အခန်း ၈၀
Vol. 8 Ch. 80
80 01
အပိုင်း (၈၀)
ရှောင်ရှီက ဆွဲဆောင်မှု ရှိစွာ ပြုံးလိုက်၏။
“တရားခံကို ရှာတွေ့တာလား။ ဒါ ထူးဆန်းတာပဲ။ တရားခံကို ဒီရဲဘော် ဘယ်လိုရှာတွေ့ခဲ့လဲ မသိဘူး။ ဒီအမှုက ထူးဆန်းတာ ပြီးတော့ တရားခံက သာမန်လူတစ်ယောက် မဟုတ်ဘူး။ လက်ရှိမှာ ကျွန်မတို့ ဌာနက တရားခံနဲ့ပတ်သက်တဲ့ အရိပ်အယောင်တောင် ရှာမတွေ့သေးဘူး”
သူမသည် ယင်းက အတော်လေး ထူးဆန်းသည့်ဟု တွေးမိသွားသည်။ ဤမိန်းမငယ်လေးကို ကြည့်လိုက်မိ၏။ သူမက တရားခံကို မည်သို့ ရှာနိုင်မည်နည်း။ သူမတောင် မရှာနိုင်ပေ။
ချန်းလျို့ချွင်က ချွေးစေးများ ပြန့်လာလေ၏။ ဤအထူးဌာနမှ ရှောင်ရှီသည် ဝင့်ကြွားလွန်းပြီး ပွင့်လင်းစွာ ပြောဆိုတတ်ကာ လူတို့ကို ရန်စနေခြင်းနှင့် တူသည်။ ယွင်ယွီနားထောင်ရတာ မကြိုက်မှာ စိုးရိမ်မိ၏။
လုံချီရှောင်ကမှု ယွင်ယွီကို ငုံကြည့်လိုက်သည်။ ဤမိန်းကလေး ကြည့်သည့်ပုံက နက်ရှိုင်းသည့် အဓိပ္ပာယ် ရှိနေသည်ဟု ခံစားလိုက်ရ၏။ သူတို့ တစ်ယောက်နဲ့ တစ်ယောက် သိတာလား။
လုံချီရှောင်က ယွင်ယွီကို မသိတာ အံဩစရာ မရှိပေ။ သူသည် ရုပ်လွန်ပညာ ဖလှယ်ပွဲကို မတက်ရောက်ခဲ့ပေ။ အိမ်၌ သူ့ဝမ်းကွဲများနှင့်လည်း အဆက်အဆံ မရှိ။ သူ တစ်ကိုယ်တည်း နေပြီး လုံမိသားစု စံအိမ်တွင် ပြန်ချိန်၌ သူ တစ်ယောက်တည်း နေထိုင်လေ့ ရှိတာပဲ ဖြစ်သည်။
“လွယ်လွယ်လေးပဲ မဟုတ်လား”
ယွင်ယွီက ပြုံးလိုက်ချိန်တွင် မျက်လုံးများက လခြမ်းကွေး သဏ္ဌာန် ဖြစ်သွားပြီး အလွန်အပြစ်ကင်းနေ၏။ သို့သော် သူမ စကားက ရင်နာစေသည်။
“လိပ်ပြာ အစီအရင်နဲ့ဆို နစ်နာသူရဲ့ ဝိညာဉ်ကို ရှာပြီး မေးဖို့ မလွယ်ဘူးလား။ ရှင်တို့ အထူးဌာနက လူတွေက ဒါဘယ်လို့ လုပ်ရမယ်မှန်းတောင် မသိဘူးလား”
ရှောင်ရှီက ယွင်ယွီကို အပေါ်အောက် ငုံကြည့်လိုက်၏။
“ကြွားလုံး ထုတ်နေတဲ့အချိန် လျှာကိုက်မိမှာ မစိုးဘူးလား။ အသက် ဘယ်လောက်ရှိသေးလို့လဲ။ သက်ရှိဝိညာဉ်ကို ရှာဖို့ လိပ်ပြာအစီအရင်ကို သုံးနိုင်တယ်တဲ့လား။ ဒီလောကထဲမှာ လူ ဘယ်လောက်များများကများ ဒီလိုစွမ်းရည်ရှိလို့လဲ”
အစ်ကိုအကြီးဆုံးတောင် မလုပ်နိုင်ပေ။ လုံမိသားစုခေါင်းဆောင်မှ လွှဲလျှင် အစ်ကို အကြီးဆုံးတောင် မလုပ်နိုင်။ အခြားသော ဂိုဏ်းခေါင်းဆောင်များကလည်း ဤအစီအရင်ကို မသိလောက်ပေ။
ဤမိန်းကလေးက အမှန်တကယ် ရဲတင်းလွန်းလှပေ၏။
နန်ချွဲယန်သည် လူနာဆောင်ထဲရှိ အစီအရင်က ထို့မျှ ခက်ခဲလိမ့်မည်ဟု မထင်ထားပေ။ မိန်းကလေးက အားအင်ကုန်ခမ်းလုနီးပါး ဖြစ်ခဲ့တာကို တွေးမိသောအခါ သူမ အနည်းငယ် စိတ်ဓာတ်ကျသွားပြီး ပြောလိုက်တော့သည်။
“အတန်းဖော်ယွီက ရှီအန်းရဲ့ လူနာဆောင်ထဲမှာ အစီအရင်ကို ရေးဆွဲခဲ့တာ အမှန်ပဲ။ ပြီးတော့ ရှီအန်းရဲ့ အဝတ်ဟောင်းနဲ့ သွေးကို သုံးပြီး ရှာခဲ့တယ်”
သူမသည် သူမ့သား၏အသံကို ကြားခဲ့သော်ငြား စောင့်ကြည့်ကင်မရာကနေ သံသယရှိသူ၏ အသွင်အပြင်ကို မြင်ခဲ့၏။ သံသယရှိသူသည် နစ်နာသူများစွာနား၌ ပေါ်လာပြီး လိပ်စာကတောင် ကိုက်ညီနေတာကို တွေ့လိုက်ရသည်။
ယွင်ယွီက ပြုံးနေသေး၏။
“နှမြောစရာပဲ။ ကျွန်မက မြို့ငယ်လေးက လာတာ။ သက်ရှိဝိညာဉ်တွေနဲ့ ဆက်သွယ်ဖို့ အစီအရင်က သိပ်လွယ်တယ် ထင်ခဲ့တာ။ ရှင်လို အစွမ်းထက်တဲ့ လူမျိုးတောင် ဒါမျိုး မလုပ်နိုင်ဘဲ နေလိမ့်မယ်လို့ မထင်ထားဘူး။ ရက်ပိုင်းအတွင်း သံသယရှိသူကိုတောင် ရှာမတွေ့သေးဘူး။ သံသယရှိသူအကြောင်း သဲလွန်စ ရှာတွေ့တာ ကံကောင်းတယ်လို့ ဆိုရမှာပဲ။ မဟုတ်ရင် ရှင်တို့သာ သူ့ကို ရှာတွေ့တဲ့အချိန် နစ်နာသူတွေ သေလောက်ပြီ”
“နင်”
ရှောင်ရှီက ဒေါသထွက်သွားလေ၏။
“ငါတို့ခေါင်းဆောင်တောင် ဒီလိုအရည်အချင်း မရှိဘူး။ နင် ခေါင်းမာနေသေးတာပဲ။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်လေးနဲ့ လိမ်ညာတတ်နေပြီ။ နင်က သံသယရှိသူကို သိထားပြီး ဒီမှာ လာပြီး သက်သေထွက်ဆိုတာလည်း ဖြစ်နိုင်တာပဲ”
အထူးဌာနသည် ထူးဆန်းသည့် အမှုကိစ္စမျိုးစုံ ဖြေရှင်းရပြီး အခြားသော ဌာနများထက် နယ်ပယ် ပိုကြီးသည်။ လူတိုင်းက သူမကို သိကြပြီး ရှောင်ရှီသည် ကိုယ့်ကိုကိုယ် အထင်ကြီးသည့် လူဖြစ်သည်။ တကယ်တော့ သူမ၌ အရည်အချင်းများများစားစား မရှိ သာမန်ညောင်ညာ လူတစ်ယောက်သာ ဖြစ်ပြီး လုံချီရှောင်၏ အကူသာ ဖြစ်၏။
“ရှောင်ရှီ တော်လောက်ပြီ”
လုံချီရှောင်က ဖြတ်ပြောလိုက်သည်။ ဤမိန်းကလေးက အလွန်ငယ်ရွယ်ပုံပေါ်သော်ဌား အရည်အချင်း ရှိပုံပေါ်၏။
သူက လွတ်လပ်ပေါ့ပါးသူ ဆိုသော်ဌား နှစ်ယောက်သား စကားပြောနေခြင်းသည် တစ်ယောက်နှင့် တစ်ယောက် ယှဉ်ပြိုင်နေချင်မှန်း သဘောပေါက်သွား၏။
80 02
ရှောင်ရှီက နှုတ်ခမ်းစေ့လျှက် ပြောလိုက်၏။
“ဟုတ်ကဲ့ ဘော့စ်”
ချန်းလျို့ချွင်က နဖူးပေါ်မှ ချွေးစေးများကို သုတ်ကာ ဆက်ပြောလိုက်၏။
“အဲဒီလူရဲ့ အချက်အလက်ကို ရှာပြီးပြီ။ သူက တရားမဝင်နေထိုင်တဲ့ လူတစ်ယောက်။ တခြားအချက်အလက် မရှိဘူး။ ကျွန်တော်တို့ သိသမျှက သူ နံပါတ် ၆၆ ချန်ရှူးမြောက်ပိုင်းလမ်းမှာ နေတာပဲ သိတယ်။ ဒါကြောင့် ရဲဘော်နှစ်ယောက်ကို သံသယရှိသူကို သွားဖမ်းစေချင်တာ”
သံသယရှိသူသည် ထူးခြားသောစွမ်းရည်များ ရှိနေမှာကို စိုးရိမ်သေး၏။ ထို့သို့ဆိုရင် ရဲများ သွားလျှင်လည်း အသုံးမဝင် ဖြစ်လိမ့်မည်။
လုံချီရှောင်က ခေါင်းညိတ်လိုက်၏။
“ဟုတ်ပြီ။ ရှောင်ရှီနဲ့ ကျုပ် အခု ချက်ချင်း သွားလိုက်မယ်”
ယွင်ယွီကလည်း ပုခုံးပေါ်ရှိ လွယ်အိတ်ကို ချွတ်ပြီးနောက် အတူတူ သွားမည့် ပုံပြင်လိုက်သည်။ သူမက နန်ချွဲယန်ဘက်လှည့်ကာ ပြောလိုက်သည်။
“အန်တီ လူနာအခန်း သွားပြီး စောင့်နေပေးပါလား။ ချန်ရှီအန်းကို ကျွန်မ သေချာပေါက် ကယ်လာပါ့မယ်”
ရှောင်ရှီက နှာခေါင်း ရှုံလိုက်လေ၏။
“သူတို့ကို သွားကယ်မှာ ငါတို့ ခေါင်းဆောင်ဆိုတာ အသိအသာကြီးကို”
လုံချီရှောင်က ခေါင်းကိုက်သွားလေ၏။
“စကားများတာ ရပ်လိုက်တော့”
အမျိုးသမီးများက စိတ်အနှောင့်အယှက် ပေးလွန်းသည်။
နန်ချွဲယန်က ခေါင်းညိတ်လိုက်သည်။
“ဒါဆို အန်တီ လူနာဆောင် ပြန်သွားပြီး စောင့်နေလိုက်မယ်။ သမီး သမီးလည်း ဂရုစိုက်နော်”
ယွင်ယွီက ပြုံးလျှက် ပြောလိုက်သည်။
“အန်တီ သမီး သိပါတယ်”
နန်ချွဲယန် ထွက်သွားပြီးနောက် လုံချီရှောင်၊ ရှောင်ရှီနှင့် ချန်းလျို့ချွင်တို့ အားလုံးက သွားလိုက်၏။
ချန်းလျို့ချွင်ကလည်း ဤအမှု၏ တာဝန်ရှိသူ ဖြစ်သောကြောင့် သွားရမှာ ဖြစ်သည်။ ကျန်သည့် အရာရှိများ သွားဖို့ မလိုအပ်ပေ။ ယွင်ယွီက သူတို့နောက်မှ လိုက်လာ၏။ ရှောင်ရှီက မပြောပဲ မနေနိုင်တော့ပေ။
“ပြီးရင် နင့်ကို ဘယ်သူမှ ကာကွယ်ပေးမှာ မဟုတ်ဘူး”
ယွင်ယွီက ဖြည်းဖြည်းချင်း ပြောလိုက်တော့သည်။
“စိတ်မပူနဲ့ ရှင်ရဲ့အကာအကွယ်ကို မလိုအပ်ဘူး”
ဤအမျိုးသမီးသည် ဆံပင်ရှည်သော်ငြား ဗဟုသုတ နည်းပါးသည့် သူမျိုး ဖြစ်သည်။ သူမက ထို့လူနှင့် မငြင်းဆန်ချင်ပေ။ နောက်မှသာ သူမနည်းလမ်းများ ပြသလိုက်မည်။
ရှောင်ရှီက ယွင်ယွီပေါ် အမြင်ကောင်း မရှိ။ သူမသည် ကြည့်ကောင်းသော်ဌား ယွင်ယွီနှင့် ယှဉ်လျှင် ရင့်သွားပြီ ဖြစ်သည်။
ဤမိန်းကလေး၏ နုနုယ်သော အသွင်အပြင်က အားကျပြီး မနာလိုစရာ ကောင်းလှပေ၏။
လုံချီရှောင်၏ကားက ရှန်းရှူးမြောက်ပိုင်လမ်းဆီသို့ တမ်းမောင်းသွားလိုက်သည်။
ထို့ဧရိယာသည် ညစ်ပတ်သော ဆင်ခြေဖုံး ရပ်ကွက်ဟု ဆိုနိုင်သည်။ အိမ်အဟောင်းများနှင့် အထပ်အမြှင့် အဆောက်အအုံ အနည်းအကျဉ်းသာ ရှိသည်။ ဘယ်တော့မှ ပြုပြင်မှာ မဟုတ်ပေ။ ဌားရမ်းခသည် အခြားသော နေရာများထက် ဈေးပေါသည်။
ဒေသခံများ မဟုတ်သည့် လူများစွာက ဤနေရာ၌ ဌားရမ်း နေထိုင်ကြပြီး ရောထွေးနေသည်။
ရှောင်ရှူခရိုင်ဆီ ကားမောင်းလာပြီးနောက် ကားရပ်ရန် နေရာ ရှာလိုက်၏။ ထို့အချိန်က ပေါ့ပေါ့ပါးပါး ဝတ်စားထားပြီး လုံချီရှောင်ကမှု ကျနစွာ ဝတ်စားထားလေ၏။ ယွင်ယွီက လှပသော်ဌား သာမန်သာ ဝတ်စားထားပြီး ရှောင်ရှီသာလျှင် ခပ်ဟော့ဟော့ ပုံစံ ရှိနေသည်။ လမ်းတစ်လျှောက်ရှိ လူတို့က သူမကို မကြာခဏ ကြည့်၏။ အမျိုးသားတချို့ဆို လေတောင် ချွန်နေကြလေသည်။ ရှောင်ရှီက စိတ်လေသွားကာ ဤသို့ ဝတ်စားမိလာတာကို နောင်တရနေမိသည်။ သူမက ခေါင်းဆောင် မြင်စေရန်အတွက် ဤသို့ ဝတ်ချင်တာ ဖြစ်၏။ သို့သော် ခေါင်းဆောင်သည် သူမ၏ပုံစံ ဝတ်ထားတာကို မြင်ချိန်၌ တုံ့ပြန်မှု မရှိပေ။
80 03
မြောက်ပိုင်း လမ်းရှိ အဆောက်အအုံ နံပါတ် ၆၆ အရှေ့သို့ ရောက်သောအခါ ချန်းလျို့ချွင်က မမေးပဲ မနေနိုင်တော့ပေ။
“ဒါရိုက်တာ လုံ။ အခု ဘာလုပ်သင့်လဲ”
သူရဲ့ အိမ်နံပါတ်ကိုတောင် မသိရင် ဘယ်လို ဖမ်းမှာလဲ။
ဒါအပြင် သံသယရှိသူ တရားခံက မှော်ရုပ်လွန်ပညာကို သိတယ်။ ရန်သူ သတိမထားမိအောင် အဆင်ခြေမဲ့ လုပ်လို့ မရဘူး။
ယခုက မှောင်နေပြီ ဖြစ်ကာ အချိန်က ည ဆယ်နာရီ ဝန်းကျင်ရှိပြီ ဖြစ်၏။
ရပ်ကွက်ထဲရှိ မီးအလင်းရောင်များက မှိန်နေပြီ ဖြစ်သည်။ လမ်း၏ တစ်ဖက်တစ်ချက်ဆီ၌ အစားအသောက်ဆိုင်တန်းများ ရှိသည်။ စည်းကားသိုက်မြိုက်နေသော အသံများ အမျိုးသားများ၊ လက်ချောင်း ခန့်မှန်းနေသည့် ကစားပွဲများ၊ သောက်စားနေသည့် အသံများက လေထုကို မွန်းကြပ်နေစေသည်။
လုံချီရှောင်က ဆေးလိပ်သောက်ချင်လာမိ၏။ ထို့ကြောင့် သူ၏ အိတ်ကပ်ထဲမှ စီးကရက် တစ်လိပ်ထုတ်ကာ မီးညှိ့လိုက်သည်။
သူ၏လက်ကြားထဲ၌ မီးညှိ့ထားသည့်် စီးကရက်ကို ကိုင်ထားပြီး အစားအသောက်ဆိုင်တန်းပေါ် ညွှန့်ပြလိုက်သည်။
“အဲဒီကို သွားပြီး အခြေအနေ မေးတာပေါ့။ သံသယရှိသူ နေတဲ့အလွှာကို တစ်ယောက်ယောက် သိလား ကြည့်ရအောင်”
ယွင်ယွီသည် သူ့ကို နှစ်ကြိမ် ကြည့်မိသွား၏။ သူနှင့်ချင်ယွီစွေကြား တစ်ခုတည်းသော ဆင်တူမှုမှာ မျက်လုံးများပဲ ဖြစ်၏။ သူ၏ပါးစပ်တွင် စီးကရက် ခဲထားချိန်တွင် အနည်းငယ် အရိုင်းဆန်နေသည်။
အမျိုးသားနှစ်ယောက်က ပုံပန်းအသွင်အပြင်တူသော်ဌား အကျင့်စရိုက်၌ လုံးဝကွဲပြား ခြားနားနေတာကို မတွေးပဲ မနေနိုင်တော့ပေ။ ချင်ယွီစွေအဖို့ သူ့ဘဝ၌ ဤသို့ ဖြစ်လာရန် မဖြစ်နိုင်ပေ။
လုံချီရှောင်ကမှု ယွင်ယွီကို မကြည့်ဘဲ မနေနိုင်တော့ပေ။ ဤမိန်းကလေးသည် သူ့ကို အဘယ်ကြောင့် အမြဲတစေ ကြည့်နေရသနည်း။
ယခုအချိန်တွင် အခြားနည်းလမ်း မရှိပေ။ သတင်းမေးရန် အစားအသောက်ဆိုင်တန်းသို့သာ သွားနိုင်၏။
လူအနည်းအကျဉ်း လျှောက်သွားလိုက်ပြီး ဟင်းတချို့မှာကာ ဘီယာပုလင်းတချို့ မှာလိုက်သည်။ လုံချီရှောင်က ဘီယာတစ်ခွက်သောက်ပြီး သက်ပြင်းချလိုက်လေ၏။ သူက ညဘက် အဆာပြေစားရန် ထွက်လာသည့် လူနှင့် တူနေသည်။
လူတိုင်းက နှစ်ကိုက်ခန့်စားပြီး တူချလိုက်၏။
ပြီးနောက် လုံချီရှောင်သည် သံသယရှိသူ၏ ပုံကို ထုတ်ကာ ဆိုင်ရှင်ကို မေးလိုက်သည်။
“သူဌေး ဒီလူကို တွေ့မိလား”
သူဌေးက ဓာတ်ပုံကို ကြည့်ပြီး ပြောလိုက်သည်။
“သူ့ကို သိတာပေါ့။ သူက ကျုပ်တို့ဆီက ဆိုင်တန်းမှာ မကြာခဏ စားလေ့ရှိပြီး သူ့အတွက် အစားအသောက် လာယူပေးတဲ့ လူတွေများတယ်။ နဖူးပေါ်မှ အမာရွတ်က ကြောက်စရာကြီး။ အသွင်အပြင်က မှုန်မှိုင်းနေတာ။ လူတိုင်း သူ့ကို မှတ်မိကြတယ်။ ကျုပ်ရဲ့ဝန်ထမ်းတွေ သူ့ဆီ အစားအသောက်သွားပို့ပေးချိန်၌ အခန်းက မှုန်မှိုင်းတဲ့ အငွေ့အသက်တွေ ပြည့်နေတယ်လို့ ခံစားမိတာ အခန်းက ပြင်ပြင်ဆင်ဆင် မရှိဘူး။ နေရောင် နည်းတယ်။ သူက အမြဲတမ်း လိုက်ကာချထားပြီး အခန်းက မည်းမှောင်နေတာ။ သူ့တံခါးဝနားရပ်နေချိန် နွေရာသီမှာတောင် အေးနေလိမ့်မယ်”
လုံချီရှောင်က မျက်ခုံးပင့်လျှက် မေးလိုက်၏။
“သူဌေး သူ ဘယ်အခန်းမှာ နေလဲ သိလား”
ဆိုင်ရှင်က အသံတိုးတိုး ဖြင့် မေးလိုက်လေ၏။
“ဘာကိစ္စများလဲ။ သူ့အကြောင်း ဘာလို့ မေးတာလဲ”
“အသွင်ယူထားတဲ့ ရဲတွေပါ။ မေးခွန်း သိပ်မမေးနဲ့။ ကျုပ်တို့ကို ပြောပြ”
ဆိုင်ရှင်သည် ထိုစကားကို ကြားသောအခါ သက်ပြင်းချပြီး တီးတိုး ပြောလိုက်၏။
80 04
“ဟုတ်ပြီ။ ဟုတ်ပြီ။ ပူးပေါင်းမယ်လို့ ကတိပေးတယ်။ အခန်း နံပါတ် ၅၀၄ မှာ နေတာ။ အိပ်ခန်းနှစ်ခန်း”
လုံချီရှောင်က ထပ်မေးလိုက်သည်။
“သူက ပုံမှန်ဆို ဘယ်အချိန် အိပ်တတ်လဲ။ ညအချိန် အပြင်ထွက်တတ်လား”
သူဌေးက ပြောလိုက်၏။
“မသိဘူး။ တစ်ခါတလေ ညဘက် သူထွက်လာတာ တွေ့ရတယ်။ တစ်ခါတလေ သူ့ကို ရက်ပိုင်းများစွာ မတွေ့ရဘူး”
လုံချီရှောင်က ပြောလိုက်၏။
“ဟုတ်ပြီ။ ကျွန်တော် သိပြီ။ ကျေးဇူးပါ ဘော့စ်”
သူသည် သူ၏ခုံသို့ ပြန်သွားပြီးနောက် ချန်းလျို့ချွင်အား ဓာတ်ပုံပစ်ပေးလိုက်သည်။
“ခင်ဗျား ကြားတယ်နော်။ အခန်း နံပါတ် ၅၀၄ မှာနေတာ။ အခု သွားသင့်ပြီလား”
“ခဏလောက် စောင့်ပါအုန်းလား”
ချန်းလျို့ချွင်သည် သံသယရှိသူက တံခါးဝဆီလာပြီး ကျန်ရှိသည့် ဝိညာဉ်များအားလုံးကို သတ်လိုက်မှာ စိုးရိမ်သည်။
သူ စကားပြောနေစဉ် ယွင်ယွီက ရုတ်တရက် ပြောလိုက်လေ၏။
“အဲလူ အောက်ထပ် ဆင်းလာပြီ”
လူတိုင်းက အမှတ်တမဲ့ လှည့်ကြည့်လိုက်ချိန် သူတို့ တကယ် ကံကောင်းမှန်း သိလိုက်ရသည်။
အနက်ရောင် ကုတ်အင်္ကျီကို ဝတ်ဆင်ထားသည့် လူက အဆောက်အအုံ ၆၆ ထဲမှ ထွက်လာသည်။ သူက ဉီးထုပ်ဆောင်းထားပြီး ဆံပင်ရှည်များက နဖူးကို အုပ်နေလေ၏။ သူက အစားအသောက်ဆိုင်တန်းဆီ လျှောက်လာတာ ဖြစ်သည်။ သူတို့အားလုံးသည် ရဲများ ဖြစ်သောကြောင့် ရန်သူကို သတိပေး၍ မရမှန်း သိသောကြောင့် သာမန်ကာ လျှံကာသာ ကြည့်ပြီး အကြည့် လွှဲလိုက်သည်။
သံသယရှိသူက ဤနေရာသို့ လာတာ တိုက်ဆိုင်မှု ဖြစ်၏။ သူက တစ်ခုခု စားဖို့ ပြင်ဆင်နေတာ ဖြစ်လောက်သည်။
လူတစ်ကိုယ်လုံးက မှုန်မိုင်းနေ၏။ ယွင်ယွီသည် ဤလူဆီမှ သန်မာသည့် မကောင်းဆိုးဝါးအငွေ့အသက်ကို မြင်ရသည်။ သူက ဟင်းနှစ်ပွဲမှာပြီး ထောင့်တွင် ထိုင်လိုက်သည်။
ချန်းလျို့ချွင်ကမှု အနည်းငယ် ချွေးပြန်နေတော့သည်။ အကြောင်းမှာ ကျန်သည့် လူသုံးယောက်က ပုံမှန်အတိုင်း စားသောက်ပြီး စိတ်အခြေအနေ အလွန်ကောင်းမွန်သောကြောင့် ဖြစ်သည်။
ယွင်ယွီက အစား ဝါးစားနေစဉ် အစီအစဉ်တစ်ခု စဉ်းစားနေ၏။ တကယ်တော့ သူမ အလျင်လိုနေသည်။ ဝိညာဉ်ချုပ်နှောင်အစီအရင်ကို အပေါ်ထပ်၌ တည်ဆောက်ထားလျှင်တောင် သူတို့အကုန် ဝေးနေသောကြောင့် ဝိညာဉ်ကို သူမ မရွေ့ပြောင်းနိုင်။ လုံချီရှောင်ကလည်း ယင်းကို သတိပြုမိ၏။ ထို့ကြောင့် စီးကရက် ခဲထားလျှက် လျှောက်သွားလိုက်သည်။
ယွင်ယွီသည် ကိုယ်ပျောက်အဆောင်တစ်ခုကို သူမကိုယ်ပေါ်တွင် တင်ပြီးနောက် မည်သူမှ သတိမပြုချိန် အုတ်ခဲကို ကောက်ကိုင်လိုက်၏။
လုံချီရှောင်က အလျင်စလို သွားလျှက် သံသယရှိသူ၏ ပုခုံးကို ဆုပ်ကိုင်လိုက်သည်။ ထို့လူက လှည့်ကြည့်လာပြီး သူ့ကို ရက်စက်စွာ ကြည့်ပြီးနောက် လက်သင်္ကေတများ ပြုလုပ်လိုက်သည်။ သို့သော် သူက လက်သင်္ကေတများ မပြုလုပ်ရသေးခင် ခေါင်းနောက်စေ့မှ စူးရှသည့် နာကျင်မှုတစ်ခု ရုတ်တရက် ခံစားလိုက်ရပြီး အမြင်အာရုံက မည်းမှောင်သွားကာ သတိလစ်သွားတော့သည်။
ဒီတော့မှ လုံချီရှောင်သည် ယွင်ယွီအမည်ရသော မိန်းကလေးက အုတ်ခဲကိုင်ထားပြီး သူ့ကို ပြုုံးပြနေတာ တွေ့ရလိုက်၏။
“ဖြေရှင်းပြီး သွားပြီ”
“ဒီကို ဘယ်တုန်းက ရောက်တာလဲ။ ဘယ်လိုလုပ် ဒီလောက် တိတ်တိတ်ဆိတ်ဆိတ် ရောက်လာတာလဲ”
လုံချီရှောင်က မမေးဘဲ မနေနိုင်တော့ပေ။
သူသည် ယွင်ယွီ ရောက်လာတာကို တကယ် သတိမပြုမိပေ။ သူက ထို့လူကို အုတ်ခဲဖြင့် ရိုက်ခဲ့၏။
ယွင်ယွီသည် သူမကိုယ်ပေါ်မှ ကိုယ်ပျောက်အဆောင်ကို ခွာလိုက်၏။
“ဒါလေ ကိုယ်ပျောက်အဆောင်။ အသံနှင့် ခြေလှမ်းကို သတိမပြုမိအောင် လုပ်ပေးတယ်”
မြေပြင်ပေါ်ရှိ သံသယ တရားခံကို ကြည့်ပြီး လုံချီရှောင်က သူ့အတွက် ကံကောင်းသည်လော သို့ ဒီမဟုတ် ဤမိန်းကလေးနှင့် တွေ့ရချိန်က ကံဆိုးတာလား။ ကံကောင်းတာလား မသိတော့ပေ။
ရှောင်ရှီနှင့် ချန်းလျို့ချွင်တို့က ယွင်ယွီရောက်လာတာကို သတိမပြုခဲ့မိပေ။ ရှောင်ရှီသည် သံသယ တရားခံ အဖမ်းခံရတာကို ကြည့်ပြီး လျှောက်လာကာ ယွင်ယွီကို အထင်တသေး ပြောလိုက်၏။
“နင်မှာ ဒါအကုန်ပဲ”
ယွင်ယွီက ပြောလိုက်သည်။
“ကျွန်မ ဘာလို့ တိုက်ခိုက်မှာလဲ”
အရိုးရှင်းဆုံး နည်းလမ်းကို သုံးတာ ပိုမကောင်းဘူးလား။ သံသယ တရားခံ သတိလစ်နေပြီ ထို့ကြောင့် သူမ အပေါ်သို့ တက်သွားကာ စိုးရိမ်ပူပန်စရာ မလိုဘဲ ချန်ရှီအန်းကို ကယ်တင်နိုင်လိမ့်မည်။
******