← Chapters

အခန်း ၃၇၄

Vol. 38 Ch. 374

အခန်း ၃၇၄

Vol. 38 Ch. 374

အခန်း (၃၇၄ ) လောကကို ကယ်တင်သော မသေမျိုးကျွန်း၊ မီးလျှံကဲ့သို့ လောင်ကျွမ်းနေသော နတ်ဘုရားဘုန်းတော်ကြီး

​ကျယ်ပြောပြီး လှိုင်းထန်နေသော ပင်လယ်ပြင်ထက်တွင် အလင်းတန်းနှစ်ခုက ကောင်းကင်ယံကို ဖြတ်သန်း၍ အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်သော အမြန်နှုန်းဖြင့် တစ်ဦးကိုတစ်ဦး လိုက်လံ ဖမ်းဆီးနေကြသည်။သေချာစွာ ကြည့်ရှုလိုက်သောအခါ ထိုအလင်းတန်းများအတွင်း၌ လူနှစ်ဦး ရှိနေသည်ကို တွေ့မြင်ရသည်။ ရွှေရောင် အလင်းတံတားအတွင်း၌ သင်္ကန်း ရုံထားသော၊ ချောမောသော မျက်နှာသွင်ပြင် ရှိပြီး အသက် နှစ်ဆယ်ကျော် အရွယ်ခန့်သာ ရှိသေးကာ တည်ကြည်သော အမူအရာရှိသည့် ရဟန်းပျိူတပါး ရှိနေသည်။

​မိုးပြာရောင် အလင်းတန်းအတွင်း၌ မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး တောင့်တင်းသော ခန္ဓာကိုယ်နှင့် ရှည်လျား၍ လွင့်ပျံနေသော ဆံပင်များ ရှိသည့် အဘိုးအိုတစ်ဦး ရှိနေသည်။ သူ့ မျက်နှာတစ်ဝက်ကို အကြေးခွံငယ်များဖြင့် ဖုံးလွှမ်းထားသဖြင့် မိစ္ဆာတစ်ကောင်နှင့်ပင်တူနေသည်။

​ထိုသူနှစ်ဦးက လီချင်းချိုး ပုန်းအောင်းနေသော လူသူကင်းမဲ့သည့် ကျွန်းဆီသို့ ဦးတည်၍ ပျံသန်းလာနေကြခြင်း ဖြစ်သည်။

​ကျွန်းပေါ်သို့ ရောက်ရှိပြီးနောက် မီးခိုးရောင် ဝတ်ရုံနှင့် အဘိုးအိုက ရုတ်တရက် ရပ်တန့်သွားသည်။သူသည် ညာလက်တွင် အနက်ရောင် ဆီမီးခွက်တစ်ခုကို ကိုင်ဆောင်ထားပြီး…

"ရူရန့်... မင်းက ငါတို့ အားလုံးကို အပြတ်ရှင်းဖို့ တကယ်ပဲ ရည်ရွယ်ထားတာလား..." ဟု ဒေါသတကြီး အော်ဟစ်လိုက်သည်။

​ရူရန့်ဟု ခေါ်သော ရဟန်းပျိုက သင်္ကန်းလက်ကို ခေါက်တင်၍ ညာလက်ကို မြှောက်ကာ….

"ဒီရဟန်းငယ်က မင်းတို့ကို အပြတ်ရှင်းချင်တာ မဟုတ်ပါဘူး... ကောင်းကင်က မင်းတို့ကို ဖျက်ဆီးချင်တာပါ... ဟန်ချန်း... မင်းက ဂိုဏ်းခေါင်းဆောင်တစ်ယောက် ဖြစ်ပါလျက်နဲ့ မိစ္ဆာနဲ့ မကောင်းဆိုးဝါး လမ်းကြောင်းပေါ်ကို ရောက်သွားခဲ့တယ်... အကယ်၍ ငါတို့က မင်းရဲ့ ကျင့်ကြံခြင်းကို ဆက်လုပ်ခွင့် ပေးမယ်ဆိုရင် မင်းက သေချာပေါက် လောကကြီးအတွက် ကြီးမားတဲ့ ဘေးဒုက္ခတစ်ခု ဖြစ်လာလိမ့်မယ်... ဒီရဟန်းငယ်က မင်းကို သွားသင့်တဲ့နေရာကို ပို့ပေးပြီး နောက်ဘဝမှာ လမ်းမှားကို မရောက်ဖို့ ဆုတောင်းပေးပါ့မယ်..." ဟု ဆိုလိုက်သည်။

​စကားပြောနေစဉ် ရဟန်းပျိူက ဘယ်လက်ကို လှန်၍ မြှောက်လိုက်ရာ သင်္ကန်းထဲမှ ပုတီးစေ့များ ပျံထွက်လာပြီး သူ့ခေါင်းပေါ်သို့ ရောက်ရှိသွားကာ လျင်မြန်စွာ ပြန့်ကြဲသွားကြသည်။ထို့နောက် ပုတီးစေ့ တစ်ခုစီမှ ရွှေရောင် အလင်းတန်းများ ဖြာထွက်လာပြီး ခမ်းနားထည်ဝါလှသော ရွှေရောင် အလင်းစက်ကွင်းကြီးတစ်ခုကို ဖန်တီးလိုက်ကြသည်။

​ဟန်ချန်းဟု အမည်ရသော မီးခိုးရောင် ဝတ်ရုံနှင့် အဘိုးအိုက ဒေါသတကြီးဖြင့်…

"လောကကို ကယ်တင်တဲ့ မသေမျိုးကျွန်းက ဖြောင့်မတ်တယ်လို့ ကြွေးကြော်နေပေမဲ့ မြောက်ဘက်က မိစ္ဆာနယ်မြေတွေကို ဖြေရှင်းဖို့ ဒါမဟုတ် ကောင်းကင်ငရဲပင်လယ်ရဲ့ အနက်ရှိုင်းဆုံး နေရာက မိစ္ဆာဧကရာဇ်ကို ချေမှုန်းဖို့တော့ မသွားကြဘူး... သူတို့က အားနည်းတဲ့သူတွေကို အနိုင်ကျင့်ပြီး အစွမ်းထက်တဲ့သူတွေကို ကြောက်တဲ့ သူရဲဘောကြောင်တဲ့သူတွေ ဆိုတာ ရှင်းနေတာပဲ... မင်းက ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ စကားတွေကို ပြောနေပေမဲ့ ငါက မင်းတို့ရဲ့ လောကကို ကယ်တင်တဲ့ မသေမျိုးကျွန်းကို ခြိမ်းခြောက်လာမှာကို ကြောက်နေလို့ မဟုတ်ဘူးလား..." ဟု ဆိုလိုက်သည်။

ရဟန်းပျို ရူရန့်က ထပ်မံ၍ ပြန်လည် ဖြေကြားခြင်း မပြုတော့ဘဲ ဂါထာမန္တန်များကို စတင် ရွတ်ဆိုလိုက်ရာ ရွတ်ဆိုသံများ လောကတစ်ခွင်လုံး ပဲ့တင်ထပ်သွားပြီး ဗုဒ္ဓမြတ်စွာဘုရား ထောင်သောင်းချီ၍ တစ်ပြိုင်နက်တည်း တရားဓမ္မဟောပြောနေသလိုပင်ထင်ရလောက်သည်။ ထိုအသံများ စုဆုံသွားသည့်အခါ ကမ္ဘာမြေကြီးကိုပင် လှုပ်ခတ်သွားစေနိုင်လောက်သော်လည်း ကျွန်းပတ်ပတ်လည်ရှိ လှိုင်းလုံးကြီးများကတော့ ငြိမ်သက်သွားသည်။

​ဟန်ချန်း အရှုံးမပေးချေ။ မျက်နှာထား ခက်ထန်ကြမ်းကြုတ်လာပြီး ခန္ဓာကိုယ်မှ သွေးစွမ်းအင်များ လျှံထွက်လာကာ လက်ဖဝါးပေါ်က အနက်ရောင် ဆီမီးခွက်ထဲသို့ စီးဝင်သွားတော့သည်။

ထိုအခါ ​အနက်ရောင် ဆီမီးခွက်ထဲမှ လှိမ့်တက်လာသော တစ္ဆေစွမ်းအင်များက သူ့ရှေ့တွင် ပေတစ်ရာကျော် မြင့်မားသည့် ဧရာမ မိစ္ဆာကြီးတစ်ကောင်အဖြစ် စုစည်းသွားပြီး ရဟန်းပျို ရူရန့်ထံသို့ အစွယ်များနှင့် လက်သည်းများကို ထုတ်ဖော်ကာ ရန်မူနေတော့သည်။

လီချင်းချိုးက သစ်ပင်အောက်တွင် မတ်တတ်ရပ်၍ သစ်ရွက်များကြားမှတစ်ဆင့် ဤတိုက်ပွဲကို စောင့်ကြည့်နေခဲ့သည်။

​ဤသည်မှာ ကောင်းကင်နယ်ပယ်ရှိ ကြီးမားလှသော တိုက်ပွဲကြီးတစ်ခု ဖြစ်သည်။

​ထိုသူနှစ်ဦးမှာ ဓမ္မရုပ်သွင်နယ်မြေကို အသုံးပြု၍ တိုက်ခိုက်ခြင်း မဟုတ်ဘဲ သူတို့၏ မှော်လက်နက်များကိုသာ ယှဉ်ပြိုင်နေကြခြင်း ဖြစ်၏။

​သူတို့သည် အရင်က ဓမ္မရုပ်သွင်နယ်မြေကို အသုံးပြု၍ တိုက်ခိုက်ခဲ့ပြီး ဖြစ်ကာ သူတို့၏ အရှိန်အဝါများမှာ အနည်းငယ် မတည်မငြိမ် ဖြစ်နေကြောင်း လီချင်းချိုးက ခန့်မှန်းမိသည်။

​အရှိန်အဝါကို ကြည့်မည်ဆိုလျှင် ဤသူနှစ်ဦးမှာ ဓားမိစ္ဆာကဲ့သို့ ဖိနှိပ်မှုမျိုး မရှိသော်လည်း သိပ်တော့ မကွာလှချေ။

​ဤသည်က သူ၏ ကံဆိုးမှုကြောင့်လား သို့မဟုတ် သူ ဤနေရာတွင် နေမင်းကြီး၏ စွမ်းအားများကို စုပ်ယူနေခြင်းက ဤအစွမ်းထက် ကျင့်ကြံသူ နှစ်ဦးကို ဆွဲဆောင်မိသွားခြင်းကြောင့်လား ဆိုသည်ကို မသေချာပေ။

​တုနှိုင်းမဲ့ယန်ဓာတ်ခန္ဓာကိုယ်က နေမင်းကြီး၏ စွမ်းအားများကို စုပ်ယူချိန်တွင် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ချီများကိုပါ ဆွဲဆောင်လေ့ရှိပြီး အထူးသဖြင့် မီးစွမ်းအင် ဝိညာဉ်ချီများကို ဖြစ်၏။ ဤသည်ကပင် လီချင်းချိုး ဤနေရာတွင် ပုန်းအောင်းနေရသည့် အကြောင်းရင်း ဖြစ်သည်။

​လီချင်းချိုးသည် ဝင်ရောက် စွက်ဖက်ရန် ရည်ရွယ်ချက် မရှိဘဲ သူတို့ အလျင်အမြန် ထွက်သွားကြရန်သာ မျှော်လင့်နေမိသည်။

​မကြာမီမှာပင် ထိုကြီးမြတ်သော ကျင့်ကြံသူ နှစ်ဦး၏ မှော်ပညာများ ပွတ်တိုက်သွားရာ ကြမ်းတမ်းလှသော လေပြင်းများကြောင့် ကျွန်းပေါ်ရှိ သစ်ပင်များ ပြိုလဲသွားပြီး ကျွန်းတစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါသွားတော့၏။

​ဟန်ချန်၏ အရင်းအမြစ်ချီများက ရဟန်းပျိူ ရူရန့်ကို မယှဉ်နိုင်ကြောင်း သိသာလှပြီး ရွှေရောင် ဗုဒ္ဓအလင်းတန်းများက အဆက်မပြတ် ဟိန်းဟောက်နေသော မကောင်းဆိုးဝါး တစ္ဆေများကို ဖိနှိပ်ထားလေသည်။

​ဗုဒ္ဓအလင်းတန်းများက အလွန် ပူပြင်းလှပြီး ဝိညာဉ်ကို ပြင်းထန်စွာ လောင်ကျွမ်းစေနိုင်သည့် အာနိသင် ရှိသဖြင့် မကောင်းဆိုးဝါး တစ္ဆေများမှာ ဟိန်းဟောက်သံများကြားမှာပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြောင်း လီချင်းချိုး တွေ့ရှိလိုက်ရသည်။

​ဟန်ချန်းခင်မျာ ပြင်းထန်စွာ ဖိနှိပ်ခံရသဖြင့် သွေးများ အန်ထုတ်လိုက်ရပြီး မျက်နှာပေါ်က အကြေးခွံများပင် စတင် ကွာကျလာတော့သည်။

​"ရူရန့်... မင်းအသေဆိုးနဲ့သေမယ့်ကောင်..."

​ဟန်ချန်းက မသေဆုံးမီတွင် မျှော်လင့်ချက်မဲ့စွာ ကျိန်ဆဲလိုက်သေးသည်။ သူ့ရဲ့ ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ အရင်ဆုံး မောင်းထုတ်ခံရပြီး ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။ ထို့နောက် အသွေးအသားများ ပြင်းထန်လှသော အပူချိန်ကြောင့် လောင်ကျွမ်းသွားပြီး မီးခိုးငွေ့များအဖြစ် ပျံ့နှံ့သွားလေသည်။

​ထွက်သက်ဝင်သက် ငါးကြိမ်ပင် မပြည့်မီ အချိန်အတွင်း ဟန်ချန်းတယောက် လုံးလုံးလျားလျား ဖျက်ဆီးခံလိုက်ရပြီး သူ့လက်ထဲက အနက်ရောင် ဆီမီးခွက်လည်း အောက်သို့ ပြုတ်ကျသွားသည်။

​ရဟန်းပျိူ ရူရန့်က လက်ကို ဝှေ့ယမ်း၍ အနက်ရောင် ဆီမီးခွက်ကို ဖမ်းယူလိုက်ပြီးနောက် အနက်ရောင် ဆီမီးခွက်အတွင်းရှိ တားမြစ်ချက်ကို ဖျက်ဆီးလိုက်ပြီး သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။

​သူသည် နောက်ဆုံးတွင် သက်ပြင်းချလိုက်ပြီး နဖူးပေါ်မှ ချွေးများကို သုတ်ရန် လက်မြှောက်လိုက်သည်။

​ကောင်းကင်ယံရှိ ပုတီးစေ့များလည်း စတင် ကျုံ့ဝင်လာပြီး ရွှေရောင် အလင်းတန်းများ ပျောက်ကွယ်သွားကာ အသက်ဝင်နေသည့်အလား ရူရုန့်ဆီသို့ ပျံသန်းလာကြသည်။

​ရဟန်းပျိူ ရူရန့်က ချက်ချင်း ထွက်မသွားဘဲ အောက်ဘက်ရှိ လူသူကင်းမဲ့သော ကျွန်းဆီသို့ အကြည့်လွှဲလိုက်သည်။

​"အစောပိုင်းက ဒီနေရာရဲ့ ဝိညာဉ်ချီတွေ ပုံမှန် မဟုတ်ဘူး... တစ်ခုခုများ ပုန်းအောင်းနေတာလား..."

​ရဟန်းပျိူ ရူရန့်က တိုးတိုးလေး ရေရွတ်လိုက်ပြီး အောက်သို့ စူးစမ်း ကြည့်ရှုလိုက်သည်။

​ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သလို ဘယ်လက်ကို မြှောက်၍ နဖူးကို ပွတ်ဆွဲလိုက်ရာ ရွှေရောင် ပုံရိပ်ယောင် မျက်လုံးတစ်လုံး ပေါ်ထွက်လာပြီး အောက်ဘက်ရှိ တောအုပ်တစ်ခုကို စူးစိုက်ကြည့်နေတော့သည်။

​သစ်ပင်အောက်တွင် မတ်တတ်ရပ်နေသော လီချင်းချိုးလည်း ရုတ်တရက် အကြည့်ခံနေရသလို ခံစားလိုက်ရပြီး သူ အာရုံစိုက်ခံလိုက်ရပြီ ဖြစ်ကြောင်း သဘောပေါက်သွား၏။

​သို့သော်လည်း ထိတ်လန့်သွားခြင်း မရှိပေ။ သူသည် မိမိ၏ အရှိန်အဝါကို ဖုံးကွယ်နိုင်သည့် နည်းလမ်းတစ်ခုကို ကျင့်ကြံထားသော်လည်း အချိန်အကြာကြီး မရသေးသဖြင့် သူ့ကို ရှာတွေ့သွားခြင်းမှာ ပုံမှန်ကိစ္စသာ ဖြစ်၏။

​ကျင့်ကြံဖို့ အခြား နေရာတစ်ခု ရှာရုံကလွဲပြီး ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူးပဲ….

​လီချင်းချိုး ထွက်ခွာရန် ပြင်ဆင်လျက် လှည့်ထွက်လိုက်စဉ် ​ရဟန်းပျိူ ရူရန့်က ကောင်းကင်မှ ဆင်းသက်လာပြီး လီချင်းချိုး၏ ရှေ့တွင် ရပ်တန့်လိုက်ရာ သူ ဖန်တီးလိုက်သော လေပြင်းများက သစ်ရွက်များနှင့် ဖုန်မှုန့်များကို လွင့်စင်သွားစေပြီး သူ့ကို ဖိနှိပ်ထားလေသည်။

​လီချင်းချိုး၏ ဆံပင်များ ဖရိုဖရဲ ဖြစ်နေသော်လည်း မျက်နှာထားကတော့ တည်ငြိမ်နေဆဲပင်။ သူက ရဟန်းပျိူ ရူရန့်ကို စူးစိုက်ကြည့်နေသော်လည်း ချက်ချင်း စကားမပြောခဲ့ပေ။

​ရဟန်းပျိူ ရူရန့်က သူ့ကို အကဲခတ်၍….

"တာအိုမိတ်ဆွေက ဘယ်ဂိုဏ်းက လာတာလဲ ဆိုတာ မေးလို့ ရမလား..."

​လီချင်းချိုးက ….

"လီပိုင်က သာမန် လေလွင့်ကျင့်ကြံသူ တစ်ယောက်ပါ..." ဟု ပြန်ဖြေလိုက်သည်။

​"လေလွင့်ကျင့်ကြံသူ ဟုတ်လား... ဒီနေရာက ဝိညာဉ်ချီတွေ ပုံမှန် မဟုတ်တာ မင်းကြောင့်လား..."

​ "ဘာလဲ... မင်းကို အနှောင့်အယှက် ဖြစ်စေလို့လား... ဒါမှမဟုတ် နှုတ်ပိတ်ဖို့အတွက် ငါ့ကို သတ်တော့မလို့လား..."

"မဟုတ်ပါဘူး... ဒီရဟန်းငယ်က စူးစမ်းချင်ရုံ သက်သက်ပါ... ဒီရဟန်းငယ်ရဲ့ ဘွဲ့အမည်က ရူရန့် ဖြစ်ပြီး လောကကို ကယ်တင်တဲ့ မသေမျိုးကျွန်းက လာတာပါ..."

​လီချင်းချိုးသည် လောကကို ကယ်တင်သော မသေမျိုးကျွန်း ဟူသော အမည်ကို တစ်ခါမျှ မကြားဖူးခဲ့သော်လည်း "မသေမျိုး" ဟူသော စကားလုံးနှင့် ပတ်သက်နေသဖြင့် သေးငယ်သော အင်အားစုတစ်ခုတော့ မဖြစ်နိုင်ကြောင်း တွေးလိုက်မိသည်။

​"တခြား ကိစ္စ မရှိတော့ရင် ငါ သွားတော့မယ်..." ဟု လီချင်းချိုးက ပြောရင်း ရဟန်းပျိူ ရူရန့်ဆီသို့ လျှောက်သွားလိုက်သည်။

​ရူရန့်ကလည်း ခေါင်းညိတ်လိုက်ပြီး ဘေးသို့ ဖယ်ပေးကာ လီချင်းချိုး ထွက်ခွာသွားသည်ကို ကြည့်နေလိုက်သည်။

ဤသို့ဖြင့် ​လီချင်းချိုးက အကွာအဝေးတစ်ခုအထိ ရောက်သွားပြီးနောက် ခုန်တက်၍ တောအုပ်ထဲမှ ပျံသန်းထွက်ခွာသွားပြီး မိုးကုတ်စက်ဝိုင်းအတွင်း၌ ပျောက်ကွယ်သွားတော့သည်။

​တောအုပ်ထဲတွင် ရဟန်းပျိူ ရူရန့်က မျက်မှောင် ကြုတ်၍ …

"ဒီလောက် အစွမ်းထက်တဲ့ မီးစွမ်းအင်... ဒီလူက ဘယ်သူများလဲ..."

​လီချင်းချိုး၏ အရှိန်အဝါက သူ့ကို မသက်မသာ ဖြစ်စေခဲ့ပြီး ဤနေရာရှိ ထူးဆန်းသော ဖြစ်စဉ်များမှာ ဤလူကြောင့် ဖြစ်ကြောင်း သေချာနေသည်။

​သို့သော်လည်း တစ်ဖက်လူက သူ့ရှေ့တွင် မည်သည့် အမှားမျှ မလုပ်ခဲ့သဖြင့် အတင်းအကျပ် လှုပ်ရှား၍ မရနိုင်ချေ။

​သူသည် တရားမှတ်ရန် ထိုင်ချလိုက်ပြီး ခွန်အားပြန်လည် ရရှိရန် စတင် လုပ်ဆောင်နေတော့သည်။

​လီချင်းချိုးသည် လူသူကင်းမဲ့သော ကျွန်းမှ ထွက်ခွာပြီးနောက် အရှေ့ဘက်သို့ နှစ်နာရီခန့် ပျံသန်းခဲ့ပြီး နေမင်းကြီး၏ စွမ်းအားများကို ဆက်လက် စုပ်ယူရန် အခြား လူသူကင်းမဲ့သည့် ကျွန်းတစ်ခုကို ရှာတွေ့ခဲ့သည်။ လမ်းတစ်လျှောက်တွင် လူနေထိုင်သော ကျွန်းအချို့ကို တွေ့မြင်ခဲ့ရပြီး မိစ္ဆာသားရဲများ နေထိုင်သည့် ကျွန်းအချို့ကိုပင် တွေ့ခဲ့ရ၏။ ကိုးပြည်ထောင်နယ်မြေနှင့် နှိုင်းယှဉ်လျှင် ထျန်းမင်ပင်လယ်က အလွန်တရာ ကျယ်ပြောလှသဖြင့် ပိုမို ဖွံ့ဖြိုးတိုးတက်သော ကျင့်ကြံရေး အင်အားစုတစ်ခုကို ပျိုးထောင်ပေးနိုင်စွမ်း ရှိခြင်းမှာ ပုံမှန်ကိစ္စသာ ဖြစ်ပေသည်။

​အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာကြောင့် လီချင်းချိုးမှာ ယန်စွမ်းအား မီးလျှံများကို ပြည့်ဝလာစေရန် ယင်ကျင်းရှင်းထက် များစွာသော အချိန်ကို လိုအပ်ပေသည်။

​ချင်းရှောင်တောင်ပေါ်ရှိ ထိုက်ကျွယ်နတ်ဓားကြောင့် ဂိုဏ်းအတွင်းရှိ အခြေအနေများကိုပါ သိရှိနိုင်သဖြင့် သူ ပြန်သွားရန် အလျင်မလိုပေ။

​ကျွန်း၏ တောင်ထိပ်တွင် တစ်ယောက်တည်း ထိုင်နေရသော်လည်း သူ့ခန္ဓာကိုယ်အတွင်း၌ တစ္ဆေအစေခံ နှစ်ဦး ရှိနေသဖြင့် အထီးကျန်ခြင်း မရှိချေ။

ထို​သူတို့မှာ နန်ကုန်းအာနှင့် တစ္ဆေနဂါးတို့ ဖြစ်ကြသည်။

​တစ္ဆေကလေးငယ်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော လင်းချွမ်မှာ ယခုအခါ သူ့အပေါ် မမှီခိုဘဲ လွတ်လပ်စွာ လှုပ်ရှားနိုင်ပြီ ဖြစ်သော်လည်း နန်ကုန်းအာနှင့် တစ္ဆေနဂါးတို့ကတော့ ထိုသို့ မဟုတ်ပေ။

​"သခင်... သခင့် ခန္ဓာကိုယ်ထဲက မီးတွေက ဘယ်လောက်အထိ မြင့်တက်လာဖို့ လိုအပ်သေးလဲ..."

​နန်ကုန်းအာက လီချင်းချိုး၏ ခန္ဓာကိုယ်အတွင်းမှနေ၍ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ အကယ်၍ သူမ၏ ဝိညာဉ်သာ လီချင်းချိုး၏ ပိုင်ဆိုင်မှု မဟုတ်ခဲ့ပါက ယန်စွမ်းအား မီးလျှံများကြောင့် ပြာဖြစ်သွားခဲ့သည်မှာ ကြာပြီ ဖြစ်ပေမည်။

​ယန်စွမ်းအား မီးလျှံ တစ်ခုတည်းနှင့်ပင် ၎င်း၏ စွမ်းအားမှာ ချင်းရှောင်ဂိုဏ်းရှိ လူတိုင်းထက် သာလွန်နေပြီဖြစ်ကြောင်း နန်ကုန်းအာ ခံစားနေရသည်။

​ယင်ကျင်းရှင်း နိုးထလာခြင်းမှာ လီချင်းချိုး၏ စွမ်းအားကြောင့် ဖြစ်မည်ဟုပင် သူမ သံသယ ဝင်မိတော့သည်။

​ "နောက်ထပ် လဝက်လောက်ဆိုရင် အဆင်ပြေသွားမှာပါ..."

​ယန်စွမ်းအား မီးလျှံများက မူလချီ၊ အရင်းအမြစ်ချီတို့နှင့် မတူညီပေ။ ၎င်းတို့ကို ဖြည်းဖြည်းချင်း ကျင့်ကြံနိုင်သည် သို့မဟုတ် ဝိညာဉ်ကျောက်တုံးများဖြင့် စုဆောင်းနိုင်သည်။

​ယန်စွမ်းအား မီးလျှံများအတွက် မီးစွမ်းအင် လိုအပ်ပြီး ၎င်းအတွက် အသင့်တော်ဆုံး စွမ်းအင်မှာ နေမင်းကြီးထံမှ စွမ်းအင်ပင် ဖြစ်၏။

​သူသည် နေမင်းကြီးနှင့် တိုက်ရိုက် ဆက်နွှယ်မှု မရှိသလို ထင်ရသော်လည်း နေရောင်ခြည်မှ အပူရှိန်ကို စုပ်ယူ၍ ယန်စွမ်းအား မီးလျှံများအဖြစ် ပြောင်းလဲနိုင်ပေသည်။

​ဤလုပ်ငန်းစဉ်အတွင်း လီချင်းချိုးက နေမင်းကြီး၏ စွမ်းအားများကို စုပ်ယူရင်း တစ်ချိန်တည်းမှာပင် မိမိ၏ အတွင်းပိုင်း စွမ်းအင်များကို ကျင့်ကြံနိုင်ကာ အလုပ်များစွာကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်စွမ်း ရှိသည်။

​ချီစွမ်းအင် စုပ်ယူမှု အမြန်နှုန်း အလွန်အမင်း တိုးတက်လာကြောင်း တွေ့ရှိလိုက်ရရာ ဤသည်က တုနှိုင်းမဲ့ယန်ဓာတ်ခန္ဓာကိုယ်က သူ့ရဲ့ ကျင့်ကြံခြင်း ပါရမီကိုပါ တိုးတက်စေခဲ့ကြောင်း ဆိုလိုခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းက ယင်ကျင်းရှင်း၏ တိုးတက်မှုနှင့် နှိုင်းယှဉ်နိုင်မည်လား ဆိုသည်ကို သူ တွေးတောနေမိသည်။

တုနှိုင်းမဲ့ယန်ဓာတ်ခန္ဓာကိုယ်သာမကဘဲ အခြားသော ကံကြမ္မာများကလည်း ယင်ကျင်းရှင်း၏ ထူးခြားလှသော တိုးတက်မှုတွင် ပါဝင်နေပေလိမ့်မည်။

​"နောက်ထပ် လဝက်ပဲ လိုတော့တာလား..."

နန်ကုန်းအာမှာ အံ့အားသင့်သွားရသည်။ လဝက်အကြာတွင် လီချင်းချိုး၏ ယန်စွမ်းအား မီးလျှံများ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းနေမည်ကို သူမ စိတ်ကူးကြည့်၍ပင် မရနိုင်တော့ပေ။

​ဤသို့ဖြင့်အချိန်များက လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြန်သည်…..

​လဝက်ဟူသော အချိန်မှာ လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး သြဂုတ်လအစောပိုင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးတွင်​ လီချင်းချိုး၏ ယန်စွမ်းအား မီးလျှံများ အထွတ်အထိပ်သို့ ရောက်ရှိတော့မည် ဖြစ်၏။ နဖူးပေါ်ရှိ အစွမ်းထက် ယန်စွမ်းအား ပုံစံများကလည်း အရင်ကထက် ပြင်းထန်လာပြီး နဖူးတစ်ခုလုံးကို ဖုံးလွှမ်းလုနီးပါး ဖြစ်နေကာ မျက်ခုံးနှစ်ခုကြားရှိ ပုံစံကတော့ မျက်လုံးတစ်လုံးနှင့်ပင် ဆင်တူနေတော့သည်။

​နေမင်းကြီး၏ စွမ်းအားများကို စုပ်ယူသည့် လုပ်ငန်းစဉ်အတွင်း ယန်စွမ်းအား မီးလျှံများ၏ အသုံးချပုံကိုလည်း နားလည်သဘောပေါက်လာခဲ့သည်။

​ထို့အပြင် အံ့ဩစရာကောင်းသော အချက်တစ်ချက်ကိုလည်း တွေ့ရှိခဲ့သည်၊ နေမင်းကြီး၏ စွမ်းအားများကို စုပ်ယူသည်နှင့်အမျှ ခွန်အားများလည်း တိုးတက်လာနေခြင်းပင် ဖြစ်၏။

​တစ်နည်းအားဖြင့် ဆိုရသော် ယင်ကျင်းရှင်းသည် ယန်စွမ်းအား မီးလျှံများကို ပိုင်ဆိုင်ထားရုံသာမက ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည်လည်း ကြောက်မက်ဖွယ်ကောင်းလာမည် ဖြစ်သည်။

​မှန်ပေသည်။ ရှေးဟောင်း နတ်ဆိုးခန္ဓာကိုယ်မှာ သာမန်လူများထက် ခွန်အားပိုင်းတွင် သေချာပေါက် သာလွန်မည် ဖြစ်သော်လည်း ဖျက်ဆီးမရသောအရှင်သခင်ခန္ဓာကိုယ်လောက်တော့ အစွန်းရောက်မည် မဟုတ်ချေ။

​ဖျက်ဆီးမရသောအရှင်သခင်ခန္ဓာကိုယ်မှာ အလွန်တရာ အစွမ်းထက်ရုံသာမကဘဲ ရုပ်ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ ပြန်လည် ကောင်းမွန်နိုင်စွမ်း ရှိပေသည်။

​ဖျက်ဆီးမရသောအရှင်သခင်ခန္ဓာကိုယ်သည် ယန်စွမ်းအား မီးလျှံများကို အချိန်မည်မျှကြာအောင် တောင့်ခံနိုင်မည်ကို လီချင်းချိုး အလွန် စူးစမ်းလိုစိတ် ဖြစ်နေမိသည်။

​မှန်ပေသည်၊ သူသည် ဤကံကြမ္မာ နှစ်ခုစလုံးကို ပိုင်ဆိုင်ထားသဖြင့် စမ်းသပ်ကြည့်ရန် မလိုအပ်ပေ။

​ရုတ်တရက်….

​လီချင်းချိုးက မျက်လုံးများကို ဖွင့်၍ မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက် မျက်မှောင် ကြုတ်လိုက်သည်။

​ထိုသူ ဘာကြောင့် ဤနေရာကို ရောက်လာရပြန်တာလဲ….

​လီချင်းချိုးသည် သူရှိနေသော ကျွန်းဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည့် မီးလျှံကဲ့သို့ လောင်ကျွမ်းနေသော နတ်ဘုရားဘုန်းတော်ကြီး၏ အရှိန်အဝါကို အာရုံခံမိလိုက်သည်။

​သူသည် ရဟန်းပျိူ ရူရန့်က သူ့ကို ပြဿနာ လာရှာသည်ဟု အစပိုင်းတွင် ထင်မှတ်ခဲ့သော်လည်း မကြာမီမှာပင် ရူရန့်၏နောက်မှ ကြီးမားလှသော မိစ္ဆာစွမ်းအင်များ လိုက်လံ ဖမ်းဆီးလာသည်ကို တွေ့ရှိလိုက်ရသည်။

ဤမိစ္ဆာစွမ်းအင်များထဲမှ တစ်ခုမှာ အလွန် ကြောက်မက်ဖွယ်ကောင်းပြီး ဓားမိစ္ဆာနှင့် စုန့်ချန်ရှန်းတို့၏ အရှိန်အဝါထက်ပင် ပိုမို အစွမ်းထက်နေသည်။

ဒီမိစ္ဆာက ကောင်းကင်နေမင်းနယ်ပယ်ကို ကျော်လွန်သွားခဲ့ပြီလား။

​လီချင်းချိုး၏ မျက်ခုံးများ တွန့်ချိုးသွားပြီး ချက်ချင်း မတ်တတ်ထရပ်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

​"တာအိုမိတ်ဆွေ လီပိုင်... ကျေးဇူးပြုပြီး ဒီရဟန်းငယ်ကို ကယ်တင်ပေးပါ...သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်..."

​ရဟန်းပျိူ ရူရန့်၏ အသံ အဝေးမှ ထွက်ပေါ်လာပြီး သူ့လေသံက အလွန် စိုးရိမ်တကြီး ဖြစ်နေပုံရသည်။

​လီချင်းချိုးသည် မူလက ပြဿနာများကို မဖန်တီးချင်ခဲ့သော်လည်း ဤစကားများကို ကြားသောအခါ ခြေလှမ်းများကို ရပ်တန့်လိုက်ရသည်။

​အချိန်ကိုက်ပါပဲလား…

သူကိုယ်တိုင်လည်း ပိုမို မြင့်မားသော နယ်ပယ်မှ သူတစ်ဦးနှင့် ယှဉ်ပြိုင်စမ်းသပ်ချင်နေပြီး မည်သို့ အဆုံးသတ်မည်ကို သိချင်နေခဲ့သည်။ အကယ်၍ သူ မနိုင်လျှင် လွယ်လွယ်ကူကူ ထွက်ပြေးနိုင်သည် မဟုတ်ပါလော။

​ လက်ရှိစွမ်းအားနှင့်ဆိုလျှင် အထွတ်အထိပ် လှုပ်ရှားမှု ပညာရပ်များကို ရူးသွပ်စွာ အသုံးပြု၍ လိုက်လံ ဖမ်းဆီးသူ အားလုံးထံမှ လွတ်မြောက်နိုင်မည်ဟု သူ ယုံကြည်ထားသည်။

​ထို့ကြောင့် လီချင်းချိုးက ချောက်ကမ်းပါးပေါ်တွင် မတ်တတ်ရပ်၍ ရဟန်းပျိူ ရူရန့် ပျံသန်းလာမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

​တခဏအကြာတွင် ရွှေရောင် အလင်းတန်းတစ်ခု သူ့ထံသို့ ပြေးဝင်လာရာ ထိုသူမှာ နတ်ဘုရားရဟန်းပျိူ ရူရန့်ပင် ဖြစ်၏။

​သူက လီချင်းချိုး၏ ဘေးတွင် လျင်မြန်စွာ ဆင်းသက်လိုက်ပြီး ခက်ထန်သော မျက်နှာထားဖြင့် …

"မိစ္ဆာဘုရင်ကြီးတစ်ပါးက ဒီရဟန်းငယ်ကို လိုက်လံ ဖမ်းဆီးနေပါတယ်... အကယ်၍ တာအိုမိတ်ဆွေသာ လွတ်မြောက်အောင် ကူညီပေးနိုင်ရင် မှော်ရတနာ တစ်ပါးကို ပေးအပ်ဖို့ ဆန္ဒရှိပါတယ်..." ဟု ဆိုသည်။

​လီချင်းချိုးက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ထိုအကြည့်များက ရေခဲတမျှ အေးစက်နေတော့သည်။

​​

All Chapters