← Chapters

အခန်း (၂၉၇၁-၂၉၇၂)

Vol. 238 Ch. 2971-2972

အခန်း (၂၉၇၁-၂၉၇၂)

Vol. 238 Ch. 2971-2972

အခန်း(၂၉၇၁)

အင်မော်တယ်ဘုရင်တစ်ပါး၏ တိုက်ပွဲသည် သာမန်ကိစ္စမဟုတ်ပေ။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်နှင့် မိစ္ဆာဘုရင်စန်းကျဲ့တို့သာ ၎င်းတို့၏ စွမ်အားကို အစွမ်းကုန် ထုတ်သုံး၍ တိုက်ခိုက်ကြမည်ဆိုလျှင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ထက်ဝက်ခန့်ကို တစ်ခဏအတွင်း ဖျက်ဆီးပစ်ရန် လုံလောက်လိမ့်မည် ဖြစ်သည်။

ယင်းအချက်ကြောင့်ပင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်သည် မိစ္ဆာဘုရင်စန်းကျဲ့နှင့် တိုက်ခိုက်မည့် စစ်မြေပြင်ကို မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ အတွင်း၌ မရွေးချယ်ခဲ့ပေ။

“ဒီတစ်ကြိမ် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က နည်းနည်း အလျင်စလို ဖြစ်သွားတယ်ထင်တယ်.. ရှေးဟောင်းမိစ္ဆာနန်းတော်မှာ ထိုက်ယီအဆင့် မိစ္ဆာသခင်ငါးပါးတောင် ရှိနေတဲ့ အပြင် တလော့မိစ္ဆာသခင် အရေအတွက်ကလည်း ငါတို့ဘက်ကထက် အပြတ်အသတ် သာလွန်နေတယ်.. ငါတို့တွေ သူတို့ကို မယှဥ်နိုင်မှာ စိုးရိမ်မိတယ်”

သူ့ရှေ့မှ အခြေအနေကိုကြည့်ကာ ကျောပြင်တွင် ဓားတစ်လက်ကို လွယ်ပိုးထားသည့် မီးခိုးရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်တစ်ပါး၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလိုပင် အလွန်တရာ လေးနက်သွားခဲ့သည်။

ထိုဓားအင်မော်တယ်သည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ ထိုက်ယီအင်မော်တယ်အဆင့် ဓားအင်မော်တယ်တစ်ပါး ဖြစ်သည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေက ရှေးဟောင်းမိစ္ဆာနန်းတော်၏ ကျူးကျော်မှုကို ခံရပြီးနောက်တွင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်သည် အကြွင်းမဲ့ဓားအင်မော်တယ် နယ်မြေရှိ အကြွင်းမဲ့အင်မော်တယ်နန်းတော် ထံသို့ လူလွှတ်ကာ အကူအညီတောင်းခံခဲ့သဖြင့် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်က ထိုက်ယီအဆင့် အင်မော်တယ် တစ်ပါးနှင့် တလော့အင်မော်တယ် တချို့ကို မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေဆီ စစ်ကူအဖြစ် စေလွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

“မိတ်ဆွေကြီး သိပ်လည်းမစိုးရိမ်ပါနဲ့.. ငါတို့ နန်းတော်သခင်က ရှေးဟောင်းမိစ္ဆာနန်းတော်ကို တိုက်ခိုက်ဖို့ လာခဲ့မှတော့ အပြည့်အဝ ပြင်ဆင်ခဲ့ပြီးသားပဲ.. ငါတို့အနေနဲ့ ထိုက်ယီအဆင့် မိစ္ဆာသခင် တစ်ပါးစီကို တာဝန်ယူရုံပါပဲ.. ကျန်တဲ့တစ်ပါးကိုတော့ တစ်စုံတစ်ယောက် ကိုင်တွယ်ပါလိမ့်မယ်”

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ ထိုက်ယီအင်မော်တယ်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်ပြီးနောက်တွင် ထိုက်ယီအဆင့် မိစ္ဆာသခင်တစ်ပါး ဆီသို့ ချက်ချင်းပင် အာရုံစိုက်လိုက်ပြီး တိုက်ခိုက်ရန် အတွက် ပျံသန်းသွားလိုက်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်ရှိသော ထိုက်ယီအင်မော်တယ် သုံးပါးသည်လည်း အပိုစကားများ ပြောမနေတော့ဘဲ တစ်ချိန်တည်းနီးပါးပင် ထိုက်ယီအဆင့် မိစ္ဆာသခင်သုံးပါးကို စတင်တိုက်ခိုက်လိုက်ကြသည်။

ထိုအချိန်မှာပင် ရှေးဟောင်းမိစ္ဆာနန်းတော်မှ တလော့မိစ္ဆာသခင် အများအပြားကို ဦးဆောင်လာသည့် ကျန်ရှိသော ထိုက်ယီအဆင့် မိစ္ဆာသခင်တစ်ပါးသည် ကျန်းချန်နှင့် တခြားသူများ ဆီသို့ သတ်ဖြတ်ရန် ချဥ်းကပ်လာခဲ့သည်။

“မိတ်ဆွေလေးကျန်းချန်.. ငါတို့ အခု ဘာဆက်လုပ်ကြမလဲ”

သတ်ဖြတ်ရန် ချဥ်းကပ်လာသည့် ရှေးဟောင်းမိစ္ဆာနန်းတော်မှ လူများကို ကြည့်ကာ ပိုင်မင်ချွမ်က သူ၏ နံဘေးရှိ ကျန်းချန်ကို လှည့်ကြည့်၍ မေးလိုက်သည်။

ယခုအခါတွင် သူတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်နှင့် ထိုက်ယီအင်မော်တယ် လေးပါးစလုံးသည် ကိုယ်စီပြိုင်ဘက်နှင့် ရင်ဆိုင်နေကြသည်။

ရှေးဟောင်းမိစ္ဆာနန်းတော် ဘက်တွင်မူ ထိုက်ယီအဆင့် မိစ္ဆာသခင်တစ်ပါး ကျန်ရှိနေသေးသည့် အပြင် တလော့အဆင့် မိစ္ဆာသခင် အရေအတွက်သည်လည်း သူတို့ထက် များစွာ သာလွန်နေခဲ့၏။

ဤအချိန်တွင် ပိုင်မင်ချွမ် အနေဖြင့် ကျန်းချန်အပေါ်၌သာ မျှော်လင့်ချက် ထားနိုင်တော့သည်။

“မင်းတို့တွေ အဲဒီ တလော့အဆင့် မိစ္ဆာသခင်‌တွေကို ခဏလောက်ပဲ ထိန်းထားပေးပါ...ငါ့ကို အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာလောက်သာ အချိန်ပေး.. အဲဒီအချိန်အတောအတွင်း ထိုက်ယီအဆင့် မိစ္ဆာသခင်ကို ငါအရင် သတ်ပစ်လိုက်မယ်”

စကားဆုံးသည်နှင့် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ထိုက်ယီအဆင့် အင်မော်တယ်အရှိန်အဝါက ထွက်ပေါ်လာခဲ့ပြီး ထိုက်ယီအဆင့် မိစ္ဆာသခင် ရှေ့မှောက်သို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့သည်။

“ထိုက်ယီအင်မော်တယ်ပါလား”

သူ့ရှေ့မှ ကျန်းချန်ကို မြင်လျှင် ထိုက်ယီအဆင့် မိစ္ဆာသခင်၏ မျက်ဝန်းထဲ၌ အံ့ဩတုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူ့ရှေ့မှ လူငယ်က ထိုက်ယီအဆင့်ကို ရောက်ရှိနေသည့် ထိုက်ယီအင်မော်တယ် တစ်ပါး ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ထိုက်ယီအဆင့်ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားခြင်းသည် ရှေးခေတ်ကာလက အင်မော်တယ်လောကတွင် ပင်လျှင် အလွန်တရာရှားပါးသည့် ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်သည်။

ကျန်းချန်က ကျယ်ပြောသော ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာဆီသို့ တစ်ခဏအတွင်း ရောက်ရှိသွားခဲ့ပြီး အောက်ဘက်ရှိ ထိုက်ယီအဆင့် မိစ္ဆာသခင်ကို အေးစက်စက် ငုံ့ကြည့်ကာ ပြောလိုက်သည်။

“အပိုစကားတွေ ပြောမနေနဲ့တော့.. အပေါ်တက်လာပြီး ငါနဲ့လာတိုက်ခိုက်စမ်း”

“ဟမ့် မင်းက င့ါကို အနိုင်ယူနိုင်မယ်လို့များ ထင်နေလား”

ထိုက်ယီအဆင့်မိစ္ဆာသခင်က နှာ‌ခေါင်းရှုံ့ကာ အေးစက်စက်ရေရွတ်လိုက်ပြီး ဟင်းလင်းပြင်ကိုပင် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲစေနိုင်လောက်သည့် စွမ်းအားများနှင့်အတူ ကောင်းကင်ယံသို့ ပျံသန်းကာ ကျန်းချန် ဆီသို့ တိုက်ရိုက်ပင် တိုးဝင်သွားခဲ့သည်။

“ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ်”

ကျန်းချန်က ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်ပြီး တစ်ချိန်တည်းမှာပင် ဆန်းကြယ်သော ဓားကျိုးသည် သူ၏ လက်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

“အပြာရောင်ဧကရာဇ်ဓားသိုင်း”

ကျန်းချန်က သူအားကိုးရဆုံး ဓားကွက်များထဲမှ တစ်ကွက်ဖြစ်သည့် အပြာရောင်ဧကရာဇ်ဓားကွက်ကို ထုတ်ဖော်လိုက်ရာ အဆုံးမဲ့ ဟင်းလင်းပြင်ကို ဖြတ်ကျော်လာသည့် အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ် တစ်ပါးသည် ထိုက်ယီအဆင့်မိစ္ဆာသခင် ထံသို့ ဓားကွက်တစ်ကွက် ထုတ်ဖော်လိုက်သည်။

ယခုအခြေအနေသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ အတွက် အနည်းငယ် အရေးနိမ့်မလို ဖြစ်နေခဲ့၏။

ထို့ကြောင့် ကျန်းချန်က အချိန်ဆွဲမနေချင်သဖြင့် ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ်နှင့် အပြာရောင်ဧကရာဇ်ဓားသိုင်း ဟူသည့် ပြိုင်ဘက်ကင်း အင်မော်တယ်နည်းစနစ် နှစ်ခုကို တစ်ပြိုင်နက် ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။

ကျန်းချန်၏ ထိုက်ယီအဆင့် ကျင့်ကြံမှုနှင့်အတူ ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ်၏ ကောင်းချီးပေးမှုတို့ကြောင့် အပြာရောင်ဧကရာဇ် ဓားကွက်သည် သံသယဖြစ်စရာမရှိ အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

တိတ်ဆိတ်ငြိမ်သက်ပြီး ရိုးရှင်းသည်ဟု ထင်ရသော ဓားချက်သည် ကမ္ဘာလောကကြီးကိုပင် အပိုင်းပိုင်းဖြတ်နိုင်လောက်သည့် ထိတ်လန့်ဖွယ်စွမ်းအားများ ကိန်းအောင်းနေခဲ့ပြီး ထိုက်ယီအဆင့် မိစ္ဆာသခင်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။

“ဝုန်း..”

ထိုက်ယီအဆင့် မိစ္ဆာသခင်၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ မိစ္ဆာအလင်းတန်းများသည် ကျန်းချန်၏ ဓားချက်ကြောင့် ကြေမွသွားခဲ့ပြီး သူ၏ တစ်ကိုယ်လုံးသည်လည်း ဟင်းလင်းပြင်ထဲတွင် ပေပေါင်းထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့ကာ နီစွေးသော မိစ္ဆာသွေးများကိုပင် ပါးစပ်ကနေ အန်ထုတ်လိုက်ရသည်။

ဤအခိုက်အတန့်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

ထိုကောင်လေးသည် ဓားချက် တစ်ချက်တည်းဖြင့်ပင် သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည်။

သူ၏ ခွန်အားဖြင့် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ တိုက်ကွက် တစ်ကွက်ကိုပင် ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ဟု ထင်မှတ်မထားခဲ့ပေ။

“သေစမ်း”

ကျန်းချန်၏ မျက်ဝန်းများက အေးစက်နေခဲ့ပြီး ထိုက်ယီအဆင့်မိစ္ဆာသခင်ကို အသက်ရှူရန်ပင် မည်သည့် အခွင့်အရေးမှ ပေးရန် စိတ်ကူးမရှိဘဲ နောက်ထပ် ဓားချက်တစ်ချက်ကို ထပ်မံ ထုတ်ဖော်လိုက်သည်။

ထိုက်ယီအဆင့် မိစ္ဆာသခင်၏ မျက်နှာအမူအရာက သိသိသာသာပင် ပြောင်းလဲသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ ဒဏ်ရာများကို အလျင်အမြန် ဖိနှိပ်လိုက်ကာ မိစ္ဆာစွမ်းအင်များကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။

သို့သော်လည်း ဤထိုက်ယီအဆင့် မိစ္ဆာသခင်သည် ထိုက်ယီအင်မော်တယ် အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။

သူ့အနေဖြင့် နည်းစနစ် မျိုးစုံကို အသုံးပြုကာ သူ၏ စွမ်းအားအလုံးစုံကို ထုတ်သုံးခဲ့လျှင်ပင် ကျန်းချန်နှင့် ရင်ဆိုင်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။

“ဝုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ထိုက်ယီအဆင့် မိစ္ဆာသခင်၏ ခန္ဓာကိုယ်သည် နောက်တစ်ကြိမ်လွင့်စင်သွားခဲ့ကာ လေထုထဲတွင် ကြီးမားသော အပေါက်ကြီး တစ်ခုကိုပင် ဖြစ်ပေါ်သွားစေခဲ့သည်။

သူက သူ၏ ခန္ဓာကိုယ်ကို ပြန်လည် မထိန်းချုပ်နိုင်ခင်မှာပင် အလွန်တရာ ပြင်းထန်သော စွမ်းအားတစ်ခုသည် သူ၏ ဦးခေါင်းအထက်ရှိ ကောင်းကင်ယံကနေ နောက်တစ်ကြိမ် ထပ်မံ ကျရောက်လာခဲ့သည်။

ထိုက်ယီအဆင့်မိစ္ဆာသခင်က ရုတ်တရက် မော့ကြည့်လိုက်ရာ ကမ္ဘာ‌လောကကြီးကိုပင် ကြေမွပျက်စီးစေနိုင်လောက်သည့် စွမ်းအားများနှင့်အတူ တစ္ဆေကဲ့သို့ ပုံရိပ်တစ်ခုသည် သူ့ထံသို့ ပြင်းထန်စွာ သက်ဆင်းလာသည်ကို မြင်လိုက်ရသည်။

“နောက်ထပ် ထိုက်ယီအင်မော်တယ် တစ်ပါးလား”

ထိုခဏဝယ် ထိုက်ယီအဆင့် မိစ္ဆာသခင်သည် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သွားခဲ့သည်။

သို့သော်လည်း သူက အစောပိုင်းတွင် ကျန်းချန်၏ ဓားချက်ကြောင့် အပြင်းအထန် ဒဏ်ရာရရှိထားခဲ့ပြီး ယခုအခါတွင် သူ၏ စွမ်းအားများကို ပြန်လည် မစုစည်းနိုင်သေးရာ ခုခံနိုင်စွမ်း မည်ကဲ့သို့ ရှိနိုင်ပါတော့မည်နည်း။

သူက သူ့ထံသို့ ဖိနှိပ်ရန် ကျရောက်လာသည့် လက်သီးချက်ကို စိုက်ကြည့်နေရုံသာ တတ်နိုင်တော့၏။

“ဝုန်း..”

လက်သီးချက်က အလွန် ပြင်းထန်စွာ ကျရောက်လာခဲ့သည်။

ထိုက်ယီအဆင့် မိစ္ဆာသခင်က ရုပ်ပိုင်းဆိုင်ရာတွင် အလွန်သန်မာသော်လည်း လုံးဝ ခံနိုင်ရည် မရှိတော့ဘဲ လက်သီးချက်အောက်မှာပင် တိုက်ရိုက် ကြေမွပျက်စီးသွားခဲ့သည်။

ထိုက်ယီအဆင့်မိစ္ဆာသခင်၏ ခန္ဓာကိုယ် ပျက်စီးသွားသည့်နေရာကနေ လက်တစ်ဝါးစာ အရွယ်အစားခန့်ရှိ အနက်ရောင်အလင်းလုံး တစ်ခုသည် အဝေးသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

ကျန်းချန်က ကမ္ဘာလောကကြီးကိုပင် ပိတ်ဆို့နိုင်သည့် အင်မော်တယ်စွမ်းအားကို ထုတ်ဖော်ကာ ထိတ်လန့်တကြား ထွက်ပြေးနေသည့် အလင်းလုံးကို အေးခဲစေလိုက်၏။

ထို့နောက်တွင် သူက အနက်ရောင် အလင်းလုံးကို ဓားချက်တစ်ချက်တည်းဖြင့် ပိုင်းဖြတ်ပစ်လိုက်သည်။

အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် ကျန်းချန်သည် အင်မော်တယ်ဘုရင် ရုပ်အလောင်းနှင့် ပူးပေါင်းကာ ထိုက်ယီအဆင့် မိစ္ဆာသခင်တစ်ပါးကို သတ်ဖြတ်ပစ်လိုက်ချေပြီ။

ထိုက်ယီအဆင့် မိစ္ဆာသခင်ကို ရှင်းလင်းပြီးနောက်တွင် ကျန်းချန်သည် နှစ်ဖက်စလုံး၏ တိုက်ပွဲ အခြေအနေကို အကဲခတ်လိုက်သည်။

ထို့နောက်တွင်မူ အင်မော်တယ်ဘုရင် ရုပ်အလောင်းနှင့်အတူ သိုးအုပ်ထဲသို့ တိုးဝင်သွားသည့် ဝံပုလွေကောင် ကဲ့သို့ ရှေးဟောင်းမိစ္ဆာနန်းတော်မှ တလော့အဆင့် မိစ္ဆာသခင်အုပ်စုထဲသို့ တရကြမ်း ဝင်ရောက်သွားခဲ့သည်။

သူတို့နှစ်ဦးက ဖရဲသီးနှင့် သခွားသီးများကို လှီးဖြတ်နေသကဲ့သို့ပင် သူတို့ လှုပ်ရှားလိုက်သည့် အကြိမ်တိုင်းတွင် တလော့အဆင့် မိစ္ဆာသခင်တစ်ပါးသည် သူတို့၏ လက်ချက်ဖြင့်ကျဆုံးသွားခဲ့ရသည်။

ထိုမြင်ကွင်းကိုမြင်လျှင် ပိုင်မင်ချွမ်နှင့် တခြားသူများသည် ယုံကြည်မှုများ မြင့်တက်လာခဲ့ပြီး ရှေးဟောင်းမိစ္ဆာနန်းတော်မှလူများကို သတ်ဖြတ်ရန် သူတို့၏ စွမ်းအားများကို အစွမ်းကုန်ထုတ်သုံးလိုက်ကြသည်။

တစ်ခဏအတွင်းမှာပင် ရှေးဟောင်းမိစ္ဆာနန်းတော်မှ တလော့အဆင့် မိစ္ဆာသခင်များသည် အလွန်တရာ ထိတ်လန့်သွားခဲ့ပြီး အောက်ဘက်ရှိ တားမြစ်မိစ္ဆာတွင်းနက် ဆီသို့ ကပျာကယာ ထွက်ပြေးသွားခဲ့ကြသည်။

အလွန်လျင်မြန်စွာပင် ရာချီသော တလော့အဆင့် မိစ္ဆာသခင်များသည် သေသူသေ၊ ထွက်ပြေးသူ ထွက်ပြေး ဖြစ်ကုန်ကြပြီး ကျန်းချန်နှင့် တခြားသူများ၏ လက်ချက်ဖြင့် လျင်မြန်စွာ ရှုံးနိမ့်သွားခဲ့ကြသည်။

တလော့အဆင့် မိစ္ဆာသခင်များကို ရှင်းလင်းပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေဘဲ အင်မော်တယ်ဘုရင်ရုပ်အလောင်းနှင့် အတူ အမည်မဲ့အင်မော်တယ် နန်းတော်သခင်နှင့် ထိုက်ယီအဆင့် မိစ္ဆာသခင်တို့ တိုက်ခိုက်နေသည့် စစ်မြေပြင်ဆီ ဦးတည်ကာ သွားရောက်ခဲ့သည်။

အခန်း(၂၉၇၁)ပြီး၏။

အခန်း(၂၉၇၂)

အမည်မဲ့အင်မော်တယ်နန်းတော်၏ နန်းတော်သခင် ဖြစ်သူ အရှင် ဝူရှန်းသည် ထိုက်ယီအဆင့် မိစ္ဆာသခင်တစ်ပါးနှင့် အပြင်းအထန် တိုက်ခိုက်နေခဲ့သည်။

သို့သော်လည်း ထိုက်ယီအဆင့် မိစ္ဆာသခင်သည် အရှင်ဝူရှန်းထက် သိသိသာသာပင် ပို၍ သန်မာနေခဲ့ပြီး အရှင်ဝူရှန်းအနေဖြင့် ထိုက်ယီအဆင့် မိစ္ဆာသခင်၏ ပြင်းထန်သောတိုက်ခိုက်မှုအောက်တွင် မနည်း တောင့်ခံနေခဲ့ရသည်။

“သေစမ်း”

ထိုက်ယီအဆင့် မိစ္ဆာသခင်က အောင်ပွဲကို အမိအရဆုပ်ကိုင်ရန် ထက်ကြပ်မကွာ လိုက်လံ တိုက်ခိုက်နေခဲ့ပြီး အရှင်ဝူရှန်းကို တစ်ချက်တည်းဖြင့် အပြတ်အသတ် အနိုင်ယူရန် အားထုတ်နေခဲ့သည်။

သို့‌သော် ဤကဲ့သို့ အရေးကြီးသော အခိုက်အတန့်တွင် ထိုက်ယီအဆင့် မိစ္ဆာသခင်သည် ပင်ကိုဗီဇအရ အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရ၏။

နောက်ထပ် တစ်ခဏတွင် သူက ရုတ်တရက် အာရုံရလိုက်ပြီး ဟင်းလင်းပြင် ဆီသို့ မော့ကြည့်လိုက်ရာ စူးရှတောက်ပသော ဓားအလင်းတန်း တစ်ခုနှင့် ကောင်းကင်ယံကိုပင် တုန်လှုပ်သွားစေလောက်မည့် လက်သီးရိပ် တစ်ခုသည် သူ့ထံသို့ တစ်ချိန်တည်းနီးပါး ကျရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။

“ထိုက်ယီအဆင့်ရဲ့ စွမ်းအားပါလား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ထိုက်ယီအဆင့်မိစ္ဆာသခင်၏ မျက်နှာအမူအရာက ရုတ်တရက် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။

ယခုအခါတွင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်သည် မိစ္ဆာဘုရင်စန်းကျဲ့နှင့် အပြင်းအထန် ရင်ဆိုင်နေကြသည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ ဘက်တွင် ထိုက်ယီအဆင့် အင်မော်တယ် ဟူ၍ လေးပါးသာ ရှိပြီး သူတို့‌ ရှေးဟောင်းမိစ္ဆာနန်းတော်ဘက်တွင်မူ စုစုပေါင်း ထိုက်ယီအဆင့် မိစ္ဆာသခင်ငါးပါး ရှိသည်။

ထို့အပြင် တလော့အဆင့် မိစ္ဆာသခင် အရေအတွက်သည်လည်း မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေထက် အဆမတန် သာလွန်နေသေး၏။

ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် ဤလှုပ်ရှားမှုသည် သူတို့ ရှေးဟောင်းမိစ္ဆာနန်းတော်အတွက် အကြွင်းမဲ့အသာစီးရမည့် အခြေအနေသာ ဖြစ်သင့်၏။

သို့ဖြစ်ရာ သူ့ကို ဝိုင်းရံတိုက်ခိုက်ရန် အတွက် ထိုက်ယီအဆင့်အင်မော်တယ်နှစ်ပါးသည် မည်ကဲ့သို့ ရုတ်တရက် ပေါ်လာရပါသနည်း။

သို့သော်လည်း ဤကဲ့သို့ သေရေးရှင်ရေးအချိန်တွင် ထိုက်ယီအဆင့် မိစ္ဆာသခင် အနေဖြင့် ထိုအကြောင်းကို တွေးနေရန် အချိန်မရှိတော့ပေ။

သူက ခန္ဓာကိုယ်မှ မိစ္ဆာစွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ပြီး ပေပေါင်းထောင်ချီ ရှည်လျားသည့် မိစ္ဆာဓားတစ်လက်ကို အလျင်အမြန် ပြောင်းလဲစေခဲ့ကာ လေထဲသို့ ပိုင်းဖြတ်လိုက်သည်။

ရုတ်တရက် ဟင်းလင်းပြင်ထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်သံ ထွက်ပေါ်လာခဲ့သည်။

ထိုက်ယီအဆင့် မိစ္ဆာသခင်၏ ပေပေါင်းထောင်ချီ ရှည်လျားသော မိစ္ဆာဓားချက်သည် အလွန်တရာ ပြင်းထန်သော်လည်း ဟင်းလင်းပြင်ကနေ ကျဆင်းလာသည့် လက်သီးချက်နှင့် ဓားချက်ကိုမူ ခုခံနိုင်စွမ်း မရှိခဲ့ပေ။

တစ်ခဏအတွင်းမှာပင် ပေပေါင်းထောင်ချီ ကြီးမားသော မိစ္ဆာဓားသည် ထိုလက်သီးချက်နှင့် ဓားချက်၏ ဖိနှိပ်မှုအောက်တွင် ပြိုကွဲ ပျက်စီးသွားခဲ့သည်။

အဆုံးသတ်တွင်မူ ထိုက်ယီအဆင့် မိစ္ဆာသခင်သည် တစ်ဖက်မှ ထိတ်လန့်ဖွယ်စွမ်းအားကြောင့် အောက်ဘက်သို့ ရိုက်ချခြင်း ခံလိုက်ရပြီး ပေပေါင်းထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့ကာ သူ၏ ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲပင် ပြန်လည် ထိန်းချုပ်လိုက်ရသည်။

သူက ဟင်းလင်းပြင် တစ်နေရာကို မော့ကြည့်လိုက်ရာ ရုတ်တရက် ပေါ်လာသည့် ပုံရိပ်နှစ်ခုကို မြင်လိုက်ရသည်။

ချက်ချင်းဆိုသလိုပင် သူက အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သွားခဲ့၏။

အ‌တော်လေး ငယ်ရွယ်သော ထိုက်ယီအဆင့် အင်မော်တယ်တစ်ပါးနှင့် တိုက်ခိုက်ရေးစွမ်းရည်တွင် ထိုက်ယီအဆင့်အင်မော်တယ်ထက် မနိမ့်ကျသည့် ရုပ်သေးရုပ်တစ်ရုပ်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် ဤကဲ့သို့ ဝှက်ဖဲများကို ဖုံးကွယ်ထားလိမ့်မည်ဟု သူ ဘယ်တုန်းကမျှ ထင်မှတ်မထားခဲ့ပေ။

ထိုက်ယီအဆင့် မိစ္ဆာသခင်က သူ၏ စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး ပတ်ဝန်းကျင်မှ တိုက်ပွဲအခြေအနေကို အလျင်အမြန်ပင် အာရုံခံကြည့်လိုက်သည်။

ရှေးဟောင်းမိစ္ဆာနန်းတော်ဘက်မှ ထိုက်ယီအဆင့် မိစ္ဆာသခင်နှင့် တလော့အဆင့် မိစ္ဆာသခင် အများအပြားသည် မည်သည့်အကြောင်းပြချက်မှ မရှိဘဲ ပျောက်ကွယ်သွားသည်ကို သိရှိလိုက်ရလျှင် သူ၏ မျက်နှာအမူအရာက အလွန်တရာ သုန်မှုန်သွားခဲ့သည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေသည် ဤ ထိုက်ယီအဆင့်နှစ်ဦး၏ လျှို့ဝှက်စွမ်းအားကို အသုံးပြု၍ ရှေးဟောင်းမိစ္ဆာနန်းတော်ကို အငိုက်ဖမ်း တိုက်ခိုက်ခဲ့ပြီး လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်အဟုန်ဖြင့် ရှေးဟောင်းမိစ္ဆာနန်းတော်မှ လူများကို ချေမှုန်းခဲ့ကာ ယခုအခါ သူ့ကိုပင် ဝိုင်းဝန်းသတ်ဖြတ်ရန် လုပ်ဆောင်နေခဲ့၏။

“ထွက်ပြေးမှဖြစ်မယ်”

ဤအခိုက်အတန့်တွင် ထိုက်ယီအဆင့် မိစ္ဆာသခင်၏ စိတ်ထဲ၌ တိုက်ခိုက်လိုစိတ် လုံးဝမရှိတော့ဘဲ တားမြစ်မိစ္ဆာတွင်းနက်ထဲသို့ ပြန်လည်ထွက်ပြေးရန် ဟူသော အတွေးတစ်ခုသာ ရှိတော့သည်။

သူ့အနေဖြင့် သူ၏ ခွန်အားက အားမနည်းဟု ယုံကြည်ထားသော်လည်း ထိုက်ယီအင်မော်တယ် သုံးပါးနှင့် ယှဥ်ပြိုင်ရန်မှာမူ အလှမ်းဝေးလွန်းနေခဲ့သည်။

အကယ်၍ သူသာ တားမြစ်မိစ္ဆာတွင်းနက်ထဲသို့ ပြန်မပြေးနိုင်ခဲ့လျှင် တစ်ခုတည်းသောရလဒ်မှာ သူ့ရှေ့မှ သုံးယောက်၏ ဝိုင်းဝန်းသတ်ဖြတ်မှုကို ခံရရုံသာ ရှိပေလိမ့်မည်။

သို့သော်လည်း ကျန်းချန်က ထိုက်ယီအဆင့် မိစ္ဆာသခင်ကို အလွယ်တကူ ထွက်ပြေးခွင့် မည်ကဲ့သို့ ပေးနိုင်ပါမည်နည်း။

ထိုက်ယီအဆင့် မိစ္ဆာသခင် စတင် လှုပ်ရှားလိုက်သည့် အခိုက်အတန့်မှာပင် ကျန်းချန်သည် ကမ္ဘာလောကကြီးကို ပိတ်ဆို့နိုင်သည့် အင်မော်တယ်ဥပဒေသ စွမ်းအားကို ချက်ချင်းပင် ထုတ်ဖော်လိုက်သည်။

ယင်းက ထိုက်ယီအဆင့် မိစ္ဆာသခင်ကို လုံးဝ ပိတ်လှောင်မထားနိုင်သော်လည်း တားမြစ်မိစ္ဆာတွင်းနက် ထဲသို့ ပြန်လည်ထွက်ပြေးမည့် ထိုက်ယီအဆင့် မိစ္ဆာသခင်၏ အရှိန်အဟုန်ကိုမူ အနည်းငယ် နှောင့်နှေးသွားစေခဲ့သည်။

ယင်းအခိုက်အတန့်တွင် အင်မော်တယ်ဘုရင် ရုပ်အလောင်းသည် ကျန်းချန်၏ အမိန့်ပေးမှုအောက်တွင် ထိုက်ယီအဆင့် မိစ္ဆာသခင် ဆီသို့ ပြေးဝင်သွားခဲ့ပြီး ၎င်းကို လုံးဝ ထွက်ပြေး၍ မရအောင် လုပ်ဆောင်လိုက်သည်။

အခြားတစ်ဖက်တွင်မူ အရှင်ဝူရှန်းသည် မှင်တက်ရာကနေ သတိပြန်ဝင်လာခဲ့ပြီး အင်မော်တယ်ဘုရင် ရုပ်အလောင်းနှင့် ပူးပေါင်းကာ ထိုက်ယီအဆင့် မိစ္ဆာသခင်ကို တိုက်ခိုက်လိုက်၏။

ကျန်းချန်က လက်ထဲမှ ဓားကျိုးဖြင့် ထိုက်ယီအဆင့် မိစ္ဆာသခင်ကို ဝင်ရောက် တိုက်ခိုက်လိုက်သည်။

ကျန်းချန်တို့ သုံးယောက်၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် ထိုက်ယီအဆင့် မိစ္ဆာသခင်သည် မည်သို့မျှ ခုခံနိုင်စွမ်း မရှိတော့ပေ။

အထူးသဖြင့် ကျန်းချန်၏ လူသားအဖြစ် ပြောင်းလဲစေသောဓားချက်သည် အလွန်ပင် ဆန်းကြယ်နက်ရှိုင်းပြီး ဓားချက်တိုင်းသည် သူ၏ ကျင့်ကြံခြင်း အဆင့်ကို တစ်ဆင့်ချင်းစီ ဖြတ်တောက်နေသကဲ့သို့ ဖြစ်နေခဲ့၏။

အလွန်လျင်မြန်စွာပင် ထိုက်ယီအဆင့် မိစ္ဆာသခင်သည် ကျန်းချန်တို့ သုံးယောက်၏ စုပေါင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပြီး အဆုံးသတ်တွင် အင်မော်တယ်ဘုရင် ရုပ်အလောင်း၏ ပြိုင်ဘက်ကင်း လက်သီးချက်ဖြင့် ကြေမွသွားခဲ့ကာ ကောင်းကင်နှင့်မြေပြင် ကြားတွင် မိစ္ဆာမြူခိုးများ အဖြစ် ပြောင်းလဲ၍ လွင့်စင် ပျောက်ကွယ်သွားခဲ့သည်။

ဤထိုက်ယီအဆင့် မိစ္ဆာသခင်ကို ရှင်းလင်းပြီးနောက်တွင် ကျန်းချန်တို့ သုံးဦးသည် တုံ့ဆိုင်းမနေခဲ့ဘဲ ဟင်းလင်းပြင်ကို ဖြတ်သန်းကာ အခြားသော စစ်မြေပြင် တစ်ခု ဆီသို့ ရောက်ရှိလာခဲ့ကြသည်။

ထိုနေရာတွင်လည်း သူတို့က ရှေးဟောင်းမိစ္ဆာနန်းတော်မှ နောက်ထပ် ထိုက်ယီအဆင့် မိစ္ဆာသခင် တစ်ပါးကို ဝိုင်းဝန်း သတ်ဖြတ်ကြပြန်သည်။

နောက်ထပ်လည်း ကျန်းချန်တို့သည် ထိုနည်းအတိုင်းလုပ်ဆောင်ခဲ့ကြပြီး ရှေးဟောင်းမိစ္ဆာနန်းတော်မှ ကျန်ရှိသော အခြား ထိုက်ယီအဆင့် မိစ္ဆာသခင်နှစ်ပါးကို လျင်မြန်စွာပင် သတ်ဖြတ်ပစ်လိုက်ကြ၏။

“ငါတို့ အနိုင်ရသွားတာလား”

ရှေးဟောင်းမိစ္ဆာနန်းတော်မှ ထိုက်ယီအဆင့် မိစ္ဆာသခင်ငါးပါးလုံး အလွယ်တကူ နှိမ်နင်းခြင်းခံလိုက်ရသည်ကို မြင်လျှင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ ဘက်မှ ထိုက်ယီအဆင့် အင်မော်တယ် လေးပါးသည် အိပ်မက်မက်နေသကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေါ်နေခဲ့ကြသည်။

ယနေ့တိုက်ပွဲတွင် ရှေးဟောင်းမိစ္ဆာနန်းတော်ဘက်မှ မိစ္ဆာသခင်များသည် အရေအတွက်ရော အရည်အသွေးအရပါ သူတို့ထက် ပိုမို သာလွန်နေခဲ့သည်။

မြောက်ပိုင်းအေးစက်သော အင်‌မော်တယ်ဘုရင် အနေဖြင့် မိစ္ဆာဘုရင် စန်းကျဲ့ကို လျင်မြန်စွာ အနိုင်မယူနိုင်လျှင် သူတို့သည် ယနေ့တွင် အလွန်တရာ ဆိုးရွားသော အခြေအနေတစ်ခု ထဲသို့ ကျရောက်သွားလိမ့်မည်ဟု မူလက ထင်မှတ်ထားခဲ့ကြသည်။

သို့သော်လည်း ကျန်းချန် ဟူသော ထိုက်ယီအဆင့် ပြိုင်ဘက်ကင်း မွန်းစတား တစ်ကောင်သည် ကိုယ်ပိုင်စွမ်းအားဖြင့် အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြပေ။

ထိုလူငယ်က သူတို့ကို ရှေးဟောင်းမိစ္ဆာနန်းတော်မှ ထိုက်ယီအဆင့် မိစ္ဆာသခင်များအား အလွယ်တကူ အနိုင်ယူနိုင်ရန် ကူညီပေးခဲ့သည်။

“အခုက မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်နဲ့ မိစ္ဆာဘုရင်စန်းကျဲ့ တို့ရဲ့ တိုက်ပွဲကို စောင့်ကြည့်ရမဲ့ အချိန်ပဲ”

လူတိုင်းက မှင်တက်ရာကနေ သတိပြန်ဝင်လာကြပြီးနောက်တွင် အထက်ကောင်းကင်ယံ ဆီသို့ လှမ်းကြည့်လိုက်ကြသည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်နဲ့ မိစ္ဆာဘုရင် စန်းကျဲ့တို့၏ တိုက်ပွဲသည် ဤတစ်ကြိမ် တိုက်ပွဲ၏ အဓိကသော့ချက် ဖြစ်မှန်း သူတို့အားလုံး ကောင်းစွာ သိရှိထားကြသည်။

အကယ်၍ မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်သာ ရှုံးနိမ့်သွားခဲ့လျှင် မြောက်ပိုင်းအေးစက်သော အင်မော်တယ် နယ်မြေတစ်ခုလုံးသည် ရှေးဟောင်းမိစ္ဆာ နန်းတော်၏ လက်ထဲသို့ ကျရောက်သွားလိမ့်မည်ကို သူတို့ စိုးရိမ်နေခဲ့ကြသည်။

“ဝုန်း..”

အချိန်မည်မျှ ကြာသွားမှန်းကိုပင် မသိရပေ။

လူတိုင်း၏ စောင့်ကြည့်မှုအောက်မှာပင် အလွန်တရာ တိတ်ဆိတ် ငြိမ်သက်နေခဲ့သည့် တားမြစ်မိစ္ဆာတွင်းနက်၏ အထက် ကောင်းကင်ယံတွင် အဆုံးသတ်၌ ဟင်းလင်းပြင်လှုပ်ခတ်မှု တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ပုံရိပ်နှစ်ခုသည် ဟင်းလင်းပြင်ထဲကနေ တစ်ချိန်တည်း နီးပါး ပျံသန်းကာ ထွက်လာခဲ့ကြ၏။

၎င်းတို့မှာ ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံး နေရာတွင် ထိပ်တိုက် ရင်ဆိုင်နေခဲ့ကြသည့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်နှင့် မိစ္ဆာဘုရင် စန်းကျဲ့ တို့ပင် ဖြစ်ကြသည်။

နှစ်ဦးစလုံးက ပြင်းထန်သော တိုက်ပွဲကို ရင်ဆိုင်ခဲ့ကြသည်မှာ ထင်ရှားပြီး ဤအခိုက်အတန့်တွင် သူတို့၏ အရှိန်အဝါက အတော်လေး အားနည်းနေခဲ့သည်။

မိစ္ဆာဘုရင်စန်းကျဲ့က ဆန့်ကျင်ဘက်မှ မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်ကို လှောင်ပြုံးဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

“မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်.. မင်းရဲ့ခွန်အားက ငါ့ကို ရင်‌ဆိုင်ဖို့ မလုံလောက်သေးဘူး.. ငါက အထွတ်အထိပ် အခြေအနေမှာ ရှိမနေတာတောင် မင်းက ငါ့ကို ရင်ဆိုင်ဖို့ အားနည်းလွန်းနေသေးတယ်”

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ အလုံးစုံခွန်အားသည် သူတို့ ရှေးဟောင်းမိစ္ဆာ နန်းတော်ထက် များစွာပို၍ အားနည်းသည်။

သို့ဖြစ်ရာ သူ့အနေဖြင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်ကို ထိန်းချုပ်ထားနိုင်သရွေ့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေသည် သံသယဖြစ်ဖွယ်ရာမရှိ ရှုံးနိမ့်သွားလိမ့်မည် မဟုတ်ပါလော။

ထိုအခိုက်အတန့်တွင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“မိစ္ဆာဘုရင်စန်းကျဲ့.. မင်းက ငါ့ကို ထိန်းချုပ်ပြီး ငါ့ရဲ့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေက လူတွေကို ကိုင်တွယ်ချင်နေတာလား.. ဒါပေမဲ့ စိတ်မကောင်းစရာပဲ.. မင်း အမှားကြီး မှားသွားခဲ့ပြီ.. ပတ်ဝန်းကျင်အခြေအနေကိုလည်း အရင်ဆုံး အာရုံခံကြည့်လိုက်ပါဦး”

ထိုစကားကိုကြားလျှင် မိစ္ဆာဘုရင်စန်းကျဲ့ တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

သူက အာရုံခံကြည့်လိုက်ရာ ပတ်ဝန်းကျင်တွင် ရှေးဟောင်းမိစ္ဆာနန်းတော်မှ မည်သူ တစ်ဦးတစ်ယောက်၏ အရှိန်အဝါမှ ရှိမနေတော့သည်ကို သတိပြုမိလိုက်သည်။

ထိုအခါ သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

မိစ္ဆာဘုရင်စန်းကျဲ့သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်နှင့် တိုက်ခိုက်နေစဥ်အတွင်း သူ၏ရှေးဟောင်းမိစ္ဆာနန်းတော်က မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေမှ လူများ၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

အခန်း(၂၉၇၂)ပြီး၏။

All Chapters