← Chapters

အခန်း ၈၃

Vol. 9 Ch. 83

အခန်း ၈၃

Vol. 9 Ch. 83

83 01

အပိုင်း 83

သူသည် အောက်လမ်းကျင့်ကြံသူအား တစ်စုံတစ်ယောက်ကို စောင့်ကြည့်ခိုင်းထားပြီးနောက် ချန်းလျို့ချွင်ကို ခေါ်ကာ ချင်နျန်ချီ၏ အိမ်သို့ သွားလိုက်သည်။

ချင်နျန်ချီက တစ်ယောက်တည်း နေသည်။ သူက ကြွယ်ဝ ချမ်းသာပြီး ဗီလာတစ်ခုတွင် နေတာပဲ ဖြစ်၏။ သူသည် သူ၏အစ်ကို ချင်ယွီစွေနှင့် တစ်ရပ်ကွက်တည်းတွင်‌ နေထိုင်တာ ဖြစ်သော်ဌား သူတို့က အတန်ငယ် ဝေးပေ၏။

ချင်နျန်ချီက သူတို့ရောက်လာချိန်တွင် အနားယူနေတာ ဖြစ်သည်။ ရဲများ သူ့အိမ်သို့ ရောက်လာကြောင်း အိမ်မှ ကြားသောအခါ သူက အိမ်နေရင်း အဝတ်အစားဖြင့် အောက်ထပ်ဆင်းလာသည်။ သူက အရပ်မြှင့်ပြီး သွယ်လျသည်။ သူ့ပုံမှန်ထွက်လာကျ ထည်ဝါသည့်ပုံနှင့် မတူ။ သို့သော် သူ အောက်ထပ်သို့ ဆင်းလာချိန်တွင် ဆိုဖာတွင် ထိုင်ကာ ပြောလိုက်၏။

“ညလယ်ခေါင်ကြီးမှာ ကျုပ်ရဲ့အိမ်ကို ရဲနှစ်ယောက် ရောက်လာရအောင် ဘာများ ဖြစ်တာလဲ မသိဘူး”

သူ၏အသံက အင်မတန် အေးစက်နေပြီး သူ နိုးလာပြီးနောက် စိတ်အခြေအနေ မကောင်းသည့်ပမာ နဖူးကို ပွတ်လိုက်တော့သည်။

လုံချီရှောင်က ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်လျှက် သာမန်ကာ လျှံကာ မှီကာ ထိန်း၍ ပြောဆိုလိုက်သည်။

“ငါတို့ ဒီကို ဘာလို့ ရောက်လာလဲ မသိဘူးလား။ ခုနတုန်းက မင်းကို ဘယ်သူခေါ်လဲ”

ချင်နျန်ချီက မျက်မှောင် အနည်းငယ် ကြုတ်လိုက်လေ၏။

“ကျုပ်ကို ခေါ်တဲ့ လူက မာကျင်းကျောင်း။ သူက ကျုပ့်ဆရာ အရင်နှစ်တွေတုန်းက လက်ခံထားတဲ့ တပည့်တစ်ယောက်ပဲ။ ကျုပ်ရဲ့ဆရာက လွန်ခဲ့တဲ့နှစ်တွေတုန်းက တောင်တွေပေါ် သွားရတာ သဘောကျတယ်။ မိုးရာသီဖြစ်နေတော့ အဲဒီမှာ ပိတ်မိပြီး သေမလို့ ဖြစ်ခဲ့တာ။ ကျုပ်ရဲ့ဆရာကို ကယ်ခဲ့တာ ဒီ မာကျင်းကျောင်းပဲ။ ကျုပ်ရဲ့ဆရာက သူရဲ့ ကြင်နာမှုကို လက်ခံခဲ့တယ်။ ဒီတော့ ပြန်ပေးဆပ်တာပေါ့။ အဲဒီတုန်းက ကျုပ်ရဲ့ စီနီယာအစ်ကိုက ဆက်ကျော်သက်ပဲ ရှိသေးတာ။ သူ့အဖေက သေသွားပြီ။ နောက်အိမ်ထောင်ပြုသွားတဲ့ သူ့အမေနောက် လိုက်သွားတာ။ သူ့ပထွေးမိသားစုက အလွန်ဆင်းရဲတယ်။ ကောင်းကောင်းမွန်မွန် အဆက်ဆံ မခံရဘူးလေ။ မကြာခဏ အရိုက်အနှိက် ခံရတာ။ သူ ဆာလောင်ပြီး သေလုမတတ်ပဲ။ ကျုပ်ရဲ့ဆရာက သူ့ကို သနားတာကြောင့် သူ့ကို တပည့်အဖြစ် လက်ခံခဲ့တာ”

“အဲဒီနေရာက အင်မတန် ဝေးလံပြီး မဖွံ့ဖြိုးသေးတဲ့ နေရာလေ။ မာကျင်းကျောင်းက အိမ်ထောင်စုဇယားတောင် မရှိခဲ့ဘူး။ ကျုပ်ရဲ့ဆရာက သူ့ကို ရုပ်လွန်ပညာရပ် ငါးသွယ် သင်ပေးခဲ့တယ်။ အဲဒါက ပါရမီ လိုအပ်ပြီး အင်မတန် ခက်ခဲတာ။ သူက နှစ်တွေအတော်ကြာတဲ့အထိ တိုးတက်မှု ရှိမလာဘူး။ အဲဒီတုန်းက ကျုပ်ရဲ့ဆရာက တောင်တွေပေါ်မှာ နေပြီး သင်ပေးခဲ့တယ်။ နောက်ပိုင်းကျမှ ကျင်းကျောင်းက တခြားနေရာကနေ အောက်လမ်းကျင့်တဲ့ အတတ်တွေ ရှာတွေ့ခဲ့တာ”

ချင်နျန်ချီက နှာခေါင်း ရှုံ့ ပြောလိုက်၏။

“သူက လေ့ကျင့်ဖို့အတွက် သက်ရှိဝိညာဉ်တွေကို စသုံးတော့တာပဲ။ ကျုပ်ရဲ့ဆရာ ရှာတွေ့တဲ့အချိန် နောက်ကျ လွန်းသွားပြီ။ ကျုပ်ရဲ့ဆရာက ဒေါသထွက်ပြီး အဲဒီနေရာက ထွက်လာတာ။ သူ့ကို မဆက်သွယ်တာ ဘယ်လောက်ကြာသွားပြီလဲ မသိဘူး။ မာကျင်းကျောင်းက တောတွေ တောင်တွေပေါ်နဲ့ တောတွေထဲမှာပဲ နေနေတာ။ သူ မြို့တော်ကို ဘယ်အချိန်တုန်းက ရောက်လာလဲ မသိဘူး”

ချန်းလျို့ချွင်က မပြောဘဲ မနေနိုင်တော့ပေ။

“သူ လေ့ကျင့်ဖို့အတွက် သက်ရှိဝိညာဉ်တွေကို သုံးနေတာ သိပြီဆိုရင် စောစောစီးစီး ဘာလို့ ရဲမတိုင်လဲ”

ချင်နျန်ချီက နှာခေါင်း ရှုံ့လိုက်၏။

“ဒါ ကျုပ်ကိစ္စ မဟုတ်ဘူးလေ။ သူ့အကြောင်း ခင်ဗျားတို့ သိပြီးပြီဆိုတော့ ကျေးဇူးပြုပြီး ထွက်သွားလိုက်ပါတော့”

83 02

သူ အမှန်အတိုင်း ပြောနေတာ ဖြစ်သည်။ သူက ဤစီနီယာ အစ်ကိုနှင့် အဆက်အသွယ် မရှိပေ။ သူသည် ယခင် နှစ်များက တောင်ပေါ်ရှိ ခက်ခဲကြမ်းတမ်းသော ဘဝကို သည်းမခံနိုင်သောကြောင့် ထွက်ပြေးလာတာ ဖြစ်လောက်သည်။

မိစ္ဆာကျင့်ကြံသူ၏ အမည်နှင့် အထောက်အထားကို သိပြီးနောက် လုံချီရှောင်က ထရပ်ကာ ပြောလိုက်သည်။

“ဟုတ်ပြီ။ ဒါဆို မင်းကို မနှောင့်ယှက်တော့ဘူး”

နှစ်ယောက်သား ထွက်သွားပြီးနောက် ချင်နျန်ချီက အိပ်မပျော်တော့ပေ။ သူက အပေါ်ထပ် အခန်းသို့ သွားပြီး မီးမဖွင့်ပဲ ပြတင်းပေါက်ရှေ့၌ ခြေဗလာဖြင့် ရပ်နေကာ ညလယ်ခေါင်တွင် မီးများစည်းကားနေသေးသည့် မြို့တော်ကို ကြည့်၏။ သူ၏ အကြည့်ထဲတွင် နှစ်ပေါင်းထောင်ချီကြာ အထီးကျန်မှုများဖြင့် ပြည့်နေပုံပေါ်သည်။

လုံချီရှောင်နှင့် ချန်းလျို့ချွင်က ရဲစခန်းသို့ ပြန်သွားပြီး မာကျင်းကျောင်းကို တစ်ညလုံး စုံစမ်းစစ်ဆေးခဲ့၏။

သူက တကယ်ကို ခေါင်းမာသူ ဖြစ်သော်ငြား ချင်နျန်ချီ၏ သက်သေထွက်ဆိုချက်နှင့် သူတို့လက်ထဲရှိ သက်သေတို့ဖြင့် သူက အောက်လမ်းကျင်ကြံသူဟု ဒီအထောက်အထားကို မဖုံးကွယ်ထားနိုင်တော့ပေ။ ထို့ကြောင့် သူတို့က အထက်အရာရှိများကို ချက်ချင်း အကြောင်းကြားပြီး သူ၏ကျင့်ကြံမှုကို ဖျက်လိုက်၏။ အမှုကို စီရင်ပြီးသည့်အချိန်အထိ စောင့်ရမည်ဖြစ်ကာ သူ တစ်သက်လုံး ထောင်ထဲတွင် နေရတော့မည်။

ယွီယွီသည် ထို့ညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သော်ဌား သူ၏ဇီဝနာရီအရ သူသည် လေးနာရီဝန်းကျင်၌ နိုးလာသည်။

သူမက သပုလ္လင်ခွေချိတ် ထိုက်ပြီးနောက် ခန္ဓာကိုယ်ထဲ ဝိညာဉ်စွမ်းအင်များ ပတ်လည်လိုက်သည်။ နှစ်နာရီ ကြာပြီးနောက် သူမ မျက်လုံးဖွင့်လျှက် စိတ်ကြည်လင်လာတော့သည်။ သူမ ရေချိုး အဝတ်အစားလဲပြီးနောက် အောက်ထပ်သို့ ဆင်းလိုက်၏။ သူမ၏ ဝမ်းဗိုက်သည် သုံးလပြည့်ရန် ဆယ်ရက် လိုနေသေးသည်။ အဝတ်အစား ဝတ်ချိန်တွင် ဗိုက်အနည်းငယ် ဖောင်းနေတာကို မြင်ရ၏။ သို့သော် အဝတ်အစား ဝတ်ထားချိန်တွင် သတိမပြုမိလောက်ပေ။

ချင်ယွီစွေက မီးဖိုချောင်ထဲတွင် ဆန်ပြုတ်ချက်နေ၏။ မနက်ခင်း၌ သူပြုလုပ်သည့် ဆန်ပြုတ် ရနံက မွှေးပျံ့နေကာ သူသည် ရင်အိမ်မှ ဆားရည်စိမ်များလည်း သယ်လာသည်။ သူက ယွီယွီအတွက် နို့တစ်ခွက် အပူပေးလိုက်သည်။

ယွီယွီသည် အရင်ဆုံး နို့သောက်ပြီးနောက် ခွက်ဆေးကာ သိမ်းပြီး ဟင်းများ သယ်ပေး၏။

ကျွဲခေါင်းသီးက အလွန် လတ်ဆတ်ပြီး နူးညံ့၏။ အိမ်မှ သယ်လာသည့် ဆားရည်စိမ်များကလည်း ဆန်ပြုတ်နှင့် စားရတာ အရသာ ရှိလှပေသည်။ သူမသည် ဆန်ပြုတ် နှစ်ပန်းကန် သောက်လိုက်၏။ စားသောက်ပြီးနောက် ပန်းကန်ဆေးချင်ပေးချင်သော်ငြား ချင်ယွီစွေက ဆေးခွင့် မပေးပေ။

မနက်စာ စားပြီးနောက် နှစ်ယောက်သားသည် လက်စွပ် လုပ်ရန် ဆိုင်သို့ သွားလိုက်၏။ ဆိုင်ရှင်က ချင်ယွီစွေကို ကြည့်ပြီး တလေးတစား ပြောလိုက်၏။

“မစ္စတာချင်။ လက်စွပ်တွေ လုပ်ပြီးပါပြီ။ ဝတ်ကြည့်လို့ ရပါတယ်။ မတော်ရင် ပြင်လို့ ရပါတယ်”

ဆိုင်မန်နေဂျာ ပြောပြီးနောက် သူသည် စိန်လက်စွပ်နှစ်ကွင်းကို ဗန်းဖြင့် ဂရုတစိုက် သယ်လာသည်။

အမျိုးသမီး၏ စိန်လက်စွပ်၌ သန့်စင်မှု မြှင့်မားသည့် အနီရောင်စိန် မြုပ်ထားပြီး အလင်းရောင်အောက်၌ တောက်ပနေကာ လှပနေ၏။

ဆိုင်မန်နေဂျာက မိတ်ဆက်ပေးလိုက်သည်။

“ဒါက မစ္စတာချင်ပို့ပေးတဲ့ အနီရောင် စိန်နဲ့ လုပ်ထားတဲ့ စုံတွဲ လက်စွပ်ပါ။ အမျိုးသမီး လက်စွပ်ပေါ်က အနီရောင် စိန်က ငါးကာရက် ရှိပြီး အင်မတန် သန့်စင်တယ်။ အမျိုးသား လက်စွပ်ပေါ်မှာ မြုပ်ထားတာက အနီရောင် စိန်က ဖြတ်စတွေပဲ။ ဝတ်ကြည့်လို့ ရပါတယ်”

ပုံစံနှစ်ခုလုံးက အင်မတန် ရိုးရှင်းသည်။ အမျိုးသမီးလက်စွပ်ပေါ်ရှိ အနီရောင် စိန်က အင်မတန် လှပပြီး အမျိုးသားလက်စွပ်ကမှု စိန်အသေးလေးသာ မြုပ်ထားပြီး အလွန်ကို ကြော့ရှင်းသည့် ပုံသဏ္ဌာန်ရှိသည်။

ယွီယွီက ဤစိန်လက်စွပ်ကို အလွန် နှစ်သက်၏။ သူမ ယခင်ဘဝ၌ လက်ဝတ်ရတနာ မပြတ်လပ်သော်ငြား ယခု ထို့ခေတ်က လက်ဝတ်ရတနာများသည် ယခုလောက် သန့်စင်ခြင်း မရှိပေ။

83 03

ချင်ယွီစွေသည် ဗန်းပေါ်မှ လက်စွပ်ကို ယူပြီး ယွီယွီအား ဝတ်ပေးလိုက်သည်။ သူမ၏ လက်ချောင်းများက ကြောင်မြှီးပန်းကဲ့သို့ အလွန် သွယ်လျနေသည်။ လက်စွပ်ဝတ်ပြီးနောက် သူမ့လက်က ခရင်ကဲ့သို့ ပိုမိုဖြူဖွေး နူးညံ့လာတော့သည်။

ဆိုင်မန်နေဂျာနှင့် အနားရှိ ဆိုင်အကူများက မှင်သက်သွားကာ အသက် အောင့်ထားမိသည်။

ယွီယွီက ချီးကျူးလိုက်၏။

“လက်စွပ်က လှလိုက်တာ”

ဤစိန်လက်စွပ်သည် မျက်စိ ဖမ်းစားနိုင်သော်ငြား အရောင်နှင့် တောက်ပမှုက အလွန် သိမ်မွေ့သည်။ သို့သော် သူမ မွေးရပ်မြေသို့ ပြန်ချိန်၌ နေ့စဉ် ဝတ်နေလျှင် အလွန်ချဲ့ကားရာ ရောက်လိမ့်မည်။ သူမ မင်္ဂလာဆောင်ချိန်ကျမှသာ ဝတ်နိုင်လိမ့်မည်။

ယွီယွီသည် ဗန်းပေါ်မှ အမျိုးသားဝတ် လက်စွပ်ကို ယူပြီး ချင်ယွီစွေအား ဝတ်ပေးလိုက်၏။ သူ၏ လက်ဖဝါးက ကျယ်ပြောကာ လက်ချောင်းများက အရိုးအစစ် ထင်ရှားပြီး လက်၌ အသားမာများ ပြည့်နေတော့သည်။ သူ၏လက်ချောင်းများက ရှည်သော်ငြား မိန်းမ မဆန် လက်စွပ်ဝတ်ထားချိန်၌ ကြည့်ကောင်းလှ၏။

ဝတ်ကြည့်နေစဉ် ဆိုင်အပြင်ကနေ နေကာမျက်မှန် ဝတ်ထားသည့် အမျိုးသမီးတစ်ဦး ရောက်လာကာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်လိုက်ပါလာပြီး သူတို့ လက်ထဲ၌ တစ်စုံတစ်ခုကို သယ်ထားသည်။

နေကာမျက်မှန် ဝတ်ထားသည့် အမျိုးသမီးက ဆံနွယ်ရှည်များ ရှိပြီး နာမည်ကျော် တံဆိပ်မှ နွေရာသီ ဝတ်စုံအသစ်ကို ဝတ်ထားတာ ဖြစ်၏။ သူမက ဆိုင်သို့ လျှောက်လာပြီး ယွီယွီ၏ လက်ချောင်းပေါ်ရှိ စိန်လက်စွပ်ကို မြင်သောအခါ ရပ်တန့်သွား၏။ ပြီးနောက် ယွီယွီဘက် လျှောက်လာကာ မောက်မာထောင်လွှားစွာ ပြောလိုက်လေ၏။

“နင့်လက်ပေါ်က စိန်လက်စွပ်ကို ချွတ်လိုက်။ ငါ ဝတ်ကြည့်ချင်တယ်”

ယွီယွီက စိတ်အခြေအနေ မကောင်းတော့ပေ။

သူမ ကံများ ဆိုးနေသလား။ ဩဂုတ်လ စရုံရှိသေး အရူး နှစ်ယောက် တွေ့ပြီးပြီ။ မနေ့က ရှောင်ရှီ။ ဒီနေ့ တစ်ယောက်။

ဆိုင်မန်နေဂျာက ထိတ်လန့်သွား၏။ သူက ချင်ယွီစွေ၏ အထောက်အထားကို သိထားသောကြောင့် ချက်ချင်းပင် ပြန်ဖြေပေးဖို့ ရောက်လာသည်။

“မစ့် ဒီစိန်လက်စွပ်က မစ္စတာချင်အတွက် အပ်ထားတဲ့ လက်ထပ် လက်စွပ်ပါ။ ရောင်းဖို့ မဟုတ်ပါဘူး။ အဲဒီကို သွားပြီး တခြားလက်စွပ်တွေ ကြည့်ကြည့်ပါလား။ ကျွန်မတို့ ဆိုင်ထဲမှာ စိန်လက်စွပ်တွေ အများကြီး ရှိတယ်”

ယွီယွီ၏ လက်ချောင်းပေါ်ရှိ အနီရောင် စိန်လက်စွပ်က မျက်စိဖမ်းစားနိုင်စွမ်း ရှိလွန်းသည်။ ကျောက်စိမ်းကဲ့သို့ ဖြူသွယ်သော လက်ချောင်းနှင့် တောက်ပသည့် အနီရောင် စိတ်လက်စွပ်က မျက်စိ ဖမ်းစားနိုင်လွန်း၏။

နေကာမျက်မှန်ဖြင့် အမျိုးသမီးက ယွီယွီ၏ လက်ကို ကြည့်လိုက်သည်။ သူက ဤစိန်လက်စွပ်ကို တကယ် နှစ်သက်နေ၏။

ယွီယွီက လက်ကို ရုတ်ကာ အမျိုးသမီးကို လျစ်လျူရှုထားသည်။ ဤနှစ်က သူမ၏ ကံဆိုးနေသည့်အလား ဖြစ်လောက်သည်။ ထို့ကြောင့် သူမ ရွာသို့ ပြန်ရောက်ပြီးနောက် အပြင်ထွက်တာ လျော့သင့်သည်။

တကယ်တော့ ဤအခြေအနေက လက်တွေ့တွင် ချီးကျူးစရာ မဟုတ်ပေ။ လူချမ်းသာများ သို့ ဒီမဟုတ် ရုတ်တရက် ချမ်းသာလာသည့် သူတို့သည် တခြားတစ်နေရာ၌ ပိုက်ဆံ သုံးဖြုန်းကြပြီး ဒီလောကကြီးရှိ အရာအားလုံးကို ဝယ်ယူနိုင်မည်ဟု ထင်နေကြသည်။

နေကာမျက်မှန်ဖြင့် အမျိုးသမီးက စိတ်မပျော် ဖြစ်သွားလေ၏။

“ငါ ဘယ်သူလဲ မသိဘူးလား။ အခု သူ့လက်ပေါ်က လက်စွပ်ကို သဘောကျတယ်”

ဆိုင်မန်နေဂျာက ငြင်းဆန်လိုက်၏။

“မစ့် ဒါ မဖြစ်နိုင်ပါဘူး။ ဒီလက်စွပ်ကို မစ္စတာချင်က စိန်နီကို သုံးပြီး လုပ်ထားတာပါ။ ကျွန်မတို့ ဆိုင်အပိုင် မဟုတ်ဘူး”

နေကာမျက်မှန်ဖြင့် အမျိုးသမီးက ထို့စကားကို ကြားသောအခါ ချင်ယွီစွေကို ကြည့်လိုက်၏။ ပြီးနောက် သူမ ခဏတာ မှင်သက်သွားကာ ချင်ယွီစွေဘက် လျှောက်လာပြီး ပြောလိုက်သည်။

83 04

“ဆရာ ရှင်ရဲ့ စိန်နီလက်စွပ်ကို ကျွန်မ တကယ် သဘောကျတယ်။ ပေးလို့ရမလား သိချင်မိတယ်”

သူမအသံက ချိုမြနေကာ အနည်းငယ် ကလူတူတူ နိုင်နေ၏။ အစောတုန်းက နိုင်လွန်မင်းထက် သဘောထားနှင့် ဆန့်ကျင့်ဘက်ပင်။

ချင်ယွီစွေက ဤကဲ့သို့သော အရာမျိုးကို မနှစ်သက်ပေ။ သူက ထို့သို့သော လူမျိုးကို အာရုံတောင် မစိုက်ချင်။ သူက ယွီယွီကို တီးတိုး ပြောလိုက်သည်။

“ကိုယ်တို့ မင်္ဂလာဖိတ်စာ လုပ်ဖို့ တစ်ချက် သွားကြည့်မလား”

သူသည် မင်္ဂလာဆောင်ဖိတ်စာနှင့် အခြားအလုပ်များကို သီးသန့် မှာယူချင်၏။ အချိန်ကျလာချိန်၌ ပို့ပေးနိုင်မှာပဲ ဖြစ်သည်။

“ဟုတ်ပြီလေ”

ယွီယွီက ပြုံးလိုက်သည်။

“ဒါဆို တန်းသွားရအောင်။ လက်စွပ်ကို သိမ်းထားလိုက် ရှင် လက်ထပ်ရင် လိုမှာပဲ”

ထို့သို့ ပြောပြီးနောက် စိန်လက်စွပ်ကို ချွတ်ကာ ဆိုင်မန်နေဂျာအား ထုပ်ပိုးခိုင်းလိုက်သည်။

နေကာမျက်မှန်ဖြင့် အမျိုးသမီးသည် လျစ်လျူရှု ခံထားရသောကြောင့် စိတ်အခြေအနေ မကောင်းတော့ပေ။ သူမ ဒေါသ ပေါက်ကွဲ ပစ်ချင်ပုံပေါ်၏။

သူမနောက်ရှိ အမျိုးသားက အရှေ့သို့ အမြန်တက်လာကာ ဘေးသို့ ဆွဲလျှက် တီးတိုး ပြောလိုက်သည်။

“မိန့်ယွီ မင်းက အခု နာမည်ကျော်တစ်ယောက် ဖြစ်နေပြီ။ ဒီလို ပြုမှုလို့ မရဘူး။ ဖော်ထုတ်ခံရလိမ့်မယ်။ ဒီလက်စွပ်ကို တကယ် သဘောကျရင် ဒီမိန်းကလေး ပေးချင်လား မေးရမှာပေါ့”

ယင်းသည် တစ်စုံတစ်ယောက်၏ မင်္ဂလာလက်စွပ်ဖြစ်သည်။ သူက မေးရမှာ ရှက်ရွံ့လွန်းနေသော်ငြား သူ၏သူဌေးက ရန်မိန့်ယွီကို ပံ့ပိုးပေးနေပြီး သူ့ကို စော်ကား၍ မရပေ။

သူက ရန်မိန့်ယွီ၏ အေဂျင့် မောက်ရန်ပဲ ဖြစ်သည်။

ရန်မိန့်ယွီက ကြည့်ကောင်း၏။ သူမသည် လွန်ခဲ့သည့် နှစ်ဝက်ခန့်က အရည်အသွေးပြ ရှိုး၌ ပေါ်လာပြီး ဖြစ်ရပ်နောက်ကွယ်ရှိ ဘော့စ်၏ ပံ့ပိုးပေးခြင်း ခံထားရသည်။ သူမက နာမည်ကျော်လာလေ၏။

ယင်းသည် ဆင်းရဲသားများ ရုတ်တရက် ချမ်းသာလာချိန် ပြုလုပ်တတ်သည့် အမှုအကျင့်မျိုး ဖြစ်၏။ သူတို့က အလွန် မောက်မာထောင်လွှားနေကာ အလိုရှိသမျှ ဝယ်ချင်၏။ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က သူတို့သည် ကမ္ဘာကျော် ကန့်သတ်ထုတ် အိတ်အတွက် မြို့တော်တွင် သူဌေးသမီးတစ်ယောက်နှင့်တောင် ယှဉ်ပြိုင်ခဲ့၏။ တစ်စုံတစ်ယောက်က ယင်းကို အွန်လိုင်းပေါ်တွင် ဖော်ထုတ်ခဲ့သည်။ ကံကောင်းသည်မှာ ပြည်သူ့ဆက်ဆံရေးဌာနက အကျယ်ကျယ် မဖြစ်အောင် အချိန်ပေး ကာကွယ်ခဲ့သည်။

ယနေ့တွင်မှု သူမက တခြားတစ်ယောက်၏ လက်ထပ်လက်စွပ်တို့ကို ခိုးယူချင်ပြန်သည်။

သို့သော် သူက ရန်မိန့်ယွီ၏ အေးဂျင့် ဖြစ်ကာ သူမ၏ စိတ်နေ သဘောထားကို သိသည်။ သူ ဘာမှ မပြောလျှင် သူမ ဒေါသထွက်ပြီး ဘော့စ်က ဤကိစ္စ အွန်လိုင်းပေါ်ရောက်သွားချိန်၌ သူ့ကို အပြစ်တင်လိမ့်မည်။

မောက်ရန်က ယွီယွီဆီ လျှောက်သွားပြီး တီးတိုး ပြောလိုက်၏။

“မစ့် ဒီစိန်လက်စွပ် ဘယ်လောက်ကျသင့်လဲတော့ မသိဘူး။ ကျွန်တော်တို့ ဒီထက်ပိုပေးချင်ပါတယ်။ ကျွန်တော့် ဘော့စ် သူဌေးက ဒီစိန်လက်စွပ်ကို အလွန်နှစ်သက်နေတာ လက်လျော့ပေးနိုင်မလား”

ယွီယွီက ထို့အမျိုးသား၏ မျက်နှာကို အချိန်အတော်ကြာ ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

“မပေးဘူး”

မောက်ရန်က ခါးသက်သော မျက်နှာဖြင့် ပြောလိုက်၏။

“မစ့် နှောင့်ယှက်မိတာ တောင်းပန်ပါတယ်”

သူက ရန်မိန့်ယွီဆီ လျှောက်သွားကာ ပြောလိုက်၏။

83 05

“သူ မပေးချင်ဘူး။ တခြား စိန်လက်စွပ် ကြည့်ရင်ရော”

ရန်မိန့်ယွီက ဒေါသထွက်လာပြီ ဖြစ်သည်။

“ဒါပေမဲ့ ဒါကိုပဲ ကြိုက်တာ”

ဤစိန်နီလက်စွပ်က အလွန်လှပ၏။ ဤကဲ့သို့ လှပသည့် လက်စွပ်မျိုး မတွေ့ဖူးပေ။

သူမ ဒေါသထွက်နေပြီ ဖြစ်ကာ စာရင်းကမှု သူမကို လှည့်မကြည့်ပဲ မနေနိုင်တော့ပေ။

စာရေးတစ်ယောက်က ပြောလိုက်၏။

“သူ့ကြည့်ရတာ ရင်းနှီးနေပုံပဲ။ အဲဒါ စူပါစတား အရည်အချင်းပြ ရှိုးက ရန်မိန့်ယွီ မဟုတ်ဘူးလား”

“သူ ဖြစ်လောက်တယ်။ သူက ဘယ်လိုလုပ် ဒီလိုလူ ဖြစ်နေရတာလဲ။ လွန်လွန်းတာပဲ ဒီစိန်တွေကို ဧည့်သည်က လက်ထပ်လက်စွပ် လုပ်ဖို့ ပို့ထားတာလေ။ သူက တခြားတစ်ယောက်ရဲ့ လက်ထပ်လက်စွပ်ကို လိုချင်နေတယ်”

“လွန်လွန်းအားကြီးတာပဲ။ နာမည်ကြီး ဗီက သူရဲ့ မိသားစု အင်မတန် ဆင်းရဲတယ်လို့ ဖော်ထုတ်ထားတာ မဟုတ်လား။ သူက ကျေးလက်က လာတာဆို သူ ရှိုးမှာ ပေါ်လာတာ နှစ်ဝက်လောက်ပဲ ရှိသေးတယ်။ ဒီစိန်နီလက်စွပ်ရဲ့တန်ဖိုးက သန်း ၃၀ ကျော်တယ်။ သူလို့ နာမည်ကျော် စတားတစ်ယောက်က ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ”

ရန်မိန့်ယွီ။

ယွီယွီသည် ဤနာမည်ပေါ် အမြင်တချို့ ရှိ၏။ သူမ့စိတ်ထဲ၌ တွေးမိသွားပြီး နောက်ဆုံးအခေါက် ရုပ်လွန်ပညာ နှီးနှောဖလှယ်ပွဲ၌ သရဲခြောက်ခံရသည့် မြေအောက်ခန်းထဲတွင် သဘာဝလွန် ဖြစ်ရပ်များကို တိုက်ရိုက်ထုတ်လွှင့်သည့် ဝမ်ရှန်ဟု အမည်ရသည့် တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်နှင့် တွေ့ခဲ့တာ မှတ်မိသွားသည်။ သူမကလည်း ရုပ်သံလွှင့်မှု၌ မျက်နှာနှစ်ခု ပြသခဲ့သည်။ ကြည့်ရှုတစ်ချို့က သူမကို ကြည့်ကောင်းသည်ဟု ချီးကျူးကြပြီး ကျန်သည့် သူများကမှု သူမ ရန်မိန့်ယွီနှင့် မယှဉ်နိုင်ဟု ဆိုပြီး ရန်မိန့်ယွီနှင့် ယှဉ်ခဲ့၏။

အဆုံးကျ ရုတ်ရုတ်သဲသဲ ဖြစ်လုနီးပါး ဖြစ်ခဲ့သည်။

နေကာမျက်မှန်ဖြင့် အမျိုးသမီးက ရန်မိန့်ယွီပဲ ဖြစ်သည်။

******

All Chapters