← Chapters

အခန်း ၉၁

Vol. 10 Ch. 91

အခန်း ၉၁

Vol. 10 Ch. 91

91 01

အပိုင်း 91

မုန့်လာက မိုးရွာပြီးနောက် အရွက်ဖွားဖွားများ ထွက်လာ၏။ ၎င်းက အာဟာရဓာတ် ကြွယ်ဝသည်။ အများဆုံးသည် ကျောက်ဆောင်များ သဲနှင့် မြေပြင်ပေါ်တွင် စိုက်ပျိုး၏။ တူးယူရတာ ခက်ခဲသည်။ အရွက်ဆွေးများနှင့် သစ်ကိုင်းခြောက်များစွာ လျောထွေးနေ၏။ ဖန်ချွင်ရု ပို့ပေးလိုက်သည့် မုန်လာဥကမှု သေချာ သန့်ရှင်းထားသည်။ သို့သော် ထပ်လဲလဲ ဆေးကြောပစ်ရန် လိုသည်။ သဲနှင့် ရွံ့များ ပါရှိနေသေးသည်။

ယွင်ယွီသည် ၎င်းတို့ကို ဇလုံကြီးထဲ ထည့်ပြီးနောက် တွင်းရေဖြင့် သူတို့ကို စိမ်ထားလိုက်သည်။ ထို့အရာက ရှားပါးပေ၏။ ယခု အချိန်တွင် ပိုတောင် နည်းပါးသည်။ လူအနည်းစုသာလျှင် တကူးတက ဒုက္ခခံ ပြင်ဆင်၏။ သို့သော် အရသာက အလွန်ကောင်းမွန်ပြီး အရသာ ရှိသည်။ ယွင်ယွီ ငယ်စဉ်ထဲက ထိုမုန့်လာဥကို စားခဲ့သည်။ မင်းသမီးလေးတစ်ပါးအနေဖြင့် သူမက မစားဖူးတာ မရှိ။

ဖန်လင်မယားက သူမကို အလွန် ကျေးဇူးတင်နေကြတာပဲ ဖြစ်သည်။

ယွင်ယွီက ရေတွင်းနား၌ ဆောင့်ကြောင်ထိုင်ချပြီး တွင်းရေကို သုံးကာ ဟင်းသီးဟင်းရွက်များကို သေချာ သန့်ရှင်းအောင် ဆေးကြောလိုက်၏။ ၎င်းတို့ကို အခြောက် ခဏခံပြီးနောက် ညနေကျမှ ဘန်းမုန့် လုပ်မှာပဲ ဖြစ်သည်။ ထိုမုန့်လာဥဖြင့် ပြုလုပ်ထားသည့် ဘန်းမုန့်က အင်မတန် အရသာရှိ၏။

ညနေစောင်းတွင် ယွင်ယွီက ဂျုံ့ခေါက်ဆွဲ နုပ်နုပ်စင်း ထားသော အသားဖြင့် ရောထားသည့် မုန်လာဥအစာသွပ် ဖက်ထုတ်ကို စားခဲ့သည်။ ပူပူနွေးနွေး ဖက်ထုပ်များက မွှေးရနံသင်းပျံ့ နူးညံ့ပြီး ချောမွေ့သည်။ ယွင်ယွီသည် စိတ်ကျေနပ်မှုကြောင့် မျက်လုံးများ မှေးကျသွားပြီး သူမ မိသားစုဝင်များကလည်း သူမ စားသောက်နေတာကို ကြည့်ပြီး ပျော်ရွှင်နေတော့သည်။

ယခုက ဩဂုတ်လယ် ရောက်ခါနီးပြီး ဖြစ်ကာ ညအချိန်သည် နေ့အချိန်ထက် ပိုအေးမြလာသည်။ ညစာစားပြီးနောက် ယွင်ယွီက ရေချိုးပြီး အဝတ်အစား လဲကာ ချင်ယွီစွေ၏အခန်းထဲ ဝင်သွားလိုက်သည်။ သူက ပုံမှန်ဆို တီဗီကြည့်ရတာ မကြိုက်ပေ။ စာအုပ်သာ ဖတ်နေတတ်၏။ ယွင်ယွီ ဝင်လာတာ မြင်သောအခါ သူ တီဗီ ဖွင့်ပြီး သူမ နှစ်သက်သည့် ပရိုဂရမ်များ ဖွင့်ပေးထားလိုက်သည်။ သူမကမှု ရသစုံ ရှိုးများ ကြည့်ရတာ နှစ်သက်ပြီး သတင်းထုတ်လွှင့်မှုကိုလည်း ကြည့်ရတာ နှစ်သက်၏။ သူမ မကြိုက်ဆုံးကမှု ဇာတ်လမ်းတွဲများပဲ ဖြစ်၏။

ယခုအချိန်တွင် သတင်းတစ်ခု ထုတ်လွှင့်နေ၏။ ထို့ကြောင့် ချင်ယွီစွေက သူမကို ပြလာသည်။

သူမအတွက် ဖရဲသီး တစ်စိတ်လည်း သွားလှီးပေးလိုက်သေးသည်။ ကြားရက်များ၌ သူမအတွက် ချက်ပြုတ်ရာ၌ ပိုဂရုစိုက်လိုက်သည်။ ဤအသီးများအပါအဝင် အလွန် စပ်လွန်းသည့် အရာမျိုး သူမကို စားခွင့် မပေး။

ဤရက်များတွင် ဖရဲသီး လျော့စားခဲ့သည်။ ထို့အပြင် ဤဖရဲသီးကို နေ့လည့်ကမှ အခင်းထဲမှ သယ်လာတာ ဖြစ်ပြီး ထို့ကြောင့် တွင်းရေနဲ့ မဆေးထားရသေးပေ။ ယွင်ယွီက ဖရဲသီးတစ်စိတ် စားပြီး မေးလိုက်တော့သည်။

“အိမ်သစ်ကို ပြင်ဆင်တာ ဘယ်လိုဖြစ်သွားပြီလဲ”

ချင်ယွီစွေက ပြောလိုက်၏။

“နောက်လလယ်လောက် ပြီးလိမ့်မယ်”

သူမ၏ဗိုက်က တဖြည်းဖြည်းပူလာ၏။ မင်္ဂလာပွဲ စောစောစီးစီး ကျင်းပချင်လျှင် မင်္ဂလာအခန်းကို မြန်မြန်လေးပြီးအောင် တည်ဆောက်ရမည်။ ထို့ကြောင့် ဒီလထဲက အိမ်ကိုအလှဆင်ရန် မြို့တော်ရှိ နာမည်ကြီး အလှဆင် အသင်းများစွာကို ရှာထား၏။

ယွင်ယွီကမူ ဖရဲသီးကို မျိုချပြီး မေးလိုက်တော့သည်။

“အလှဆင်ပြီးတာနဲ့ အိမ်သစ်ကို ပြောင်းလို့ရပြီလား”

ချင်ယွီစွေက သိမ်မွေ့စွာ ပြောလိုက်၏။

“အိမ်သစ်ပြင်ဆင်ပြီးရင် အချိန်ကာလတစ်ခုအထိ လေဝင်ခံရအုန်းမယ်”

သူသည် အကောင်းဆုံးသော ပရိဘောဂများ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပစ္စည်းများသာ အသုံးပြုထားသည့်တိုင် ဤကာလအတွင်း ယွင်ယွီကို အိမ်သစ်သို့ သွားခွင့် မပေးနိုင်ပေ။ ၎င်းက သူမအတွက် ထိခိုက်စေမှာ စိုးရိမ်မိ၏။ ဆိုရလျှင် ပစ္စည်းများ မည်မျှ ကောင်းမွန်စေကာမှု အနည်းအကျဉ်းတော့ ထိခိုက်စေနိုင်တတ်၏။

“ဘာလို့ ဒီလောက် ဒုက္ခခံနေတာလဲ”

91 02

ယွင်ယွီက ပြုံးလိုက်၏။

“ကျွန်မ အစီအရင်တစ်ခု တည်ဆောက်လိုက်ရင် တစ်ပတ်အတွင်း အဆင်ပြေသွားလိမ့်မယ်”

ချင်ယွီစွေက ထိုအကြောင်းကို စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ”

စောစောရွေ့လေ ပိုကောင်းလေ ဖြစ်သည်။

မင်္ဂလာပွဲအတွက် စီမံစရာများ ပြောဆိုပြီးနောက် ယွင်ယွီသည် စတင် အိပ်ငိုက်လာတော့၏။ သူမ ချင်ယွီစွေကို ဂွတ်နိုက်ဟု ပြောပြီးနောက် အိပ်ခန်းထဲ ပြန်သွားအိပ်တော့သည်။

လေးငါးရက်ခန့် ကြာပြီးနောက် ရွာထဲရှိ တစ်စုံတစ်ယောက်က တူ့တုံတုံအကြောင်း ရုတ်တရက် ပြောလာသည်။

“တူ့တုံတုံက ထူးဆန်းတဲ့ ရောဂါ ဖြစ်နေတယ်လို့ ကြားမိတယ်”

“ငါ မသိဘူး။ အမှန်ပဲလား။ ဘာရောဂါလဲ”

“တူ့တုံတုံက နေရခက်တယ်။ ယားတယ်။ နာတယ်။ ဆိုပြီး အရင် လွန်ခဲ့တဲ့ နှစ်ရက်က စောဒက တက်နေတာ။ သူ့ကို စစ်ဆေးဖို့ ဆေးရုံခေါ်သွားပေ့မဲ့ သူ့မှာ ဘာမှ မှားနေတာ မတွေ့ရဘူး။ ဆရာဝန် ပြောတာကတော့ သူ ပွေးပေါက်နေပုံပဲလို့ ပြောတာပဲ။ ဒါကြောင့် လိမ်းဆေး နှစ်မျိုး ညွှန်ပေးလိုက်တယ်။ ဒီနှစ်ရက်အတွင်း ယားတယ်။ နာတယ်။ ဆိုပြီး ပြောနေတာ လိမ်းဆေးကလည်း သူ့ကိုယ်ပေါ်က ပွေးအတွက် မထိရောက်ဘူး။ ပြန့်ကုန်ပြီ”

“ဘုရားရေ သူ အရင်တုန်းက ကြောင်လေးကို အနိုင်ကျင့်ခဲ့တာ မဟုတ်ဘူးလား။ ဒါ ဝဋ်လည်တာ များလား။ ယွင်မိသားစုက မိန်းကလေး ပြောတယ်လေ။ အရာအားလုံးမှာ တန်ပြန်သက်ရောက်မှု ရှိတယ်။ ဝဋ်လည်ဖို့ အချိန်မတန်သေးတာတဲ့”

“ယွင်မိသားစုက မိန်းကလေးက တကယ် ထူးဆန်းတာပဲ။ သူ ဒါမျိုး အရာ မြင်နိုင်တယ်လား။ တူ့တုံတုံ ဝဋ်လည်မယ်ဆိုတာ သူ အစောထဲက တွေ့တာ မဟုတ်လား”

“သူ သိတာ ကြာပြီပဲ ဖြစ်ရမယ်။ အခုကစပြီး သူ့ကို လေးလေးစားစား ဆက်ဆံရမယ်”

ဆယ်ရက်ခန့် ကြာပြီးနောက် ဩဂုတ်လ ကုန်ခါနီး ရောက်လာတော့သည်။ ရာသီဥတုက တဖြည်းဖြည်းချင်း ပိုအေးလာ၏။ ယွင်ယွီကမှု ချင်ယွီစွေအတွက် ကာကွယ်ရေး ကျောက်စိမ်းအဆောင်ပြုလုပ်ပေးပြီး ဖြစ်သည်။ သူ့အဖို့ လည်ပင်း၌ ဆွဲရန် အဆင်မပြေပေ။ ထို့ကြောင့် ယွင်ယွီက ကြိုးနှီးဖြင့် သူ၏လက်ကောက်ဝတ်တွင် ပတ်ပေးလိုက်သည်။ သူ၏ လက်ဖျံရိုးများက ထင်ရှားပြီး အရိုးက ကျစ်လစ်သည်။ ထို့ကြောင့် ၎င်းကို ဝတ်ထားချိန်တွင် မိန်းမ မဆန်ပေ။

ဩဂုတ်လအဆုံးအသတ်၌ လယ်ယာစိုက်ပျိုးရေး အလုပ်တချို့ ရှိသည်။ မြေပဲများနှင့် ပဲပိစပ်များက အိမ်တွင် ရင့်မှည့်နေပြီ ဖြစ်ကာ တခြားသော မိသားစုများထက် ရက်ပေါင်းများစွာ စောပြီး သူတို့ ရိတ်သိမ်းနိုင်ပြီ ဖြစ်သည်။ သို့သော် သူတို့က ဤနှစ်ခုကို များများစားစား မစိုက်ထားပဲ စုစုပေါင်း တစ်ဧကသာ စိုက်ထားသည်။ အဘွားယွင်နှင့် အမေယွင်တို့ကမှု သူတို့အားလုံး ခူးယူရန် လယ်ကွင်းထဲ သွားလိုက်၏။ ချင်ယွီစွေကလည်း ကူညီပေးသည်။

ယွင်ယွီက ကူညီပေးချင်သော်ငှား သူမ့မိသားစုက သူမကို လယ်အလုပ် လုပ်ခွင့်မပေးပေ။ သူမက ကိုယ်ဝန် ၃ လ ကျော် လွယ်ထားရပြီ ဖြစ်ကာ ဗိုက်က အတော်လေး သိသာနေ၏။ ပုံမှန်အချိန်တွင်ဆို အဝတ်ပါးပါး ဝတ်ထားသောကြောင့် ဘာမှ မမြင်ရပေ။ လွန်ခဲ့သည့် ဆယ်ရက်ခန့်က သူမသည် စစ်ဆေးရန်အတွက် ချန်ရွှေမြို့ရှိ ဆေးရုံသို့ သွားခဲ့၏။ ခေတ်မှီဆေးပညာက ဖွင့်ဖြိုး တိုးတက်နေပြီး ဝေ့မင်းဆက်နှင့် ကွဲပြား ခြားနားပေ၏။ ထို့စဉ်က မီးဖွားချင်သည့် အမျိုးသမီးအတွက် ငရဲလမ်းကို လျှောက်လှမ်းရသကဲ့သို့ပင် ဖြစ်ပြီး ကလေးများ ရှင်သန်မှုနှုန်းက နိမ့်သည်။ ယခုခေတ် ဆေးပညာက ကောင်းမွန်လာ၏။ သူမက အသက်ကို ကယ်တင်ပေးသည့် ဤဆရာဝန်များကို လေးစားသည်။

တစ်မိသားစုလုံးက မြေပဲ ရိတ်သိမ်းရန် လယ်ကွင်းထဲသို့ သွားကြပြီး ယွင်ယွီသာ အိမ်နေနေကာ ဟေးတနှင့် ဝေ့တတို့သာလျှင် သူမနှင့် အတူရှိနေသည်။

တူ့တုံတုံ၏ အိမ်ကနေ ကောက်လာသည့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားသည့် ကြောင်ဖြူလေးကမှု ဒဏ်ရာများ ပျောက်ကင်းသွားပြီ ဖြစ်သည်။ ယွင်ယွီက ၎င်းသည် ကြောင်စာစားချင်နေမှန်း သိ၏။ သူမ အနည်းအကျဉ်း ဝယ်ထားသော်ငှား ၎င်းက မစားပေ။ ယွင်မိသားစု စားနေချိန်တွင် စိတ်အားထက်သန်စွာ ကြည့်နေတတ်သည်။ ထို့ကြောင့် အဆုံးကျ ကြောင်ဖြူလေးကလည်း ဟေးတတို့နည်းတူ ယွင်မိသားစု အစားအသောက်များကို လိုက်စား၏။ ထို့ကြောင့် ပေါ့ပေါပါးပါးများသာ စကျွေးရတော့သည်။

91 03

ဤကြောင်ဖြူလေး၌ လှပသည့် အပြာရောင် မျက်ဝန်းတစ်စုံရှိပြီး ၎င်းကို ယွင်ယွီ နှစ်သက်သည်။

ယွင်ယွီအိမ်တွင် ရှိနေသ၍ ၎င်းက သူမ၏ ခြေထောက်နားတွင် ငြိမ်သက်စွာ လဲနေလျှက် ပွတ်သပ်ပေးဖို့ ချော့မြူတတ်သည်။

ယွင်ယွီက ၎င်းကို ရှောင်ပိုင်ဟုခေါ်သည်။ ယင်းက အမည်တစ်ခု ရှိပြီးသား ဖြစ်ပုံပေါ်၏။ ယွင်ယွီခေါ်လိုက်ချိန်တွင် ညောင် ဟု၍ ထူးကာ အလွန် သိမ်မွေ့နူးညံ့ပြီး ကြောင်တစ်ကောင်၏ အထက်စီးဆန်မှုမျိုး မရှိပေ။

အိမ်တွင်ရှိ တိရစ္ဆာန်သုံးကောင်လုံးက သဟဇာတ ရှိကြသည်။

အနက်ရောင် စာကလေးက အရွယ်အစား ပိုကြီးလာပြီး အမွှေးအတောင်များ တောက်ပလာကာ အရိုးများ သန်စွမ်းလာတော့သည်။ အခြားသော စာကလေးများ၏ အရွယ်အစား နှစ်ဆခန့် ရှိသည်။

ယွင်ယွီသည် ယခုလက ကံဆိုးသည့်လမှန်း သိနေသောကြောင့် ယခုအချိန်မှ စပြီး မည်သူကိုမှ မဟောပေးခဲ့ပေ။

ထို့အပြင် ရွာသားများသည် စောင့်ကြည့်သေးသောကြောင့် ယွင်ယွီဆီ ဗေဒင်မေးရန်နှင့် ဖုန်းရွှေမေးရန် ရောက်မလာကြပေ။

ယွင်ယွီကလည်း အားလပ်ချိန်တချို့ ရှိသွားသည်။

သူမ မမသည် နောက်လ၌ ပြန်လာတော့မှာ ဖြစ်၏။ သူ၏ အစ်မအတွက် ကျောက်စိမ်းအဆောင် ထွင်းထုရင်း အလုပ်များနေသည်။ ယခု မိသားစုထဲရှိ လူအားလုံးက လယ်ကွင်းထဲ၌ အလုပ်လုပ်နေပြီး သူမ တစ်ယောက်တည်းသာလျှင် နှင်းဆီနွယ်ပင်အောက်၌ ထိုင်နေသည်။

ညနေ ၄ နာရီ ၅ နာရီ ဝန်းကျင်၌ ယွင်မိသားစု ပြန်လာ၏။ ချင်ယွီစွေက မြေပဲများနှင့် ပဲပိစပ်များအားလုံးကို ဆွဲလာရန် ထွန်းစက်တစ်ခု ငှားခဲ့၏။ ထွန်းစက် ဆိုသော်ငှား ရွာသားများ အသီးအနှံ့များ ချွေရာ၌ အထောက်အကူ ပေးသည်။

ယွင်ယွီက ကားထဲမှ ထွက်လာသည့် အရပ်မြှင့်မြှင့် လူကို ကြည့်ပြီး သူက အင်မတန် ချောမောခန့်ညားတာပဲဟု တွေးနေမိသည်။

သူမအတွက်ဖြင့် သူက ဤကဲ့သို့ နေရာငယ်လေးတွင် နေရန် ဆန္ဒရှိပြီး ယွင်မိသားစုကိုတောင် တာဝန်ယူလို စိတ်ရှိသည်။ သူက ကျေးရွာထဲအတိုင်း နေလိုစိတ်ရှိ၏။

ထို့လူက ရေချိုးရန် အိမ်ထဲဝင်သွားချိန်တွင် ယွင်ယွီက သူ့အတွက် သောက်ရေ ပြင်ဆင် ပေးထားသည်။

ယွင်မိသားစုဝင်များ အားလုံးသည် ဝိညာဉ်စွမ်းရည်ကို သောက်ကြသည်။ ချင်ယွီစွေ ထွက်လာသောအခါ ဧည့်ခန်းထဲ၌ ယွင်ယွီ မရှိတာကို ရှာတွေ့သွားသည်။ ခြံဝန်းထဲ လျှောက်သွားချိန် ယွင်မိသားစုက တံခါးဝ၌ ရပ်နေတာ တွေ့လိုက်ရ၏။

သူက ခြေလှမ်း ကြဲကြီးမျာဖြင့် လျှောက်သွားစဉ် လောင်တူးနှင့် သူ၏ဇနီးက တူ့တုံတုံကို ခေါ်လာလျှက် ယွင်မိသားစု ဂိတ်ဝ၌ ဒူးထောက်နေတာကို တွေ့လိုက်ရသည်။

အဘွားယွင်က မသာယာသော အမှုအယာဖြင့် ပြောလိုက်သည်။

“လောင်တူး မင်း ဘာလုပ်နေတာလဲ။ ပြောစရာရှိရင် ပြော။ ငါ့အိမ်တံခါးဝမှာ ဘာလို့ ဒူးထောက်နေတာလဲ”

လောင်တူးက ပြောလိုက်၏။

“ယွင်မိသားစုက အစ်မကြီးရယ်။ ကျွန်တော် မသိတတ်တာပါ။ ကျွန်တော် မှားတာပါ။ ခင်ဗျားရဲ့ မြေးလေးကို ဒါမျိုး မပြောခဲ့သင့်ပါဘူး။ အစ်မကြီးရဲ့ မြေးလေးက အရည်အချင်းရှိမှန်း သိပါတယ်။ ကျုပ်ရဲ့ မြေးလေး ဘာဖြစ်နေလဲ ကြည့်ပေးပါအုန်း။ ကျေးဇူးပြုပြီး ကျုပ်ရဲ့ မြေးလေးကို ကယ်ပေးပါအုန်း”

ဆောင်းရာသီ ဆိုသော်ငြား နေ့အချိန်၌ အပူဓာတ်အကြွင်းအကျန် ရှိနေသေးသည်။ တူ့တုံတုံက ခေါင်းထဲပေါ်တွင် ခေါင်းစွပ်ဖြင့် အင်္ကျီလက်ရှည်ကို ဝတ်ထားကာ သူ့ လောင်တူးနောက်၌ ပုန်းနေ၏။ သူက ပိုပိန်သွားပေါ်ပုံပေါ်သည်။

အဘွားယွင်က မျက်မှောင် ကျုံ့လိုက်သည်။

“ရှင်တို့နှစ်ယောက် ထရပ်ပြီး ပြော”

လောင်တူးက ငိုယိုနေသေး၏။ ထို့ကြောင့် အဘွားယွင်က တန်းပြောလိုက်သည်။

91 04

“ရှင်တို့ ဒီအတိုင်း ဆက်လုပ်နေမယ်ဆိုရင် တံခါးပိတ်လိုက်တော့မယ်”

လောင်တူးသည် တူ့တုံတုံ ထရပ်နိုင်အောင် ကူညီပေး၏။ လဝက်အတွင်း လောင်တူးနှင့် သူ၏ဇနီးက ပိုပြီး အိုစာသွားပုံပေါ်သည်။

ချင်ယွီစွေက ယွင်ယွီဆီ လျှောက်သွားကာ သူမ၏ ခါးကို ဖက်ထားလိုက်သည်။

ယွင်ယွီက သူ့လက်မကို ကိုက်လျှက် ခေါင်း ခါပြလိုက်ကာ အဆင်ပြေကြောင်း ပြောလိုက်၏။

လောင်တူးက ယွင်ယွီကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။

“ယွင်ယွီ ငါရဲ့တုံတုံကို ကယ်ပေးပါအုန်း”

ယွင်ယွီက တည်ငြိမ်စွာ ပြောလိုက်သည်။

“နေမကောင်းဖြစ်ရင် ဆေးရုံသွား။ ကျွန်မဆီ လာလို့ အသုံးမဝင်ဘူး”

“ဒါပေမဲ့ ငါရဲ့တုံတုံက တကယ် မနာမကျန်း ဖြစ်နေတာ”

သူက စူးရှသော အသံဖြင့် ပြောလိုက်၏။

“သူ့ကို မကောင်းဆိုးဝါးဝိညာဉ်တွေ ပူးကပ်နေတာ။ ယွင်ယွီ သမီးက အရည်အချင်းရှိတဲ့ သူပါပဲ။ ဦးလေး အစတုန်းက မှားခဲ့တာပါ။ တုံတုံကို ကယ်တင်ပေးဖို့ ဆန္ဒရှိသ၍ ပိုက်ဆံ ပေးလိုစိတ် ရှိပါတယ်။ ဒီမြေးလေး တစ်ယောက်ပဲ ရှိတာပါ။ ယွင်ယွီရယ် လူအိုကြီး တောင်းပန်နေတာကို စဉ်းစားပေးပါအုန်း”

ထို့သို့ပြောစဉ် သူက တူ့တုံတုံကို ဆွဲထုတ်လိုက်၏။ တူ့တုံတုံက အော်ဟစ်နေကာ သူ၏မြေးဆိုလျှင်တောင် မသတ်ဖို့ ညည်းနေမိသည်။

လောင်တူးက အံကြိတ်လျှက် စိတ်ပြင်လိုက်သည်။ သူ့မြေးကြီးကို ရှေ့သို့ ဆွဲခေါ်ပြီး ဦးထုပ်ကို ဖယ်ပေးလိုက်၏။

တူ့တုံတုံသည် ကိုယ်အလေးချိန်များစွာ ကျသွားသော်ငှား ပိုတောင် ကြောက်မက်ဖွယ် ကောင်းနေကာ သူ့မျက်နှာပေါ်ရှိ ပွေးကွက်များပဲ ဖြစ်သည်။ တချို့ကဆို အနာရင်းနေပြီး အလွန်မသတီဆန်စရာ ကောင်းသည်။

လောင်တူးက စိတ်ဓာတ်ကျစွာ ပြောလိုက်၏။

“တုံတုံက ဒီဆယ်ရက်လုံး မသက်သာခဲ့ဘူး။ ဆေးရုံသွားပြပေမဲ့ သူ့ခန္ဓာကိုယ်ပေါ်က ပွေးကွက်တွေကလွဲရင် ဘာမှ ရှာမတွေ့ဘူး။ အစတုန်းက ဂရုမစိုက်ခဲ့မိတာ။ ဒီဟာတွေက သူ လက်တလော ခွေးတွေ ကြောင်တွေနဲ့ ထိတွေ့ခဲ့တာကြောင့် ဖြစ်တာပဲ။ ဆရာဝန်က ဆေးညွှန်း တချို့ပေးပြီး နေ့တိုင်း ဆေးလိမ်းခိုင်းတယ်။ ဒါပေမဲ့ မထိရောက်ဘူး။ သူက နေ့တိုင်း ပွေးကွက် အသစ်တွေ ပေါက်လာတာ အသေးသေးလေးတောင် စပေါက်လာပြီး စစ်ဆေးဖို့ ဆေးရုံကို ပို့လိုက်ပေမဲ့ ဆရာဝန်က ဘာမှ မရှင်းပြဘူး။ လိမ်းဆေးပဲ ထပ်ပေးလိုက်တယ်။ ရလဒ်က အခြေအနေ ပိုဆိုးလာတယ်။ ပွေးကွက်က ပြန့်တာ ပိုမြန်လာပြီး အနာရင်းလာတယ်။ သူ့ကို ချန်းရွှေမြို့က ဆေးရုံကြီးဆီ ပို့ပြီး စစ်ဆေးကြည့်ပေမဲ့ သူတို့လည်း မတတ်နိုင်ဘူး”

ယွင်မိသားစုဝင်များသည် တူ့တုံတုံ၏ မျက်နှာပေါ်ရှိ ပွေးကွက်များကို မြင်သောအခါ မသက်မသာ ဖြစ်သွားကြသည်။ ယွင်ယွီကမှု အနည်းငယ် အကြည့်လွဲလျှက် ပြောလိုက်၏။

“ဒီအခြေအနေမှာ ကျွန်မဆီ လာလို့ အကျိုးမထူးဘူး။ ကျွန်မက ဆရာဝန် တစ်ယောက် မဟုတ်ဘူး”

လောင်တူးက ပြောလိုက်၏။

“သူ နေမကောင်းဖြစ်နေတာ မဟုတ်ဘူး။ သူ့ကို မကောင်းဆိုးဝါးဝိညာဉ်တွေ ပူးကပ်နေတာပဲ။ တုံတုံ အရင်က မှားခဲ့တာ သိတယ်။ ဒါပေမယ် သူ ကလေးတစ်ယောက်ပဲ ရှိသေးတယ်။ သူ့ကို အခွင့်အရေး ပေးသင့်တယ်။ ယွင်ယွီ ကျေးဇူးပြုပြီး တုံတုံကို ကယ်ပေးပါအုန်း။ သူ မှားမှန်း သိပါပြီ”

ယွင်ယွီ၏ အကြည့်က မယိမ်းယိုင်သွားဘဲ တည်ငြိမ်စွာသာ ပြောလိုက်၏။

“သူ့ကို မကောင်းဆိုးဝါးဝိညာဉ်တွေ ပူးကပ်ထားတယ်ဆိုရင်တောင် ကျွန်မ မဖြေရှင်းနိုင်ဘူး။ ကျွန်မ့ဆရာဆီက နည်းနည်းပါးပါး သင်ယူထားပေမဲ့ အရင်တုန်းက ဒီလို လက္ခဏာမျိူး မတွေ့ဖူးဘူး။ ဒါမျိုးတွေ့ဖူးတာ ပထမဆုံးအကြိမ်ပဲ။ တော်တော် ကြောက်ဖို့ ကောင်းတာပဲ။ ကျွန်မ ရှင်တို့ကို မကူညီနိုင်ဘူး။ မြို့ထဲက တာအို ဘုရားကျောင်းတွေကို သွားကြည့်ရင်ရော။ မြို့ထဲက တာအို ဘုရားကျောင်းတချို့ကို မှတ်မိပါသေးတယ်”

91 05

“ဒါပေမဲ့ ဖန်မိသားစု ဖရဲခင်းမှာ ကျုပ်လုပ်ခဲ့တဲ့ ကိစ္စကို တစ်ချက်ကြည့်ရုံနဲ့ မြင်ခဲ့တာပဲ မှတ်လား။ အစွမ်းထက်နေတာတောင် ဘာကြောင့် ကျုပ်ပြဿနာကို မဖြေရှင်းပေးတာလဲ”

ယွင်ယွီက ရင်ထဲ ရှုံ့ချလိုက်၏။

သူမက ပြဿနာ ဖြေရှင်းနိုင်ရန် နည်းလမ်း ရှိ၏။ သို့သော် အဘယ်ကြောင့်များ သူမက လူဆိုးတစ်ယောက်ကို ကူညီပြီး သူမ၏ ကောင်းမှု အကုသိုလ်ကို ထိခိုက်ခံရမည်နည်း။

တူ့တုံတုံ၏ ကိုယ်ပေါ်ရှိ အရာများသည် ပွေးကွက်များ မဟုတ်ဘဲ သူ သေအောင် နှိပ်စက် ညှင်းပန်းခဲ့သည့် တိရစ္ဆာန်များ၏ ဝိညာဉ်သည် သရဲအဖြစ် ကူးပြောင်းကာ လက်စားချေရန်အတွက် သူ့ကို ဖက်တွယ်နေကြတာပဲ ဖြစ်သည်။

ဤတိရစ္ဆာန်များသည် အသက်ရှင်နေစဉ်က ရိုးရှင်းသည့် နှလုံး ရှိခဲ့သော်ငြား သေအောင် ညှင်းပန်းခံခဲ့ရ၏။ သူတို့၏ စိတ်နှလုံးက ရိုးရှင်းလေလေ သေလွန်ပြီးနောက် အညိုအတေး ပိုကြီးလေဖြစ်သည်။ သူတို့က တု့တုံတုံကို ပူးကပ်ပြီး သူ့ကိုညှင်းပန်းနှိပ်စက်မှုကို ပိုအားသာပြီး ပြန်လည် ဝင်စားလိုစိတ် မရှိကြပေ။ ယင်းက သူတို့၏ ကလေးကို မည်မျှ မုန်းတီးကြောင်း ပြသနေတာပဲ ဖြစ်သည်။

ထို့အပြင် ယွင်ယွီကလည်း တူ့တုံတုံ ခံသင့်သည်ဟု ခံစားမိသည်။

ဤကလေးက မကောင်းဆိုးဝါး ဖြစ်၏။ သူ့ကို ကယ်ခဲ့လျှင်တောင် ကျေးဇူးတင်နေမှာ မဟုတ်ဘဲ နောင်ကျ ပိုတောင် ဆိုးရွားသည့် နောက်ဆက်တွဲတို့ ကြုံတွေ့ရလိမ့်မည်။

ဤကဲ့သို့သော ကလေးမျိုးသည် မွေးထဲက မကောင်းပေ။ အလိုလိုက်ခံရပြီး အိမ်တွင် ကာကွယ်ခံထားရခြင်းက အကြောင်းအရင်း တစ်မျိုး ဖြစ်သော်ငြား ပိုအရေးကြီးသည့်က သူ့ကိုယ်တိုင်ကိုယ်က မကောင်းတာပဲ ဖြစ်သည်။

သူမက တူ့တုံတုံ၏ အရေးကိစ္စ၌ ဘယ်တော့မှ ဝင်စွတ်ဖက်မှာ မဟုတ်ပေ။

လောင်တူးက အနည်းငယ် စိုးရိမ်နေစွာ ပြောလိုက်သည်။

“ထိန်းပြော”

ယွင်ယွီက ပြောလိုက်၏။

“ဒါက ကြည့်တတ်ရုံပါပဲ။ အကြောင်းအချို့ကို ဖြေရှင်းနိုင်တယ်။ ကျွန်မ ဒါမျိုးတွေ မတတ်နိုင်ဘူး။ တာအို ဘုရားကျောင်းသွားပြီး တစ်ချက်ကြည့်သင့်တယ်”

“ဒါ ဘယ်လိုလုပ်ဖြစ်ရတာလဲ။ ဘယ်လိုလုပ် ဖြစ်ရတာလဲ”

လောင်တူးက စွံ့အနေတော့သည်။

အဘွားတူ့ကမှု အဖတ်မဆည်နိုင်ပဲ ရှေ့တိုးလိုက်၏။

“ညည်း ညည်း ညည်းပဲ ယွင်ယွီ ငါရဲ့မြေးကို လက်စားချေနေတာ။ မဟုတ်ရင် အဲဒီတုန်းက ဘာလို့ အဲလိုပြောခဲ့လဲ။ ဝဋ်လည်မယ်ဆို အရင်က အဆင်ပြေနေပြီး နင်ပြောပြီးမှ ဖြစ်လာတာ”

ယွင်ယွီက စိတ်မပျက်ပေ။ သူမသည် တူ့တုံတုံ၏ လက်ကောက်ဝတ်ပေါ်ရှိ ကျောက်စိမ်းပုတီးကို ကြည့်ပြီး ပြောလိုက်၏။

“သူရဲ့လက်ကောက်ဝတ်ပေါ်မှာ ကာကွယ်ရေး ကျောက်စိမ်းအဆောင် ရှိနေတာ ကျေးဇူးတင်သင့်တယ်။ အဲဒါ မရှိရင် သူ အစောကြီးကတည်းက မကောင်းဆိုးဝါးဝိညာဉ်တွေ နှောင့်ယှက်တာ ခံရလောက်ပြီးပြီ။ အခုအချိန်အထိ ဘယ်လိုလုပ် လွတ်လပ်နေမှာလဲ”

ထို့အမယ်အို လင်မယားသည် သူတို့မြေး၏လက်ကောက်ဝတ်ပေါ်ရှိ ကျောက်စိမ်းပုတီးဆီကို စိုက်ကြည့်လိုက်၏။ ၎င်းတို့ကို လောင်တူး ကောက်လာတာ ဖြစ်သည်။ ကျောက်စိမ်းမှန်း ရှာတွေ့လိုက်သောအခါ သူ့မြေးလေးအတွက် လက်ကောက် လုပ်ပေးလိုက်၏။ လွန်ခဲ့သည့် နှစ်ဝက်ခန့်က ကျောက်စိမ်းများသည် အလွန်နူးညံ့နေသော်ငှား ယခုဆို အတွင်း၌ မည်းနက်နေပြီး အစင်းကြောင်းများစွာ မြင်တွေ့နိုင်၏။

အဘွားယွင်က ဒေါသထွက်လွန်းသောကြောင့် တူ့မိသားစုကို ဆွဲထုတ်တော့သည်။

“အခု ဒီကနေ ထွက်သွားကြ။ မဟုတ်ရင် တံမြက်စည်းနဲ့ ရိုက်ထုတ်ပစ်မှာ။ နင် ဘာစကားပြောတာလဲ။ နင်ရဲ့ မြေးကို ဒီလောက်အထိ အလိုလိုက်ထားတာကြောင့် ဒါမျိုး ကျင့်ပျက်တာ မျိုးစုံလုပ်နေတာပဲ။ ငါရဲ့ ယွီအာကိုတောင် အပြစ်တင်လိုက်သေးတယ်။ အရှက်မရှိတဲ့ ဟာတွေ။ နင်တို့ရဲ့ မြေး မကောင်းတာတွေ လုပ်နေတုန်းက မတားခဲ့ဘူးလေ။ အခု သူ ဝဋ်လည်တော့မှ စိတ်ပူနေကြတယ်ပေါ့။ အသုံး မဝင်ဘူး”

91 06

အဘွားယွင်က အလွန် စကားပြောကြမ်းသည်။ ယင်းက လောင်တူး၏ မျက်လုံးကို နီမြန်းသွားစေ၏။

“အားလုံးက ကျုပ်တို့ အမှားပါပဲ။ ကလေးကို အလိုမလိုက်ခဲ့သင့်ဘူး”

လောင်တူးက ဆက်ပြောလေပြီး နောက်ဆုံး၌ ယွင်ယွီက ဘာမှ မလုပ်ပေးတာကို မြင်သောအခါ တူ့တုံတုံ၏ လက်ကို ဆွဲလျှက် ယွင်မိသားစုအိမ်မှ ထွက်သွားသည်။

လမ်းတစ်လျှောက်၌ ရွာသားများက လက်ညိုးတစ်ထိုးထိုးဖြင့် ပြောနေ၏။

တူ့မိသားစုက ယွင်ယွီကို သွားရှာမှန်း သိသွားသောအခါ တစ်စုံတစ်ယောက်က မေးလိုက်၏။

“ယွင်မိသားစုက မိန်းကလေးက ဒီကိစ္စ ကူညီပေးမှာလား”

“သေချာပေါက် မကူညီဘူး”

ချန်းကွေ့ဇီက ထန်းနှောင်းပင်အောက်တွင် ရပ်နေလျှက် ရွာထဲရှိ အမျိုးသမီးများနှင့် ပြောနေတော့သည်။

“ဒါမျိုး ကိစ္စကို ဘယ်လိုလုပ် ကူညီနိုင်မှာလဲ။ ငါရဲ့ သိက္ခာကို ထိခိုက်စေမှာပဲ။ ငါတို့တွေက ရွာသားအားလုံးကို ကြိုဆိုပေမဲ့လည်း ကံကိုတော့ သိသေးတယ်။ အဲဒါက တူ့တုံတုံ ဝဋ်လည်တာပဲ”

“ဝဋ်လည်တာ”

******

All Chapters