အခန်း ၈၇
Vol. 9 Ch. 87
87 01
အပိုင်း 87
သူမ၏ ပြောင်းလဲသွားသော စိတ်အခြေအနေကြောင့် ဖြစ်ဟန်တူသည့် အပြန်ခရီးက ယွင်ယွီအတွက် ပျော်ရွှင်စရာ ကောင်းနေပေ၏။ သူမသည် ချင်ယွီစွေ၏ လက်မောင်းကို တွဲထားပြီး မျက်လုံးမှိတ်လျှက် ပုခုံးပေါ် မှီနေကာ နားကြပ်ဖြင့် သီချင်း နားထောင်နေသည်။
ချင်ယွီစွေက သူမ့လက်ကို တစ်ချိန်လုံး တင်းကြပ်စွာ ဆုပ်ကိုင်ထားလေ၏။
ဟဲရှန်းရွာသို့ ပြန်ရောက်ချိန်၌ သက်တမ်းရာချီရှိသည့် ရှေးဟောင်း ပဲနွယ်ပင်တစ်ပင်ကို ဖြတ်သွားမိသည်။ ယင်းက ဝိညာဉ်စွမ်းအင်ကြောင့် အာဟာရများ ပြည့်နေကာ စိမ်းစိုနေပြီး အဖူးများတောင် စဖူးပွင့်လာပြီ ဖြစ်သည်။ မကြာမှီ၌ ပွင့်လန်းလာတော့မည့် ပုံပေါ်သည်။ ယွင်ယွီက အသက်ပြင်းပြင်း ရှုပြီးနောက် သူမ ဝိညာဉ်စွမ်းရည် သုံးတာ များသွားသလားဟု တွေးမိသွားသည်။ ဧပြီရယ်လနှင့် မေလတွင် တခြားသော ပဲနွယ်ပင်များ ပွင့်လေ့ရှိသော်ငှား ယခု တစ်ခုကမှု အဖူးများစွာ ထွက်နေပြီး နွယ်တစ်ချို့ကဆို တစ်မီတာ၊ နှစ်မီတာခန့် တွဲလောင်းကျနေ၏။ ပွင့်လာချိန်တွင် တစ်မြို့လုံးကို မှင်သက် အံဩသွားစေမည့်ပုံ ပေါ်သည်။
သို့သော် သေသွားသည့် အပင် ပြန်ရှင်ရှင် လာလာခြင်းက ဆန်းကြယ်မှု တစ်ရပ်ဖြစ်ပြီး ဩဂုတ်လနှင့် စက်တင်ဘာလတွင် အဖူးဖူးပြီး ပန့်ပွင့်ခြင်းကမှု အံဩစရာ မဟုတ် သဘာဝတရားသာ ဖြစ်သည်။ ယွင်ယွီက တစ်စုံတစ်ခုကို တွေးမိပြီး သူမ့ဖုန်းကို ကိုင်ထားစဉ် မကြာမှီ၌ မြို့လေးသို့ ရောက်သွားလေ၏။ နေ့လည်၌ ဘန်းမုန့်ဆိုင် ပိတ်ထားပြီ ဖြစ်သောကြောင့် သူတို့သည် ဟယ်ချင်းရွာကို တန်းသွားလိုက်သည်။
ယွင်မိသားစုသည် သူတို့နှစ်ယောက်ပြန်လာတာကို မြင်တွေ့ရတာ အလွန်ပျော်ရွှင်နေသည်။ ချင်ယွီစွေက သူ ဝယ်လာသည့် လက်ဆောင်များကို အားလုံးဆီ ခွဲပေးလိုက်သည်။
အဘွားယွင်က ပြုံးလျှက် ပြောလိုက်သည်။
“တစ်လမ်းလုံး ကားမောင်းလာတာ အခန်းထဲ ပြန်သွားပြီး အနားယူလိုက်အုန်း။ ဒီညကျ ပဲအနှစ်နဲ့ ဟင်းချက်ပေးမယ်။”
ငါးပုတ်သင်ကို ဟဲ့ချင်ကန်မှ အဘွားယွင်သည် ဤရက်ပိုင်းအတွင်း ငါးဖမ်းခြင်းတောင်း သုံးပြီး ဖမ်းထားတာပဲ ဖြစ်သည်။
ငါးပုတ်သင်များ တစ်ဇလုံပြည့်ရန် သုံးလေးရက် အချိန်ယူခဲ့ရသည်။ သူတို့ကို တွင်းရေထည့်ထားသည့် ရေဇလုံကြီးထဲ ထည့်ထားပြီး သူ၏ မြေးနှင့် မြေးသမက်တို့ ပြန်လာစားမှာကို စောင့်နေတာ ဖြစ်သည်။
ယွင်ယွီက အမြန်ရထားပေါ်၌ အနည်းငယ် အိပ်ထားလေ၏။ ယခု သူမ အားပြည့်နေပြီ ဖြစ်သည်။ သူမ မည်ကဲ့သို့ အိပ်ချင်မည်နည်း။ သူမက အဘွားယွင်၊ အမေယွင်တို့နှင့် စကားပြောရန်အတွက် မီးဖိုချောင်ထဲသို့ ပြေးသွားလိုက်သည်။ ယခုက တနင်္ဂနွေနေ့ ဖြစ်သောကြောင့် ရင်ရှန်းလည်း ပြန်လာလေ၏။ သူ့ကို ရက်ပိုင်းများစွာကြာအောင် မတွေ့ရပြီးနောက် ယွင်ယွီသည် သူ အတော်လေး အရပ်မြင့်လာကြောင်း သိလိုက်ရသည်။ အသားက ပိုဖြူလာကာ ပိုပြီး ချောလာလေ၏။ သူမက ကြည့်ကောင်းသောကြောင့် သူမမောင်လေးကလည်း ကြည့်ရဆိုးမှာ မဟုတ်ပေ။
ပြီးနောက် သူမသည် ခြံဝန်းထဲသို့ သွားလိုက်၏။ ဟေးတနှင့် ဝေးတက သူမကို လာကြိုကြ၏။ ယွင်ယွီက သူတို့၏ ပန်းကန်လုံးထဲသို့ ဝိညာဉ်စွမ်းရည်တချို့ ဖြည့်ပေးလိုက်သည်။
ကျန်းရှင်မြို့မှ ပြန်ခေါ်လာသည့် သရဲလေး ဝမ်ယုလင်ကမှု ဤနေရာတွင် မရှိပေ။ သူ တခြားတစ်နေရာသို့ လျှောက်သွားနေတာ ဖြစ်လောက်သည်။
သူသည်လည်း တစ်ချိန်လုံး ကျေးရွာနားတစ်ဝိုက် မနေနိုင်လောက်ပေ။
သရဲတစ္ဆေတစ်ကောင် ဖြစ်သောကြောင့် သူ့ကို ထိန်းချုပ်ထားဖို့ မလိုအပ်ပေ။ သူ၌ အညိုးအတေး မရှိသောကြောင့် ဘယ်သူကိုမှ ထိခိုက်အောင် လုပ်မှာ မဟုတ်ပေ။ ယွင်ယွီက လျစ်လျူရှုထားလိုက်၏။
ယွင်ယွီသည် ဝါးတစ်အုပ်ကြောင်း စဉ်းစားနေမိသည်။ သူမ တော်ဝင်မြို့တော်သို့ မသွားခင် တောင်ကုန်းပေါ်၌ ဝါးတစ်အုပ်ကို ချဲ့ထွင်ချင်ခဲ့သည်။ ယခု သူမက လက်ထဲ၌ ဖုန်းကိုင်ထားပြီး ဝါးမျိုးစိတ်များ မှာယူရန် နှင်းဆီချုံ့အောက်၌ ထိုင်နေလေ၏။
ဝါးတောအုပ် တစ်ဧကသည် မျှစ်ဆိုများ ပေါက်ရောက်ရန်အတွက် နေရာချန်ထားဖို့ မျိးစေ့ တစ်ရာကျော် လိုအပ်၏။ ဝါးများ ကြီးလာသည့်အချိန်တွင် ကျေးရွာထဲ၌ လှပသည့် ရှုခင်းတစ်ခု ဖြစ်လာလိမ့်မည်။ မျှစ်များကိုလည်း စား၍ ရ၏။ မစားဖြစ်သည့် မျှစ်များကိုလည်း မျှစ်ခြောက်လုပ်နိုင်သည်။ သူမ၌ ဝိညာဉ်စွမ်းရည်ရှိသည်။ ထို့ကြောင့် အရသာနှင့် ထို့မျှစ်များ ရောင်းမကောင်းမှာကို စိတ်ပူစရာ မလိုအပ်ပေ။
မှာယူပြီး မကြာမှီ၌ မျိုးစေ့များ ရောက်လာပြီ ဖြစ်ကာ စိုက်ပျိုးပြီး မကြာမှီ၌ ဒုတိယမြောက်နေ့၌ မျှစ်များ ပေါက်လာလိမ့်မည်။ သူမက အရေအတွက် ပမာဏများစွာ လိုချင်၏။ ယခင်က သစ်သီးဆိုင်ပိုင်ရှင်က သူ့ကို မိတ်ဆက်ပေးတာပဲ ဖြစ်သည်။ တန်ကြေးက မျိုးစေ့တစ်စေ့ကို ၁.၅ ယွမ် ဖြစ်သည်။ သူမသည် မျိုးစေ့ ဧက ၁၅၀ စာ ဝယ်ယူရန်အတွက် ယွမ် ၅ သောင်းကျော် သုံးခဲ့၏။ ဤတန်ကြေးက အတော်လေး ဈေးချိုသည်။
87 02
ဤတန်ကြေးက အတော်လေး ဈေးချိုပေ၏။ ပင်ပျိုများအတွက်မှု သူမ၌ ပိုက်ဆံ မလောက်သောကြောင့် မဝယ်ခဲ့ပေ။ သူမ ချန်ထားသည့် ပိုက်ဆံ သိန်းချီ ရှိနေသေးသော်ငှား ၎င်းကို ယွင်လန်အတွက် ထားထားတာ ဖြစ်သည်။
ဝါးမျိုးစိတ်များ မှာယူပြီးနောက် မနက်ဖြန်ကျ လာပို့ပေးမှာပဲ ဖြစ်သည်။
သူမသည် ဆိုင်ရှင်နှင့် စကားပြော ရပ်ပြီးချိန်တွင် သူမ ခြေသလုံး ယားသွားသည်။ ငုံကြည့်လိုက်မိချိန်၌ ထောင့်ဘက်ရှိ နှင်းဆီနွယ်မျှင်လေးထွက်ကာ သူမ၏ သေးသွယ်သည့်် ခြေသလုံးကို ရစ်ပတ်နေတာကို တွေ့လိုက်ရ၏။ ယွင်မိသားစုကမှု သတိမပြုမိပေ။
ယင်းသည် ယခင်က သူမ ခေါ်လာသည့် စက္ကူလူလေးပေါ်ရှိ အပင်ဝိညာဉ်ပဲ ဖြစ်သည်။ ယွင်ယွီက ၎င်းကို နှင်းဆီမျှင်နှင့် ချိတ်ဆက်ပေးလိုက်ချိန်မှစပြီး ၎င်း၏ဝိညာဉ်က ဖြည်းဖြည်းချင်း စတင် ကျင့်ကြံသည်။ ယွင်ယွီကလည်း ထို့အချိန်မှ စပြီး ဝိညာဉ်စွမ်းရည်များ လောင်းပေး၏။
ယခု လတွင်မှု ၎င်းသည် အခြားသော အပင်များထက်ပို ဖြတ်လတ်တက်ကြွစွာ ကြီးထွားလာသည်။
၎င်းက ယွင်ယွီကို ရက်တချို့ မတွေ့ရသေးပေ။ သူမ ပြန်လာတာကို မြင်သောကြောင့် ပျော်ရွှင်စွာ ပြုမှုနေ၏။
ယွင်ယွီက လိမ္မာတဲ့ ကောင်လေးဟု ပြောပြီး ဖုန်းကို ဖွင့်ကာ ယွင်လန်ဆီ စာပို့လိုက်သည်။
“မမ အားလပ်ရက် ဘယ်တော့ရမှာလဲ။ အိမ်ပြန်လာချင်လား”
သူမ၏ မမသည် ဒုတိယအဆင့်မြို့ ဖြစ်သည့် ချင်ဟန်တွင်နေသည်။ မြို့ထဲရှိ အိမ်ဈေးများက ယွမ်လေးသောင်း၊ ငါးသောင်း ဝန်းကျင်ရှိ၏။ ဒုတိယနှင့် တတိယပတ်လည်ရှိ အိမ်ဈေးများကမှု ဈေးပိုချိုပြီး ယွမ် နှစ်သောင်း ဝန်းကျင်သာ ရှိသည်။ သူမ ချန်ထားသည့် ပိုက်ဆံက သူမ မမအတွက် ငွေပေးချေရန် လုံလောက်လုနီးပါး ရှိသည်။ ချင်ယွီစွေက သူမဘေးတွင် လက်ဖက်ရည်ထိုင်သောက်နေကာ ယွင်ယွီ၏ ခြေသလုံးကို ရစ်ပတ်နေသည့် နွယ်ကြိုးလေးကို တစ်ချက်ကြည့်လိုက်ပြီး သူ့အကြည့်က ပြောင်းလဲသွား၏။ အပင်ဝိညာဉ်ကလည်း ချင်ယွီစွေ၏ အမှုအယာကို လေ့လာနိုင်ကာ ယွင်ယွီ၏ ခြေသလုံးကို တိတ်တဆိတ် လွှတ်ပေးပြီး ပြန်ဆုတ်သွားတော့သည်။
ယွင်လန်၏ မျက်ခုံး၊ မျက်လုံးတို့က သူ့ညီမ ယွင်ယွီနှင့် အတော်လေး ဆင်တူသည်။ ယွင်ယွီ၏ မျက်နှာ တည်ဆောက်ပုံက ရွှင်မြူး တက်ကြွပြီး လှပကာ သူမကမှု သိမ်မွေ့ညှင်သာမှု ရှိသည်။ မျက်နှာကို တစ်ချက်ကြည့်ရုံဖြင့် စိတ်နေသဘောထားကို ပြောနိုင်သည်။
သူမ တက္ကသိုလ် မတက်ခဲ့ပေ။ အထက်တန်းကျောင်း အောင်ပြီးနောက် မောင်နှမများ၏ ပညာရေးအတွက် ပံ့ပိုးပေးဖို့ အလုပ်ရှာရန် ချင်ဟန်မြို့သို့ လာခဲ့သည်။
သူမသည် အလုပ်များစွာ ရှာတွေ့ခဲ့ပြီး အချိန်ပိုင်း အလုပ်များစွာ လုပ်ခဲ့၏။ ကျောင်းတက်စဉ်က အဆင့်ကောင်းရခဲ့သော်ငှား မိသားစုက မတက်နိုင်သောကြောင့် တက္ကသိုလ် မသွားခဲ့ပေ။ သူမ အလုပ်စလုပ်ပြီးနောက် သက်ကြီး တက္ကသိုလ်ကိုမှု လျှောက်ထားခဲ့သည်။ သူမ တစ်ရက်ကို အချိန် လေးနာရီသာ အိပ်ပြီး ကျန်ချိန်များ၌ အလုပ်လုပ်ပြီး စာလေ့လာသည်။ ဒီဘလိုမာ ရရန်အတွက် အချိန် နှစ်နှစ် ယူခဲ့ရကာ သူမ အလုပ်ပြောင်းခဲ့သည်။ လက်ရှိ၌ သူမက ကုမ္မဏီ၏ ဘဏ္ဏာရေး ဒါရိုက်တာ ဖြစ်နေပြီး သူမလစာသည် ယွမ် သုံး လေးထောင်ကနေ ယွမ် တစ်သောင်းအထိ တိုးသွားတော့သည်။
သူမက အလွန် အလုပ်ကြိုးစားသည့် မိန်းကလေး ဖြစ်၏။
သူ့ ညီမ၏ စာကို မြင်ပြီးနောက် ယွင်လန်၏ မျက်လုံးထဲတွင် သိမ်မွေ့သော အပြုံးများ ပြည့်နေတော့သည်။
“နှစ်သစ်ကူး အားလပ်ရက်အတွက် တစ်လ ကျန်သေးတယ်။ အဲဒီအခါ ပြန်လာမယ်။ ယွီအာ အိမ်မှာ အဆင်ပြေလား”
သူ၏ ညီမက လျင်မြန်စွာ ပြန်ပြောလာ၏။
“မဆိုးပါဘူး။ တောင်ထိပ်ပေါ်မှာ တောအုပ်ချဲ့ ထွင်တော့မလို့လေ။ မမ ပြန်လာတာ စောင့်နေမယ်”
“ဟုတ်ပြီလေ။ ဖွားဖွားနဲ့ မေမေကို မေးတယ် ပြောပေးပါအုန်း”
သူမသည် ကြားရက်များတွင် အလုပ်များနေပြီး အားလပ်ချိန်တွင်မှု စာလေ့လာ၏။ မိသားစုနှင့် ရံဖန်ရံခါသာ ဆက်သွယ်နိုင်သည်။
သူမညီမလေးက ပြန်ပြောလာ၏။
87 03
“ဟုတ် ဖွားဖွားနဲ့ မေမေကလည်း မမကို လွမ်းနေတာ။ ညီမတို့ အားလုံး သတိရနေတယ်”
ယွင်လန်၏ အကြည့်က သိမ်မွေ့သွား၏။ သူမက ခွက်ကို လက်ဖက်ရည်အခန်းထဲ သယ်သွားပြီးချိန် သူမ၏ ချစ်သူ ကောင်လေး ဖီဟယ် ရေလောင်းနေတာကို တွေ့လိုက်ရ၏။ သူမ လျှောက်သွားကာ တီးတိုး ပြောလိုက်သည်။
“အားဟယ် နောက်လကျ အားလပ်ရက်အတွင်း ကျွန်မ မွေးရပ်မြေကို ပြန်ချင်တယ်။ မိဘတွေနဲ့ တွေ့ဖို့ ရှင်လိုက်ချင်လား”
ဖီဟယ်နှင့် သူမသည် ကုမ္မဏီတစ်ခုတည်း အလုပ်လုပ်၏။ ရုံးအတွင်း ချစ်ကြိုက်မှုကိုလည်း ကုမ္မဏီက ခွင့်ပြုထားသောကြောင့် ရုံးအတွင်း၌ စုံတွဲများစွာ ရှိသည်။
သူမသည် လွန်ခဲ့သည့် နှစ်ဝက်ခန့်ကမှ ဖီဟယ်နှင့် စပြီး ချိန်းတွေ့ခဲ့တာ ဖြစ်၏။ ဖီဟယ်က သူမကို အရင်လိုက်ခဲ့သည်။ သူက သူမကို အလုပ်ဆင်းချိန်၌ လိုက်ပို့ပေးပြီး နေ့တိုင်း၌ ညစာ အတူစားသည်။ သူမက အတော်လေး ရှေးရိုးစွဲသူ ဖြစ်၏။ ထို့ကြောင့် ဖီဟယ်သည် သူမကို နှစ်လသာ လိုက်ခဲ့ရ၏။ သူတို့နှစ်ယောက် မုန့်စား၊ ဈေးဝယ်ထွက်၊ ရုပ်ရှင်အတူ ကြည့်ရုံသာ ရှိသည်။ ဖီဟယ်သည် ယခင်က သူတို့ အတူနေလျှင် ငှားခ ချွေတာနိုင်ကြောင်း ပြောခဲ့၏။ ချင်ဟန်မြို့ရှိ အိမ်တန်ကြေး မြှင့်လာသည့်နှင့်အမျှ ငှားရမ်းခများလည်း တိုးလာသည်။
ယွင်လန်က အတော်လေး ရှေးရိုးစွဲသူ ဖြစ်ပြီး လက်မထပ်ဘဲ အတူနေဖို့ သဘောမတူ။ ဖီဟယ်က များများစားစား မပြောပဲ သူမ၏ ဆုံးဖြတ်ချက်ကို လေးစားခဲ့သည်။
ယွင်လန်သည် သူတို့ နှစ်ဝက်ခန့် ချိန်းတွေ့ခဲ့ပြီးပြီဟု တွေးလိုက်သည်။ ဖြစ်နိုင်လျှင် သူမမိဘများနှင့် တွေ့ပေးဖို့ ခေါ်သွားပေးကာ မင်္ဂလာဆောင်ချင်၏။
သူမက ရိုးရှင်းသော ဘဝတွင် နေသားကျနေပြီး တည်ငြိမ်သော လူနှစ်ယောက် ချစ်မိနေချိန် တည်ငြိမ်သော အိမ်တစ်လုံးရှိပြီး မြို့၌ ကလေးတစ်ယောက် မွေးမည်။
ဖီဟယ်က သူမပြောတာ ကြားသောအခါ ပြောလိုက်သည်။
“ဟုတ်ပြီလေ။ နှစ်ကုန်ခွင့် ကာလကျ ကုမ္မဏီကနေ ခွင့်တောင်းလိုက်မယ်။ ပြီးရင် မင်းနဲ့ လိုက်ခဲ့မယ်”
“ဒါဆို ကျွန်မ့မိသားစုကို ပြောလိုက်မယ်”
ယွင်လန်က နူးညံ့စွာ ပြောလိုက်၏။
သူမသည် ထို့အကြောင်း သူမမိသားစုကို ပြောပြရန် သူမညီမဆီ စာအမြန် ပို့လိုက်သည်။
ယွင်ယွီက သူမ၏အစ်မသည် ချစ်သူခေါ်လာမည့်အကြောင်း ကြားရသောအခါ အလွန်ပျော်ရွှင်သွား၏။ သူမ ချင်ယွီစွေကို နှုတ်ဆက်ကာ မီးဖိုချောင်ထဲ အပြေးသွားပြီး အဘွားယွင်နှင့် အမေယွင်တို့ကို ပြောပြလိုက်သည်။
ယွင်မိသားစုက အလွန် ပျော်ရွှင်နေ၏။ အဘွားယွင်သည် သူမ၏ မြေးအကြီးဆုံး ပြန်လာမည့်အချိန်ကို မေးနေသည်။ ယွင်ယွီက ပြောလိုက်၏။
“မမက နောက်လ နှစ်ကူး အားလပ်ရက်အတွင်း ပြန်လာမယ် ပြောတယ်”
“ဒါဆို စားကောင်း သောက်ဖွယ်တွေ ပြင်မှပဲ”
ယခုသည် ယွင်လန်က သူမ၏ ချစ်သူကို အိမ်သို့ ခေါ်လာသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့ကြောင့် ယွင်မိသားစုက ကောင်းကောင်း ပြင်ဆင် ထားရမည်။
ယွင်ယွီကလည်း သူမ၏အစ်မ သူ့ချစ်သူကို အိမ်သို့ ခေါ်လာမှာကို အလွန်ပျော်ရွှင်နေ၏။ သို့သော် သူမအစ်မ ခေါ်လာသည့် ထို့လူကို ကြည့်ပြီး အတည်ပြုချင်သေး၏။ ဂရုတစိုက် ကြည့်ရပေမည်။
သူမ မိသားစုကို သတင်းကောင်း ပြောပြပြီးနောက် ယွင်ယွီသည် နှင်းဆီနွယ်ပင်များဆီ ပြန်သွားကာ ချင်ယွီစွေနှင့် ငြိမ်သက်စွာ စကားပြောနေတော့သည်။
ညစာစားချိန်တွင် အဘွားယွင်က ပဲပိစပ်နှင့် ငါးပုတ်သင် တစ်အိုး ချက်ပေးပြီး အိမ်ထဲ မွှေးရနံများ ပြည့်နေတော့သည်။ သူမက ပြောင်းမှုန့်နှင့် ဂျုံ့မှုန့်တို့ကိုလည်း အချဉ်ဖောက်ထားပြီးနောက် ရောနှယ်ထားကာ ပန်ကိတ်လုပ်ထားသေးသည်။ ယင်းက မြောက်ပိုင်းတွင် စားသောက်သည့် နည်းလမ်း ဖြစ်၏။ အဘွားယွင်သည် ယင်းကို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ပြီး အရသာက အလွန်ကောင်းမွန်သည်။
ငါးဟင်းအိုးထဲ ရေထည့်ပြီးနောက် နူးညံ့သော တို့ဟူးများကို လှီးထည့်လိုက်သည်။ တို့ဟူး ကြာကြာ နှပ်ထားလေ ရနှံ့က ပိုမွှေးလာလေ ဖြစ်သည်။
အိုးနှုတ်ခမ်းပေါ်၌ ပန်ကိတ်များရှိပြီး ငါးဟင်းက ပွက်ပွက် ဆူနေတော့သည်။
၁၅ မိနစ်ခန့် ကြာပြီးနောက် ပန်ကိတ်များ ကျက်သွားတော့၏။ အိုးအဖုံး ဖွင့်လိုက်ချိန်တွင် မုန့်များ၏ ချိုမှိန်သော ရနံ့နှင့် ငါး၏ လတ်ဆတ်မှုကို ရနိုင်သည်။
87 04
ပဲပိစပ်နှင့် တို့ဟူး၊ ငါးပုတ်သင်တို့ ရောချက်ထားသည့် ဟင်းအိုးသည် မိသားစု ငါးယောက်အတွက် လုံလောက်ပေ၏။
ဝိညာဉ်စွမ်းရည် ထည့်ထားသည့် တွင်းရေဖြင့် စိမ်ထားသည့် ငါးပုတ်သင်က အင်မတန် နူးညံ့ကာ အညှီနံ့မရှိပေ။ ငါးအရိုး အနည်းအကျဉ်းသာ ရှိပြီး ငါးအသားက နူးညံ့ပြီး လတ်ဆတ်နေသည်။
တစ်ကိုက် ကိုက်ကြည့်မိချိန်တွင် ပြောင်းဖူး၏ ချိုမြသော အရသာနှင့် တို့ဟူးအရသာ ရောထွေးနေတာကို စားမိမည် ဖြစ်ကာ အင်မတန် အရသာ ကောင်းမွန်လှပေ၏။ ယွင်ယွီက ငါးပုတ်သင်များစွာ စားလိုက်ပြီး တို့ဟူးများ စားလိုက်၏။ အဘွားယွင် လုပ်ပေးထားသည့် ပြောင်းဖူးမုန့်က ကြီးသောကြောင့် သူမ နှစ်ခုသာ စားခဲ့သည်။
ချင်ယွီစွေကလည်း အများအပြား စားခဲ့သည်။ အဆုံးကျ ငါးတို့ဟူးနှင့် ပြောင်းဖူးတို့ အားလုံး အပြောင်ရှင်းပြီး သွားပြီ ဖြစ်သည်။
သူမ ယနေ့ ကားစီးလာပြီးနောက် အနည်းငယ် ပင်ပန်းနေပြီ ဖြစ်သည်။ ညနေခင်း ရေချိုးပြီးနောက် ယွင်ယွီသည် အိပ်ယာစောစော ဝင်ရန် ပြင်ဆင်ထားသည်။ သူမက အရင်ဆုံး ချင်ယွီစွေနေရာ ဧည့်ခန်းထဲ ဝင်သွား၏။ တံခါးနှင့် ပြတင်းပေါက် တစ်ဝက်ပိတ်ထားသည်။ သူ မတုံ့ပြန်ရသေးခင် သူမ ခြေထောက်များက သူ၏ လည်ပင်းကို တွဲခိုလိုက်၏။ နှုတ်ခမ်းကို လျင်မြန်စွာ ဖက်ခနဲ နမ်းလျှက် ငါးခိုးထားသည့် မြေခွေးလေး တစ်ကောင်ပမာ ပြုံးနေတော့သည်။
“ချင်ယွီစွေ ဝမ်အမ်”
သူ အသိစိတ် မကပ်သေးခင် သူမက အခန်းထဲမှ လစ်ခနဲ ထွက်သွားပြီး သင်းပျံ့သော ရနံ့သာ ချန်ရစ်ခဲ့သည်။
ချင်ယွီစွေက အခန်းထဲရပ်နေစဉ် သူ့နှုတ်ခမ်းထောင့်ကို ဖိမိသွားပြီး ထို့နေရာ၌ သင်းပျံ့သည့် ရနံ ရှိနေသေး၏။ သူ သိမ်မွေ့စွာ ပြုံးလိုက်သည်။ သူ ပြုံးလိုက်သောအခါ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက် ရုံမျှသာ ဖြစ်သည့်တိုင် သူ၏ မျက်လုံးက ကြယ်ပွင့်များဖြင့် ပြည့်နေပုံပေါ်ပြီး တောက်ပနေလေ၏။
ယွင်ယွီက အိပ်ခန်းထဲ ပြန်ပြီး အိပ်ယာထဲ လှဲကာ မျက်လုံးများ ကွေးသွားသည့်အထိ ပြုံးလျှက် နှုတ်ခမ်းထောင့်ကို ထိလိုက်သည်။
သူမ အိမ်ပြန်ရောက်လာပြီး ပုစဉ်းတို့၏ အသံနှင့် ငှက်သံများ ကြားရသောကြောင့် ဖြစ်ဟန်တူသည့် သူမရင်ထဲရှိ ယားကျိကျိ ခံစားချက်က တဖြည်းဖြည်းချင်း ပြန့်သွားကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေ၏။
နောက်တစ်နေ့တွင် အရာအားလုံးက အိမ်၌ ခါတိုင်းလိုပင် လူတိုင်း လုပ်စရာ ရှိတာ လုပ်ကြသည်။
ယွင်ယွီကမှု အဘွားယွင်၊ အမေယွင်နှင့် မောင်လေးအတွက် အဆောင်များထွင်းပေးပြီ ဖြစ်ကာ ချင်ယွီစွေနှင့် သူ့မမအတွက်သာ ကျန်တော့သည်။ သူမ၏ အစ်မက စက်တင်ဘာလအထိ ပြန်လာအုန်းမှာ မဟုတ်။ ထို့ကြောင့် အဆောင် အလျင်စလို လုပ်စရာမလိုပေ။ ယွင်ယွီသည် ချင်ယွီစွေ၏ အဆောင်ကို အရင်ဆုံး ပြုလုပ်ပေးရန် ပြင်ဆင်ထားသည်။ မှာထားသည့် ဝါးမျိုးစေ့များ အားလုံး နေ့လည်ခင်း၌ ရောက်လာသည်။
စုစုပေါင်း ဝါးမျိုးစေ့ နှစ်သောင်းကျော်ပါ၏။ ယွင်ယွီနှင် ချင်ယွီစွေတို့က အားလုံး မစိုက်ပျိုးနိုင်ပေ။ ထို့ကြောင့် သူတို့သည် အပင်စိုက်ပျိုးရန် ရွာသားများကို အကူအညီ တောင်းခဲ့၏။ ဝါးမျိုးစေ့များသည် သစ်သီးစေ့များထက် စိုက်ပျိုးရ ပိုလွယ်ကူ၏။ တစ်ရက်ကို ယွမ် သုံးရာ ပေးမှာပဲ ဖြစ်သည်။
…
ယွင်ယွီ၌ ဘာမှ လုပ်စရာ မရှိပေ။ ချင်ယွီစွေက သူမကို တွင်းတူးခွင့် မပေး။ မျိုးစေ့ချခွင့်လည်း မပေးပေ။ ထို့ကြောင့် သူမသည် ဝိညာဉ်စွမ်းရည်ဖြင့်သာ ဝါးမျိုးစေ့များကို ရေလောင်းနိုင်၏။
မွန်းတည့်ချိန်၌ ဧက ၁၅၀ နီးပါး စိုက်ပျိုးပြီး သွားပြီ ဖြစ်သည်။
ချင်ယွီစွေကလည်း ဤနှစ်ရက်အတွင်း အပင်စိုက်ဖို့ ကူညီပေးခဲ့သည်။ ရွာထဲရှိ အမျိုးသားများက အပေါ်ပိုင်း အင်္ကျီ မဝတ်ထားပေ။ ပထမအချက်မှာ သက်တောင့်သက်သာ ရှိစေရန်နှင့် ဒုတိယအချက်မှာ ရာသီဉတု ပူလွန်းသောကြောင့် ဖြစ်သည်။
သူသည်လည်း လူတိုင်းကဲ့သို့ ရှပ်အင်္ကျီကို ချွတ်ထားသည်။ သူက အရပ်မြှင့်ကာ ခန္ဓာကိုယ်က ကြည့်ကောင်းသည်။ သူ၌ အလွန်သန်မာသည့် ကြွက်သားများ မရှိသော်ငှား သူ၏ကြွက်သားများက ပုံကျကာ အသားအရောင်ကလည်း ကိုက်ညီသည်။
ယခုအခေါက်တွင် ယွင်ယွီ၏ စိတ်အခြေအနေက ယခင်နှင့် မတူ။ ယခု သူ၏ အမျိုးသားကို သဘောကျ၏။ ချင်ယွီစွေ ပူလောင်သော နေလောင်အောက်တွင် အလုပ်လုပ်နေရသည့်အတွက် သူ့အတွက် စိတ်မကောင်း ဖြစ်မိသည်။ သူမက ဘေးကနေ ရေတစ်ခွက် ကိုင်လျှက် ရပ်နေသည်။ သူ၏ ခန္ဓာကိုယ်၌ ဖုန့်များ ချွေးများ ပေလာသည့်နှင့် သူမက သူ့ကို ရေသောက်ဖို့ တိုက်တွန်းတော့သည်။ အိမ်၌ ရေစည်ရှိလျှင် ကောင်းမည်ဟု တွေးမိသည်။ ညအချိန်၌ လယ်ယာ စိုက်ပျိုးရေးလုပ်ပြီးနောက် သူမသည် ရေစိမ်လိုက်ပါက ခန္ဓာကိုယ်ရှိ မောပန်းနွမ်းနွယ်မှုများ အားလုံး ဖယ်ရှားနိုင်လိမ့်မည်။
87 05
ချင်ယွီစွေသည် အပေါ်ပိုင်း ဗလာဖြစ်နေသေးကာ သူက ရွာသားများအကြား ထင်းထွက်နေသေး၏။ သူက ချောမောခန့်ညားကာ ကောင်းမွန်သည့် ခန္ဓာကိုယ်ရှိ၏။ ရွာထဲရှိ အားနေသည့် အန်တီကြီးတချို့ဆို သူ့ကို လာကြည့်ကြသည်။
သူ့တို့က ယွင်ယွီကိုလည်း စနောက်လိုက်သေး၏။
“အိုး အေ။ တက္ကသိုလ်တက်ပြီး ယွီယွီရှာလာတဲ့ အမျိုးသားက မတူဘူးပဲ။ စိုက်ပျိုးရေးလုပ်နေတဲ့ အချိန်မှာတောင် ကြည့်ကောင်းတယ်”
“ဟုတ်ပ။ ကြွက်သားတွေ အပြည့်ပဲ။ ကျွတ် ကျွတ်”
သူတို့က ချင်ယွီစွေကို စိုက်ကြည့်နေပြီး ယွင်ယွီက ဒေါသထွက်လွန်းသောကြောင့် နားရွက်ဖျားများ နီလာတော့သည်။
ထိုအန်တီကြီးများ စကားပြောနေစဉ် သူတို့က ယွင်ယွီကိုတောင် စတင် ကြိမ်းမောင်းလာလေ၏။
“ဒီနှစ်တွေအတွင်း ညည်းရဲ့မိသားစုက ညည်း စာလေ့လာဖို့ ကြိုးစားပန်းစား လုပ်ခဲ့ရတာ။ ဘွဲ့ရပြီးတာနဲ့ ဘာကြောင့် လက်ထပ်ပွဲလုပ်ဖို့ ပြန်လာတာလဲ။ စာလေ့လာတာတွေ ဖြုန်းတီးရာ မရောက်ဘူးလား။ အသက်က ငယ်ငယ်လေး ရှိသေးတယ်။ စိတ်ထင်ရာ လုပ်နေတယ်။ ငါသာ ညည်းဆိုရင် မြို့မှာပဲ နေပြီး အလုပ်လုပ်မှာပေါ့။ မြို့တော်က လူတွေ သွားချင်တာတောင် မရတဲ့ နေရာ တစ်ခုပဲ”
“လူကြီးစကား နားမထောင်ရင် ဒုက္ခရောက်လိမ့်မယ်။ ညည်းရဲ့ အဘွားနဲ့ အမေက တကယ် ဒီလောက်အထိ အလိုလိုက်ထားတာ။ ညည်းစိုက်ထားတဲ့ သစ်သီးတွေ အားလုံး ရောင်းနိုင်မှာလား”
“မူသုံးထောင်ကျော် ရှိတဲ့ တောင်သုံးတောင်ကို စိုက်ပျိုးတဲ့ စရိတ်က ဘယ်လောက်တောင် ရှိမလဲ။ ညည်းက အရူး”
သူတို့က ပြောပြောဆိုဆိုဖြင့် ယွင်ယွီနား ဝိုင်းလာကာ ပြောတော့သည်။
ယွင်ယွီက စိတ်မရှည်ဖြစ်လာကာ ခွက်ကို ကိုက်ထားလျှက် ထရပ်လိုက်ပြီး သူမ အေးတိအေးစက် ပြောလိုက်သည်။
“ကျွန်မအစ်မက ကျွန်မ ပညာသင်ဖို့ ပိုက်ဆံ ပေးတာ။ စိုက်ပျိုးရေးလုပ်ဖို့ ပြန်လာတုန်းက သူဘာမှ မပြောဘူး။ ရှင်တို့က ဘာကြောင့် ဒီလောက် စိတ်ပူနေတာလဲ။ ဒါအပြင် ဒါ ကျွန်မပိုက်ဆံလေ။ ကျွန်မ တန်ဖိုး ငှားရမ်းထားရတာ ပျော်တယ်။ စိုက်ပျိုးရတာလဲ ပျော်တယ်။ ကျွန်မရဲ့ မက်မွန်သီးတွေ တစ်လုံးကို ဆယ်ယွမ်နဲ့ ရောင်းနိုင်တာ။ ဒီတော့ ရောင်းမထွက်မှာ စိတ်ပူစရာ မလိုဘူး”
“ညည်းက ဒီလောက် ကြွားဝါးတတ်တဲ့ ကလေးပဲ”
ထိုအဒေါ်ကြီးများက ပိုတောင် ဒေါသထွက်လာပြီး ယွင်ယွီကို သင်ခန်းစာ ပေးဖို့ ပြင်ကြတော့သည်။
“မက်မွန်သီး တစ်လုံးကို ဆယ်ယွမ်ရတာ ညည်း ကံကောင်းလို့လေ။ ဒီနှစ် နင့်မက်မွန်သီးက အရသာ ကောင်းတယ်။ စိုက်ပျိုးရေးဆိုတာ ရာသီဉတု ပေါ်မူတည်တာ။ အရင်နှစ်တုန်းက လယ်သမားတွေ အားလုံး ဆုံးရှုံးသွားတယ်”
သူတို့အားလုံး တကျီကျီပြောနေတာ ယွင်ယွီကို ခေါင်းကိုက်လာစေသည်။
သူတို့သည် လူဆိုးများ မဟုတ်။ အတင်းအဖျင်း ပြောရတာ နှစ်သက်သည်။ အမျိုးသမီးများသာ ဖြစ်၏။ ဘယ်သူမှ သူတို့ကို သင်ခန်းစာ မပေးနိုင်ပေ။ ထို့ကြောင့် ရေခွက်ကို ကိုင်ထားလျှက် ထိုလူများကို လျစ်လျူရှုပြီး ထွက်လာလိုက်သည်။
ကံကောင်းသည့်မှာ သူတို့ ယွင်ယွီနောက် လိုက်မပြောနိုင်တော့ပေ။ သူတို့ ထို့နေရာတွင် ရပ်ပြီး ယွင်ယွီက တစ်ကိုယ်ကောင်းဆန်ကြောင်းနှင့် မိသားစုအတွက် မတွေးပေးကြောင်း ပြော၏။ သူမ ပိုက်ဆံအားလုံး ဆုံးရှုံးပါက နောင်တရမည်ဟု ဆိုခဲ့သည်။
ကံကောင်းသည်မှာ အလုပ်က လျင်မြန်စွာ ပြီးသွားသည်။ သူတို့က မျိုးစေ့များ စိုက်ပြီးနောက် ချင်ယွီစွေသည် သူ့ကိုယ်ပေါ်ရှိ ဖုန့်များကို ဆေးကြောရန် နီးရှင်မြစ်သို့ သွားပြီး အဝတ်အစား ဝတ်ကာ ယွင်ယွီကို အိမ်သို့ ခေါ်လာသည်။
“အားလုံးကို ငွေရှင်းပြီးပြီလား”
ယွင်ယွီက သုန်မှုန်စွာ ပြောလိုက်သည်။
“မပေးရသေးဘူး။ ပြီးမှ အိမ်တိုင်းကို ပို့ပေးလိုက်မယ်”
သူတို့အားလုံးက တစ်ရွာတည်းသားများ ဖြစ်ပြီး နေသည့်နေရာက မဝေးပေ။
++++++