အခန်း ၉၈
Vol. 10 Ch. 98
98 01
အပိုင်း 98
သုံးနာရီခန့်ကြာပြီးနောက် အလောတကြီး ခြေသံများကို ခြံဝန်းအပြင်ဘက်၌ ကြားလိုက်ရ၏။ ယွင်ယွီက အပြင်ထွက်လိုက်ချိန် ရှဲ့လဲ့က အမျိုးသမီး တစ်ယောက်ကို ပွေ့ထားလျှက် အနောက်မှ အမျိုးသား သုံးယောက်လိုက်ပါလာတာ တွေ့လိုက်ရသည်။
ယွင်ယွီသည် ရှဲ့လဲ့ကို သိ၏။ သူတို့ကို သူ့အခန်းထဲ ခေါ်သွားပေးကာ ဒဏ်ရာရထားသည့် အမျိုးသမီးကို ခုတင်ပေါ်တင်ခိုင်းပြီးနောက် မေးလိုက်သည်။
“ချင်ယွီစွေ ဘယ်မှာလဲ”
ရှဲ့လဲ့က မေးလိုက်သည်။
“ဘော့စ်က ဒီတာဝန်ကို သတင်းပို့ဖို့ မြို့တော်မှာ ရှိနေသေးတုန်းပဲ။ ညနေကျ ရောက်လာလောက်တယ်”
သူသည် အိပ်ရာပေါ်ရှိ ယွီနီကို ကြည့်ပြီး စိုးရိမ် ပူပန်စွာ မေးလိုက်လေ၏။
“မရီး ယွီနီကို ကုလို့ ရသေးလား”
ယွင်ယွီသည် ယွီနီဟု အမည်ရသည့် အမျိုးသမီး၏ အင်္ကျီလက်ကို မကြည့်လိုက်၏။ အထဲ၌ အနက်ရောင် ပိုးကောင်များ ထွက်လာတာကို တွေ့လိုက်ရသည်။ သူ၏ အမှုအရာက ချက်ချင်း ပြောင်းလဲသွားကာ ပြောလိုက်လေ၏။
“ဘာမှ ထပ်မပြောနဲ့တော့။ ခြံဝန်း အပြင်ဘက်က ကြက်ခြံထဲကို သွားပြီး ကြက်တစ်ကောင် သတ်ခဲ့။ ပြီးရင် ကြက်ရင်ပုံသား သယ်လာခဲ့။ ကျွန်မ လိုအပ်တယ်”
…
ယင်းသည် အလောင်း အဆိပ်ဖြစ်ရုံသာမက ပိုးမွှားများလည်း ရှိနေသေးသည်။ တစ်ခွန်းမှ မပြောပဲ ရှဲ့လဲ့က အင်္ကျီလက်လိမ့်တင်လျှက် ကြက်သတ်ရန် အပြင်ဘက်သို့ ထွက်သွားသည်။
ကျန်ရှိသည့် အသင်းသားသုံးဉီးသည် ကပ္ပတိန်၏သတို့သမီးကို ယခင်က တစ်ခါမှ မတွေ့ဖူးပေ။ ယခု သူမကို မြင်ချိန်၌ သူမက အလွန် ငယ်ရွယ်ပြီး လှပတာ တွေ့လိုက်ရသည်။
ဤကဲ့သို့ မိန်းမငယ်လေး၌ ထို့သို့ အရည်အချင်းရှိနေတာ အံဩပြီး အထင်ကြီးမိသွားသည်။
ဘေးရှိ ကော်ဖီစားပွဲပေါ်၌ ဝိညာဉ်စွမ်းရည် တစ်ဇလုံ ရှိနေ၏။ ယင်းက သန့်စင်သည့် ဝိညာဉ်စွမ်းရည်ဖြစ်ကာ ကြိုတင်ပြင်ဆင်ထားတာပဲ ဖြစ်သည်။
ထို့လူသုံးယောက်သည် ယခုအချိန်၌ ထို့ဘာမှ မကူညီနိုင်မှန်း သိသောကြောင့် ထောင့်ဘက်တွင် ရပ်နေသည်။
ယွင်ယွီက ကတ်ကြေးတစ်လက်ရှာလျှက် ယွီနီ၏ အဝတ်စကို ညှပ်လိုက်သည်။ အလောင်းအဆိပ်သည် ပုခုံးအထိတောင် ပြန့်သွား၏။ သူ၏ နှလုံးအထိ ပြန့်သွားမည်ဆိုပါက နတ်ဘုရားများတောင် သူမကို ဆင်းကယ်နိုင်တော့မှာ မဟုတ်ပေ။
သူမသည် လိပ်ပြာစုစည်းခြင်းအဆောင်တစ်ခုကို ရေးဆွဲပြီး ပုခုံးပေါ်တွင် ကပ်ထားလိုက်၏။ ၎င်းက အလောင်းအဆိပ်၏ ပြန့်နှံ့မှုကို ပိတ်ဆို့ထားနိုင်ပြီး ပြန့်နှံ့မှုနှုန်း လျော့ချပေးနိုင်သည်။
ဦးခေါင်းပျံသည် လူသွေးစုပ်ရန် လိုအပ်ပြီး အသက်ရှင်ရန်အတွက် သွေးများ လိုအပ်သည်။ သွေးစုပ်ခံလိုက်ရသည့် လူတိုင်း ချက်ချင်း သေဆုံးလိမ့်မည်။ ထိုဦးခေါင်းပျံ၌ အဆိပ်များ ပြည့်နေတာပဲ ဖြစ်သည်။ အကိုက်ခံခဲ့ရပါက ထို့လူသည် အလောင်းအဆိပ် မိသွားလိမ့်မည်။
ယွင်ယွီက ကျန်သည့် ကိရိယာများ လိုအပ်နေသး၏။ ထို့ကြောင့် တစ်ဖက်သို့ လှည့်ကာ ချောင်တွင် ရပ်နေသည့် လူသုံးယောက်ကို ကြည့်လိုက်၏။
“အစ်ကို မီးဖိုချောင်ထဲက မီးဖိုလေး တစ်လုံး သွားသယ်လာပေးပါအုန်း”
မီးဖိုချောင်ထဲတွင် ကျောက်မီးသွေးဖိုလေး တစ်ခု အမြဲတစေ ရှိတတ်သည်။ ယင်းက ဟင်းချိုချက်ရန်နှင့် ရေနွေးအိုး တည်ရန်ပဲ ဖြစ်သည်။
ချင်းကန်းဟု အမည်ရသည့် အမျိုးသားတစ်ယောက်က ပြောလိုက်သည်။
“ကျုပ် သွားလိုက်မယ်”
သူက ခြံဝန်းထဲသို့ ရောက်သွားချိန်တွင် ယွင်မိသားစုနှင့် တွေ့သွား၏။ သူက ခေါင်းညိတ်ပြီး ယွင်ယွီ၏ ဆွေမျိုးနှစ်ယောက်ကို နှုတ်ဆက်လိုက်ချိန် အဘွားယွင်က ပြောလိုက်၏။
98 02
“အကူအညီ လိုတာရှိရင် ပြောနော်”
ချင်းကန်းက ပြောလိုက်သည်။
“အဘွား ကျွန်တော်တို့ ကျောက်မီးသွေးဖို လိုအပ်တယ်”
အဘွားယွင်က သူ့ကို မီးဖိုချောင်ထဲ ခေါ်သွားပေးလိုက်ရာ သူသည် ယွင်ယွီ၏ အခန်းထဲသို့ ကျောက်မီးသွေးဖိုလေး သယ်လာသည်။ ယွင်ယွီက ပြောလိုက်၏။
“ကျေးဇူးပါ အစ်ကိုကြီး အဲဒီဘေးမှာ ထားလိုက်ပါ”
ချင်းကန်းက ပြုံးလိုက်၏။
“ရပါတယ် မရီး”
ခြံဝန်းအပြင်ဘက်တွင် ရှိနေသည့် ရှဲ့လဲ့ကမှု ကြက်ဖတစ်ကောင်ကို အမြန် ဖမ်းပြီးနောက် သတ်ကာ ကြက်ရင်ဖုံသား နှစ်ခုကို အခန်းထဲ သယ်လာလေ၏။
ယွင်ယွီက ကြက်ရင်ပုံသားကို ယူပြီး ဝိညာဉ်စွမ်းရည်ထဲတွင် စိမ်ထားလိုက်၏။ ပြီးနောက် အကိုက်ခံထားရသည့် ဒဏ်ရာ နေရာကို အသားစိမ်းဖြင့် ကပ်ထားလိုက်သည်။ ပုပ်သိုးနေသော အသားထဲ တရွေ့ရွေ့ သွားနေသော ပိုးကောင်များက ချက်ချင်းပင် အသားစိမ်းဆီ တလူးလူး ရွေ့လာကြသည်။ မကြာမှီ၌ အသားစိမ်း၌ ပိုးကောင်များ ပြည့်သွားလေ၏။ ယွင်ယွီသည် ပိုးကောင်များ ပြည့်နေသည့် အသားစိမ်းကို ညှပ်ဖြင့် ကောက်ပြီး ကျောက်မီးသွေးဖိုထဲ ပစ်ထည့်လိုက်သည်။ မီးညွှန့်များ တက်လာပြီးနောက် ပိုးကောင်များအားလုံး လောင်ကျွမ်းသွားကာ အခန်းထဲ၌ ငါးညှီနံများ ချက်ချင်း ပြည့်သွားလေ၏။
မီးခိုငွေ့က အရွယ်ရောက်ပြီးသားလူများကိုတောင် ပျို့အန်ချင်စိတ် ဖြစ်ပေါ်စေသည်။
ယွင်ယွီကလည်း မသက်မသာ ဖြစ်သွား၏။ သူမကို အဝတ်လဲထားရပြီး အငွေ့များ၌ ထိလွယ် ရှလွယ် ဖြစ်နေသည်။
ယွီနီ၏ ဒဏ်ရာပေါ်ရှိ ပိုးကောင် ကျိန်စာကို ရှင်းရှင်းလင်းလင်း မဖြေရှင်းရသေးပေ။ ဉီးခေါင်းပျံ အောက်လမ်းပညာကို ကျင့်ကြံသည့် ဤလူက တကယ် ရွံရှာစရာ ကောင်းလှပေ၏။ အလောင်းအဆိပ် ပြည့်နေရုံသာမက သူ့၏သွားထဲတွင်လည်း ပိုးကောင် ကျိန်စာကို ထည့်ထားသေးသည်။
ကျန့်သည့်သူများလည်း လျင်လျင်မြန်မြန် မသေဆုံးမှာကို စိုးရိမ်သောကြောင့် ဖြစ်လိမ့်မည်။
ယွင်ယွီသည် ဒုတိယမြောက် အသားစိမ်းကို ဝိညာဉ်စွမ်းရည်ထဲ ပစ်ထည့်လိုက်ပြီး ခဏတစ်ဖြုတ် စိမ်ထားကာ ဒဏ်ရာကို အုပ်လိုက်ပြန်သည်။ ပိုးကောင်လေးများက အသားစိမ်းပေါ် တရွေ့ရွေ့ တက်လာပြီးနောက် ၎င်းကို စားသောက်ကြ၏။ ပထမအခေါက်ကထပ် နည်းသွားတော့သည်။
ရှဲ့လဲ့က ဘေးတွင် ရပ်ကာ ယွီနီ၏ ဒဏ်ရာကို စိုက်ကြည့်နေသည်။
ချင်းကန်းနှင့် ကျန့်သည့် သူများကလည်း ဘေးနားတွင် ရပ်ကာ စိတ်အားထက်သန်စွာ ကြည့်နေ၏။ သူတို့အစ်ကိုကြီး၏ ဇနီးကိုတောင် လေးစားလာမိသည်။
မိနစ်ပိုင်းကြာပြီးနောက် ယွင်ယွီသည် ပိုးကောင်များ ပြည့်နေသည့် အသားစိမ်း ဒုတိယတစ်ပိုင်းကို ကျောက်မီးသွေးဖိုထဲ ပစ်ထည့်လိုက်သည်။ တရှဲရှဲ အသံများဖြင့် ပိုးကောင်များအားလုံး သေသွားတော့သည်။
အနံက ပိုတောင် ဆိုးရွားသည်။
ယွင်ယွီက ဒဏ်ရာကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
“မလောက်ဘူး။ နောက်တစ်ကောင် သွားသတ်ပြီး အသားစိမ်း နှစ်ခု ယူလာခဲ့”
အချိန်က အတန်ငယ်ရှည်ကြာ၏။ ယွီနီ၏ လက်ထဲ၌ ပိုးကောင်များ ရှိနေသေးသည်။ စကားတစ်ခွန်းမှ မဆိုဘဲ ရှဲ့လဲ့က ချက်ချင်းပင် နောက်ထပ် ကြက်ဖတစ်ကောင် သွားသတ်တော့သည်။
စတုတ္ထမြောက် အသားစိမ်းပေါ်၌ ပိုးကောင် အနည်းအကျဉ်းသာ ရှိတော့သည်။ ယွင်ယွီသည် အကြိမ်အနည်းငယ် စောင့်ပြီးနောက် အသားစိမ်းကို ကျောက်မီးသွေးဖိုထဲ ပစ်ထည့်လိုက်သည်။ ပိုးကောင်များ သေအောင် မီးမြိုက်ပြီးနောက် သူ့နောက်ရှိ လူများကို ပြောလိုက်လေ၏။
98 03
“တွင်းတူးပြီး ဒီကျောက်မီးသွေးဖိုကို မြုပ်လိုက်။ အထဲက ကျန်တဲ့အသားရော အပြင်ဘက်က ကျန်နေတဲ့ ကြက်သားရောပဲ။ အဲဒီတွင်းက အနည်းဆုံး တစ်မီတာလောက် ရှိရမယ်”
ကျောက်မီးသွေးနှင့် အသားစိမ်းများကို မြုပ်နှံရန်သာ ဆိုသော်ငြား မြုပ်နှံရမည့်အတွေးကတင် ရွံရှာစရာ ကောင်းလှပေ၏။ ကျောက်မီးသွေးစများနှင့် အသားစိမ်းများကို မြုပ်နှံရန်သာ ဆိုသော်ငြား ထို့အတွေးက တကယ် ရွံရှာစရာ ကောင်းလှပေ၏။ သူမသည် ကျောက်မီးသွေးဖိုကို ထပ်တောင် မလိုချင်တော့ပေ။
ချင်းကန်းက ပြန်ပြောလျှက် ကျန်ရှိသည့် အသင်းသားနှစ်ယောက်နှင့်အတူ ထွက်သွားပြီး ပစ္စည်း ပစ္စယများ သယ်ကာ တွင်းတူးတော့၏။
ရှဲ့လဲ့က ဘေးတွင် ရပ်နေသည်။
ယွင်ယွီက ပြောလိုက်သည်။
“ကျွန်မ အဆိပ် ဖြေပေးဖို့ လိုတယ်။ သူ့ကို နှောင့်ယှက်မိလို့ မရဘူး။ ရှင် အပြင်မှာ စောင့်နေပေးပါ”
“ဟုတ်ကဲ့”
ရှဲ့လဲ့၏ အသံက တိုးသက်နေသော်ငြား သူ၏ လေးလံနေသော စိတ်နှလုံးက တဖြည်းဖြည်းချင်း တည်ငြိမ်သွား၏။ ယွင်ယွီ၏ အရည်အချင်းကို မြင်တွေ့ပြီဖြစ်သောကြောင့် သူမ ယွီနီကို ကယ်တင်နိုင်မှန်း သိသည်။
ယွင်ယွီက သူ့ကို အခန်းထဲ၌ အသားစိမ်း စိမ်ရန် အသုံးပြုထားသည့် ဝိညာဉ်စွမ်းရည် ဇလုံကို သွန်ခိုင်းပြီး ဇလုံကို ပြန်သယ်လာခိုင်း၏။
အခန်းထဲတွင် သူမနှင့် ယွီနီသာ ရှိတော့သည့်အချိန်တွင် ယွင်ယွီက ယွီနီ၏ လက်ကို အိပ်ရာ အပြင်ဘက်သို့ ထုတ်လျှက် သူမ၏ လက်မောင်းအောက်တွင် ဇလုံအလွှတ်ကို ထားလိုက်ပြီး ယွီနီ၏ လက်ငါးချောင်းကို ထိပ်ကို အပြင်းဖောက်လိုက်လေ၏။ ပြီးနောက် ဝိညာဉ်စွမ်းရည်တို့သည် သူမ၏လက်ဖဝါးထဲ တိုးဝင်သွားပြီး ယွီနီ၏ ဒဏ်ရာကို ဆေးကြောပေးတော့သည်။ ယွင်ယွီက မျက်လုံး မှိတ်ထားလျှက် ယွီနီ၏ ဒဏ်ရာကို လက်ဖဝါးဖြင့် ကာထားကာ ဝိညာဉ်စွမ်းအင် ပမာဏများစွာသည် ယွီနီ့လက်၏ သွေးကြောကနေ စီးဝင်သွားတော့သည်။
ယွင်ယွီသည် ယွီနီ၏ ချီသွေးကြောများကို ခံစားမိပြီး သူမ၏ ဝိညာဉ်စွမ်းအင်က သူမခန္ဓာကိုယ်ထဲမှ အဆိပ်များကို အနည်းနည်းချင်း တွန်းထုတ်ပေးလိုက်၏။
တဖြည်းဖြည်းချင်း အနက်ရောင် အရာဝတ္ထုက ယွီနီ၏လက်ဖျားထိပ်မှ ဇလုံလွှတ်ထဲ စီးကျသွားသည်။
အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးသွားတော့သည်။
ချင်ယွီစွေသည် မစ်ရှင်အကြောင်း သတင်းပို့ရန် မြို့တော်တွင် နေရစ်ခဲ့ပြီးနောက် ချန်းရွှေမြို့သို့ ချက်ချင်း ပြန်လာလေ၏။
သူက ယွင်ယွီ၏ ခြံဝန်းထဲသို့ မောင်းလာသည်။ ည ၆ နာရီ ကျော်နေပြီ ဖြစ်ကာ ကောင်းကင်က မှောင်မည်းနေပြီ ဖြစ်သည်။ သူ ကားထဲမှ ထွက်လာပြီး ခြံဝန်းထဲ ဝင်သွားလိုက်ချိန် ရှဲ့လဲ့နှင့်ကျန်သည့် သူများက သုန်မှုန်နေသော မျက်နှာဖြင့် နှင်းဆီပင်အောက်ရှိ ကျောက်ခုံပေါ်တွင် ထိုင်နေတာ တွေ့လိုက်ရသည်။
ချင်ယွီစွေက လျှောက်သွားကာ မေးလိုက်တော့သည်။
“ယွီနီ ဘယ်လိုလဲ”
ချင်းအမ်းက ယွင်ယွီ ဒဏ်ရာကုသပုံကို ပြောပြခဲ့သည်။
ချင်ယွီစွေက မေးလိုက်ပြန်သည်။
“သူက ယွီနီရဲ့ ဒဏ်ရာကို ကုသပေးဖို့ အဲဒီမှာ ရှိနေသေးတုန်းလား”
ရှဲ့လဲ့က ခေါင်းညိတ်လျှက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“မရီးက အထဲမှာ ရှိနေသေးတုန်းပဲ။ သူ့ကို ဘယ်သူမှ မနှောင့်ယှက်စေချင်ဘူးတဲ့။ ဒါကြောင့် ကျွန်တော်တို့ အပြင်ထွက်လာတာ”
ချင်ယွီစွေက ခေါင်းညိတ်ပြီးနောက် ပိတ်ထားသည့် တံခါးဝနားဆီ လျှောက်သွားကာ ခဏတစ်ဖြုတ် ရပ်နေလိုက်သည်။ ပြီးနောက် မီးဖိုချောင်သို့ သွားလိုက်၏။ အဘွားယွင်နှင့် အမေယွင်က ချက်ပြုတ်နေတာ ဖြစ်သည်။ သူက ပြောလိုက်သည်။
98 04
“အဘွား ကျွန်တော် ကူပေးမယ်”
အဘွားယွင်သည် သူ၏ မြေးသမက်လေး ဘေးကင်းစွာ ပြန်လာတာကို မြင်ရချိန်၌ အလွန် ပျော်ရွှင်နေပြီး ပြုံးလျှက် ပြောလိုက်တော့သည်။
“မဟုတ်ဘူး။ မဟုတ်ဘူး။ သားအပြင်မှာ စောင့်ပြီး နားနေလိုက်။ အစားအသောက် အဆင့်အသင့် ဖြစ်တော့မယ်။ ပြီးရင် သူတို့ စားဖို့ ခေါ်လိုက်”
ချင်ယွီစွေက မထွက်သွားဘဲ မီးဖိုချောင်ထဲတွင် ကူညီရန် နေပေး၏။
ည ၇ နာရီ ခွဲနေသော်ငြား ယွင်ယွီသည် အခန်းထဲမှ ထွက်မလာသေးပေ။
အဘွားယွင်က စားပွဲပေါ် အစားအသောက် တင်ထားပြီးနောက် လူတိုင်းကို ထွက်လာခိုင်းလိုက်သည်။ သူမမြေးလေး၏ အခန်းတံခါးပိတ်နေသေးတာကို မြင်သောအခါ စိတ်ပူသွား၏။ မြေးလေး၏ အခန်းတံခါးကို နှစ်ခါ ကြည့်ပြီးနောက် လှည့်ပြောလိုက်သည်။
“အရင် စားရအောင် ရှောင်ယွီအာအတွက် အစားအသောက် ကျန်ထားလိုက်မယ်”
ချင်းကန်းနှင့် ကျန်သည့်သူများက ချင်ယွီစွေကို ကြည့်လိုက်၏။ ချင်ယွီစွေက နက်ရှိုင်းသော အသံဖြင့်် ပြောလိုက်သည်။
“မင်းတို့တွေ အရင်စားနှင့် ငါ သူ့ကို သွားစောင့်လိုက်မယ်”
အဘွားယွင်ကလည်း ခေါ်လိုက်သည်။
“ရှောင်ချင် သား အရင် လာစား”
ချင်ယွီစွေက ခေါင်းခါလိုက်သည်။
“အဘွားတို့ အရင် စားနှင့်ပါ။ ကျွန်တော် ပြီးမှ သူနဲ့ စားလိုက်မယ်”
အဆုံးကျ အဘွားယွင်နှင့် သူ၏ အသင်းသားများ အရင်ဆုံး စားနှင့်သည်။ ချင်ယွီစွေကမှု ကြယ်စုံသော ကောင်းကင်အောက်တွင် ခြံဝန်းထဲ၌ ထိုင်လျှက် စောင့်နေသေးသည်။
အဘွားယွင် ပြင်ဆင်ပေးထားသည့် ဟင်းများက အရသာရှိသည်။ မြို့ကြီးပြကြီး၌ ရှာရန် ခက်ခဲသော ဟင်းသီးဟင်းရွက်များလည်း ဖြစ်၏။ ၎င်းတို့က အလွန် အရသာရှိပြီး သူတို့ စားဖူးသမျှထဲတွင် အရသာ အရှိဆုံး ဖြစ်သည်။ သို့သော် သူတို့က ဖယောင်းကို ဝါးနေရသလိုပင်။
ညစာစားပြီးနောက် ချင်းကန်းနှင့် ကျန်သည့် သူနှစ်ယောက်သည် ဟိုတယ်တစ်ခု ရှာရန် မြို့သို့ ပြန်မောင်းလာကြ၏။ ယွင်မိသားစု၌ နေစရာ မလုံလောက်သောကြောင့် ဖြစ်သည်။ ရှဲ့လဲ့ကမှု ယွီနီနှင့် အနီးကပ်နေချင်သောကြောင့် ပြန်မလာခဲ့ပေ။
၁၀ နာရီကျော်တော့မှ ယွင်ယွီ၏ အခန်းတံခါး ပွင့်လာ၏။ ချင်ယွီစွေက ချက်ချင်းပင် လျှောက်သွားလိုက်ချိန် သူမ၏ မျက်နှာ အနည်းငယ် ဖြူဖျော့နေတာ တွေ့လိုက်ရ၏။ သူက စိုးရိမ် ပူပန်စွာ မေးလိုက်တော့သည်။
“မင်း အဆင်ပြေရဲ့လား”
ယွင်ယွီက ခေါင်းခါလိုက်လေ၏။
“ကျွန်မ အဆင်ပြေတယ်။ အလောင်းအဆိပ်ကို တစ်ခါတည်း ဖြေရှင်းရတာ နည်းနည်း ပင်ပန်းသွားရုံပဲ”
အခန်းထဲမှ အနံပြင်းပြင်း ထွက်လာ၏။ ယွင်ယွီကမှု ပျို့အန်ချင်လာ၏။ သို့သော် သူမ ထိန်းထားသည်။
ရှဲ့လဲ့က ရောက်လာပြီး သုံးယောက်သား အခန်းထဲ ဝင်လိုက်သည်။ ယွီနီက ဖြူဖျော့သော နှုတ်ခမ်းဖြင့် အိပ်ရာပေါ်တွင် လှဲနေသေးစဲ ဖြစ်ကာ သူမက သူမကို စောင်ပါးလေး ခြုံပေးထားသည်။ ပေါ်နေသည့် လက်မောင်းက မူလအသားများ ပြန်တက်နေပြီ ဖြစ်ကာ ဒဏ်ရာပေါ်ရှိ ပုပ်သိုးနေသော အသားများကို သန့်ရှင်းပေးပြီးသွားပြီ ဖြစ်သည်။ အိပ်ရာအောက်ရှိ ပလက်စတစ် ဇလုံပေါ်၌ အနက်ရောင် အကြွင်းအကျန်များ ရှိနေ၏။ အနံက ထို့အရာမှ လာတာ ဖြစ်သည်။
ယွင်ယွီက ယွီနီကို ကြည့်ကာ ပြောလိုက်၏။
“သူအခု အဆင်ပြေသွားပြီ။ ဒါပေမဲ့ ဒဏ်ရာကို ဆေးလိမ်းဖို့ လိုသေးတယ်။ အခု ဒီမှာ ဆေးမရှိဘူး။ ကျွန်မတို့တွေ ဆေးရဖို့ ဆေးရုံသွားဖို့ လိုတယ်”
သူက ရှဲ့လဲ့ကို ကြည့်လိုက်၏။
“ဒီဇလုံထဲက ဟာကို ဇလုံနဲ့အတူ မြုပ်ပစ်ဖို့ လိုတယ်”
ရှဲ့လဲ့က ပြောလိုက်လေ၏။
ယွီနီ အဆင်ပြေကြောင်း ကြားသောအခါ သူ၏ အမှုအရာက ပြေလျော့သွားတော့သည်။
“ကျွန်တော်မှာ လိမ်းဆေး ရှိတယ်။ တစ်ရှုး ကြီးထွားတာကို မြင့်တင်ပေးပြီး သွေးတိတ်စေတယ်။ ဒါတွေကို မြုပ်ဖို့ တွင်းတစ်တွင်း တူးလိုက်မယ်။ စိတ်ပူစရာ မလိုပါဘူး။ ကပ္ပတိန် စားသောက်ဖို့ မရီးကို ခေါ်သွားတော့လေ”
ပြောပြီးနောက် သူက ယွင်ယွီကို ကြည့်ကာ လေးနက် တည်ငြိမ်စွာ ပြောလိုက်၏။
“မရီး ကျေးဇူးတင်ပါတယ်”
******