← Chapters

အခန်း ၉၂

Vol. 10 Ch. 92

အခန်း ၉၂

Vol. 10 Ch. 92

92 01

အပိုင်း 92

ယွင်ယွီသည် ထို့ကဲ့သို့သော ကိစ္စမျိုးကို ဂရုမစိုက်ပေ။ သူမ တူ့တုံတုံ ဝဋ်လည်သည့် ကိစ္စကို ဝင်စွတ်ဖက်မှာ မဟုတ်။ ထို့ဝိညာဉ်များက သူ့ကို သတ်သည်ဖြစ်စေ ပူးကပ်ပြီး သူရဲ့နောက် တစ်သက်လုံးလိုက်နေသည်ဖြစ်စေ ယင်းက သူမနှင့် ဘာမှ မသက်ဆိုင်ပေ။

ဖုန်းရွှင်ပညာရှင် တစ်ယောက်အနေဖြင့် ထိုကဲ့သို့သော အရာမျိုးစုံကို တွေ့ကြုံ့ရမှာပဲ ဖြစ်သည်။ လူကောင်း လူဆိုး မျိုးစုံက သူမဆီကို အကူအညီ တောင်းလာလိမ့်မည်။ လူတချို့ကို ကယ်တင်ရင် ရသော်ငှား လူ့တချို့ကို ကယ်တင်မိသည့်အတွက် ဆိုးရွားသည့် နောက်ဆက်တွဲသာ ဆောင်ယူလာပေလိမ့်မည်။

တူ့တုံတုံ၏ လက်ကောက်ဝတ်ပေါ်ရှိ အဆင်နိမ့်ကာကွယ်ရေး ကျောက်စိမ်းအဆောင်ကမှု သူ့မိသားစုက ကောက်ယူလာတာ ဖြစ်လိမ့်မည်ဟု ခန့်မှန်း မိပြီးသား ဖြစ်သည်။

၎င်းသည် အခွင့်အရေးကောင်းတစ်ခု ဖြစ်ခဲ့သော်ငှား တူ့တုံတုံက တန်ဖိုး မထားခဲ့ပေ။

ယွင်မိသားစုက ဤကိစ္စကို အလေးမထား။ အဘွားယွင်သည် သူ၏မြေးလေးက အမှန်အမှား ဝေဖန်ပိုင်းခြားနိုင်သည်ဟု ခံစားမိသောကြောင့် သူမသည် သူ၏မြေးလေး လမ်းကြောင်း လျှောက်လှမ်းနေတာကို ကြည့်ပြီး ပိုပြီး သက်တောင့်သက်သာ ဖြစ်လာတော့သည်။

မြေပဲများနှင့် ပဲပိစပ်များကို ခြံဝန်းထဲတွင် ထားထားသေး၏။ အဘွားယွင်က ချက်ပြုတ်ရန် မီးဖိုချောင်သို့ သွားပြီး အမေယွင်ကမှု မြေပဲနုများ အားလုံးကို ကောက်ယူပြီးနောက် အခြောက်ခံရန် ပြင်ဆင်ထားသည်။ ဤနှစ်ရက်အတွင်း မိုးရွာမှာ မဟုတ်ပေ။

မနက်ဖြန်ကျ မြေပဲများ အခြောက်ခံရန် နေရာလွတ်ရှာရမည်။ သူတို့ကို အခွံခွာပြီး အထဲရှိ ပဲပိစပ်များက ထွက်လာလိမ့်မည်။ ပြီးနောက် သန့်ရှင်းအောင် ပွတ်ပြီး အခြောက်ခံလိုက်မည်။

ယခုနှစ် ထွက်လာသည့် နူးညံ့သော မြေပဲများက ချိုလှသည်။ ယွင်ယွီက တစ်ခုမြည်းကြည့်လေရာ အလွန်နူးညံ့ပြီး အရည်ရွှမ်းကာ ခံတွင်းထဲ၌ ချိုမြိန်သည့် အရသာရှိကြောင်း ရှာတွေ့သွား၏။

“အမေ ဒီနှစ် မြေပဲတွေက အရသာရှိလိုက်တာ”

ယွင်ယွီက တစ်ခုကောက်ပြီး ဖုန်းရှုကျန်းအား ပေးလိုက်သည်။

ဖုန်းရှုကျန်းက မြည်းကြည့်ပြီး အံဩသွားတော့သည်။

“တော်တော် ချိုတယ်”

ယင်းက နူးညံ့ပြီး ချိုမြနေကာ မြေပဲဆံလည်း ကြီး၏။ ဖုန်းရှုကျန်းက ခြင်းတောင်းလေးတစ်ခု ကောက်ယူပြီးနောက် မြေပဲများကို တွင်းရေဖြင့် ဆေးရန် ပြင်ဆင်လိုက်သည်။

“ညစာစားပြီးရင် မြည်းဖို့ မြေပဲလေးတွေ နည်းနည်း ချက်လိုက်မယ်”

“ဟုတ် အမေ။ များများ ချက်။ မနက်ဖြန်ကျ ရှောင်ရှန်းဆီ ပို့လိုက်မယ်”

ယွင်ရှန်းက ယခုဆို အလယ်တန်းကျောင်း တတိယနှစ်ရောက်နေပြီ ဖြစ်ကာ ကျောင်းစာ ဖိအားများစွာ ကြုံ့ရလိမ့်မည်။ နေ့တိုင်းတွင် သူ့အတွက် ယွင်မိသားစုက နေ့လည်စာ ယူသွားပေးသည်။ အမေယွင်က မြေပဲများကို ဆေးကြောနေစဉ် အမေယွင်က မြေပဲ အခွံခွာပြီး ချင်ယွီစွေအား ကျွေးလိုက်ပြီး ပြုံးပြလိုက်၏။

ယခုနှစ်၌ မြေပဲနှင့် ပဲပိစပ် များများစားစား မစိုက်ထားပေ။ ထို့ကြောင့် ယွင်မိသားစုသည် သူတို့အတွက် သိမ်းဆည်ထားရန် ပြင်ဆင်လိုက်ပြီး ဘန်းမုန့်ဆိုင်၌ ထုတ်ကုန်အသစ် ထပ်မထည့်တော့ပေ။

ညစာစားပြီးနောက် ဟင်းခတ်အမွှေးကြိုင်များဖြင့် ရောထားသည့် မြေပဲဟင်းများကို ချက်လိုက်သည်။ ယင်းက ရိုးရှင်းပြီး ပြုလုပ်ရ လွယ်ကူ၏။ ငရုတ်ကောင်းမှုန့်၊ သစ်ကြံပိုးခေါက်၊ နံနက်ပွင့်၊ ကြက်သွန်နီ၊ ငရုတ်ကောင်းစေ့ ကျန်သည့် ဟင်းခတ်အမွှေးအကြိုင်များ ရောပြီး ချက်လိုက်တာပဲ ဖြစ်သည်။ နောက်ဆုံး၌ ဆားအနည်းငယ် ထည့်ကာ ၁၀ မိနစ်ခန့် နှပ်ထားလိုက်၏။ ၎င်းက အငံဓာတ်များပြီး ချိုမြပေသည်။

မှောင်လာပြီ ဖြစ်သည်။ ယွင်မိသားစု ညစာစားပြီးနောက် ယွင်ယွီက ချင်ယွီစွေ၏ အခန်းထဲတွင် တီဗီကြည့်လျှက် ဆိုဖာပေါ်တွင် ကွေးနေတော့သည်။

92 02

ချင်ယွီစွေက သူမအတွက် မြေပဲပြုတ်တစ်ပန်ကန်း သယ်လာပေးသော်ငြား သိပ် များများစားစား သယ်မလာရဲပေ။ ထိုကဲ့သို့သော အရာ များများစားခြင်းသည် အစာအိမ်ကို ဝေဒနာ ဖြစ်စေနိုင်သည်။

နှစ်ယောက်သားက စကားမပြောချိန်တွင်တောင် အလွန် ခင်တွယ်နေကြ၏။ ခဏအကြာတွင် ချင်ယွီစွေ၏ ဖုန်းက မြည်လာသည်။

သူ၏ဖုန်းက မြည်တာ ရှားသည်။ လိုအပ်သည့် ဆက်သွယ်မှုများမှအပ သူ့ကို ဖုန်းကို သုံးတာ ရှားလှပေ၏။ ယွင်ယွီသည် သူ ဖုန်းသုံးနေတာကို တစ်ခါမှ မတွေ့ရသလောက်ဟု ဆိုနိုင်သည်။

ချင်ယွီစွေက ဖုန်းခေါ်ဆိုသူကို တစ်ချက်ကြည့်ပြီးနောက် ဖြေကာ ခေါင်းညိတ်လိုက်၏။

တစ်ဖက်သူက မည်သည်ကို ပြောလိုက်သည့် မသိ။ ခဏအကြာတွင် သူပြောလိုက်သည်။

“ကောင်းပြီ”

ပြီးနောက် ဖုန်းချလိုက်သည်။

ယွင်ယွီက မြေပဲကိုင်ထားလျှက် သူ့ကို ကြည့်ကာ စားရန် အလျင်မလိုသေးဘဲ မေးလိုက်သည်။

“ဘယ်သူလဲ”

ချင်ယွီစွေက စားပွဲပေါ်သို့ ဖုန်းကိုတင်ထားပြီး ပြောလိုက်သည်။

“အထက်က။ ကိုယ်သွားဖို့ လိုအပ်တယ်။ တာဝန်တစ်ခု ရှိတယ်”

သူ၏ဌာနက အတော်လေး ထူးခြားသည်။ စစ်တပ်နှင့် တိုက်ဆိုင်နေတာ မဟုတ်ဘဲ နိုင်ငံက မဖြေရှင်းနိုင်သည့် တာဝန်များကို ဖြေရှင်းသည့် ရှိနေပြီးသား စစ်တပ်အဖွဲ့အစည်းအပြင်ဘက်တွင် ရှိနေသည့် အဖွဲ့ဖြစ်သည်။ ၎င်းက အန္တရာယ် အင်မတန် များပြီး တစ်ခါတစ်ရံတွင် သူ နိုင်ငံခြား သွားဖို့ လိုသည်။ သို့သော် သူက အတော်လေး လွတ်လပ်ပြီး ကန့်သတ်များစွာ မရှိပေ။ သူက ကပ္ပတိန်ဖြစ်ကာ သူ၏အဆင့်သတ်မှတ်ချက်က ထိုထက် ပိုမြှင့်၏။ သို့သော်ငြား လူအများကို ကြေညာ၍ မရ။ သူ၏အကျိုးခံစားခွင့်များကလည်း ကောင်းမွန်လှပေသည်။ တကယ်တော့ သူ နှစ်စဉ် နှစ်တိုင်း မစ်ရှင် များများစားစား မရှိ။ မစ်ရှင် ပြီးမြောက်သွားသည့်နှင့် သူက တရုတ်ပြည်သို့ ပြန်မလာချင်ဘဲ နိုင်ငံခြားတွင်နေ‌လေ့ရှိသည်။ ထို့ကြောင့် သူ့ကို တရုတ်နိုင်ငံတွင် မြင်တွေ့ရခဲသည်။

သို့သော် ယခု မတူညီတော့ပေ။ ချင်ယွီစွေက ယွင်ယွီကို ကြည့်ကာ ပြောလိုက်သည်။

“မစ်ရှင်ကို မြန်မြန် ပြီးအောင် ဆောင်ရွက်လိုက်မယ်။ ရက်ပိုင်းအတွင်း ပြန်လာမှာ”

ယွင်ယွီကမှု သူ့အကြောင်း ဆင်ခြေနိုင်စွမ်းရှိသေး၏။ သူသွားရန် လိုအပ်သည့် မစ်ရှင်သည် အလွန်အရေးကြီးပြီး ဖြေရှင်းရန် ခက်ခဲတာပဲ ဖြစ်လိမ့်မည်မှန်း သိနေသည်။ မဟုတ်လျှင် သူ ခွင့်ယူထားသည့်အချိန်တွင် သူကို ခေါ်မှာ မဟုတ်ပေ။

“ကျွန်မကို စောင့်အုန်း”

ယွင်ယွီက သူမလက်ထဲရှိ မြေပဲကို ချပြီး ဘေးခန်းသို့ ပြေးသွားကာ အိတ်တစ်လုံးသယ်လာလျှက် ချင်ယွီစွေအား ပေးလိုက်တော့သည်။

ယွင်ယွီသည် အဆောင်ကို ထုတ်ကာ ၎င်းကို ခေါက်လိုက်၏။

“ဒါက ရှင့်ကို ကပ်ဘေးမျိုးစုံက ကာကွယ်ပေးနိုင်တဲ့ အဆောင်။ ရှင့်ကို ဘေးကင်းအောင် လုပ်ပေးနိုင်တယ်။ ရှင့်မှာ ကျောက်စိမ်းအဆောင်ရှိတယ်။ ဒါကြောင့် ဒါ မလိုအပ်ဘူး။ ဒါပေမဲ့ ရှင့်အသင်းသားတွေဆီ ပေးလို့ ရတယ်။ ရှင့်အိတ်ထဲထည့်ထား”

ပြီးနောက် သူမက မိုးကြိုးအဆောင် ငါးခုကို ထုတ်ပြီး သူ့အား ပေးလိုက်၏။

“ဒါက မိုးကြိုးအဆောင်တွေ။ မကောင်းဆိုးဝါးဝိညာဉ်တွေကို ဖြေရှင်းတဲ့အချိန်မှာ ထိရောက်မှုအရှိဆုံးပဲ။ သူတို့နဲ့တွေ့ရင် ပစ်ပေါက်လိုက်။ ဒါက အခြေခံအားဖြင့် မိစ္ဆာမကောင်းဆိုးဝါးဝိညာဉ်အားလုံး ကြောက်လန့်ကြတယ်။ လက်တလောမှ များများရေးဆွဲထားတာ။ ရှင် အားလုံး ယူသွားလိုက်။ ဒါမှ မဟုတ် ရှင့်အသင်းသားတွေနဲ့ မျှပေးလို့ ရတယ်။ သူတို့လည်း အသုံးတည့်တာပေါ့”

ချင်ယွီစွေသည် ယခင်က မစ်ရှင်တစ်ခု ထမ်းဆောင်စဉ် မကောင်းဆိုးဝါးဝိညာဉ်နှင့် တွေ့ကြုံ့ခဲ့ဖူးသည်။ သူ၏အသင်းသားများစွာ ထိုစဉ်က သေဆုံးခဲ့ပြီး ပြင်းထန်သည့် သေကြေမှု ရှိခဲ့၏။

သူသည် ယွင်ယွီ၏ အလုပ်များနေသော ပုံစံကို ကြည့်ပြီး ရင်ထဲ၌ နူးညံ့သွားလေသည်။

92 03

ယွင်ယွီက ကိုယ်ပျောက်အဆောင်ကို ထုတ်လိုက်ပြန်၏။

“ဒါက ကိုယ်ပျောက်အဆောင်ပဲ။ သူရဲ့ အကျိုးသက်ရောက်မှုကို ရှင်သိတယ်။ ယွင်ဝေးဝေးဆီ သွားတုန်းက ဒါကို ကပ်ခဲ့တာလေ။ ရှင်ရဲ့ကိုယ်ပေါ်မှာ ကပ်လိုက်ရုံပဲ။ တည်ရှိမှုကို လျော့ချပေးလိမ့်မယ်။ အကျိုးသက်ရောက်မှု အင်မတန် ရှိတယ်”

သူမ လက်တလော၌ အားလုံး ရေးဆွဲထားတာပဲ ဖြစ်သည်။ ၎င်းတို့ကို သုံးစရာ နေရာမရှိပေ။ ရွာထဲတွင် နေထိုင်သည့် လူနည်းစုကမှု ဗေဒင် မေးဖို့သာ ရောက်လာ၏။ သူမသည် အွန်လိုင်းပေါ်တွင် အဆောင်များ စတင် ရောင်းချခြင်းမှာ ယွင်ဝေးဝေးကြောင့် အွန်လိုင်းဆိုင် ပိတ်လိုက်ရသောကြောင့်သာ ဖြစ်သည်။ နောက်ပိုင်း ဝေ့ပေါ်အကောင့် ရှိလာ၏။ သို့သော် သူမကို လူတို့က ဝေ့ပေါ်ပေါ်၌ ကျိန်မောင်းနေသေးဆဲ ဖြစ်သည်။

သူမက ရွှမ်လင်းဇစ်ကို ကူညီပေးပြီး ရုတ်တရက် သေဆုံးသွားသည့် သရဲလေး ဝမ်ယုလင်ကို ဖြေရှင်းပေးပြီးချိန်မှစပြီး ဤလူက သူမကို ဝေ့ပေါ်ပေါ်၌ ကြော်ငြာပေးခဲ့၏။

လူတိုင်းပြောကြသည်မှာ သူတို့က ပူးပေါင်း လိမ်လည်နေပြီး တစ်ယောက်နှင့် တစ်ယောက် ဖာထေးပေးနေကြသည့်ဟု ဆိုသည်။ ရလဒ်အနေဖြင့် သူမ ဝေ့ပေါ်ပေါ်၌ ထပ်မံ ကြိမ်းမောင်းခံရပြန်၏။ ထို့အချိန်မှစကာ သူမ ဝေ့ပေါ်ပေါ်တွင် ဘာမှ မတင်တော့ပေ။

သူမက ဝေ့ပေါ်ကို သုံးရမှာ ပျင်းရိလွန်းနေ၏။ လက်ရှိတွင် သူမ ကိုယ်ဝန်ကို ဂရုစိုက်ကာ မင်္ဂလာဆောင်ကိုပဲ အာရုံစိုက်ထားသည်။ သူမ အိမ်၌ သခွာပန်းများ စိုက်ထားပြီးနောက် ခြံထဲ၌ ထည့်ထားသည်။ ယင်းက ဖုန်းရွှေလုပ်ငန်းအတွက်လည်း အထောက်အကူ ဖြစ်စေလိမ့်မည်။ ဘဝက ရိုးရှင်းလှပေ၏။

“ဟုတ်သားပဲ”

သူမသည် အဆောင်သုံးခုကို လွယ်အိတ်လေးထဲ ထည့်ပေးပြီးနောက် ချင်ယွီစွေအား ပေးလိုက်သည်။

“အားလုံးကို ယူပြီး ရှင့်အသင်းသားတွေကို မျှပေးလိုက်။ အားလုံးတွေက အလွန်အသုံးဝင်တဲ့ အဆောင်တွေ”

ဤလူများသည် သူတို့ နိုင်ငံကို ကာကွယ်ပေးနေတာ ဖြစ်သည်။ သူတို့အားလုံး ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်ဖို့ မျှော်လင့်မိသည်။

သူ၏ မစ်ရှင်အတွက်မှု ယွင်ယွီက များများစားစား မမေးခဲ့ပေ။ သူ၏ မစ်ရှင်ကို လျို့ဝှက်ထားရမည်မှန်း သိနေ၏။

“မနက်ဖြန် မနက် သွားမှာလား”

ယွင်ယွီက မေးလိုက်၏။

ချင်ယွီစွေက အင်း ဟု ဖြေလိုက်သည်။

“မနက်ဖြန် မနက် သွားမှာ”

သူ၏အသံက နူးညံ့သိမ့်မွေ့သည်။

ယွင်ယွီက ကျန်သည့် အဆောင်များကို ထုတ်ကာ စားပွဲပေါ်တွင် သူ့အတွက် အဆောင်များ ပြင်ပေးလိုက်သည်။ သူမက ချင်ယွီစွေကို စိုစွတ်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။

“ရှင် မနက်ဖြန် သွားမှာ။ ဒီနေ့ ပြောစရာ မရှိဘူးလား”

ချင်ယွီစွေ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားလျှက် ရယ်မောလိုက်သည်။ ယင်းသည် ယွင်ယွီ သူပြုံးနေတာကို မြင်တာ ပထမဆုံးအကြိမ် ဖြစ်သောကြောင့် အနည်းငယ် မှင်သက်သွားသည်။

ချင်ယွီစွေက ခေါင်းငုံလျှက် သူမနှုတ်ခမ်းထောင့်ကို သိမ်မွေ့စွာ နမ်းကာ ပြောလိုက်၏။

“အိပ်ယာ စောစောဝင်ချင်လား”

သူ၏ အသံက အနည်းငယ် အက်ရှနေသည်။

“ဟင့်အင်း သူမ ရှင်နဲ့ စကား ထပ်ပြောချင်တယ်”

ယွင်ယွီက သူ၏ဘေး၌ ဒူးတစ်ဝက်သား ထောက်လျှက်သား ဖြစ်နေသည်။ သူမ ခေါင်းမော့လျှက် နှုတ်ခမ်းထောင့်ကို နမ်းကာ အစောတုန်းကအတိုင်း တုပလိုက်သည်။

နှစ်ယောက်သားသည် မြို့တော်မှ ပြန်လာချိန်မှ စပြီး အလွန်အကျွံ့ ခင်တွယ်ခြင်းမျိုး မရှိပေ။ ရံဖန်ရံခါတွင်မူ နှုတ်ခမ်းကို စွက်ခနဲ နမ်းရုံသာ ရှိ၏။

92 04

ယခု သူမ၏နူးညံ့သည့် ပန်းနုရောင် ပါးပြင်ကို မြင်သောအခါ သူက သူမကို ဂရုတစိုက် ပွေ့ထွေးထားပြီး ဗိုက်ကို ကာကွယ်ပေးထားကာ နှင်းဆီရောင် နှုတ်ခမ်းများကို ငုံ့နမ်းလိုက်သည်။

သူမ၏နှုတ်ခမ်းများက နူးညံ့ပြီး ခံတွင်း၌ မြေပဲရနံ့များ ပြည့်နေသည်။

ယွင်ယွီ၏ ခန္ဓာကိုယ်က ပျော့ခွေသွားကာ သူ၏ရင်ခွင်ထဲ ပြိုကျလုနီးပါး ဖြစ်သွားသည်။ သူမက သူ့ကို တုပလျှက် ပြန်နမ်းလိုက်ပြီး နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်လေသည်။ သို့သော်ငြား သူ၏ ချိတ်တွယ်ထားပြီး နှုတ်ခမ်းအတွင်း၊ သွားအတွင် ကျူးကျော်လာလေ၏။ သူက သူမလျှာကို စားသုံးတာ မလုံလောက်နိုင်သေးပေ။

ယွင်ယွီက မှိန်းမော တွေးဝေနေမိသည်။ သူမ အစ၌ တုံ့ပြန်နိုင်သော်ငှား နောက်ပိုင်းတွင် သူ၏ အနမ်းကို တောင့်ခံရန် ဖိအားပေးခံရသလောက် ဖြစ်သွား၏။ သူမ၏ ခံတွင်း၏ အပိုင်းတိုင်းကို စူးစမ်းခဲ့ပြီး အနမ်းက ပိုပြီး နက်ရှိုင်းလာ၏။ သူမက သည်းမခံနိုင်တော့ပေ။ သူ့ကို အားနည်းဖျော့တော့သော လက်များဖြင့် တွန်းထုတ်လိုက်သော်ငြား သူ မလှုပ်သွားပေ။ တီဗီထဲရှိ သတင်းက ပြီးသွားပြီ ဖြစ်သည်။

ချင်ယွီစွေက သူမ အနမ်းကြောင့် မေ့လဲတော့မည်ကို ခံစားမိသောကြောင့် လွှတ်လိုက်၏။ သူမမျက်လုံးများ စိုစွတ်နေတာကို မြင်သောအခါ မျက်လုံးထောင့်ကို နမ်းလိုက်ပြန်သည်။ ပြီးနောက် မျက်လုံးကနေ အလွန်ဖောင်းမို့သော နဖူးဖြင့် ထိပြီးနောက် ချွန်မြသော နှာတံ နောက်ဆုံးတွင် နှုတ်ခမ်းနှင့် လျှာတို့တွင် အဆုံးသတ်သွား၏။

အချိန်က ငြိမ်သက်စွာ ကုန်ဆုံးသွားပြီး အပြင်ဘက်ရှိ ပိုးကောင် မွှားကောင်တို့၏ တကျွီကျွီအသံများသည်လည်း တိတ်ဆိတ် ရပ်တန့်သွားပုံပေါ်၏။ သူတို့နှစ်ယောက်ကို နှောင့်ယှက်မိမှာ စိုးရိမ်သည့်ပမာပင်။

ယွင်ယွီသည် သူ၏အနမ်းကြောင့်ပင်လော သို့မဟုတ် သတိလစ်သောကြောင့် အိပ်ပျော်သွားပင်လော မသိ။ ဤအနေနဲ့မဆို နောက်နေ့မနက် သူမ နိုးလာချိန်တွင် အခန်းထဲ ရောက်နေပြီ ဖြစ်၏။ သူမ အနမ်းခံရပြီး အိပ်ပျော်သွားတာ ရှက်ရွံ့နေမိသည်။

အခန်းထဲတွင် တစ်နာရီကြာ လေ့ကျင့်ပြီးနောက် ခြံဝန်းထဲ ထွက်လာချိန် နေထွက်နေပြီ ဖြစ်သည်။

ချင်ယွီစွေက ကြက်ဉပြုတ်ထားပြီး သူမအတွက် ဆန်ပြုတ်လုပ်ထားပေး၏။

သူမ ထွက်လာတာကို မြင်သောအခါ ပြောလိုက်သည်။

“မနက်စာ လာစား”

ယွင်ယွီက အင်း ဟု၍သာ ဖြေလျှက် ဖိနပ်ပါးစီးလျှက် မီးဖိုချောင်သို့ လျှောက်သွားလိုက်သည်။ နှစ်ယောက်သား စားသောက်လိုက်၏။ သူမ၏ ပါးပြင်က ပန်းနုရောင် သန်းနေပြီး လက်ဖျားလေးများတောင် အနည်းငယ် နီမြန်းနေသည်။

ချင်ယွီသည် သူမ၏ ဤပုံစံကို မြင်ချိန်၌ အားနည်းသွားတော့သည်။

မနက်စာ စားပြီးနောက် သူ့ပစ္စည်းများ ထုတ်ပိုးကာ အိမ်တွင် ကောင်းကောင်း စားသောက်ရန်နှင့် အအေးစာများ မစားဖို့ မှာကြားပြီး သူ မကြာခင် ပြန်လာမည် ဖြစ်ကြောင်း ပြောခဲ့သည်။

ရင်ယွီး၏ စိတ်နှလုံးကလည်း နူးညံ့နေကာ ပြောလိုက်တော့သည်။

“ကျွန်မ သိတယ်။ သိတယ်။ ရှင်ကိုယ့်ရှင် ဂရုစိုက်ရမယ်နော်။ မစ်ရှင်ပြီးတာနဲ့ ပြန်လာခဲ့။ ရှင့်ကို စောင့်နေမယ်”

“အင်းပါ”

ချင်ယွီစွေက ချန်းရွှေမြို့သို့ မောင်းပြီး လေယာဉ်စီးလိုက်၏။ ပြီးနောက် သူ၏အသင်းသားများနှင့် တွေ့ဆုံရန် မြို့တော်သို့ သွားလိုက်သည်။ ဤမစ်ရှင်ကြောင့် သူ နိုင်ငံခြားသွားဖို့ လိုသည်။

ကြမ်းဖက်အဖွဲ့အစည်းက ပြန်ပေးဆွဲထားသည့် သိပ္ပံပညာရှင်တစ်ယောက်ကို ကယ်ဆယ်ရမှာပဲ ဖြစ်သည်။ မစ်ရှင်က အတော်လေး အန္တရာယ်များ၏။ ထို့နေရာသို့ သွားခဲ့သည့် အဖွဲ့နှစ်ဖွဲ့က ပြန်မလာခဲ့ပေ။

သူ မြို့သို့ ပထမဆုံးရောက်ချိန်တွင် အဘွားယွင်နှင့် အမေယွင် တို့ကို သွားပြောခဲ့၏။ ပြီးနောက် လူကြီးနှစ်ယောက်က စိုးရိမ်ပူပန်နေကာ သူ့ကို ဂရုစိုက်ခိုင်းသည်။ လူကြီးနှစ်ယောက်သည် သူ၏ရာထူးကို တိတိကျကျ မသိသော်ငှား အကြမ်းဖျဉ်းတော့ ခံစားမိကြသည်။

92 05

ချင်ယွီစွေ ထွက်သွားပြီးနောက် ယွင်မိသားစု ခြံဝန်းထဲတွင် ယွင်ယွီတစ်ယောက်သာ ကျန်ရစ်ခဲ့၏။

ကံကောင်းသည့်မှာ သူမကို အဖော်ပြုပေးမည့် အိမ်မွေးတိရစ္ဆာန်လေး သုံးကောင် ရှိနေသည်။ မြေပဲနှင့် ပဲပိစပ်များကို ခြံဝန်းထဲတွင် အခြောက်ခံထားပြီး ဟေးတက ဂိတ်ဝ၌ စောင့်ကြည့်နေရင်း လဲနေသည်။

ယခုက စက်တင်ဘာလ တစ်ရက်နေ့ဖြစ်ပြီး ကျောင်သားများ ကျောင်းစတက်ရမည့် နေ့ဖြစ်သည်။ ကျေးရွာထဲတွင် မူကြိုနှင့် မူလတန်းကျောင်းလည်း ဖွင့်လှစ်ထား၏။ မူကြို၌ ပြည့်နေသော်ငှား မူလတန်းကျောင်းက မပြည့်သေးပေ။ ရွာထဲတွင် ကြွယ်ဝသည့်သူများက သူတို့ ကလေးများကို မူကြိုတက်ရန် ပို့ပေးကြ၏။ သို့သော်ငြား ရွာထဲတွင် လူများများစားစား မရှိ။ ယနေ့ ရွာက တော်တော်လေး စည်းကားနေတော့သည်။ မိဘတစ်ချို့က သူတို့ ကလေးများကို စာရင်းသွင်းရန် မြိုသို့ ပို့ကြပြီး တချို့ကမှု ကျေးရွာ မူလတန်းကျောင်းသို့ လွှတ်ကြလေ၏။

ယွင်ယွီက တံခါးဝတွင် ထိုင်နေပြီး သူမမိသားစုအတွက် ကာကွယ်ရေး ကျောက်စိမ်းအဆောင်ကို ထွင်းထုပြီး ကျန်ရှိသည့် ကျောက်စိမ်းများကို ကျောက်စိမ်း ပုတီးစေ့လေးနှစ်ခုအဖြစ် ပြုလုပ်နေသည်။ ပြီးနောက် သူမက ကောင်းချီး ပေးကာ အဆင့်နိမ့် ကာကွယ်ရေး အဆောင်အဖြစ် ပြောင်းလဲလိုက်သည်။ ၎င်းတို့က အဆင့်နိမ့်သည့်တိုင် အကျိုးသက်ရောက်မှုက တူ့တုံတုံ၏ လက်ကောက်ဝတ်တွင် ရှိသည့် အရာထက် ပိုကောင်းသည်။

အချောသတ် ထုတ်ကုန်ကို ပေးလျှင်ပေး မဟုတ်လျှင် ရောင်းချနိုင်၏။

သူမမိသားစုဝင်များ အားလုံး၌ ကာကွယ်ရေးကျောက်စိမ်းအဆောင်ရှိနေပြီ ဖြစ်သောကြောင့် သူမ အလျင်မလိုပေ။

ကျောက်စိမ်းတွေကို တဖြည်းဖြည်းချင်း အရောင်တင်နေချိန် ဖုန်းထဲ စာများ ရောက်လာလေ၏။

ယွင်ယွီက ဖုန်းဖွင့်ကြည့်လိုက်သည်။ ယင်းသည် သူမကို ချီးကျူးထားပြီး ဝေ့ပေါ်ပေါ်၌ သူမကို ကျေးဇူးတင်ရန် ဖော်ပြထားသည့် ရွှမ်လင်းဇစ်ထံမှ စာဖြစ်၏။

ရှန့်ယုံက ပြောလိုက်သည်။

“ဆရာ ရှိနေလား။ ဖုန်းရွှေပညာနဲ့ လူတွေကို ကယ်ပေးဖို့ စိတ်ဝင်စားလား။ ပိုက်ဆံရှာလို့ ရတယ်။ တစ်ဖက်လူက အင်မတန် ချမ်းသာတာ”

******

All Chapters