အခန်း ၉၀
Vol. 9 Ch. 90
90 01
အပိုင်း 90
ဝူရှောင်ရှီကို ယွင်ယွီက သေချာ မှတ်မိနေ၏။ ဆိုရလျှင် အမှုက ထူးဆန်းလွန်းသောကြောင့် သူ ရှင်းရှင်းလင်းလင်း မှတ်မိနေတာပဲ ဖြစ်သည်။ ဝူရှောင်ရှီကလည်း ယွင်ယွီကို နက်ရှိုင်းစွာ မှတ်မိနေသည်။ ဆိုရလျှင် အမှုက ထူးဆန်းနေသောကြောင့် သူ ရှင်းရှင်းလင်း မှတ်မိနေသေးသည်။
ယွင်ယွီကို မြင်သောအခါ ဝူရှောင်ရှီက သူမကိုတောင် နှုတ်ဆက်လိုက်၏။
“မင်္ဂလာပါ ဆရာယွင်”
ယွင်ယွီက ခေါင်းညိတ်ကာ ပြောလိုက်တော့၏။
“အရာရှိဝူ ရှင့်ကို နောက်မှ ဒုက္ခပေးရတော့မယ်”
ဝူရှောင်ရှီနှင့် နောက်ထပ် ရဲမေတစ်ယောက်က အဖြစ်အပျက်ကို မေးရန် ရှေ့တိုးလာပြီး ရွာသားများက အလျင်စလို ပြောပြတော့သည်။
ယွင်ယွီသည် ဤနေရာ၌ သူမ ဘာမှ လုပ်စရာ မရှိဟု ခံစားမိလိုက်သည်။ သူမက တူ့တုံတုံနားတစ်ဝိုက်ရှိ ဝိညာဉ်များကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်သည်။ တချို့ကမှု မပြည့်မစုံ ဖြစ်နေပြီး အညိုအတေးများ ပြည့်နေ၏။ သူမ ဤကိစ္စကို ဖြေရှင်းဖို့ ရည်ရွယ်ချက် မရှိပေ။ တူ့တုံတုံက ငယ်ငယ်ရွယ်ရွယ်ဖြင့် ဤမျှ ကောက်ကျစ် ရက်စက်လွန်းပြီး ရူးကြောင်ကြောင် စိတ်ထားရှိသည်။ ယင်းက ကျောချမ်းဖွယ် ကောင်းလှပေ၏။
ယွင်ယွီက ထောင့်ဘက်သို့ သွားကာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားသည့် ကြောင်ဖြူလေးကို ကောက်ပြီး ချင်ယွီစွေကမှု သူ့မိသားစုအိမ်နောက်မှ လိုက်ထွက်လာ၏။
ကြောင်ဖြူလေးက သူမ၏ ရင်ခွင်ထဲ၌ ညိတ်သက်စွာ လဲနေလျှက် ဆူညံမထွက် ရုန်းကန်ခြင်း မပြုပေ။ ၎င်း၏လျှာကို အားနည်းဖျော့တော့စွာ ထုတ်လျှက် ယွင်ယွီ၏လက်ဖဝါးကိုသာ လျှက်နေသည်။
ယွင်ယွီက သိမ်မွေ့စွာ ပြောလိုက်သည်။
“ငါ မင်းကို ပြန်ခေါ်သွားပြီး ကုပေးမယ်နော်။ စိတ်မပူနဲ့”
ရွာသားတချို့လည်း ထွက်သွားပြီ ဖြစ်သည်။ သူတို့ ထွက်သွားချိန်၌ တူ့တုံတုံ မည်မျှ ဆိုးသွမ်းကြောင်း ပြောဆိုနေသေးပြီး သူ ငယ်ငယ်ရွယ်ရွယ်ဖြင့် အညိုအတေးကြီးလွန်းကာ တိရစ္ဆာန်များကိုတောင် ညှင်းပန်းနှိပ်စက်ကြောင်း ပြောနေ၏။
ယွင်ယွီ အစွမ်းထက်ကြောင်း ပြောနေသည်။ အဒေါ်ချန်းကွေ့ဇီကမှုူ ယွင်ယွီဘေးသို့ စပ်စပ်စုစု လျှောက်လာတော့သည်။ သူမ မမေးဘဲ မနေနိုင်တော့ပေ။
“ယွင်ယွီ အစောတုန်းက တူ့တုံတုံ အမှန်တိုင်း ရုတ်တရက် ပြောလာတာ ဘာဖြစ်သွားတာလဲ”
ယွင်ယွီက သူမကို ကြည့်ကာ ပြောလိုက်သည်။
“ဂါထာလေ။ အန်တီချန်း ရှင် လိုအပ်တာ ရှိရင် ကျွန်မဆီလာလို့ ရတယ်”
ချန်းကွေ့ဇီက သူမလက်ကို ဝေ့ရမ်းကာ ပြောလိုက်၏။
“မလိုဘူး။ မလိုဘူး။ ဟား ဟား။ အရင်တုန်းက အားလုံး ငါ့အမှားပါ။ အာယွီ စိတ်ထဲ မထားပါနဲ့။ အိမ်မှာနေပြီး သမီးအမေနဲ့ အဘွားကို ဂရုစိုက်တာလဲ ကောင်းတာပဲ။ သမီးအမေ့နဲ့ အဖွားရဲ့ ဘဝက ခက်ခဲတယ်။ သမီးပြန်လာပြီဆိုတော့ အိမ်က အခြေအနေက တိုးတက်လာပြီ။ အာယွီ သမီးက မိသားစုရဲ့ ကံကောင်းခြင်း ကြယ်ပွင့်လေးပဲ။ နောင်ကျ သမီးက ရွာရဲ့ ကံကောင်းခြင်း ကြယ်ပွင့်လေး ဖြစ်လာနိုင်တယ်”
ယွင်ယွီက ပြောလိုက်၏။
90 02
“ဒါဆို အန်တီရဲ့ စကားကောင်းလေးတွေပဲ ယူထားလိုက်တော့မယ်။ အန်တီ ကြောင်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားလို့ သူ့ကို အရင်ဆုံး ကုသပေးဖို့ ပြန်တော့မယ်”
“သွား သွား”
ချန်းကွေ့ဇီက ခေါင်းညိတ်လိုက်၏။
“အာယွီက ကြင်နာတတ်တဲ့ သူ။ တူ့မိသားစုက မြေးက ဒီလို အလိုလိုက် ခံထားရတာ နောင်ကျ သူက လူသတ်၊ မီးရှို့တာတွေ လုပ်လာမလားဆိုတာ ဘယ်သူက သိမှာလဲ”
ယွင်ယွီက ဘာမှ မပြောတော့ပေ။ ထို့ကြောင့် ချန်းကွေ့ဇီက နောက်၌ ခြေနှစ်လှမ်းခန့် ချန်ပြီး ဖြည်းဖြည်းချင်း လျှောက်လာကာ ကျန်သည့် ရွာသူရွာသားများနှင့် တူ့တုံတုံအကြောင်း ဆွေးနွေးနေသည်။
မှောင်လာချိန်တွင် သူတို့နှစ်ယောက်က ရင်အိမ်သို့ ပြန်ရောက်လာ၏။ ယွင်ယွီက ချင်ယွီစွေကို အရင်ဆုံး ရေချိုးခိုင်းလိုက်သည်။
“ရှင် အရင် ရေချိုးလေ။ ကျွန်မကို စိတ်မပူနဲ့။ ကြောင်လေးရဲ့ ဒဏ်ရာတွေကို ဂရုစိုက်ပေးလိုက်အုန်းမယ်”
သူ တစ်နေ့ကုန် အလုပ်များနေပြီး ခန္ဓာကိုယ်က စေးကပ်ကပ်ဖြစ်နေကာ မသက်မသာ ဖြစ်နေလိမ့်မည်။
“ဟုတ်ပြီ”
ချင်ယွီစွေက အရင်ဆုံး ရေချိုးရန် သူ၏အခန်းထဲသို့ ပြန်သွားလိုက်သည်။
ယွင်ယွီက ဇလုံတစ်လုံးရှာပြီးနောက် ကြောင်ဖြူလေး၏ သွေးများကို သန့်ရှင်းပေးရန် ဝိညာဉ်စွမ်းရည် နည်းနည်း သုံးလိုက်တော့သည်။
၎င်း၏ ခန္ဓာကိုယ်၌ သစ်သီးလှီးဓားမှ ပြတ်ရှရာများ ပြည့်နေသည်။ တချို့သော ပြတ်ရှရာများဆို ခန္ဓာကိုယ်အတွင်းထဲထိတောင် တိုက်ရိုက်ထိုးစိုက်ခံထားရပြီး အရိုးတောင် ပေါ်နေပြီ ဖြစ်၏။ ကြောင်လေးက သေခါနီးပြီဖြစ်ကာ မလှုပ်နိုင်တော့ပေ။ ယွင်ယွီက ၎င်းအား ဝိညာဉ်စွမ်းရည် တိုက်ကျွေးပြီး ဒဏ်ရာကို ဝိညာဉ်စွမ်းရည်ဖြင့် ထပ်တလဲလဲ သုတ်ပေးနေ၏။ သွေးများ လျင်မြန်စွာ သိပ့်သွားသော်ငှား ဒဏ်ရာက ဖွင့်လျှက်သား ဖြစ်နေသေးပြီး ချုပ်ဖို့ လိုအပ်သည်။
သူမ အကြပ်ရိုက်နေစဉ် ချင်ယွီစွေက ရေချိုးနေရာမှ ထွက်လာပြီး ကြောင်၏ ဒဏ်ရာကို ကြည့်ကာ ပြောလိုက်သည်။
“ဒဏ်ရာချုပ်ဖို့ မြို့ထဲက တိရစ္ဆာန်ဆေးရုံကို ပို့လို့ရတယ်”
သူသည် ဒဏ်ရာ မည်သို့ ချုပ်ရမည်မှန်း သိသော်ငှား အိမ်၌ အပ်နှင့် အပ်ချည်မရှိပေ။
ယွင်ယွီက သူ၏မိသားစုကို နှုတ်ဆက်ပြီးနောက် ချင်ယွီစွေနှင့်အတူ ကြောင်လေး၏ ဒဏ်ရာကို ချုပ်ရန် တိရစ္ဆာန်ဆေးရုံ ရှာလိုက်၏။ ကြောင်လေးက အမှုအကျင့် အလွန်ကောင်းပြီး ရေးကြီးခွင်ကျယ် မလုပ်ပေ။ တိရစ္ဆာန်ဆရာဝန်က အလွန် ခန့်ညားသော အမျိုးသားဖြစ်သည်။ ကြောင်လေးပေါ်ရှိ ဒဏ်ရာကို မြင်သောအခါ သူက ဒေါသတကြီး ပြောလိုက်၏။
“တစ်ယောက်ယောက်က ကြောင်ကို အနိုင်ကျင့်နေတာလား။ လွန်လွန်းအား ကြီးတာပဲ”
ယွင်ယွီက များများစားစား မပြောခဲ့ပေ။ ဆရာဝန်က ကြောင်၏ ဒဏ်ရာကို ချုပ်ပေးကာ သူတို့နှစ်ယောက်ကို ဆောင်ရန် ရှောင်ရန် တချို့ ပြောလိုက်သည်။ ကြောင်သည် တစ်ပတ်အတွင်း ကြောင်စာ စား၍ မရ။ အရည်သာ စားနိုင်သေး၏။ ယခင်က ဟေးကဲ့သို့ပင် မူမမှန်သော ဒဏ်ရာမျိုး ဖြစ်သည်။
သူတို့အိမ်ပြန်ရောက်ချိန်၌ မှောင်မည်းနေပြီ ဖြစ်သည်။ စားသောက်နေစဉ် ဖုန်းရှုကျန်းက ကြောင်လေး၏ အဖြစ်အပျက်ကို မေးလိုက်၏။
ယွင်ယွီက သူမမိသားစုကို တူ့တုံတုံ၏ အခြေအနေအကြောင်း ပြောပြလိုက်သည်။ အဘွားယွင်က မျက်မှောင် ကြုတ်ကာ ပြောလိုက်လေ၏။
“ဒီကလေးက ဘယ်လိုလုပ် ဒါမျိုး ဖြစ်လာတာလဲ”
ယွင်ယွီက ပြောလိုက်၏။
“သူ အပြစ်ပေးခံရမှာပါ”
နောက်တစ်နေ့တွင် ယွင်ယွီက ရဲသည် တူ့တုံတုံ၏ အခန်းထဲ၌ နေ့စဉ်မှတ်တမ်းတစ်ခု ရှာတွေ့ခဲ့ကြောင်း ရွာသားများဆီမှ ကြားလိုက်ရသည်။
90 03
ယင်းသည် သာမန် အမှုမျိုး မဟုတ်ပေ။ တူ့တုံတုံက ငယ်သေးသော်ငြား သူသည် ကြောင်များကို အနိုင်ကျင့်ပြီး ယင်းက ပြင်းထန်သော ပြစ်မှု ဖြစ်သည်။ ရဲက စစ်ဆေးကြည့်ခဲ့ရာ သူ၏ အခန်းထဲ၌ နေ့စဉ်မှတ်တမ်းတစ်ခု ရှာတွေ့သွားသည်။ အထဲတွင်မှု သူ၏ အတန်းဖော်များကို လက်စားချေရန် ကြောင်များကို ညှင်းပန်းနှိပ်စက်ခဲ့ပုံကို ရေးသားထားသည်။ ဖန်မိသားစု၏ ဖရဲခင်းကို ဖျက်စီးခဲ့သည်မှာ လက်စားချေခြင်း ဖြစ်ရုံသာမက အတန်းဖော်များကို လက်စားချေခြင်းလည်း ဖြစ်သည်။ သို့သော် အလယ်တန်းကျောင်းသားများ၌ နေစရာ မရှိ။ ထို့ကြောင့် သူ၏ လက်စားချေမှုသည် သူ့အတန်းဖော်များ၏ စာအုပ်များကို သန့်စင်ခန်းထဲ ပစ်ချချင်တာ ဖြစ်၏။ ဖြစ်နိုင်လျှင် သူက စိတ်ကျေနပ်စေရန် သူ့အတန်းဖော်များ၏ အစားအသောက်ထဲတွင် ကြွက်သတ်ဆေးတောင် ထည့်ချင်တာ ဖြစ်သည်။
အားလုံးကို နေ့စဉ်မှတ်တမ်းထဲတွင် ရေးထားပြီး တူ့တုံတုံ ရေးထားတာပဲ ဖြစ်သည်။
သူက ငယ်သေးပြီး ဥပဒေကို ဆန့်ကျင်နေတာ မဟုတ်။ ထို့ကြောင့် သူ ကလေးတစ်ယောက်ကို သတ်ချင်မိသည်။ သို့သော် ကလေးများက နေ့စဉ်တိုင်း အလွန်တန်းဖိုးရှိပြီး သူတို့ သွားလေရာ နေရာတိုင်း လူကြီးများ လိုက်လာသည်။ ထို့ကြောင့် သူက သတ်ရန် အခွင့်အရေး မရပေ။၊
ရဲကတောင် ဤနေ့စဉ်မှတ်တမ်းကို ဖတ်ပြီးနောက် ချွေးစေးများ ပြန်လာပြီး ကလေးတစ်ယောက် ဤမျှ ရက်စက်နိုင်ရသည့် အကြောင်းအရင်းကို သူတို့ နားမလည်နိုင်ပေ။
သူက ဆိုးသွမ်းသည့် ကလေးတစ်ယောက် မဟုတ်တော့ပေ။ သူသည် လူသတ်သမားများစွာထက်တောင် ပိုပြီး ရက်စက်ကြမ်းကြုတ်၏။ လူသတ်သမားတချို့ဆို စိတ်လိုက်မာန်ပါ ပြုမှုခဲ့ခြင်းသာ ဖြစ်ပြီး ဒီကလေးကမှု တစ်စုံတစ်ယောက်ကို တကယ် သတ်ကြည့်ချင်နေတာပဲ ဖြစ်သည်။ သူ၏ နေ့စဉ်မှတ်တမ်းထဲတွင် သူ၏ အိမ်နီးချင်းဖြစ်သည့် သုံးနှစ်အရွယ် ကလေးတစ်ယောက်ကို ပစ်မှတ်ထားကြောင်းတောင် ရေးထားသေးသည်။ သို့သော် ကလေးမိဘများက သွားလေရာ နေရာတိုင်း လိုက်နေသောကြောင့် သူ ကျရှုံးခဲ့တာပဲ ဖြစ်သည်။
တူ့တုံတုံ၏ နေ့စဉ်မှတ်တမ်းမှ အကြောင်းအရာများကို မည်သူ ဖြန့်ခဲ့သည့် မသိ။ ဟယ်ချင်းရွာထဲရှိ လူတိုင်းသည် တူ့တုံတုံ၏ နေ့စဉ်မှတ်တမ်းအကြောင်း သိသွားကြပြီ ဖြစ်သည်။ သူတို့အားလုံးက ဤကလေး မည်မျှ ရက်စက်ကြောင်း သိသွားကာ ရွာသားများက ကြောက်လန့်မှုကြောင့် တုန်ယင်သွားသည်။
ရဲက ဝင်စွက်ဖက်သောကြောင့် လောင်တူးသည် စိတ်ပျက် အားလျော့ရတော့သည်။ ဖန်ချွင်ရုက တူ့တုံတုံ၏ အိမ်သို့သွားကာ ပြဿနာရှာလေ၏။
တူ့တုံတုံ၏ အမေကမှု သူမသား လုပ်ခဲ့တာ မဟုတ်ဟု ဆိုသော်ငြား တူ့တုံတုံက နေ့စဉ်မှတ်တမ်းရေးထားပြီး အကြောင်း ကြိုရေးထားလေ၏။ သူက ညလယ်ခေါင်တွင် ဖန်လင်မယား၏ ဖရဲခင်းဆီ မီးဖိုချောင်သုံး ဓားဖြင့် သွားပြီး ဖရဲသီးအားလုံးကိုလည်း ခုတ်ခဲ့သေးသည်။ သက်သေအဖြစ် နေ့စဉ်မှတ်တမ်းရှိနေ၏။ ထို့ကြောင့် ရဲများက ရောက်လာတော့သည်။
ဖန်ချွင်ရုကမှု သူ အလျော်မရပါက တူ့တုံတုံ၏ မိခင် အလုပ်နေရာသို့ ပြဿနာ လာရှာမည်ဟု ဆိုခဲ့သည်။ တူ့တုံတုံ့အမေက နိုင်ငံပိုင် ယူနစ်တစ်ခု၌ အလုပ်လုပ်နေတာ ဖြစ်ပြီး သူမအလုပ်က လွယ်ကူကာ လစာကောင်းသည်။ ဤကိစွသာ အလုပ်နေရာအထိ ပြန့်သွားလျှင် သူမ အလုပ်ကို ဆုံးရှုံးလိမ့်မည်။ အစ၌ သူမသားကို တကယ် ယုံကြည့်မိသော်ငြား နေ့စဉ်မှတ်တမ်းကို တွေ့ပြီးနောက် သူမ မှင်သက်ကာ ကြက်သေသေ သွားလေ၏။ ယင်းကို သူမသား လုပ်ခဲ့တာ မယုံနိုင် ဖြစ်သွားတော့သည်။
အကြောင်းမှာ တူ့တုံတုံသည် မြို့ထဲရှိ အိမ်တွင် နေစဉ်က တိရစ္ဆာန်လေးများကို တစ်ခါမှ အနိုင်မကျင့်ခဲ့သောကြောင့် ဖြစ်သည်။
တူ့တုံတုံ၏အမေက ရူးသွပ်လုနီးပါး ဖြစ်သွားသည်။ ယင်းက ကလေး၏ အဘိုးအဘွားများက အလိုလိုက်သောကြောင့် ဖြစ်ရမည်ဟု တွေးမိသွားသည်။
ဖရဲခင်းဧကအချို့အတွက် ယွမ်လေးသောင်းကို လျော်ကြေး ပေးခဲ့သည်။ သူက ငယ်သေးသောကြောင့် တိရစ္ဆာန်ညှင်းပန်းမှုအတွက် ထောင်မကျပေ။ တူ့တုံတုံက ကျန်သည့်ကလေးများကို သတ်ချင်သည်ဟုဆိုခဲ့သော်ငြား ဤကိစ္စက အထမမြောက်သေး။ သက်သေလည်း မရှိ။ ထို့ကြောင့် သူ့ကို ထိန်းထား၍ မရပေ။ ထို့ည၌ လွှတ်လိုက်၏။ တူ့တုံတုံသည်လည်း အိမ်ပြန်ရောက်ချိန်၌ သူ၏ မိခင် ရိုက်နှက်တာ ခံရသည်။ နောက်တစ်နေ့တွင် ဟယ်ချင်းရွာရှိ သူ့အဘိုးအဘွားများ၏ အိမ်သို့ ပြေးသွားတော့သည်။
တူ့မိသားစု၏ လူအိုကြီးလင်မယားက သူတို့ မြေးကို ဖက်ထားပြီး ငိုယိုတော့သည်။ တူ့တုံတုံ၏ အဘွားကမှု ရွာဝင်ပေါက်၌ ရပ်ကာ ငိုယိုလျှက် ကျိန်ဆဲလေ၏။
“ငါရဲ့ တုံတုံက ကလေးပဲ ရှိသေးတာ။ နင်တို့ လွန်လွန်းတယ်။ သူ့ကို ဒါမျိုး ခြောက်လှန့်တယ်ပေါ့။ သူက နင်တို့ရဲ့ ကြောင်တွေ ခွေးတွေကို အနိုင်ကျင့်တာမှ မဟုတ်တာ။ အားလုံးက ခွေးလေခွေးလွင့်၊ လမ်းဘေးကြောင်တွေပဲ။ အဲဒီကြောင်တွေ ခွေးတွေက သိပ်စိတ်ပျက်ဖို့ကောင်းတာ။ တစ်ကောင်နှစ်ကောင်သတ်တော့ ဘာမှားလို့လဲ။ နင်တို့တွေ ကလေးတစ်ယောက်ကို ဒါမျိုး ဆက်ဆံတာ ဝဠ်လည်လိမ့်မယ်။ သတိထား”
90 04
ယင်းက ရွာသားများကို အင်မတန် ဒေါသထွက်သွားစေသည်။ အဒေါ်ကြီးများနှင့် အဘွားအိုတို့သည် နေရာမှာတင် အဘွားတူ့ကို စတင် ကျိန်ဆဲလေ၏။ သူတို့ ကျိန်ဆဲနေကြ စကားလုံးများထက် ပိုဆိုးရွားသည်။ အဘွားအိုတူ့က သတိလစ်လုနီးပါး ဖြစ်သွားသည်။ အဆုံးကျ သူမ အနိုင်မရနိုင်မှန်း သိသောကြောင့် ခပ်ရှက်ရှက်ဖြင့် အိမ်ထဲ ဝင်သွားတော့သည်။
တူ့တုံတုံကမှု အခန်းထဲတွင် ဒေါသထွက်နေသေး၏။ သူက ယွင်ယွီကို ကျိန်ဆဲနေပြီး ယွင်ယွီက သူ့ကို ထောက်ပြခဲ့ပြီး သူ့ကို လက်ညိုး ထိုးလိုက်ချိန်တွင် သူ အမှန်တိုင်း ပြောခဲ့သောကြောင့်သာ ရဲဖမ်းခံရသည်ဟု ခံစားမိသည်။
ယွင်ယွီသည် ဤအဖြစ်အပျက်ရလဒ်ကို သိချိန်၌ မအံဩပေ။ သုံးရက်အတွင်း တူ့တုံတုံအတွက် ပိုဆိုးရွားသည့် ဝဠ်လည်မှုက ရောက်တော့မှာပဲ ဖြစ်သည်။
ညအချိန်တွင် သူတို့ အိပ်နေစဉ် ခြံဝန်းထဲရှိ ဟေးတာက ရုတ်တရက် စူးရှစွာ အော်လိုက်ရာ ယွင်ယွီကို နိုးသွားစေသည်။ သူမ အဝတ်အစားဝတ်ပြီး အပြင်တစ်ချက် ထွက်ကြည့်လိုက်၏။ ချင်ယွီစွေကလည်း ဧည့်သည်အခန်းထဲမှ ထွက်လာသည်။ ဟေးတက ခြံဝန်းဝနား၌ ရပ်နေသေးကာ အပြင်ဘက်ကို စူးရှစွာ ဟောင်နေသည်။
ချင်ယွီစွေက ပြောလိုက်သည်။
“ဒီမှာနေ ကိုယ်တစ်ချက် သွားကြည့်လိုက်မယ်”
တံခါးဖွင့်ပြီးနောက် ချင်ယွီစွေသည် လရောင်အောက်တွင် ပင်မလမ်းဆီ ထွက်ပြေးသွားသည့် အရပ်ပုပုဝဝ တစ်ယောက်ကို တွေ့လိုက်ရ၏။ သူက ဆိုးရွားသော အနံ့တချို့ကိုလည်း ရလိုက်သည်။
သူ အနည်းငယ် မျက်မှောင် ကြုတ်မိသွားကာ သူ့နောက်ကို သေးသွယ်သော ခန္ဓာကိုယ် ချဉ်းကပ်လာတာ ခံစားမိသွားသည်။ သူက သူမကို လှည့်ပွေ့ထားလျှက် ခြံဝန်းထဲ ခေါ်လာ၏။ သို့သော်ငှား ယွင်ယွီသည် အပြင်ဘက်ရှိ အနံ့ကို ရပြီးသား ဖြစ်သည်။ သူမ စိတ်မပျော်ဖြစ်သွားကာ တစ်စုံတစ်ခု ခန့်မှန်းမိသွားလေ၏။
သရဲလေး ဝမ်ယုလင်ကမှု အပြင်ဘက်၌ မျောလွှင့်နေသေးသည်။ ယွင်ယွီက သူ့ကို ခေါ်မေးလိုက်တော့သည်။
“ဝမ်ယုလင် အစောတုန်းက လူက တူ့တုံတုံလား”
ဤရက်စက်သော ကလေးက မနေ့တုန်းက သူ့ကို သူမ ဖော်ထုတ်ခဲ့ခြင်းအတွက် အပြစ်တင်နေပြီး ယနေ့ည၌ လက်စားလာချေတာပဲ ဖြစ်မည်။
ဝမ်ယုလင်က ခြံဝန်းထဲ မျောလွင့်လာကာ ပြောလိုက်တော့သည်။
“ဆရာယွင် အဲဒါ တူ့တုံတုံပဲ။ သူ ထွက်ပြေးသွားတာ တွေ့လိုက်တယ်။ သူ့နံစော်နေတာ ဘယ်ကနေ နောက်ချေးတွေ ရလာလဲ မသိဘူး။ သူက အိမ်နံရံပေါ် ပစ်ပေါက်ချင်နေပုံပဲ။ သူ အနားကပ်လာတာနဲ့ နွယ်ပင်တွေက ကိုင်းဆန့်ထွက်လာပြီး သူ့ကို တားထားလိုက်တာ။ နေရာမှာတွင် ဝပ်မှောက်ပြီး သူ့ပေါ် မှောက်ကျသွားရော”
ဝမ်ယုလင်သည် မခံမရပ်နိုင်အောင် နာကျင်နေသော အမှုအယာဖြင့် ပြောလိုက်၏။ သူ ထိုအောက်သိုးသိုးအနံ့ကို ရနေသေးဟန် တူသည်။
သေစမ်း။ ယင်းသည် ယွင်ယွီက သူမစိတ်ထဲ ပေါ်လာသည့် ပထမဆုံး စကားပဲ ဖြစ်သည်။
ယခုလက ကံဆိုးသော လဆိုတာ သေချာသွားလေပြီ။ သူမ ယခုလအတွက် ရှေ့ဖြစ်ဟောခြင်း မပြုဖို့ ပြင်ဆင်ထားသည်။
တူ့တုံတုံမှန်း သိပြီးနောက် ယွင်ယွီသည် ခေါင်းကိုက်လာတော့သည်။ သူမက လှည့်လာလျှက် ချင်ယွီစွေကို ဖက်နမ်းလိုက်သည်။ သူမ ခံစားချက်က ပိုကောင်းလာကာ သူမ၏ချစ်သူကို ဂွတ်နိုက်ဟု ပြောလိုက်၏။
“ချင်ယွီစွေ အိပ်တော့။ ပြန်အိပ်ကြရအောင်”
ညလယ်ခေါင်တွင် မိုးရွာလောက်သည်။ သူမ နိုးလာချိန်၌ အနံ့ရတော့မှာ မဟုတ်ပေ။
ချင်ယွီစွေက ခေါင်းငုံထားလျှက် သူမနှုတ်ခမ်းကို နမ်းလိုက်သည်။
“အိပ်ယာ စောစောဝင်”
90 05
ဝမ်ယုလင်ကမှု ပြင်းပြစွာ နမ်းနေသည့် စုံတွဲကို ကြည့်ပြီး သူက မျက်နှာကို လက်ဖြင့် ကာထားလျှက် အပြင်ဘက်သို့ မျောလွင့်သွားလေ၏။
နောက်တစ်နေ့တွင် ရာသီဥတုက ကောင်းမွန်သည်။ ညအချိန်၌ မိုးပြေးလေး ရွာခြင်းက ဟယ်ချင်းရွာကို သန့်ရှင်းလတ်ဆတ် သွားစေ၏။
ယွင်ယွီ လေ့ကျင့်ပြီးနောက် အဝတ်အစားလဲကာ အပြင်တစ်ချက် ထွက်လိုက်သည်။ မြေပြင်က သန့်ရှင်းပြီး အနံ့အသက် မရှိပေ။ သူမ ခံစားချက် ပိုကောင်းလာ၏။
မနက်စာ စားပြီးနောက် ယွင်ရှန်းက ကျောင်းသွားကာ ယွင်ယွီကမှု ခြံဝန်းထဲ၌ ကျောက်စိမ်း ထွင်းထုနေသည်။
ချင်ယွီစွေကမှု အပြင်အဆင်အသစ်ကြည့်ရန်အတွက် ဘေးအိမ်အသစ်သို့ သွားလိုက်သည်။ အိမ်အသစ်ကို တည်ဆောက်ပြီးဖြစ်ကာ ယခင်ရက်များက အလှဆင်မှု စတင်ခဲ့သည်။ သူက နေ့တိုင်း သွားစစ်ဆေး ကြည့်လေ၏။ သူမ ထွင်းထုနေစဉ် တံခါးခေါက်သံ ကြားလိုက်ရ၏။ ယွင်ယွီက မော့ကြည့်လိုက်စဉ် ဖန်ချွင်ရုက သူ၏တုတ်ကောက်ကို မှီထားလျှက် သူ၏ဇနီးနှင့်အတူ အပြင်၌ ရပ်နေတာ တွေ့လိုက်ရ၏။
ယွင်ယွီက ထရပ်ပြီး လျှောက်သွားလိုက်သည်။ ဖန်ချွင်ရုက အလျင်စလို ပြောလိုက်လေ၏။
“ယွင်ယွီ ဦးလေး သမီးကို ကျေးဇူးတင်ဖို့ ရောက်လာတာ။ အားလုံး သမီးကျေးဇူးကြောင့်ပါပဲ။ ဒါတွေက ဒီမနက် ဦးလေးတို့ အခင်းထဲက ခူးလာတဲ့ ဟင်းသီးဟင်းရွက်တွေ။ စိတ်မရှိဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ ဦးလေး သမီးကို စာအိတ်အနီလည်း ပေးမလို့”
ထို့သို့ပြောပြီးနောက် သူ့လက်ထဲရှိ ဝါးခြင်းတောင်းကို ယွင်ယွီအား ပေးလျှက် အိတ်ကပ်ထဲမှ စာအိတ်အနီ ထုတ်လိုက်သည်။
ယွင်ယွီက ထို့ပစ္စည်းများအားလုံးကို ယူကာ ပြောလိုက်၏။
“ရေးကြီးခွင်ကျယ် မဟုတ်ပါဘူး။ ဦးလေးနဲ့ ဒေါ်လေး။ အထဲဝင်ပြီး ခဏ ထိုင်ပါအုန်းလား”
ဖန်ချွင်ရုက လက်ဝေ့ရမ်းပြလိုက်သည်။
“မဟုတ်ဘူး။ မထိုင်တော့ဘူး။ မထိုင်တော့ဘူး။ လုပ်စရာတွေ ရှိသေးတယ်။ သမီးကို ထပ် မနှောင့်ယှက်တော့ဘူး”
သူတို့နှစ်ယောက်သား ထွက်သွားပြီးနောက် ယွင်ယွီသည် မြေပြင်ပေါ်ရှိ ဟင်းသီးဟင်းရွက်များကို ဇလုံထဲထည့်ပြီးနောက် စာအိတ်နီကို ဖွင့်ကြည့်လိုက်သည်။ အထဲ၌ ယွမ် နှစ်ထောင် ရှိနေ၏။ သူမက ရှေ့ဖြစ်ဟောသူ တစ်ယောက်သာ ဖြစ်သည်။ ပိုက်ဆံ လက်ခံတာက ပုံမှန်ပဲ ဖြစ်၏။ ထို့အပြင် သူမက ပိုက်ဆံ တစ်ဝက်လည်း လှူဒါန်းရမည်။ သို့မှသာ ကောင်းမှု ကုသိုလ်များ ပြုလုပ်နိုင်ပြီး ကုသိုလ်စုနိုင်မှာ ဖြစ်သည်။
******