← Chapters

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃

Vol. 10 Ch. 93

93 01

အပိုင်း 93

ယွင်ယွီသည် သူမဖုန်းထဲရှိ စာကို စိုက်ကြည့်နေပြီး ဩဂုတ်လ ကုန်သွားပြီမှန်း အမှတ်ရသွား၏။ ယနေ့က စက်တင်ဘာလ တစ်ရက်နေ့ ဖြစ်ကာ ကျောင်းသားများအားလုံး ကျောင်း စတက်၏။ ထို့ကြောင့် သူမ၏ ကံဆိုးမှုကလည်း ကုန်လွန်လောက်ပြီ ဖြစ်သည်။

ယခင်လက ဖရဲခင်းကို ဖန်ချွင်ရု ကြည့်ရှုစောင့်ရှောက်ပေးသည့် အချိန်မှ စကာ သူမဆီသို့ မည်သူမှ ထပ်မလာခဲ့ပေ။

ယခုက လအစဖြစ်ပြီး ပြဿနာ မရှိလောက်။ သူမကလည်း ပိုက်ဆံ ပြတ်လတ်နေသည်။

ယွင်ယွီက ကျောက်စိမ်းပုတီးစေ့ကို ချပြီး ရှန့်ယုံအား ပြောလိုက်သည်။

“အတိအကျပြော။ ဘာဖြစ်တာလဲ”

ရှန့်ယုံက ပြောလိုက်၏။

“ဆရာ ကျွန်တော် ဖုန်းခေါ်ပြီး ပြောလို့ရလား”

“အင်း ရတယ်”

ရှန့်ယုံက သူမကို အလွန်သွက်လက်စွာ ဖုန်းခေါ်လာပြီး သွက်သွက်လက်လက် ပြောပြနေ၏။

“ဆရာ ရင်။ ဖြစ်ပုံက ဒီလို။ အဲဒီ စုံတွဲက ချန်ရွှေမြို့က လာတာ မိန်းကလေးက ဝေ့ပေါ်က ကျွန်တော်ရဲ့ ဖန်တွေထဲက တစ်ယောက်လေ။ သူနဲ့ သူရဲ့ ခင်ပွန်းဆက်ဆံရေးက တည်ငြိမ်ကြောင်း ပြောခဲ့တယ်။ ဒါပေမဲ့ သူတို့ အိမ်ထောင်ကျပြီး အိမ်အသစ်ကို ပြောင်းရွှေ့တဲ့အချိန် သူတို့ အမြဲတမ်း ရန်တကျက်ကျက် ဖြစ်နေတာ သူက မနာမကျန်းဖြစ်ပြီး ခေါင်းကိုက်တာက မကြာခဏ ဖြစ်လာသေးတယ်။ သူ့အိမ်က ဖုန်းရွှေ မကောင်းဘူးလို့ ထင်နေတာ။ သူက ကျွန်တော်ကို တစ်ချက် သွားကြည့်စေချင်နေတာ။ ဒါပေမဲ့ ကျွန်တော့်မှာ အရည်အချင်း မရှိတာကြောင့် ဆရာ ရင်ကို မိတ်ဆက်ပေးထားတာ”

ချန်ရွှေမြို့က အိမ်နီးချင်းမြို့ဖြစ်ပြီး သိပ်မဝေးပေ။

ယွင်ယွီက ပြောလိုက်၏။

“ဟုတ်ပြီ။ ငါ သွားလိုက်မယ်။ ငါ သွားပြီး ဒီနေ့ တစ်ချက် ကြည့်လိုက်မယ်။ လိပ်စာ အတိအကျ ပေး”

ရှန့်ယုံက ပြောလိုက်၏။

“ဆရာ ကျွန်တော့်အိမ်ကို လာပါလား။ အဲဒီကို ခေါ်သွားပေးမယ်။ နီးတာပဲ”

“အေးအေး”

ယွင်ယွီက ဖုန်းချပြီးနောက် ပစ္စည်းထုပ်ပိုးကာ လျော့ရဲရဲ အဝတ်အစား ပုံစံပြောင်းလဲလိုက်၏။ သူမအဝတ်များကလည်း ခပ်ပွပွပဲ ဖြစ်သည်။ သူမအသားရည်က ဖြူဖွေးပြီး မျက်ခုံးမျက်လုံးတို့က မင်းသမီး ဖူးယူယွီနှင့် ပိုတူ၏။ သူမက ကျော၌ ကျောပိုးအိတ်လွယ်ထားချိန် ကိုယ်ဝန်သည်တစ်ယောက်နှင့် တူနေသည်။ သူမက သူမအဘွားနှင့် အမေကို ပြောရန် မြို့သို့ အရင် သွားလိုက်၏။ နှစ်ယောက်လုံးက သူမကို သတိပေးလိုက်သည်။

“လမ်းမှာ ဂရုစိုက်အုန်းနော်။ ရှောင်ချင်က ဒီနေ့ အလုပ်များနေတာ။ ဘယ်သူမှ သမီးနဲ့ မရှိဘူး။ အဘွားတို့ စိတ်ပူနေရမှာ”

“ဘွားဘွား၊ မေမေ စိတ်မပူပါနဲ့”

ယွင်ယွီက ပြုံးလိုက်လေ၏။

“အိမ်ရဲ့ဖုန်းရွှေပြဿနာ ဖြစ်လောက်တယ်။ သမီး တစ်ချက် သွားကြည့်လိုက်မယ်။ နေ့လည်ကျ ပြန်လာမယ်”

“ဒါဆို အန္တရာယ်တွေ့ရင်လည်း မဆင်မခြင် မလုပ်နဲ့နော်”

ယွင်ယွီက ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်၏။

“ဘွားဘွား သမီး သိပါတယ်”

သူမက ကံဆိုးသည့်လဆိုလျှင် ထို့ကဲ့သို့ ကိစ္စအသေးလေးမျိုးအတွက် အပြင်ထွက်ချင်စိတ်တောင် ရှိမှာမဟုတ်ပေ။ ကံဆိုးသည့်လ ကုန်လွန်သွားသောကြောင့်သာ သူမ ကူညီ ပေးတာပဲ ဖြစ်သည်။

93 02

သူမ မိသားစုကို နှုတ်ဆက်စကားပြောပြီးနောက် ယွင်ယွီသည် အမြန်ရထားဘူတာရုံသို့ ရထားစီးသွားလိုက်သည်။ ပြီးနောက် ယခုဆို နေရာအနှံ့ အမြန်ရထားများ ရှိနေပြီး သွားရတာ အဆင်ပြေ၏။ တစ်နာရီခန့်ကြာပြီးနောက် သူမသည် ကျန်းရွှေမြို့ရှိ အမြန်ရထားဘူတာရုံ၌ ရပ်နေပြီ ဖြစ်သည်။

သူမက ရှန့်ယုံ၏ အိမ်သို့ ကားငှားသွားလိုက်သည်။ အိမ်က အခန်းနှစ်ရှိပြီး ဧည့်ခန်းတစ်ခန်းပါရှိကာ ၈၀ စတုရန်းမီတာကျော်ခန့် ကျယ်၏။ ယင်းက လူနှစ်ယောက် သုံးယောက်နေထိုင်ရန် ပြီးပြည့်စုံသည်။ ၎င်းက မြို့လယ်ခေါင်တွင် တည်ရှိ၏။ အိမ်၌ မတော်တဆမှု မဖြစ်ထားလျှင် တန်ကြေးက နှစ်ဆ မြင့်တက်သွားလိမ့်မည်။

ရှန့်ယုံက လူကို အိမ်ထဲ အမြန် ဖိတ်ပြီးနောက် ချက်ချင်း ပြောလိုက်သည်။

“ဆရာ နောက်ဆုံးတော့ ရောက်လာပြီ”

ယွင်ယွီက လမ်းလျှောက် ဝင်သွားလျှက် မေးလိုက်သည်။

“အခု သွားကြမလား”

သူမ အိမ်ပြန်ရန် အလျင်လိုနေသည်။

“ဟုတ်ပြီ။ ဟုတ်ပြီ။ အခု သွားကြမယ်။ ဆရာ ကျွန်တော့်ကို စောင့်ပါ”

ရှန့်ယုံသည် အိမ်ထဲသို့ သွားကာ အဝတ်အစားလဲပြီး ထွက်လာကာ ယွင်ယွီနောက် လိုက်လာ၏။ လမ်းတွင် ရှောင်ယုံက ယွင်ယွီကို နှစ်ကြိမ်ခန့် ထပ်ကြည့်လိုက်သည်။ ဆရာသခင်က ပိုမို လှပလာသည်ဟု ခံစားမိသည်။ သို့သော် သူ များများစားစား မပြောရဲသောကြောင့် မေးလိုက်၏။

“ဆရာ အဲဒီ သရဲ‌ရော အခု ဘယ်လိုလဲ"

သူသည် အခန်းတွင် ရုတ်တရက် သေဆုံးသွားသည့် ဝမ်ယုလင်အကြောင်း မေးနေတာပဲ ဖြစ်သည်။

ယွင်ယွီက ပြောလိုက်၏။

“တော်တော်လေး ပြေပါတယ်”

ဝမ်ယုလင်သည် ဟယ်ချင်ကျေးရွာကို အလွန်နှစ်သက်ပြီး ယွင်ယွီ စိုက်ပျိုးထားသည့် ဧက ၂၀၀ လုံး ဖူးပွင့်လာချိန်တွင် နတ်သမီးမြေပမာ လှပလိမ့်မည်ဟု ပြောခဲ့၏။

ဝမ်ယုလင်သည် ရင်အိမ်၌ နေလေ့ မရှိပေ။ သူက ရွာထဲ လည်ပတ်သွားရတာ သဘောကျသည်။

မိနစ် ၂၀ ခန့် ကြာပြီးနောက် သူတို့သည် ဧည့်သည်နေထိုင်ရာ အငှားရပ်ကွက်သို့ ရောက်လာလေ၏။

ဤရပ်ကွက်သည် ရှန့်ယုံနေထိုင်ရာ နေရာထက် ပိုမို စည်းကားသည်။ ယင်းက မြို့၏ ဗဟိုအကျဆုံး ဧရိယာတွင် တည်ရှိပြီး သူဌေးများနေထိုင်ရာ နေရာ ဖြစ်သည်။

ရှန့်ယုံသည် ဧည့်သည်ကို ခေါ်လိုက်ချိန်တွင် တစ်စုံတစ်ယောက်က သူတို့ကို ကြိုဖို့ အမြန်ဆုံး ဆင်းလာ၏။

ဆင်းလာသည့် သူက အသက် ၂၇၊ ၂၈ နှစ် အရွယ်ရှိသည့် အမျိုးသမီး တစ်ယောက် ဖြစ်ကာ ဆံပင်ရှည်ပြီး ဘဲဥသဏ္ဌာန်မျက်နှာ ရှိလျှက် မိုးမခဂိုဏ်းပမာ မျက်ခုံးများ ရှိသည်။ သူမက သိမ်မွေ့သည့် မိန်းမလှလေးတစ်ယောက်ပဲ ဖြစ်သည်။ မိန်းမလှလေးသည် ယွင်ယွီကို မြင်သောအခါ အနည်းငယ် အံဩသွားသော်ငှား ဘာမှ မပြောခဲ့ဘဲ အခြေအနေအကြောင်း သူမကို မိတ်ဆက်ပေးလိုက်၏။

“မင်္ဂလာပါ။ ကျွန်မ့နာမည်က ဆုရှင်ရင်။ ဆရာ ရှန့်ယုံ ဒါက ရှင်ပြောတဲ့ ဆရာယွင်လား”

သူမက သူ့ထက် များစွာ ငယ်ရွယ်နေ၏။

ရှန့်ယုံက လက်ဝေ့ရမ်းကာ ပြောလိုက်၏။

“ကျုပ်ကို ရှန့်ယုံလို့ပဲ ခေါ်ပါ။ ကျုပ်က ဆရာ မဟုတ်ဘူး။ ဒီလူကမှ ဆရာပါ”

သူက အလွန် ယုံကြည်ချက် ရှိနေပုံပေါ်သောကြောင့် ဆုရှင်ရင်သည် သံသဃများ ရှိသည့်တိုင် ဘာမှ မပြောခဲ့ပေ။ သူ၌ သိမ်မွေ့သော ကိုယ်ရည်ကိုယ်သွေးရှိပြီး လူတစ်ယောက်ကို အရှက်ရအောင် လုပ်မှာ မဟုတ်ပေ။

93 03

ယွင်ယွီက များများစားစား မပြောခဲ့ပေ။ သူတို့နှစ်ယောက် ပြောပြီးသည့်အချိန်အထိ စောင့်ပြီးနောက် မေးလိုက်၏။

“မိန်းကလေးဆုရဲ့ အခြေအနေကို သိပြီးပြီပါပြီ။ ရှင် အိမ်သစ်မှာနေတာ ဘယ်လောက်ကြာပြီလဲ။ တခြား ထူးဆန်းတဲ့အရာတွေ တွေ့မတွေ့ စတဲ့အသေးစိတ် အချက်အလက်တွေ ထပ်ပြောပြပေးနိုင်မလား”

ဆုရှင်ရင်က သိမ်မွေ့စွာ ပြောလိုက်၏။

“ကျွန်မခင်ပွန်းနဲ့ ကျွန်မ အိမ်ထောင်ကြာတာ သုံးလလောက် ရှိပြီ။ အိမ်သစ်ကို မင်္ဂလာဆောင်တဲ့နေ့က ပြောင်းလာတာ။ တကယ်တော့ ဒီအိမ်ရဲ့ ဒီဇိုင်းအတွက် ဖုန်းရွှေပညာရှင်နဲ့ ဆွေးနွေးထားပြီးသား။ ဒါပေမဲ့ ရွေ့ပြောင်းလာတဲ့ နှစ်ရက်အတွင်း ကျွန်မ့ခင်ပွန်းနဲ့ ကျွန်မ စပြီး အငြင်းပွားတာ အကြောင်းအရင်း မရှိ။ ကျွန်မ စိုးရိမ်ပူပန်ပြီး ဒေါသထွက်နေတယ်။ ဒါအပြင့် ဒီအိမ်သစ်ကို ပြောင်းလာပြီးတဲ့နောက် မကြာခဏ မနာမကျန်း ဖြစ်တယ်။ မကြာခဏ ခေါင်းကိုက်တတ်တယ်။ အရင် ဖုန်းရွှေပညာရှင်ကို တစ်ချက် လာကြည့်ခိုင်းပေမဲ့ သူက ဖုန်းရွှေမှာ ဘာပြဿနာမှ မရှိဘူးလို့ ပြောခဲ့တာ။ ဒါပေမဲ့ ဘာတွေ ဖြစ်နေလဲ သူ မဖော်ထုတ်နိုင်ဘူး။ ဒါကြောင့် ရှန့်ယုံဆီကို တွေးမိသွားတာပဲ။ ဒါကြောင့် သူ့ကို ဆက်သွယ်လိုက်တာ”

ဤမင်္ဂလာဦးအိမ်က အပေါ်နှင့် အောက်ထပ်တွင် စတုရန်းမီတာ ၂၆၀ နီးပါး ရှည်သည်။ နှစ်ထပ်တိုက်ဖြစ်ပြီး စုစုပေါင်း ယွမ် ၁၀ သန်း ဝန်းကျင်တန်သည်။

ဆုရှင်ရင်၏ မိဘများသည် ပညာတတ်မိသားစုဖြစ်ပြီး ကြွယ်ဝ ချမ်းသာ၏။ သူမ၏ မိဘများက သိမ်မွေ့ယဉ်ကျေးကြသည်။ သူမဖခင်က တက္ကသိုလ် ပါမောက္ခတစ်ယောက် ဖြစ်ပြီး နှစ်ယောက်လုံးက လူကောင်းများပဲ ဖြစ်သည်။

သူမခင်ပွန်း မိသားစုကမှု အလွန် ကြွယ်ဝချမ်းသာ၏။ သူတို့သည် ကြင်ဖက်တွေ့ဆုံရာမှ တွေ့ခဲ့တာ ဖြစ်သည်။ သူမခင်ပွန်းက သူမထက် အသက် ၃ နှစ် ကြီး၏။ သူက အရည်အချင်းရှိပြီး မိသားစုကမ္မဏီကို ကြီးကြပ်နေသည်။ သူမ၏ ယောက္ခမများကလည်း သူမကို သဘောကျပြီး ပညာတတ်မိသားစုမှ သမီးတစ်ယောက်ဖြစ်သည့် သူမကို သဘောကျကာ ကောင်းကောင်းမွန်မွန် ဆက်ဆံသည်။ ဤမင်္ဂလာဦးအိမ်ကို သူမခင်ပွန်းက ဝယ်ယူပေးထားပြီး သူ့နာမည်အောက်တွင် ထား၏။ သူမမိဘများကလည်း ခန်းဝင်ပစ္စည်းအဖြစ် ကားတစ်စီး ပေးထားပြီး အိမ်ကို အလှဆင်ပေးသည်။

တကယ်တော့ သူမခင်ပွန်းက ခွင့်မပြုသော်ငှား မိဘများက တိုက်တွန်းပြောဆိုခဲ့သည်။

မင်္ဂလာဆောင်ပြီးနောက် သူတို့တစ်ယောက်နှင့် တစ်ယောက် နက်ရှိုင်းစွာ ချစ်မိလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် သူတို့ တစ်ချိန်လုံး တစ်ကျက်ကျက် ဖြစ်နေလေ၏။ သူမ၌ သိမ်မွေ့သော စိတ်နေသဘောထား ရှိပြီး စကားမများသင့်ပေ။ သို့သော်ငှား သူမ အသေးငယ်ဆုံးလေးသော ကိစ္စအတွက်နှင့် မကြာခဏ စိတ်လွှတ်သွားတတ်ပြီး သူမခင်ပွန်းလည်း ဤအတိုင်းသာ ဖြစ်သည်။

နှစ်ယောက်သား ရန်ဖြစ်ကြပြီးနောက် အိမ်ပြန်သွားကာ နှစ်ရက်နေသည်။ သို့သော် ထို့ကဲ့သို့ ခွဲနေခြင်းက အကြံညာဏ်ကောင်း မဟုတ်ပေ။ သူတို့ အိမ်သစ်သို့ ပြန်ပြောင်းလာချိန်တိုင်းတွင် ထို့သို့ ထပ်ဖြစ်ပွားတတ်၏။ ထို့ကြောင့် သူမသည် အိမ်သစ်၏ ဖုန်းရွှေတစ်ခုခု မှားနေခြင်း ရှိမရှိ သိချင်လာသည်။

“အိမ်သစ်မှာ ရှိနေတဲ့ အချိန်ပဲ စကားများတာလား”

ယွင်ယွီက မေးလိုက်၏။

ဆုရှင်ရင်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်။ ကျွန်မမိဘအိမ်ကို ပြန်တဲ့အချိန် တည်ငြိမ်ရင့်ကျက်နေတာ။ ဒါပေမဲ့ မိဘအိမ်ကနေ ပြန်လာတဲ့ အချိန်ကျ ခေါင်းကိုက်လာတယ်”

ဤအိမ် မသန့်တာ ဖြစ်နိုင်သည်။ သို့သော် ဤအတိုင်း ထားထားခြင်းကလည်း နှမြောစရာ ကောင်းလှပေ၏။ ၎င်းက သူမနှင့် သူမခင်ပွန်းတို့အလုပ်နှင့် နီးသည်။

ဖုန်းရွှေပြဿနာကို ဖြေရှင်း၍ မရပါက သူမ ကျန်သည့် သူများကို လိမ်မရောင်းချင်ပေ။

ယွင်ယွီက ပြောလိုက်၏။

“ဒါဆို ဒီအိမ်သစ် တစ်ခုခု မှားနေတာပဲ ဖြစ်မယ်”

သူမသည် ဖုန်းရွှေပြဿနာ ရှိသည်ဟု မပြောခဲ့ပေ။ အိမ်သစ်တစ်ခုခု မှားယွင်းတာ ဖြစ်လောက်သည်ဟုသာ ဆိုခဲ့သည်။

93 04

မကြာမှီ၌ ဆုရှင်ရင်၏ မင်္ဂလာဦးအခန်းသို့ ရောက်သွားပြီး နေရာကျယ်ပြောကာ ကောင်းမွန်သည့် အလှအဆင်အယင်မှုများ ရှိပြီး ပြတင်းပေါက်ကျယ်ကြီးများ ရှိကာ နေအလင်းရောင် ကောင်းမွန်သည့် နေရာ ဖြစ်သည်။

အခန်းထဲရှိ ပရိဘောဂများ၏ ဖုန်းရွှေအနေအထားက သာမန်ပဲ ဖြစ်ကာ မှားယွင်နေတာ မရှိပေ။ ဖုန်းရွှေ ပြဿနာ မဟုတ်ပေ။

ဆုရှင်ရင်က အသံတိုးတိုးဖြင့် ပြောလိုက်၏။

“ဆရာယွင် အခန်းရဲ့ ဖုန်းရွှေက ပြဿနာ ရှိတာလား”

သူမ ပြောပြီးချိန်တွင် အိမ်နေရင်း အဝတ်အစားဖြင့် အမျိုးသားတစ်ယောက်က ပင်ပန်းနွမ်းနွယ်နေသော မျက်နှာထားဖြင့် အခန်းထဲမှ ထွက်လာ၏။ သူက ရှန့်ယုံနှင့် ယွင်ယွီတို့ကို မြင်သောအခါ မျက်မှောင် ကြုတ်ပြီး မေးလိုက်တော့သည်။

“ရှင်ရင် သူတို့ ဘယ်သူတွေလဲ”

ကျားမင်ဟု အမည်ရသည့် အမျိုးသားက မျက်မှောင် အနည်းငယ် ကြုတ်မိသွားသော်ငြား ဘာမှ ပြန်မပြောခဲ့ပေ။ သူ ဆတ်ဆတ်ထိမခံ ဖြစ်နေတတ်သော်ငြား သူသည် အမှုအကျင့်ကောင်းပြီး ထို့ စိတ်တိုခြင်းကို ဖိနှပ်ထား၏။

ယွင်ယွီက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

“မစ္စ ကျွန်မ ပွင့်ပွင့်လင်းလင်း ပြောမိတာ ခွင့်လွှတ်ပါ။ ဒီအိမ်ရဲ့ ဖုန်းရွှေက ဘာ ပြဿနာမှ မရှိဘူး”

ဆုရှင်ရင်သည် စိတ်ပျက်သွား၏။

“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“မစ္စဆု”

ယွင်ယွီက ဆက်ပြောလိုက်၏။

“ကျွန်မ အခန်းတွေကို တစ်ချက်လောက် ကြည့်လို့ရမလား”

“ဆရာယွင် ကျေးဇူးပြုပြီး အဆင်ပြေသလို့ လုပ်ပါ”

ရှန့်ယုံသည် ယွင်ယွီနောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာ၏။ သူမက ဖုန်းရွှေပြဿနာ မရှိကြောင်း ပြောသောကြောင့် အခန်း၏ ဖုန်းရွှေ၌ ပြဿနာ မရှိလောက်ပေ။ ကြင်စဉီး မောင်နှံ့များ စကားများရခြင်းသည် အခြားသော အကြောင်းအရင်းကြောင့် ဖြစ်နေမည်လော။

ဆုရှင်ရင်သည် နှစ်ယောက်အတွက် လက်ဖက်ရည်နှပ်ဖို့ ထွက်သွားပြီး ယွင်ယွီက အခန်းတိုင်းကို လျှောက်ပတ်ကြည့်လိုက်သည်။

သူမက မတ်ကျားပတ်ရွန်းဆီ ရောက်သွားချိန်တွင် ထောင့်၏ ကျောက်သားစားပွဲပေါ်တွင် အရုပ်များကို တွေ့လိုက်ရ၏။ အရုပ်များက တစ်ပေခန့်မြှင့်ကာ လက်ရာများ အလွန်မြောက်သည်။ သူတို့က ဝတ်စုံအပြည့်နှင့် မင်္ဂလာဆောင် ဝတ်စုံဝတ်ထားသည့် အရုပ်ပေါ်ရှိ အဝတ်အစားများက အလွန်ထူးကဲ၏။ ဤအရုပ်တစ်စုံက အလွန်ဈေးကြီးတာ သိသာလှပေသည်။

ယွင်ယွီသည် အရုပ်တစ်စုံကို စက္ကန့်အနည်းငယ် စိုက်ကြည့်နေမိစဉ် ဆုရှင်ရင်နှင့် သူမခင်ပွန်းတို့၏ စကားများနေသံကို ကြားလိုက်ရသည်။

“ကျွန်မက ဆရာတစ်ယောက်ကို ကြည့်ခိုင်းရုံပဲ။ ဒီအိမ်ရဲ့ ဖုန်းရွှေတစ်ခုခု မှားနေတာ ဖြစ်မယ်”

ယင်းက ဆုရှင်ရင်၏ အသံပဲ ဖြစ်သည်။ သူမ အစောတုန်းက စကားပြော နူးညံ့သော်ငှား ယခုအနည်းငယ် ဒေါသသံ ပါနေလေ၏။

သူမခင်ပွန်းကလည်း စိတ်တိုနေကာ ပြောလိုက်တော့သည်။

“တစ်ယောက်ယောက်ကို ငှားတာ ကန့်ကွက်စရာ မရှိဘူး။ ဒါပေမဲ့ သူတို့ အသက်တွေကို ကြည့်ပြီး”

ယွင်ယွီသည် တံခါးဝဆီ လျှောက်သွားကာ ခေါက်လိုက်လေ၏။ ဧည့်ခန်းထဲတွင် ရန်ဖြစ် စကားများနေသည့် စုံတွဲက စကားပြောရပ်လိုက်သည်။ သူတို့နှစ်ယောက်စလုံး အိပ်မပျော်ဖြစ်နေကြသည်။

93 05

ယွင်ယွီက မေးလိုက်လေ၏။

“ရှင်တို့ နှစ်ယောက် ခဏ အခန်းထဲ ဝင်လာနိုင်မလား”

ထို့စုံတွဲသည် မတ်ဆားပတ်ရွန်းဆီသို့ ယွင်ယွီနောက်မှ လိုက်သွား၏။ ယွင်ယွီက အရုပ်တစ်စုံကို လက်ညိုး ထိုးပြကာ မေးလိုက်သည်။

“ဒီအရုပ်တွေ ဘယ်ကလာလဲ မေးလို့ရလား”

ရှန့်ယုံက ဖြတ်ပြောလိုက်၏။

“ဆရာ ဒီအရုပ်တွေ ပြဿနာ ရှိနေတာများလား။ အရုပ်တွေက မကောင်းဆိုးဝါး ဝိညာဉ်တွေ အလွယ်တကူ ပူးကပ်တာ ခံရတယ်လို့ ကြားဖူးတယ်”

ယွင်ယွီက သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့”

ဆုရှင်ရင်က အရုပ်များဆီ လျှောက်သွားပြီးနောက် ပြောလိုက်သည်။

“ဆရာ ဒီအရုပ်တစ်စုံက ကျွန်မညီမဆီက မင်္ဂလာလက်ဆောင်ပါ”

သူမညီမအကြောင်း ပြောချိန်တွင် သူမခင်ပွန်းက သိသိသာသာ မျက်မှောင် ကြုတ်သွားလေ၏။

ယွင်ယွီက လက်ဆန့်ထုတ်ကာ အရုပ်ကို ထိလိုက်၏။

“မစ္စဆု အဲဒီအရုပ်ကို တစ်ချက် ချပြပေးနိုင်မလား။ ကြည့်လို့ရမလား”

“အရုပ်ရဲ့ ပြဿနာလား”

ဆုရှင်ရင်က အနည်းငယ် စိတ်ရှုပ်ထွေးသွားတော့သည်။

“ကျွန်မရဲ့ ညီမက တစ်ယောက်ယောက်ကို အထူးတလည် မှာခိုင်းထားတဲ့ အရုပ်။ ဒါကို ခွာလိုက်မယ်ဆိုရင် သူ စိတ်မပျော် ဖြစ်မှာ စိုးတယ်။ သူ့ကို ငယ်ငယ်လေးထဲက ကျွန်မ အလိုလိုက်ထားတာ။ ကျွန်မမိဘတွေနဲ့ ကျွန်မက သူ ငယ်ငယ်လေးထဲက အလိုလိုက်ထားတာ”

ထန်ကျားမင်က တန်းပြောလိုက်၏။

“ဆရာ ချလိုက်လို့ ရတယ်”

ဆုရှင်ရင်သည် ဘာမှ ထပ်မပြောတော့ဘဲ ယွင်ယွီအတွက် ကတ်ကြေးတစ်လက် ရှာပေးလိုက်သည်။

++++++

All Chapters