အခန်း ၈၂
Vol. 9 Ch. 82
82 01
အပိုင်း (၈၂)
ယွီယွီ လူနာဆောင်ထဲမှ ထွက်လာပြီးနောက် လုံချီရှောင်က သူမကို စောင့်နေသေး၏။
နန်ချွဲယန်ကလည်း ဘေးတွင် ထိုင်နေသည်။ သူမက ယွီယွီ ထွက်လာတာကို မြင်သောအခါ သူမကို ကျေးဇူးတင်စကားပြောရန် လျှောက်သွားလိုက်၏။
“ကျေးဇူးပါပဲ။ ယွီယွီရယ် အန်တီ တောင်းပန်ပါတယ်။ အရင်တုန်းက သမီးကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့မိတာ။ အန်တီ့ကို ခွင့်လွှတ်ပေးပါ”
“ရပါတယ် အန်တီရယ်။ သမီး နားလည်ပါတယ်။ ချန်ရွှီအန်း အခု အဆင်ပြေသွားပြီ။ သူ့ကို သွားကြည့်လိုက်ပါအုန်း။ သမီး အရင် သွားပြီနော်”
“အေးပါကွယ်”
နန်ချွဲယန်က လူနာဆောင်ထဲ ဝင်သွားချိန် ယွီယွီက ဆေးရုံမှ ထွက်လာ၏။ လုံချီရှောင်ကမှု အိတ်ကပ်ထဲ လက်ထည့်ကာ သူမ့နောက်မှ လိုက်လာပြီး ပြောလိုက်၏။
“ကျုပ်နဲ့ ရဲစခန်းကို လိုက်ခဲ့ပေးရမယ်။ မင်းရဲ့ သက်သေထွက်ဆိုချက်ကို တန်းယူဖို့ လိုအပ်တယ်။ ပြီးတော့ တခြားတစ်ခုအကြောင်းလည်း ပြောချင်တယ်”
သူ ဤမိန်းကလေးကို အလွန်နှစ်သက်သည်။ သူမကို သူတို့၏ အထူးဌာနသို့ ဝင်လာအောင် လှည့်စားနိုင်မလားလို့ သိချင်မိသည်။
“ဘာကိစ္စများလဲ”
ယွီယွီ၏ အသံက နူးညံ့နေ၏။ သူမ မောပန်း နွမ်းနွယ်နေပြီဖြစ်ကာ ဘာမှ မပြောချင်တော့ပေ။
သူတို့နှစ်ယောက်သား ဓာတ်လှေကားထဲ လျှောက်သွားပြီး ထို့နေရာတွင် ရပ်နေလျှက် တံခါးပိတ်သွားမှာကို စောင့်နေသည်။ လုံချီရှောင်က ပြောလိုက်လေ၏။
“ကျောင်းသူယွီ ကောလိပ်ကနေ ဘွဲ့ရပြီးပြီလား။ အလုပ်ရှာပြီးပြီလား။ ကျုပ်တို့ အထူးဌာနမှာ အလုပ်လုပ်ဖို့ စဉ်းစားထားလား။ ပတ်ဝန်းကျင်က ကောင်းတယ်။ လစာက မြှင့်တယ်။ နှစ်တိုင်း အားလပ်ရက်တွေလည်း များတယ်”
ယွီယွီက သူ့ကို ကြည့်ပြီး ပြောလိုက်၏။
“မဟုတ်ဘူး။ ကျွန်မက မြို့တော်မှာ နေတာ မဟုတ်ဘူး။ ကျွန်မရဲ့ သတို့သားလောင်းနဲ့ မင်္ဂလာခန်းဝင် ပစ္စည်းတွေ ဝယ်ဖို့ ဒီရောက်လာတာ။ ကျွန်မရဲ့အတန်းဖော် မတော်တဆ ဖြစ်တယ်ကြားလို့ သူ့ကို လာကြည့်တာ”
လုံချီရှောင်က အနည်းငယ် နောင်တရသွားသော်ငြား သူက ယွီယွီကို ကြည့်ကာ မေးလိုက်လေ၏။
“အင်း မင်းက အိမ်ထောင်ပြုတော့မှာလား”
ယွီယွီက ခေါင်းညိတ်လျှက် ဘေးကိုလှည့်ကာ လုံချီရှောင်ကို ကြည့်လိုက်၏။
ဤမိန်းကလေး၏ အကြည့်က အဓိပ္ပာယ်တစ်ခုပါဟု သူ အမြဲတစေ ခံစားမိသည်။ သူမ သူ့ကို အဘယ်ကြောင့် အမြဲကြည့်နေရသနည်း။
လုံချီရှောင်က ရေရွတ်ပြောလိုက်တော့သည်။
“မင်းက အသက် ဘယ်လောက်လဲ။ လက်ထပ်တော့မယ်ဆိုတော့”
သူမက ကောလိပ်တက်နေသေးစဲ ဖြစ်ပုံပေါ်၏။ ဤမိန်းကလေးကို မည်သည့်သားရဲက ပြန်ပေးဆွဲပြီး လက်ထပ်ခဲ့လည်း မသိပေ။ ယွီယွီက ပြောလိုက်၏။
“၂၂”
သူမ ဘွဲ့ရခါစ၌ အသက် ၂၂ နှစ်ရှိနေပြီ ဖြစ်သည်။ လုံချီရှောင်က စဉ်းစားလိုက်၏။ သူမက မိန်းမငယ်လေးမျှသာ မဟုတ်။
ယွီယွီက မေးလိုက်တော့သည်။
“ရှင် အသက် ဘယ်လောက်ရှိပြီလဲ”
သူက ချင်ယွီစွေ၏ ဝမ်းကွဲ ဟုတ်မဟုတ် သူမ မသိပေ။
“၃၁”
82 02
ဝမ်းကွဲပဲ။
ယွီယွီက သူ့ဘာသာသူ စဉ်းစားလိုက်သည်။
သူတို့ စကားစမြည်ပြောလျှက် ဆေးရုံ၏ ယာဉ်ရပ်နားရာ နေရာဆီသို့ လျှောက်သွားစဉ် ဘေးချင်း ယှဉ်လျှောက်နေလေရာ သူ၏ မြှင့်မားသော ခန္ဓာကိုယ်က သူမ၏ သေးသွယ်သော ခန္ဓာကိုယ်ကို မိုးထားသည်။
လရောင်က လူနှစ်ယောက်၏ အရိပ်ကို ရှည်သွားစေ၏။
ယွီယွီသည် ချင်ယွီစွေက သူ၏ ဝမ်းကွဲနှင့် အနည်းငယ် ဆင်တူသော်ဌား ကိုယ်ရည်ကိုယ်သွေးက ကွဲပြားခြားနားကြောင်း ရှာတွေ့သွားသည်။ ချင်ယွီစွေက အမှန်တကယ် တည်ငြိမ် ရင့်ကျက်ကာ အနည်းငယ် ထုံပေပေနိုင်၏။ သူမ ဘေးရှိ လူကတော့ မတူညီပေ။ လွတ်လပ်ပေါ့ပါးကာ စကားများပြီး သာမန်ကာ လျှံကာ ဆန်သည်။
လုံချီရှောင်က ဤယွီယွီဟုသော မိန်းကလေးကို အတန်ငယ် နှစ်သက်မိသည်။ သူ့ထက် ၇ နှစ်၊ ၈ နှစ် ပိုငယ်ပြီး သူမ၌ သတို့သားလောင်း မရှိသေးလျှင် ဤမိန်းကလေးကို လိုက်မိလောက်သည်။
ယခုဆို သူမ၌ သတို့သားလောင်း ရှိနေပြီ ဖြစ်ကာ သူတို့နှစ်ယောက် အသက်ကလည်း ကွာ၏။ ထို့ကြောင့် သူ ဘာမှ မလုပ်နိုင်တော့ပေ။
သူမ လုံချီရှောင်၏ ကားဆီ လျှောက်သွားစဉ် မလှမ်းမကမ်း လမ်းမီးတိုင်အောက်၌ ရပ်နေသည့် အရိပ်မြှင့်မြှင့် ပုံရိပ်ကို ယွီယွီ ရှာတွေ့သွား၏။
ချင်ယွီစွေပဲ ဖြစ်သည်။
ယွီယွီက မျက်လုံးများ ကွေးသွားသည့်အထိ အလိုလို ပြုံးမိသွား၏။ သူမက လုံချီရှောင်ကို ပြောလိုက်သည်။
“ဒါရိုက်တာ လုံ ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ။ ကျွန်မရဲ့ ချစ်သူ လာကြိုနေပြီ”
ထို့သို့ ပြောပြီးနောက် ချင်ယွီစွေဆီ ပြေးသွားကာ ရယ်ရယ်မောမောြဖင့် ကပ်သွားလေ၏။
“ရှင် ဒီကို ဘာလို့ ရောက်နေတာလဲ”
သူမ့အပြုုံးက အလွန် ချိုမြသည်။
ချင်ယွီစွေက လုံချီရှောင်၏ ဘက်ကို တစ်ချက်ကြည့်ပြီး ကျောပိုးအိတ်ကို ယူလိုက်သည်။
“နည်းနည်း နောက်ကျနေပြီလေ။ ကားငှားမရမှာ စိုးလို့”
သူမ တစ်ယောက်တည်း ရှိနေမှာကို စိုးရိမ်သည်။
ယွီယွီက ပြုံးလျှက် ပြောလိုက်သည်။
“ဒါဆို စောင့်အုန်း။ သက်သေ ထွက်ဆိုဖို့ စခန်းကို သွားဖို့ လိုတယ်”
ချင်ယွီစွေက ပြောလိုက်၏။
“ကိုယ် မင်းနဲ့ သွားမယ်လေ”
လုံချီရှောင်သည် ထို့မိန်းကလေး ပြေးသွားတာကို ကြည့်ပြီး ပြုံးမိသွားလေ၏။ ဤစုံတွဲ၌ ကောင်းမွန်သည့် ဆက်ဆံရေး ရှိပုံပေါ်သည်။
သူက ယွီယွီရှိရာဘက်ကို ကြည့်လိုက်မိပြီး လမ်းမီးတိုင်အောက်တွင် ရပ်နေသော အရပ်မြင့်မြင့် အမျိုးသားကို မြင်သောအခါ မျက်လုံးများ မှေးကျဉ်းမိသွားပြီး ပြောမိသွား၏။
“ဖက်စ့်”
ဒါက ချင်ယွီစွေလား။ သူက ဒီမိန်းကလေးရဲ့ ချစ်သူလား။
လုံချီရှောင်က အချိန်အတော်ကြာ ထိတ်လန့်နေမိ၏။ သူသည် ချင်ယွီစွေထက် တစ်နှစ် ပိုကြီးသည်။ သူ၏ဖခင်နှင့် ချင်ယွီစွေ၏ မိခင်က မောင်နှမများ ဖြစ်သောကြောင့် သူတို့က ဝမ်းကွဲများ ဖြစ်သည်။ သူတို့ ငယ်စဉ်က အတူတကွ ဆော့ကစားခဲ့၏။ ကြီးပြင်းလာသောအခါ သူ၏ ဝမ်းကွဲက ထုံပေပေနှင့် ပျင်းရိ ညည်းငွေ့ဖွယ် ကောင်းလာတော့သည်။ ထို့အပြင် သူတို့က မြို့တော်သို့ ပြန်လာခဲ့၏။ ထို့ကြောင့် အဆက်အသွယ် သိပ်မရှိပေ။
82 03
သူ့ဒေါ်လေးနှင့် ချင်ကျားယွီတို့ကြား အဖြစ်အပျက်ကို သူကောင်းစွာ သိထားသည်။ ထို့ကြောင့် သူသည် ချင်မိသားစုထဲရှိ ကျန်သည့်သူများကို သဘောမကျပေ။
သူ၏ဝမ်းကွဲက သူ့ထက် တစ်နှစ်သာ ငယ်သည်။ သားရဲတစ်ကောင်ပဲ မိန်းမငယ်လေးတစ်ယောက်ကို ဘယ်လိုများ တိုက်ခိုက်ရဲတယ်ပေါ့။
ထို့မိန်းကလေးက သူ့ကို အဓိပ္ပာယ်ပါသော မျက်ဝန်းများဖြင့် ကြည့်နေသည်ဟု ခံစားမိ၏။ နောက်ကျ သူတို့ မိသားစုဖြစ်လာလိမ့်ဟု သိနေသောကြောင့် ဖြစ်လောက်သည်။
လုံချီရှောင်က စီးကရက် နှစ်ဖွာ ကောက်ဖွာပြီးနောက် သိမ်းလိုက်၏။ သူက ခြေလှမ်းကြဲကြဲများဖြင့် လျှောက်သွားကာ ချင်ယွီစွေ ၏ပခုံးကို ပုတ်လိုက်တော့သည်။
“ချင်ယွီစွေ မင်း လုပ်နိုင်တာပဲ”
“ဝမ်းကွဲ”
ချင်ယွီစွေက တည်ငြိမ်သော အသံဖြစ် နှုတ်ဆက်လိုက်သည်။
ယွီယွီကလည်း ရယ်မောလျှက် ဝမ်းကွဲဟု ခေါ်လိုက်သည်။
“ကောင်မလေး ခုနတုန်းက ဘာကြောင့် ငါ့ကိုစို က်ကြည့်နေတာလဲ”
လုံချီရှောင်က မျက်ခုံးပင့်လျှက်ပြုံးလိုက်သည်။
နှစ်ယောက်သား အကြာအတိတ်အကြောင်း ပြောနေသည်။ လုံချီရှောင်က ပျော်နေစဉ် ချင်ယွီစွေက နားထောင်ကာ ရံဖန်ရံကာ တုန်ပြန့်၏။
လုံချီရှောင်သည် သူတို့၏ လက်ထပ်ပွဲအကြောင်း များများစားစားမမေးခဲ့ပေ။ သို့သော် သူ၏ အဖိုးချင်သဲ့ယုံနှင့် ဗိုလ်ချုပ်လုံတို့ သိမသိမေးခဲ့၏။ ချင်ယွီစွေက သိကြောင်း ပြောခဲ့၏။
“ယွီယွီနဲ့ အစ်ကို တွေ့ပြီးပြီလား၊ လုံမိသားစုဝင်တွေက သူရဲ့အထောက်အထား သိလား”
လုံချီရှောင်က အတော်လေး သိချင်စိတ် ပေါ်နေသည်။
လုံမိသားစုက ယွီယွီ၏ အထောက်အထားကို သိလျှင် သူတို့ကဤလက်ထပ်ပွဲကို မကန့်ကွက်ပေ။ သို့သော် ချင်မိသားစုကမှု မသေချာ သူတို့အားလုံးက မျိုးမစစ်များသာ ဖြစ်ကြသည်။
သူက ချင်ယွီစွေကို မိသားစုဝင်အဖြစ် အလိုအလျှောက် သတ်မှတ်သားပြီးသားဖြစ်သည်။
“မသိဘူး”
လုံချီရှောင်က လျှာနှစ်ချက် သပ်ပြီးနောက် နောက်ထပ်မမေးတော့ဘဲ သူ၏ အမြင်တွင် လက်ထပ်ဖော်ကောင်း ရွေးချယ်ရာ၌ ကျန်သည့် ကိစ္စများကို မလိုအပ်ပေ။ ထို့အပြင် ယွီယွီက တော်တော်လေး ကောင်းမွန်ပြီး သူနှင့် လိုက်ဖက်ညီသည်ဟု လုံလောက်တာထပ် ပို သည်ဟုတွေးမိသည်။
သုံးယောက်သား ကားထဲ ဝင်ပြီး ရဲစခန်းသို့ သွားလိုက်သည်။
ရဲများက တစ်ညလုံး အချိန်ပို ဆင်းနေရသည်။ ဤအမှုက အတော်လေး ကြီးပေ၏။လွန်ခဲ့သည့် နှစ်လမှ စပြီး လူများစွာက သတိလစ်မေ့မျော သွားခဲ့တာ ဖြစ်သည်။ သူတို့အားလုံးကကောင်းမွန်သည့် မိသားစု နောက်ခံမှလာပြီး အဆင်ပြေကြသည်။ တစ်ချို့ကတော့ အတော်လေး ကြွယ်ဝပေသည်။
ထိုကာလ အတွင်းသတိမေ့မျောပြီး တစ်ယောက်ပြီး တစ်ယောက် သေသွားသည့် လူများစွာလည်း ရှိသည်။ မျောနေသည့် လူအရေအတွက်က နှစ်စဉ်နှစ်တိုင်း တိုးလာသည်။ ယခု ဤအမှုကို ဖြေရှင်းပြီးပြီ ဖြစ်သော ကြောင့် သက်သေထွက်ဆိုချက်များယူကာ ညတွင်းချင်း ဖြေရှင်းရမည်ဖြစ်သည်။
ယွီယွီက မျက်မြင်သက်သေ အဖြစ်ဆောင်ရွက်ပေးပြီး သက်သေ ထွက်ဆို၏။
သူတို့က စစ်ဆေးရေး အခန်းထဲသို့ သွားပြီး ချန်းလျှိ့ချွင်က သံသယရှိသူ ကို စစ်ဆေးကြည့်တာ ကြည့်နေသည်။ သံသယရှိသူ၏ ရင်ဖက်၌ သွေးများ ပေနေသည်။ သူက ခုံပေါ်တွင် ဖြူဖျော့သော မျက်နှာထားဖြင့် လဲနေလေ၏။
ချန်းလျှိ့ချွင်က စစ်ဆေးရေး အခန်းထဲမှထွက်လာသော အခါသူ၏ မျက်နှာက နီမြန်းနေလျှက် လည်ပင်းအကြောများ ထောင်နေကာ ဒေါသထွက်နေတော့သည်။ သူက ရေတစ်ခွက်သောက်ပြီး ယွီယွီနှင့် ကျန်သည့် သူများကို ပြောလိုက်၏။
82 04
“သူက အင်မတန်ခေါင်းမာတာ။ အစီအရင် ပြိုကွဲပြီး တန်ပြန်သက်ရောက်ပြီးတော့ သူ့ကို နိုးလိုက်တာ။ သူအတွင်းဒဏ်ရာ ရနေတော့ စစ်မေးရတာ ပိုလွယ်မယ်လို့ ထင်နေတာ။ အဆုံးကျ သူဘာမှမပြောဘူး သူ တုံးအတယ်လို့ ထင်တာပဲ”
သူတို့အားလုံး ကျိန်ဆဲနေကြ၏။ ယင်းက အလွန်ဒေါသထွက်ကြောင်း ပြသနေတာပဲ ဖြစ်သည်။
လုံချီရှောင်က ပြောလိုက်သည်။
“ကျုပ်ဝင်သွားပြီး စစ်ဆေးလိုက်မယ်”
သူ၏ အထောက်အထားက အတော်လေး ထူးခြား၏။ သူက အထူးဌာနတွင်ရှိသော်ငှား ဤကဲ့သို့ အမှု ကိစ္စမျိုး၌ ဝင်စွက်ဖက်နိုင်သည်။
လုံချီရှောင်က စစ်မေးရန် ပြင်လိုက်ပြီးနောက် ယွီယွီနှင့် ကျန်သည့်သူများကို လှည့်ပြောလိုက်၏။
“နောက်ကျနေပြီ။ အိပ်ယာ စောစော ဝင်သင့်ပြီ”
ပြီးနောက် သူ ချင်ယွီစွေကို ပြောလိုက်သည်။
“မနက်ဖြန် ညကျ ငါတို့နှစ်ယောက် တစ်ခွက်လောက် သောက်ရအောင်။ ခယ်မကိုပါ ခေါ်လာခဲ့”
“ဟုတ်ပြီလေ”
ယွီယွီသည် စစ်ဆေးရေးအခန်းထဲရှိ အောက်လမ်းကျင့်ကြံသူကို တစ်ချက်ကြည့်ပြီးနောက် လုံချီရှောင်ကို မေးလိုက်သည်။
“သူရဲ့ ကျင့်ကြံမှုကို မဖျက်စီးခင် စီရင်ချက် ချတာကို စောင့်ရမှာလား”
ဤလူကို ဤသို့ ထိန်းထားတာက မလုံခြုံပေ။
သူသည် ရင်ဝေဝေ၏ တစ္ဆေမင်္ဂလာဆောင်ကို စီမံသည့်သူ ဖြစ်နိုင်သော်ငြား ဤကဲ့သို့သော လူ အပြစ်ပေးမခံရတာ မမြင်ချင်ပေ။
ထို့အပြင် ရင်ဝေဝေ၏ ပညာက ရုပ်လုံးပေါ်နေပြီ ဖြစ်သည်။ သူမ ဖယ်ရှားချင်လျှင် ၎င်းကို ဖြိုခွဲရန် တစ်စုံတစ်ယောက် ရှာရလိမ့်မည်။ ဤအောက်လမ်းကျင့်ကြံသူ သေသွားလျှင်တောင် သူမ၏ တစ္ဆေမင်္ဂလာဆောင်ကို သက်ရောက်မှာ မဟုတ်ပေ။
လုံချီရှောင်က ပြောလိုက်၏။
“နောက်ကျ အထက်အရာရှိတွေဆီ သက်သေပို့ပြီးရင် သူရဲ့ ကျင့်ကြံမှုကို ဖျက်စီးနိုင်လောက်တယ်။ ဒီအမှုက သာမန်အမှုတွေနဲ့ ယှဉ်လို့ မရဘူး။ ဒါကို မဖြေရှင်းခင် အမှုကို စီရင်ချက် ချပြီးတဲ့အထိ စောင့်ဖို့ မလိုဘူး။ ပြောရရင် ဒါက သက်သေ လုံလောက်နေပြီလေ။ စိတ်မပူနဲ့ ခယ်မလေး။ သူက လက်ရှိ အစီအရင်ကြောင့် တန်ပြန် သက်ရောက်ခံထားရပြီး ယုတ်ယုတ်သဲသဲ ဖြစ်အောင် မလုပ်နိုင်ဘူး။ ဒီကိစ္စထဲ ပေါ်မလာနဲ့တော့။ မင်းအတွက် မကောင်းမှာ စိုးလို့”
အောက်လမ်း ကျင့်ကြံသူများသည် အင်မတန် ရက်စက်ကြမ်းကြုတ်ပြီး ရူးသွပ်ကြပေ၏။ ယွီယွီသည် နောက်ဆုံးအခေါက် ရုပ်လွန်ပညာ နှီးနှောဖလှယ်ပွဲရှိ သရဲ ခြောက်ခံရသော အိမ်တွင် ဝိညာဉ်ချုပ်နှောင် ချိန်ကြိုး အမှုကို တွေးမိသွား၏။
သူ၏ အလိုလို အသိစိတ်အရ ယင်းသည် ဤအောက်လမ်းကျင့်ကြံသူ၏ လက်ရာ မဟုတ်ကြောင်း ပြောနေသည်။ အောက်လမ်းကျင့်ကြံသူသည် လူတို့ကို ဒုက္ခရစေပြီး သက်ညှာမှု ရှိမှု မပေါ်။ သို့သော်ဌား မြေအောက်ခန်းတွင် အပို့ခံရပြီး ဝိညာဉ်ချုပ်နှောင် ချိန်ကြိုးဖြင့် ချုပ်နှောင်ခြင်းခံရသည့် သူများသည် ရက်စက်ကြမ်းကြုတ်သည့် သူများဖြစ်သည်။ ကျန်သည့် သူများက မတော်တဆ ဖောက်ဝင်လာမိသည်။ စူးစမ်း သွားလာသူများပဲ ဖြစ်သည်။
နှစ်ခုက မတူညီသည့် ကိစ္စလည်း ဖြစ်၏။
သူမသည် ဝိညာဉ်ချုပ်နှောင်ချိန်ကြိုး၏ ပညာရှင် လုပ်ရပ်ကို သဘောမကျ။ ဤကဲ့သို့သော လူမျိုးကိုလည်း မနှစ်သက်ပေ။ ဝိညာဉ်ချုပ်နှောင် ချိန်ကြိုးကို ထိန်းချုပ်ထားသည့်သူကို ပိုတောင် သိချင်မိ၏။
သို့သော် ဤကိစ္စက သူမ တာဝန်မဟုတ်ပေ။ အထူးဌာနရှိနေပြီး ခေါင်းဆောင်ပိုင်းက စုံစမ်း စစ်ဆေး လိမ့်မည်။
သူမက လုံချီရှောင်ကို နှုတ်ဆက်စကားပြောပြီးနောက် ချင်ယွီစွေနှင့်အတူ ရဲစခန်းထဲမှ ထွက်လာ၏။
82 05
စခန်းထဲမှ ထွက်လာပြီးနောက် ချင်ယွီစွေက သူမ့လက်ကို တွဲကာ လမ်းဖြတ်ကူးလျှက် ဗီလာဆီ မောင်းလာတော့သည်။
ယွီယွီက အလွန်အိပ်ငိုက်နေ၏။ ထို့ကြောင့် ရေချိုးပြီးနောက် ချက်ချင်း အိပ်ပျော်သွားတော့သည်။
စခန်းထဲတွင် လုံချီရှောင်က သံသယတရားခံကို စုံစမ်း စစ်ဆေးခဲ့သော်ဌား သူက အင်မတန် ခေါင်းမာနေပြီး စကားတစ်ခွန်းမှ မပြောခဲ့ပေ။
နောက်ဆုံး၌ လုံချီရှောင်သည် လှည့်ကွက်တစ်ချို့ သုံးကာ ရုပ်လွန်ပညာဖြင့် သူ့ကို ညှင်းပန်းခဲ့၏။ သူက ပြင်းထန်သည့် အတွင်းဒဏ်ရာ ရပြီးသား ဖြစ်ကာ ခဲရခဲစစ် တောင့်ခံထားရသည်။ နောက်ဆုံး၌ သူက ဖုန်းခေါ်ချင်ကြောင်း ပြောပြီး ထို့လူကို ရှေ့နေ ဌားခိုင်းခဲ့သည်။
လုံချီရှောင်ကလည်း သူ၌ အခြားသော အပေါင်းအပါ ရှိမှရှိ မြင်ချင်၏။ ထို့တခြားသူဆီမှာ မှတ်ချက်များ ရနိုင်မလား မြင်ချင်သည်။
ထို့ကြောင့် သူက ဖုန်းခေါ်ခွင့် ပေးလိုက်တော့သည်။
သံသယတရားခံသည် ဖုန်းတစ်ဖက်မှ ခေါ်သံကို ကြားပြီး ဖြူဖျော့သွား၏။
“ညီလေး ငါ အခု စခန်းမှာ ငါ့ကို လာထုတ်ပေး”
သူ၏အသံသည် သံမဏိကို ဆွဲခြစ်နေသည့်ပမာ စူးရှပြီး အက်ကွဲကာ ခြောက်ခြားဖွယ်ကောင်းသည်။
တစ်ဖက်သူက မည်သည့်ကို ပြောလိုက်သည့် မသိ သံသယတရားခံ၏ မျက်နှာသည် ဒေါသကြောင့် ပိုတောင် ဖြူဖျော့သွားတော့သည်။
“ငါတို့က ညီအစ်ကိုတွေလေ”
ဖုန်းတစ်ဖက်ရှိ လူက ချက်ချင်း ဖုန်းချသွားတော့သည်။
လုံချီရှောင်က နှာခေါင်း ရှုံ့လိုက်လေ၏။
“မင်း တိုက်ခိုက်နေသေးတုန်းလား”
သံသယတရားခံက တိတ်ဆိတ်သွားသည်။ လုံချီရှောင်သည် စစ်ဆေးအခန်းထဲမှ ထွက်လာပြီးနောက် ဖုန်းခေါ်ဆိုမှုကို ချန်းလျို့ချွင်အား စစ်ဆေးခိုင်းလိုက်၏။
ခေါ်သူက ချင်နျန်ချီ ဖြစ်သည်။
ချင်ယွီစွေ၏ အဖေတူ အမေကွဲအစ်ကို။
လုံချီရှောင်က ကျိန်ဆဲ မိသွားသည်။ ဤအောက်လမ်း ကျင့်ကြံသူက ချင်နျန်ချီ၏ စီနီယာအစ်ကို ဖြစ်နေမည်ဟု မထင်ထားပေ။
ချင်နျန်ချီ ဆယ်ကျော်သက်အရွယ်က သူသည် အရူးတစ်ယောက်ကဲ့သို့ နိုင်လွန်မင်းထက် ပြုမှုခဲ့ပြီး မြို့တော်ရှိ လူတိုင်း သူ့အကြောင်းသိကြသည်။ နောက်ပိုင်းကျ သူသည် မာစတာ ဟုန်ဟုသည့် အမည်ရသည့် ရွှမ်းမန် ပညာရှင်တစ်ယောက်ကို ရုတ်တရက် ရှာတွေ့ခဲ့သည်။ ပြီးနောက် သူ၏ ဒေါသကို ချက်ချင်း ချုပ်သည်းကာ ရုပ်လွန်ပညာကို ရိုးရိုးသားသား စတင် လေ့လာသည်။ ချင်မိသားစုသည် ချင်ကျားယွီနှင့် လုံရှီယွင်အကြား အဖြစ်အပျက်ကြောင့် လုံမိသားစုကို သဘောမကျပေ။ ချင်မိသားစု၌ ရွှမ်မန်လောကထဲသို့ ဝင်ရောက်သည့် မျိုးဆက် မရှိစေချင်ပေ။ သို့သော် ထို့စဉ်က ချင်နျန်ချီက မျိုးမစစ် တစ်ကောင် ဖြစ်လာပြီး မူးယစ်သောက်စား ကားမောင်းအပြန် တိုက်ခိုက်ကာ အိမ်သို့ ပြန်မလာတော့ပေ။
ချင်မိသားစုထဲရှိ လူတိုင်းက ယင်းသည် ချင်နျန်ချီ၏ ဘဝ အဆုံးသတ်ဟု ထင်ခဲ့သည်။
မထင်မှတ်ထားဘဲ သူသည် ရွှမ်မန်ပညာရှင်တစ်ယောက်ကို ရှာတွေ့ခဲ့ကာ ချက်ချင်း စိတ် တည်ငြိမ်ကျသွားပြီး စိတ်နေသဘောထားသည် ထို့အချိန်မှ စတင် တည်ငြိမ်လာလေ၏။
ချင်မိသားစု ဘာများပြောနိုင်မည်နည်း။ သူတို့ စိတ်မပျော်ရွှင် ဖြစ်နေလျှင်တောင် သူတို့သည် ချင်နျန်ချီကို ဆရာသခင် ဟောအား သူ၏ ဆရာအဖြစ် အသတ်အမှတ် ပြုခွင့်ပေးလိုက်ရတော့သည်။ ချင်နျန်ချီက တိုးတက်လာပြီး ကြိုးစားပန်းစား လေ့လာ၏။ အသက် နည်းနည်းကြီး တက္ကသိုဘ်မှ ဘွဲ့ရဲပြီးနောက် သူသည် ချင်မိသားစု၏ ဘုတ်အဖွဲ့ဝင် တစ်ယောက် ဖြစ်လာသည်။ ယခု သူက အလွန် ကောင်းမွန်စွာ ဆောင်ရွက်နေပြီး လူတိုင်းက သူကို ဒုတိယသခင်လေးချင် ဟုတောင် ခေါ်ကြသည်။
သူက ရုပ်လွန်ပညာကို သင်ယူခဲ့တာကို မည်သူမှ မသိပေ။
သူသည် ဤစွမ်းရည်ကို အပြင်လူများထံ ဘယ်တော့မှ ထုတ်ပြလေ့ မရှိ။
ချင်နျန်ချီသည် ဤအောက်လမ်းကျင့်ကြံသူ၏ ဂျူနီယာညီလေး ဖြစ်နေကြောင့် လုံချီရှောင်သည် ထို့လူဆီ သေချာပေါက် သွားရပေလိမ့်မည်။
++++++