အခန်း ၈၁
Vol. 9 Ch. 81
81 01
အပိုင်း (၈၁)
လုံချီရှောင်က စိတ်မရှည် ဖြစ်လာတော့သည်။
“ရှောင်ရှီ အလုပ်မှာ မင်း ဒါမျိုး သဘောထား ရှိနေအုန်းမယ်ဆိုရင် ထွက်သွားလိုက်တော့”
ဤအထူးဌာန၌ ကောင်းကျိုးများစွာ ရှိသော်ဌား အရည်အချင်းရှိသည့် လူအများစုသည် ဤနေရာ၌ အလုပ်လုပ်လို စိတ်မရှိပေ။ သူသည် ပျင်းရိညည်းငွေ့မှုကို ရှောင်ရှားရန်အတွက်သာ ဌာနသို့ ဝင်ခဲ့တာ ဖြစ်ပြီး ဘာမှ လုပ်စရာ မရှိပေ။ သူက ဤနေရာ၌ ၁၀ နှစ်နီးပါး အလုပ်လုပ်ခဲ့၏။ အခြားသော ဂိုဏ်းများ တပည့်များသည် အချိန်ပိုင်းအလုပ်လုပ်ကြသော်ဌား သူတို့သည် တာဝန်များစွာ ဆောင်ရွက်လိုစိတ် မရှိကြပေ။ ထို့ကြောင့် ဌာန၌ ပါရမီရှင် နည်းပါးပုံပေါ်၏။ ထို့အကြောင်းအရင်းကြောင့် ရှောင်ရှီနေနိုင်တာပဲ ဖြစ်သည်။
သို့သော် သူမသည် ပညာရှင်ရှေ့၌ မောက်မာ ထောင်လွှားနေရတာ သဘောကျပြီး သူမအရည်အချင်းများကို ကြွားလုံးထုတ်နေသည်။
ဤမိန်းကလေးက အဆောင်တစ်ခု ပိုင်ဆိုင်ထားရုံသာမက သက်ရှိ ဝိညာဉ်များနှင့်လည်း ဆက်သွယ်နိုင်သည်။ သူမက အင်မတန် အရည်အချင်းရှိပြီး သူ၏အဒေါ် လုံနျန်စီထက်တောင် ပိုပြီး အစွမ်းထက်၏။
သူမ၏စွမ်းရည်များသည် သူ့အစ်ကိုနှင့်ပင် ဆင်တူလောက်သည်။
ဤရှောင်ရှီသည် ဦးဆောင်ရန် ကြိုးစားနေပြီး အကြောင်းအရင်း မရှိ ထို့မိန်းကလေးကို ရန်စနေ၏။ သူမ ယခင်က တာဝန် ထမ်းဆောင်ချိန်တွင်လည်း အခြားသောသူများကို အမြဲတစေ အထင်သေးလေ့ရှိ၏။ သို့သော် လုံချီရှောင်က အရွယ်ရောက်ပြီးသား လူတစ်ယောက်ဖြစ်ကာ သူမနှင့် မငြင်းဆန်ချင်ပေ။ ယခုအခေါက်တွင် သူ တကယ် ဒေါသထွက်သွားလေ၏။
“ဘော့စ် ကျွန်မ နားလည်ပါပြီ”
ရှောင်ရှီ၏ မျက်နှာက ဖြူဖျော့သွားလေ၏။
သူမသည် ဘော့စ်၏ အကျင့်စရိုက်ကို သိသည်။ သူက သူမကို စိတ်မရှည်တော့မှန်း တကယ်သိနေ၏။ ထပ်မပြောရဲတော့ပဲ စကားပိတ်နေလိုက်သည်။
အနားရှိ လူတို့သည် ဤနေရာရှိ အဖြစ်အပျက်ကို သတိပြုမိသွားကာ လက်ညိုးထိုးလျှက် ပြောလာသည်။
“ဘာတွေ ဖြစ်ကုန်တာလဲ။ ဘာလို့ ရန်ဖြစ်တာလဲ”
“အဲဒီမိန်းကလေးက သူ့ကို ရိုက်လိုက်တာပဲ ဖြစ်မယ်။ သူက တကယ် ရက်စက်တာပဲ”
ချန်းလျို့ချွင်သည် လျှောက်လာလျှက် သူ၏အိုင်ဒီကဒ်ကို ထုတ်ပြလိုက်၏။
“ရဲတွေက အမှု စစ်ဆေးနေတာပါ။ ကျေးဇူးပြုပြီး ပူးပေါင်းပေးဖို့ ဝေးဝေးနေပေးပါ”
သူတို့က အမှုစစ်ဆေးကြောင်း ကြားသောအခါ မည်သူမှ မဆွေးနွေးရဲတော့ချေ။ ချန်းလျို့ချွင်က သံသယ တရားခံကို ခေါ်သွားပြီးနောက် သူကို ရဲစခန်းသို့ ပြန်ပို့ရန် ပြင်ဆင်နေ၏။
“ဂရုစိုက်”
ယွီယွီက လျှောက်လာကာ ပြောလိုက်သည်။
“ဒီလူက ဝိညာဉ်များကို ချုပ်နှောင်ထားတယ်ဆိုတော့ သူ့မှာ အရည်အချင်း အတော်လေး ရှိမှာပဲ။ ရှာဖွေ့ဖော်ထုတ်ပြီးရင် သူရဲ့စွမ်းရည်တွေကို ဖျက်ဆီး ပစ်ရမယ်”
ကျင့်ကြံမှု မရှိလျှင် ထို့ကဲ့သို့ ဗရမ်းဗတာ ဖြစ်အောင် လုပ်နိုင်မှာ မဟုတ်။
ရုပ်လွန်ပညာနှင့် တာအိုတွေ ဝါဒတွင် အစီအရင်များ၊ ဂါထာများသည် တစ်ခုနှင့်တစ်ခု ဖြည့်စွက်ပေးရန် လိုအပ်သည်။ ကျင့်ကြံမှုများပဲ ဖြစ်သည်။
သာမန် လက်ထိပ်များက အသုံးမဝင်ပေ။ ယွီယွီက သူမ ကျောပိုးအိတ်ထဲမှ အနီရောင်ကြိုးတစ်ချောင်းကို ထုတ်ပြီး ဂါထာ အနည်းငယ် ရွတ်ဆိုကာ လက်ထိပ်၌ ဝိုင်းချည်ပေးလိုက်သည်။ သူမက ချန်းလျို့ချွင်ကို ပြောလိုက်၏။
“ဟုတ်ပြီ။ သူ့ကို လက်ထိပ် ခတ်လိုက်တော့။ အနီရောင်ကြိုးကို မဖြုတ်လိုက်နဲ့ မဟုတ်ရင် သူက နိုးလာတာနဲ့ ရှင့်မျက်စိရှေ့ကပဲ လွတ်သွားလိမ့်မယ်။ အခု အရာရှိချန်းကို သူကို ရဲစခန်းဆီ ခေါ်သွားဖို့ ပြောရတော့မယ်။ ကျွန်မတို့တွေ သူ့အခန်းဆီ တက်သွားလိုက်အုန်းမယ်”
81 02
ချန်းလျို့ချွှင်က ခေါင်းညိတ်ပြီး ထို့လူကို ကားထဲသို့ ခေါ်သွားလိုက်ကာ သူကို ရဲစခန်းသို့ အရင်ဆုံး ပြန်ပို့ပေးလိုက်၏။
ယွီယွီနှင့် ကျန်သည့် သူများက သံသယ တရားခံ နေထိုင်ရာ အခန်း ၅၀၄ သို့ ချက်ချင်း သွားလိုက်သည်။ သူမက သော့တစ်ချောင်းတောင် မလိုအပ်ပေ။ လက်ချောင်းလေးများ လှုပ်ရှားပြီး ဝိညာဉ်စွမ်းအင်ကို သုံးကာ သော့ဖွင့်လိုက်၏။ တံခါးက ကလစ်ခနဲ ပွင့်သွားတော့သည်။
“ရဲဘော်ယွီ ခင်ဗျားက အကွက်ကောင်း ရှိတာပဲ”
လုံချီရှောင်က သူမကို နှစ်ကြိမ်ခန့် ကြည့်လိုက်မိ၏။ တံခါးကို ဤကဲ့သို့ ဖွင့်နိုင်ခြင်းကြောင့် သူမအရည်အချင်း အလွန်မြှင့်တာပဲ ဖြစ်လိမ့်မည်။ အနည်းဆုံးတော့ သူ့ထက် ပိုတော်၏။
တံခါးဖွင့်လိုက်သောအခါ အခန်းက မှောင်မည်း မှုန်မှိုင်းနေလေ၏။ ဆိုင်ရှင် ပြောသည့်အတိုင်းပင် ဤကဲ့သို့ ပူလောင်သည့် ရာသီဥတုထဲတွင်တောင် အခန်းက ရေခဲတမျှ အေးစက်နေသည်။
ယွီယွီက အခန်းမီးကို ဖွင့်လိုက်ရာ ရှင်းလင်းနေသည့် ဧည့်ခန်းကိုသာ တွေ့ရသည်။ ကြမ်းပြင်ပေါ်တွင် မှင်ရာဖြင့် ရေးဆွဲထားသည့် ဧရာမ အစီအရင်တစ်ခုရှိပြီး ဧည့်ခန်းတစ်ခုလုံး ပြည့်နေတော့သည်။
ယွီယွီက မျက်လုံးဖွင့်ထားပြီးသား ဖြစ်သောကြောင့် ဧည့်ခန်းထဲတွင် သက်ရှိဝိညာဉ်များ ပြည့်နေတာကို မြင်ရသည်။
မြေပြင်ပေါ်၌ ဝိညာဉ်ချုပ်နှောင်ခြင်း အစီအရင် ရှိနေပြီး ဤဧည့်ခန်းလေးထဲ၌ သက်ရှိဝိညာဉ်များစွာကို ထိန်းချုပ်ထားပြီး အင်မတန် ပြွတ်သိပ်နေတော့သည်။
သူမ ပင့်သက် ရှိုက်မိသွားလေ၏။
လုံချီရှောင်က လက်ဟန်များ ပြုလုပ်ကာ ဂါထာတစ်ခုကို ရွတ်ဆိုလျှက် သူ၏မျက်လုံးကို လက်ဖြင့် သုတ်လိုက်ပြီး သူ၏ယင်မျက်လုံးကို ယာယီ ဖွင့်လိုက်သည်။ အခန်းထဲ၌ ဝိညာဉ်များ ပြည့်ကျပ်ညှပ်နေတာကို တွေ့လိုက်ရလေ၏။ သူက ကျိန်ဆဲလိုက်တော့သည်။
“ဒီလူက ဘာကြောင့် ဝိညာဉ်တွေ အများကြီး ဖမ်းထားတာလဲ”
ရှောင်ရှီ၏ ကျင့်ကြံမှုသာလျှင် လုံလောက်အောင် မမြှင့်သောကြောင့် ယင်မျက်လုံးတောင် မဖွင့်နိုင်သေးပေ။ ယွီယွီကမှု သူမကို ကူညီပြီး ဖွင့်ပေးရန် ရည်ရွယ်ချက် မရှိပေ။ သူမဘာသာ လွှတ်ထားလိုက်သည်။
သူမက ဧည့်ခန်းကို လှည့်ပတ်ကြည့်သော်ဌား ချန်ရွှီအန်း၏ ဝိညာဉ်ကို ရှာမတွေ့ပေ။
ယွီယွီက အနည်းငယ် စိုးရိမ်သွားကာ ကျန်သည့် အခန်းနှစ်ခုကို တွန်းဖွင့်လိုက်၏။ တစ်ခုက သံသယ တရားခံ နေရာ အခန်းဖြစ်လောက်သည်။ အခန်းထဲ၌ ရိုးရှင်းသည့် ပရိဘောဂများ ရှိပြီး အစီအရင်ငယ်လေးတစ်ခု ရေးဆွဲထား၏။ ၎င်းက အပြင်ဘက်ရှိ ဝိညာဉ်ချုပ်နှောင်ခြင်းအစီအရင်နှင့် မတူညီပေ။ ယွီယွီက ဂရုတစိုက် စစ်ဆေးကြည့်မိသောအခါ မျက်မှောင် အနည်းငယ် ကျုံ့မိသွား၏။ ဤအစီအရင်က သက်ရှိဝိညာဉ်ကို ဝါးမြိုပြီး အောက်လမ်းအတတ်ပညာများ ပြုလုပ်ရာ၌ အသုံးပြုတာပဲ ဖြစ်သည်။
လူတချို့က ကြိုးစားပန်းစား ကျင့်ကြံပြီး မိုးနှင့်မြေအကြောင်း ဝိညာဉ်စွမ်းအင်ကို သုံးကာ သူတို့၏ခန္ဓာကိုယ်ထဲရှိ ချီသွေးကြောများကို လှည့်ပတ်နိုင်အောင် ကြိုးစားကြစဉ် တချို့ကမှု ဖြတ်လမ်းနည်းကို သုံး၏။ ဝိညာဉ် ဝါးမြိုရန် အစီအရင်များကို သုံးလေ့ရှိကြသည်။
သို့သော် ထို့ကဲ့သို့ အောက်လမ်းကျင့်တဲ့သူများက သိပ်သည်းသည့် ယင်စွမ်းအင်များစွာ ရှိနေပြီး မကောင်းဆိုးဝါးအငွေ့အသက်များ ရှိသည်။ သူတို့ အချိန်ကြာမြှင့်စွာ လေ့ကျင့်ခဲ့လျှင် သူတို့က ရှင်လျှက်နှင့် သေနေသည့် လူများ ဖြစ်သွားမည် ဖြစ်ကာ ဖြေရှင်းဖို့ ခက်ခဲလိမ့်မည်။
သံသယတရားခံက သက်ရှိနေသေး၏။ မသေသေးပေ။
ယွီယွီက လုံချီရှောင်ကို အထဲသို့ ဝင်လာခိုင်းပြီး အစီအရင်ကို စစ်ဆေးခိုင်းလိုက်သည်။ လုံချီရှောင်က ယင်းကို ကြည့်ပြီး ပြောလိုက်၏။
“တကယ်ပဲ အောက်လမ်း အတတ်ပဲ။ ကျုပ်ဘိုးဘေးရဲ့ မှတ်စုထဲမှာ မြင်ဖူးတယ်။ ဘိုးဘေးတွေ ပြောဖူးတာ ဒီလို အောက်လမ်းအတတ်မျိုးကို အလွှတ်ပေးလို့ မရဘူးတဲ့။ ကျင့်ကြံဖို့အတွက် ရက်စက်တဲ့ နည်းလမ်း သုံးတဲ့သူ ရှိနေအုန်းမယ်လို့ မထင်ထားဘူး”
ရှောင်ရှီကလည်း လိုက်ဝင်လာသည်။ သူမက စကားမပြောရဲပေ။ အဲနား တစ်ဝိုက်ကိုသာ ရှာဖွေ့နေ၏။
81 03
ယွီယွီကမှု ဘေးရှိ အခန်းထဲသို့ သွားလိုက်၏။ ရှင်းလင်းနေကာ ဧည့်ခန်းထဲက နည်းတူ ဝိညာဉ်ချုပ်နှောင်ခြင်း အစီအရင် တစ်ခုရှိနေ၏။ အထဲ၌ သက်ရှိ ဝိညာဉ်များစွာ ပြည့်ကျပ်နေသည်။ ယွီယွီက သူတို့ထဲတွင် ချန်ရွှီအန်း၏ ဝိညာဉ်ကို ရှာတွေ့သွား၏။
ထို့ သက်ရှိ ဝိညာဉ်အားလုံးက အသိရှိနေသည်။ သို့သော်ဌား သူက အလွန်အားနည်းနေလေ၏။ ယွီယွီကို မြင်သောအခါ မှင်သက်သွားမိသည်။ သူတို့သည် အပြင်လူများကို ရက်ပေါင်းများစွာ မတွေ့ရလေဘဲ သံသယတရားခံကိုသာ တွေ့ခဲ့ရ၏။ သူတို့ ဘာဖြစ်နေမှန်း မသိပေ။
ချန်ရွှီအန်းကလည်း တံခါးဝရှိ ယွီယွီကို ကြည့်လိုက်၏။ သူက ယွီယွီကို မယုံနိုင်စွာ ကြည့်နေမိသည်။
“ယွီအာ လား”
ယွီယွီက လျှောက်လာကာ ပြောလိုက်တော့သည်။
“ကျွန်မပါ။ စိတ်မပူနဲ့။ ရှင့်ကို ကယ်မယ်”
“ငါ့ကို ကယ်ဖို့လား”
ချန်ရွှီအန်းသည် အနည်းငယ် စိတ်ရှုပ်ထွေးတော့သည်။ သူ၏ ခန္ဓာကိုယ်သည် ခန္ဓာကိုယ်ဟု ခေါ်လို့ မရသည့်ပမာ တစ်စုံတစ်ခု မှားယွင်းနေမှန်း တကယ် သဘောပေါက်၏။ သူက သေနှင့်နေသည့်ပမာ ရက်ပိုင်းများစွာ မစားမသောက်ရသေးတာတောင် ဘာ ခံစားမှ မရှိ။ သူ ယွီယွီကို မတွေ့ခဲ့လျှင် သူ ဒီလောကထဲ၌ မတည်ရှိတော့ဟု တွေးမိသလောက်ပင်။
သူမနှင့် ယခင်က နှစ်မိနစ်သာ ဆက်သွယ်ခဲ့ခြင်းက ထင်ယောင်ထင်မှား ဖြစ်မှုဟု ထင်ခဲ့သေးသည်။ ယွီအာက သူ့ကို ကယ်တင်မည်ဟုသည့်ကာ မည့်သည့်ကို ဆိုလိုသနည်း။
သူ့ကို ကယ်ပြီး ကယ်ပြီး ခန္ဓာကိုယ်ထဲ ပြန့်ပို့ဖို့လား။ သူက ယခုအချိန်တွင် ဝိညာဉ်အဆင့် ရောက်နေပြီ ဖြစ်ကာ ယွီအာကို အဘယ်ကြောင့် တွေ့နေရသနည်း။ ယွီအာက သူ့ကို အဘယ်ကြောင့် မြင်ရသနည်း။ ယင်းက မည်ကဲ့သို့သော စွမ်းရည်မျိုးနည်း။ ယွီအာက ထိပ်တန်းကျောင်းသား မဟုတ်ပါလော။ သူမ ယင်းကို အဘယ်ကြောင့် သိနေသနည်း။
ချန်ရွှီအန်း၏ စိတ်က ရှုပ်ထွေးနေတော့သည်။
“သူ့ကို ဘယ်လို ကယ်မလဲ”
လုံချီရှောင်က လိုက်ဝင်လာချိန် ယွီယွီက သက်ရှိဝိညာဉ်များထဲမှ တစ်ယောက်ကို စကားပြောနေတာ တွေ့လိုက်ရသည်။
“ဒါက ဝိညာဉ်ချုပ်နှောင် အစီအရင်ပဲ။ အဲဒီလူရဲ့ ကျင့်ကြံမှုက မနိမ့်ဘူး။ အစီအရင်ကို အားသုံး ဖြိုခွင်းတာ အန္တာရာယ်များတယ်”
သူက မသေချာ မရေရာသောကြောင့် အစီအရင်ကို ဖြိုခွင်းရန် လူပိုလိုအပ်လောက်သည်။
ယွီယွီသည် ကျောပိုး အိတ်ထဲမှ ရေသန့်တစ်ပုလင်းကို ထုတ်ပြီး တစ်ဝက်ခန့် သောက်ချလိုက်၏။ ကျန်ရေများကို လွယ်အိတ်ထဲထည့်ကာ အစီအရင် အလယ်တွင် သံပုလင်ခွေ ခြေချိတ်ထိုင်ပြီး ပြောလိုက်သည်။
“အစီအရင် ဖြိုခွဲစေ”
သူမသည် လုံမိသားစု၏ ဘိုးဘေးကိုတောင် အကျဉ်းချထားသည့် မကောင်းဆိုးဝါး ခုနစ်ဖော် ဝိညာဉ်ဖျက်စီးခြင်း အစီအရင်ကိုတောင် အားသုံး ဖြိုခွဲခဲ့ဖူးလေရာ ဤ ဝိညာဉ်ချုပ်နှောင်ခြင်း အစီအရင်ဆို ပြောရန် မလိုအပ်တော့ပေ။
တံခါးဝနား၌ ရပ်နေသည့် ရှောင်ရှီသည် တစ်စုံတစ်ခု ပြောရန် ပါးစပ်ဟလိုက်သော်ဌား နောက်ဆုံး၌ ပါးစပ်ပိတ်လိုက်၏။ သူမသည် အခန်းထဲရှိ သက်ရှိဝိညာဉ်များကို မမြင်နိုင်သော်ငြား ဘော့စ်က မြင်နိုင်၏။ မြေပြင်ပေါ်ရှိ ဝိညာဉ်ချုပ်နှောင်ခြင်း အစီအရင်ကိုလည်း သူမ မှတ်မိသည်။ ဤမိန်းကလေးက ကြွားလုံးထုတ်ချင်တာဟု တကယ် ပြောချင်လာ၏။ သူမကဲ့သို့ လူသစ်တစ်ယောက်တောင် အစီအရင်ကို အားသုံးဖြိုခွဲရန် ခက်ခဲမည်မှန်း သိနေသည်။ ဤမိန်းကလေး တစ်မြင်ရိုက်ခတ်ခံရမှာကို စောင့်နေ၏။
လုံချီရှောင်သည် ယွီယွီဘေး၌ ဆောင့်ကြောင့် ထိုင်ချလိုက်သည်။
“ဒါ ဖြစ်နိုင်လို့လား။ ကျုပ့အကူအညီ လိုလား”
ယွီယွီက ခေါင်းခါလိုက်၏။
81 04
“မလိုဘူး။ ကျွန်မကို မနှောင့်ယှက်နဲ့။ မနှောင့်ယှက်ရင် ရပြီ”
“ဟုတ်ပြီ”
လုံချီရှောင်ကလည်း တဲ့တိုးသမား ဖြစ်၏။ သူက ထရပ်ကာ သူမကို မနှောင့်ယှက်ဘဲ ရှောင်ရှီကို ခေါ်ထွက်သွားတော့သည်။
နှစ်ယောက်သားက ဧည့်ခန်းကို ရှာဖွေ့ပြီး သံသယတရားခံ၏ အခန်းကို ရှာလိုက်ရာ သူ၏ ဗီရိုထဲတွင် ငွေလက်မှတ်များစွာကို တွေ့လိုက်ရ၏။ ဤလူက တရားမဝင် နေထိုင်သူ တစ်ယောက် ဖြစ်သည်။ အတိတ်၌ သူ မည်သည့်ကိစ္စများ လုပ်ခဲ့မှန်း မည်သူက သိမည်နည်း။ သူ၏နာမည်နှင့် အထောက်အထားက စနစ်ထဲတွင် မရှိ။ ထို့ကြောင့် သူက ကဒ်တစ်ကဒ် မသွင်းနိုင် ဤပိုက်ဆံသည် ရာဇာဝတ်မှုကို ကူညီပေးပြီး ရလာသည့်် ပိုက်ဆံပဲ ဖြစ်ရမည်။ အားလုံးကို အိမ်ထဲတွင် စုပုံထား၏။
လုံချီရှောင်က ချန်းလျို့ချွင်ကို ခေါ်ပြီးနောက် သက်သေအဖြစ် ပိုက်ဆံများအားလုံးကို စခန်းသို့ သယ်သွားရန် ယာဉ်များ လွှတ်ခိုင်းလိုက်သည်။
ယွီယွီကလည်း အစီအရင်ကို ဖြိုခွဲနေလေ၏။ သူမသည် အစီအရင်ကို ဖိနှိပ်ရန် ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး အားသုံးဖြိုခွဲနေတော့သည်။ ယင်းက အထဲရှိ သက်ရှိဝိညာဉ်များအပေါ် မထိခိုက်စေပေ။ သူမ ဒါကို မဖြိုခွဲနိုင်လျှင် ဒဏ်ရာ ရလိမ့်မည်။ ဖြိုခွဲနိုင်ပါက အစီအရင်ကို တည်ဆောက်ထားသည့် သူက ဒဏ်ရာ ရသွားလိမ့်မည်။
ဝိညာဉ်ချုပ်နှောင် အစီအရင်က မခက်ခဲပေ။ ၎င်းကို ဖြိုခွဲရန် မိနစ် ၂၀ အချိန်ယူလိုက်ရကာ နဖူးပေါ်၌ ချွေးစီး ပြန်နေပြီ ဖြစ်သည်။
အစီအရင် ပြိုခွဲသွားပြီးနောက် ထို့သက်ရှိဝိညာဉ်များအပေါ် ဖိနှိပ်နေသည့် စိတ်မသက်မသာ ဖြစ်စေသော ခံစားချက်က ပျောက်ကွယ်သွားတော့သည်။ သူတို့တွေက လှည့်ပတ် လျှောက်သွားနေ၏။ ယွီယွီက ထရပ်လိုက်ကာ ချန်ရွှီအန်းဆီ လျှောက်သွားပြီး ပြောလိုက်သည်။
“ချန်ရွှီအန်း ရှင် ပြန်သွားနိုင်ပြီ”
ချန်ရွှီအန်းက သူမ အစီအရင် ဖြိုခွဲနေတာကို ကြည့်ပြီး ညှင်သာစွာ ပြောလိုက်၏။
“မင်းကို စောင့်နေမယ်”
ယွီယွီက စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။
“ဒါဆို ခဏစောင့် ဧည့်ခန်းထဲက အစီအရင်ကိုလည်း ဖြေရှင်းလိုက်အုန်းမယ်”
ပြီးနောက် သူမသည် ထို့သက်ရှိဝိညာဉ်များကို ပြောလိုက်၏။
“အခု ရှင်တို့အားလုံး အဆင်ပြေသွားပြီ။ အရင် အကန့်အသတ်ကနေ လွှတ်မြောက်သွားပြီ။ အရင်တုန်းက ကန့်သတ်ခံထားရပြီး ဒီကနေ ထွက်မသွားနိုင်တာ။ အခု အိမ်ပြန်နိုင်ပြီ။ ဒါပေ့မယ် ရှင်တို့ ခန္ဓာတွေကတော့ ဆေးရုံပေါ်မှာ လဲနေရအုန်းမှာ”
ထို့သက်ရှိဝိညာဉ်များ မည်သည့်ဆေးရုံတွင် နေမှန်း မသိပေ။ ထို့ကြောင့် လုံချီရှောင်ကို ခေါ်လိုက်၏။
“ဒါရိုက်တာလုံ ကျေးဇူးပြုပြီး ဒီကို လာပေးနိုင်မလား”
လုံချီရှောင်က ရောက်လာစဉ် ဝိညာဉ်ချူပ်နှောင်အစီအရင် ဖြိုခွဲပြီးဖြစ်တာကို တွေ့လိုက်ရ၏။ သူက ချီးကျူးလိုက်တော့သည်။
“ရဲဘော်ယွီက တကယ် အံဩဖို့ ကောင်းတာပဲ”
သူက အမှန်တိုင်း ချီးကျူးလိုက်တာပဲ ဖြစ်၏။ အထူးဌာနအတွင်းရှိ အချိန်ပိုင်း ဝန်ထမ်းများစွာထက် ပိုတော်သည်။ ဤကိစ္စဖြေရှင်းပြီးသည့်နှင့် သူသည် ဤမိန်းကလေးကို အလုပ်လုပ်လိုစိတ် ရှိမရှိ မေးရမည်။ သူမက ငယ်ရွယ်၏။ အရူးလုပ်ရန် လွယ်ပုံပေါ်သည်။
ယွီယွီကလည်း သက်ရှိဝိညာဉ်များကို လက်ညိုး ထိုးပြပြီး ပြောလိုက်သည်။
“ဒါရိုက်တာလုံ သူတို့ အခု ထွက်သွားနိုင်ပြီ။ ဒါပေမဲ့ သူတို့ ဘယ်ဆေးရုံမှာ တက်နေမှန်း မသိဘူး။ ကျေးဇူးပြုပြီး စစ်ဆေးပေးပါအုန်း”
လုံချီရှောင်က ခေါင်းညိတ်လိုက်၏။
“ရတယ်။ ဒီမှာ သူတို့ အချက်အလက်တွေ ရှိတယ်။ တစ်ယောက်ချင်း နာမည်ခေါ်ပြီး ပို့ပေးလိုက်မယ်”
81 05
ထို့သက်ရှိဝိညာဉ်များအားလုံး၌ အသိစိတ်ရှိပြီး အားလုံးက မြို့တော်မှ လာတာ ဖြစ်သည်။ သူတို့သည် မြို့တော်ပတ်ဝန်းကျင်နှင့် ရင်းနှီးနေ၏။ လိပ်စာကို သိပြီးနောက် အခမဲ့ယာဉ်ကို စီးကာ အိမ်သို့ လျင်မြန်စွာ ပြန်သွားကြသည်။
လုံချီရှောင်ကမှု အသက်ရှိဝိညာဉ်များကို နာမည်ခေါ်ပြီး ပို့ပေးရင်း အလုပ်များနေစဉ် ယွီယွီကမှု အခန်းထဲ၌ ဝိညာဉ်ချုပ်နှောင်အစီအရင်ကို ဖြေရှင်းနေတော့သည်။
မိနစ် ၂၀ ခန့် ကြာပြီးနောက် ဧည့်ခန်းထဲရှိ အစီအရင်ကို ဖြိုခွဲလိုက်နိုင်ပြီ ဖြစ်သည်။
သူမ အစီအရင်ကို ဖြိုခွဲသောအခါ သူမဘေးတွင် ချန်ရွှီအန်း၏ဝိညာဉ်က တိတ်ဆိတ်စွာ ရပ်နေ၏။ သူအနည်းငယ် စိတ်ရှုပ်ထွေးနေသည်။ ယွီအာက အဘယ်ကြောင့် ရင်းနှီးနေသနည်း။ သူတို့က မတူညီသည့် လောက၌ ရှိနေပုံပေါ်သည်။ သူမ ဤလောကထဲ မည်သည့်အချိန်က ရောက်မှန်းတောင် မသိပေ။
အခန်းထဲရှိ သက်ရှိ ဝိညာဉ်များက တိတ်တဆိတ် ထွက်သွားကြသည်။ လုံချီရှောင်ကမှု သူတို့ကို ပို့ပေးရင်း အလုပ်များနေသည်။
ယွီယွီက သံသယတရားခံ၏ အခန်းထဲသို့ သွားကာ သူကျင့်ကြံရန် အသုံးပြုသည့် အစီအရင်ကို ဖြိုခွဲလိုက်၏။ ဤအစီအရင်ကို လုံချီရှောင်က သက်သေအဖြစ် ဓာတ်ပုံရိုက်ထားပြီးသား ဖြစ်သည်။ နောက်ဆုံး ဝိညာဉ်ထွက်သွားချိန်၌ ည ၁၂ နာရီ ထိုးနေပြီ ဖြစ်သည်။
ယွီယွီက အနည်းငယ် ပင်ပန်းနေကာ ချန်ရွှီအန်းကို ပို့ပေးပြီးနောက် အိမ်ကိုသာ ပြန်ရန် ပြင်ဆင်ထားသည်။ သံသယတရားခံအတွက်မှု အထူးဌာနက ဖြေရှင်းပြီဖြစ်ကာ သူမအနေနှင့် ဘာမှ မသက်ဆိုင်တော့ပေ။
ရပ်ကွက်ထဲမှ ထွက်လာပြီးနောက် လုံချီရှောင်က ရှောင်ရှီကို သူမဘာသာ တက်စီငှားပြန်ခိုင်းလိုက်ပြီး သူကမှု ယွီယွီကို ခေါ်ပြီး ချန်ရွှီအန်း၏ ဆေးရုံသို့ သွားလိုက်၏။
ရှောင်ရှီက ဒေါသထွက်နေပြီး ခြေဆောင့်ကာ ထွက်သွားတော့သည်။ သူတို့၏ခေါင်းဆောင်က လူဖြောင့်တစ်ယောက်ဖြစ်ပြီး မိန်းကလေးများနှင့် ဘယ်လို ကျီစယ်ရမည်မှန်း မသိသည့် လူမှန်း သိနေ၏။ သူက သူမကို တက်စီဌား ပြန်ခိုင်းသည့်အချိန်တွင် ညှိနှိုင်းနေနိုင်တော့မှာ မဟုတ်ပေ။ သူမ ဒေါသတကြီးဖြင့် ကားငှားကာ ထွက်သွားတော့သည်။
လုံချီရှောင်က ဆေးရုံသို့ တစ်စုံတစ်ယောက်ကို လွှတ်လိုက်သည်။ ရဲစခန်းကလည်း ရောက်လာပြီး အခန်းထဲရှိ ငွေစက္ကူများအားလုံးကို သိမ်းဆည်းကာ သက်သေအဖြစ် ဆောင်ယူသွားသည်။
အကြွင်းအကျန်များ တဖြည်းဖြည်းချင်း မှေးမိန် ပျောက်ကွယ်သွားသောအခါ ဤနေရာ၌ အောက်လမ်းကျင့်ကြံသူတစ်ယောက် နေထိုင်ခဲ့ကြောင်း မည်သူမှ တွေးမိတော့မှာ မဟုတ်ပေ။
ကားထဲ၌ ယွီယွီက မမေးဘဲ မနေနိုင်တော့ပေ။
“အောက်လမ်းကျင့်ကြံသူတွေက ကျင့်ကြံဖို့ ဝိညာဉ်ကို သုံးတယ်။ ဘာကြောင့် သူက ရပ်ကွက်ထဲက လူကို မရွေးရတာလဲ”
လုံချီရှောင်က ကားမောင်းလျှက် မော့ကြည့်ကာ ပြောလိုက်သည်။
“သူက လူချမ်းသာတွေကို မုန်းနေတာ ထင်တယ်။ မျောသွားတဲ့ နစ်နာသူတွေက မိသားစုကောင်းကနေ လာတာလေ”
ယွီယွီက ဘာမှ ပြောစရာ မရှိတော့ပေ။
လမ်းတစ်လျှောက်၌ ချန်းလျို့ချွင်သည် လုံချီရှောင်ကို ခေါ်ပြီး သံသယတရားခံက သွေးအန်ကာ အနည်းငယ် ခြောက်ခြားဖွယ် ကောင်းနေကြောင်း ပြောလိုက်၏။
လုံချီရှောင်ကမှု တည်ငြိမ်စွာ ပြောလိုက်သည်။
“အဆင်ပြေတဲ့ အစီအရင် တန်ပြန်သက်ရောက်ခံရတာ သူ အတွင်းဒဏ်ရာ ရမှာပဲ။ ငါတို့ပြီးရင် စခန်းလာပြီး သူ့ကို စောင့်ကြည့်ထားမယ်”
မကြာမှီ၌ သူတို့သည် ချန်ရွှီအန်း၏ ဆေးရုံသို့ ရောက်သွားပြီ ဖြစ်၏။ ယွီယွီက သူ့ကို လူနာဆောင်သို့ ပို့ပေးလိုက်သည်။
နန်ချွဲယန်သည် လူနာဆောင်၌ အချိန်အတော်ကြာ စောင့်နေခဲ့သည်။ ယွီယွီပြန်လာတာကို မြင်ပြီး သူမ့နား၌ မည်သူမှ မပါလာပေ။ သူမ နှလုံးခုန်နှုန်း မြန်လာကာ မျက်နှာ ဖြူဖျော့သွား၏။
81 06
“ချန်ရွှီအန်းက ဘယ်မှာလဲ”
ယွီယွီက သူမဘေးရှိ ချန်ရွှီအန်း၏ ဝိညာဉ်ကို ကြည့်ကာ ပြောလိုက်သည်။
“အန်တီက ရှင့်ကို စိတ်ပူနေတယ်။ ရှင်ရဲ့ ကိုယ်ထဲကို မြန်မြန် ပြန်သင့်ပြီ”
နန်ချွဲယန်က သူမ ထို့သို့ ပြောတာကို ကြားပြီး စိတ်အေးသွားကာ ယွီယွီကို ကျေးဇူးတင်လိုက်သည်။
သူ့ မိခင်၏ စိုးရိမ်ပူပန်နေသော အကြည့်ကို မြင်ပြီး ချန်ရွှီအန်းက ယွီယွီကို ကျေးဇူးတင်စကားပြောကာ အိပ်ယာပေါ်၌ လဲလိုက်တော့သည်။
ဝိညာဉ်က မူလခန္ဓာဆီ ပြန်ရောက်သွားပြီး ချန်ရွှီအန်းက လျင်မြန်စွာ နိုးလာလေ၏။ အနည်းငယ် မူးဝေနေပြီး စိတ်မပျော်ဖြစ်နေသည့်မှအပ အဆင်ပြေနေသည်။
ယွီယွီသည် သူမကျောပိုးအိတ်ထဲမှ အဆောင်စာရွက် ထုတ်လိုက်ပြီး ဝိညာဉ်ငြိမ်းချမ်း အဆောင်ကို ရေးဆွဲပေးကာ ချန်ရွှီအန်းအား ပေးလျှက် ညှင်သာစွာ ပြောလိုက်သည်။
“ဝိညာဉ်က ခန္ဓာကိုယ်ကနေ ရက်ပေါင်းများစွာ ခွာထားတာဆိုတော့ မသက်မသာ ဖြစ်နေမှာပဲ။ ဒီအဆောင်ကို ရှင်နဲ့ ဆောင်ထား။ ရက်ပိုင်းအတွင်း အဆင်ပြေသွားလိမ့်မယ်”
ချန်ရွှီအန်းသည် အဆောင်ကို ယူကာ ဆိတ်ဆိတ်နေလေ၏။ သူသည် နန်ချွဲယန်ကို ကြည့်လိုက်သည်။ နန်ချွဲယန်က သူမ့သားက ယွီယွီကို တစ်စုံတစ်ခု ပြောစရာ ရှိမှန်း သိ၏။ သူမ အသက်ပြင်းချကာ လူနာဆောင်ထဲမှ ထွက်သွားလျှက် စင်္ကြန်တွင် စောင့်နေသည်။
သူမသားနှင့် ယွီယွီတို့ ဖြစ်နိုင်ချေ မရှိတော့မှန်း ကောင်းကောင်း သိနေ၏။ ယွီယွီ၏ လမ်ကြောင်းကို ရွေးချယ်ရသည့် အကြောင်းအရင်းကို နားမလည်ပေ။ သို့သော် ယခုမှ စကာ သူတို့သည် မတူညီသော ကမ္ဘာမှ လူများ ဖြစ်နေပြီး တစ်ယောက်နှင့် တစ်ယောက် အချိတ်အဆက် ရှိဖို့ မဖြစ်နိုင်တော့ပေ။
ယခုက ရွှီအန်း လက်လွှတ်ရန် အချိန်တန်လေပြီ။
လူနာဆောင်ထဲတွင် လူနှစ်ယောက်သာ ကျန်သည်။ ချန်ရွှီအန်းက သူ၏လက်မဖြင့် အဆောင်စာရွက်ကို ပွတ်လိုက်၏။ အဆောင်က သူနှင့် သူမကြား ကွာဟချက် ကြီးမားကြောင်း ပြသနေသည်။ လောကနှစ်ခုထဲတွင် သူတို့ တည်ရှိဖို့ မဖြစ်နိုင်။
ယွီယွီက ဘာမှ မပြောဘဲ သူ စကားပြောလာမှာ စောင့်နေသည်။
နောက်ဆုံး၌ ချန်ရှီအန်းသည် အဆောင်ကို ဖြည်းဖြည်းချင်း တင်းကြပ်စွာ ဆုပ်ကိုင်လျှက် မေးလိုက်၏။
“ဒီနယ်ပယ်ထဲ ဘယ်လိုလုပ် ရောက်လာတာလဲ”
ယွီယွီက ပြောလိုက်၏။
“ရွာက အဘိုးဆီကနေ သင်ထားတာ။ လူတွေကို ဟောပြောပေးရတာ သဘောကျတယ်။ ဖုန်းရွှေကြည့်ပေးရတာ ကြိုက်တယ်။ ဒါကြောင့် ဒီလုပ်ငန်းကို စတင်လိုက်တာ။ မြို့တော်မှာ နေရတာ အသားမကျဘူး။ ချန်ရွှီအန်း ကျွန်မတို့တော့ ပြောင်းလဲသွားတာ ရှင် သတိ ပြုမိမှာပဲ။ ကျွန်မ အရင်တုန်းက ယွီယွီ မဟုတ်တော့ဘူး။ ရှင်ကြိုက်တာ ကျွန်မ မဟုတ်ဘဲ အတိတ်တုန်းက လူပဲ”
သူမက ပွင့်ပွင့်လင်းလင်းပြောလိုက်ကာ ချန်ရွှီအန်းကို ထင်ယောင်ထင်မှား မဖြစ်စေတော့ပေ။
သူက အက်ကွဲစွာ ပြောလိုက်၏။
“ဟုတ်ပြီ။ ငါသိပြီ”
ရက်ပေါင်းများစွာ ကြာပြီးနောက် အဖြစ်အပျက်များ ကြုံ့တွေ့ပြီး သူမ၏ ပြောင်းလဲသွားမှုကို မြင်ပြီးနောက် သူ ကောင်းစွာ သိသွားပြီ ဖြစ်သည်။
သူ ဖြည်းဖြည်းချင်း လက်လွှတ်နိုင်အောင် ကြိုးစားမည်။ သူမ ပျော်ရွှင်သည့် ဘဝ၌ နေထိုင်ပြီး သူမကို နောက်ကျ ကာကွယ်ပေးနိုင်မည့်လူနှင့် တွေ့ဖို့ မျှော်လင့်မိ၏။ အနည်းဆုံးတော့ ယခုအချိန်တွင် သူက သူမကို မကာကွယ်နိုင်ပေ။
ယွီယွီက ပြောလိုက်၏။
“ချန်ရွှီအန်း နောက်ကျ ရှင် ပျော်ရွှင်မှာပါ။ ရှင် မိန်းမကောင်းတစ်ယောက်နဲ့ တွေ့လိမ့်မယ်”
81 07
“ဟုတ်ပြီ”
သူက သူမကို ကြည့်လိုက်၏။
“ယွီအာ ငါလည်း မင်းကို ပျော်စေချင်တယ်”
ယွီယွီက တဖြည်းဖြည်းချင်း စိတ်အေးသွားလေ၏။
ချန်ရွှီအန်း တည်ရှိခဲ့ပြီ ဖြစ်သည်။ တကယ်တော့ သူသည် သူနှင့် စိတ်ဝင်စားမှု တူညီသည့် ယွီယွီကို နှစ်ခြိုက်မှန်း သိသည်။ ထို့အစား ဖုန်းရွှေပညာရှင်ကမှု သာမန်လူများ မတွဲရဲသည့် လူဖြစ်သည်။ ယွီယွီက ပြုံးလျှက် ပြောလိုက်သည်။
“ချန်ရွှီအန်း ကောင်းကောင်း နားပါ။ ကျွန်မ အရင် ပြန်သင့်မယ်။ ရှင် သာယာတဲ့ မနက်ခင်းရပြီး ပြန်ကောင်းဖို့ ဆုတောင်းပေးပါတယ်။ ရှင် ဒေါ်လေးကို စိတ်မပူစေနဲ့”
“တာ့တာ”
ချန်ရွှီအန်းက သိမ်မွေ့စွာ ပြောလိုက်သည်။
“နှုတ်ဆက်ပါတယ်။ ကိုယ် မြတ်နိုးရတဲ့ မိန်းကလေးရေ”
******