အခန်း ၈၄
Vol. 9 Ch. 84
84 01
အပိုင်း 84
ရန်မိန့်ယွီသည် ဤစိန်တစ်ခုတည်းက သန်း ၃၀ ကျော်ကြောင်း ကြားသောအခါ အနည်းငယ် ထိတ်လန့်သွားသည်။ သူမက သူမအခြေအနေကို ကောင်းစွာ သိ၏။ သူမဘော့စ်၏ ပံ့ပိုးပေးမှုကြောင့် နာမည်ကြီးလာတာပဲ ဖြစ်သည်။ သူမသည် အရည်အချင်းပြ ရှိုး၌ ပေါ်ပေါက်လာသည့် ကြယ်ပွင့်တစ်ယောက် ဖြစ်သည်။ အလှတရားမှအပါး တခြားသော အရည်အချင်း မရှိပေ။ သူမသည် သီချင်းဆိုရာ၌ မတော်။ ကခုန်ရာတွင်လည်း မကောင်း။ အရည်အချင်းပြပွဲက အပြီးမသတ်သေးဘဲ သူမက စာချုပ်ကြောင့်် အချိန်အတိုင်းအတာ တစ်ခုအထိ သရုပ်ဆောင်သည့်အလုပ် ကြော်ငြာရိုက်ခြင်းများကိုလည်း မလုပ်နိုင်ပေ။
တကယ်တော့ သူမ၌ ပိုက်ဆံ ခပ်များများစားစား မရှိပေ။ သူ သုံးနေသည့် ပိုက်ဆံများကိုလည်း သူမသူဌေးက ပေးထားတာ ဖြစ်သည်။
သူမသူဌေးက သူ့ကို ထောက်ပံ့ပေးထားပြီး သူမ နေထိုင်ရန် တိုက်ခန်းတစ်ခု ဌားရမ်းပေးထားကာ လစဉ်လတိုင်း မုန့်ဖိုး ယွမ် နှစ်သိန်း ပေးပေ၏။
သူမသည် အိတ်ကအစ အဝတ်အစားအထိ အရာအာလုံး စိတ်တိုင်းကျခဲ့၏။ မနေ့က ဘော့စ်ကို အလွန် စိတ်ပျော်စေခဲ့ပြီး သူမ၌ လက်စွပ်မရှိကြောင်း ပြောခဲ့သည်။ ထိုအချိန် သူဌေးက သူမကိုယ်တိုင် တစ်ကွင်း ရွေးဖို့ ပြောခဲ့သည်။
သူဌေးက သူမကို သာမန် တိုက်ခန်းတောင် မပေးလေရာ သန်း ၃၀ ကျော်တန်သည့် လက်စွပ်ကိုဆို ပေးမှာ မဟုတ်ပေ။
ရန်မိန့်ယွီက တုံ့ဆိုင်းသွားတော့သည်။
ဤအချိန် မောက်ရန်က စိန်သည် သန်း ၃၀ ကျော်တန်တာကို ကြားသောအခါ ရင်တုန်သွားလေ၏။
သူ ရန်မိန့်ယွီကို အထင်သေးသွားသည်။ သူမ၏ ဘော့စ်က သန်း ၃၀ ကျော်တန် လက်စွပ်ကို ဝယ်ပေးလိမ့်မည်ဟု အဘယ်ကြောင့် တွေးထင်နေရသနည်း။ မထင်သည့် ကြယ်ပွင့်လေးများကို စပွန်ဆာပေးချိန်တိုင်းတွင် သူက သူတို့ကို ညည်းငွေ့လာပြီးနောက် အချိန်အတိုင်းအတာ တစ်ခုအကြာတွင် နှင်ထုတ်လိုက်၏။ သူက သူတို့က အရင်းမြစ်ပီပီ လွတ်လွတ်လပ်လပ် သရုပ်ပြစေ၏။ နာမည်ကျော်ဖို့ကမှု သူတို့၏ အရည်အချင်းပေါ် မှုတည်သွားသည်။ သူတို့၌ နာမည်မကြီးလာပါက သူဌေးက သူတို့အား အရင်းအမြစ် ဆက်ပေးတော့မှာ မဟုတ်ပေ။
ကြယ်ပွင့်လေးတစ်ပွင့်ကို ထောက်ပံ့သည့် စုစုပေါင်းကုန်ကျစရိတ်က သန်းအနည်းငယ်မျှသာ ရှိသည်။ သန်း ၃၀ တန်တဲ့ လက်စွပ် သူမ တကယ် စိတ်ကူးဝံ့တယ်ပေါ့။
သူသည် စိန်လက်စွပ်၏ ကာရက်အလေးချိန်ကို သတိမပြုမိသည့် အရူးတစ်ယောက်သာ ဖြစ်သည်။ သူက သူမလက်ကိုသာ စိုက်ကြည့်နေမိသည်။ သန်း ၃၀ ကျော်တန်သည့် စိန်နီလက်စွပ်က ထိပ်တန်းအရည်အသွေး ရှိလိမ့်မည်။ နာမည်ကျော် ကြယ်ပွင့်များတောင် တစ်ခုလောက်သာ ရှိလောက်၏။
ယွီယွီက ဤကြယ်ပွင့်နှင့် အဆက်အသွယ် မလုပ်ချင်ပေ။
ကြယ်ပွင့်၏ ကံကောင်းမှုက အဆုံးသတ်ခါနီးပြီဖြစ်ကာ ကပ်ဘေး ကျရောက်တော့မည်မှန်း သိသော်ဌား သူမ ပြောရမှာ ပျင်းရိလွန်းနေ၏။
သူမက စိတ်ထားကောင်းသူ တစ်ယောက်လည်း မဟုတ်ပေ။ သူမကို စိတ်ပျက်စေသည့် သာမန်လူများနှင့် တွေ့သည့်အခါ သူတို့ကို ဒုက္ခပေးဖို့ ရုပ်လွန်ပညာ မသုံးပေ။ သူတို့ ကိစ္စကို လျစ်လျူရှုထားလိုက်ရုံသာ ရှိသည်။
ဆိုင်မန်နေဂျာက လက်စွပ်ကို ထုပ်ပိုးပြီးနောက် လက်ဆောင်သေတ္တာထဲထည့်ကာ ယွီယွီအား ပေးလိုက်၏။
ယွီယွီက ပစ္စည်းကို ယူပြီး ချင်ယွီစွေ၏ လက်ကို ကိုင်ကာ ထွက်သွားလိုက်သည်။
“သွားကြမယ်”
ချင်ယွီစွေသည် သူမ၏ နူးညံ့ပြီး အရိုးမဲ့သော လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လျှက် တံခါးဆီ လျှောက်သွားလိုက်သည်။
ရန်မိန့်ယွီက စိတ်တိုနေလေ၏။ သန်း ၃၀ ကျော်တန်သည့် စိန်လက်စွပ်ကို ဤကဲ့သို့ ချောမောခန့်ညားသည့် အမျိုးသားက သူ၏ သတို့သမီးလောင်းကို ပေးခဲ့သည်။ သူမကို ပံ့ပိုးပေးနေသည့် သူဌေးက ရုပ်ဆိုးပြီး သန်မာ၏။ သူသည် သူမရှေ့ရှိ မိန်းကလေးကဲ့သို့ လှပသူ ဖြစ်သည်။ အဘယ်ကြောင့်များ ထို့ကဲ့သို့ အမျိုးသားမျိုး မတွေ့ရသနည်း။
ရန်မိန့်ယွီသည် စိန်နီလက်စွပ်ကို ဝယ်ရန် ပိုက်ဆံပိုပေးချင်ကြောင်း လှမ်းမပြောရဲတော့ပေ။
84 02
သူမမိသားစုက ဆင်းရဲ မွဲတေခဲ့ပြီး သူ၌ အတွေ့အကြုံ မရှိသောကြောင့် စိန်လက်စွပ်တစ်ကွင်းက ဆယ်သန်းချီ တန်လိမ့်မည်ဆိုတာ မသိခဲ့ချေ။ သူမကိုယ်သူမတော့ သတိပြုမိသေး၏။ သူမသူဌေးက အိမ်၌ ဇနီးတစ်ယောက် ရှိနေပြီးသား ဖြစ်သည်။ ထို့ကြောင့် သူ့အဖို့ သူ့ဇနီးနှင့် ကွာရှင်းပြီး သူမကို လက်ထပ်ရန် မဖြစ်နိုင်ပေ။ ဆယ်သန်းကျော်တန်သည့် လက်စွပ်တစ်ကွင်း ပေးဖို့ဆိုတာ ပိုမဖြစ်နိုင်ပေ။ သူမ စိတ် မသက်မသာ ဖြစ်ကာ ဒေါသထွက်ပြီး စိတ်ပျက်လာ၏။ ထို့ကြောင့် ယွီယွီကို အနည်းငယ် မနာလို ဖြစ်မိသွားသည်။ ထို့ကြောင့် သူမ၏ ဒေါက်ဖိနပ်ဖြင့် ယွီယွီဆီ ဝင်တိုးသွားသည်။
ယွီယွီက တံခါးဆီ လျှောက်နေတာ ဖြစ်၏။ နှစ်လှမ်းခန့် လျှောက်ပြီးနောက် ရန်မိန့်ယွီ၏မျက်နှာ နီမြန်းလာကာ သူမဆီ ဝင်တိုးလာမှာကို တွေ့လိုက်ရသည်။
နှစ်ယောက်သား အင်မတန် နီးကပ်နေပြီ ဖြစ်သည်။ သူမက ရန်မိန့်ယွီ ဝင်တိုးတာကို ရှောင်ရန် အနောက်တစ်လှမ်း ဆုတ်လိုက်၏။
ရန်မိန့်ယွီက သူမ လဲကျချိန်၌ အောက်က အခံမရှိသောကြောင့် ကြမ်းပြင်ပေါ် တန်းပြုတ်ကျသွားကာ အရှက်ကွဲတော့သည်။
ဝန်ထမ်းတချို့ကဆို မရယ်ဘဲ မနေနိုင်တော့ပေ။
ရန်မိန့်ယွီက ဒေါသထွက်လွန်းသောကြောင့် သူမမျက်နှာကို ဂရုမစိုက်တော့ပဲ ထရပ်ကာ ကျိန်ဆဲတော့သည်။
“နင် ငါ့ကို ဘာလို့ ရိုက်တာလဲ”
ယွီယွီက လှည့်လာလျှက် အေးတိအေးစက် ပြောလိုက်သည်။
“နင် ကျပ်မပြည့်ဘူးလား။ နင် စိန်လက်စွပ်ကို မဝယ်နိုင်တာနဲ့ ဒေါသထွက်ပြီး ဒေါသဖောက်ခွဲချင်တာကြောင့် ငါ့ဆီကို ကမူးရှူးတိုး ပြေးလာတာ မဟုတ်ဘူးလား။ ဆိုင်ထဲမှာ စီစီတီဗီရှိတယ်။ တစ်ချက် ကြည့်ချင်လား”
“နင် နင်”
ရန်မိန့်ယွီက ယွီယွီကို လက်ညိုး ငေါက်ငေါက် ထိုးလျှက် ဒေါသထွက်နေသောကြောင့် စကား မပြောနိုင်တော့ပေ။
သူမ နေကာမျက်မှန်က ပြုတ်ကျသွားပြီး ဒဏ်ရာကြောင့် တောင့်တင်းနေသည့် မျက်နှာက ထုံကျင်မှု ပျောက်သွားသည်။ ယင်းက ဆိုင်ဝန်ထမ်းများစွာကို ထိတ်လန့် အံအားသင့်စေပြီး တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်၏။
“ဒီမျက်နှာက မာလိုက်တာ”
ရန်မိန့်ယွီက အမြန် နေကာမျက်မှန်တပ်လိုက်၏။
မောက်ရန်က စိတ်ပျက်နေပြီ ဖြစ်သည်။ ဤကြယ်ပွင့်က တကယ်ကို စိတ်တိုစရာ ကောင်းလှပေ၏။ သူက ယွီယွီကို တောင်းပန်စရာ ဆိုလိုက်သည်။
“မစ့် ကျွန်တော် တကယ်တောင်းပန်ပါတယ်။ သူ့ကိုယ်စား တောင်းပန်ပါတယ်”
“ရပါတယ်။ ရှင် တောင်းပန်ဖို့ မလိုဘူး”
ယွီယွီသည် အမှန်အမှား မခွဲနိုင်သူ မဟုတ်ပေ။ သူမက မောက်ရန်ကို ကြည့်ကာ ပြောလိုက်၏။
“ရှင့်ကို အကြံတစ်ခု ပေးလိုက်မယ်။ ဒီနာမည်ကြီးနဲ ဝေးဝေးနေ မဟုတ်ရင် ရှင် သွေးသံရဲရဲ ကြုံ့ရလိမ့်မယ်။ ရှင်ရဲ့ နဖူးက မည်းနေပြီ။ အလွန်ဆုံး နှစ်ရက်အတွင်း ရှင် သွေးထွက်လိမ့်မယ်။ အင်မတန် ပြင်းထန်တဲ့ ကပ်ဘေးတစ်ခုပဲ။ ကျွန်မမှာ အဆောင်တစ်ခု ရှိတယ်။ ရှင် လိုချင်လား။ ယွမ် တစ်သောင်းတန်တယ်။ ဒီတစ်ခေါက် ရှင် သိမ်းထားလို့ ရတယ်”
မောက်ရန်က ချွေးစေးများ ပြန်နေလေ၏။ ဤမိန်းကလေးက သမားယောင်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု မထင်ထားပေ။
ဤမိန်းကလေးအတွက် အတော်လေး မတရားဟု ခံစားမိသည်။ ထို့အပြင် သူမသည် လက်ထဲ၌ ယွမ် သန်း ၃၀ ကျော်တန့်သည့် လက်ထပ်လက်စွပ်ကိုင်ထားတာ ဖြစ်သည်။ ထို့ကြောင့် သူမက သူ့ကို ယွမ် တစ်သောင်းဖြင့် လိမ်မှာ မဟုတ်ပေ။
မောက်ရန်ကမှု မိုဘိုင်းဖုန်း သုံးပြီး ယွီယွီအား ယွမ် တစ်သောင်း လွှဲပေးလိုက်သည်။
ယွီယွီသည် သူမ၏ ကျောပိုးအိတ်ထဲကနေ အသင့်ပြုလုပ်ပြီးသား အဆောင်များထဲမှ တြိဂံ ပုံသဏ္ဌာန် အဆောင်တစ်ခုကို ထုတ်ကာ မောက်ရန်အား ပေးလိုက်သည်။
84 03
“ဒါကို သိမ်းထား။ ရှင် ဘေးကင်းလိမ့်မယ်”
သူမက ရန်မိန့်ယွီကို တစ်ချက်ကြည့်ပြီး မောက်ရန်ကို ပြောလိုက်၏။
“ရှင် စီမံပေးနေတဲ့ ကြယ်ပွင့်အတွက်ကတော့ သူရဲ့ အသက်မွေးဝမ်းကြောင်းက နှစ်ရက်အတွင်း ပျက်စီးလောက်တယ်။ နောက်ကျ ခက်ခဲတဲ့အချိန် ရှိလာမှာ။ ရှင် အနှေးနဲ့အမြန် နောက်ထပ် ကြယ်ပွင့်တစ်ယောက် ရွေးသင့်ပြီ”
အေးဂျင့်တစ်ယောက် ရှိဖို့က မလွယ်ကူပေ။ အားမကိုးရသည့် ကြယ်ပွင့်များနှင့် တွေ့လျှင် တကယ် ဒုက္ခရောက်လိမ့်မည်။
“နင် ဘာအဓိပ္ပာယ် မရှိတာတွေ ပြောနေတာလဲ။ နင် ငါ့ကို ကျိန်ဆဲ နေတာပဲ”
ရန်မိန့်ယွီသည် ဒေါသထွက်လွန်းသောကြောင့် ခုန်ဆွခုန်ဆွ ထရိုက်ချင်လာသည်။
ယွီယွီက သူမကို ကြည့်ကာ ပြောလိုက်၏။
“ငါ နင့်လိုလူတွေ တကယ် အမုန်းဆုံးပဲ။ နင် ငါ့ကို ဒေါ်လာ တစ်သန်း ပေးမယ်ဆိုရင်တောင် နင့် ကပ်ဘေးကို ဖယ်ရှားပေးမှာ မဟုတ်ဘူး။ နင့်ကိုယ်နင် ဂရုစိုက်တာ ပိုကောင်းလိမ့်မယ်”
ရန်မိန့်ယွီက ဒေါသတကြီး ခြေဆောင့်ကာ စူးရှသော အသံဖြင့် ပြောလိုက်၏။
“မောက်ရန် နင် သူ့ဘေးမှာ သေဖို့ စောင့်နေသေးတာလား။ ဒီကနေ ထွက်သွားမယ်။ ငါ ဒေါသထွက်နေပြီ။ ငါ ပြန်ရောက်တဲ့အချိန် သူဌေးကို နင့်ကို အလုပ်ဖြုတ်ခိုင်းမယ်”
မောက်ရန်က သုန်မှုန်နေသော မျက်နှာထားဖြင့် လျှောက်လာ၏။
“အန်တီ ကျေးဇူးပြုပြီး အသံတိုးပါအုန်း”
တချို့သော အကြောင်းအရင်းကြောင့် သူသည် ထိုမိန်းကလေး ပြောတာကို ယုံကြည်မိသည်။ ရန်မိန့်ယွီ၏ အကျင့်ရိုက်ဖြင့် သူမသည် အုတ်နံရံကို ဝင်တိုက်မိပြီး အမှောက်သိပ်ခံရနိုင်ချေ မြှင့်မားသည်ဟု ခံစားမိသည်။ သို့သော် သူက အေးဂျင့်ငယ်လေးတစ်ယောက်သာ ဖြစ်ပြီး ကုမ္မဏီက ချမှတ်ပေးသည့် ကြယ်ပွင့်များကို ဂရုစိုက်ရအုန်းမှာပဲ ဖြစ်သည်။
ရန်မိန့်ယွီက သူမ၏လက်ထောက်နှစ်ယောက်ကို တွဲလျှက် ထွက်သွားတော့သည်။
ယွီယွီကမှု အင်မတန် ကူကယ်ရာမဲ့သွားကာ ချင်ယွီစွေအား ပြောလိုက်၏။
“သွားကြမယ်”
သူ ထွက်သွားချိန်၌ သူမ နောက်ကွယ်တွင် ဆိုင်ဝန်ထမ်းများ ပြောနေတာ ကြားလိုက်ရ၏။
“တကယ် ရန်မိန့်ယွီပဲ ဘုရားရေ သူက အလှတရား စစ်စစ် မဟုတ်ဘူးလား။ တီဗီထဲကနဲ့ မတူဘူး။ သူရဲ့မျက်နှာက မာထန်နေတာပဲ”
“မျက်နှာပြင်ထားတယ် ထင်တယ်။ ဒီရန်မိန့်ယွီက အတော် ရယ်ရသားပဲ။ စိန်လက်စွပ်က သန်း ၃၀ ကျော် တန်တယ်ဆိုတာ ကြားသွားတော့ သူ တစ်ခွန်းမှ မပြောရဲတော့ဘူး။ ငါ ခုနက ရယ်မိလုနီးပါးပဲ”
“ရန်မိန့်ယွီက တကယ် တုံးအတာပဲ။ ဒါပေမဲ့ ဒီလက်စွပ်ကို မှာထားတဲ့ စုံတွဲက ဘယ်သူလဲ။ အမျိုးသားက သေလောက်တောင် ခန့်ညားပြီး ကျက်သရေ ရှိတယ်။ လက်စွပ်တစ်ကွင်းက သန်း ၃၀ ကျော်တန်တာ သူက ဝယ်ပေးချင်စိတ် ရှိတာပဲ”
…
ဆိုင်မန်နေဂျာက သက်ပြင်းချပြီး ပြောလိုက်၏။
“ဟုတ်ပြီ။ နင်တို့ ကြယ်ပွင့်လေးကြောင်း ကြိုက်သလို့ ဆွေးနွေးလို့ ရတယ်။ ဒါပေမဲ့ ကျန်တဲ့လူနှစ်ယောက်ကတော့ မင်းတို့ ပြောစရာ မဟုတ်ဘူး”
ဤဆိုင်ကို မစ္စတာချောင်ရီခွင်းက ပိုင်ဆိုင်တာ ဖြစ်သည်။ အထဲ၌ ပြသထားသည့် လက်ဝတ်ရတနာ ဒီဇိုင်းအားလုံးကို မစ္စတာချောင်၏ တပည့်များက ရေးဆွဲထားတာပဲ ဖြစ်သည်။ သို့သော် ဤစိန်လက်စွပ်တစ်စုံကိုမှု သူကိုယ်တိုင် ဒီဇိုင်းဆွဲပေးထားတာ ဖြစ်၏။ ပြီးပြည့်စုံအောင်လည်း လုပ်ဖို့ သေချာပေါက် မှာကြားထားသည်။
မစ္စတာချောင်နှင့် လုံမိသားစုဘိုးဘေးတို့က အသက်အရွယ် ကွာခြားသည့်တိုင် မိတ်ဆွေကောင်းများ ဖြစ်၏။ သူက ဤဆိုင်မန်နေဂျာ ဖြစ်သောကြောင့် ဝန်ထမ်းများ မသိသည့် ကိစ္စရပ်တချို့ကို သိသည်။
84 04
မစ္စတာချင်ယွီစွေအကြောင်းလည်း သိထားပေ၏။ သူသည် လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ကျင်စဉီးမောင်နှံ့အတွက် မစ္စတာချောင် ဒီဇီုင်း ဆွဲပေးထားသည့် ဖီးနစ်သဖူရကို မြင်တွေ့ရရန် ကံကောင်းခဲ့သူ ဖြစ်သည်။ ပစ္စည်းပြီးမြောက်သွားသည့်နှင့် ယင်းသည် အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါး ဖြစ်လာလိမ့်မည်။
မစ္စတာချင်က သူ့သတို့သမီးလောင်းကို တကယ် သဘောကျတာပဲ။ သူ့သတို့သမီးလောင်းက ဘာအလုပ်လုပ်လဲ မသိဘူး။ ခုနတုန်းက ပြောသွားတာကို ကြည့်ရင် သူက ရွှမ်းမန်ဂိုဏ်းက တစ်ယောက် များလား။
ယွီယွီတို့ ဆိုင်မှ ထွက်လာပြီးနောက် ဖိတ်စာများ၊ မင်္ဂလာသကြားလုံးများ၊ လက်ဆောင်အိတ်များနှင့် တခြားသော ပစ္စည်းများ မှာယူရန် သွားလိုက်၏။
ကားထဲဝင်ပြီးနောက် အဲယားကွန်း ဖွင့်လိုက်ချိန် မွန်းကြပ်နေသော ခံစားချက် ပြေပျောက်သွားသည်။ ယွီယွီက ခရီးသည်ခုံ၌ သက်တောင့်သက်သာ ထိုင်ကာ ရေတစ်ဗူး ထုတ်ကာ သောက်ပြီး ကျန်သည့် ရေကို ချင်ယွီစွေအား ပေးလိုက်သည်။ ယင်း၌ ဝိညာဉ်စွမ်းရည်များ ဖြည့်ထားသောကြောင့် အပူဒဏ်ကို သက်သာစေသည်။ တစ်ငုံသောက်ပြီးနောက် သူမရင်ထဲရှိ အပူဒဏ်က ဖြည်းဖြည်းချင်း လျော့ကျသွားသည်။
ချင်ယွီစွေက ကျန်သည့် ရေတစ်ဝက်ကို သောက်ကာ ပုလင်းအလွတ်ကို ပြန်ပေးလိုက်သည်။ သူမ စိတ်အခြေအနေ မကောင်းမှာ စိုးရိမ်နေသောကြောင့်် နှစ်သိမ့်လိုက်သည်။
“အစောတုန်းက မင်းအဆင်ပြေရဲ့လား”
ယွီယွီက ခေါင်းခါလိုက်သည်။
“ရတယ်။ ကျွန်မ ဒီလောက် ကံဆိုးနေတာပဲ။ အိမ်ပြန်ရောက်ရင် အပြင်ထွက်တာ လျော့လိုက်မယ်”
ကံဆိုးသည့်လသည် ရာသီခွင် လက္ခဏာများ ပြင်ပအချက်အလက်များနှင့် ပဠိပက္ခဖြစ်သည့်လကို ရည်ညွှန်းသည်။ ပုံမှန်ဆို ရေးကြီးခွင်ကျယ် မဟုတ်။ ပြဿနာ အနည်းငယ်မျှသာ ရှိ၏။ သို့သော်
“အဲဒီကို တန်းသွားပြီး ဖိတ်စာနဲ့ မင်္ဂလာသကြားလုံး မှာပြီးရင် ပြန်အနားယူရအောင်”
ယွီယွီက ခေါင်းညိတ်ပြီး တစ်စုံတစ်ခုကို တွေးမိသွားကာ သူမမျက်နှာ၌ အပြုံးများ ပြည့်နေ၏။ သူမ အနီးကပ်လာကာ မေးလိုက်သည်။
“ချင်ယွီစွေ ယွမ် သန်း ၃၀ ကျော်တန်တဲ့ စိန်လက်စွပ်က ဈေးမကြီးလွန်းဘူးလား။ ကျွန်မတို့ လက်ထပ်တာက ရှင် တာဝန်ယူမှုကြောင့်ပဲလေ။ ဒီလို တန်ဖိုးကြီးတဲ့ လက်ဆောင် ပေးဖို့ မလိုဘူးလေ”
စတီယာရင်ပေါ်ရှိ ချင်ယွီစွေ၏ လက်များ ရုတ်တရက် တင်းကြပ်သွားကာ ပုခုံးပေါ်ရှိ သွေးကြောများ ဖောင်းကြွလာ၏။ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“မဟုတ်ဘူး”
ယွီယွီက သူ့နား ကပ်လာ၏။
“ချင်ယွီစွေ ဘာ မဟုတ်တာလဲ”
သူမအသံက နူးညံ့သိမ်မွေ့ကာ သူ့နားကပ်လာချိန်တွင် ချိုမြိန်နူးညံ့သည့် အသက်ရှုနှုန်း ရှိနေ၏။ သူက တောင့်တင်းသွားတော့သည်။
သူ အချိန်အတော်ကြာ တွေးပြီးနောက် ပြောလိုက်၏။
“ဒါက ကိုယ့်ဘိုးဘေးတွေ ထားခဲ့တဲ့ဟာ။ ပေးဖို့ မလိုဘူး။ သိမ်းထားလိုက်”
သူ၏ နှုတ်ခမ်းက တင်းတင်း ကြပ်ကြပ် စေ့ပိတ်ထားတာကို မြင်ပြီး ယွီယွီက စနောက်တာ ရပ်ကာ သူ့ဘက်မှ ထွက်လာပြီး ခုံတွင် ပြန်ထိုင်လျှက် ပြုံးကာ ပြောလိုက်သည်။
“ဟုတ်ပြီ။ ကျွန်မ သိပြီ။ ချင်ယွီစွေ သွားကြမယ်”
ကားက ရပ်နားရာ နေရာမှ ထွက်လာပြီးနောက် အပြင်သို့ မောင်းထွက်သွားသည်။
သူတို့သည် မင်္ဂလာဖိတ်စာဆောင်နှင့် အမျိုးမျိုးသော သကြားလုံးများကို ပြင်ဆင်ပြီးနောက် စရံငွေ ပေးချေကာ သူတို့ ဟယ်ချင်းရွာဆီ ပို့လာမှာကို စောင့်နေသည်။
နှစ်ယောက်သား မွန်းတည့်ချိန်အထိ အလုပ်များနေကာ ပြန်လာတော့သည်။ ယွီယွီက တစ်မနက်လုံး ပြေးလွှားနေရပြီး အနည်းငယ် ပင်ပန်းနေကာ စားချင်စိတ် မရှိ။
84 05
သူမ အိမ်ပြန်ရောက်ချိန်တွင် ဆိုဖာပေါ်တွင် လဲနေပြီး အအေးတောင် မသောက်နိုင်တော့ပေ။ ချင်ယွီစွေက သူမအတွက် ဖရဲသီးတစ်ပန်းကန် ခွဲပေးပြီးနောက် အစေ့ဖယ်ကာ သူမ စားဖို့ ပေးလိုက်၏။
ယွီယွီသည် ဖရဲသီးကို တစ်ကိုက် ကိုက်လိုက်သည်။ ချင်ယွီစွေ မီးဖိုချောင်ထဲ ပြန်သွားပြီး ချက်ပြုတ်နေ၏။ သူမ စားချင်သောက်စိတ် မရှိ။ ထို့ကြောင့် သူသည် ရင်အိမ်မှ သယ်လာသည့် ပြောင်းဖူးကို ယူကာ ဝက်နံရိုး ဟင်းချို ချက်ဖို့ ပြင်ဆင်လိုက်၏။ တစ်ရေး နိုးလာပြီးနောက် သောက်နိုင်မှာ ဖြစ်သည်။ သူမ နေ့လည်၌ စားသောက်ချင်စိတ် မရှိလျှင် သူသည် အဖွားရင် လုပ်ပေးလိုက်သည့် ပဲပိစပ်နှင့် အသားနှပ်နှပ် စင်းထားသည့်များကို ရောမွှေကာ ခေါက်ဆွဲအေးပေါ်တွင် ပြင်ပေးလိုက်မည်။ မုန်လာဉ၊ သခွားသီး၊ ဝက်သားလွှာ၊ မြေပဲများလည်း ပါဝင်၏။ အချဉ်အတွက်မှု ရှာလကာရည် လောက်နေပြီ ဖြစ်၏။ ငရုတ်သီးမှုန့်အနည်းငယ်ဖြင့် အလွန် စားချင်စဖွယ် ကောင်းလိမ့်မည်။
သူသည် ဤနည်းလမ်းကို အဖွားယွင်ဆီမှာ သင်ထားတာ ဖြစ်၏။
ယွီယွီက ထို့အစားအသောက်ကို အလွန်နှစ်ခြိုက်ပြီး အများအပြား စားခဲ့သည်။ ခေါက်ဆွဲအေးကို များများစားစား လုပ်ထားပြီး နှစ်ယောက်သား စားလိုက်၏။ ယွီယွီ ဗိုက်အနည်းငယ် ပြည့်သွားသည်။ နေ့လည်စာ စားပြီးနောက် သူမ ဘာမှ လုပ်စရာ မရှိ။ ထို့ကြောင့် ညနေစောင်း၌ လုံချီရှောင်နှင့်အတူ ဆက်စားရန် ပြင်လိုက်သည်။ သူမ အချိန်အတိုင်းအတာ တစ်ခုအထိ တစ်ရေး အိပ်ခဲ့သောကြောင့် အိပ်ရေးဝနေပြီ ဖြစ်သည်။ ထို့ကြောင့် သူမက ခေါင်းအုံးတစ်လုံးဖြင့် ဆိုဖာပေါ်တွင် ထိုင်ကာ တီဗီကြည့်နေ၏။ ချင်ယွီစွေကမှု သူမကို လိုက်ပို့ရန် အိမ်နေရင်း အဝတ်အစားများ လဲလိုက်တော့သည်။
******