှိသူရဲ့ မျက်နှာအသွင်အပြင်လည်း သိပြီးပါပြီ။ ဒါကြောင့် အမှုအကြောင်း စုံစမ်းဖို့ ရဲစခန်းကို ရောက်လာတာပါ။ ပြောရရင် ဒီအမှုက သာမန် မဟုတ်ဘူး။ နစ်နာသူတွေ များတယ်”
အရာရှိချန်းက မှင်သက်သွားလေ၏။
“တရားခံရဲ့ မျက်နှာအသွင်အပြင်ကို သိတယ်လား”
79 03
သူမ မည်ကဲ့သို့ သိသနည်း။ ဤအမှုသည် လက်တလော၌ အထက်အရာရှိများ၏ အာရုံစိုက်မှုကို ရထားသည်။ အမှုက ထူးဆန်းနေ၏။ လူများစွာသည် ရုတ်တရက် ဖျားနာမှု မရှိ ထိခိုက်မှု မရှိပဲ ရုတ်တရက် မေ့မျောကုန်၏။ သူတို့ ဆေးစစ်ဆေးရန် ဆေးရုံသို့ သွားခဲ့သော်ဌား သူတို့ ကျန်းမာရေး ကောင်းမွန်နေတာ တွေ့လိုက်ရ၏။ သို့သော် နိုးမလာပေ။ တချို့ကဆို တဖြည်းဖြည်းချင်း အသက်ရှုနှုန်း ရပ်တန့်သွားသည်။ ဤအမှုက ထူးဆန်းလွန်းသောကြောင့် အထူးဌာနဆီ သတင်းပို့ထားသည်။ သူတို့က စတင် စုံစမ်းနေပြီ ဖြစ်သည်။ ရဲစခန်းကလည်း ပူးပေါင်းဆောင်ရွက်ပေးကာ စောင့်ကြည့်ကင်မရာများစွာကို ရှာတွေ့ခဲ့၏။ ထို့ လူနာများသည် အကြောင်းအရင်းမရှိ လူအုပ်ကြားထဲ မေ့မျောသွားတာပဲ ဖြစ်သည်။ တချို့သော ဗီဒီယီုများထဲတွင်ဆို လမ်းသွားလမ်းလာများက ထို့လူနာများကို ထိတောင် မထိခဲ့ပေ။ သူတို့ အကြောင်းအရင်း မရှိဘဲ မေ့မျောသွားတာပဲ ဖြစ်၏။ အကြောင်းအရင်းကို ရှာမတွေ့ပေ။
အထူးဌာနများကလည်း အင်အားကင်းမဲ့နေသည်။ ယခု မိန်းကလေးသည် တရားခံ၏ ပုံပန်းအသွင်အပြင်ကို သိသည့်ဟုဆို၏။
အရာရှိ ချန်းက မေးလိုက်သည်။
“တရားခံရဲ့ အသွင်အပြင်ကို ဘယ်လိုသိလဲ”
ယွင်ယွီက သူ့ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“လူနာကို ဆက်သွယ်ခဲ့တယ်”
“လူနာတွေကို ဆက်သွယ်တာလား”
အရာရှိ ချန်းက စိတ်ရှုပ်ထွေးသွားတော့သည်။
“သူတို့ အားလုံး မျောနေတာ မဟုတ်ဘူးလား”
ယွင်ယွီက တီးတိုး ပြောလိုက်သည်။
“ကျွန်မ့အတန်းဖော်ရဲ့ သက်ရှိ ဝိညာဉ်ကို ဆက်သွယ်ခဲ့တာ”
အရာရှိ ချန်း၏ နောက်ကျော၌ ချွေးစေးများ ပြန်လာပြီ ဦးအရေပြားက ထုံ့ကျင်သွားတော့သည်။ ခေါင်းကျိန်းသွားတော့သည်။
“မင်း မင်း တကယ် သူ့ကို ဆက်သွယ်ခဲ့တာလား”
ရဲအရာရှိတစ်ယောက်အနေဖြင့် သူသည် ထူးဆန်းသော အမှုများစွာ တွေ့ကြုံ့ဖူးပြီး သိပ္ပံပညာဖြင့် ရှင်းပြ၍ မရသော ကိစ္စများစွာ ရှိကြောင်း သိထားသည်။ သို့သော် ယွင်ယွီက ဝိညာဉ်များနှင့် ဆက်သွယ်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း ပြောတာကို ကြားလိုက်ရချိန်၌ အနည်းငယ် ကြောက်လန့်မိသေးသည်။
ယွင်ယွီက ခေါင်းညိတ်လိုက်၏။
“ကျွန်မ့ အတန်းဖော်ကို ဆက်သွယ်ပြီးတဲ့နောက် သံသယရှိသူရဲ့ မျက်နှာအသွင်အပြင်ကို ပြောပြခဲ့တယ်။ အဲဒီလူနာတွေက သံသယရှိသူ ခေါ်သွားတာ ခံရတဲ့ ဝိညာဉ်တွေ ဖြစ်လောက်တယ်။ သူ ဘာလုပ်မှန်းတော့ အတိအကျ မသိဘူး။ သူရဲ့ မျက်နှာအသွင်အပြင်ကို အခြေခံပြီး ပုံကြမ်းဆွဲလို့ ရအောင် ရဲစခန်းဌာနကို ပုံကြမ်း ဆွဲခိုင်းလို့ရမလား”
“ရတာပေါ့။ ခဏလေးစောင့်”
အရာရှိ ချန်းသည် နောက်ထပ် ရဲတစ်ယောက်ကို ခေါ်ပြီး သံသယရှိသူ၏ မျက်နှာအသွင်အပြင်ကို ပြောပြရန် ယွင်ယွီကို ပြောလိုက်၏။
သူမသည် အသက် ၃၀ ဝန်းကျင်ခန့်ရှိသည့် ရဲမေတစ်ယောက် ဖြစ်၏။ သူမက ယွင်ယွီကို အလွန် သိမ်မွေ့စွာ ပြုံးပြလိုက်သည်။ သံသယရှိသူ၏ မျက်နှာ အသွင်အပြင်ကို ယွင်ယွီဖော်ပြတာ နားထောင်ပြီးနောက် သူမသည် စတင် ရေးဆွဲတော့သည်။ အရာရှိ ချန်း၏ အမည်က ချန်းလျို့ချွင် ဖြစ်သည်။ သူက ဤအမှုကို တာဝန်ယူထားသူ ဖြစ်၏။ သူကလည်း အထူးဌာနကို ဆက်သွယ်ထား၏။ သူကလည်း အထူးဌာနနှင့် အဆက်အသွယ် ရှိသောကြောင့် သူတို့ကို ချက်ချင်းခေါ်ကာ သဲလွန်စ တစ်ခု ရထားပြီ ဖြစ်ကြောင်း ပြောပြီး သူတို့ကို ချက်ချင်း လာခိုင်းလိုက်၏။ မကြာမှီ ရောက်လာမှာ ဖြစ်သည်။
ရဲမေက ပုံဆွဲနေသေးသည်။ အရာရှိ ချန်းက ယွင်ယွီနှင့် နန်ချွဲယန်ကို ပြောလိုက်တော့သည်။
“စိတ်မပူနဲ့ အထူးဌာနက ရဲဘော်တွေ ဒီကို မကြာခင် ရောက်လာပြီး ဒီအမှုလိုက်ပေးတော့မှာ”
နန်ချွဲယန်က သက်ပြင်းချလိုက်မိသည်။
၁၀ မိနစ်ခန့်ကြာပြီးနောက် ရဲမေသည် သံသယရှိသူ၏ ပုံကြမ်းကို ရေးဆွဲပြီးသွားပြီဖြစ်ကာ ယင်းက ယွင်ယွီ မှန်းဆ ထားသည့်နှင့် ဆင်တူသည်။
ရဲစခန်း၏ စုံစမ်းစစ်ဆေးရေးက ပို သိပ္ပံနည်းကျ ဆန်ကာ ယွင်ယွီက သံသယရှိသူ နေထိုင်ရာ လိပ်စာကိုတောင် ပြောခဲ့သည်။
ချန်းလျို့ချွင်က ထို့လူများကို စောင့်ကြည့်ကင်မရာကို ထပ်ကြည့်ခိုင်းသည်။
79 04
နာရီဝက်ကျော် ရှာဖွေ့ပြီးနောက် စောင့်ကြည့်ကင်မရာထဲတွင် သံသယရှိသူနှင့် ပုံပန်းသဏ္ဌာန်ချင်း ဆင်တူသည့် လူတစ်ယောက်ကို ရှာတွေ့သွားသည်။ သူတို့က ပုံကြီးချဲ့ကြည့်လိုက်ချိန်၌ ဤလူသည် အသွင်အပြင်က ၈၀၊ ၉၀ ရာခိုင်နှုန်းခန့် ဆင်တူနေတာ တွေ့လိုက်ရသည်။ ထို့လူသည် သတိလစ်သွားသည့် လူနာများစွာ၏ အသင့်စောင့်ကြည့်ကင်မရာထဲတွင် ပေါ်လာသည်။ သူတို့သည် ထို့လူက အဆောက်အအုံ နံပါတ် ၆၆ ချန်ရှူးမြောက်ပိုင်းလမ်းတွင် နေထိုင်ကြောင်းလည်း သိခဲ့ရ၏။
ယွင်ယွီက စိတ်လှုပ်ရှားသွားလေသည်။ နည်းပညာ မြှင့်မားမှုက တကယ့် အံဩဖွယ်ကောင်း၏။
သူမသည် စောင့်ကြည့်ကင်မရာကနေ သံသယရှိသူ၏ ရုပ်ရည်အသွင်အပြင်နှင့် ပုံပန်းသဏ္ဌာန်ကို သွားခဲ့၏။ ကျောအနောက်ကျောကို မြင်သည့်အချိန်၌ ယွင်ယွီ မျက်မှောင် ကြုတ်မိသွားသည်။ နောက်ကျောက အနည်းငယ် ရင်းနှီးနေ၏။
နောက်ဆုံးအခေါက် ယွင်ဝေးဝေး နောက်လိုက်ပြီး ရှေးဟောင်းဥယျာဉ်သို့ သွားခဲ့ချိန်၌ ယွင်ဝေးဝေးရှေ့မှ လျှောက်သွားပြီး ယွင်ဝေးဝေးကို မျှားရန် တစ္ဆေမင်္ဂလာဆောင်အတွက် ပိုက်ဆံ ပစ်ချခဲ့သည့် လူနှင့် ဆင်တူနေတာ တွေ့လိုက်ရသည်။
လူတစ်ယောက်တည်း ဖြစ်နိုင်မလား။
နန်ချွဲယန်က မမေးဘဲ မနေနိုင်တော့ပေ။
“အရာရှိကြီး ကျွန်မတို့ သံသယရှိသူရဲ့ အသွင်အပြင်လည်း သိရပြီ။ သူနေတဲ့ နေရာကိုလည်း သိပြီ ဆိုတော့ သူ့ကို ဖမ်းလို့ ရပြီလား”
ချန်းလျို့ချွင်က ပြောလိုက်၏။
“အထူးဌာနက ရဲဘော်တွေ ရောက်လာတာကို စောင့်ရအုန်းမယ်။ သံသယရှိသူက ဝိညာဉ်ကို ထိန်းထားတာဆိုတော့ သူမှာ ထူးခြားတဲ့ စွမ်းရည်တွေ ရှိမှာပဲ။ ဒါအပြင် အထူးဌာနက ဒီအမှုကို လိုက်နေတာဆိုတော့ သူတို့ကို သတင်းပို့ရမယ်”
နန်ချွဲယန် မည်မျှ စိုးရိမ် ပူပန်နေစေကာမှု စောင့်နေရုံသာ တတ်နိုင်၏။
ဆယ် မိနစ်ခန့်ကြာပြီးနောက် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီး တစ်အုပ်က ရဲစခန်းထဲ လျှောက်လာ၏။
ထို့လူသည် အသက် ၃၀ အရွယ် ရှိပုံပေါ်ပြီး ဆံပင်က တိုကပ်ကပ် ဖြစ်နေ၏။ သူဝတ်စားပုံက သာမန်ကာ လျှံကာ ဖြစ်ပြီး မီးခိုးရောင် လက်တိုအင်္ကျီနှင့် ဘောင်းဘီအပွကို ဝတ်ထား၏။ သူက အတော်လေး ကြည့်ကောင်း၏။ ယွင်ယွီက သူ့ကို အကြိမ်အနည်းငယ် ထပ်ကြည့်မိသွားပြီး အနည်းငယ် အံဩသွားတော့သည်။ ထို့ လူ၏မျက်ခုံးနှင့် မျက်လုံးတို့က ချင်ယွီစွေနှင့် ဆင်တူသည်။ သူက ချိန်မိသားစုဝင်လား။ သို့ဒီမဟုတ် လုံမိသားစုဝင်ပေလော။
ယွင်ယွီသည် ချိန်မိသားစု၏ ဆွေမျိုးသားချင်းများအကြောင်း အခြေအနေကို အနည်းအကျဉ်းသာ သိသည်။
ချင်ယွီစွေသည် သူ၏ မိခင် လုံချွီယွင်အကြောင်းသာ ပြောပြဖူး၏။ လက်ရှိ ချိန်မိသားစု၏ အကြီးအကဲ နှစ်ယောက်အကြောင်းသာ သိသည်။ ထို့အပြင် ချင်ယွီစွေ၏ ဖခင်က နောက်အိမ်ထောင်ပြုခဲ့ပြီး ချင်ယွီစွေအတွက် ညီတစ်ယောက် မွေးထားပေး၏။ ဤလူက ချင်ယွီစွေနှင့် သက်တူ ရွယ်တူ ရှိလောက်မည် ပုံပေါ်၏။ ထို့ကြောင့် ချင်ယွီစွေ၏ အဖေတူ အမေကွဲ ညီ မဖြစ်လောက်ပေ။ လုံမိသားစုဝင် အများစုက ရွှမ်းမန်ထဲ ဝင်ရောက်ခဲ့ကြ၏။ ထို့ကြောင့် ဤလူသည် လုံမိသားစုဝင် ဖြစ်လောက်သည်။
ထို့လူက ယွင်ယွီ၏အကြည့်ကို သတိပြုမိပြီး သူမကို စိုက်ကြည့်လိုက်၏။ ယွင်ယွီက သဘာဝအတိုင်း သူ့ဘေးရှိ အမျိုးသမီးကို ကြည့်မိသွားသည်။
ထို့အမျိုးသမီးက အသက် ၃၀ ဝန်းကျင် ရှိပြီး ဆံပင်ကောက်ကာ တင်းကြပ်သည့် ဝတ်စုံကို ဝတ်ထား၏။ သူမ၌ လှပသည့် ခန္ဓာကိုယ် ရှိကာ ကောက်ကြောင်း ပေါ်လျှက် နီစွေသော နှုတ်ခမ်းတို့ ရှိကာ အလွန် ဆွဲဆောင်မှု ရှိသည်။
နှစ်ယောက်သား အရာရှိ ချန်းဆီ လျှောက်လာကာ အမျိုးသားက မေးလိုက်၏။
“ခင်ဗျား ဘာသက်သေ ရှာတွေ့ထားလဲ”
ချန်းလျို့ချွင်က ယွင်ယွီကို မိတ်ဆက်ပေးလိုက်၏။
“ဒါက အထူးဌာနက ဒါရိုက်တာ လုံချီရှောင်။ ဒါက ရဲဘော် ရှောင်ရှီ။ သူတို့ နှစ်ယောက်လုံးက အထူးဌာနကပဲ”
လုံချီရှောင်က သူ့၏မျက်ခုံးပင့်မိသွားသည်။ အရာရှိချန်းက ဤမိသားစုဝင်များနှင့် မိတ်ဆက်ပေးရသည့် အကြောင်းအရင်းကို နားမလည်နိုင်ပေ။
ယွင်ယွီက သူ့ဘာသူ တွေးလိုက်၏။ သူက တကယ် လုံမိသားစုဝင်ပဲ။ လုံချီရှောင်လား။ သူက အရင် ရုပ်လွန်ပညာ ဖလှယ်ပွဲက လုံချီချန်းနဲ့ မျိုးဆက်တူပြီး ချင်ယွီစွေနဲ့ မျိုးဆက် တူတယ်။ သူက ချင်ယွီစွေရဲ့ ဝမ်းကွဲ ဖြစ်လောက်တယ်။
လုံမိသားစုဝင်တချို့သည် ရုပ်လွန်ပညာရှင်များ ဖြစ်သည်။
ရှောင်ရှီက သိမ်မွေ့စွာ မေးလိုက်၏။
“အရာရှိချန်း ဒီမိန်းကလေးကို ဘာလို့ ကျွန်မတို့နဲ့ မိတ်ဆက် ပေးတာလဲ။ အမှုအတွက် တာဝန်ရှိနေတာ။ မိသားစုဝင်တွေကို နှစ်သိမ့်ပေးဖို့ မဟုတ်ဘူး။ အမှုကိစ္စ မပြောနိုင်ဘူးလား”
ချန်းလျို့ချွင်က အမြန် မိတ်ဆက်ပေးလိုက်၏။
“ဒါက ရဲဘော် ယွင်ယွီ။ သူက သံသယရှိသူကို ရှာတွေ့အောင် ကူညီပေးတဲ့သူ။ သံသယရှိသူရဲ့ မျက်နှာအသွင်အပြင်လည်း ပြောထားတယ်။ ကျုပ်တို့တွေ စောင့်ကြည့်ကင်မရာကနေ အတည်ပြုပြီးပြီ။ သံသယရှိသူက လူနာတော်တော်များများ မေ့လဲရာ နေရာနားမှာ ရှိနေတာ”
******