← Chapters

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅

Vol. 9 Ch. 85

85 01

အပိုင်း 85

ယွီယွီသည် ချင်ယွီစွေကို ယခင်က တစ်ခေါက်ပြောဖူးသောကြောင့် သူက ယခုဆို မှန်မှန် မထိုင်တော့ပေ။ သူ၏ ကျောကို ဆိုဖာပေါ်တွင် အနည်းငယ် မှီထားလေရာ သူမအဖို့ သူ့ကို မှီရတာ ပိုဇိမ်ရှိသွားစေသည်။

ယွီယွီစိတ်ထဲ တစ်စုံတစ်ခု ရှိနေလေ၏။ သူမက အနေခက်သော အနေအထားဖြင့် ထိုင်နေပြီး ချင်ယွီစွေ၏ လက်မောင်းပေါ်တွင် မှီလုနီးပါး ဖြစ်နေ၏။ သူမ၏ လက်ချောင်းများက မရိုးသားသေးပေ။ သူမ၏ လက်ဖျားဖြင့် သူ့လက်ဖဝါးပေါ်ရှိ အသားမာများကို ပွတ်နေမိကာ သူမ ဤသို့ ပြုလုပ်နေခြင်းသည် သူ့ကို အလိုလို တောင့်တင်းသွားစေသည်။

သူမက ညအိပ် ဂါဝန်ကို ဝတ်ဆင်ထားပြီး ဖြူဖွေးသော ခြေသလုံးနှင့် ခြေဖဝါးတို့က အထင်သား ပေါ်နေတော့သည်။ ခြေသလုံးသားနှင့် ခြေဖဝါးတို့သည် ကျောက်စိမ်းကဲ့သို့ ချောမွေ့နေသည်။ သူမ၏ ခြေချောင်းလေးများကလည်း ပုလဲဖြူလေးများပမာ သေးငယ်ပြီး ချစ်စဖွယ် ကောင်းလှပေ၏။ သူမက ဆိုဖာပေါ်တွင် ခြေထောက်တင်ထားပြီး ရင်ပေါ် ခေါင်းမှီကာ အနားယူနေတာ ဖြစ်သည်။

ချင်ယွီစွေက အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။

“အိပ်ငိုက်နေရင် တရေး အိပ်လိုက်လေ”

ယွီယွီက ခေါင်းခါလိုက်၏။

“အိပ်မငိုက်ပါဘူး”

သူမက သူ့ကို မော့ကြည့်လိုက်သည်။ သူမမျက်လုံးများက တလတ်လတ် တောက်ပနေကာ နူးညံ့သော အသံဖြင့် ပြောလိုက်သည်။

“ချင်ယွီစွေ ရှင့်နှလုံးခုန်နှုန်း ဘာကြောင့် ဒီလောက် မြန်နေတာလဲ”

ချင်ယွီစွေက သူမကို ငုံ့ကြည့်လိုက်ချိန်တွင် မျက်လုံးထဲရှိ အလျှော့မပေးလိုသော အပြုံးကို တွေ့လိုက်ရသည်။ သူ၏စိတ်နှလုံး ပေါက်ကွဲလုမတတ်နီးပါး ဖြစ်သွားကာ ခံနိုင်ရည်ကလည်း အကန့်အသတ် ရောက်လုနီးပါး ဖြစ်သွား၏။

ယွီယွီကလည်း နောက်ပြန်ဆုတ်ပြီး ရည်ရွယ်ချက် မရှိပေ။ သူမ ထထိုင်လိုက်ပြီးနောက် သူ့ဘက်ကို လှည့်ကြည့်လိုက်၏။ အကြည့်ချင်း ဆုံသွားတော့သည်။

“မင်း အနားယူချင်လား”

သူ၏ အသံက ပိုအက်ကွဲတိုးလျလာသော်ငြား သူမ၏ ယခင်မေးခွန်းကို မဖြေနိုင်သေးပေ။

ယွီယွီက သူ့လက်ကို ကိုင်ထားသော်ငြား ရုတ်တရက် ဘေးတိုက် ထိုင်လိုက်၏။ သူက အလိုလိုပင် သူမခါးကို လက်ဖြင့် ကာပေးလိုက်ကာ သူမ လဲကျသွားမှာကို စိုးရိမ်သည်။ ဤအခြေအနေဖြင့် သူမက သူ့ရင်ခွင်ထဲ ရောက်လုနီးပါး ရှိနေသည်။

သူမက သူ၏ရင်ဘက်ပေါ် လက်တင်ကာ ခေါင်းမော့လျှက် နူးညံ့သော အသံဖြင့် မေးလိုက်သည်။

“ချင်ယွီစွေ ရှင် ကျွန်မ မေးတာ မဖြေသေးဘူး”

ယွီယွီသည် အမျိုးသားတစ်ယောက်၏ လက်မောင်းပေါ် ဤသို့ အရင်ဆုံး ထိုင်တာ ပထမဆုံးသော အကြိမ်ပဲ ဖြစ်သည်။ သူမလည်း ရှက်ရွံ့နေပြီး နှာရွက်အဖျားများက ရှက်ရွံ့နေမှုကြောင့် ပန်းနုရောင် သန်းနေကာ သူငယ်အိမ်တို့သည်လည်း အရည်ဝဲလာတော့သည်။

သူမ၏ ရှက်ရွံ့နေသော မျက်နှာကို ငုံ့ကြည့်ပြီး သူမနှုတ်ခမ်းတို့ တောက်ပ နီစွေးနေတာကို ကြည့်လိုက်မိ၏။ သူမ ခေါင်းကို မော့ထားချိန်တွင် လည်တိုင်က သွယ်လျ နူးညံ့သည်။ သူရဲ့ အကြည့်တို့က မင်ပမာ မည်းနက်လာ၏။ သူက သူမ၏ နူးညံ့သော ခါးကို ထိန်းကိုင်ထားပြီး ငြင်သာစွာ ပြောလိုက်တော့သည်။

“သွားနားတော့လေ”

“မနားဘူး”

ယွီယွီက သူနှင့်တန်းတူ ရှိနေ၏။ သူမရဲ့လက်က သူ့ရင်ဘတ်ကို ဖိထားပြီး သွယ်လျသော လက်ကို မြှောက်ကာ လည်တိုင်ကို ဆွဲဖက်လိုက်သည်။ သူ၏ခန္ဓာကိုယ်က ရုတ်ချည်း တောင့်တင်းသွားတော့သည်။

85 02

ယွီယွီက မှန်မှန် ရပ်နေချိန်တွင်တောင် သေးသွယ်ပုံပေါ်ပြီး သူမ မေးအနည်းငယ် မော့ထားလျှင် လည်ပင်းနားသာ ရောက်နိုင်၏။

သူမက အခြားလှုပ်ရှားမှုများ မပြုလုပ်ဘဲ လည်ပင်းကိုသာ ဖက်ထားကာ သူ့ကို ကြည့်ပြီး သူမမျက်လုံးထဲ၌ ဆောင်းအငွေ့များ ပြည့်နေတော့သည်။

ချင်ယွီစွေက သူမကို ကြည့်စဉ် အသက်ရှုနှုန်း အနည်းငယ် လေးလံလာ၏။ သူမကို ပွေ့လဲထားရပြီး သူက သူမကို ထိခိုက်စေမှာ စိုးရိမ်သည်။

ယွီယွီက သူ့ကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် ရုတ်တရက် သူ၏ မာကျောသော ရင်ဘတ်ကို နူးညံ့သော ခန္ဓာကိုယ်ဖြင့် ဖိထားလိုက်ကာ သူမ၏ နူးညံ့သော နှုတ်ခမ်းဖြင့် သူ့နှုတ်ခမ်းကို ပိတ်ဆို့လိုက်သည်။ သူမနှုတ်ခမ်းက အင်မတန် နူးညံ့၏။ သူမ ဤအတိုင်း ပိတ်ဆို့ရုံသာ ဖြစ်ပြီး မလိုလားအပ်သည့် လှုပ်ရှားမှုများ မပြုလုပ်ပေ။

ယွီယွီသည် သူမ၏ ခံစားချက်ကို ဖော်ပြပြီဟု ခံစားမိသည်။ သူကမူ သူမနှင့် အကွာအဝေးခြားနေ၏။

“ဟုတ်ပြီ။ ချင်ယွီစွေ နေ့လည်ကျ”

သူမက တစ်ခွန်းတောင် မပြောရသေးခင် သူက သူမကို ဆွဲဖက်ထား၏။ သူ၏ခေါင်းကို ငုံကာ သူမနှုတ်ခမ်းကို ကပ်လိုက်သည်။ သူ၏အနမ်းက သူမ သူ့ကို နမ်းခဲ့သည့် ပေါ့ပါးသော အနမ်းနှင့် မတူညီပေ။ ယင်းသည် အမျိုးသားတစ်ယောက်၏ အတပ်မက်ဆုံး စိတ်ဆန္ဒဖြစ်ပြီး အလိုလို တတ်ကျွမ်းမှု ဖြစ်သည်။ သူ၏ အသက်ရှုနှုန်းက လေးလံ အက်ကွဲနေပြီး နူးညံ့သော လျှာက သွယ်တန်းနေသော သွားကို တိုးဖွင့်လိုက်သည်။ သူက သူမ၏ခါးကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ခေါင်းကို ကိုင်ထားကာ သူမကို လွှတ်မြောက်ခွင့် မပေးဘဲ ဖက်တွယ်ထား၏။

ယွီယွီသည် အစ၌ တုံ့ပြန်သော်ငှား ခဏအကြာတွင် သူ၏လည်ချောင်း၊ နှုတ်ခမ်းနှင့် လျှာများ ထုံကျင်လာပြီး ခွန်အား မကျန်တော့ပေ။ သူမက သူ့ကို တွန်းထုတ်သော်ငြား မလှုပ်ပေ။

သူက သူမ၏ လျှာကို လိမ်ပတ်ကာ နူးညံ့သော နှုတ်ခမ်းကို စုပ်ယူလိုက်၏။ ယင်းက ဘယ်တော့မှ မလုံလောက်ပေ။

ယွီယွီသည် အနမ်းကြောင့် အသက်ရှုမဝ ဖြစ်လာပြီး မူးဝေလာသည်။ သူနောက်ဆုံး၌ သူမကို လွတ်ပေးချိန်တွင် မှင်သက်စွာ ပြောလိုက်တော့သည်။

“ကျွန်မ တရေး အိပ်ချင်တယ်”

သူမ၏နှုတ်ခမ်းထဲတွင် စကားလုံးတို့က ပျောက်ကွယ်သွား၏။ သူက သူမကို ထပ်တလဲလဲ နမ်းနေကာ နူးညံ့သော ခန္ဓာကိုယ်ကို ထိန်းကိုင်ထားလျှက် လွတ်မြောက်ခွင့် မပေးပေ။

ဤလူ အပြည့်အဝ လွတ်ပေးလိုက်သည့်အချိန်တွင် ယွီယွီက နံရံပေါ်တွင် ချိတ်ဆွဲထားသည့် နာရီကို တစ်ချက်ကြည့်မိသွားသည်။ နှစ်နာရီထိုးကြောင်း ပြနေတာ ဖြစ်သည်။ သူက သူမကို ဖက်ထားပြီး တစ်နာရီနီးပါး နမ်းခဲ့၏။

ယွီယွီ ငိုချင်သော်ငြား မျက်ရည်မကျ သူမသည် သူ့ကို ဤသို့ဖြင့် သူက သူမကို နှစ်သက်ကြောင်း ဖိအားပေးချင်ခဲ့ရုံသာ ရှိ၏။ တာဝန်ယူမှုကြောင့် လက်ထပ်တာမျိုး မဖြစ်စေချင်ပေ။

ထို့မျှ ရိုးရှင်းသည့် နေ့လည်ခင်းအနမ်းသည် သူ၏ ရင်ထဲ ဖိနှိပ်ထားသော သားရဲကို လွှတ်ပေးမိလိမ့်မည်ဟု မည်သူက ထင်မိမည်နည်း။ သူသည် အခါတိုင်းလို ထုံပေပေ ချင်ယွီစွေ မဟုတ်တော့ပေ။

သူ၏မျက်ဝန်းတို့က မည်းနက်နေသေး၏။ ယွီယွီက သူ့ရင်ဘတ်ပေါ် လက်တင်ကာ သိမ်မွေ့စွာ ပြောလိုက်တော့သည်။

“ချင်ယွီစွေ ကျွန်မ အိပ်ငိုက်နေပြီ”

“ဟုတ်ပြီ”

သူ၏အသံက အလွန် အက်ကွဲနေ၏။

“မင်း အနားယူဖို့ အခန်းပြန်ပို့ပေးမယ်”

သူမမျက်လုံးထဲရှိ မောပန်း နွမ်းနွယ်မှုကို မြင်သောအခါ ချင်ယွီစွေသည် သူမကို ထပ် အနိုင်မကျင့်နိုင်တော့ပေ။ ထို့ကြောင့် ထရပ်လျှက် သူမကို ပွေ့ချီကာ အခန်းထဲရှိ အိပ်ယာပေါ် သယ်သွားပေးလိုက်သည်။

85 03

ယွီယွီက တကယ် အိပ်ငိုက်နေပြီ ဖြစ်သည်။ အိပ်ယာနှင့် ထိလျှင် ထိခြင်း မျက်လုံးပိတ်ကာ အိပ်ပျော်သွားလေ၏။

ချိန်ယွီက အိပ်ယာဘေး၌ ဒူးတစ်ဝက်ထောက် ထိုင်နေပြီး သူမ အိပ်ပျော်နေတာကို မြင်သောအခါ သူမ၏ ဗိုက်ကို ပွတ်သပ်လိုက်မိသည်။ သူက ရှေ့သို့ တိုးမှီလာလျှက် နဖူးကို နမ်းလိုက်သည်။ ပြီးနောက် စောင်ပါးလေး ခြုံပြီးနောက် အခန်းထဲမှ ထွက်ကာ သန့်စင်ခန်းသို့ သွားလိုက်သည်။

ယွီယွီနိုးလာချိန်တွင် လေးနာရီ ကျော်နေပြီ ဖြစ်သည်။ လိုက်ကာချထားပြီး အခန်းက မှောင်နေ၏။

သူမက ထထိုင်လျှက် ခေါင်းအုံးကို မှီထားပြီး ပျင်းရိစွာ အကြောဆန့်လိုက်၏။ ရုတ်တရက် နေ့လည်တုန်းက အနမ်းကို သူမ မှတ်မိသွားသည်။ အနည်းငယ် ဖူးရောင်နေသော နှုတ်ခမ်းကို သူမ ထိမိသွား၏။ မျက်လုံးတို့က ကွေးတက်သွားကာ အပြုံးတို့သည် လခြမ်းကွေးသဏ္ဌာန် ဖြစ်သွားတော့သည်။

သူမရင်ထဲ ပျော်ရွှင်မှုများ၊ ကျေနပ်မှုများ ပြည့်နေ၏။ သူမ ဖိနပ်တောင် မစီးဘဲ ခြေဗလာဖြင့် အောက်ထပ် ပြေးဆင်းသွားသည်။ ချင်ယွီစွေက သူမအတွက် ပြောင်းဖူးနှင့် ဝက်နံရိုးဟင်းချိုကို ချက်ပေးနေတာပဲ ဖြစ်သည်။ သူမ ခြေဗလာဖြင့် အောက်ထပ် ဆင်းလာတာ မြင်သောအခါ သူ ပြောလိုက်၏။

“ဖိနပ်စီးအုန်း။ ကြမ်းက အေးတယ်”

ကျောက်သားကြမ်းပြင်သည် ခြေဗလာဖြင့် လမ်းလျှောက်ချိန်၌ နွေရာသီတွင်တောင် အနည်းငယ် အေးမြ၏။

ယွီယွီက အင်း ဟူ၍သာ ပြောလျှက် ဖိနပ်ပါး တစ်ရံရှာရန် ဧည့်ခန်းထဲသို့ သွားပြီးနောက် ဖိနပ်ဝတ်လိုက်ပြီးနောက် မီးဖိုချောင်ထဲ ပြေးလာလေ၏။ သူကမှု ဝက်နံရိုးဟင်းချိုကို ထည့်ထားပြီး အအေးခံနေ၏။

သူမ ပြီးမှ စားလိမ့်မည်။

ယွီယွီ ပြန်ပြေးလာပြီး ခြေဖျားထောက်ကာ သူ၏လည်ပင်းကို ဖက်လိုက်သည်။

နေ့လည်တုန်းက ပြင်းပြသည့်အနမ်း တွေ့ကြုံ့ပြီးနောက် သူက သူမ၏ ရုတ်တရက် ပွေ့ဖက်မှုကို အသားကျသွားပြီဖြစ်ကာ သူ၏ခန္ဓာကိုယ်က ပိုပြေလျော့သွားပြီး တောင့်တင်း မနေတော့ပေ။ သူသည် သူမခါးကို ဂရုတစိုက် ထိန်းကိုင်ထားလျှက် ကူကယ်ရာမဲ့စွာ မေးလိုက်သည်။

“ဘာဖြစ်လို့လဲ”

ယွီယွီက မေးမော့လျှက် သူ့အား မေးလိုက်သည်။

“ချင်ယွီစွေ ရှင် ကျွန်မကို တာဝန်ယူချင်တာကြောင့် လက်ထပ်ခဲ့တာလား”

သူမ ဤပြဿနာကို အလွန် ဂရုစိုက်နေပုံပေါ်ပြီး စိုးရိမ်ပူပန်နေ၏။

ချင်ယွီစွေသည် လေးနက်သော အမှုအယာဖြင့် သူမ၏ လှပသော မျက်နှာပေါ်ကို ငုံကြည့်လိုက်သည်။ သူက အက်ကွဲသော အသံဖြင့် ပြောလိုက်၏။

“မဟုတ်ဘူး”

ယွီယွီက မေးလိုက်၏။

“ဒါဆို ရှင် ကျွန်မကို ဘာလို့ လက်ထပ်ချင်တာလဲ”

သူက သူမ၏ နူးညံ့သော ပါးကို ညှင်သာစွာ ထိပြီး သူ၏အသံက လေချွန်သံပမာ တိုးသက်နေတော့သည်။

“ကိုယ် မင်းကို သဘောကျလို့”

ယွီယွီက ပျော်ရွှင်စွာဖြင့် သူ၏နှုတ်ခမ်းထောင့်ကို ဆတ်ခနဲ နမ်းလိုက်၏။

“ချင်ယွီစွေ ကျွန်မလည်း ရှင်ကို သဘောကျတယ်”

သိပ်ကောင်းတာပဲ။ သူလည်း ကျွန်မကို ကြိုက်နေတယ်။

သူမ ဝန်ခံမှု နောက်ဆက်တွဲ၌ သူက သူမကို ပွေ့ဖက်ထားပြီး အဆက်မပြတ် နမ်းတော့သည်။ နှစ်ယောက်သားလုံး အသိစိတ်ပြန်ကပ်လာချိန်တွင် ပြောင်းဖူးနှင့် ဝက်နံရိုးဟင်းချို ပန်းကန်က အေးသွားပြီ ဖြစ်သည်။ သူက သူမကို နောက်ထပ် တစ်ပန်းကန် ထည့်ပေးပြီးနောက် သူမ စားပြီးသည့်အထိ စောင့်ပေး၏။ နောက်ဆုံး၌ သူမနှုတ်ခမ်း၌ ဆီများ ဝေ့နေတာကို မြင်သောအခါ ပွေ့ဖက်ပြီး နမ်းလိုက်သည်။

85 04

နှစ်ယောက်သားက အရင်တိုင်း ညမိုးချုပ်သည့်အထိ နေခဲ့သည်။ လုံချီရှောင် ခေါ်လိုက်သည့်အချိန်တွင်

“ချင်ယွီစွေ မင်းတို့ ရောက်ပြီလား”

“မင်းတို့တွေ ဒီကိုလာမလား”

သူက ဟိုတယ်တစ်ခု၏ နာမည်ကို ပြောလိုက်သည်။

ချင်ယွီစွေက ပြောလိုက်၏။

“ဟုတ်ပြီ”

သူတို့ အဝတ်အစားလဲကာ ထွက်လာသည်။

ကားထဲ၌ ယွီယွီက ပြုံးနေသည်။ ဟိုတယ်သို့ ရောက်လာပြီးနောက် သူတို့ ကားရပ်နားပြီး လုံချီရှောင် မှာထားသည့် သီးသန့်အခန်းသို့ သွားလိုက်သည်။

အခန်းထဲသို့ ဝင်လာပြီး နှစ်ယောက်သား လက်ချင်းတွဲထားတာကို မြင်ကာ လုံချီရှောင်က စိတ်အချဉ်ပေါက်နေသော အကြည့်ဖြင့် ပြောလိုက်၏။

“လာစမ်းပါ။ မင်းတို့တွေ အခန်းထဲ ရောက်နေပြီကို ဘာကြောင့် လက်တွေကို တင်းတင်းကြပ်ကြပ် ကိုင်ထားသေးတာလဲ”

ချင်ယွီစွေက သူ့ကို လျစ်လျူရှူလျှက် ယွီယွီထိုင်ရန် ကုလားထိုင် တစ်လုံး ဆွဲပေးလိုက်သည်။

သူက ယွီယွီနှစ်သက်သည့် ဟင်းများ အပြည့်မှာလိုက်ပြီး သူက အစပ်နှင့် အငံများ မမှာခဲ့ပေ။

သုံးယောက်သား သာမန်ကာ လျှံကာ ပြောလိုက်၏။ လုံချီရှောင်ကမှု ယွီယွီကို အထူးဌာနသို့ ဖိတ်ကြားချင်သည်။

ယွီယွီက ကူကယ်ရာမဲ့စွာ ပြောလိုက်၏။

“ဝမ်းကွဲ ဒါ မဖြစ်နိုင်ဘူး။ ကျွန်မမိသားစုက တောင်တစ်တောင် ငှားထားတယ်။ ဒီတော့ ကျွန်မ လယ်စိုက်ဖို့ အိမ်ပြန်ရမှာ”

လုံချီရှောင်က ထိတ်လန့်သွားလေ၏။

“ဖွံဖြိုး တိုးတက်အောင် မြို့ထဲမှာ မနေချင်ဘူးလား။ အိမ်ထောင်ကျပြီးရင် ဘာလုပ်မှာလဲ”

စုံတွဲက ခွဲနေမည်ဟု ဆိုလိုမည် မဟုတ်ပါလော။

ချင်ယွီစွေက ပြောလိုက်သည်။

“ကျွန်တော် ယွီအာနဲ့ ဟယ်ချင်းရွာမှာ နေမှာ။ နောက်ကျ မြို့တော်ကို ပြန်လာဖို့ နည်းတယ်”

ထိုစကားကို ကြားပြီးသည့်နှင့် လုံချီရှောင်က လက်ဖက်ရည် နှင်သွားတော့သည်။ သူက နှစ်ချက်ခန့် ချောင်းဆိုးပြီး သီးသွားပြီးနောက် ချင်ယွီစွေကို လက်မထောင်ပြလိုက်၏။

“မင်းကတော့ တကယ်ပဲ”

သူက အချစ်ရူးတစ်ယောက် ဖြစ်တော့မည်။ သူသည် ချင်ယွီစွေက တစ်သက်လုံး တစ်ကိုယ်တည်း နေသွားရလိမ့်မည်ဟု ထင်ခဲ့၏။ ဆိုရလျှင် ကုန်လွန်ခဲ့သည့် အနှစ် ၃၀ အတွင်း ချင်ယွီစွေ၌ ချစ်သူ ရည်းစား မရှိခဲ့ဖူးပေ။ သူကမှု နှစ်ယောက်တွဲဖူး၏။ သူ၏ အဘိုး ဗိုလ်ချုပ်လုံက သူ့ကို သီးသန့်တောင် ပြောခဲ့သေးသည်။

“ချီရှောင် မင်း မိန်းကလေးတွေ အများကြီး သိနေတာ။ ယွီစွေကို တစ်ယောက်လောက် မိတ်ဆက်ပေးလိုက်ကွာ”

လွန်ခဲ့သည့် နှစ်အနည်းငယ်က သူသည် ချင်ယွီစွေကို အရက်သောက်ရန် ဘားသို့ ခေါ်ခဲ့ပြီး မိန်းကလေးတစ်ယောက်နှင့် မိတ်ဆက်ပေးခဲ့၏။ ဤမိန်းကလေးကလည်း သူတို့ အသိုင်းအဝိုင်းထဲမှ ဖြစ်ကာ ကြွယ်ဝချမ်းသာသော မိသားစုမှလာပြီး နိုင်ငံခြား၌ ပညာသင်ခဲ့ကာ လှပသည်။ မိန်းကလေးက ချင်ယွီစွေကို မြင်မြင်ချင်း သဘောကျသွားပြီး အလွန်စိတ်အား ထက်သန်မှု ရှိသည်။ အရက်သောက်နေစဉ် သူမက သူ့ကို ပူးကပ်နေသေးသည်။ သူက ထိုမိန်းကလေးကို ကြည့်တောင် မကြည့်။ မိန်းကလေးကလည်း အတင့်ရဲကာ သူ့ပေါ်ထိုင်ပြီး လည်ပင်းကို ဖက်ချင်၏။

85 05

ရလဒ်အနေဖြင့် ချင်ယွီစွေက မိန်းကလေးကို တွန်းထုတ်လိုက်သည်။ သူက အလွန်သန်မာပြီး သူ့ကို မည်သို့ ထိန်းချုပ်ရမည်မှန်း မသိ။ ဤမိန်းကလေးသည် ထို့သို့ ငြင်းဆန်ခံရလိမ့်မည်ဟု မထင်ထားလောက်ပေ။ သူမက မြေပြင်ပေါ် ပြုတ်ကျသွား၏။ မိန်းကလေးက ဒေါသထွက်သွားသောကြောင့် ငိုပြီး ထွက်ပြေးသွားတော့သည်။ အဆုံးကျ ချင်ယွီစွေကို မည်သူမှ မိန်းကလေးများနှင့် မိတ်မဆက်ပေးတော့ပေ။ တစ်ယောက်တည်း နေပြီး မြို့တော်၏ အသိုင်းအဝိုင်း၌ ပေါ်လာတာ ရှားလာ၏။

အတိတ်ကို တွေးမိပြီး လုံချီရှောင်က စားပွဲပေါ် ဆောင့်ချကာ ယွီယွီကို ထို့ရှက်ရွံ့ဖွယ် ဖြစ်ရပ်အကြောင်း ပြောြပလိုက်၏။

“မင်း မသိသေးဘူး။ ဒါပေမဲ့ နောက်ပိုင်း ငါတို့ အရက်သောက်တဲ့အချိန် သူက တစ်သက်လုံး လူပျိုသိုးကြီး ဖြစ်မှာလို့ ငါတို့ ပြောနေသေးတာ။ ဒီလိုဖြစ်လိမ့်မယ်လို့ မထင်ထားဘူး”

အသက် ၃၀ အရွယ်မှာ သူက မိန်းမငယ်လေးတစ်ယောက်ကို ဘယ်လိုများ လက်ထပ်အောင် လှည့်စားနိုင်လိမ့်မယ်လို့ မထင်ထားဘူး။

ယွီယွီက အလေးအနက် ပြောလိုက်၏။

“သူက သိပ်တော်ပါတယ်”

ချင်ယွီစွေက သူမကို လှည့်ကြည့်လိုက်ပြီး အကြည့်က အင်မတန် နူးညံ့နေသည်။ လုံချီရှောင်ကမှု နောက်ထပ် ခွေးစာ အကျွေးခံလိုက်ရ၏။ သူက စားပွဲကို ခေါက်ကာ ပြောလိုက်တော့သည်။

“တော်လောက်ပြီ”

စကား ခဏ ပြောပြီးနောက် ယွီယွီသည် မနေ့တုန်းက အောက်လမ်းကျင့်ကြံသူအကြောင်း မေးခဲ့သည်။

လုံချီရှောင်က ချင်ယွီစွေကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

“ဒီအောက်လမ်းကျင့်ကြံသူက မင်းညီရဲ့ စီနီယာအစ်ကိုပဲ။ မင်းရဲ့ညီက လူကောင်းတစ်ယောက်လို့ မထင်ဘူး။ သူနဲ့ ဝေးဝေးနေသင့်တယ်။ အဲဒီအောက်လမ်းကျင့်ကြံသူက မာကျင်းကျောင်းလို့ ခေါ်တယ်။ ချိန်နန်ချီ ပြောတာ မာကျင်းကျောင်းက သူရဲ့ဆရာ အစောပိုင်း နှစ်တွေတုန်းက လက်ခံခဲ့တဲ့ တပည့်တစ်ယောက်တဲ့။ နောက်ပိုင်း သူက အောက်လမ်းကျင့်ကြံပြီး ချိန်နန်ချီရဲ့ ဆရာက သူ့ကို လက်လျော့လိုက်တယ်။ ဒါမှန်လောက်တယ်။ ငါတို့ စစ်ဆေးကြည့်ပြီးပြီ။ မာကျင်းကျောင်းက မနှစ်ကမှ မြို့တော်ကို ပြောင်းလာတာ။ သူက တန်ကြေးမြှင့်မြှင့်နဲ့ တခြားသူတွေကို ဒုက္ခပေးဖို့ အောက်လမ်းပညာသုံးပြီး လူတွေအလုပ်အပ်တာ လက်ခံလေ့ရှိတယ်။ ဒါပေမဲ့ သူမှာ အထောက်အထား မရှိဘူး။ တရားမဝင်နေထိုင်သူတစ်ယောက် ဖြစ်နေတာကြောင့် အမြဲတမ်း သိုသိုသိပ်သိပ်နေတာ။ ဒါကြောင့် သူ့ကို ငါတို့ အခုထိ မဖမ်းမိခဲ့တာပဲ”

ယွီယွီက အနည်းငယ် အံဩသွားလေ၏။ ချင်ယွီစွေ၏ အဖေတူ အမေကွဲ ညီအစ်ကိုသည် ရွှမ်းမန်ဂိုဏ်းက တစ်ယောက် ဖြစ်လိမ့်ဟု မထင်ထားပေ။

သူမသည် ချိန်နန်ချီ အကြောင်း များများစားစား မမေးခဲ့သော်ငှား မေးလိုက်၏။

“မာကျင်းကျောင်းရဲ့ ကျင့်ကြံမှု ဖျက်စီးခံလိုက်ရပြီလား”

လူတစ်ယောက်၏ ကျင့်ကြံမှုကို ဖျက်စီးခြင်းသည် ထို့လူ၏ ချီသွေးကြောများကို ထိခိုက်စေတာပဲ ဖြစ်သည်။ ချီသွေးကြောများ ထိခိုက်သွားသည့်နှင့် အောက်လမ်းကျင့်ကြံသူဖြစ်စေ သမာသမတ်ကျင့်ကြံသူဖြစ်စေ သူတို့သည် ရုပ်လွန်ပညာ သုံး၍ မရတော့ပေ။

လုံချီရှောင်က ပြောလိုက်၏။

“စိတ်မပူနဲ့ မနေ့ညက သူရဲ့ ကျင့်ကြံမှုကို ဖျက်စီးပြီး အကျဉ်းချထားလိုက်ပြီ။ သူ သေဒဏ်ပေးမလား။ ထောင်ချမလား။ သိရအောင် စီရင်ချက်ကို စောင့်နေတာ”

ကျင့်ကြံရေးအတွက် သက်ရှိဝိညာဉ်များစွာကို အသုံးပြုပြီး လူများစွာကို သတ်ဖြတ်ခဲ့ခြင်းသည် သေစေနိုင်သည့် ပြစ်မှုဖြစ်ပြီး အပြစ်ဒဏ်က ပေါ့မှာ မဟုတ်ပေ။

သူ့အကြောင်း ပြောပြီးနောက် ကျန်သည့် ကိစ္စများကို စပြောကြတော့၏။

ချင်ယွီစွေသည် ထမင်းစားနေစဉ် စကားများသူ မဟုတ်သော်ငှား လုံချီရှောင်နှင့် ယွီယွီတို့က ပိုတက်ကြွပြီး စကားကောင်းကောင်း ပြောခဲ့၏။

နှစ်ယောက်သား ရယ်ရယ်မောမောပြောနေစဉ် ချင်ယွီစွေက ရံဖန်ရံခါ၌ စကားအနည်းငယ် ဝင်ပြောတတ်သည်။ စားသောက်ရတာ အတော်လေး အဆင်ပြေလှပေ၏။

ပွဲသည် ၁၀ နာရီဝန်းကျင်၌ ပြီးသွား၏။ ယွီယွီနှင့် ချင်ယွီစွေက အိမ်ပြန်သွားသည်။ နောက်ကျနေပြီ ဖြစ်သောကြောင့် ယွီယွီက အိပ်ငိုက်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူမ ရေချိုးကာ အိပ်ရာဝင်လိုက်၏။

++++++

All Chapters