← Chapters

အခန်း ၃၇၅

Vol. 38 Ch. 375

အခန်း ၃၇၅

Vol. 38 Ch. 375

အခန်း (၃၇၅) ဝိဉာဉ်သုံးပါးပေါင်းစည်းခြင်းနယ်ပယ် ​

လီချင်းချိုး၏ စူးစူးရဲရဲ အကြည့်ကို ရင်ဆိုင်ရချိန်တွင် ရဟန်းပျိူ ရူရန့်မှာ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားပြီး သူ ကမ်းလှမ်းလိုက်သော အရာများက တစ်ဖက်လူကို ဆွဲဆောင်ရန် မလုံလောက်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။

​ရဟန်းပျိူ ရူရန့်က အံကြိတ်၍ ခါးမှ သိုလှောင်အိတ်တစ်ခုကို ထုတ်ယူကာ….

"ဒီထဲမှာ ဝိညာဉ်ကျောက်တုံးတွေ၊ ဆေးလုံးတွေ၊ ပြီးတော့ ရှားပါးပြီး အဖိုးတန်တဲ့ ပစ္စည်းတွေ အပြည့် ပါပါတယ်... ဒါဆို လုံလောက်ပြီလား..."

​လီချင်းချိုးက သိုလှောင်အိတ်ကို ယူ၍ ဝိညာဉ်အသိအာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ မျက်ခုံးအနည်းငယ် ပင့်သွားမိသည်။

​ဝိုး... သူတို့က တော်တော်လေး ချမ်းသာတာပဲ…

​ဤသည်က လီချင်းချိုးအား ထျန်းချင်းမသေမျိုးဂိုဏ်းမှ ကျိုးလင်ဟွမ်းကို သတိရမိစေသည်။ သူတို့နှစ်ဦးစလုံးက အလွန် ချမ်းသာပြီး အစွမ်းထက်သူများ ဖြစ်ကြသည်။

​လီချင်းချိုးလည်း ရဟန်းပျိူ ရူရန့်ကို ချက်ချင်းပင် သဘောကျသွားတော့သည်။ သိုလှောင်အိတ်ကို ခါးတွင် ချိတ်ဆွဲလိုက်ပြီး ….

"မင်းက ဘာလို့ မိစ္ဆာတွေ အများကြီးရဲ့ လိုက်ဖမ်းတာကို ခံနေရတာလဲ..."

​ရဟန်းပျိူ ရူရန့်က စိတ်ပျက်လက်ပျက်ဖြင့်….

"အစောပိုင်းက တာအိုမိတ်ဆွေ ကြားခဲ့မှာပါ... ဟန်ချန်းလို့ ခေါ်တဲ့ မိစ္ဆာကျင့်ကြံသူက ဒီရဟန်းငယ်ကို အားနည်းတဲ့သူကို အနိုင်ကျင့်ပြီး အစွမ်းထက်တဲ့သူကို ကြောက်တယ်လို့ ပြောခဲ့တယ်လေ... အဲဒါနဲ့ ဒီရဟန်းငယ်လည်း မိစ္ဆာဧကရာဇ်ဆီ သွားပြီး ပြဿနာ ရှာခဲ့တာ... ကံမကောင်းစွာနဲ့ပဲ မိစ္ဆာဧကရာဇ်နဲ့ မတွေ့ရခင်မှာတင် သူ့လက်အောက်က မိစ္ဆာဘုရင်ကြီးတွေရဲ့ ပစ်မှတ်ထားတာ ခံလိုက်ရတယ်..." ဟု ဆိုသည်။

​ဤစကားကို ကြားသောအခါ လီချင်းချိုး၏ အမူအရာမှာ တစ်မျိုးတစ်ဖုံ ဖြစ်သွားသည်။ ဤလူ ဤမျှအထိ ပွင့်လင်းရိုးသားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

​တစ်ချိန်တည်းမှာပင် ထိုမိစ္ဆာဧကရာဇ်အပေါ် ပြင်းထန်သော ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာတော့သည်။

​အကယ်၍ မိစ္ဆာဧကရာဇ်၏ လက်အောက်ရှိ မိစ္ဆာဘုရင်ကြီးများ အားလုံးက ကောင်းကင်နေမင်းနယ်ပယ်ကို ကျော်လွန်နေပြီ ဆိုပါက မိစ္ဆာဧကရာဇ်၏ ကျင့်ကြံခြင်းအဆင့်က မည်မျှအထိ မြင့်မားနေမည်နည်း။

​ကောင်းကင်ငရဲပင်လယ်၏ အထွတ်အထိပ်သို့ ရောက်ရှိရန်အတွက် ကောင်းကင်နေမင်းနယ်ပယ်၏ အဓိက နယ်ပယ် နှစ်ခုခန့် ကျော်လွန်ရန် လိုအပ်ပုံ ရပေသည်။

​သို့သော်လည်း လီချင်းချိုး စိတ်ရှုပ်ထွေးနေဆဲ။ ဤလူက ထျန်းမင်ပင်လယ်တွင် မွေးဖွားလာသူ ဖြစ်ပါလျက် မိစ္ဆာဧကရာဇ်၏ စွမ်းအားကို မည်သို့မျှ မသိရှိဘဲ နေနိုင်မည်နည်း။

​ရဟန်းပျိူ ရူရန့်က လီချင်းချိုး၏ အကြည့်ကို နားလည်သွားသဖြင့် ချောင်းဟန့်လိုက်ပြီး….

"တကယ်တော့ ဒီရဟန်းငယ်က အပြင်ကို ထွက်ပြီး လေ့ကျင့်တာ ဒါ ပထမဆုံးအကြိမ်ပါ... ဟန်ချန်းက အရင်က လောကကို ကယ်တင်တဲ့ မသေမျိုးကျွန်းကို လာရောက်လည်ပတ်ဖူးတယ်... အဲဒီတုန်းက သူ့ကို သိကျွမ်းခဲ့တာ... ဒါပေမဲ့ နောက်ပိုင်းကျတော့ သူက လမ်းမှားကို ရောက်သွားပြီး ကျွန်းစုတော်တော်များများကို သတ်ဖြတ်ခဲ့တယ်လို့ ကြားရလို့ ဒီရဟန်းငယ်က သူ့ကို လိုက်စုံစမ်းခဲ့တာပါ..." ဟု ဆိုသည်။

ထိုစဉ် ​မိုးကုတ်စက်ဝိုင်းမှနေ၍ တလိမ့်လိမ့် တက်လာသော မိစ္ဆာအရှိန်အဝါကြီးက တိုးဝင်လာပြီး ကောင်းကင်ကြီးမှာ လျင်မြန်စွာ မှောင်မိုက်သွားတော့၏။

​လီချင်းချိုးက အလျင်စလို မဖြစ်ဘဲ….

"မင်းရဲ့ လောကကို ကယ်တင်တဲ့ မသေမျိုးကျွန်းက ဗုဒ္ဓဘာသာလား ဒါမှမဟုတ် တာအိုဂိုဏ်းလား..." ဟု မေးလိုက်သည်။

​"အဲဒီလို မဟုတ်ပါဘူး... လောကကို ကယ်တင်တဲ့ မသေမျိုးကျွန်းမှာ ခြားနားတဲ့ ဂိုဏ်းခွဲတွေ အများကြီး ရှိတယ်... ဗုဒ္ဓဘာသာနဲ့ တာအိုဂိုဏ်းက သူတို့ထဲက တစ်ခုပဲ ဖြစ်ပြီး သူတို့က သိပ်မထင်ရှားတဲ့ လမ်းစဉ်တွေပါ... ဒီရဟန်းငယ်က ဆရာသခင် ခြေရာကို နင်းရုံသက်သက်မို့ ဒီလမ်းစဉ်ကို ဆက်လျှောက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိပါဘူး..." ဟု ရဟန်းပျိူ ရူရန့်က ပြန်ဖြေလိုက်သည်။

​ဒီတော့ သူတို့က ဗုဒ္ဓဘာသာဂိုဏ်း မဟုတ်ဘူးပေါ့….

ဤမသေမျိုးကျွန်းအပေါ် ​လီချင်းချိုး စိတ်ဝင်စားသွားသည်ဖယ

​"ကတုံးဘုန်းကြီး... မင်းမှာ ကြံရာပါတွေတောင် ရှိနေသေးတာလား... မင်းကို ချက်စားဖို့ စောင့်နေလိုက်..."

​နက်ရှိုင်းပြီး လွှမ်းမိုးမှု အပြည့်ရှိသော အသံကြီးတစ်ခုက ကောင်းကင်နှင့် ပင်လယ်ပြင်ကြားတွင် ပဲ့တင်ထပ်သွားရာ မိုးကြိုးများပင် မြည်ဟည်းသွားသလားထင်လိုက်ရသည်။ ကျွန်းလေးမှာ မုန်တိုင်းတစ်ခုကို ရင်ဆိုင်နေရသလို ဖြစ်သွားပြီး လေထုမှာလည်း ဖိနှိပ်မှုများ ပြည့်နှက်လာသည်။

လီချင်းချိုး သေချာ ကြည့်လိုက်တော့ တလိမ့်လိမ့် လိပ်တက်လာသော မိစ္ဆာတိမ်တိုက်များက ကျွန်းကို ဝန်းရံရန် ရည်ရွယ်ချက်ဖြင့် ပျံ့နှံ့လာနေသည်ကို တွေ့လိုက်ရသည်။

​ရဟန်းပျိူ ရူရန့်က ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ကြည့်ရှုလိုက်ပြီး… .

"တာအိုမိတ်ဆွေ... ဒီိိမိစ္ဆာဘုရင်ကြီးရဲ့ နာမည်က မိစ္ဆာဘုရင် ချဲ့ရှီ ပါ... သူ့ရဲ့ ကျင့်ကြံခြင်းက ဝိဉာဉ်သုံးပါးပေါင်းစည်းခြင်းနယ်ပယ်ကို ရောက်နေပြီ... တာအိုမိတ်ဆွေ အထူးသတိထားဖို့ လိုတယ်နော်..." ဟု တိုးတိုးလေး သတိပေးလိုက်သည်။

​ဝိဉာဉ်သုံးပါးပေါင်းစည်းခြင်းနယ်ပယ်….

​လီချင်းချိုးအနေဖြင့် ဤနယ်ပယ်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ အမည်နာမကို ကြည့်ခြင်းအားဖြင့် ဤနယ်ပယ်မှာ ဝိညာဉ်နှင့် ပတ်သက်၍ နက်နဲသော နားလည်နိုင်စွမ်း လိုအပ်ကြောင်း သိလိုက်ရသည်။

​ကံကောင်းထောက်မစွာဖြင့် သူသည် လူသား တစ္ဆေသို့မဟုတ် နတ်ဘုရားကံကြမ္မာကို ပိုင်ဆိုင်ထားသဖြင့် ထိခိုက်နစ်နာမှု မရှိနိုင်ချေ။

​လီချင်းချိုး အဝေးသို့ လှမ်းကြည့်လိုက်တော့ အကြည့်များက မိစ္ဆာစွမ်းအင် တိမ်တိုက်တစ်ခုပေါ်တွင် စူးစိုက်သွားသည်။ လိပ်တက်နေသော တိမ်တိုက်များအတွင်း၌ ဧရာမ သတ္တဝါကြီးတစ်ကောင် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်ကို တွေ့မြင်နေရသည်။

​တောင်တစ်လုံးခန့် ကြီးမားသော ခြင်္သေ့ခေါင်းကြီးတစ်ခုကိုလည်း မြင်လိုက်ရသည်။ ၎င်းတွင် အနီရင့်ရောင် အမွေးအမှင်များ၊ နက်မှောင်သော မျက်လုံးများနှင့် သွေးရောင် မျက်ဝန်းအိမ်များ ရှိနေ၏။ ၎င်းမှာ ကျွန်းတစ်ခုလုံးကိုပင် မျိုချပစ်နိုင်တော့မည့်အလား အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

​ပတ်ဝန်းကျင်ရှိ မိစ္ဆာတိမ်တိုက်များအတွင်း၌ မရေမတွက်နိုင်သော မိစ္ဆာသတ္တဝါများလည်း ဟိုဟိုဒီဒီ ပျံသန်းနေကြသည်။ အချို့မှာ အသွင်ပြောင်းပြီးသူများ ဖြစ်ကြပြီး အချို့မှာ သားရဲပုံစံဖြင့်သာ ရှိနေဆဲ ဖြစ်ကာ အလွန် သိပ်သည်းပြီး မရေမတွက်နိုင်အောင် များပြားလှသည်။

လီချင်းချိုးသည် ဥပဒေသတစ်သောင်းဝိညာဉ်မျက်လုံးကို ပိုင်ဆိုင်ထားသဖြင့် ၎င်းကို အသုံးမပြုလျှင်ပင် အမြင်အာရုံ ထူးကဲလှပေသည်။

​ဤမိစ္ဆာစစ်တပ်ကြီးမှာ အကောင်ရေ သုံးသောင်းကျော် ရှိပြီး အများစုမှာ မိစ္ဆာစွမ်းအင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ရာ ကောင်းကင်နှင့် မြေကမ္ဘာကိုပင် အရောင်ပြောင်းသွားစေနိုင်သည့် သန်းချီသော စစ်တပ်ကြီးတစ်ခု၏ အရှိန်အဝါမျိုးကို ဖန်တီးထားလေသည်။

​ကျွန်းတခုလုံး ဝိုင်းရံခံလိုက်ရသည်ကို မြင်သောအခါ ရဟန်းပျိူ ရူရန့်၏ မျက်နှာထား မှောင်မိုက်သွားလေသည်။ လီချင်းချိုးကို မယုံကြည်၍ မဟုတ်ဘဲ သူ့စွမ်းအင်များ ကုန်ခန်းလုနီးပါး ဖြစ်နေသောကြောင့်ပင်။ သူ ဆက်လက် ထွက်ပြေးလျှင်လည်း အဖမ်းခံရမည်သာ ဖြစ်သဖြင့် လီချင်းချိုးကို ယုံကြည်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

​သူနှင့် လီချင်းချိုး တွေ့ဆုံမှုက တိုက်ဆိုင်ခြင်း မဟုတ်ပေ။ ထိုလမ်းကြောင်းတွင် ထူးခြားသော မီးစွမ်းအင် ဝိညာဉ်ချီ အတက်အကျကို အာရုံခံမိခဲ့ပြီး လီချင်းချိုး ဤနေရာတွင် ရှိနေမည်ဟု ခန့်မှန်းခဲ့ခြင်း ဖြစ်၏။ လီချင်းချိုး ဤမျှ တည်ငြိမ်အေးဆေးနေသည်ကို မြင်ရသောအခါ ရဟန်းပျိူ ရူရန့်လည်း အနည်းငယ် စိတ်အေးသွားပြီး တစ်ချိန်တည်းမှာပင် လီချင်းချိုးအပေါ် စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာတော့သည်။

​ဒီလူက တကယ်ပဲ လေလွင့်ကျင့်ကြံသူ ဟုတ်ရဲ့လား…

​လီချင်းချိုး၏ အကြည့်အောက်တွင် ခြင်္သေ့မိစ္ဆာဘုရင် ပေါ်ထွက်လာ၏။ ၎င်းမှာ ခြင်္သေ့ခေါင်းနှင့် လူခန္ဓာကိုယ် ရှိသည့် ဧရာမ မိစ္ဆာကြီး ဖြစ်ပြီး ပုခုံးအမြင့်မှာ ပေငါးရာကျော် ရှိသည်။ ၎င်းမှာ လေးလံသော သားရဲသံချပ်ကာကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်တခုလုံး နက်မှောင်နေသည်။ လက်ထဲတွင် ဧရာမ အရိုးဓားမကြီး တစ်လက်ကို ကိုင်ဆောင်ထားပြီး ဓားသွားအလယ်တွင် ကြောက်မက်ဖွယ်ကောင်းသော သွေးရောင် မြောင်းတစ်ခု ရှိနေသည်။

​ခြင်္သေ့ဘုရင်၏ ပတ်ဝန်းကျင်ရှိ တိမ်တိုက်များထဲမှ မိစ္ဆာသတ္တဝါများက ရေကန်ထဲမှ ငါးကြင်းများကဲ့သို့ တစ်ကောင်ပြီးတစ်ကောင် ခုန်ထွက်လာကြရာ ခြင်္သေ့ဘုရင်၏ ပေါ်ထွက်လာမှု အရှိန်အဝါကို ပိုမို ကြီးမားလာစေသည်။

​မိစ္ဆာဘုရင် ချဲ့ရှီ၏ အကြည့်များမှာ လီချင်းချိုးထံတွင် စူးစိုက်သွားသည်။

လီချင်းချိုးကို ​ရဟန်းပျိူ ရူရန့် ရှာဖွေနိုင်ခဲ့ခြင်းက သူထက် ပိုမို အစွမ်းထက်ကြောင်း သက်သေပြနေသည် မဟုတ်ပါလော။

​လီချင်းချိုးမှာ ကောင်းကင်နေမင်းနယ်ပယ်တွင်သာ ရှိသေးကြောင်း ခြင်္သေ့မိစ္ဆာဘုရင်က တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သော်လည်း ဤလူ၏ သွေးနှင့် ချီစွမ်းအင်များက အနည်းငယ် ထူးဆန်းနေပြီး ခန္ဓာကိုယ်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော မီးလျှံတစ်ခု ဖုံးကွယ်နေကြောင်းကိုလည်း သိရှိလိုက်သည်။

​အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာ၏ ဖိနှိပ်မှု အာနိသင်များနှင့် လီချင်းချိုး၏ လျှို့ဝှက်ပညာရပ်များက ခြင်္သေ့ဘုရင်၏ အကြည့်အောက်က မလွတ်ကင်းနိုင်သော်လည်း ၎င်းတို့က သူ့ကို လှည့်စားနိုင်ခဲ့သည်။

​သူ မြင်တွေ့ရသည်မှာ လီချင်းချိုး၏ စွမ်းအား ဆယ်ပုံတစ်ပုံပင် မပြည့်ချေ။

​စကားပိုမပြောတော့ဘဲ မိစ္ဆာဘုရင် ချဲ့ရှီက တိမ်တိုက်ပေါ်မှနေ၍ ကျွန်းဆီသို့ လျှောက်လှမ်းလာ၏။ သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအရှိန်အဝါများ ပေါက်ကွဲထွက်လာရာ အောက်ဘက်ရှိ သမုဒ္ဒရာကြီးမှာရေများကွဲထွက်သွားပြီး ကျွန်းအထိ ရှည်လျားသော ချောက်ကမ်းပါးကြီးတစ်ခုကို ဖန်တီးလိုက်သည်။

ထိုအခါ မိုင်ငါးဆယ်ကျော် ကျယ်ဝန်းသော ကျွန်းကြီး စတင် တုန်ခါလာပြီး အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့မည့်အလား ဖြစ်နေ၏။

​ခြင်္သေ့ဘုရင်၏ ဖိနှိပ်မှု အရှိန်အဝါကို ခံစားမိလိုက်ချိန်တွင် ရဟန်းပျိူ ရူရန့်၏ မျက်နှာထား အလွန် ဆိုးရွားသွားသည်။ထို့နောက် ပုတီးစေ့များကို ထုတ်ယူ၍ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ရင်း လီချင်းချိုးကို မျက်စိထောင့်မှ အကဲခတ်ကြည့်လိုက်တော့ လီချင်းချိုး တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သည်ကို မြင်လိုက်ရသဖြင့် သူ့ကို အံ့အားသင့်သွားစေသည်။

​လီချင်းချိုးက တကယ်ပဲ မကြောက်တာလား၊ ဒါမှမဟုတ် ဟန်ဆောင်နေတာလား ဆိုသည်ကို မသိရသော်လည်း တည်ငြိမ်မှု တစ်ခုတည်းကပင် ရူရန့်ကို သိမ်ငယ်သွားသလို ခံစားရစေသည်။

​လီချင်းချိုးက ပါးစပ်ကို အနည်းငယ် ဟလိုက်ရာ အစွမ်းထက် ယန်စွမ်းအား မီးလျှံတန်းများ လျှံကျလာသည်။ သူ့နဖူးပေါ်ရှိ အစွမ်းထက် ယန်စွမ်းအား ပုံစံများလည်း စတင် ပူပြင်းလာပြီး မှိန်ဖျော့သော အနီရောင် အလင်းတန်းများပင် တဖျတ်ဖျတ် လက်လာသည်။

​"ဒါက..."

​ရဟန်းပျိူ ရူရန့် မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့ကို ရူရန့် (မီးလျှံကဲ့သို့ လောင်ကျွမ်းနေသော) ဟု အမည်ပေးထားခြင်းမှာ မီးစွမ်းအင် တာအိုပညာရပ်များကို ကျွမ်းကျင်သောကြောင့် ဖြစ်သည်။ သူ့ရဲ့ ဝိညာဉ်အမြစ်က မီးစွမ်းအင် ဖြစ်ပြီး လောကရှိ မီးစွမ်းအင် ဝိညာဉ်ချီများ၏ အတက်အကျကို အလွန် အာရုံခံနိုင်စွမ်း ရှိသည်။

ထို့ကြောင့် ​လီချင်းချိုး ထုတ်လွှတ်လိုက်သော ပြင်းထန်သည့် မီးလျှံများက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ ခံစားသိရှိနိုင်ပေသည်။

​သူ့ခန္ဓာကိုယ်အတွင်းရှိ မီးစွမ်းအင်များပင် ရုတ်တရက် လှိမ့်တက်လာပြီး အနည်းငယ် ထိန်းချုပ်မရသလို ဖြစ်သွားသဖြင့် သူ့ကို အံ့အားသင့်သွားစေသည်။

​တစ်ဖက်လူက စွမ်းအင်အနည်းငယ်ကို ထုတ်လွှတ်လိုက်ရုံမျှဖြင့် သူ့ရဲ့ အရင်းအမြစ်ချီများကို ထိန်းချုပ်မရအောင် ဖြစ်သွားစေသည်။

ဒီလူက ကောင်းကင်နေမင်းနယ်ပယ် မဟုတ်ဘူးလား။

​ခြင်္သေ့မိစ္ဆာဘုရင် ရှေ့သို့ တိုးလာသည်နှင့်အမျှ အရိုးဓားမကြီးကို မြှောက်လိုက်ပြီး တစ်မုဟုတ်ချင်းမှာပင် ကောင်းကင်ကြီး အရောင်ပြောင်းသွားကာ တလိမ့်လိမ့် တက်လာသော မိုးကြိုးတိမ်တိုက်များနှင့် မိစ္ဆာတိမ်တိုက်များက ဝဲကတော့တစ်ခုကဲ့သို့ လှိမ့်တက်လာတော့သည်။ ထိုဖိနှိပ်မှုများ ပြည့်နှက်နေသော အနက်ရောင် ဝဲကတော့ကြီးအတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော ခြင်္သေ့ခေါင်းကြီး သုံးလုံး ပေါ်ထွက်လာပြီး လီချင်းချိုးနှင့် ခြင်္သေ့မိစ္ဆာဘုရင်တို့ကို ငုံ့ကြည့်နေကြသည်။

​ရဟန်းပျိူ ရူရန့်၏ အမူအရာလည်း အကြီးအကျယ် ပြောင်းလဲသွားသည်။ မိစ္ဆာဘုရင် ချဲ့ရှီ အလေးအနက်ထား တိုက်ခိုက်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ အရင်က မိစ္ဆာဘုရင် ချဲ့ရှီ သူ့ကို လိုက်လံ ဖမ်းဆီးစဉ်ကပင် ဤမျှအထိ ပြင်းထန်ခဲ့ခြင်း မရှိပေ။

မိစ္ဆာဘုရင် ချဲ့ရှီက ဒီလူရဲ့ ကြောက်မက်ဖွယ်ကောင်းမှုကို သိမြင်သွားလို့များလား။

​လီချင်းချိုးသည်လည်း လောကကြီးတွင် နက်နဲပြီး လွှမ်းမိုးမှုရှိသော ဖိနှိပ်မှု စွမ်းအားတစ်ခုကို တွေ့ရှိလိုက်ရသည်။ ၎င်းမှာ ဓမ္မပုံရိပ်နယ်မြေနှင့် ဆင်တူသော်လည်း ပိုမို နက်နဲပြီး ဖိနှိပ်နိုင်စွမ်း ပိုမို ကြီးမားပေသည်။ ဤကောင်းကင်ဖြစ်စဉ် ပေါ်ထွက်လာသည်နှင့်အမျှ ခြင်္သေ့မိစ္ဆာဘုရင်၏ အရှိန်အဝါများ ချက်ချင်းပင် မြင့်တက်လာပြီး သူ့လက်ထဲက အရိုးဓားမကြီးမှာ ကောင်းကင်နှင့် မြေကြီးကိုပင် လှုပ်ခတ်သွားစေကာ ကောင်းကင်နှင့် မြေကြီးကို တစ်ချက်တည်းဖြင့် နှစ်ခြမ်းခွဲပစ်နိုင်တော့မည့်အလား ဖြစ်နေ၏။

​ခြင်္သေ့ဘုရင်ကြီးက ဟိန်းဟောက်သံနှင့်အတူ ဓားဖြင့် အောက်သို့ ခုတ်ချလိုက်သည့်အခါ ​ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များ မိုင်ထောင်ချီ၍ လွှမ်းခြုံသွားပြီး လီချင်းချိုး၏ ခြေအောက်ရှိ ကျွန်းကို နှစ်ခြမ်းခွဲပစ်လိုက်ရာ အောက်ဘက်တွင် အောက်ခြေမမြင်ရသော အနက်ရောင် ချောက်ကမ်းပါးကြီးတစ်ခု ပေါ်ထွက်လာလေသည်။

​တစ်ချိန်တည်းမှာပင်….

​လီချင်းချိုး၏ နဖူးပေါ်ရှိ ယန်စွမ်းအား ပုံစံများမှ ကြောက်မက်ဖွယ်ကောင်းသော ယန်စွမ်းအား မီးလျှံများ ပေါက်ကွဲထွက်လာရာ မီးပင်လယ်ကြီးတစ်ခု လျှံကျလာသကဲ့သို့ လျင်မြန်စွာ ပြန့်နှံ့သွားပြီး ၎င်း၏ အရှိန်အဟုန်က ခြင်္သေ့မိစ္ဆာဘုရင်၏ ဓားစွမ်းအင်ထက် မလျော့နည်းလှပေ။

​ခြင်္သေ့မိစ္ဆာဘုရင်၏ ဓားစွမ်းအင် ရောက်ရှိလာချိန်မှာပင် လီချင်းချိုး၏ ယန်စွမ်းအား မီးလျှံများ၏ တားဆီးခြင်းကို ခံလိုက်ရ၏။

​မီးပင်လယ်ကြီးမှာ မယုံနိုင်စရာ ကောင်းလောက်အောင် အစွမ်းထက်သော အရှိန်အဟုန်ဖြင့် ပြန့်နှံ့သွားပြီး ကောင်းကင်တစ်ဝက်ကို ဖုံးကွယ်သွားကာ ရဟန်းပျိူ ရူရန့်ကို ချက်ချင်းပင် မီးလျှံများဖြင့် လွှမ်းခြုံသွားတော့သည်။

​ရဟန်းပျိူ ရူရန့်မှာ မသိစိတ်မှ မျက်လုံးများ ပြူးကျယ်သွားပြီး ပါးစပ် အဟောင်းသား ဖြစ်သွား၏။

​သူ့အကြည့်အောက်တွင် အဆုံးအစမရှိသော မီးပင်လယ်ကြီးက ခြင်္သေ့ဘုရင်၏ ဓားစွမ်းအင်ကို လျင်မြန်စွာ ဝါးမျိုသွားပြီး တလိမ့်လိမ့် တက်လာသော မိစ္ဆာတိမ်တိုက်များကို တိုက်ရိုက် ဖျက်ဆီးပစ်ကာ ခြင်္သေ့ဘုရင်ကိုပါ လွှမ်းခြုံသွားတော့သည်။ လီချင်းချိုး ဤမျှ လျင်မြန်စွာ တိုက်ခိုက်လိမ့်မည်ဟု ခြင်္သေ့ဘုရင် မထင်မှတ်ထားခဲ့သဖြင့် ရှောင်တိမ်းရန် အချိန်မရလိုက်ဘ လက်ထဲက အရိုးဓားမကြီးကို အသုံးပြု၍သာ ခုခံလိုက်ရသည်။

ထိုအခါ ​ခြင်္သေ့ဘုရင်၏ ခန္ဓာကိုယ်မှ အစွမ်းထက်သော မိစ္ဆာအရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ယန်စွမ်းအား မီးလျှံများကို ခုခံရန် ကြိုးစားလိုက်သော်လည်း အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။

​သူ မတားဆီးနိုင်ဘူး!

​ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!

​

​

All Chapters