အခန်း ၉၇
Vol. 10 Ch. 97
97 01
အပိုင်း 97
ယွင်ယွီသည် ဖုန်းချပြီးနောက် မျက်မှောင် အနည်းငယ် ကျုံ့မိသွားကာ စိုးရိမ် ပူပန်သွားလေ၏။ ချင်ယွီစွေသည် အသင်းသားတစ်ယောက် မစ်ရှင်၌ ဒဏ်ရာ ရခဲ့ကြောင်း ပြောထားသည်။ သူတို့သည် အရှေ့တောင်အာရှမှ အောက်လမ်းပညာရှင်တစ်ယောက်နှင့် တွေ့ခဲ့၏။ အသင်းသားတစ်ယောက်သည် ဦးခေါင်ပြတ် ကိုက်တာ ခံခဲ့ရသည်။
သူမသည် ထိုဦးခေါင်းပြတ်ပညာကို သိပေ၏။ ယင်းသည် အရှေ့တောင်အာရှရှိ အောက်လမ်းပညာတစ်မျိုးဖြစ်ပြီး အလွန် ကြောက်မက်ဖွယ်ကောင်းကာ ထူးဆန်းပြီး ကျင့်ကြံရန် အင်မတန် ခက်ခဲ၏။ ထို့လူသည် လူသွေးကို စုပ်ယူပြီး မကောင်းသည့် ကိစ္စမျိုးစုံကို ဆောင်ရွက်ကာ ခန္ဓာတစ်ကိုယ်လုံး၌ အဆိပ်များ ပြည့်နေ၏။ ဦးခေါင်းပြတ် အောက်လမ်းပညာရှင်ကို ကျင့်ကြံပြီးနောက် မကောင်းသည့် လူသွေးကို စုပ်ယူရန် လိုအပ်သည်။ ထိုဦးခေါင်းပြတ်ဖြင့် လည်ပင်းကို အကိုက်ခံရလျှင် သေသွားနိုင်သည်။ သူ၏ အသင်းသားက လက်တွင် ဒဏ်ရာရထားတာ ဖြစ်သည်။ အချိန်မှီ ပြန်ပို့နိုင်ပါက အသက်ကယ်တင်နိုင်မှာပဲ ဖြစ်သည်။
“ယွင်ယွီ ယွင်ယွီ အခု ပြန်သွားတော့မှာလား”
ချန်ကျဲသည် သူမ မှင်သက်နေတာကို မြင်သောအခါ လျင်မြန်စွာ မေးလိုက်လေ၏။
ယွင်ယွီက အသိစိတ် ပြန်ကပ်လာကာ တောင်းပန်စကားဆိုလျှက် ပြောလိုက်သည်။
“ခဏလေးနော်”
သူမ ပြောပြီးနောက် အသက် ၇ နှစ်၊ ၈ နှစ်အရွယ်ရှိသည့် ကလေးမလေးကို ငုံကြည့်လိုက်သည်။
“ပြောအုန်း ဒါမျိုး ဘာလို့ လုပ်ရတာလဲ”
သူမ နားရွက်ဆွဲခံရသည့် ခံစားချက်ရှိသောကြောင့် ဖြစ်ဟန်တူသည်။ ကလေးမလေးက ယွင်ယွီကို အတော်လေး ကြောက်လန့်နေ၏။ သူမ ကျယ်လောင်စွာ ငိုယိုကာ ပြောလိုက်သည်။
“ငါ တစ်ယောက်တည်း သနားဖို့ကောင်းတာ။ ကလေးလေး ချစ်ဖို့ကောင်းတာ တွေ့လို့ ကစားဖို့ သူ့ကို ခေါ်လိုက်တာလေ”
ယွင်ယွီက သူ့ကို ဆူပူလိုက်သည်။
“ဒီလိုလုပ်တာ မှားတယ် သိလား။ နင်နဲ့ဆော့ဖို့ ကလေးကို ဘယ်လိုလုပ်ခေါ်ရတာလဲ။ ကလေးက ငယ်လွန်းသေးတယ်။ ဝိညာဉ် ပျောက်သွားနိုင်တယ်။ တစ်ယောက်ယောက်ရဲ့ အသက်ကို အန္တာရာယ်ပေးတာပဲ”
ကလေးမလေးက အရပ်ပုဝင်သွားကာ ငိူရှိုက်လိုက်သည်။
“ငါ မှားပါတယ်”
ယွင်ယွီက ထပ်မေးလိုက်သည်။
“နင် ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ စောစောစီးစီး သေသွားတာဆိုတော့ ဖုန်းတုကို သွားပြီး ပြန်လည်မွေးဖွားဖို့ တန်းစီတာက ပိုမကောင်းဘူးလား”
ယခုအခေါက်တွင် ကလေးမလေးက ဘာမှ မပြောတော့ပေ။ သူမ ဆက်လက် ငိုကြွေးနေတာ တော်တော် သနားစရာ ကောင်းလှပေ၏။
“ငါ့ကို မြန်မြန်ပြော မဟုတ်ရင် နင့်နားရွက်ကို ဆွဲပစ်လိုက်မယ်”
ယွင်ယွီ၏ အသံက အလွန် ခက်ထန်နေ၏။ သို့သော် ယင်းက ကလေးမလေးသည် ဆိုးယုတ်သူ မဟုတ်။ မည်သူ့ကိုမှ ထိခိုက်နာကျင်အောင် မလုပ်ဖူးမှန်း သိသာနေသောကြောင့်သာ ဖြစ်သည်။ ကလေးမလေးက ငိုကြွေးလျှက် ယွင်ယွီကို စိုက်ကြည့်နေသည်။
ယွင်ယွီက ထပ်သည်းမခံနိုင်တော့ဘဲ မေးလိုက်၏။
တစ်ဖက်သို့ လှည့်ကာ ချန်ကျဲနှင့်် သူ၏ ကြောက်လှန့်နေသေးသည့် ယောက္ခမတို့အား မေးလိုက်သည်။
“ဒီနားမှာလေ လက်တလော လတွေထဲ သေသွားတဲ့ မိန်းမငယ်လေး တစ်ယောက်များ ရှိလား။ သူက ၇ နှစ်၊ ၈ နှစ် လောက်ပဲ ရှိအုန်းမယ်။ မျက်လုံးဝိုင်းဝိုင်းနဲ့ မျက်ရစ် နှစ်ထပ်”
သူမသည် ကလေးမလေး၏ ပုံပန်း အသွင်အပြင်ကို ဖော်ပြရန် အကောင်းဆုံး ကြိုးစားခဲ့၏။
97 02
ချန်ကျဲနှင့် သူ၏ ယောက္ခမတို့က တုန်ယင်လာသော်ငြား ချန်ကျဲသည် တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။
“ရှိတယ်။ ရှိတယ်။ ကျွန်မတို့ရွာကပဲ မဟုတ်ဘူး ကျွန်မတို့အမေရဲ့ရွာထဲမှာ မိသားစု ရှိတယ်။ မိသားစုရဲ့ သမီး ဝမ်ကျစ်ရှင်းက မနာမကျန်း ဖြစ်ပြီး ခွဲစိတ်ဖို့ လိုနေတာ။ ခွဲစိတ်ပြီးတော့ လတိုင်း ဆေးသွင်းဖို့ လိုတယ်။ ဆေးဖိုးဝါးခက ၃၀၀၀ ကနေ ၄၀၀၀။ သူ့မိသားစုက လက်လျော့လိုက်တယ်။ အဲဒီ မိန်းကလေးက တစ်နှစ်လောက် မနာမကျန်း ဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ သုံးလကပဲ ဆုံးသွားတာ”
ဝမ်ကျစ်ရှင်း သူမသည် သရဲလေး ဝမ်ယုလင်နှင့် တူညီသည့်် မျိုးရိုးနာမည် ရှိသည်။
ယွင်ယွီက ဝမ်ကျစ်ရှင်းကို တစ်ချက်ကြည့်လိုက်သည်။ ဤမိန်းကလေးကလည်း သနားစရာ ကောင်းလှပေ၏။ သူမ သက်ရှိထင်ရှား ရှိစဉ်က အပြင်ထွက်နေလိုစိတ် ရှိလိမ့်မည်။ သူမ မသေခင်က လောကကြီးကို လွမ်းဆွတ်နေတာ ဖြစ်လိမ့်မည်။ ထို့ကြောင့် သူမ မထွက်သွားလိုပေ။
“သူမမှာ မောင်လေး ရှိလား”
ယွင်ယွီက မမေးဘဲ မနေနိုင်တော့ပေ။
ချန်ကျဲက ခေါင်းညိတ်လိုက်လေ၏။
ကျစ်ကျစ် မိန်းကလေးတွေထက် ယောက်ျားလေးကို ပို ဉီးစားပေးတဲ့ မိသားစုပဲ။
ယွင်ယွီသည် ဝမ်ကျစ်ရှင်းကို အရှက်ခွဲဖို့ မရည်ရွယ်ထားဘဲ ကလေးမလေးကို ပြောလိုက်၏။
“ဒါက နင်ရဲ့ ပထမဆုံး တိုက်ခိုက်မှုဆိုတော့ ဒီတစ်ခေါက် ယိုတူဆီ မပို့တော့ဘူး။ ထပ်လုပ်မယ်ဆိုရင် ပြန်လည်မွေးဖွားဖို့အတွက် ယိုတူကို တန်းပို့လိုက်မယ်။ တစ်ယောက်ယောက်ကို သတ်ခဲ့ရင် ငါ နင့်ကို သေအောင် ရိုက်မှာ။ နင်ပြန်လည် မွေးဖွားဖို့ အခွင့်အရေးတောင် ရမှာ မဟုတ်ဘူး”
ဝမ်ကျစ်ရှင်းက တုံ့ယင်သွားကာ ငိုလိုက်တော့သည်။
“အစ်မ သမီး မှားမှန်း သိပါပြီ။ နောက်ထပ် မလုပ်ရဲတော့ပါဘူး”
ယွင်ယွီသည် ခြိမ်းခြောက်မှု၏ အကျိုးသက်ရောက်မှုကို အလွန် ကျေနပ်သွားကာ ပြောလိုက်တော့သည်။
“ဒီတစ်ခေါက် လွှတ်ပေးလိုက်မယ်”
သူမက ပြန်လှည့်လာကာ ကြောက်လန့်မှုကြောင့် တုံ့ယင်နေသည့် ချန်ကျဲနှင့် သူ၏ ယောက္ခမကို ပြောလိုက်၏။
“ပြန်သွားကြရအောင်”
သူမ ပြန်ချိန်၌ လုပ်စရာ ကိစ္စများစွာ ရှိသေးသည်။
ချန်ကျဲက ငိုရှိုက်နေသော ကလေးကို ဖက်ပြီး ပြောလိုက်၏။
“ဟုတ်ပြီ”
သူမနှင့် သူမ့ ယောက္ခမတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ချွေးစီးများ ပြန်နေ၏။ ဤယွင်ယွီက တကယ် အရည်အချင်းရှိပြီး ကြောက်လန့်ဖွယ်ကောင်းသည်။ သူမ သရဲ၊ တစ္ဆေများကိုတောင် ခြောက်လှန့်နိုင်၏။ အဓိကအကျဆုံးအချက်က ဤမကောင်းဆိုးဝါး သတ္တဝါသည် သူမကို ကြောက်လန့်တာပဲ ဖြစ်သည်။
သူတို့ အဖွဲ့သည် ယွင်မိသားစု ခြံဝန်းဆီသို့ ပြန်လာ၏။ ယွင်ယွီက ကလေး စိတ်ငြိမ်စေရန် အဆောင်တစ်ခု ရေးဆွဲပေးလိုက်သည်။ ချန်ကျဲက သူမ့အိတ်ထဲမှ ယွမ်နှစ်ထောင်ကို ထုတ်ကာ ယွင်ယွီအား ပေးလျှက် သတိထား မေးလိုက်သည်။
“ဒါ လောက်ရဲ့လား”
“လောက်ပါတယ်”
ယွင်ယွီက ခေါင်းညိတ်လိုက်၏။ သူတို့သည် ကျေးရွာမှ လာတာ ဖြစ်သည်။ ထို့ကြောင့် မြို့ကြီးများကအတိုင်း တူညီသည့် ပမာဏ မတောင်းခံနိုင်ပေ။ ရွာသားများ ပေးသည့် ပမာဏအတိုင်း သူမ ယူမှာပဲ ဖြစ်သည်။
ချန်ကျဲသည် အဆောင်ကို ကလေးအိတ်ကပ်ထဲ ထည့်ပြီး ယွင်ယွီကို ထပ်တလဲလဲ ကျေးဇူးတင်ကာ ကလေးနှင့် ထွက်သွားတော့သည်။
97 03
ယွင်ယွီက ခြံဝန်းထဲမှ ထွက်လာချိန်တွင် ဝမ်ကျစ်ရှင်း အမည်ရသော ကလေးမလေးက ဇီးသီးပင်အောက်၌ ပုန်းနေတာကို တွေ့လိုက်ရသည်။
ကံကောင်းသည်မှာ ယနေ့ တိမ်ထူနေ၏။ ထို့ကြောင့် ဝမ်ကျစ်ရှင်းသည် ယွင်ယွီနောက် လိုက်လာနိုင်တာပဲ ဖြစ်သည်။
ယွင်ယွီက သူမဆီ လျှောက်သွားကာ မေးလိုက်လေ၏။
“ငါနဲ့ ဘာလို့ လိုက်လာတာလဲ”
ဝမ်ကျစ်ရှင်းက ဝမ်းနည်းစွာ ပြောလိုက်တော့သည်။
“အစ်မ သမီး အစ်မနဲ့ ဆော့လို့ရမလား။ သမီး အထီးကျန်ပြီး အိမ်မပြန်ရဲဘူး။ သမီး မိဘအိမ်မှာဆိုရင် သမီး မောင်လေးကိုပဲ သဘောကျနေကြတာ။ အဲလိုတွေ့ရတာ စိတ်မကောင်းဘူး”
ယွင်ယွီက သက်ပြင်းချလိုက်၏။
“ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်။ ဒီတော့ ငါ ခေါ်မသွားပေးနိုင်ဘူး။ ဒါပေမဲ့ ငါ့အိမ်ထဲ လျှောက်သွားနေလို့ ရတယ်။ ဝမ်ယုလင်လို့ အမည်ရတဲ့ သရဲလေးတစ်ယောက်လည်း သိထားတယ်။ သူရဲ့ မျိုးရိုးနာမည်က နင်နဲ့ အတူတူပဲ။ အနားမှာ သူ့ကို သွားရှာပြီး သူနဲ့ ဆော့။ မှတ်ထားနော် ဘယ်သူ့ကိုမှ ထိခိုက်အောင် လုပ်လို့ မရဘူး”
ဝမ်ကျစ်ရှင်းက ပျော်ရွှင်စွာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့ အစ်မ။ သမီး ဘယ်သူကိုမှ ထိခိုက်အောင် မလုပ်ဘူး။ ကစားဖို့ လူရှာချင်ရုံပဲ မဟုတ်ဘူး။ သမီးနဲ့ အတူ ကစားဖို့ လူရှာတာ မဟုတ်ဘူး။ သရဲတွေနဲ့ ကစားချင်တာ”
ထို့သို့ ပြောပြီးနောက် သူမ ပျော်ရွှင်စွာ မျောလွှင့် ထွက်သွားတော့သည်။
ယွင်ယွီက သူမကို ကြည့်နေမိ၏။ ကလေးမလေးက အတော်လေး သနားစရာ ကောင်းသည်။ သူမ ပြန်လည် မမွေးဖွားချင်သော်ငြား သူမသည် အားသုံး၍ မနှင်ထုတ်နိင်ပေ။ သူမ တတ်နိုင်သည်က လူလောကနှင့် သူမ၏ စွဲလှမ်းမှုကို အဆုံးသတ်စေရန် လွှတ်ထားချင်တာ ဖြစ်သည်။
၎င်းက မျောလွှင့်သွားပြီးနောက် ယွင်ယွီသည် ခြံဝန်းထဲရှိ ကျောက်ခုံပေါ်တွင် ထိုင်ကာ စိုးရိမ်ပူပန်စွာ စောင့်နေ၏။
ချင်ယွီစွေက သုံးနာရီအတွင်း ပြန်လာမည်ဖြစ်ကြောင်း သူမကို ပြောထားသည်။ သူသည် သူ၏ ဒဏ်ရာရထားသော အသင်းသားကို ပြန်ခေါ်လာရန် အမြန်ဆုံး လေယာဉ်စီးလောက်ပေ၏။
ချင်ယွီစွေနှင့် သူ၏မိတ်ဆွေသည် မြို့တော် လေဆိပ်သို့ ရောက်ရှိပြီးနောက် ယွင်ယွီကို ဆက်သွယ်လိုက်သည်။
အထက်အရာရှိများသည် ဒဏ်ရာရထားသည့် သူများရှိကြောင်း သိပြီး နိုင်ငံ၏ ထိပ်တန်းအဆင့် ဆေးဝန်ထမ်းကို လေဆိပ်၌ ကြိုခိုင်းထားသည်။
ရှဲ့လဲ့က ယွီနီကို ပွေ့ချီထား၏။ လူတိုင်းက သူ့နောက်မှ လိုက်ပါလာသည်။ သူတို့ လေဆိပ်မှ ထွက်လာပြီး ဧည့်ခန်းထဲ ရောက်လာ၏။ ဆေးဝန်ထမ်းက အပြင်ဘက်၌ စောင့်ဆိုင်းနေပြီးသား ဖြစ်သည်။ သူတို့က တစ်စုံတစ်ယောက်ကို ပွေ့သယ်လာတာ မြင်ပြီး ချက်ချင်းပင် ထမ်းစင် တွန်းသွားကာ သတိလစ်နေသော လူဘေး၌ ထားလိုက်၏။ ဆေးပညာအသင်းကို ဦးဆောင်နေသူက နိုင်ငံ၏ ထိပ်တန်း ခွဲစိတ်ဆရာဝန်များ တစ်ယောက်ဖြစ်သည့် ဒေါက်တာတင်က ဦးဆောင်လာတာပဲ ဖြစ်သည်။ သူက လူနာ၏ အခြေအနေကို စစ်ဆေးကြည့်လိုက်ရာ လက်တစ်ဖက်လုံး မည်းနက်နေပြီး ပုဆုံးအထိတောင် ပြန့်နေကြောင်း တွေ့လိုက်ရ၏။ နှလုံးကို ရောက်ရန် လက်မအနည်းငယ်မျှသာ လိုတော့သည်။
ဒေါက်တာ တင်သည် ဒဏ်ရာ ပြင်းထန်သည့် ဤယင်းသည် ပြင်ပ ဒဏ်ရာမျှသာ မဟုတ်။ အဆိပ်မိတာ ဖြစ်လောက်ပေ၏။ သူက ချက်ချင်း ပြောလိုက်လေ၏။
“စုံစမ်းစစ်ဆေးဖို့အတွက် သူ့ကို ဆေးရုံဆီ ပို့ဖို့ လိုတယ်။ ပြီးတော့ ခွဲစိတ်ဆရာဝန်တွေနဲ့ ဆေးပညာရှင်တွေ ပေါင်းပြီး အကောင်းဆုံး ခွဲစိတ်မှု အစီအစဉ်ကို လုပ်မှာ။ ဒါပေမဲ့ ဒီလက်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာ။ အဖတ်ဆည်လို့ မရလောက်တော့ဘူး”
သူ၏ နှစ်ပေါင်းများစွာ ဆေးပညာအတွေ့အကြုံ့အရ ဤလက်သည် မည်းနက်နေပြီး ပုပ်သွားလောက်ပြီ ဖြစ်သည်။
ရှဲ့လဲ့က မျက်လုံးများ ချက်ချင်း နီရဲလာ၏။
“မရဘူး။ ဒီလက်ကို ဘာပဲဖြစ်ဖြစ် ကယ်ရမယ်”
97 04
ယွီနီက သူ၏အသင်းသားသာမက ဗုံးဖယ်ရှားရေး ပညာရှင်လည်း ဖြစ်သည်။ လက်က သူမအတွက် အရေးပါ၏။
“ရှဲ့လဲ့ ငါ ယွင်ယွီကို ဖုန်းခေါ်ထားပြီးပြီ။ ချင်ဟယ်ကျေးရွာဆီ ယွီနီကို ချက်ချင်း ပို့ရမယ်။ သူ ယွီနီကို ကယ်ဖို့ နည်းလမ်းရှိတယ်။ အထက်အရာရှိတွေဆီ ဒီတာဝန်ကို သတင်းပို့လိုက်မယ်”
“အဓိပ္ပာယ် မရှိတာ။ ချင်ဟယ်ကျေးရွာက ဆေးပညာ မမြင့်ဘူး။ မြို့တော်မှာ အဆင့်အမြှင့်ဆုံး ကိရိယာတွေ အသင့်ရှိတယ်။ ဒီလူကို ဆေးရုံဆီ ချက်ချင်း ပို့ရမယ်”
ဒေါက်တာတင်သည် ထိုအမျိုးသမီး၏ ဒဏ်ရာရထားသော နေရာကို စစ်ဆေးကြည့်ချင်ခဲ့၏။ သူက အင်္ကျီလက်ကို ပင့်ကြည့်ကာ ဒဏ်ရာကို ကြည့်လိုက်၏။ ဒဏ်ရာက ပုပ်သိုးနေပြီး အနက်ရောင် ပိုးကောင်များကို တွေ့နေရပြီ ဖြစ်သည်။ ဒေါက်တာတင်၏ မျက်နှာထားက ချက်ချင်း ပြောင်းလဲ သွားလေ၏။
“သူရဲ့ လက် ဒဏ်ရာက ဘာဖြစ်တာလဲ”
ဒဏ်ရာရပြီးပြီချင်း တရုတ်ပြည့်သို့ ချက်ချင်း ပြန်ပို့ကြောင်း သူသိလိုက်သည်။ လွန်ခဲ့သည့် နာရီ ၂၀ ခန့်က ဖြစ်၏။ ယခုအချိန်တွင် ဒဏ်ရာက လောက်တွယ်နေပြီ ဖြစ်သည်။
ရှဲ့လဲ့နှင့် ကျန်သည့်သူများသည် ယွီနီ၏ အခြေအနေကို သိထားတာ ကြာပြီ ဖြစ်၏။ သူက နီမြန်းနေသာ မျက်လုံးဖြင့် ပြောလိုက်တော့သည်။
“ယွီနီက အရှေ့တောင်အာရှက လူဦးခေါင်းပျံ ကိုက်တာ ခံလိုက်ရတာ။ ယွီနီကို ဆေးရုံပို့မယ်ဆိုရင် သူရဲ့လက် ပြဿနာကို ဖြေရှင်းပေးပြီး ကယ်တင်ပေးနိုင်မယ်လို့ အာမခံနိုင်လား”
အရှေ့တောင်အာရှလား။ ဦးခေါင်းပျံလား။
ဒါက တီဗီရှိုူးက တစ်ခုခု မဟုတ်လား။ ဒေါက်တာတင်က မျက်မှောင် ကျုံ့မိသွားလေ၏။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ရှဲ့လဲ့က နှာခေါင်း ရှုံ့လိုက်သည်။
“ဒါဆိုရင် နာရီ ၂၀ အတွင်း ရထားတဲ့ ဒဏ်ရာကနေ ဘာလို့ လောက်တွယ်တယ်လို့ ထင်လဲ”
ဒေါက်တာ တင်က စွံ့အသွားလေ၏။
ဒေါက်တာ တင်သည် ယွီနီ၏ ဒဏ်ရာကို စစ်ဆေးစဉ် ချင်ယွီစွေက အထက်အရာရှိများကို ဆက်သွယ်ပြီး တာဝန်၏ ခက်ခဲမှု အဆင့်ကို အကြောင်းကြားပြီး ဖြစ်သည်။ ပြီးနောက် ဆေးရုံက ယွီနီ၏ဒဏ်ရာကို မကုသပေးနိုင်လောက်ပေ။ ထို့ကြောင့် သူက လေယာဉ်တစ်စင်း ချက်ချင်း လွှတ်ကြောင်းနှင့် ယွီနီကို ချက်ချင်း ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း ပြောခဲ့သည်။
သူ၏သူဌေးသည် အတော်အတန် အသက်ကြီးပြီ ဖြစ်သည်။ ဗိုလ်ချုပ်တစ်ယောက် ဖြစ်သည်။ သူ ငယ်ရွယ်စဉ်က တိုက်ပွဲများစွာ ဝင်ပါခဲ့ဖူးပြီး ထူးဆန်းသည့် ကိစ္စများစွာနှင့် တွေ့ကြုံ့ခဲ့ဖူး၏။ နိုင်ငံ၌ အထူးဌာနများ ရှိသည်။ ထို့သို့သော အရာများ အာလုံးကို သူတို့ သိသည်။ ထို့ကြောင့် ချက်ချင်းပင် ခွင့်ပြုချက်ပေးကာ ဒဏ်ရာရထားသည့်သူကို ချင်ဟယ်ရွာသို့ ခေါ်သွားခွင့် ပေးလိုက်သည်။
ခွင့်ပြုချက် ရပြီးနောက် အထက်အရာရှိများသည် လေယာဉ် စီစဉ်ပေးကာ မထွက်ခွာခင် နာရီဝက်သာ စောင့်ရမှာပဲ ဖြစ်သည်။
ယွီနီက ထမ်းစင်ပေါ်တွင် လှဲနေသေးပြီး မျက်နှာက ဖြူဖျော့နေ၏။ သူမ သတိလစ်နေသည့်တိုင် ချွေးစီးများ ပြန့်နေကာ အဝတ်အစားက ချွေးများ စိုရွဲနေသည်။
ရှဲ့လဲ့က အင်မတန် စိတ်ဓာတ်ကျနေပြီး သူမ့ဘေးတွင်နေနေ၏။ အသင်းထဲရှိ ကျန်သည့်သူများကလည်း များများစားစား မပြောဘဲ ဘေးတွင် ရပ်နေကြသည်။
ချင်ယွီစွေက ဒေါက်တာတင်ဆီ သွားကာ ပြောလိုက်လေ၏။
“ဒေါက်တာတင်။ ဒီခရီးစဉ်ကို အချည်းအနှီး ဖြစ်စေခဲ့မိတာ တောင်းပန်ပါတယ်။ အထက်အရာအရှိတွေဆီ အကြောင်းကြားပြီးပြီ ယွီနီကို ကုသဖို့အတွက် အခြားတစ်နေရာဆီ ပို့ပေးမှာ”
ခွင့်ပြုချက်များ ရပြီးပြီ ဖြစ်သောကြောင့် ဒေါက်တာတင်က ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ သူ ပိုကောင်းလာဖို့ မျှော်လင့်ပါတယ်”
97 05
ဒေါက်တာတင်သည် တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ပေးသည့် သူ့တို့အပေါ် လေးစား၏။ အဆုံးကျ ကယ်ဆယ်ခံခဲ့ရသည့် ဒေါက်တာချန်းသာလျှင် ဒေါက်တာတင်နှင့် ကျန်သည့် သူများနောက် လိုက်သွားပြီး တစ်ကိုယ်လုံး စစ်ဆေးရန် ဆေးရုံသို့ လိုက်သွား၏။ လူနာတင်ယာဉ်ပေါ်တွင် ဒေါက်တာချန်းက ဒေါက်တာတင်ကို ပြောလိုက်သည်။
“ဝမ်းမနည်းနဲ့။ အဲဒီ အမျိုးသမီးရဲ့ အခြေအနေက ဆေးရုံက ဆရာဝန်တွေ ဖြေရှင်းပေးနိုင်တာမျိုး မဟုတ်ဘူး။ ဒီတစ်ခေါက် ခရီးစဉ်အတွက် တောင်းပန်ပါတယ်။ ကျုပ်ကြောင့် သူ ဒဏ်ရာရသွားတာ။ ဒီကိစ္စက သိပ္ပံနယ်လွန် ဖြစ်နေတယ်။ ကျုပ်မျက်စိနဲ့ မျက်မြင်တွေ့ခဲ့ရတာ”
ဒေါက်တာချန်းသည် ထို့စဉ်က အခြေအနေကို ပြန်တွေးမိသောအခါ မျက်နှာ ဖြူဖျော့သွားလေ၏။
“လူခေါင်းက ပျံလာပြီး လူတွေကို တိုက်ခိုက်တာ ကျုပ်မျက်စိနဲ့ တွေ့ခဲ့ရတာ။ အဲဒီ လူခေါင်းက စကားလည်း ပြောနိုင်သေးတယ်။ အဆုံးကျ အကြမ်းဖက် အဖွဲ့ဝင်တွေ အားလုံး မမြင်ရတဲ့ အရာတွေကြောင့် အရှင်လတ်လတ် အပိုင်းဖြတ် ခံလိုက်ရတယ်”
ဒေါက်တာတင်က ရင်ထဲ တုန်လှုပ်သွား၏။
နာရီဝက်ခန့် ကြာပြီးနောက် ရှဲ့လဲ့က ယွီနီကို ခေါ်ကာ လေယာဉ်ဖြင့် ထွက်သွားလျှက် ကျန်သည့် သုံးယောက်ကလည်း လိုက်ပါလာသည်။ သူတို့သည် သေရေးရှင်ရေးကို အတူတူ ဖြတ်ကျော်ခဲ့ကြသည့် ညီနောင်များ၊ မိတ်ဆွေများ ဖြစ်သည်။ မြို့တော်တွင် သတင်းစောင့်ပြီး မနေနိုင်ပေ။ ထို့ကြောင့် သူတို့တစ်ချက် သွားကြည့်တာ ပိုကောင်းလိမ့်မည်။
ချင်ယွီစွေ က လူတိုင်းကို နှုတ်ဆက် စကားပြောလိုက်၏။
“အဲဒီကို ချက်ချင်း လာခဲ့မယ်”
လေယာဉ်သည် တစ်နာရီအတွင်း ချန်းရွှေမြို့သို့ ရောက်သွားပြီး နာရီဝက်အကြာ၌ အထက်အရာရှိများ စီမံ့ပေးသည့် အထူးကားတစ်စီးက ထို့ လူငါးယောက်ကို ချင်ဟယ်ရွာသို့ ခေါ်သွားပေးသည်။
ရှဲ့လဲ့က ယွင်ယွီနေထိုင်ရာ နေရာကို သိသောကြောင့် ယွင်မိသားစု ခြံဝန်းဆီသို့ အမြန်ခေါ်သွားသည်။ နေ့လည် သုံးနာရီ ထိုးခါနီးပြီ ဖြစ်၏။
အဘွားယွင်နှင့် အမေယွင်တို့က နေ့လည်၌ ဘန်းမုန့်ဆိုင်မှ အိမ်ပြန်ရောက်လာ၏။ ယွင်ယွီသည် မိသားစုကို အခြေအနေ မဖုံးကွယ်ထားဘဲ ချင်ယွီစွေ၏ အသင်းသား ဒဏ်ရာရလာကြောင်းနှင့် ကုသရေးအတွက် အိမ်ကို ပို့မည်ဖြစ်ကြောင်း ပြောခဲ့သည်။
အဘွားယွင်က စိုးရိမ် ပူပန်စွာ ပြောလိုက်၏။
“ဒဏ်ရာ ပြင်းထန်လား”
“သေချာ မသိသေးဘူး”
ယွင်ယွီကလည်း စိုးရိမ် ပူပန်နေ၏။ ထို့နည်းစနစ်များသည် အရှေ့တောင်အာရှ၌ နာမည်ကြီးသည်။ပုံသဏ္ဌာန် မျိုးစုံရှိ၏။ သူမသည် ဒဏ်ရာ ရထားသည့် အခြေအနေကို မတွေ့ဘဲ ကောက်ချက် မချနိုင်ပေ။
ဖုန်းရှို့ကျန်းက မေးလိုက်သည်။
“သူ့ကို ဘာလို့ ဆေးရုံ မပို့တာလဲ။ မြို့တော်မှာက ပိုကောင်းတဲ့ ဆေးပညာရှိနေတာပဲ”
ယွင်ယွီက ပြောလိုက်သည်။
“ပုံမှန် ဒဏ်ရာ မဟုတ်လို့။ အောက်လမ်းပညာကြောင့် ဖြစ်တာ။ ဆေးရုံ ပို့လည်း အကျိုး မထူးဘူး။ သေဖို့ စောင့်နေရုံပဲ ရှိမှာ။ ဒါကြောင့် သမီးဆီ ပို့လိုက်တာ။ သမီး ကုလို့ ရမရ ကြည့်ရမယ်”
ယွင်မိသားစုက အလွန် အံဩသွားလေ၏။ ယွင်ယွီက ထို့အရာကိုတောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ မထင်ထားပေ။
ယွင်ယွီက ယွင်မိသားစုကို နှစ်သိမ့်လိုက်သည်။
“မေမေ၊ ဘွားဘွား စိတ်မပူနဲ့။ အန္တာရာယ် မရှိဘူး”
“အွန်း သမီးလည်း ဂရုစိုက်သင့်တယ်”
+++++