← Chapters

အခန်း ၉၆

Vol. 10 Ch. 96

အခန်း ၉၆

Vol. 10 Ch. 96

96 01

အပိုင်း 96

မကြာမှီ၌ အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရပြီး ဆူညံသံမျိုးစုံနှင့် သေနတ်သံများ ကြားလိုက်ရသည်။

တံခါးကို တွန်းဖွင့်ခံလိုက်ရပြီး ချင်ယွီစွေနှင့် ကျန်သည့် အသင်းသား သုံးယောက်ကလည်း အထဲသို့ အမြန်ဝင်လာကာ သံမဏိတံခါးကို အမြန်ပိတ်လိုက်၏။ တံခါးဝရှိ ဆူညံများက နီးသထက်နီးလာပြီး ဘာသာစကားသံမျိုးစုံ၊ ကျိန်ဆဲမျိုးစုံများ ပြည့်နေတော့သည်။

ချင်ယွီစွေက ချက်ချင်း ပြောလိုက်လေ၏။

“ရှဲ့လဲ့ကို ငါ သွားကူလိုက်မယ်။ အပြင်က လူတွေကို ကာထား”

ကျန်သည့် လူသုံးယောက်သည် အကောင်းဆုံး တိုက်ခိုက်ရေး နေရာကို ချက်ချင်း ရှာဖွေ့လိုက်၏။ အခန်းက မှောင်မဲနေ၏။ ထို့ကြောင့် သူတို့သည် သံမဏိတံခါးကို ပိတ်ဆို့ထားပြီး ပြတင်းပေါက်၌ နေရာယူလိုက်သည်။ အပြင်ဘက်ရှိ လူများက ခဏတော့ ဝင်လာနိုင်အုန်းမှာ မဟုတ်ပေ။

ချင်ယွီစွေက ရှဲ့လဲ့နှင့် ယွီနီကြား တိုက်ပွဲထဲ ဝင်ပါလိုက်၏။ ထို့ လူခေါင်းသည် အရှေ့တောင်အာရှမှ ဦးခေါင်း ဖြစ်မည်ဟု မှတ်မိလိုက်၏။ ဤ ဉီးခေါင်းသည် လူသုံးယောက်ကို မတိုက်ခိုက်နိုင်ပေ။ သို့သော် သူတို့ ထပ်တလဲလဲ ကန်ကျောက်တာ ခံနေရ၏။ ၎င်းက ဒေါသထွက်လာပြီး ပိုမြှင့်သည့် နေရာသို့ သွားကာ အိမ်ထဲရှိ လူအုပ်အားလုံးကို ငုံကြည့်ပြီး တဖြည်းဖြည်းချင်း သူတို့နားမလည်နိုင်သည့် စကားလုံးများ ရွတ်ဆိုလိုက်၏။ ပြီးနောက် ပတ်ဝန်းကျင်က အေးစက်လာကာ သူတို့နား၌ တစ်စုံတစ်ခု ပေါ်လာတော့သည်။

ချင်ယွီစွေ၏ မျက်လုံးက မည်းမှောင်သွားတော့သည်။ သူသည် သူ၏အိတ်ကပ်ထဲမှ အဆောင်တစ်ခုကို ထုတ်ကာ ဒေါက်တာချန်း၏ အိတ်ကပ်ထဲ ထည့်ထားပြီး သူ့ကို ထောင့်တွင် ဝှက်ထားလိုက်သည်။

ခြောက်ခြားဖွယ် သရဲသံမျိုးစုံက သူတို့နားတွင် ကြားလိုက်ရပုံပေါ်၏။ သူတို့ မမြင်နိုင်သော်ငြား ခံစားမိ၏။

“မိုးကြိုး ငါးသွယ် အဆောင်ကို ထုတ်လိုက်”

ချင်ယွီစွေက ပြောလိုက်သည်။

အသင်းသားများသည် မိုးကြိုး ငါးသွယ်အဆောင်များကို လျင်မြန်စွာ ထုတ်လိုက်၏။ ယခု အခေါက်တွင် မရီးက သူတို့အတွက် အဆောင်များ ပြင်ဆင်ပေးထားသည်။ သရဲ ဉီးခေါင်းသည် သူတို့၏ ကိုယ်ပေါ်ရှိ အဆောင်ကြောင့် သူတို့နား မကပ်နိုင်မှန်း အားလုံး သိကြသည်။ မဟုတ်လျှင် သူတို့ အစောကတည်းက သေပြီးလောက်ပြီ ဖြစ်သည်။

သူတို့ မမြင်နိုင်သော်ငြား အမြင်အာရုံက အလွန် ရှင်းလင်းပေ၏။ မိုးကြိုး ငါးသွယ်အဆောင်ကို ထုတ်ပြီးသည့်နှင့် ခြောက်ခြားဖွယ် စူးရှသော အော်သံများကို သူတို့ နားတွင် ကြားနေရသည်။

အဝေး၌ မျောလွင့်နေသည့် ဦးခေါင်းက သူတို့ကို ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။

“မင်းတို့က ဘယ်သူတွေလဲ။ မင်းတို့ဆီမှာ ဘာကြောင့် မှော် ပစ္စည်းရှိနေတာလဲ”

ထို့ ဦးခေါင်းခွံ့၏ အမေးကို ဘယ်သူမှ ဖြေမှာ မဟုတ်ပေ။ ထိုလူဦးခေါင်းက သူတို့ကို စိုက်ကြည့်နေပြီး သူတို့ ဆင့်ခေါ်ထားသည့် မကောင်းဆိုးဝါး ဝိညာဉ်များက ပြဿနာ စရှာစဉ် ၎င်းက လူတချို့ဆီ ပျံသန်းသွားကာ သူတို့ကို ကိုက်ရန် ပါးစပ်ဟ လိုက်၏။ သို့သော် ၎င်းက ပူလောင်သည့် အထိအတွေ့ကို အမြဲတစေ ခံစားလိုက်ရပြီး မကိုက်နိုင် ဖြစ်နေတော့သည်။ ယင်းက အလွန် ဒေါသထွက်နေပြီး ချင်ယွီစွေ ကန်ထုတ်တာ ခံလိုက်ရ၏။ ပြီးနောက် မိုးကြိုးငါးသွယ်အဆောင်က သူ၏ မျက်နှာကို ရိုက်မိသွားတော့သည်။

မျက်နှာတစ်ခြမ်း လွင့်ထွက်သွားပြီး တစ်ခန်းလုံး စူးရှသည့် အော်သံများ ပြည့်သွားတော့၏။

မကောင်းဆိုးဝါး မိစ္ဆာများထံမှ ရူးသွပ်သော တိုက်ခိုက်မှုများ ပိုလိုက်ပါလာပြီး လူဦးခေါင်းကလည်း ထပ်မ တိုက်ခိုက်လာသည်။

အပြင်ဘက်၌ အဖွဲ့ဝင် သုံးဦးစောင့်ကြပ်နေသည်။ တစ်စုံတစ်ယောက် ဝင်လာပါက သေလိမ့်မည်။ ထိုအပြင်ဘက်ရှိ လူများက အချိန်ပြည့် တိုက်ခိုက်နိုင်မှာ မဟုတ်ပေ။

ချင်ယွီစွေက တည်ငြိမ်စွာ ပြောလိုက်သည်။

“လူခေါင်းကို တိုက်ခိုက်ဖို့ မိုးကြိုး ငါးသွယ်အဆောင်ကို သုံးဖို့ နည်းလမ်းတစ်ခု စဉ်းစား။ ဒီအတိုင်းဆို ကြာကြာ တောင့်မခံနိုင်မှာ စိုးရတယ်”

ရှဲ့လဲ့နှင့် ယွီနီတို့သည် လူခေါင်းကို တိုက်ခိုက်ရန် မိုးကြိုး ငါးသွယ်အဆောင် ချက်ချင်း အသုံးပြုလိုက်၏။ လူခေါင်းက စူးရှစွာ အော်လိုက်သည်။

“မင်းတို့ ဘာအကြောင်း ပြောနေတာလဲ။ ငါ မင်းတို့ အာလုံးရဲ့ သွေးကို စုပ်ပစ်မယ်။ ဘယ်သူကိုမှ အလွတ် မပေးဘူး”

96 02

သူတို့ကိုယ်များ၌ အဆောင်များ ရှိနေ၏။ ကျန်သည့် သတ္တဝါများကလည်း သူတို့နား မကပ်နိုင်ပေ။ ထို့ကြောင့် သူတို့သည် ဉီးခေါင်းများကို တိုက်ခိုက်ဖို့သာ အာရုံစိုက်နေ၏။ ဤခေါင်းသည် မိုးကြိုးငါးသွယ်အဆောင်ဖြင့် သုံးကြိမ် တိုက်ခိုက်တာ ခံခဲ့ရပြီး ၎င်းမျက်နှာ၌ သွေးများ ပြည့်နေပြီ ဖြစ်သည်။

ဤခေါင်းသည် မိုးကြိုး ငါးသွယ်အဆောင်ဖြင့် သုံးကြိမ် တိုက်ခိုက်ခံခဲ့ရ၏။ ၎င်းမျက်နှာ၌ သွေးများ ပေနေပြီဖြစ်သည်။ ဒေါသထွက်လွန်းသောကြောင့် စိတ်လွတ်လာပြီး သူသေရမည်ဆိုလျှင်တောင် တစ်စုံတစ်ယောက်ကို ဆွဲခေါ် သွားမည်ဟု တွေးထားသည်။ သူ၌ စွမ်းရည် သိပ်မကျန်တော့ပေ။ ထို့ကြောင့် နောက်ဆုံး ခွန်အားကို သုံးပြီး အနီးဆုံးတွင် ရှိသည့် ယွီနီကို ကိုက်ရန် ပြင်လိုက်သည်။

ယွီနီအတွက် ရှောင်ဖို့ရာ အကွာအဝေးက နီးလွန်းနေသည်။ ဤအရာသည် သူမကို တိုက်ရိုက် မတိုက်ခိုက်ရဲမှန်း သိနေ၏။ သို့သော် သူမက အလိုလိုပင် လမ်းကြောင်းကို ပိတ်ဆို့ရန် လက်မြောက်လိုက်မိ၏။ သို့သော် လူခေါင်းက အတူတကွ သေမည့်အကြံဖြင့် ယွီနီ၏ လက်ကို ကိုင်ထားမိမည်ဟု မထင်ထားပေ။ သူ၏ ပါးစပ်မှ အဖြူ‌ရောင် အငွေ့များလည်း ထွက်လာသည်။ ချင်ယွီစွေက နောက်ဆုံး မိုးကြိုးငါးသွယ်အဆောင်ဖြင့် လူခေါင်းကို ရိုက်ချလိုက်သည်။ လူခေါင်းက ဗန်းကနဲ ပေါက်ကွဲသွားပြီး ယွီနီက ဖြူဖျော့သော မျက်နှာဖြင့် အနောက်သို့ နှစ်လှမ်းခန့် ယိုင်သွားတော့သည်။

ပြီးနောက် အေးစက်စက် ခံစားချက်က တဖြည်းဖြည်းချင်း လွင့်ပျယ်သွားပြီး ထို့အရာများ ရွေ့ပြောင်းသွားသည့်ပမာ အပြင်ဘက်ရှိ ကြောက်လန့်တကြား အော်သံများကလည်း လိုက်ပါသွားတော့သည်။

ပြတင်းပေါက်အောက်၌ ပစ်ခတ်နေသည့် အသင်းသား သုံးယောက်က ကျိန်ဆဲလျှက် ချင်ယွီစွေကို မေးလိုက်ကြသည်။

“ကပ္ပတိန် လာကြည့်အုန်း”

ချင်ယွီစွေသည် အပြင်ဘက်ရှိ အခြေအနေကို စစ်ဆေးရန် ပြတင်းပေါက်ဆီ လျှောက်သွားချိန်တွင် ထိုလူများသည် အပိုင်းပိုင်းအစစ ဖြစ်နေကြောင်း တွေ့လိုက်ရ၏။ ငရဲပမာပင် ထိုလူများက အပြင်ဘက်၌ ရူးသွပ်စွာ ထွက်ပြေးနေ၏။

ချင်ယွီစွေသည် လူခေါင်းပိုင်ရှင် သေဆုံးသွားတာ ဖြစ်လောက်၏။ သူ ဆင့်ခေါ်ထားတာတွေက ထိန်းချုပ်မရတော့ဘဲ လူတွေကို စတင် တိုက်ခိုက်တာပဲ ဖြစ်သည်။ သို့သော် သူတို့ ကိုယ်၌ အဆောင်များ ရှိနေသောကြောင့် ထိုအညိုးကြီး သရဲတစ္ဆေဝိညာဉ်တို့သည် သူတို့နား မကပ်နိုင်ပေ။

လူတိုင်း သက်ပြင်း ချမိသွားတော့သည်။ သို့သော် ရှဲ့လဲ့၏ ကြောက်လန့်တကြား အော်သံကို ကြားလိုက်ရ၏။

“ယွီနီ”

ပြန်လည်ကြည့်မိချိန်၌ ယွီနီက မြေပြင်ပေါ် လဲကျသွားတာ တွေ့လိုက်ရသည်။

ချင်ယွီစွေက လေးနက် တည်ကြည်စွာ ပြောလိုက်လေ၏။

“ဒေါက်တာချန်းကို ခေါ်သွားပြီး ဒီကနေ မြန်မြန် ထွက်သွား”

သူသည် ကြောက်လန့်နေသော ဒေါက်တာချန်းကို ကူညီရန် ရှေ့တိုးသွားလိုက်ပြီး ရှဲ့လဲ့က ယွီနီကို ပွေ့ခေါ်ကာ ကျန်သည့် အသင်းသား သုံးယောက် နောက်တွင် ကျန်ရစ်ခဲ့ပြီး သံမဏိ တံခါးကို ဖွင့်လျှက် စက်ရုံထဲမှ ထွက်လာသည်။

ဒေါက်တာချန်းက ယခုဆို ပို သတိရှိလာသည်။ အစောတုန်းက မှောင်မည်း လွန်းနေ၏။ ဤလူများသည် သူ့ကို ကယ်ဆယ်ရန် ဤနေရာသို့ ရောက်လာကြောင်း ဝေဝါးဝါး သိလိုက်သည်။ သူက လူခေါင်းတစ်ခေါင်း ပျံသန်းလာတာကို တွေ့လိုက်ရ၏။ ယင်းက ကြောက်စရာ ကောင်းနေပြီးသား ဖြစ်သည်။ သူသည် သံမဏိ အိမ်ထဲမှ ထွက်လာချိန်တွင် အပြင်ဘက်ရှိ ငရဲကဲ့သို့ မြင်ကွင်းကို မြင်ပြီး ကြောက်လန့်မှုကြောင့် သတိလစ်သွားသည်။

အပြင်ဘက်ရှိ လူတို့သည် တစ်စုံတစ်ခု တိုက်ခိုက်တာ ခံနေရပြီး သူတို့ကို အာရုံစိုက်ရန် အချိန်မရှိပေ။

သူတို့သည် သတိလစ်နေသော ယွီနီ၊ ဒေါက်တာ ချန်းတို့နှင့်အတူ ဟိုတယ်သို့ လျင်မြန်စွာ ပြန်လာပြီးနောက် ရောက်ရောက်ချင်းပင် လေယာဉ်ဖြင့် စီးကာ အိမ်ပြန်လာသည်။

လေယာဉ်ပေါ်တွင် ဒေါက်တာ ချန်းက နိုးလာပြီ ဖြစ်သည်။ သူ့ကို ဆေးဝန်ထမ်းက စစ်ဆေးကြည့်ရာ အဆင်ပြေကြောင်း တွေ့လိုက်ရသည်။ အနည်းငယ် အားနည်းနေရုံပဲ ရှိသည်။ သူသည် သတိလစ်နေသော ယွီနီကို ကြည့်ပြီး မေးခွန်းများများစားစား မမေးရဲချေ။ ထို့အတွေ့အကြုံ့များ အားလုံးသည် သိပ္ပံနယ်လွန် ဖြစ်နေပြီး သူ့ကို ကြက်သေ သေသွားစေ၏။

ယွီနီ အကိုက်ခံလိုက်ရသည်။ ၎င်းကမှု မည်းနက်နေသည်။ သူမ အဝတ်အစား စုပ်ဖြဲပြီး ပတ်တီး စည်းထားသည့်တိုင် ဒဏ်ရာက ပိုဆိုးလာ၏။

96 03

ဆေးဝန်ထမ်းကတောင် ဖြစ်ပျက်လာခြင်း အကြောင်းအရင်းကို မဖော်ထုတ်နိုင်ပေ။ ထို့ကြောင့် ယခုအချိန်တွင် ယွီနီ၏ ဒဏ်ရာရထားသော လက်နားတစ်ဝိုက်ကို ပတ်တီးသာ စီးပေးထားပြီး ကုသရန်အတွက် အိမ်အမြန် ပြန်ဖို့ ပြောလိုက်သည်။

ရှဲ့လဲ့က ယွီနီဘေး၌ ဝမ်းနည်းနေသော အမှုအရာဖြင့် ထိုင်နေသည်။ လူတိုင်းက သူ ယွီနီကို သဘောကျကြောင်း သိလေ၏။

ချင်ယွီစွေက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“အိမ်ပြန်ရောက်ပြီးတာနဲ့ မေးမြန်းဖို့ ယွင်ယွီကို ခေါ်လိုက်မယ်။ သူ့ကို ဒီအခြေအနေမှာ ဆေးရုံပို့လို့ အသုံးမဝင်ဘူး”

ရှဲ့လဲ့က အက်ကွဲစွာ ပြောလိုက်၏။

“ကျေးဇူးပါ။ ကျွန်တော်အတွက် မရီးကို ကျေးဇူးတင်ပေးပါအုန်း”

လေဆိပ်သို့ ရောက်ပြီးနောက် ချင်ယွီစွေသည် ယွင်ယွီကို ခေါ်လိုက်သည်။

ယွင်ယွီသည် ဤရက်ပိုင်းအတွင်း တောင်ပေါ်တက်ပြီး သစ်သီးသစ်ပင်များ၊ ပြောင်းဖူးခင်းနှင့် ဝါးတောအုပ်ကို ကြည့်ပြီး ၎င်းတို့ကို ဝိညာဉ် စွမ်းရည် လောင်းပေးခြင်းမှအပ လုပ်စရာ မရှိပေ။ အချိန်အများစု၌ သူမသည် ကျောက်စိမ်းပုတီးစေ့နှစ်ခုကို ထွင်းထုရန် ခြံဝန်းထဲတွင် ထိုင်နေ၏။ နှင်းဆီများ လျင်မြန်စွာ ရုပ်လုံးပေါ်လာ၏။ ၎င်းတို့ကို ဝိညာဉ်စွမ်းရည်ထဲတွင် စိမ်ပြီး ကောင်းချီး ပေးလိုက်သည်။ ၇ ရက်ကြာပြီးနောက် ရုပ်လုံးပေါ်လာမှာပဲ ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အပူချိန်က ကျလာပြီး ရာသီဉတုက အလွန်အေးလာသည်။ သူမ့ ခန္ဓာကိုယ်ထဲရှိ အပူချိန်က လျော့ပါးလာ၏။ သူမစိတ်အခြေအနေ ပိုကောင်းလာသည်။

ဘဝက သာယာပျော်ရွှင်ဖွယ် ကောင်းလှပေ၏။ သူမ ချင်ယွီစွေကို လွမ်းနေသည်မှအပ အရာအားလုံး ကောင်းမွန်လှပေသည်။

ရံဖန်ရံခါတွင် သူမက လက်ထပ်စာချုပ်ကို ထုတ်ပြီး သူတို့ လက်ထပ်စဉ်က ရိုက်ထားသည့် နှစ်ယောက်သား၏ ဓာတ်ပုံကို ကြည့်လိုက်သည်။ သူတို့၌ မင်္ဂလာဆောင်ဓာတ်ပုံမှ အပ အခြားသော ဓာတ်ပုံ မရှိပေ။ ယွင်ယွီက သူပြန်လာသည့်အချိန်က ဓာတ်ပုံပိုရိုက်သင့်သည်ဟု တွေးမိလိုက်သည်။

နေ့ရက်များကို ရေတွက်ပြီးချိန် ချင်ယွီစွေသွားတာ ၁၀ ရက်နီးပါး ရှိပြီးမှန်း သိလိုက်၏။ တာဝန်အခြေအနေကို သိချင်မိသည်။

သူမက ထို့ တစ်စုံတစ်ခုကို တွေးနေစဉ် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်၏။

နေ့ခင်းကြောင်တောင် ဖြစ်ပြီး ခြံဝန်းတံခါး မပိတ်ထားပေ။ ယွင်ယွီက မော့ကြည့်လိုက်ချိန် ကျေးရွာထဲမှ အမျိုးသမီးတစ်ဉီးသည် ကလေးတစ်ယောက်ကို ပွေ့လာလျှက် ဝင်လာတာကို တွေ့လိုက်ရ၏။

ထို့အမျိုးသမီး၏ နာမည်က ချန်ကျဲ ဖြစ်သည်။ သူမက မျက်ရည်များ ရွဲနေကာ အထဲသို့ ဝင်လာစဉ် တံခါးတောင် မခေါက်နိုင်ခဲ့ပေ။

ယွင်ယွီက ပြောလိုက်၏။

“အစ်မချန် ဝင်လာလေ”

ချန်ကျဲသည် ကလေးကို ပွေ့ချီထားလျှက် သူမ့နောက်မှ ယောက္ခမက လိုက်ပါသည်။ သူမ ဝင်လျှင်ဝင်ခြင်း ချန်ကျဲက ပြောလိုက်၏။

“ယွင်ယွီ ကလေးကို ကြည့်ပေးပါအုန်း”

ယွင်ယွီသည် ကျောက်ခုံကို ညွှန်ပြပြီး ပြောလိုက်သည်။

“အရင် ထိုင်ပါအုန်း။ ဘာဖြစ်တာလဲ”

ချန်ကျဲက ဘေးရွာ၌ အိမ်ထောင်ကျသွားတာ ဖြစ်သည်။ သူမ ကိုယ်ဝန် ရပြီးနောက် သူမခင်ပွန်းသည် ပိုက်ဆံထွက်ရှာခဲ့သည်။ ကလေး မွေးလာခဲ့ချိန်တွင် သူက သေးလွန်းနေ၏။ ထို့ကြောင့် သူမသည် ကလေးကို ဂရုစိုက်ရန် အိမ်တွင် နေသည်။

ချန်ကျဲက စကား မပြောရသေးခင် သူ၏ယောက္ခမက နောက်ကနေ ဒေါသတကြီး ပြောလိုက်၏။

96 04

“သူရဲ့မြေးကို နေရာအနှံ့ ကြွားလုံးထုတ်ဖို့ တိုက်တွန်းနေတာ။ ငါ့ယောက်ျား မဟုတ်ဘူး။ မြေးက လသားပဲ ရှိသေးတာ မနေ့ညတုန်းက သူရဲ့မြေးကို မင်္ဂလာပွဲအတွက် ကျေးရွာက အိမ်နီးချင်းအိမ်ကို ခေါ်သွားမယ် ပြောနေတာ။ သူပြန်လာတဲ့အချိန် မြေးလေး အိပ်ပျော်နေတာ တွေ့လိုက်ရတော့ ကျွန်မတို့တွေ သိပ်အာရုံ မစိုက်မိခဲ့ဘူး။ ကလေးက နို့သောက်ဖို့ သန်းခေါင်းယံအချိန်မှာတောင် နိုးမလာဘူးလေ။ မနက် မိုးလင်းတဲ့အထိ အိပ်မောကျနေတုန်းပဲ။ တစ်နေ့လုံး အိပ်နေတာ။ ဘယ်လောက်ပဲ ခေါ်ခေါ် သူက နိုးမလာဘူး”

ချန်ကျဲ၏ ယောက္ခမက အတင်းငိုယိုတော့သည်။

“ဒါနဲ့ အဒေါ်တို့လည်း ကလေးကို ဆေးရုံအမြန် သွားပြတာ စစ်ဆေးကြည့်ခဲ့ပေ့မဲ့ ကလေးက နိုးမလာသေးဘူး။ အဒေါ်တို့လည်း ရွေးချယ်စရာ မရှိတော့ဘူး။ သမီး ယွင်ယွီက အရည်အချင်း ရှိမှန်း သိပါတယ်။ ဒါကြောင့် သမီးကို ကလေးကြည့်ရအောင် ဒီခေါ်လာတာ”

ယွင်ယွီသည် ကလေးကို ပတ်ထားသည့် ခြုံစောင်အပါးလေးကို ဖယ်ပြီး တစ်ချက်ကြည့်လိုက်၏။ သူမက သက်ပြင်းချလိုက်တော့သည်။

“ကလေးက ဝိညာဉ် ပျောက်နေတယ်။ ဒီလို ငယ်ငယ်ရွယ်ရွယ်လေးကို ညအချိန် အပြင်မခေါ်သွားနဲ့။ အနားမှာ တောင်တွေ များနေတာ။ တောင်ပေါ် ဝိညာဉ်တွေနဲ့ သရဲတစ္ဆေတွေက မြို့ထဲကထက် ပိုများတယ်။ ကလေးက အလွယ်တကူ ကြောက်လန့်နိုင်တယ်။ ကျွန်မ ထွက်ရှာပေးပါ့မယ်”

ကလေးသည် ငယ်ရွယ်လွန်းနေပြီး သူ့ကို ပြန်ခေါ်လျှင်တောင် အပြန်လမ်းကို မသိလောက်ပေ။ ထို့ကြောင့် သူ့ကို ပြန်ခေါ်နိုင်သည့် နည်းလမ်း မရှိပေ။

ချန်ကျဲက ကျေးဇူးတင်စကား ပြောလိုက်လေ၏။

ယွင်ယွီက ပစ္စည်းပြင်ဆင်ကာ တံခါး သော့ခတ်ပြီး ချန်ကျဲနှင့် သူ့ဘေးနားရှိ ယောက္ခမနောက်လိုက်ပြီး ဘေးရွာသို့ သွားလိုက်သည်။

ဘေးရွာသို့ သွားရန် လမ်းတစ်ခုသာ ရှိပြီး မိနစ် ၂၀၊ ၃၀ ခန့် လမ်းလျှောက်ရသည်။ လမ်းတစ်လျှောက်၌ ချန်ကျဲက မိသားစုထဲရှိ လူအိုကြီးကို ဆူပူကြိမ်းမောင်းနေကာ အလွန် ဒေါသထွက်နေတော့သည်။

ဘေးရွာသို့ ရောက်သောအခါ လမ်းကျဉ်းလေးပေါ်၌ လူအနည်းအငယ် ရှိနေသည်။ ထို့နေရာ၌ ထန်းနှောင်းပင်များ ရှိနေပြီး ဘေးတစ်ဖက်တစ်ချပ်စီ၌ အပင်များ စိုက်ပျိုးထား၏။ ယွင်ယွီက တိတ်ဆိတ်နေသော လမ်းပေါ်တွင် ရပ်လျှက် ထန်းနှောင်းပင်ကို စိုက်ကြည့်လိုက်သည်။

ချန်ကျဲက တုံ့ယင်သွားကာ မေးလိုက်လေ၏။

“ယွင်ယွီ တစ်ခုခု မှားနေလို့လား”

ယွင်ယွီက ထို့ထန်းနှောင်ပင်ဆီ လျှောက်သွားလျှက် ခါးကိုင်းကာ မေးလိုက်သည်။

“ဒါက မင်း လုပ်ခဲ့တဲ့ ဟာလား”

အသက် ၇ နှစ်၊ ၈ နှစ်အရွယ် ကလေးမလေးက ထန်းနှောင်းပင်အောက်၌ ထိုင်နေသည်။ သူမမျက်နှာက အဖြူရောင် ဆေးခြယ်ထားသည့်ပမာ ဖြူဖျော့နေပြီး ကြောက်လန့်မှုကြောင့် တုန်ယင်နေလေ၏။

သူမ့ဘေး၌ ကလေးလေး တစ်ယောက်ထိုင်နေပြီး ယင်းက ချန်ကျဲ့သား၏ ဝိညာဉ်ပဲ ဖြစ်သည်။

ထို့ကလေးမလေးသည် ယွင်ယွီကို စိုက်ကြည့်ကာ ရက်စက်စွာ ပြုံးလိုက်လေ၏။

“ငါ့ကို တွေ့နိုင်တာလား။ ငါ လုပ်ခဲ့တာကြောင့်လေ”

ယွင်ယွီက မျက်မှောင် ကျုံ့လျှက် ကလေးမလေး၏ နားရွက်ကို လက်တစ်ဖက်ဖြင့် ဆွဲလိုက်သည်။

“ဒါမျိုး မကောင်းတာတွေ လုပ်ပြီး မှန်ကန်တယ် ထင်နေသေးတယ်ပေါ့”

ကလေးမလေးသည် စိတ်ရှုပ်ထွေးသွားကာ ကျယ်လောင်စွာ ငိုယိုတော့သည်။ ယွင်ယွီက ပြောလိုက်၏။

“ပါးစပ်ပိတ်”

သူမသည် ကလေးမလေး၏ နားရွက်ကို လွှတ်ပေးပြီးနောက် သူ့ကို ဆူပူလိုက်သည်။

“နောင်ကျ ဒါမျိုး မကောင်းတာတွေ မလုပ်နဲ့”

ချန်ကျဲနှင့် သူ၏ယောက္ခမက အနည်းငယ် ခြောက်ခြားသွားတော့သည်။

ယွင်ယွီက ဂါထာ နှစ်ခုကို ရွတ်ဆိုပြီးနောက် မြေပြင်ပေါ်၌ မှင်သက်စွာ ထိုင်နေသော ဝိညာဉ်သည် ချန်ကျဲ့ကလေး၏ ကိုယ်ထဲ ရောက်လာသည်။

ချန်ကျဲ၏ ကလေးသည် ချက်ချင်း နိုးလာကာ ကျယ်လောင်စွာ ငိုတော့သည်။ ချန်ကျဲနှင့် သူ၏ ယောက္ခမက စိတ်အေးသွားပြီး ယွင်ယွီကို ထပ်တလဲလဲ ကျေးဇူးတင်နေလေ၏။

ကလေး ကြောက်လန့်နေတာ မြင်သောအခါ ယွင်ယွီက ညှင်သာစွာပြောလိုက်တော့သည်။

“ခဏလေး ကလေး စိတ်ငြိမ်အောင် အဆောင်တစ်ခု ဆွဲပေးမယ်။ သူနှင့် တစ်ခါတည်း တွဲထား။ အဆင်ပြေသွားလိမ့်မယ်”

သူမ ထို့သို့ ပြောပြီးနောက် ခေါင်းငုံလျှက် ကလေးမလေးကို မေးချင်ခဲ့၏။ ကလေးငယ်လေး၏ ဝိညာဉ်ကို အဘယ်ကြောင့် ယူသွားရသနည်း။ သို့သော် သူမအိတ်ကပ်ထဲရှိ ဖုန်းက ရုတ်တရက် မြည်လာသည်။ ဖုန်းထုတ်ကြည့်လိုက်သည့်အချိန်တွင် ချင်ယွီစွေ ထံမှ ဖြစ်နေတာ တွေ့လိုက်ရသည်။

ယွင်ယွီက ပျော်ရွှင်သွားကာ ဖုန်းထူးလိုက်သည်။

“ချင်ယွီစွေ ရှင် ပြန်လာပြီလား”

တစ်ဖက်က မည်သို့ ပြောလိုက်သည့် မသိ။ သူမ မျက်နှာထား ပြောင်းလဲသွားကာ ဂရုတစိုက် ပြောလိုက်တော့သည်။

“ချင်ယွီစွေ ဟယ်ချင်းရွာဆီ အဲဒီလူကို တတ်နိုင်သမျှ မြန်မြန် ပို့ပေး။ အဲဒီလူကို ကုသလို့ ရသေးတယ်။ ဒါပေမဲ့ မြန်မြန် ပို့ရမယ်။ ကျန်တဲ့ ကိစ္စက ရှင်ပြန်လာပြီးမှ ဆွေးနွေးမယ်”

******

All Chapters