← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

86 01

အပိုင်း 86

နောက်တစ်နေ့တွင် သူတို့နှစ်ယောက်သည် သူတို့ မင်္ဂလာပွဲအတွက် လိုအပ်သည့် ပစ္စည်းအမျိုးမျိုးကို အဝယ်ထွက်ပြီး သူတို့အိမ်သစ်အတွက် အလှဆင်ဖို့ ပရိဘောဂများလည်း ကြည့်ထားသည်။

အားလုံးကို ကြိုတင်မှာယူပြီးသား ဖြစ်ကာ သူတို့ပြန်ရောက်ချိန်တွင် ဟယ်ချင်းရွာသို့ ဖြည်းဖြည်းချင်း ပို့လိုက်မှာပဲ ဖြစ်သည်။

နှစ်ယောက်သား တစ်နေကုန် အလုပ်များနေပြီး အားလုံး လိုက်ဖြည့်နေ၏။ လိုအပ်သည့်အရာများကို စီမံပြီးပြီ ဖြစ်သောကြောင့် လုပ်စရာ မရှိတော့ပေ။

သူတို့က မြို့တော်၌ နှစ်ရက်၊ သုံးရက်နေပြီး ဟယ်ချင်းရွာသို့ ပြန်နိုင်မည် ဖြစ်သည်။

သို့သော် ယွီယွီက အိမ်သို့ မြန်မြန်ဆန်ဆန် မပြန်ချင်သေးပေ။ သူမ၏ ခံစားချက်ကို ထုတ်ပြပြီး ချင်ယွီစွေနှင့် နှစ်ရက် ပို့နေချင်၏။ ထို့ကြောင့် သူက တစ်ပတ်ခန့် လက်မှတ် ၁၀ လောက်နေ့အတွက် ရထားလက်မှတ် မှာထားသည်။

မနက်ဖြန် တိမ်ထူသောကြောင့် ယွီယွီသည် ချင်ယွီစွေနှင့် လမ်းလျှောက်ထွက်ဖို့ ပြင်ဆင်ထားသည်။

နှစ်ယောက်သား ဆိုဖာပေါ်တွင် ထိုင်ပြီး ညနေစောင်း၌ တီဗီကြည့်နေ၏။

မနက်စောစောထပြီး ရာသီဉတု မှုန်မှိုင်းနေတာကို တွေ့လိုက်ရသဖြင့် အဝတ်အစား ပေါ့ပေါ့ပါးပါး ဝတ်ကာ လမ်းလျှောက်ထွက်သည်။ မြို့ထဲရှိ နာမည်ကြီး ရှုခင်းကြည့်သည့် နေရာနှစ်ခုကို သွားလည်ပြီး နေ့လည်၌ ပြန်လာ၏။

သူမက ခံတွင်းပျက်နေသောကြောင့် အပြင်ဘက်၌ အစားများများ မစားခဲ့ပေ။ ချင်ယွီစွေကမှု သူမအတွက် တစ်ခုခုလုပ်ပေးရန် မီးဖိုချောင်ဝင်သွားပြီး အသီးတစ်ပန်းကန် ထုတ်လာပေး၏။ သို့မှသာ သူမ တီဗီ ကြည့်ရင်း စားနိုင်မှာပဲ ဖြစ်သည်။

စိတ်ဝင်စားစရာ ပရိုဂရမ် မရှိပေ။ ထို့ကြောင့် ယွီယွီသည် လိုင်းများ တစ်ခုပြီး တစ်ခု ပြောင်းနေကာ ဖျော်ဖြေရေး သတင်းတချို့ကို ကြည့်လိုက်သည်။

လိုင်းပြောင်းတော့မည်အချိန်တွင် တင်ဆက်သူ ပြောတာကို ကြားလိုက်ရ၏။

“ရန်မိန့်ယွီက စူပါစတားကနေ နာမည်ကြီးလာတဲ့နောက် သူမရဲ့ အပြစ်ကင်းတဲ့ ပုံရိပ်က လုံးဝ ပြောင်းလဲသွားခဲ့ပြီး သူမ ရည်စားဟောင်း ရှိလိမ့်မယ်လို့ မထင်ထားဘူး။ ရှိုးပေါ်မှာ သူပြောတာက သူ ရည်စား တစ်ခါမှ မထားဖူးဘူးတဲ့။ အခု ရည်စားဟောင်းက ပေါ်လာပြီး သူတို့ရဲ့ အိပ်ယာထဲက ဓာတ်ပုံတွေကို ပေါက်ကြားအောင် လုပ်လိုက်တယ်။ ရန်မိန့်ယွီရဲ့ ကြယ်ပွင့် ခရီးစဉ်က ဒီမှာ အဆုံးသတ် သွားလောက်ပြီ။ စူပါးစတား ထုတ်လုပ်ရေးအသင်းက သူမကို ဆက်ထားပါ့မသိဘူး”

ယွီယွီက မျက်ခုံးတစ်ဖက် ပင့်မိသွားပြီး သစ်သီး ကိုက်လိုက်တော့သည်။

နှစ်ရက်သာ ရှိသေး၏။ ရန်မိန့်ယွီက အပြည့်အဝ တားဆီး ခံလိုက်ရပြီ ဖြစ်သည်။

သူမသည် ဤအမျိုးသမီးကြယ်ပွင့်၏ အသက်မွေးဝမ်းကြောင်း မှေးမှိန်မှန်း သိနေသည်။ ထို့ကြောင့် မအံဩနေဘဲ လိုင်းအမြန်ပြောင်းလိုက်၏။

ဖျော်ဖြေရေး ကုမ္မဏီမှ မောက်ရန်သည် အင်မတန် ထိတ်လန့်နေတော့သည်။ ဤအဖြစ်အပျက်သည် ဖော်ထုတ်ခံရတာ တစ်နာရီသာ ရှိသေးသော်ငှား ထိန်းချုပ်၍ မရတော့ပေ။ ဓာတ်ပုံများက နေရာအနှံ ပြန့်သွားပြီ ဖြစ်သည်။

ရန်မိန့်ယွီက ကုမ္မဏီထဲရှိ ဆိုဖာပေါ်၌ လဲပြိုကျသွားကာ မျက်ရည်များ ကျလာတော့သည်။ မောက်ရန်က ဒေါသတကြီး ပြောလိုက်၏။

“နင် ဘာလို့ ငိုနေတာလဲ။ ရည်စားဟောင်းရှိတာ ဘာလို့ မပြောခဲ့တာလဲ။ ရည်စားဟောင်း မရှိဘူးလို့ ပြောခဲ့တယ် မှတ်လား”

ရန်မိန့်ယွီ၌ ရည်းစားဟောင်း ရှိနေလိမ့်မည်ဟု သူ မထင်ထားပေ။ သူ၏ ဘော့စ်နောက် လိုက်ခဲ့သေးသည်။

ရန်မိန့်ယွီက ပြိုကွဲနေကာ ငိုယိုပြောလိုက်၏။

“ငါ့မှာ ရည်စားဟောင်းရှိတာ ဘာမှားလို့လဲ။ မူကြိုကျောင်းက ကလေးတွေကလွဲရင် ဘယ်သူကများ အပျိုဖြစ်သေးလို့လဲ။ အဲဒီ တုံးအတဲ့ ပရိသတ်တွေကပဲ ငါ့ကို ပိုသန့်စင်အောင် နေခိုင်းတာလေ”

86 02

သူမ ငိုယိုကာ ရှိုက်ကြီး တငင် ပြောလိုက်၏။

“ပြည်သူ ဆက်ဆံရေးဌာနက စာပို့ပြီး ဓာတ်ပုံတွေက ပြုပြင်ထားကြောင်း ပြောလိုက်ရင်ရော။ သေတာတောင် ငါ ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ဘူး”

မောက်ရန်သည် ဒေါသထွက်လွန်းသောကြောင့် ခေါင်းကိုက်နေပြီ ဖြစ်သည်။

“အခုခေတ် ပရိသတ်တွေကို အရူးတွေများ ထင်နေလား။ ဓာတ်ပုံ ပြင်ထားတာ ဟုတ်မဟုတ် ဘယ်သူက ထုတ်မပြောနိုင်လို့လဲ။ အဆင်ခြေမဲ့ ဘာမှ မလုပ်ဖို့ အကြံပေးလိုက်မယ်။ မင်းရဲ့ အရင် ရည်စားဟောင်းက နစ်နာသူကို တွေ့ဖို့ ငြင်းဆိုရင် ဗီဒီယို ထုတ်ပြလိုက်မယ်လို့ ပြောတယ် မဟုတ်လား”

သူ အင်မတန် စိတ်တိုနေသည်။

“ရည်စားရှိတာ ထားလိုက်အုန်း။ ဘာကြောင့် အဲဒီဓာတ်ပုံတွေ ဗီဒီယိုတွေ ရိုက်ထားရတာလဲ။ အဲလို ရိုက်ရင် မိန်းကလေးတွေပဲ နစ်နာတာ။ မင်း တုံးတာလား”

“အခု မောက်ရန် ကျွန်မ ဘာလုပ်သင့်လဲ”

ရန်မိန့်ယွီက ကြောက်လန့်နေ၏။ သူမ၏ ထောက်ပံ့ပေးသူကို ခေါ်ခဲ့ချိန်၌ ထို့လူက သူတို့၏ ထောက်ပံ့သည့် ဆက်ဆံရေး အဆုံးသတ်သွားပြီ ဖြစ်ကာ သူမကိုယ့်သူမ ဂရုစိုက်ဖို့ ယွမ်တစ်သောင်း ပေးမည် ဖြစ်ကြောင်း ပြောခဲ့သည်။

မောက်ရန်က သက်ပြင်းချမိသွား၏။

“ငါ ဘာများ လုပ်နိုင်မှာလဲ။ သိုသိုသိပ်သိပ်နေပြီး အခြေအနေတွေ အဖက်ဆည်လို့ ရမလား ကြည့်ဖို့ စောင့်ရမှာပေါ့”

ပြောရလျှင် ဤအခြေအနေကနေ နလန်ပြန်ထနိုင်ဖို့ အင်မတန် ခက်ခဲ၏။ သူက လူသစ်တစ်ယောက် ဖြစ်သည်။ ဤသတင်းသာ ပေါက်ကြားသွားခဲ့လျှင် ၂ နှစ်သာ အမှောင်ထဲ၌ နေပါက အပြီးသတ်သွားလိမ့်မည်။

ယခုအချိန်၌ တစ်ခုတည်းသော ဖြေရှင်းနည်းက မတုံ့ပြန်ရန် ဖြစ်ကာ ရည်စားဟောင်းကိုလည်း မတွေရန် ဖြစ်သည်။ ထို့ရည်စားဟောင်းက ဆန်ကုန်မြေလေး ဖြစ်၏။ သူ့ကို တွေ့တာက ဘာမှ ကောင်းလာမှာ မဟုတ်ပေ။ သူက ထိုလူနှင့် တွေ့မှာကို သဘောမတူ။

ရန်မိန့်ယွီက ငိုယိုလျှက် ဘာမှ မဖြေ။ မောက်ရန်က သူ့ကို ကြည့်ကာ ခေါင်းကိုက်လာ၏။

“ငါ ဆေးလိပ်သောက်ဖို့ သန့်စင်ခန်း သွားအုန်းမယ်။ နင် ပြန်သွားပြီး ကောင်းကောင်း အနားယူလိုက်။ အတွေး မလွန်နဲ့။ ကိစ္စတွေက အဆင်ပြေသွားမှာပါ”

သူမ၏ သူဌေးက ဤကိစ္စကို ဂရုစိုက်လို စိတ်မရှိတော့ပေ။ ကြယ်ပွင့် ခရီးစဉ်က ဤနေရာတွင် အဆုံးသတ်လောက်ပြီ ဖြစ်၏။ နောင်ကျ သင်ခန်းစာရဖို့ မျှော်လင့်မိသည်။

…

မောက်ရန်က ဆေးလိပ်ထွက်သောက်ပြီး ရန်မိန့်ယွီကို ရုံးခန်းထဲတွင် တစ်ယောက်တည်း ထားခဲ့၏။

သူမဖုန်းက သူမရည်စားဟောင်းဆီမှ စာတစ်စောင် ဝင်လာတော့သည်။

“မင်း ငါနဲ့ တွေ့မှာလား။ မတွေ့ရင် အခုပဲ ငါတို့ ရိုက်ထားတဲ့ ဗီဒီယိုကို လိုင်းပေါ်တင်လိုက်မယ်”

ပြီးနောက် သူမ၏ဖုန်းသည် ဗီဒီယိုအတိုလေး ရလိုက်သည်။ ယင်းက သူတို့နှစ်ယောက် ချစ်ကျွမ်းဝင်နေချိန် ရိုက်ထားတာ ဖြစ်၏။ သူမ၏ ကိုယ်ပိုင်လုပ်ရပ်ကြောင့် နောက်ဆက်တွဲကို ခံစားရသည့်နေ့ ပေါ်လာလိမ့်မည်ဟု မထင်ထားပေ။

သူမ အလွန်ကြောက်လန့်နေ၏။ ဓာတ်ပုံကိုမှု ပြုပြင်ထားတာဟု ပြောဆိုနိုင်သော်ငှား ဗီဒီယိုထဲတွင်မှု သူမဆိုတာ သိသာနေ၏။

သူမ မငြင်းချင်တော့ပေ။ ခဏတဖြုတ် စဉ်းစားမိနောက် သူမ၏ ရည်းစားဟောင်းကို စာပို့ကာ သူမ၏ လက်ရှိ လိပ်စာကို ပြောပြီး သူ့ကို လာခိုင်းလိုက်၏။

သူမရည်စားဟောင်းကလည်း မြို့တော်တွင် နေပြီး ဤနေရာနှင့် မဝေးပေ။ မိနစ် ၂၀ ခန့် ကြာပြီးနောက် သူမရည်းစားဟောင်းက သူမကို ခေါ်ကာ ရောက်လာပြီ ဖြစ်ကြောင်း ပြောလိုက်သည်။

သူမရည်စားဟောင်းနှင့် ဖုန်းပြောပြီးနောက် ရန်မိန့်ယွီသည် သူ့ကို လွှတ်ချရမည်မှန်း သိနေ၏။ ယခုအချိန်တွင် သူမက စူပါစတားတွင် ပါဝင်ထားပြီ ဖြစ်၏။ သူမက လှပကာ သန့်စင်သည်။ ယင်းကတည်းများက နာမည်ကြီးလာပြီး လူတိုင်းက သဘောကျလာ၏။ သူမ အလွန်ပျော်ရွှင်နေကာ ဤဘဝက သူမ လိုချင်သည့် ဘဝဟု ခံစားမိသည်။ သူမ ရည်စားဟောင်း၏ မိသားစုက သာမန်သာ ဖြစ်သည်။ ထို့ကြောင့် သူ့ကို သူမ ကန်ထုတ်ချင်မိ၏။ သူမက လမ်းခွဲကြောင်း စာပို့ပြီးနောက် သူ့ကို ဘလော့ခ် လိုက်တော့သည်။

86 03

သူမ၏ ချစ်ရည်စားဟောင်းက သူ့ကို အရူးအမှုး ရှာနေသော်ငှား မတုံ့ပြန့်ခဲ့ပေ။ ယခု နှစ်ဝက်သာ ကုန်လွန်သွားပြီ ဖြစ်ကာ သူက သူမကို အမှန်တကယ် မုန်းတီးနေတာ ဖြစ်လောက်သည်။ ထို့ကြောင့် ဓာတ်ပုံများ ပေါက်ကြားစေခဲ့၏။

ရန်မိန့်ယွီသည် သူမ၏ ရည်စားဟောင်းက သူမကို အလွန် ချစ်တာ ဖြစ်ရမည်ဟု ခံစားမိသည်။ ထို့ကြောင့် သူမသည် သူ့ကို ချော့မည်ဟုရန် ပြင်ဆင်ပြီး ဓာတ်ပုံများကို သူပြုပြင်ထားကြောင်း ဝန်ခံခိုင်းနိုင်မလားဟု သိချင်မိသည်။

မောက်ရန်က သန့်စင်ခန်းထဲတွင် ဆေးလိပ်သောက်နေပြီး ရုံခန်းထဲသို့ ရောက်လာ၏။

ရန်မိန့်ယွီ ရုံခန်းထဲတွင် ရှိနေတာကို မြင်သောအခါ သူ မေးလိုက်သည်။

“ဘာလို့ အိမ် မပြန်သေးတာလဲ။ ကုမ္မဏီမှာ နေလည်း အကျိုးမထူးဘူး။ ပြန်သွားပြီး နားပါလား”

ရန်မိန့်ယွီက အထစ်အထစ်ဖြင့် ပြောလိုက်၏။

“အစ်ကို မောက်ရန် ညီမ သိတယ်။ ညီမ မကြာခင် ပြန်မှာ”

မောက်ရန်က သူ့ကို လျစ်လျူရှူထားပြီး ကျန်သည့် ကိစ္စများ ဖြေရှင်းရန် ကွန်ပြူတာ ဖွင့်လိုက်သည်။

ရန်မိန့်ယွီက ဆိုဖာပေါ်တွင် ထိုင်သေးစဉ် ဖုန်းမြည်လာ၏။ သူမက ပြန်ပြောလျှက် သူမ၏ ရည်စားဟောင်းအား တည်နေရာ အတိအကျ ပြောလိုက်သည်။

နှစ်မိနစ်အတွင်း အရပ်မြှင့်မြှင့် ပိန်ပိန်ပါးပါး လူငယ်တစ်ယောက် ဝင်လာ၏။ သူ၏မျက်နှာအထက်တွင် ကြမ်းတမ်းခက်ထန်သော အကြည့်နှင့် ရှိနေကာ အနည်းငယ် ကြောက်လန့်ဖွယ် ကောင်းသည်။

မောက်ရန်က သူ့ကို အရင်ဆုံး သတိပြုမိတာ ဖြစ်သည်။ သူက ထရပ်ပြီး မေးလိုက်၏။

“ခင်ဗျား ဘယ်သူလဲ။ ဒီကို ဘာကြောင့် ရောက်နေတာလဲ”

ရန်မိန့်ယွီက ထရပ်ကာ ပြောလိုက်လေ၏။

“ရီမင် ရှင် ရောက်လာပြီ”

ပြီးနောက် သူက မောက်ရန်ဘက် လှမ်းပြောလိုက်၏။

“အစ်ကို မောက်ရန် ဒါက ညီမရည်စားဟောင်း။ ရှင်းရှင်းလင်းလင်း ကိစ္စတွေကို ရှင်းလင်းသွားအောင် လုပ်ခိုင်းဖို့ သူ့ကို လာခိုင်းလိုက်တာ။ အင်တာနက်ပေါ်မှာ ဗီဒီယို တင်မှာ စိုးတယ်လေ။ ဒါကြောင့် ဆွေးနွေးလို့ရှိရင် အဆင်ပြေမယ် ထင်နေတာ”

သူမ ပြောပြီးလျှင် ပြောပြီးချင်း သူမ၏ ရည်စားဟောင်း ရီမင်က မောက်ရန်ဆီ ဒေါသတကြီး တိုးဝင်သွား၏။

“သူ့ကြောင့် မင်း ငါနဲ့ လမ်းခွဲချင်တာပဲ။ ခွေးနှစ်ကောင်”

သူသည် နောက်ကျောထဲမှ ဓားတစ်လက်ကို ထုတ်ယူပြီး မောက်ရန်ကို ဆွဲထိုးလိုက်၏။

မောက်ရန်က မတရားခံရတာ ဖြစ်သည်။ သူက တကယ် ရုပ်ရည် ကြည့်ကောင်းပေ၏။ မဟုတ်လျှင် ရီမင်က သူ့ကို အထင်လွှဲမှာ မဟုတ်။

ဓား သူ့ဆီ ရောက်လာသောအခါ မောက်ရန်သည် မရှောင်နိုင်ခဲ့ပေ။ သို့သော် တချို့သော အကြောင်းအရင်းကြောင့် သူ့၏ ခြေထောက်ကို ရွေ့ပြီး ရုတ်တရက် ခြေကျင်းဝတ်ကို လိမ်လိုက်ကာ ဘေးသို့ ကျသွား၏။

ရီမင်က လက်ထဲတွင် ဓားဖြင့် ကမူးရူးထိုး တက်လာတာ ဖြစ်၏။ သူကလည်း အလျင်လိုနေသည်။ ထို့ကြောင့် မောက်ရန် မြေပြင်ပေါ် လဲကျသွားချိန်၌ သူက နဖူးနှင့် ဆောင့်မိပြီး အနောက်ရှိ စားပွဲနှင့် နှာခေါင်း တိုက်သွားတော့သည်။

မောက်ရန်သည် ယင်းက အခွင့်အရေးမှန်း သိလိုက်သောကြောင့် ချက်ချင်းပင် မြေပြင်ပေါ်လိမ့်ကာ ထရပ်လျှက် သူ့နားရှိ ပစ္စည်းကို ကိုင်ကာ ရီမင်၏ ခေါင်းဆီ ပေါက်လိုက်သည်။

86 04

ရန်မိန့်ယွီက ကြောက်လန့်လွန်းသောကြောင့် အော်ဟစ်နေမိကာ သူမအော်သံသည် တံခါးနားရှိ လူများစွာ၏ အာရုံစိုက်မှုကို ချက်ချင်း ရသွားတော့သည်။

ဘေးခန်းရှိ လူတို့က ဖျော်ဖြေရေး ကုမ္မဏီ၏ ဝန်ထမ်းများ ဖြစ်သည်။ ဤအခြေအနေကို မြင်သောအခါ သူတို့ ရှေ့တိုးလာပြီး ရာဇဝတ်မှု ကျူးလွန်နေသည့် ရီမင်ကို ထိန်းထားလိုက်၏။

ရီမင်၏ မျက်လုံးသည် ဒေါသကြောင့် ပြူးကျယ်နေကာ သူက ဒေါသတကြီး ရုန်းကန်ပြီး အော်ဟစ်နေ၏။

“ဒီနေ့ မင်းတို့ ခွေးနှစ်ကောင်ကို သတ်ရမယ်”

ရန်မိန့်ယွီသည် ကြောက်လန့်လွန်းသောကြောင့် တုန်ယင်သွားပြီး ဘေးတွင်ပုန်းကာ ရှေ့တိုး မလာရဲပေ။

လူတိုင်းက ရဲကို ဖုန်းဆက်ပြီး ရီမင်ကို ကြိုးချည်ရန် တစ်ခုခု ရှာလိုက်၏။ တစ်စုံတစ်ယောက်က မောက်ရန်ကို နှစ်သိမ့်ရန် ရောက်လာသည်။

မောက်ရန်က ချွေးစီးများ ပြန်နေ၏။

“ငါ အဆင်ပြေတယ်”

သူက လည်သွားသည့် ခြေကျင်းဝတ်ကို ကြည့်လိုက်သည်။ မြေပြင်က ပြန့်ပြူးနေပြီး ခလုတ်ကသင်း မရှိပေ။ ၎င်းက တကယ် ထူးဆန်းလှပေ၏။ ထို့အပြင် ခြေကျင်းဝတ် လည်သွားပြီးသော်ငှား သူ မနာကြောင်း သိလိုက်ရသည်။ ထို့ ခြေကျင်းဝတ် လည်သွားခြင်းကြောင့်သာ မဟုတ်လျှင် ရီမင်၏ ဓားက သူ၏ဗိုက်ကို စိုက်နေလောက်ပြီ ဖြစ်သည်။

ယင်းက တကယ်ကို သွေးထွက်သံယို ဖြစ်ရမည့်ကိန်းပင်။

သွေးထွက်သံယိုအကြောင်း တွေးမိသောအခါမှ မောက်ရန်သည် ယခင်နေ့က သူတွေ့ခဲ့သည့် မိန်းကလေးအကြောင်း ရုတ်တရက် တွေးမိသွား၏။ သူ သွေးထွက်သံယို ဖြစ်ကိန်းမြင်ကြောင်း သူ့အား မြင်ကြောင်းနှင့် သူ့အား အဆောင်တစ်ခု ပေးခဲ့သည်။ သူ့အိတ်ကပ်ထဲမှ အဆောင်ကို အမြန်ထုတ်ခဲ့သည်။ မနက်ခင်းက အသစ်စက်စက် အဝါရောင် အဆောင် ဖြစ်နေခဲ့သော်ငှား ယခု မီးခိုရောင်သန်းပြီး မှိန်သွားပြီ ဖြစ်သည်။ ၎င်းက တစစီ ဖြစ်သွားကာ သူထုတ်လိုက်ချိန် မြေပြင်မှ ပြိုကျသွား၏။

မောက်ရန်က သူ့ရင်ထဲ ကြိမ်ဖန်များစွာ ကျိန်ဆဲနေမိပြီး နဖူး၌ ချွေးစေးများ ပြန်လာလေ၏။

ထို့နေ့က တွေ့ဆုံခဲ့သည့် မိန်းကလေးကို လေးစားမှု ပြမိခဲ့တာ တော်သေးသည်။

ရဲက လျင်မြန်စွာ ရောက်လာပြီး ရီမင်ကို ခေါ်သွား၏။ ရန်မိန့်ယွီနှင့် မောက်ရန်တို့ကလည်း သက်သေထွက်ဆိုရန် လိုက်သွားသည်။

နာမည်ကျော်တစ်ယောက်အဖို့ ရဲစခန်း သွားခြင်းက သေချာပေါက် သတင်းကြီး ဖြစ်လိမ့်မည်။ အထူးသဖြင့် အတင်းအဖျင်းထဲတွင် ရန်မိန့်ယွီ ပါဝင်နေသောအခါတွင် ဖြစ်သည်။

ဤအဖြစ်အပျက်က အင်တာနက်ပေါ်တွင် လျင်မြန်စွာ သတင်းပြန့်သွားပြီး ဘလော့ကာတစ်ယောက်က ရန်မိန့်ယွီကို ဖော်ထုတ်ရန် ပို့စ်တစ်ခု ရေးသားခဲ့၏။

ရန်မိန့်ယွီက အပြည့်အဝ ဖော်ထုတ်ခံရပြီး သူမကို တစ်စုံတစ်ယောက် ထောက်ပံ့နေသည့် အချက်တောင် ပါသေးသည်။

အောက်မှ ပြန်သည့်စာအများစုသည် သူမကို ဆန့်ကျင့်သည့် ပရိသတ်များ ဖြစ်ပြီး ဖြတ်သွားဖြတ်လာ အေဘီစီတို့ကလည်း ဝင်ရောက်ဆွေးနွေးတော့သည်။

တစ်စုံတစ်ယောက်က ပြောလိုက်၏။

“ရန်မိန့်ယွီက အရင်လကပဲ အကန့်အသတ်ထုတ် အိတ်အတွက် တခြားတစ်ယောက်နဲ့ ယှဉ်ပြိုင်ခဲ့တာ မဟုတ်လား။ သူ မနိုင်ခဲ့ဘူးလေ။၊ တစ်ဖက်လူမှာ ကောင်းမွန်တဲ့ မိသားစု နောက်ခံရှိပြီး နာမည်ကြီးတယ်။ ချမ်းသာတယ်။ လှပတယ်။ ရန်မိန့်ယွီက စိတ်လွတ်သွားတာပဲ။ သူ နာမည်ကြီးပေမဲ့ သိုသိုသိပ်သိပ် မနေဘဲ နေရာတိုင်း ပြဿနာ ရှာနေတယ်”

ရတနာကလေးလေးဟုသည့် အမည်ရသည့် အင်တာနက် အသုံးပြုသူကလည်း ပြောလိုက်သည်။

“ငါလည်း တစ်ခု ထုတ်ပြောချင်တယ်။ အရင် လွန်ခဲ့တဲ့ နှစ်ရက်တုန်းကပေါ့။ ရန်မိန့်ယွီက လက်စွပ်ဝယ်ဖို့ သူ့အေးဂျင့်နဲ့အတူ ငါတို့ဆိုင် ရောက်လာတယ်လေ။ ဖြစ်ချင်တော့ ဆိုင်ထဲမှာ လက်ထပ်လက်စွပ် ယူဖို့ ရောက်လာတဲ့ စုံတွဲတစ်တွဲ ရှိတယ်။ လက်စွပ်ပေါ်က စိန်ကို အဲဒီ လူကြီးမင်းက ငါတို့ ဆိုင်ဆီ ပို့ထားတာ။ အဲဒီ လူကြီးမင်းရဲ့ သတို့သမီးလောင်းကလည်း အရမ်းလှတယ်။ လက်ချောင်းလေးတွေကလည်း အင်မတန် လှတာ။ ငါ ချဲ့ကား ပြောတာ မဟုတ်ဘူးဟေ့။ စိန်လက်စွပ်နဲ့ တကယ့်ကို ကွက်တိပဲ။ ရန်မိန့်ယွီက အဲဒီတုန်းက ဆိုင်ထဲဝင်လာပြီး ဧည့်သည်ရဲ့ လက်ပေါ်က စိန်နီလက်စွပ်ကို မြင်မြင်ချင်း သဘောကျသွားတာလေ။ သူက ဧည့်သည်ကို လက်စွပ် ချွတ်ခိုင်းပြီး သူ့ဆီ ပေးခိုင်းတာ။ နောက်ကျ စိန်လက်စွပ်ပေါ်က စိန်က စိန်တစ်ခုတည်းတင် သန်း ၃၀ ကျော်တန်တာကို ကြားလိုက်တော့ သူ တစ်ခွန်းမှ မပြောနိုင်တော့ဘူး။ ဒါက ငါ့ကို ရယ်သေစေလု နီးပါးပဲ”

86 05

မကြာမီ၌ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။

“တကယ်ပဲလား”

“အတုပဲ ဖြစ်ရမယ်။ စိန်လက်စွပ်တစ်ကွင်းက ဘယ်လိုလုပ် သန်း ၃၀ ကျော် တန်နိုင်မှာလဲ”

ရတနာကလေးလေးသည် အင်တာနက် အသုံးပြုသူများကို ပြန်ပြောလိုက်၏။

“ငါ လိမ်နေတာ မဟုတ်ဘူး။ အဲဒီ စိန်လက်စွပ်က အင်မတန် လှတယ်။ ငါး ကာရက်လောက်ရှိမယ်။ အလွန် သန့်စင်ပြီး တောက်ပတယ်။ စိန်နီပဲ။ ဒါက ငါတို့ဆိုင်ရဲ့ ကြော်ငြာ ပြပေးနိုင်တယ်”

ပြီးနောက် သူသည် ဓာတ်ပုံနှစ်ပုံကို တင်လိုက်ရာ မှတ်ချက်များက ရူးသွက်ကုန်၏။

“ရား လှလိုက်တာ။ ငါ့ဘဝမှာ ဒီလို လက်ထပ်လက်စွပ်မျိုး ရနိုင်ရင် နောင်တရစရာ မရှိတော့ဘူး”

ယွီယွီက ထို့အကြောင်းကို မသိပေ။ သူမက တီဗီကြည့်နေစဉ် ချင်ယွီစွေ၏ ရင်ခွင်ထဲ တိုးဝင်နေ၏။ နောက်တစ်နေ့ကျမှ ရန်မိန့်ယွီနှင့် သူမရည်စားဟောင်အကြောင်း ပဠိပက္ခကို သိလိုက်ရတာ ဖြစ်သည်။ သူမရည်စားဟောင်းက သူမ၏အေးဂျင့်ကို ဓားဖြင့် ထိုးမိလုနီးပါး ဖြစ်ခဲ့၏။

အင်တာနက်ပေါ်တွင် ရန်မိန့်ယွီကို ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲမှ ထွက်သွားရန် ပြောဆိုနေကြ၏။

ချင်ယွီစွေကမှု သူ့ရင်ခွင်ထဲရှိ လူကို ဂရုတစိုက် ကာကွယ်ထားပြီး တီဗီပေါ်ရှိ သတင်းများကို ကြည့်လိုက်၏။

ယွီယွီက ချယ်ရီသီးစားနေပြီး နောက်တစ်ခုယူကာ ချင်ယွီစွေအား ကျွေးလိုက်၏။ ချင်ယွီစွေကလည်း သူမလက်ထဲရှိ ချယ်ရီသီးကို မစားခဲ့သေး ထို့အစား ခေါင်းငုံလျှက် သူမနှုတ်ခမ်းကို နမ်းလိုက်သည်။ ပြီးနောက် နှုတ်ခမ်းနားရှိ ချယ်ရီရည်များကိုလည်း သုတ်ပေးလိုက်၏။ သူမ၏လျှာကို စတင် စားသောက်ကာ ခံတွင်းထဲရှိ ချယ်ရီရည်ကို စုပ်ယူတော့သည်။

အခန်းထဲတွင် ချစ်ကြည်နူးဖွယ်အငွေ့အသက်များ ပြည့်နေ၏။ ယွီယွီသည် မှိန့်မျောတွေဝေသွားသည့်အထိ နမ်းရှိုက်ခံရပြီးနောက် သူမ ဘာမှ မတွေးနိုင်တော့ပေ။ ဤလူက တကယ်ကို ဖိနှိပ်ထားသည့် သူပဲ ဖြစ်သည်။ သူက ဖာသိဖာသာ နေပုံပေါ်သော်ငှား တကယ်တမ်းကျ ရက်စက် ကြမ်းကြုတ်သည့် သားရဲ ဖြစ်နေလိမ့်ဟု မည်သူက သိမည်နည်း။

ရှာလကာရည်နှင့် ထိန်းချုပ်ခြင်းတို့သည် သူမ သင်ယူခဲ့သည့် အင်တာနက်ပေါ်ရှိ အသုံးအနှုန်းများပဲ ဖြစ်သည်။

သူတို့ အိမ်ထဲမှ မထွက်ဘဲ နှစ်ရက်လုံး အိမ်တွင်းနေခဲ့သည်။ သူတို့ဖုန်းသုံးပြီး တီဗီကြည့်ကာ စားသောက်ပြီး ဆယ်ရက်မြောက်နေ့ကျမှ အထုတ်အပိုများ ပြင်ဆင်ကာ ဟယ်ချင်းရွာသို့ ပြန်တော့၏။

******

All Chapters