အခန်း ၈၉
Vol. 9 Ch. 89
89 01
အပိုင်း89
ရွာသားများက ထို့အကြောင်းကို ပြောနေကြလေ၏။
“ယွင်ယွီ သမီး တကယ် မြင်လိုက်တာလား”
“ဟုတ်တယ်။ ဒီအတိုင်း ပြောလိုက်လို့ မရဘူးနော်။ ဒီကိစ္စအတွက် သက်သေလိုတယ်။ ပြောရရင် ပေါ့သေးသေး ကိစ္စလည်း မဟုတ်ဘူး”
ယခုအချိန်တွင် လူပေါင်း ဒါဇင်ချီ စုဝေးလာတော့သည်။ လူ ဆယ်ယောက်ခန့်က ယွင်ယွီ ဝါးပင် စိုက်ပျိုးရန် ကူညီပေးဖို့ တောင်ပေါ်မှ ဆင်းလာသည့် ရွာသားများ ဖြစ်၏။ အစောတုန်းက ယွင်ယွီကို ဝိုင်းထားသည့် အဒေါ်ကြီးများလည်း ရှိကာ ဖန်လင်မယား၏ ဖရဲခင်း၌ တစ်စုံတစ်ခု ဖြစ်ကြောင်း ကြားပြီး ပွဲကြည့်ရန် ရောက်လာကြသူများလည်း ရှိ၏။ သူတို့အားလုံး တစ်ရွာတည်းသားများ ဖြစ်ကြသည်။
ယွင်ယွီကလည်း သူတို့အားလုံးကို သိသည်။
အသက် ၄၀ ခန့် အရွယ်ရှိသည့် အမျိုးသမီးတစ်ဦးက ယွင်ယွီကို စိုက်ကြည့်ပြီး ပြုံးဖြဲဖြဲဖြင့် ပြောလိုက်၏။
“ဒါ ကိစ္စကြီးနော်။ ညည်းက ကလေးကို မှားစွပ်စွဲမိရင် ညည်းဘဝတော့ ပျက်စီးမှာပဲ”
ဤအမျိုးသမီး၏ အမည်က ချန်းကွေ့ဇီ ဖြစ်သည်။ သူမက အလွန် စကားများသည့် လူတစ်ယောက် ဖြစ်၏။ သူမက အစောတုန်းက တောင်ထိပ်ပေါ်အတွင်းရှိ ဝါးတောအုပ်၌ ယွင်ယွီကို သင်ခန်းစာပေးရန် ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။
အတိတ်တုန်းက ယွင်ယွီနှင့် သူမအဘွားက အပြင်ထွက်ချိန်တွင် သူမကို တွေ့သည့်အခါ သူမအဘွားက ယွင်ယွီကို ချန်းကွေ့ဇီအား ဂရုမစိုက်ရန် မှာကြားထား၏။ သူမက အတင်းတုတ်တတ်သူတစ်ယောက် ဖြစ်ကြောင်းနှင့် အလွန် စိတ်ပျက်ဖွယ်ကောင်းကြောင်း ပြောဖူးသည်။
ယခု ယွင်ယွီက သူမကို သဘောမတွေ့သောကြောင့် မျက်မှောင် ကြုတ်လျှက် ပြောလိုက်တော့သည်။
“တူ့တုံတုံ လုပ်တယ်လို့ ကျွန်မ ပြောမိလို့လား။ အသက် ၁၂ နှစ် ၁၃ နှစ် အရွယ်ရှိပြီး ရှပ်အင်္ကျီလက်တို အပြာရောင်နဲ့ အစင်းကြား ဘောင်းဘီ ဝတ်ထားတဲ့ ကောင်လေးလို့ပဲ ပြောတာ။ သူရဲ့နာမည်ကို ပြောမိလို့လား”
ချန်းကွေ့ဇီက ခေါင်းမာနေလျှက် ဆက်မေးလိုက်သည်။
“ဒါဆိုရင် သူက အပြာရောင် အင်္ကျီ လက်တို ဝတ်ပြီး အစင်းကြား ဘောင်းဘီ ဝတ်ထားတဲ့ ကောင်လေးဆိုတာ ဘယ်လို သိလဲ”
ယွင်ယွီက မေးအနည်းငယ် မော့လျှက် ရွာသားများကို အေးတိအေးစက် ကြည့်လိုက်၏။
“မေးမြန်းရင်း သိတာ”
“ဘယ်သူကို မေးတာလဲ”
ဤနေရာတွင် လူတိုင်းရှိနေတာ သိသာ၏။
ယွင်ယွီက ထူးထူးဆန်းဆန်း ရယ်မောလျှက် ချင်ယွီစွေဘေးသို့ လျှောက်သွားကာ မေးခွန်းကို မဖြေတော့ပေ။
သို့သော် ပြောလိုက်၏။
“ကျန်တဲ့ ကိစ္စက ရှင်တို့ဘာသာ ဖြေရှင်း ရမှာ။ ကျွန်မနဲ့ ဘာမှ မဆိုင်ဘူး”
“ယွင်ယွီ”
ဖန်ချွင်ရုက ကွဲသွားသည့် ဖရဲသီးကို ကိုင်ထားသေးလျှက် တောင်းပန်လိုက်၏။
“ဦးလေး သမီးပြောတာ ယုံပါတယ်။ ဒါပေမဲ့ ဦးလေးနဲ့ လိုက်ခဲ့ပေးနိုင်မလား”
သူက တကယ် သနားစရာကောင်းပြီး ရိုးသား ကြင်နာ တတ်သူ ဖြစ်၏။ ထို့ကြောင့် ယွင်ယွီက မငြင်းဆန်ခဲ့ပေ။
“သွားကြမယ်”
ပြီးနောက် သူမက ချင်ယွီစွေဘက် လှည့်မေးလိုက်သည်။
89 02
“ရှင် အိမ်ပြန်ပြီး ရေအရင် ချိုးနှင့်ပါလား”
ချင်ယွီစွေက သူမ၏ ခါးကို ကာကွယ်ပေးရန် လက်ဆန့်ထုတ်လိုက်သည်။
“ကိုယ် မင်းနဲ့ လိုက်ခဲ့မယ်”
ပုံမှန်ဆို ဆိုးသွမ်းသည့် ကလေးများက မုန်းတီးစရာ အကောင်းဆုံး ဖြစ်၏။ သူက တစ်စုံတစ်ခု ဖြစ်သွားမှာ စိတ်ပူသည်။
တကယ်တော့ ယွင်ယွီသည် ကလေးက တူ့တုံတုံဆိုတာ သေချာနေပြီးသား ဖြစ်သည်။ သူမ အစောတုန်းက ဤသို့ ပြောလိုက်ခြင်းမှာ သူမအကြောင်း ထို့ရွာသား ပြောတာကို သဘော မတွေ့သောကြောင့်သာ ဖြစ်သည်။ သူမကို မေးတာက သူတို့ ဖြစ်၏။ မေးပြီးနောက် မယုံကြည်တာလည်း သူတို့ပဲ ဖြစ်သည်။
လူတိုင်းက တူ့မိသားစုဆီ သွားလိုက်ကြကာ မကြာမှီ၌ တူ့မိသားစုဆီ ရောက်သွားလေ၏။
ဟယ်ချင်းရွာ၌ အဓိက လမ်းတစ်ခု ရှိသည်။ လမ်းပေါ်တွင် နေကြသည့် မိသားစုများက အခြေအနေ ကောင်းမွန်ပေ၏။ အဆောက်အအုံ ငယ်လေးများ သေသေသပ်သပ် အတန်းလိုက် ရှိနေပြီး နောက်ဖေး ခြံဝန်းတစ်ခုစီ ပိုင်ဆိုင်ထားကာ အဆောက်အအုံအရှေ့၌ မြေပြန့်အလွတ်တစ်ခု ရှိသည်။ သူတို့က တူ့မိသားစုအိမ်သို့ ရောက်သောအခါ တံခါးပိတ်နေတာ တွေ့လိုက်ရသည်။ ဖန်ချွင်ရုက ဖရဲသီးပိုက်ထားလျှက် တံခါးခေါက်သည်။ မကြာမှီ၌ အထဲမှ တံခါးဖွင့်လာပြီး လောင်တူးက ထွက်လာတော့သည်။ လူအုပ်ကြီးကို ကြည့်ပြီး သူက တည်ငြိမ်စွာ ပြောလိုက်လေ၏။
“ငါတို့ အိမ်ရှေ့မှာ ဘာလုပ်နေတာလဲ”
ဖန်ချွင်ရုက သူ၏ဒေါသကို ဖိနှိပ်ထားလျှက် ပြောလိုက်သည်။
“လောင်တူး ခင်ဗျားရဲ့မြေးအကြီးဆုံး ဒီမှာလား။ သူ့ကို မေးစရာရှိလို့”
လောင်တူးသည် ဖန်ချွင်ရု၏ လက်မောင်းထဲရှိ ကွဲနေသော ဖရဲသီးကို မြင်သောအခါ သူ၏မျက်လုံးက ဖြတ်ခနဲ ဖြစ်သွားကာ ချက်ချင်းပင် ပြောတော့လိုက်သည်။
“သူ ဒီမှာ မရှိဘူး။ မနက်စောစောတုန်းက သူ့ကို သူ့မိဘတွေ မြို့ခေါ်သွားပြီ။ ဒီကို ဘာလာလုပ်တာလဲ”
ယွင်ယွီက လောင်တူး၏အိမ်ပေါက်ဝသို့ ရောက်သောအခါ ရုတ်တရက် မျက်မှောင် ကြုတ်မိသွားသည်။ သူမက သွေးနံရလိုက်ကာ ချင်ယွီစွေကို တီးတိုးပြောလိုက်လေ၏။
“ရှင် အနံရလား”
ချင်ယွီစွေက သူမလက်ကို ကိုင်ကာ ပြောလိုက်သည်။
“စိတ်မပူနဲ့ လူ့သွေးနံ မဟုတ်ဘူး”
သူသည် ပုံမှန်ဆို တာဝန်ထမ်းဆောင်ချိန်တွင် သွေးမြင်ဖူးနေကြ ဖြစ်ကာ လူ့သွေးနံနှင့် အတော်လေး ရင်းနှီးနေ၏။
“ကျုပ် မယုံဘူး။ ဒီနေ့ ခင်ဗျားမြေးကို တွေ့မှ ရမယ်”
ဖန်ချွင်ရုကလည်း စိတ်လောနေကာ ဖရဲသီးကို ကိုင်ထားပြီး ကမူးရှူးထိုး တိုးဝင်သွား၏။
လောင်တူးက သူ့ကို တားကာ ပြောလိုက်တော့သည်။
“မင်း ဘာလုပ်နေတာလဲ။ ပိုင်နက် ကျူးကျော်နေတာပဲ”
သူက သူတို့ကို ဤအတိုင်း တားနေသောကြောင့် လူတိုင်းသည် သူ အပြစ် မကင်းဟု ခံစားမိသွားသည်။ ရွာသားနှစ်ယောက်က ရှေ့တက်လာကာ လောင်တူး၏ လက်ကို တင်းကြပ်စွာ ကိုင်ထားပြီး သူ့ကို ဖျောင်းဖျလိုက်၏။ ဖန်ချွင်ရုနှင့် ကျန်သည့် ရွာသားများက အခွင့်အရေးယူကာ အိမ်ထဲဝင်သွားပြီး နောက်ဖေးချောင်ထဲအထိ လျှောက်သွားလိုက်သည်။ ယွင်ယွီကလည်း သူတို့နောက်မှ လိုက်သွား၏။ လောင်တူးက ဒေါသထွက်လွန်းသောကြောင့် စွေ့စွေ့ခုန်နေတော့သည်။
မကြာမှီ၌ ခြံဝန်းသို့ ရောက်သွားသည်။ ဖန်ချွင်ရုက အရင်ဆုံး ရောက်သွားသူ ဖြစ်သည်။ သူက ထောင့်ဘက်၌ ကြောင်ဖြူလေး လဲနေတာကို တွေ့လိုက်ရသည်။ သူ၏ ကိုယ်ပေါ်၌ သွေးများ လွှမ်းနေသည်။ မူလ အမွှေးရောင်ကိုတောင် မမှတ်မိနိုင်တော့ပေ။ ၎င်းက ထောင့်ဘက်၌ အားနည်း ဖျော့တော့စွာ လဲနေလေ၏။ လူတွေ ရောက်လာတာကို မြင်သောအခါ သူက ကြောက်လန့်တကြား ကြုတ်သွားသော်ငြား ဒဏ်ရာကြောင့် မလှုပ်ရှားနိုင်တော့ပေ။
89 03
ဖန်ချွင်ရုနောက်မှ လိုက်လာသည့် ရွာသူရွာသားများကလည်း ထောင့်ဘက်ရှိ ကြောင်လေးကို ကြောက်လန့်တကြား ကြည့်လိုက်မိသည်။ ကြောင်၏ ဒဏ်ရာသည် ပုံမှန် မဟုတ်။ အနိုင်ကျင့်ခံထားရသလိုပင်။
လောင်တူးက ခြံဝင်းထဲ ပြေးဝင်လာကာ ကြောက်ကြောက်လန့်လန့် ပြောလိုက်လေ၏။
“ဟေး ဒါက ကျုပ်ရဲ့ မြေး ကောက်လာတဲ့ကြောင်။ သူက ကြောင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားလို့ ကောက်ပြီး မွေးထားတာ”
ဤစကားကို မည်သူမှ မယုံကြည်ပေ။ အကြောင်းမှာ ကြောင်၏ဘေး၌ သွေးပေနေသော သစ်သီးဓား ရှိနေသောကြောင့် ဖြစ်သည်။
ရွာသားတချို့ကဆို အသံတိုးတိုးဖြင့် ကျိန်ဆဲကြတော့သည်။
“သူတို့က တိရစ္ဆာန်တွေထက် ဆိုးတာပဲ”
အစောတုန်းက ယွင်ယွီကို မေးထုတ်ထားသည့် ချန်းကွေ့ဇီကတောင် ကြောင်လေးကို မကြည့်ရဲတော့ပေ။
“တကယ် သားရဲကောင်ပဲ”
သူတို့သည်လည်း အသားစားပြီး တိရစ္ဆာန်သတ်သော်ငြား ဘယ်တော့မှ တိရစ္ဆာန်များကို မညှင်းပန်းပေ။
ယွင်ယွီက သူ့နောက်လိုက်လာပြီး သွေးနံပြင်းပြင်း ရလိုက်ကာ အနိုင်ကျင့်ခံထားရသည့် သေခါနီး ကြောင်ကို တွေ့လိုက်ရသည်။ သူမ အသက်ပြင်းပြင်း ရှုမိသွားလေ၏။
လောင်တူးက ကြိမ်းမောင်းလိုက်လေ၏။
“ဘာလို့ ဒါမျိုး ပြောရတာလဲ။ ကောက်လာလို့ ပြောသားပဲ”
ရွာသားများ၏ စိမ်းစိမ်းဝါးဝါးအကြည့်အောက်၌ သူ၏အသံက တိုးသထက် တိုးလာတော့သည်။
လူတိုင်းက ထိတ်လန့်နေသေးစဉ် လှေကားကနေ ပြေးဆင်းလာသည့် ဖက်တီးလေး တစ်ကောင်ကို တွေ့လိုက်ရသည်။ ယင်းက လောင်တူး၏ မြေးအကြီး တူ့တုံတုံပဲ ဖြစ်သည်။ သူက ခြံဝန်းထဲ၌ လူများစွာ စုဝေးနေတာကို မြင်သောအခါ အော်ပြောလိုက်၏။
“ခင်ဗျားတို့ ကျုပ်အိမ်ထဲမှာ ဘာလုပ်နေတာလဲ”
ချန်းကွေ့ဇီက တူ့တုံတုံကို လက်ညိုးထိုးလျှက် လောင်တူးကို ကျယ်လောင်စွာ မေးတော့သည်။
“ရှင်ရဲ့ မြေးအကြီး အိမ်မှာ မရှိဘူးလို့ ပြောခဲ့တာ မဟုတ်လား”
ယွင်ယွီက လူအုပ်ထဲတွင် ဝမ်ယုလင်ကို ကြည့်လိုက်၏။ ဝမ်ယုလင်က တူ့တုံတုံအရှေ့သို့ မျောလွင့်သွားကာ ကျယ်လောင်စွာ ပြောလိုက်တော့သည်။
“ဆရာသခင်ယွင် အဲဒါ သူပဲ”
ယွင်ယွီက ပြောလိုက်တော့သည်။
“သူ လုပ်တာ”
ဖန်ချွင်ရုက တူ့တုံတုံဆီ ဖရဲသီးကိုင်ထားလျှက် လျှောက်သွားပြီး ပြောလိုက်၏။
“ဖရဲခင်းကို ဖျက်စီးခဲ့တာ မင်းလားကွ။ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဒီလောက် ရက်စက်တာမျိုး။ ငါ့မိသားစုက မင်းနဲ့ အညိုးအတေး ရှိလို့လား။ ဘာကြောင့် ငါရဲ့ ဖရဲသီးတွေကို ဖျက်စီးလိုက်တာလဲ။ အဲဒါတွေက ငါတို့ မိသားစုရဲ့ ဝင်ငွေအရင်းအမြစ်လေ”
သူပြောနေစဉ် စတင်ကာ ငိုယိုလေ၏။
တူ့တုံတုံက နောက်သို့ နှစ်လှမ်း ဆုတ်သွားပြီးနောက် အဆုတ်ကွဲသည့်အထိအောင် အော်လိုက်သည်။
“ကျုပ် မဟုတ်ဘူး။ ကျုပ် မဟုတ်ဘူးလို့”
တူ့တုံတုံက ခြေအထက်မှ ပြေးဆင်းလာစဉ် ယွင်ယွီ၏ အမှုအယာက အလွန်အေးစက်နေ၏။ သူက မှားယွင်းသည့် ကိစ္စများစွား ပြုလုပ်ခဲ့ကာ တိရစ္ဆာန်ဝိညာဉ်များစွာက လိုက်လာ၏။ သူသည် တိရစ္ဆာန်များစွာကို သေအောင် ညှင်းပန်းခဲ့ကြောင်း ပြသနေသည်။ ထောင့်ဘက်ရှိ သွေးထွက်နေသော ကြောင်ကိုလည်း သူလုပ်ထားတာပဲ ဖြစ်သည်။ ယွင်ယွီက သူ့အိမ်ရှိ ဟေးတကို တွေးမိသွားသည်။ သူက ၎င်းကို အမှိုက်ပုံထဲမှ ကောက်ပြီး အိမ်သို့ ခေါ်လာတာ ဖြစ်သည်။ သူမ ကောက်လာစဉ်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပြီး ဝမ်းဗိုက်၌ ဓားဒဏ်ရာ ရထားလေ၏။ တစ်စုံတစ်ယောက်က တိရစ္ဆာန်များကို အနိုင်ကျင့်နေတာ ဖြစ်ရမည်ဟု ခန့်မှန်းမိသော်ငှား ဤနေရာ၌ တွေ့ရလိမ့်ဟု မထင်ထားပေ။ ဟေးတာကို ဒဏ်ရာရအောင် လုပ်သည့်သူက တူ့တုံတုံ ဖြစ်လိမ့်မည်။
89 04
သူမ အနည်းငယ် ရင်နာသွားလေ၏။ တူ့တုံတုံ၏ မိဘများသည် တိရစ္ဆာန်များ သတ်ဖြတ်ခြင်းကို လျစ်လျူရှုထားရုံသာမက ကလေးအတွက်လည်း ဖုံးဖိပေးနေသည်။
“နံစော်နေတဲ့ ဟာတွေ”
တူ့တုံတုံက စတင် ကျိန်ဆဲလေ၏။
“အဲလို လုပ်တာ ငါ မဟုတ်ဘူး။ သတ္တိရှိရင် ရဲသွားရှာလေ။ သက်သေမရှိဘူး”
လောင်တူးကလည်း ပြောလိုက်၏။
“အဟုတ်ပဲ။ သက်သေမှ မရှိတာ။ မင်းတို့တွေက ငါတို့ တုံတုံ လုပ်တယ်ဆိုပြီး ပြောနေရုံပဲ”
သူက ယွင်ယွီကို လက်ညိုးထိုးပြီး ပြောလိုက်တော့သည်။
“ပြီးတော့ မင်း။ ယွင်မိသားစုက သမီး။ ငါတို့ တစ်မိသားစုလုံးက မင်းနဲ့ အညိုးအတေး ရှိလို့လား။ ငါတို့ တုံတုံ လုပ်တယ်လို့ ပြောရအောင် မင်း ဘယ်လိုတောင် ရက်စက်တာလဲ”
ချင်ယွီစွေက ရှေ့သို့ ခြေလှမ်း တစ်ဝက်ခန့် တိုးပြီး ယွင်ယွီရှေ့တွင်သာ ရပ်လိုက်၏။ လူအိုကြီးတူးသည် ချင်ယွီစွေ၏ အရပ်မြှင့်သော ကိုယ်ဟန်နှင့် အေးစက်သော မျက်နှာထားကို မြင်သောအခါ ကြောက်လန့်သွားမိ၏။ သူက လက်ညိုးပြန်ရုတ်ကာ ဘာမှ မပြောရဲတော့ချေ။
ယွင်ယွီ၏ မျက်နှာထားက အေးစက်နေသည်။
“သူ့အဘိုးအနေနဲ့ သူ လုပ်မလုပ် ရှင် အကောင်းဆုံး သိမှာပဲ။ သူက ပြစ်မှုတွေအများကြီး ကျူးလွန်ခဲ့တယ်။ သတ္တဝါအားလုံးမှာ ဝိညာဉ်ရှိတယ်။ ဝဠ်မလည်သေးတာ မဟုတ်ဘူး။ ဝဠ်လည်ဖို့ အချိန်မတန်သေးတာ”
သူသည် တူ့တုံတုံ၏လက်ကောက်ဝတ်ရှိ ကျောက်စိမ်းပုတီးကို တစ်ချက် ကြည့်လိုက်မိသည်။ ယင်းက အဆင့်နိမ့် ကာကွယ်ရေး ကျောက်စိမ်းကြောင့် ဖြစ်၏။ သူ့မိသားစုသည် ၎င်းကို မည်သည့် နေရာမှ ရလာသည် မသိ။ ယခုအချိန်တွင် ထို့ပစ္စည်းကြောင့် တိရစ္ဆာန်ဝိညာဉ်များစွာက တူ့တုံတုံနား မကပ်နိုင်တာပဲ ဖြစ်သည်။ သို့သော် ပုတီးစေ့၌ ယင်ဓာတ်များ ပြည့်နေပြီး အထဲက မည်းနက်နေပြီ ဖြစ်သည်။ သုံးရက်အတွင်း ပုတီးကွဲသွားကာ ကာကွယ်ရေး ကျောက်စိမ်းအဆောင်သည် ၎င်း၏ အာနိသင် ဆုံးရှုံးသွားလိမ့်မည်။
လူအိုကြီးတူးက အလွန် ဒေါသထွက်သွားတော့သည်။
“ဘာ အဓိပ္ပာယ် မရှိတာတွေ ပြောနေတာလဲ”
ယွင်ယွီသည် လက်သင်္ကေတပြုလုပ်လျှက် ဂါထာတစ်ခု စတင် ရွတ်ဆိုလိုက်သည်။ ဂါထာရွတ်ဆိုပြီးနောက် သူမက လက်ဆန့်ထုတ်လျှက် တူ့တုံတုံ၏ နဖူးကို ထိလိုက်သည်။ သူမက တူ့တုံတုံကို မေးလိုက်၏။
“ဉီးလေး ဖန်ရဲ့ ဖရဲခင်းကို မင်း ဖျက်စီးခဲ့တာလား။ ဘာလို့ အဲလိုမျိုး လုပ်တာလဲ”
တူ့တုံတုံက မျက်ဆံလှန့်နေကာ သူမကို အာရုံမစိုက်ချင်ပေ။ သို့သော် တချို့အကြောင်းအရင်းကြောင့် သူ မပြောဘဲ မနေနိုင်တော့ပေ။
“ငါ လုပ်တော့ရော ဘာဖြစ်သေးလဲ။ သူ့မိသားစုက ခံသင့်တယ်။ သူ့သားက ငါ့ကို အရင်တုန်းက ကျောင်းမှာ ရိုက်ခဲ့တာ။ ငါက သူ့မိသားစုကို လက်စားချေချင်ရုံပဲ။ သူတို့ ခံသင့်တယ်”
လူတိုင်းက ကျောချမ်းသွားကြသည်။ သူတို့သည် ယွင်ယွီက သူတို့ နားမလည်နိုင်သည့် ဂါထာတစ်ချို့ ရွတ်ဆိုတာ ကြည့်လိုက်ရ၏။ တူ့တုံတုံကမှု အမှန်အတိုင်း စပြောလာသည်။ ယင်းက ထူးဆန်းလှပေ၏။
ဖန်ချွင်ရုသည် ဒီတော့မှ တူ့တုံတုံက သူ့အငယ်ဆုံးသား၏ အတန်းဖော်ဆိုတာ မှတ်မိသွားသည်။ သူတို့နှစ်ယောက်လုံးက မြို့ထဲရှိ ဂျူနီယာ အလယ်တန်းကျောင်း၏ ပထမတန်းတွင် တက်ရောက်နေတာပဲ ဖြစ်သည်။ ပထမနေ့တွင် သူ့သား ပြန်ရောက်လာပြီး သူက အတန်းဖော်တစ်ယောကို ရိုက်ခဲ့ကြောင်း ပြောခဲ့၏။ ယင်းက အားလပ်ရက် မတိုင်မှီက ဖြစ်သည်။
ဖန်ချွင်ရုက ဒေါသတကြီး ပြောလိုက်၏။
89 05
“ငါ့သား မင်းကို ရိုက်တယ်ဆိုတာ မင်းက ကျောင်းသူတစ်ယောက်ကို ရိုင်းပြလို့လေ”
သူ၏သားသည် ကျောင်းတွင် တူ့တုံတုံက သူ၏မိသားစုနောက်ခံကို အားကိုးပြီး ရုက်ရွံ့တတ်သည့် ကျောင်းသူ တစ်ယောက်ကို အနိုင်ကျင့်ခဲ့သည်။ ထို့နေက တူ့တုံတုံသည် ထို့ကျောင်းသူကို ချောင်ပိတ်လျှက် နမ်းရန် ကြိုးစားနေတာ တွေ့ခဲ့၏။ ကျောင်းသူလေးက ငိုယိုနေသည်။ ထို့ကြောင့် သူက တူ့တုံတုံကို သွားရိုက်နှက်ခဲ့တာပဲ ဖြစ်သည်။
ယခု အမှန်တရား ပေါ်ထွက်လာပြီ ဖြစ်သောကြောင့် သူ့မိသားစုက လျော်ကြေး ပေးရတော့မည်။
ဆိုရလျှင် ဖရဲခင်းဧကများစွာက ယွမ် သောင်းချီ တန်ပေ၏။ ယင်းက ဖန်မိသားစု၏ တစ်နှစ်စာ ဝင်ငွေပဲ ဖြစ်သည်။
လောင်တူးသည် မာရေကျောရေ ဟန်ဆောင်နေသေးသည်။
“ငါ့မိသားစုက ဘာသက်သေမှ မရှိဘဲ ဘာလို့ ပေးရမှာလဲ။ မပေးဘူး”
ရွာသားများသည် ဒေါသထွက်လွန်းသောကြောင့် ယွင်ယွီ၏ စွမ်းရည်ကို အံဩဖို့တောင် သတိမရတော့ပေ။ သူတို့က လောင်တူးနှင့် သူ၏ မြေးကို ဖမ်းပြီး ပြောလိုက်၏။
“အာ ငါတို့အားလုံးတစ်ရွာတည်းသားပဲ။ လောင်တူး မင်း လွန်လွန်းသွားပြီ လျော်ကြေး ပေးရမယ်”
ပြောနေစဉ် ရဲများက ရောက်လာလေ၏။ ယွင်ယွီက တစ်ချက်ကြည့်လိုက်ချိန်တွင် အသိအကျွမ်းတစ်ယောက် ပါနေတာ တွေ့လိုက်ရသည်။ သူမက သရဲနှင်ရန် မြို့သို့ သွားချိန်တွင် ယောက္ခမကို အနိုင်ကျင့်ကာ သူမ၏ သွေးတိုးကျဆေးများကို အစားထိုးထားသည့် ချွေးမတစ်ယောက်ရှိ၏။ သူ၏ယောက္ခမကို လှေကားပေါ်မှ ပြုတ်ကျကာ သေဆုံးစေခဲ့သည်။ သူမကလည်း ယောက္ခမ၏ဝိညာဉ်ကို ပပျောက်သွားစေရန် ဆရာငှားချင်ခဲ့သည်။ ယင်း၌ မူခင်းပြစ်မှု ပါဝင်နေပြီး သူမရှေ့ရှိ ရဲက ဖြေရှင်းခဲ့တာပဲ ဖြစ်သည်။
ယွင်ယွီသည် ထို့လူ၏အမည်က ဝူရှောင်ရှီ ဖြစ်ကြောင်း မှတ်မိနေသေးသည်။ သူက အသက် ၂၀ ဝန်းကျင်သာ ရှိသေး၏။
++++++