အခန်း ၉၅
Vol. 10 Ch. 95
95 01
အပိုင်း 95
ယွင်ယွီသည် နောက်ဆက်တွဲ ကိစ္စများကို အာရုံ သိပ်မစိုက်ခဲ့ပေ။ နှစ်ရက်ကြာပြီးနောက် သူမသည် အသက် ၄၀ အရွယ် ဝန်းကျင်ခန့် ရှိသည့် လူရွယ်တစ်ဦးက ကျန်းချန်မြို့ရှိ အဆောက်အအုံတစ်ခု၌ ရုတ်တရက် သေဆုံးသွားကြောင်း သတင်းစာထဲ၌ သတင်းတစ်ခု တွေ့လိုက်ရ၏။
လူရွယ်သည် ဧည့်ခန်းထဲမှ ပြုတ်ကျတာ ဖြစ်ပြီး သူ၏ အင်္ကျီ ကော်လံ၌ သွေးများ လွှမ်းနေကာ သူ၏ပါးစပ်မှ သွေးအန်ထားသည်။ အလောင်းခွဲစိတ် စစ်ဆေးချက်အရ ကိုယ်အတွင်း သွေးယိုစိမ့်ကြောင်း ပြသခဲ့၏။ သူ၏အိမ်၌ ခြေရာခံ ကင်မရာများ တပ်ဆင်ထား၏။ သူက ဧည့်ခန်းထဲတွင် အိပ်နေစဉ် ရုတ်တရက် သွေးအန်ပြီး မြေကြီးပေါ် ပြုတ်ကျ သေဆုံးခဲ့ကြောင်း ပြသထားသည်။
သတင်းထဲတွင် ပြောထားသည်က ထိုလူ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းသည် ဖုန်းရွှေဟု ဆိုထားသည်။
သွေးအန်ပြီး ရုတ်တရက် သေဆုံးခြင်းကမှု စီစီတီဗီထဲ၌ အခြားသူ မရှိ။ ထို့ကြောင့် အိမ်တွင် သတ်သေတာ မဖြစ်နိုင်ပေ။ သူ၌ မနာမကျန်းမှု တစ်ခုခု ရှိတာ ဖြစ်လောက်ပေသည်။ ဤအလောင်း ခွဲစိတ်စစ်ဆေးမှုက မပြီးသေးသောကြောင့် ရလဒ်က ရှင်းရှင်းလင်းလင်း မသိရသေးပေ။
လူတို့သည် နှစ်စဉ်နှစ်တိုင်း ရုတ်တရက် သေဆုံးနေ၏၊ သို့သော် ဤသတင်းကမှု လူထု၏အာရုံစိုက်မှု မရသွားပေ။
ယွင်ယွီက စဉ်းစားကြည့်လိုက်မိပြီးနောက် ဤလူရွယ်သည် ဆုရှင်ရင်ကို ဒုက္ခပေးရန် ဆုရှစ်ပေကို အောက်လမ်းပညာသုံးရန် ကူညီပေးခဲ့သည့် ဖုန်းရွှေပညာရှင် ဖြစ်လိမ့်မည်။
သူမက သူ၏ မန်တျန်ကို ပျက်စီးခဲ့သည်။ ဤလူ၏ ကျင့်ကြံမှုသည် သူမထက် နိမ့်လောက်ပေ၏။ ထို့ကြောင့် သူ ရုတ်တရက် သေဆုံးသွားတာပဲ ဖြစ်မည်။
သူမက အပြစ်မကင်းမှုကို မခံစားရပေ။ သူမ မည်သူနှင့်မှ အငြိုးအတေး မရှိ။ ပိုက်ဆံရှာရန်အတွက် အပြစ်ကင်းသည့် လူများကို ထိုလူက ဒုက္ခပေးခဲ့ခြင်းလည်း ဖြစ်သည်။ သူ၏ သေဆုံးမှုက သနားရန် မထိုက်တန်။
ယွင်ယွီသည် နောင်ဖြစ်ပျက်သည့် အရာများကို ဂရုမစိုက်ခဲ့ပေ။ သို့သော် ရက်တချို့ကြာပြီးနောက် ရှန့်ယုံသည် သူမကို ဖုန်းခေါ်လျှက် ဆုရှင်ရင်က ဦးနှောက်အကျိတ် ခွဲစိတ်ခဲ့ကြောင်း ပြောခဲ့သည်။ ခွဲစိတ်မှု လုပ်ငန်းစဉ်က ချောမွေ့ခဲ့ကာ သူမ ပြန်ကောင်းလာတော့သည်။ သူမကိုယ်သူမ ဂရုစိုက်ပြီးနောက် နောက်ဆက်တွဲ ဆိုးကျိုး ရှိတော့မှာ မဟုတ်ပေ။
ဆုမိသားစုက သူမကို ကျေးဇူးတင်ရှိကြောင်း ပြောပြီး သူ့ကိုလည်း သတင်းပါးခိုင်းလိုက်၏။
ယွင်ယွီသည် ထို့စကားကို ကြားပြီးနောက် ပြုံးလိုက်တော့သည်။ ဆုရှင်ရင်၌ ကောင်းမွန်သည့် မျက်နှာရှိပြီး အသက်ရှည်ခြင်းနှင့် အိမ်ထောင်ရေး ကံကောင်းကြောင်း ညွှန်ပြနေသည့် မျက်နှာ ဖြစ်၏။ သူမခင်ပွန်းက သူမကို တစ်သက်လုံး ချစ်မြတ်နိုးနေပြီး သူ့ကလေးများကလည်း သူ့မအပေါ်သာ သမီးဝတ္တရား ကျေပွန်လိမ့်မည်။ သူမက ကောင်းချီး ပေးခံရသည့် မျက်နှာမျိုး ရှိ၏။
ချင်ယွီစွေသည် စက်တင်ဘာလ တစ်ရက်နေ့တွင် ဟယ်ချင်းရွာမှ ထွက်သွားပြီး သူ၏အသင်းသားများနှင့် တွေ့ဆုံရန် မြို့တော်သို့ ပြန်လာခဲ့သည်။ သူက လေယာဉ်စီးပြီး ညနေ၌ နိုင်ငံခြားသို့ တိုက်ရိုက် ထွက်သွားခဲ့၏။ လေယာဉ်က ၁၃ နာရီ၊ ၁၄ နာရီကြာပြီး တော်တော်လေး ရှည်ကြာသည့် ခရီးစဉ် ဖြစ်ခဲ့သည်။
ဤကယ်ဆယ်ရေး တာဝန်က တော်တော်လေး ခက်ခဲသည့်အကြောင်းမှာ အဖွဲ့အစည်း၌ လူအရေအတွက် များပြီး ယခင်က လွှတ်လိုက်သည့် နှစ်ဖွဲ့လုံး ပြန်ရောက်မလာသောကြောင့် ဖြစ်သည်။
သိပ္ပံပညာရှင်များကို ကယ်တင်ရမှာပဲ ဖြစ်သည်။ ထို့လူများသည် အမိမြေအတွက် အကျိုးဆောင်ခဲ့သည့် လူများ ဖြစ်၏။ သူတို့ထဲမှ လူတစ်ယောက်သည် အမိမြေအတွက် များစွာ အကျိုးပြုခဲ့သည်။ သူတို့အားလုံးက လေးစားခံရရန် ထိုက်တန်ပေ၏။
အသင်းသားများနှင့် ဟိုတယ်တွင် တွေ့ဆုံပြီးနောက် ချင်ယွီစွေသည် ယွင်ယွီ သူ့အား ပေးလိုက်သည့် အဆောင်များ ဖြန့်ဖြူးပေးလိုက်သည်။
ဤမစ်ရှင်၌ စုစုပေါင်း လူခြောက်ယောက် ပါရှိပြီး အမျိုးသား ငါးယောက်နှင့် အမျိုးသမီး တစ်ယောက် ဖြစ်သည်။ သူက အဖွဲ့ခေါင်းဆောင် ဖြစ်သည်။ သူ၏ မိတ်ဆွေကောင်းကလည်း ဒုခေါင်းဆောင် ဖြစ်သည်။
95 02
အမျိုးမျိုးသော အဆောင်များ၏ အာနိသင်ကို သူ၏အသင်းသားများဆီ ရှင်းပြပြီးနောက် ရှဲ့လဲ့က စနောက်လျှက် ပြောလိုက်သည်။
“ကပ္ပတိန် ဒီအဆောင်တွေကို ဘယ်က ရလာတာလဲ”
ရှဲ့လဲ့သည်လည်း မြို့တော်မှ လာတာ ဖြစ်သည်။ ကပ္ပတိန်၏ မိသားစုနောက်ခံနှင့် လုံ မိသားစု၏ ဘိုးဘေးများအကြောင်း သိသည်။ ထို့ကြောင့် သူက ရုပ်လွန်ပညာရပ်နှင့် ဖုန်းရွှေပညာကို အလွန် ယုံကြည်သည်။ ဤအဆောင်များကို လုံမိသားစုက ပေးခဲ့တာဟု ထင်သော်ငြား ဘိုးဘေးလုံသည် အတိတ်တုန်းက အသက်ရှိထင်ရှားရှိစဉ် ကပ္ပတိန်၏ တာဝန်များ၌ ဝင်ရောက် စွတ်ဖက်တာ ရှားသည်။
ချင်ယွီစွေက တည်ငြိမ်စွာ ပြောလိုက်၏။
“ငါရဲ့ဇနီး ပေးထားတာ။ ဒီအဆောင်တွေကို ဘယ်လို သုံးရမယ် မှတ်ထား”
ရှဲ့လဲ့က ရေသောက်နေစဉ် ထွေးထုတ်မိသွားလေ၏။ ကျန်သည့် အသင်းသား လေးယောက်ကတောင် မှင်သက် သွားသည်။ ရှဲ့လဲ့က သူ့ကို ဆိုးဆိုးရွားရွား ကြည့်ကာ ပြောလိုက်၏။
“ခေါင်းဆောင် လက်ထပ်လိုက်ပြီလား။ မင်္ဂလာဆောင်ကို ဘာလို့ မဖိတ်တာလဲ”
“ဟုတ်သားပဲ ဘော့စ်”
အဖွဲ့၏ တစ်ဉီးတည်းသော အမျိုးသမီး ဖြစ်သည့် ယွီနီကမှု မပြောဘဲ မနေနိုင်တော့ပေ။
“ရှင် မင်္ဂလာဆောင်တာ ကျွန်မတို့ကိုတောင် မဖိတ်ဘူး”
သူမသည် အသင်းထဲရှိ တစ်ဉီးတည်းသော အမျိုးသမီး ဖြစ်ပြီး သူမနာမည်က နိုင်ငံခြားဆန်နေသော်ငှား သူမသည် တရုတ်လူမျိုး စစ်စစ်ဖြစ်ပြီး အရည်အချင်းကောင်းများ ရှိသည်။ သူမက ပထမတန်းစား အရည်အချင်းများရှိပြီး တိုင်းပြည်၏ ထိပ်တန်း ဗုံးဖယ်ရှားရေး ကျွမ်းကျင်သူ တစ်ယောက်လည်း ဖြစ်၏။
ရှဲ့လဲ့ကမူ သာလွန်သည့် အပစ်ခတ် ကျွမ်းကျင်သည့် သေနတ်သမားတစ်ယောက်ဖြစ်သည်။
ကျန်သည့် အသင်းသားများကလည်း ကိုယ်ပိုင် အရည်အချင်း ကိုယ်စီ ရှိကြပြီး ကမ္ဘပေါ်၌ ထိပ်တန်း ပါရမီရှင်များ ဖြစ်သည်။
အသင်းသားများသည် သူတို့၏ ကပ္ပတိန်က လက်ထပ်သွားလိမ့်ဟု မထင်ထားပေ။ သူ တစ်သက်လုံး တစ်ကိုယ်တည်း ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်ခဲ့၏။
ထို့အကြောင်းအရာကို ပြောချိန်၌ ချင်ယွီစွေ၏ အကြည့်တို့က အနည်းငယ် နူးညံသွားလေရာ သူ့အသင်းသားများကို မှင်သက်သွားစေသည်။
ချင်ယွီစွေက ပြောလိုက်သည်။
“ငါတို့ လက်ထပ်စာချုပ် ယူထားရုံပဲ။ မင်္ဂလာဆောင်ပွဲက နှစ်လအတွင်း ကျင်းပလိမ့်မယ်။ မင်းတို့ကို ဖိတ်မှာ”
ရှဲ့လဲ့က တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး တအံတဩ ပြောလိုက်သည်။
“ကပ္ပတိန် မရီးက အရင်တုန်းက ကျွန်တော့်ကို ကပ္ပတိန် စစ်ဆေးခိုင်းတဲ့ လူများလား”
သူသည် မြို့ထဲရှိ ကလပ်၌ ကပ္ပတိန်၏ ထိန်းချုပ်မှု ကင်းမဲ့သွားသည့် အချက်ကို ကောင်းစွာ သတိပြုမိခဲ့ပြီး ထိုမိန်းကလေးရှိသည့် အခန်းဆီ မတော်တဆ မှားဝင်ခဲ့မိကြောင်း သိထား၏။ နောက်ပိုင်းကျ ကပ္ပတိန်သည် ထိုမိန်းကလေးအကြောင်း စုံစမ်းစစ်ဆေးခဲ့ဖူးသည်။ ထို့ကြောင့် ဤမိန်းကလေး၏ နောက်ခံကို အလွန်ကောင်းမွန်စွာ သိသည်။ ကပ္ပတိန်က မိန်းကလေး၏ မွေးရပ်မြေ၌ အိမ်နှစ်လုံး ဆောက်ပေးထားကြောင်းလည်း သူသိ၏။ ထို့စဉ်က ကပ္ပတိန်က မိန်းကလေးအတွက် ဖြည့်ဆည်းပေးချင်ရုံဟုသာ ထင်ခဲ့သည်။ သို့သော် ယခုကြည့်မိချိန်တွင်
ခေါင်းဆောင်သည် နောင်ကျ ဟယ်ချင်းရွာ၌ အခြေကျလိမ့်မည်ဟု မထင်ခဲ့မိပေ။
“သူပဲ”
ချင်ယွီစွေက မငြင်းဆန်ခဲ့ပေ။ သူနှင့် ယွင်ယွီတို့သည် သူတို့၏ မင်္ဂလာဆောင်သို့ ချင်မိသားစုကို ဖိတ်ကြားစရာ မလိုအပ်ပေ။ ကောင်းတူဆိုးဖက် ဖြတ်ကျော်ခဲ့သည့် အသင်းသားများကိုမှု ဖိတ်မှာပဲ ဖြစ်သည်။
ရှဲ့လဲ့က ခဏတစ်ဖြုတ် စွံ့အသွားပြီး ဘာပြောရမယ်မှန်း မသိတော့ပေ။ နောက်ဆုံး၌ သူက ပြောလိုက်၏။
95 03
“ဒါဆို ကပ္ပတိန် အားလုံး အဆင်ပြေဖို့ ဆုတောင်းပေးပါတယ်။ ကပ္ပတိန်နှင့် ဇနီး ပျော်ပျော်ရွှင်ရွှင် လက်ထပ်ပြီး မကြာခင် သားလေး ရပါစေ”
“မကြာခင် ကလေး ရပါစေ” ဟုသည့် စကားကို ကြားသောအခါ ချင်ယွီစွေက ရှဲ့လဲ့ကို တစ်ချက် ကြည့်ပြီး ဘာမှ ထပ်မပြောတော့ပေ။
ကျန်သည့် အသင်းသားများကလည်း ရယ်မောလိုက်၏။
“ဂုဏ်ပါတယ် ခေါင်းဆောင်။ ခေါင်းဆောင်နဲ့ ခေါင်းဆောင် ဇနီးတို့ အသက်ရှည်ပြီး ပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ထောင်ရေး ရရှိပါစေ”
ချင်ယွီစွေက ခေါင်းညိတ်လိုက်၏။
“ကျေးဇူးပဲ။ အခုတော့ တာဝန်အကြောင်း ဆွေးနွေး ရအောင်”
တာဝန်အကြောင်းကို ထည့်ပြောလိုက်ချိန်တွင် အသင်းသားများစွာသည် ချက်ချင်းပင် သူတို့ အကောင်းဆုံး အသွင်ဆီ ပြန်ရောက်လာကာ စိတ်အေးလက်အေး အမှုအယာများ ပျောက်ကွယ်သွား၏။ ရှဲ့လဲ့က မြေပုံကိုင်ထားပြီး ပြောလိုက်သည်။
“ဒီမစ်ရှင်မှာ အခက်ခဲဆုံးအပိုင်းက ရန်သူမှာ လူများလွန်းနေပြီး စွန့်ပစ်ထားတဲ့ စက်ရုံကြီးကို သိမ်းပိုက်ထားတာပဲ။ အစောင့်အကြပ် ထူထပ်ပြီး လက်နက် ပြည့်စုံတယ်။ ဖောက်ဝင်ဖို့ မဖြစ်နိုင် သလောက်ပဲ။ လုပ်သင့်တာက ခိုးဝင်ပြီး သူတို့ကို ဘယ်လို ကယ်မလဲဆိုတာ စဉ်းစားဖို့ပဲ”
ယွီနီက ထပ်ပြောလိုက်၏။
“အရင်သွားတဲ့ နှစ်ဖွဲ့က အပြည့်အဝ ရှင်းထုတ်ခံလိုက်ရပြီး သူတို့ ပြန်မလာသည့် တစ်ခုတည်းသော အချက်အလက်က ဒါပဲ။ ဒီစွန့်ပစ်ခံ စက်ရုံကြီးရဲ့ သရီးဒီ မြေပုံပဲ”
ချင်ယွီစွေက ပြောလိုက်၏။
“မြေပုံဖွင့်လိုက်”
ရှဲ့လဲ့က ကွန်ပြူတာကို ဖွင့်လိုက်ရာ စက်ရုံတစ်ခုလုံး၏ မြေမျက်နှာ အသွင်အပြင်နဲ့ အဆောက်အအုံက သူ့ရှေ့၌ ပေါ်လာသည်။
မြေပုံပေါ်ရှိ အနီရောင် အစက်များသည် ရန်သူတစ်ဖွဲ့ အရေအတွက် ဖြစ်ပြီး အရေအတွက် အတိအကျက ပိုဖို့သာ ရှိပြီး လျော့ရန် မရှိပေ။
ချင်ယွီစွေသည် မြေပုံကို ဂရုတစိုက် လေ့လာပြီး ယခင် အဖွဲ့နှစ်ဖွဲ့၏ စစ်ဆင်ရေးကို အစကနေ အဆုံးအထိ ကြည့်ခဲ့သည်။ နောက်ဆုံး၌ သူက အကောင်းဆုံး အစီအစဉ်ကို ရေးဆွဲလိုက်သည်။ ယခင် မစ်ရှင်နှစ်ခုအရ စက်ရုံသည် သီးခြား ဧရိယာတစ်ခုတွင် တည်ရှိပြီး ၎င်း၏ ရေအရင်းအမြစ်က ပျက်စီးနေ၏။ အပတ်စဉ်တိုင်းတွင် တစ်စုံတစ်ယောက်က စက်ရုံဆီသို့ ရေပေးရန်နှင့် အစားအသောက်ပမာဏများစွာ ပို့ပေးသည်။
စက်ရုံအတွင်းသို့ ဝင်ပြီးနောက် ရုပ်ဖျက်ထားသည့် အလုပ်သမားများက လူခွဲကာ ဓားစာခံများကို ရှာဖွေ့ရန်နှင့် သူတို့ကို ကယ်ဆယ်ရန် တတ်နိုင်သမျှ ဆောင်ရွက်မည်။
အချိန်က အလွန်ကြပ်ပေ၏။ စက်ရုံတစ်ခုလုံးကို ရှာဖွေရန် အချိန် ၁၀ မိနစ်ခန့်သာ ရှိသည်။ နာရီပေါင်းများစွာ ဆွေးနွေးပြီးနောက် အကောင်းဆုံး အစီအစဉ်ကို ဖော်ထုတ်ခဲ့ပြီ ဖြစ်သည်။
ချင်ယွီစွေက ထပ်ပြောလိုက်၏။
“အရင် နှစ်ဖွဲ့က လူတွေက မြို့တော်မှ အတော်ဆုံး အရည်အချင်း ရှိတဲ့ လူတွေ။ ဒါပေမဲ့ သူတို့ ရှင်းထုတ်ခံလိုက်ရပြီး သူတို့ အလောင်းတွေ ပျောက်နေတယ်။ ဒါကြောင့် ဒီတာဝန်ရဲ့ ခက်ခဲမှုက S အဆင့်ပဲ။ အထဲဝင်သွားပြီးရင် မထင်မှတ်ထားတဲ့ အခြေအနေတွေ ပေါ်လာနိုင်ခြေရှိတယ်။ ဒီအဖွဲ့အစည်းထဲမှာ အင်မတန် အစွမ်းထက်တဲ့ လူတွေ ရှိတယ်။ ဒါပေမဲ့ ဘယ်သူတွေလဲ ငါတို့ မသိဘူး။ ဒါကြောင့် ငါတို့ အထဲဝင်တာနဲ့ ဂရုစိုက်ရမယ်။ သတိထားရမယ်။ အခြေအနေပေါ် မူတည်ပြီး လှုပ်ရှားရဲပြီး ဒေါက်တာ ချန်းကို တတ်နိုင်သမျှ မြန်မြန် ရှာရမယ်”
ဤမတော်တဆမှုသည် ဒေါက်တာချန်းက သိပွံသုတေသန ပရောဂျက်တစ်ခု ပါဝင်ရန် နိုင်ငံခြားသို့ သွားစဉ် မထင်မှတ်ထားဘဲ ပြန်ပေးဆွဲ ခံရတာပဲ ဖြစ်သည်။ ပြန်ပေးဆွဲသူများက စည်းမျဉ်းဉပဒေ မရှိပဲ သူတို့ကို သတ်ဖြတ်သည့် ရက်စက်ကြမ်းကြုတ်သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ဒေါက်တာ ချန်း၏ အထောက်အထားကို သိပြီးနောက် သူတို့က သူ့ကို ထိန်းထားပြီး ပြန်ရွေးမည့်ငွေ လိုချင်ခဲ့သည်။ ငွေပေးဖို့က မဖြစ်နိုင် တစ်စုံတစ်ယောက်က ရှေ့တိုးပြီး မေးဖို့ကလည်း မဖြစ်နိုင်။ ထို့ကြောင့် တစ်ခုတည်းသော နည်းလမ်းက လူကို သိုသိုသိပ်သိပ် ကယ်တင်ရန်ပဲ ဖြစ်သည်။
95 04
မကြာမှီ၌ ညနေစောင်းတွင် လေယာဉ်စီးရန် အချိန် ရောက်လာပြီပဲ ဖြစ်သည်။ ၁၅ နာရီ အကြာ၌ လူ ၆ ယောက်က တိုင်းပါးမြေသို့ ခြေချခဲ့၏။
ရှေ့ဉီးစွာ သူတို့သည် နှစ်နာရီခန့် အနားယူ စားသောက်ရန် နေရာ တစ်နေရာ ရှာခဲ့သည်။ ပြီးနောက် အစီအစဉ်ကို ထပ်မံ့ အတည်ပြုခဲ့သည်။ သို့သော် စက်ရုံသို့ အစားအသောက်နှင့် ရေများ ပို့ပြီးခါစ ဖြစ်၏။ ထို့ကြောင့် တစ်ပတ် စောင့်ရအုန်းမည်။
တစ်ပတ်ခန့် ကြာပြီးနောက် လူ ၆ ယောက်သည် သူတို့ကိုယ် သူတို့ အောင်မြင်စွာ ရုပ်ဖျက်လျှက် စက်ရုံထဲ ခိုးဝင်ခဲ့သည်။ ထို့ကာလအတွင်း ဒေါက်တာချန်းက ဆိုးဆိုးရွားရွား ညှင်းပန်း နှိပ်စက်ခံထားရ၏။ သို့သော်ငှား သူက ကယ်ဆယ် ခံရဖို့သာ စောင့်နေနိုင်သည်။
လူ ၆ ယောက်က သုံးစုခွဲသွားသည်။ စက်ရုံထဲ ဝင်ပြီးနောက် သူတို့သည် ဤအဖွဲ့အစည်းက ခိုင်မာ တင်းကြပ်မှု မရှိကြောင်း ရှာတွေ့သွား၏။ လုံလောက်သည့် လက်နက်အင်အားမှအပ အဖွဲ့ဝင်များသည် လျော့တိလျော့ရွဲ နိုင်ကာ ရယ်မော၊ သောက်စား၊ လောင်းကစား လုပ်နေကြသည်။ ဆူညံသံမျိုးစုံလည်း ရှိနေသေး၏။ သူတို့ကိုယ်ပေါ်၌ ကိုယ်ပျောက်အဆောင်များ ရှိနေ၏။ ရံဖန်ရံခါ၌ တစ်စုံတစ်ယောက်သည် ရှဲ့လဲ့နှင့် ယွီနီကို စစ်ဆေးကြည့်ခဲ့သော်ငှား မည်သည့်မှ မှုမမှန်မှုကိုမှ မတွေ့ခဲ့ပေ။ သူတို့ကို မြင်သည့် လူများကမှု သူတို့ လူဟုသာ ထင်ကြပြီး တည်ရှိမှုကို အာရုံ မခံမိသလောက် ရှိနေသည်။
ရှဲ့လဲ့နှင့် ယွီနီတို့က အရှေ့တောင်ဘက်ခြမ်းဆီ ရှာဖွေ့ပြီး အခန်းအားလုံးကို လျင်မြန်စွာ ရှာဖွေ့ခဲ့၏။
သူတို့သည် သူတို့အသင်းကို အာရုံမစိုက်သည့် လူနှစ်ဖွဲ့၊ သုံးဖွဲ့ကို သတိပြုမိသည့်အချိန်တွင် ရှဲ့လဲ့က မပြောဘဲ မနေနိုင်တော့ပေ။
“ကိုယ်ပျောက်အဆောင်ရဲ့ အကျိုးသက်ရောက်မှုက ကောင်းလိုက်တာ”
ယင်းသည် အန္တရာယ်အဆင့်ကို လျော့ချပေးသည်။
သူတို့သည် အရှေ့တောင်ဘက်ရှိ နောက်ဆုံးအခန်းကို သွက်သွက်လေး ရှာဖွေ့ခဲ့သည်။ ယင်းက ရုံးခန်းဖြစ်လောက်ပေ၏။ အတော်အတန် ကျယ်ဝန်းပြီး တံခါးကို ဖွင့်လိုက်ချိန်တွင် အတော်လေး ကြီးမားသည့် အခန်း ဖြစ်နေတာကို တွေ့လိုက်ရသည်။ အထဲ၌ တိတ်ဆိတ်ပြီး အလင်းရောင် မှိန်မှိန်သာ ရှိနေသေးကာ အခန်းများတွင် လိုက်ကာများ ဆွဲထားသည်။ ကျွမ်းကျင်စွာ လေ့ကျင့်ပြီးနောက် သူတို့နှစ်ယောက်သည် အမှောင်ထဲ၌ အရာဝထ္တုများကို လျင်မြန်စွာ မြင်နိုင်၏။ အခန်းကို လျင်မြန်စွာ ရှာဖွေ့လိုက်ကြသည်။
သူတို့သည် အခန်းတံခါးကို တွန်းဖွင့်လိုက်ချိန်တွင် အခန်း၏ ထောင့်၌ ကြိုးတုပ်ခံထားရသည့် လူတစ်ယောက်ကို လျင်မြန်စွာ ရှာတွေ့သွား၏။
ရှဲ့လဲ့က အထဲသို့ လျှောက်သွားလိုက်ပြီး အနားကပ်ကာ မေးလိုက်တော့သည်။
“ဒေါက်တာ ချန်းလား”
ထို့လူက ညည်းထွားနေ၏။ အခြေအနေ မကောင်းတာ ဖြစ်လောက်သည်။ ရှဲ့လဲ့က ရှေ့သို့ လျှောက်သွားကာ သူ့ကို ဂရုတစိုက် စစ်ဆေးလိုက်သည်။ ဤလူက ဒေါက်တာချန်းပဲ ဖြစ်၏။ သူက ချက်ချင်းပင် လက်ကောက်ဝတ်ပေါ်ရှိ နာရီကို ဖိလိုက်၏။ နောက်ဆုံးပေါ် ရေဒီယို ဆက်သွယ်ရေး တည်နေရာပြ ကိရိယာ ဖြစ်သည်။ ကိုဩဒီနှိပ်ကို ပို့ဆောင်ပေးပြီးနောက် ရှဲ့လဲ့နှင့် ယွီနီတို့ကမှု ထို့လူကို လျင်မြန်စွာ ကြိုးဖြည်ပေးပြီး ထွက်ခွာရန် ပြင်ဆင်လိုက်၏။ ကျန်သည့် အသင်းသားများက သူတို့နှင့် ချက်ချင်း တွေ့ဆုံနိုင်သည်။ ထို့အချိန်ကျ သူတို့ လျင်မြန်စွာ ထွက်သွားရမည်။
သူတို့က အခန်းအပြင်ဘက်သို့ ရောက်ပြီး ဧည့်ခန်းထဲသို့ ရောက်လျှင်ရောက်ချင်း လူခေါင်းနှင့် တူသည့် တစ်စုံတစ်ခုက ဒေါက်တာ ချန်းဆီသို့ တိုးဝင်လာ၏။
ထို့လူနှစ်ယောက်က ဒေါက်တာ ချန်းကို အဝေးသို့ လျင်မြန်စွာ တွန်းထုတ်လိုက်၏။ ယွီနီသည် ထို့လူခေါင်းကို ကန်ထုတ်လိုက်သည်။
အနီးကပ်ကြည့်မိလေရာ ယင်းသည် လူခေါင်းနှင့်တူတာ မဟုတ်ပဲ အစစ်အမှန် လူခေါင်းဖြစ်နေတာ တွေ့လိုက်ရ၏။ ဆံပင်ရှည်နေပေ၏။ အတန်ငယ်ဝေးနေသော ယောင်္ကျားလား မိန်းမလား မခွဲခြားနိုင်ပေ။
ရှဲ့လဲ့က ကျိန်ဆဲလိုက်ပြီး နောက်ဆုံး၌ ယခင် နှစ်ဖွဲ့ သုတ်သင်ခံရသည့် အကြောင်းအရင်းကို နားလည် သဘောပေါက်သွားတော့သည်။ လူခေါင်းက ထလာပြီး သူတို့ကို တိုက်ခိုက်၏။ ယင်းက သိပ္ပံနည်းပညာထက် ကျော်လွန်နေသည်။
ထိုလူ၏ ခေါင်းသည် ယွီနီ ကန်ထုတ်တာ ခံရပြီးနောက် ယွီနီဆီ ဒေါသတကြီး ပျံသန်းသွား၏။
95 05
ယခုအခေါက်တွင် ထို့လူနှစ်ယောက်၏ တိုက်ခိုက်မှုကို အလွန် လျင်မြန်စွာ ရှောင်တိမ်းနေပြီး ထို့လူနှစ်ယောက်၏ အလစ်အငိုက် တိုက်ခိုက်မှုက ယွီနီ၏ ပုခုံးကို ထိခိုက်သွားစေသည်။ နောက်ဆုံး၌ ၎င်းက ရုတ်တရက် အော်ကာ နောက်ဆုတ်လိုက်၏။ ၎င်းကတောင် ပြောလိုက်သေးသည်။
“မင်းမှာ ဘာတွေ ရှိနေတာလဲ”
ထို့အသံက အလွန် စူးရှသည့် အမျိုးသားအသံ ဖြစ်သည်။
ယင်းသည် တရုတ်ဘာသာစကားကို ပြောနေတာ မဟုတ်ပဲ အရှေ့တောင်အာရှ ဘာသာစကားကို ပြောနေတာပဲ ဖြစ်သည်။ ရှဲ့လဲ့နှင့် သူ၏လုပ်ဖော်ကိုင်ဖက်များက ဘာသာစကားအမျိုးမျိုးသော နိုင်ငံများမှ ဘာသာစကား ၂၀ ကျော် ကျွမ်းကျင်သည့်သူ ဖြစ်၏။ ထို့ကြောင့် ၎င်းကို နားလည်နိုင်သည်။
ထို့လူနှစ်ယောက်က ဘာမှ မပြောဘဲ ခေါင်းကို ဆက်တိုက်ခိုက်တော့သည်။
++++++