← Chapters

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

Vol. 10 Ch. 94

94 01

အခန်း 94

စကားတစ်ခွန်းမှ မပြောဘဲ ယွင်ယွီက အရုပ်၏ ဗိုက်ကို ခွဲဖွင့်လိုက်သည်။ အရုပ်၏ ဟောင်းလောင်းပေါက်နေပြီး အနည်းငယ် ဖွင့်လိုက်ပြီးနောက် အထဲရှိ အရာများက ပေါ်ထွက်လာသည်။

အရုပ်ကြီးထဲက အရုပ်လေး ထွက်ကျလာ၏။ အဝတ်ရုပ်က လက်ညိုးတစ်ချောင်းစာခန့် မြှင့်သည်။

ယွင်ယွီက အရုပ်ကို ကောက်ကြည့်လိုက်၏။ ကျောဘက်တွင် အဝါရောင် အဆောင်တစ်ခု ရှိနေသည်။ အရုပ်က ဆံပင်ရှည်ရှည်ဖြင့် မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူမက မိန်းကလေး၏ ဖရိုဖရဲဖြစ်နေသော ဆံပင်များကို ဆွဲချလိုက်ပြီး အရုပ်၏ ခေါင်းနောက်၌ စိုက်ထားသည့် အပ်လေးတစ်ချောင်းက ပေါ်ထွက်လာသည်။ ယွင်ယွီသည် အဝါရောင်အဆောင်ကို ဆွဲခွာလိုက်သည်။ အဆောင်အောက်တွင် မွေးနေ့ ရှိနေသည်။ သူမက မွေးရက်ကို ကျယ်လောင်စွာ ဖတ်ပြလိုက်ပြီး ဆုရှင်ရင်ကို မေးလိုက်တော့သည်။

“ဒါက ရှင်ရဲ့ မွေးနေ့လား”

ဆုရှင်ရင်က ခေါင်းညိတ်လိုက်ပြီး မျက်နှာ ဖြူဖျော့သွားကာ အသံက တုန်ယင်သွားလေ၏။

ယွင်ယွီက အရုပ်၏ခေါင်းထဲမှ အပ်ကို ဆွဲထုတ်ပြီး ဆုရှင်ရင်အား တစ်ချက် ကြည့်လိုက်သည်။

ဆုရှင်ရင်၏မျက်နှာသည် ပိုမို ဖြူဖျော့သထက် ဖြူဖျော့လာသည်။

“ဆရာ ကျွန်မ ခေါင်းကိုက်အောင် ဒီအရုပ်နဲ့ ဒီအပ်က လုပ်ထားတာလား”

“ဟုတ်တယ်”

ယွင်ယွီက မဖုံးကွယ်ခဲ့ပေ။

“အစွမ်းထက်တဲ့ မှော်ဆရာတစ်ယောက်က ရှင်ရဲ့ မွေးနေ့ကို သုံးပြီး ရှင်ရဲ့ ခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်ထားတာ”

သူက အရုပ်၏ ဆံပင်ကို ဆွဲလိုက်၏။

“ဒါ ရှင့်ဆံပင်လား”

ဆုရှင်ရင်က တုန်ယင်စွာ ခေါင်းညိတ်လိုက်သည်။

“ဟုတ်လောက်တယ်”

သူမ၏ ဆံပင်သည် အညိုရောင် ဖြစ်ပြီး အရုပ်၏ဆံပင်ကလည်း ဤအရောင် ဖြစ်သည်။

သူမ ငိုချင်သွားသည်။

“ကျားမင်နဲ့ ကျွန်မ လက်မထပ်ခင် တစ်လလောက်က ကျွန်မမိဘတွေရဲ့ အိပ်ခန်းထဲမှာ အိပ်နေသေးတာ။ ကျွန်မ နိုးလာတဲ့ တစ်ညကျ ကျွန်မညီမက ကတ်ကြေး ကိုင်ထားပြီး သူ့လက်ထဲမှာ ဆံပင် လက်တစ်ဆုပ် ရှိနေတယ်။ ကျွန်မ ထိတ်လန့်သွားပြီး မေးလိုက်တော့ သူက စနောက်ပြီး ပြောတယ်။ ကျွန်မ လက်ထပ်တော့မှာဆိုတော့ ဆံပင်ကို အမှတ်တရ သိမ်းထားချင်လို့တဲ့။ ကျွန်မ အဲတုန်းက များများစားစား မတွေးခဲ့မိဘူး”

ယွင်ယွီက ဘာမှ မပြောခဲ့ပေ။ အရုပ်ကောင်လေး၏ ဆံပင်ကိုလည်း ညှပ်လိုက်၏။

ထန်ကျားမင်က သူ၏ဇနီးကို ပွေ့ဖက်ထားလျှက် နူးညံ့စွာ ချောလိုက်သည်။

“မငိုနဲ့တော့ ဒီမှာ ဆရာ ရှိနေပြီ။ ဘာမှ ဖြစ်မှာ မဟုတ်ဘူး”

အရုပ်လေးများ ကြားထဲတွင်လည်း အဝတ်ရုပ်ရှိနေသည်။ ဆံပင်တိုတိုဖြင့် အမျိုးသားတစ်ယောက်ဆိုတာ သိသာသည်။ ၎င်း၏ မွေးနေ့ကိုလည်း နောက်ကျောတွင် အဝါရောင်အဆောင်ဖြင့် ရေးထားတော့သည်။ သို့သော် အရုပ်ပေါ်တွင် အပ်စိုက်ထားသည့် လက္ခဏာ မရှိပေ။ ရွတ်ဆိုသူက မွေးနေ့ရှင်ကို ဘာမှ ထိခိုက်စေချင်သည့်ပုံ မပေါ်။ ထို့ကြောင့် သူမ မွေးနေ့ကို ဖတ်ပြလိုက်၏။

ထန်ကျားမင်က ခေါင်းညိတ်လိုက်၏။

“ကျုပ်မွေးနေ့ပဲ”

ယွင်ယွီသည် အဝါရောင်အဆောင်ကို ချွတ်ပြီးနောက် တစ်ချက် ကြည့်ကာ ပြောလိုက်သည်။

“ဒါက အောက်လမ်းအဆောင်ပဲ။ လူတွေကို မသတ်နိုင်ပေမဲ့ စိတ် မသက်မသာ ဖြစ်နေနိုင်တယ်။ ဒီဟာက ရှင်တို့ကို အမြဲတမ်း စကားတကျက်ကျက် ဖြစ်စေရတဲ့ ဟာပဲ။ သူက ရှင့်ခင်ပွန်းရဲ့ ဘဝအသက်ကို ယူမဲ့ ရည်ရွယ်ချက် မရှိပေမဲ့ ရှင့်အတွက်တော့ ပြောဖို့ ခက်ခဲတယ်”

94 02

သူမက ဆုရှင်ရင်ကို ကြည့်လိုက်၏။

“ဒီအရုပ်ရဲ့ခေါင်းပေါ်မှာ အပ်ကို စိုက်ထားတဲ့ အချိန်ကြာသွားရင် ပြဿနာ အလွယ်တကူ တတ်နိုင်တယ်။ ရှင် စစ်ဆေးဖို့ ဆေးရုံသွားလိုက်တာ ကောင်းမယ်။ သုံးလလောက် ရှိနေပြီဆိုတော့ ဘေးထွက်ဆိုးကျိုး တစ်ချက် ရှိမှာ စိုးရတယ်”

ဆုရှင်ရင်၏ သေးသွယ်သော ခန္ဓာကိုယ်သည် တုန်ယင်နေလေ၏။

ဤကိစ္စက အတော်လေး ရိုးရှင်းသည်။ နောက်ကွယ်ရှိ လူက သူတို့ လင်မယားကို ရန်ဖြစ် စကားများစေချင်ကာ သွေးထိုးချင်တာ ဖြစ်၏။ ထိုအမျိုးသားကိုမှု ဘာမှ မဖြစ်စေချင်ပေ။ ထို့ကြောင့် ထိုလူသည် အမျိုးသမီး၏အရုပ်ပေါ်တွင်သာ ပညာများ သုံးထားပြီး သူမကို တစ်စုံတစ်ခု ဖြစ်စေချင်၏။

ယွင်ယွီသည် တစ်စုံတစ်ခုကို ခန့်မှန်းမိပြီ ဖြစ်ကာ ထန်ကျားမင်ကို ပြောလိုက်၏။

သူ၏မျက်နှာထားက အလွန်ရုပ်ဆိုးနေကာ သူ့ဇနီးလက်ကို ကိုင်ထားလျှက် ပြောလိုက်၏။

“ရှင်ရင် မင်းကို တောင်းပန်ချင်တယ်။ ကိုယ်မင်းကို ဖုံးကွယ်ထားတာ တစ်ခုရှိတယ်”

“ရှင့်”

ဆုရှင်ရင်သည် တစ်စုံတစ်ခုကို ခန့်မှန်းမိသွားတာ ဖြစ်လောက်သည်။ သူမ မျက်ရည်ကို ထိန်းမထားနိုင်တော့ဘဲ ငိုရှိုက်ကာ ပြောလိုက်၏။

“ရှင် ကျွန်မကို သစ္စာဖောက်တာလား”

ထန်ကျားမင်က ရယ်မောလိုက်သည်။

“အတွေးမလွန်နဲ့။ မင်းရဲ့ ညီမက ကိုယ်တို့ လက်မထပ်ခင် ကိုယ်ကို ဝန်ခံဖူးတယ်။ ကိုယ် သူ့ကို ငြင်းလိုက်ပြီး မင်းကိုပဲ သဘောကျကြောင်း ပြောခဲ့တာ။ ဒါကို မင်းကို လျို့ဝှက်ထားတာ။ မင်းညီမလေးရဲ့ ဆက်ဆံရေးကို ဂရုစိုက်တာ ကိုယ်သိတယ်လေ။ ဒါပေမဲ့ သူ ဒီလောက် ရက်စက်တဲ့သူ ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး”

ဆုရှင်ရင်က မျက်ရည်များ ကျလာလေ၏။

“သူ ကျွန်မကို ဘာလို့ ဒီလို ဆက်ဆံရတာလဲ။ သူ့ကို မိဘတွေ မွေးစားထားတာဆိုပေ့မဲ့ ငယ်ငယ်လေးထဲက ညီတူမျှတူ ဆက်ဆံတာပဲ။ သူမှာ ကျွန်မမှာ ရှိသမျှ အားလုံး ရှိတယ်။ သူ့ကို အားလုံး ပေးခဲ့တာ။ ဒီနှစ်တွေ ကုန်လွန်ပြီးတော့ ညီအစ်မအရင်းတွေ ဖြစ်ပြီလို့ ထင်ခဲ့တာ”

သူ၏ညီမ ဆုရှစ်ပေက မွေးစားခံထားရတာပဲ ဖြစ်သည်။ ထို့စဉ်က ခြောက်လသားသာ ရှိသေး၏။ သူမမိဘများသည် အိမ်ပြန်လမ်းတွင် နှင်းတောထဲ၌ စွန့်ပစ်ခံထားရသည့် ကလေးတစ်ယောက်ကို တွေ့ခဲ့သည်။ သူက လသားလေးပဲ ရှိသေး၏။ အအေးဓာတ်တောင် အသက်တောင် မရှုနိုင်ဖြစ်နေကာ မျက်နှာက ပြာနှမ်းနေပြီ ဖြစ်သည်။ သူမမိဘများက အရင်ဆုံး ကုသရန်အတွက် သူမကို ဆေးရုံပို့ခဲ့သည်။ နောက်ပိုင်းကျ မွေးစားရန် လုပ်ပြီး ဆုရှစ်ပေဟု နာမည်ပေးခဲ့သည်။

…

သူမက မွေးစားခံထားရသည့် ကလေးဖြစ်ကာ ဆွေမျိုးသားချင်း မိတ်ဆွေများအားလုံးသည် အခြားသူများကို သိခွင့်ပေးမည့်အစား ဆုမိဘများက ဆုရှစ်ပေကို အခြားသူများ သူ့ကို သိစေမည့်အစား ဆုမိဘများသည် အစောထဲက သူမ နောက်ခံအကြောင်း ပြောပြခဲ့၏။ သို့သော်ငြား အမြဲတစေ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သည်။

ဆုရှင်ရင်ကလည်း သူတို့ ညီအစ်မဆက်ဆံရေးက တစ်သက်တာ တည်မြဲနေမည်ဟု ထင်ခဲ့သည်။

သို့သော် သူ့ညီမက အမျိုးသားတစ်ယောက် ရှာရန်အတွက်နှင့် ဤကဲ့သို့ မနာလိုဖြစ်နေပြီး ဤကိစ္စတွင် ခေါင်းဆောင် လုပ်ခဲ့သေးသည်။

ယွင်ယွီသည် အဝါရောင်အဆောင်ကို လက်ညိုးလေးများဖြင့် ချေမွပြီးနောက် အဆောင်နှစ်ခုလုံးက အပိုင်းပိုင်းအစစ ဖြစ်သွားပြီး မြေကြီးပေါ် ပြုတ်ကျသွားသည်။

ထိုစုံတွဲသည် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားကာ သူတို့ရင်ထဲရှိ စိတ်ပျက်ညည်းငွေ့မှုတို့ကလည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။

ရှန့်ယုံသည် ယခုမှ စကားပြောရဲတော့သည်။

94 03

“ဘုရားရေ ဒီတစ်ယောက်က တကယ် ရက်စက်တာပဲ။ ရဲခေါ်ရင်တောင် တတ်နိုင်တာ ဘာမှ မရှိဘူးမှတ်လား”

ယွင်ယွီက ပြောလိုက်၏။

“တကယ့ တားနည်း မရှိဘူး”

ဂါထာက ပျက်စီးသွားပြီး ကျန်ရှိသည့် ကိစ္စများက ယွင်ယွီ ကူညီနိုင်တာ မဟုတ်ပေ။ သူတို့ဘာသာ ဖြေရှင်းရလိမ့်မည်။

ယွင်ယွီက ပြောလိုက်၏။

“ဂါထာက ပျက်စီးသွားပြီ။ ဒါပေမဲ့ ထိခိုက်မှုက ရှိတယ်။ မစ္စဆု ဆေးရုံသွား စစ်ဆေးလိုက်တာ ပိုကောင်းလိမ့်မယ်”

ဆုရှင်ရင်က အငိုမရပ်တော့သော်ငြား ထန်ကျားမင်က ပြောလိုက်၏။

“ကျေးဇူးပါ ဆရာ။ ပြီးမှ ရှင်ရင် စစ်ဆေးဖို့ လိုက်ပေးလိုက်ပါ့မယ်”

အဆုံးကျ ထန်ကျားမင်သည် သူမကို ကျေးဇူးတင်ရန် ယွမ် ၅ သိန်း ပေးခဲ့၏။

ယန်မင်ခမ်း၏ ဆောက်လုပ်ရေးဆိုင်မှအပ ယခုသည် ယွင်ယွီ ရဖူးသမျှထဲ အမြှင့်ဆုံး ပိုက်ဆံ ဖြစ်သည်။ ပိုက်ဆံရှာရတာ လွယ်ကူပေ၏။ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲရှိ အစီအရင်ထက် ဖြေရှင်းရ ပိုလွယ်ကူသည်။

ယွင်ယွီက အလွန်ပျော်သွားတော့သည်။ သူမက စုံတွဲကို အဆောင်တစ်ခုစီ ပေးပြီး သူတို့နှင့် တစ်ပါးတည်း ရောင်းခိုင်းထား၏။ ဆုရှင်ရင်ကို ကံကောင်းခြင်းအဆောင်လည်း ပေးခဲ့သေးသည်။

ထိုရပ်ကွက်ထဲမှ ထွက်လာပြီးနောက် ယွင်ယွီသည် လူမှုဖူလုံရေ အင်ဂျင်စီအား ယွမ် ၂ သိန်း လှူဒါန်းခဲ့ပြီး ရှန့်ယုံကိုမှု အခကြေးငွေ ယူလိုစိတ် ရှိမရှိ မေးခဲ့၏။

ရှန့်ယုံက လက်ဝေ့ရမ်း ပြလိုက်သည်။

“မယူဘူး။ မယူဘူး”

သူသည် ဤကဲ့သို့ နောက်မှ လိုက်ကာ ဗဟုသုတ တစ်ချို့ ရတာနှင့်ပင် ကျေနပ်နေပြီးသား ဖြစ်၏။

ယွင်ယွီက ပြောလိုက်သည်။

“ရှင် မလိုချင်ဘူးဆိုရင်လည်း ကျွန်မ တက်စီးငှားပြီး အမြန်ဘူတာရုံသွားပြီး အိမ်ပြန်တော့မယ်လေ”

သူမ ယနေ့ ပျော်ရွှင်နေ၏။ စက်တင်ဘာလက အစကောင်းပြီး မဆိုးပေ။

“ဆရာယွင် ခဏစောင့်ပါအုန်း”

ရှန့်ယုံက ရှက်ရွံ့စွာ ပြောလိုက်၏။

“ကျွန်တော့်ကို လမ်းညွှန်မှု တချို့များ ပေးနိုင်မလား သိချင်တယ်။ ကျွန်တော် ရုပ်လွန်ပညာကို တကယ် သဘောကျပြီး ဆရာဆီကနေ သင်ချင်တယ်”

ယွင်ယွီက သူ့ကို ကြည့်ကာ တွေးလိုက်တော့သည်။

“ရှင် တကယ် သင်ချင်တာလား”

ရှန့်ယုံက ပြောလိုက်၏။

“ဆရာယွင် ကျွန်တော် တကယ် သင်ချင်တာပါ”

ယွင်ယွီက ပျော်ရွှင်စွာ ပြောလိုက်သည်။

“ကောင်းပြီလေ။ ကျွန်မ ပြန်သွားတဲ့ အချိန် ရှင်အတွက် စာအုပ်စာရင်း လုပ်ပေးမယ်။ စာအုပ်ထဲက ဗဟုသုတတွေကို သိအောင် အရင်ဖတ်ပေါ့။ ပြီးရင် ရှင် ကျင့်ကြံရေးအတွက် ချီကို ရှင်ရဲ့ ခန္ဓာကိုယ်ထဲ ဘယ်လို ဆွဲသိမ်းရမလဲ ပြောပေးမယ်”

ရှန့်ယုံက ပျော်ရွှင်စွာ ပြောလိုက်၏။

“ကျေးဇူးပါ ဆရာ။ ကျေးဇူးပါ ဆရာ”

94 04

သူက ယခုအချိန်တွင် သူမကို ဆရာ ဟုခေါ်နိုင်ပြီဖြစ်သည်။ ယွင်ယွီက များများစားစား မပြောခဲ့ပေ။ သူမ စာရင်းထဲရှိ စာအုပ်များကို ဖတ်ပြီးနောက် သူမ၏ တပည့်အဖြစ် လက်ခံဖို့ စဉ်းစားမည်။

သူသည် စာအုပ် တစ်ဒါဇင် နားလည်အောင် ဖတ်နိုင်လျှင် သူက အောက်ဂိုဏ်းထဲဝင်ဖို့ ဆုံးဖြတ်ထားကြောင်း ပြသလိမ့်မည်။ ထို့ကြောင့် သူ့ကို တပည့်အဖြစ် လက်ခံတာ ကောင်း၏။

နှစ်ယောက်သား နှုတ်ဆက်စကားပြောပြီးနောက် ယွင်ယွီသည် အမြန်ရထားဘူတာရုံသို့ ကားစီးသွားလိုက်သည်။ ဟယ်ချင်ကျေးရွာသို့ ရောက်သည့်အချိန်တွင် ညနေ လေးနာရီ, ငါးနာရီခန့် ရှိနေပြီ ဖြစ်သည်။ သူမ အိမ်ရောက်ချိန်၌ ပထမဆုံး ပြုလုပ်သည့်အရာက ရှန့်ယုံအတွက် စာလေ့လာရန် စာအုပ်စာရင်းပဲ ဖြစ်သည်။ ရှန့်ယုံကမှု စာအုပ် တစ်ဒါဇင်ကျော် ပါသည့် စာရင်းကို ကြည့်ပြီး တစ်ချက်တောင် မတွန့်သွားပေ။ သူက စာအုပ်ပါ အကြောင်းအရာများကို ဂရုတစိုက် ဖတ်ပြီး ယွင်ယွီကို စိတ်မပျက်စေရဟု ပြောခဲ့လေ၏။ သူက အလွန် ဆုံးဖြတ်ချက် ပြတ်သားပုံပေါ်သည်။

ဆုရှင်ရင်၏ အိမ်မှ ယွင်ယွီ ထွက်လာပြီးနောက် ထန်ကျားမင်သည် သူ၏ဇနီး ဆေးရုံတွင် စစ်ဆေးရန်အတွက် လိုက်သွားပေးသည်။

စစ်ဆေးမှု ရလဒ်အရ ဦးနှောက်အာရုံကြောတစ်ရှုး အပြင်ဘက်၌ ဦးနှောက်အကြိတ်လေးတစ်ခု ရှိနေကြောင်း ပြသနေသည်။ အကျိတ်က မကြီးပေ။ တဖြည်းဖြည်းချင်း ကြီးထွားလာနေ၏။ ခွဲစိတ်ပြီး အနားယူလျှင် အဆင်ပြေသွားမှာပဲ ဖြစ်သည်။

ဆုရှင်ရင်သည် စစ်ဆေးမှု ရလဒ်ကို မြင်သောအခါ သူမခင်ပွန်းကို ဖက်ပြီး ငိုကြွေးတော့သည်။

နှစ်ယောက်သား ဆုမိသားစုအိမ်သို့ ပြန်သွားချိန်၌ စစ်ဆေးရေးရလဒ်ကို ပြလိုက်ပြီး နှစ်ယောက်သားက အရုပ်များနှင့် အရုပ်ထဲမှ အဆောင်များလည်း ထုတ်ပြလိုက်သည်။

ဆုရှင်ရင်သည် ဆုအဖေနှင့် အမေကို ဖြစ်ကြောင်းကုန်စင် တစ်ခုလုံး ပြောပြခဲ့၏။

နှစ်ယောက်သားက ထို့စကားကို ကြားသောအခါ မှင်သက်သွားပြီး အင်မတန် ဝမ်းနည်းသွားကာ သူတို့၏ သမီးကြီးက ဦးနှောက်အကျိတ် ရှိနေကြောင်း သိလိုက်ရချိန်တွင် ဝမ်းနည်း ဒေါသထွက်မိ၏။ သူတို့က ဤကိစ္စကို အလေးထား ဆောင်ရွက်ကာ သမီးငယ် ဆုရှစ်ပေကို ပြန်ခေါ်ခဲ့သည်။

ဆုရှစ်ပေ ပြန်ရောက်လာပြီး ဆုရှင်ရင်နှင့် ထန်ကျားမင်တို့ နှစ်ယောက်စလုံးနှင့် စားပွဲပေါ်တွင် ခုတ်ပိုင်းခံထားရသည့် အရုပ်ကို မြင်ပြီး သူမရင်ထဲ ထိတ်ကနဲ ဖြစ်သွား၏။ သို့သော် မျက်နှာပေါ်တွင် ဘာအမှုအယာမှ မပြခဲ့ပေ။ ထို့အစား စားပွဲပေါ်ရှိ ပစ္စည်းများကို ကြည့်ကာ ချော့မြူလိုက်၏။

“အစ်မ ဒါ အစ်မကို ပေးထားတဲ့ ညီမရဲ့လက်ဆောင် မဟုတ်လား။ ဘာလို့ ဖျက်စီးလိုက်တာလဲ”

ဆုရှင်ရင်၏ မျက်လုံးထဲ၌ မျက်ရည်များ ပြည့်နေသည်။

“ဒီအရုပ်က ဘာအတွက် သုံးလဲဆိုတာကို မသိဘူးလား။ ဆုရှစ်ပေ ငါ နင့်အပေါ်မှာ မကောင်းလို့လား။ နင် နည်းနည်းလေး မနာလို ဖြစ်တယ်ဆိုရင် ငါ သည်းခံနိုင်သေးတယ်။ ဒါပေမဲ့ ငါ့ကို ဘာလို့ သတ်ချင်တာလဲ”

ဆရာဝန် ပြောသည့်က သူမဦးနှောက်အကျိတ်သည် ဤအောက်လမ်းပညာကြောင့်ပဲ ဖြစ်သည်။ စောစောစီးစီး ရှာတွေ့ခဲ့တာ တော်သေး၏။ ဆုရှစ်ပေ ရှာတွေ့ထားသည့် ဖုန်းရွှေပညာရှင်က ကျွမ်းကျင်မှု မရှိပေ။ မဟုတ်ရင် သုံးလက သူမကို သေစေဖို့ လုံလောက်သည်။

“အစ်မ နင်ဘာအကြောင်း ပြောနေလဲ ငါ မသိဘူး”

ဆုရှစ်ပေသည် ထိန်းချုပ်ထားလျှက် ငြင်းဆန်နေ၏။

ဆုရှင်ရင်သည် အရုပ်၏ခေါင်းပေါ်ရှိ ဆံပင်ကို လက်ညိုးထိုးပြကာ ပြောလိုက်သည်။

“ဒါ ငါ့ခေါင်းပေါ်က နင် ဖြတ်သွားတဲ့ ဆံပင်လေ။ နင် ဝန်မခံချင်သေးဘူးလား”

ဆုရှစ်ပေသည် ဆံပင်ကို စိုက်ကြည့်ပြီးနောက် စတင်ငိုယိုတော့သည်။

“အဖေနဲ့အမေ သမီး အစ်မကို နာကျင်အောင် လုပ်ဖို့ မရည်ရွယ်ပါဘူး။ သမီးရဲ့ ခဲအိုကို ကြိုက်မိရုံပါပဲ။ ကျွန်မရဲ့အစ်မနဲ့ ခဲအို ကြင်ဖက်တွေ့တဲ့အချိန် မြင်မြင်ခြင်း ချစ်မိသွားတာ။ နောက်ပိုင်း သူ့ဆီ ဝန်ခံခဲ့ပေမဲ့ သူငြင်းခဲ့တယ်။ ဒီဆက်ဆံရေးက သမီးကို နေ့ရော ညပါ ညှင်းပန်းနှိပ်စက်နေတာ။ သမီး ရွေးချယ်စရာ မရှိဘူး။ သူတို့ကို ကွဲစေချင်ရုံပဲ။ အစ်မကို ထိခိုက်ဖို့ မရည်ရွယ်ထားဘူး”

94 05

“နင်လိမ်နေတာ”

ဆုရှင်ရင်က ဒေါသကြောင့် တုန်ယင်နေ၏။

“ဆရာယွင်က ပြောတယ်။ ဂါထာက ငါ့ကို သတ်ဖို့ ရည်ရွယ်ထားတာ။ ငါရဲ့ ဉီးနှောက်အကျိတ်ကလည်း ဒီပညာကြောင့် ဖြစ်တာ။ တစ်ဖက်လူရဲ့ ကျင့်ကြံမှုက နိမ့်နေတယ်လို့ ပြောတယ်။ မဟုတ်ရင် ငါ သုံးလအတွင်း သေလာက်တယ်။ နင်က ဝန်ခံဖို့ ငြင်းဆန်နေတုန်းကို”

ဆုရှစ်ပေက ငိုယိုပြီး အမှားကို ဝန်မခံပေ။ ထိုလူက ဆုရှင်ရင်၏ အသက်ကို လိုချင်ကြောင်း သူမ မသိခဲ့ပေဟု ဆိုခဲ့သည်။

ဆုမိဘများက သူတို့ မွေးစားသမီး၏ အသွင်အပြင်ကို ကြည့်မိချိန်၌ ရှင်ရင်က အမှန်တိုင်းပြောနေပြီး သူတို့၏ မွေးစားသမီးက ရှင်ရင်ကို တကယ် သတ်ချင်ကြောင်း သိသွားသည်။

ဆုအမေက နီမြန်းနေသော မျက်လုံးဖြင့် ပြောလိုက်၏။

“ရှစ်ပေ ငါတို့ နင့်ကို ဆက်ဆံတာ မကောင်းလို့လား။ ရှင်ရင်က နင့်ကို ကောင်းကောင်းမွန်မွန် မဆက်ဆံလို့လား။ နင့်ကို ဘာအမှား လုပ်ခဲ့မိလို့လဲ။ နင် သူ့ကို ဘာလို့ ဒီလောက် ထိခိုက်အောင် လုပ်ချင်ရတာလဲ။ နင် ကျားမင်ကို ကြိုက်ပြီး သူတို့ရဲ့ အိမ်ထောင်ရေးကို ပျက်စီးချင်တယ်ဆိုရင်တောင် ငါ့သမီးအသက်ကို ယူလို့ မရဘူးလေ”

ကံကောင်းထောက်မပြီး သူမသမီးသည် အစွမ်းထက်သည့် ပညာရှင်တစ်ယောက် ရှာတွေ့ခဲ့သည်။ မဟုတ်လျှင် နောက်ဆက်တွဲက ပြင်းထန်လိမ့်မည်။

သူတို့က မွေးစားသမီးကို တကယ် ချစ်မြတ်နိုး တန်ဖိုးထား၏။ သမီးကြီးက ကောင်းကောင်းမွန်မွန် နေရလျှင် သူတို့က မွေးစားသမီးအား ဤအိမ်ကို ပေးခဲ့မည်ဟု ဆုံးဖြတ်ထားသည်။

သို့သော် သူမက ရက်စက်လွန်းပြီး ကျေးဇူး မသိတတ်သူ ဖြစ်နေလေ၏။

ဆုရှစ်ပေက ငိုယိုနေကာ ဆုမိဘများနှင့် ဆုရှင်ရင်ကို ဒူးထောက် တောင်းပန်နေ၏။ သူမ စိတ်ရှုပ်ထွေးသွားကြောင်းနှင့် အနာဂတ်တွင် ပြောင်းလဲမည် ဖြစ်ကြောင်း အခွင့်အရေးပေးရန် တောင်းဆိုနေ၏။

သို့သော် အမျိုးသားတစ်ယောက်ကြောင့် မိမိ၏ သွေးသားချင်းကို သတ်ဖြတ်ချင်နေသည့် လူက လူဟုတ်ပါအုန်းမည်လော။ သူတို့ကို မိသားစုအဖြစ် တကယ် သတ်မှတ်သည်လော။

ဆုအဖေနှင့် အမေတို့က စိတ်နှောင့်နေသူ မဟုတ်ပေ။ သူတို့က နေထိုင်လာခဲ့တာ ကြာပြီ ဖြစ်သည်။ ဆုရှစ်ပေက အမျိုးသားတစ်ယောက်ကြောင့် သူ့အစ်မ၏ အသက်ကို လိုချင်သောကြောင့် သူ၌ အသိစိတ် မရှိ။ ခွင့်လွှတ်ရန် မထိုက်တန်ပေ။ ခွင့်လွှတ်ခြင်းက သူတို့ကို ထိခိုက်စေရုံသာ ရှိမည်။

ဆုမိဘများသည် ဆုရှစ်ပေကို ခွင့်လွှတ်မှာ မဟုတ်ဟု ဆိုခဲ့ပြီး အထုတ်အပိုးများ ပြင်ဆင်ပြီး ယခုပဲ ထွက်သွားခိုင်း၏။ နောင်ကျ သူမနှင့် ဆက်ဆံရေးကို ဖြတ်တောက် လိုက်မှာပဲ ဖြစ်သည်။

ဆုရှစ်ပေက အငိုမရပ်တော့ပေ။ နောက်ဆုံး၌ ဆုမိဘများသည် သူမ ဤအတိုင်း ဆက်လုပ်နေပါက ရဲခေါ်မည်ဖြစ်ကြောင်း သူမအလုပ်နေရာအထိ စကားဖြန့်မည် ဖြစ်ကြောင်း ပြောခဲ့သည်။

ဒီတော့မှ ဆုရှစ်ပေသည် ငိုယို ထုတ်ပိုးကာ ထွက်သွားတော့သည်။

ထန်ကျားမင်က ဘာမှ မပြောခဲ့ပေ။ သူသည် အရင်ဆုံး သူ၏ ဇနီး ခွဲစိတ်တာ လိုက်ပေးဖို့ ပြင်ဆင်ထားသည်။ ပြီးနောက် သူ့ဇနီး ကိစ္စအခြေကျပြီးမှ ဆုရှစ်ပေ၏ ကိစ္စကို ဖြေရှင်းမှာ ဖြစ်သည်။

သူ၌ ကောင်းမွန်သည့် မိသားစု နောက်ခံရှိပြီး ကျန်းရွှေမြို့၌ အဆက်အသွယ် တချို့ရှိ၏။ ထို့ကြောင့် တစ်စုံတစ်ယောက်ကို လက်စားချေဖို့ လွဘ်သည်။ ဆုရှစ်ပေ လုပ်ရပ်အတိုင်း လုပ်မည်။

နည်းလမ်းများက ရှိပေ၏။ သူသည် ဥပဒေ ချိုးဖောက်ရန် မရည်ရွယ်ထားပေ။ သို့သော် သူက ကုမ္မဏီတစ်ခုကို ဦးစီးနိုင်သူ ဖြစ်၏။ သူက ပေါ့သေးသေး မဟုတ်ပေ။ သူ့၌ သူတို့ကို အနိုင်ကျင့်ရန် နည်းလမ်းများစွာ ရှိသည်။

******

All Chapters