အခန်း ၈၈
Vol. 9 Ch. 88
88 01
အပိုင်း 88
သူတို့နှစ်ယောက်ပြောနေစဉ် တောင်အောက်ဆင်းလာကာ ဖရဲခင်းသို့ ရောက်လာ၏။ ထိုနေရာ၌ ရွာသားများစွာ စုဝေးနေတာ တွေ့လိုက်ရသည်။
ငိုယိုနေသည့် လူများစွာလည်း ရှိပေ၏။
ယွင်ယွီက အနားရောက်ချိန်၌ တစ်စုံတစ်ယောက်ပြောတာကို ကြားလိုက်ရသည်။
“ဘယ်လိုတောင် ခံရတာလဲ။ ဘယ်သူကများ ဖန်မိသားစုရဲ့ ဖရဲသီးတွေကို ဆိုးဆိုးရွားရွား ပျက်စီးအောင် လုပ်လိုက်တာလဲ”
ယွင်ယွီက ချင်ယွီစွေ၏ လက်ကို ကိုင်ထားလျှက် လူအုပ်ထဲ တိုးဝင်သွားသည်။ ဖရဲခင်းထဲရှိ ဖရဲသီးများပေါ်၌ ဖြတ်ရာများ ထင်းနေတာ တွေ့လိုက်ရ၏။ ဖြတ်ရာက အလွန်ချောမွတ်နေပြီး သူတို့ကို ချွန်ထက်သည့် လက်နက်ဖြင့် ဖြတ်ထားတာ သိသာ၏။
ဖရဲခင်းထဲတွင် ထိုင်နေသည့် ဖန်လင်မယားက ငိုယိုနေတော့သည်။
ဤစုံတွဲထဲတွင် ဖန်ချွင်ရုက အပြင်ထွက် လုပ်လုပ်ပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က ခြေထောက် ကျိုးသွားသည်။ သူ၏ ဒူးဆစ်ရိုးက ကြေသွား၏။ သူ့ကို ဆေးရုံပို့ခဲ့ပြီး သူ့ သူဌေးက ယွမ် နှစ်သောင်း လျော်ကြေး ပေးခဲ့သည်။ ခြေတစ်ဖက် မရှိသူကို မည်သူမှ အလုပ်မခန့်ချင်ပေ။ ထို့ကြောင့် သူက လယ်စိုက်ရန် ပြန်လာလေ၏။ သူ၏ဇနီးက အလုပ်များသည့် စိုက်ပျိုးရေး ရာသီ၌ အိမ်တွင် ကူညီပေးကာ သူမ အားလပ်ချိန်တွင် မြို့တက်ပြီး အလုပ်လုပ်၏။ သူမ ကလေးနှစ်ယောက်ကို ပျိုးထောင်နိုင်ခဲ့သည်။ သားက အလယ်တန်းကျောင်းရောက်ပြီး သမီးက အထက်တန်ကျောင်း ရောက်နေပြီ ဖြစ်သည်။ နှစ်ယောက်လုံးက အဆင့်ကောင်းကာ နောင်ကျ တက္ကသိုလ် တက်နိုင်လိမ့်မည်။
ဖန်ချွင်ရု စိုက်ထားသည့် ဖရဲသီးများက လတ်တလော နှစ်များ၌ အတော်လေး ကောင်းလာ၏။ သူ၌ ကိုယ်ပိုင် ဖရဲသီးစိုက်ပျိုးသည့် နည်းလမ်း ရှိနေသည်။ သူ၏ ဖရဲသီးများသည် နောက်ကျမှ ရင့်မည့်ပြီး အားလုံးက ချိုမြသည့် ဖရဲသီးများသာ ဖြစ်သည်။
သူသည် အိမ်၌ ဖရဲသီးခင်း ဧက အနည်းငယ်ကို ဂရုတစိုက် စိုက်ပျိုးထားသည်။ နှစ်စဉ်နှစ်တိုင်း သစ်သီးဝယ်သူများက သူ၏ ဖရဲသီး ဝယ်ရန် ရောက်လာပြီး တန်ကြေးက အခြားသော လယ်သမားများထက် တစ်ပြား နှစ်ပြား ပိုများသည်။
ဤဖရဲသီးများသည် မမှည့်သေးသောကြောင့် နောက်လအထိ စောင့်ပြီးမှ ရောင်း၍ ရမှာပဲ ဖြစ်သည်။ ယခု ရင့်မှည့်ရန် လဝက်ခန့်သာ လိုတော့ချိန် ဖရဲသီးဓားဖြင့် အလှီးခံထားရတာ တွေ့လိုက်ရ၏။ သူ၏ မိသားစု၌ ဖရဲသီး ၇ ဧက ၈ ဧကခန့် ရှိသည်။ မိသားစု၏ စားဝတ်နေရေး ကလေးများ၏ ကျောင်းစရိတ်အားလုံးသည် ဖရဲခင်းပေါ် မူတည်နေသည်။
ယွင်ယွီက လည်ပတ်ကြည့်ပြီး ဖရဲခင်းထဲရှိ ဖရဲသီးအများစု အဖြတ်ခံထားရကြောင်း တွေ့လိုက်ရသည်။
“ဘယ်သူက ဒီလောက် ကောက်ကျစ်တာလဲ”
ရွာသားတချို့က စောဒက တက်လိုက်သည်။
“ဒါ လွန်လွန်းတာပဲ။ ဒီအခင်းရဲ့ အထွက်နှုန်းက တစ်မိသားစုလုံးရဲ့ ဘဝပဲ။ သူတို့အသက်ကို ယူတာ မဟုတ်ဘူးလား”
ကျေးလက်တွင် ပဠိပက္ခများစွာ ရှိသည့်တိုင် လူတို့က အခြားသူ၏ လယ်ကွင်းထဲရှိ စားစရာများကို သွားဖျက်စီးမှာ မဟုတ်ပေ။ သူတို့က ကောင်းကောင်းမွန်မွန် နေထိုင်ကြပြီး ဝဠ်လည်မှာ စိုးရိမ်သည်။
စားစရာကို ထိခိုက်ဖျက်စီးစေသည့် လူက မိုးကြိုး ပစ်ခံရလိမ့်မည်။
“ဒါ ဘယ်လောက် ထိခိုက်သွားတာလဲ”
“ငါ တစ်ချက်ကြည့်ပြီးပြီ။ လယ်ကွင်းထဲက ငါးမှုး ခြောက်မှုးလောက်က ဖရဲသီးတွေ အားလုံး အလှီးခံထားရတယ်။ ဖရဲသီး တချို့ဆို နွယ်ပင်တွေတောင် အဖြတ်ခံထားရတာ”
“ဟာ ဘယ်သူက ဒီလောက်အထိ ရက်စက်တာလဲ။ မနေ့ညတုန်းက ဒီနေရာက အခြေအနေကို တစ်ယောက်ယောက် အာရုံစိုက်မိလား”
ထို့ကဲ့သို့သော ကောက်ကျစ်သော အရာမျိုးကို ညလယ်ခေါင်တွင် လုပ်တာပဲ ဖြစ်ရမည်။
“ဒီနေရာက နည်းနည်း ဝေးတယ်။ အနားမှာ ဘယ်သူမှ မနေဘူး။ မျက်မြင်သက်သေ ရှာဖို့ ခက်ခဲတယ်”
“ရဲခေါ်။ ငါတို့ ဒီကိစ္စအတွက် ရဲတိုင်ရမယ်”
88 02
ဖန်ချွင်ရုက ကွဲသွားသည့် ဖရဲသီးကို ကိုင်ထားပြီး တိတ်တဆိတ် ငိုကြွေးနေလေ၏။ သူက လက်ဆန့်ထုတ်လျှက် ဖရဲသီးကို လှီးကာ စိတ်ဓာတ်ကျပြီး ကူကယ်ရာမဲ့နေသည်။
သူသည် မနေ့တုန်းက ဖရဲခင်းထဲရှိ ပေါင်းပင်များကို ဆွဲနှုတ်ခဲ့သေး၏။ ဖရဲသီးများက လတ်တလော၌ ကောင်းစွာ ကြီးထွားလာပြီး မိုးရေဝ၏။ ထို့ကြောင့် ရေလောင်းဖို့ မလိုအပ်ပေ။ သူက မွန်းတည့်ချိန်၌ ကွင်းထဲကနေ ဖြတ်လျှောက်တတ်သည်။ ယနေ့ သူရောက်လာချိန်တွင် ကွင်းရှိ ဖရဲသီးများအားလုံး အလှီးခံလိုက်ရ၏။ ဧက ၇ ဧက၊ ၈ ဧက၏ တစ်ဝက်ကျော်က ဖျက်စီးသွားပြီ ဖြစ်သည်။
သူ့ဇနီးက ငိုယိုနေ၏။
“ဘယ်သူက ဒီလောက် ကောက်ကျစ်တဲ့အရာကို လုပ်ရလောက်တဲ့အထိ ရက်စက်တာလဲ။ ငါ့မိသားစုက ဖရဲခင်းကို အားကိုးနေရတာ။ ကလေးတွေကလည်း ကျောင်းတက်လျှင် ကျောင်းလခ ပေးရတော့မယ်။ သူတို့က ငါတို့ကို သေအောင် ဖိအားပေးနေတာပဲ”
“ဟေ့ ရဲတိုင်ကြရအောင်”
ရွာသားများကလည်း ကြည့်ပြီး စိတ်မသက်မသာ ဖြစ်နေသည်။
ယွင်ယွီက ယင်းကို မြင်ရတာ စိတ်မသက်မသာ ဖြစ်သွား၏။
ဖန်လင်မယားက လူကောင်းများ ဖြစ်ပြီး အလုပ်ကြိုးစားကာ ရွာသားများနှင့် ပဠိပက္ခ ဖြစ်ရတာမျိုး မရှိပေ။
ယွင်ယွီက လှည့်ပတ်ကြည့်လိုက်ရာ ဖရဲခင်းနားတစ်ဝိုက်၌ ဝမ်ယုလင် ရှိနေတာကို တွေ့သွား၏။ သူမက ချင်ယွီစွေနားနားကပ်ကာ တီးတိုး ပြောလိုက်သည်။
“ကျွန်မ ဖရဲခင်းထဲ သွားမေးလိုက်အုန်းမယ်။ ဝမ်ယုလင် အထဲမှာ ရှိနေတယ်”
ဝမ်ယုလင်သည် ယခင်က သူတို့ ပြန်ခေါ်လာသည့် သရဲလေးဖြစ်၏။ ချင်ယွီစွေက သူ့အပေါ် အမြင်ကောင်းရှိသည်။
သူ ခေါင်းညိတ်လိုက်ကာ ယွင်ယွီက ဖရဲခင်းထဲသွားပြီး ဝမ်ယုလင်ဆီ သွားလိုက်၏။ ရွာသားများလည်း ရှိနေသောကြောင့် သူမက တိုက်ရိုက် မမေးရဲပေ။ မဟုတ်လျှင် ကြောက်စရာကောင်းနေလိမ့်မည်။
ယွင်ယွီက ဝမ်ယုလင်ကို တစ်ချက် ကြည့်လိုက်သည်။
ဝမ်ယုလင်က အလွန်ပါးနပ်ကာ ယွင်ယွီ ဖရဲခင်းအကြောင်း မေးတော့မည်ကို ချက်ချင်း သဘောပေါက်သွားသည်။
“ဆရာသခင်ယွင် ဘယ်သူလုပ်မှန်း သိတယ်”
မြေပြင်ကို မထိပဲ ယွင်ယွီနား မျောလွင့်လာသည်။
“အသက် ၁၂၊ ၁၃ လောက်ရှိတဲ့ ကောင်လေး တစ်ယောက်ပဲ။ ည ၁၀ နာရီလောက်တုန်းက ရွာထဲ လျှောက်သွားနေချိန် အဲဒီ ကလေးက လယ်ကွင်းထဲ ခိုးကြောင်ခိုးဝှက် ဝင်သွားတာ တွေ့လိုက်ရတယ်။ သူ့နောက်လိုက်သွားတော့ သူက မီးဖိုချောင်သုံးဓားနဲ့ ခုတ်ပိုင်းနေတာ ကြာပြီ”
လရောင်အောက်တွင် ဆယ်ကျော်သက်ကောင်လေးက ရက်စက်သော အပြုံးဖြင့် ဖရဲခင်းကို ဖျက်စီးနေသည်။
ယွင်ယွီက ယင်းကို ကြည့်ပြီးနောက် ခြောက်ခြားသွားလေ၏။ လူတချို့နှင့် ကလေးတချို့သည် သရဲတစ္ဆေများထက် ပိုကြောက်မက်ဖွယ်ကောင်းသည်။
ယွင်ယွီက ဆက်ပြောခိုင်းလိုက်၏။
ဝမ်ယုလင်က ဆက်ပြောသည်။
“အဲဒီကောင်လေးက ၁.၆၅ မီတာလောက်ရှိပြီး ကိုယ်နည်းနည်းလေး ဝတယ်။ မျက်ခွံ့တစ်ခုပဲ ရှိတယ်။ သူက အပြာရောင် ရှပ်အင်္ကျီလက်တို ဝတ်ထားပြီး မနေ့ညတုန်းက အစင်းကြားဘောင်းဘီကို ဝတ်ထားတာ။ သူက အတော်လေး အသားဖြူတယ်”
ရွာသားများသည် ယွင်ယွီက ဖရဲခင်းဆီ လျှောက်လာတာကို မြင်ပြီး သူက ကလေးကို ကယ်တင်ရန် ဂါထာရွတ်ဆိုခဲ့တာကို မှတ်မိသွား၏။ တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်သည်။
“ယွင်ယွီက အင်မတန် အစွမ်းထက်တယ် မဟုတ်လား။ သူ ရှေ့ဖြစ်ဟောနိုင်တယ်လို့ ကြားတယ်။ သူ့ကို မေးရအောင်လား”
ထို့စကားကို ကြားသောအခါ ဖန်ချွင်ရုက ယွင်ယွီကို မော့ကည့်ပြီး စိတ်အားထက်သန်စွာ ပြောလိုက်သည်။
“ယွင်ယွီ ဉီးလေး တောင်းပန်ပါတယ်။ ကူညီပေးပါအုန်း။ ဒီကိစ္စကို ကြည့်ပေးနိုင်မလား”
88 03
ကျေးရွာထဲ၌ စီစီတီဗီ မရှိပေ။ ညလယ်ခေါင်ဖြစ်နေ၏။ ထို့ကြောင့် ရဲကလည်း ဖော်ထုတ်ပေးနိုင်မှာ မဟုတ်။
ယွင်ယွီက ပြောလိုက်၏။
“အန်ကယ်ဖန်။ သူ ဘယ်သူလဲ အကြမ်းဖြင်းတော့ သိတယ်။ ရွာထဲမှာ အသက် ၁၂၊ ၁၃ နှစ်အရွယ်ရှိပြီး အရပ် ၁.၆ မီတာခန့်မြှင့်ပြီး မျက်ခွံ့တစ်ခု တစ်ထွာပဲရှိတယ်။ တော်တော်လေး ဝတဲ့ ကောင်လေးရှိလား။ သူက မနေ့တုန်းက အပြာရောင် ရှပ်အင်္ကျီလက်တိုနဲ့ အစင်းကြားဘောင်းဘီ ဝတ်ထားတာ”
“အပြာရောင် ရှပ်အင်္ကျီလက်တိုနဲ့ အစင်းကြား ဘောင်းဘီ၊ အရပ် ၁.၆ မီတာလောက် မြှင့်တယ်။ ခပ်ဝဝ ကောင်လေးလား။ အဲဒါက လောင်တူးရဲ့ မြေးအကြီးဆုံး မဟုတ်ဘူးလား”
“ဟုတ်တယ်။ အဲဒါ လောင်တူးရဲ့ မြေးပဲ။ မနေ့တုန်းက ရွာထဲမှာ သူ အဲဒီ ဝတ်စုံနဲ့ ကြောင်လိုက်ဖမ်းနေတာ တွေ့သေးတယ်”
လူတို့သည် လောင်တူးအကြောင်း ပြောသောအခါ ယွင်ယွီက သူ့အပေါ် ထင်မြင်ချက် တချို့ ရှိသွား၏။ လောင်တူး၌ သားတစ်ယောက်သာ ရှိသည်။ သူ၏ ချွေးမက ပြည့်စုံသည့်မိသားစုမှ လာကာ ကုမ္မဏီတွင် အလုပ်လုပ်သည်။ လောင်တူး၏ တစ်ဦးတည်းသောသား တူ့ရှန်းနှင့် လက်ထပ်ပြီးနောက် သူတို့ မြို့တွင်နေသည်။ ချွေးမက သူ၏ ယောက္ခမများနှင့် မနေချင်ပေ။ ထို့ကြောင့် လောင်တူးနှင့် ဇနီးက ရွာတွင်နေနေသေး၏။ သူတို့၌ တူ့တုံတုံဟု အမည်ရသည့် မြေးတစ်ယောက်ရှိကာ လောင်တူးနှင့် သူ၏ဇနီးတို့သည် စနေ့၊ တနင်္ဂနွေနှင့် ဆောင်းရာသီ၊ နွေရာသီ အားလပ်ရက်များ၌ ကလေးကို ဂရုစိုက်ပေးရ၏။ သူက ရွာသို့ ရောက်လာသည်။
လူအိုကြီး တူးစုံတွဲသည် သူတို့၏အဘိုးထက် မြေးကို အလွန် ချစ်ကြပြီး အရသာရှိသည့် အစားအသောက်များ သူလာတိုင်း ကျွေးတတ်သည်။
ရွာသားများက မေးလိုက်၏။
“တူ့တုံတုံ လုပ်လိုက်တာလား”
“အခု တွေးကြည့်မိတော့ သူ့ကလေးက တကယ်ဆိုးတာပဲ။ သူက မြေကြီးပေါ် ကြောင်တစ်ကောင် ပစ်ချတာ ငါမှတ်မိသေးတယ်။ ငါ သူ့ကို ဖျောင်းဖျပေ့မဲ့ အဲဒီကလေးက ငါ့ကို ထွက်သွားခိုင်းတာလေ”
သို့သော် လူတချို့က စဉ်းစားနိုင်သေး၏။
“ယွင်မိသားစုအဖို့ တူ့တုံတုံ လုပ်တာပါလို့ ပြောဖို့ မလွယ်ဘူး။ သက်သေမှ မရှိတာ။ လောင်တူးရဲ့ မိသားစုကို သွားရှာရင် သူတို့ ဒေါသထွက်မှာပဲ။ ဒါအပြင် ကလေးက ချွင်မိသားစုနဲ့ အငြိုးအတေးမှ မရှိတာ။ ဒီဖရဲသီးတွေကို ဘာလို့ ဖျက်စီးမှာလဲ”
“ယွင်မိသားစုက မိန်းကလေးရေ အဲဒါ တူ့တုံတုံ လုပ်တယ်ဆိုတာကို တကယ် မြင်တာလား။ ဒါကိစ္စကြီးနော်။ တခြားတစ်ယောက်ရဲ့ ကလေးကို မှားယွင်း စွပ်စွဲလို့ မရဘူး။ မဟုတ်ရင် ဒါပေါ့ ငါတို့ ဖရဲခင်းကို ဖျက်စီးတဲ့လူကိုတော့ သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး”
******