← Chapters

အခန်း ၃၇၆

Vol. 38 Ch. 376

အခန်း ၃၇၆

Vol. 38 Ch. 376

အခန်း( ၃၇၆) မိစ္ဆာဘုရင်၏ အကြောက်တရား

​ပေငါးရာကျော် မြင့်မားသော ပုခုံးများရှိသည့် မိစ္ဆာဘုရင် ချဲ့ရှီမှာ တဟုန်းဟုန်း တောက်လောင်နေသော မီးပင်လယ်ကြီး၏ ရှေ့တွင် အလွန် သေးငယ်သွားသကဲ့သို့ ဖြစ်နေ၏။ သူ့ရဲ့ သားရဲသံချပ်ကာများလည်း လျင်မြန်စွာ လောင်ကျွမ်းသွားပြီး အမွေးအမှင်များပင် ပြာအဖြစ် ပြောင်းလဲသွားတော့သည်။

​ပင်လယ်ပြင်ကြီးပင် မီးလျှံများဖြင့် ဖုံးလွှမ်းသွားပြီး ရေပြင်မှာ ဆူပွက်နေသကဲ့သို့ ဖြစ်နေကာ ရေခိုးရေငွေ့များ တက်လာသဖြင့် ခမ်းနားထည်ဝါလှသော မြင်ကွင်းတစ်ခုကို ဖန်တီးထားလေသည်။

​လီချင်းချိုး မလှုပ်မယှက် ရပ်နေဆဲ ဖြစ်ပြီး သူ၏ နဖူးမှ ယန်စွမ်းအား မီးလျှံများ အဆက်မပြတ် ထွက်ပေါ်လာကာ ထိုမီးလျှံများက လောကကြီးတစ်ခုလုံးကိုပင် ပုံပျက်သွားစေ၏။

​ခြင်္သေ့ဘုရင်၏ ပတ်လည်ရှိ မိစ္ဆာများက အော်ဟစ်ငိုယိုနေကြပြီး အချို့က ထွက်ပြေးရန်ပင် ကြိုးစားကြသော်လည်း ယန်စွမ်းအား မီးလျှံများနှင့် ငြိတွယ်သွားသည်နှင့်တစ်ပြိုင်နက် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ မီးများကို မငြိမ်းသတ်နိုင်တော့ဘဲ နာကျင်စွာဖြင့် လျင်မြန်စွာ သေဆုံးသွားကြရတော့သည်။

​ခြင်္သေ့ဘုရင်၏ အသားများ စတင် ကွဲအက်လာပြီး သွေးများက ချော်ရည်များကဲ့သို့ အပြင်သို့ စီးကျလာ၏။ အံကြိတ်၍ ခုခံရန် အစွမ်းကုန် ကြိုးစားသော်လည်း လုံးဝ မတားဆီးနိုင်ခဲ့ချေ။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မီးလျှံမျိုးကို သူ တစ်ခါမျှ မကြုံဖူးခဲ့ပေ။

​"သူက ဘယ်သူများလဲ..."

​မိစ္ဆာဘုရင် ချဲ့ရှီမှာ အတွင်းစိတ်ထဲတွင် အကြီးအကျယ် ထိခိုက်ခံစားနေရ၏။ ကောင်းကင်နေမင်းနယ်ပယ်ရှိ ဘုန်းတော်ကြီးတစ်ပါးကို လိုက်လံ ဖမ်းဆီးခြင်းက ဤမျှလောက် ပြဿနာများ ဖြစ်ပေါ်လာစေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

ထိုစဉ် ​မိစ္ဆာတိမ်တိုက် ဝဲကတော့ကြီး၏ အောက်တွင် ပေါ်လာသော ခြင်္သေ့ခေါင်းကြီး သုံးလုံးက တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြသည်။ လီချင်းချိုးသည် ယန်စွမ်းအား မီးလျှံများကို ဖျက်ဆီးရန် ကြိုးစားနေသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားတစ်ခု ကျဆင်းလာသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် ယန်စွမ်းအား မီးလျှံမှာ ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိချေ။

ထို့ကြောင့်​လီချင်းချိုး၏ အကြည့်များ စူးရှသွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ ယန်စွမ်းအား မီးလျှံများကို အပြည့်အဝ ထုတ်ဖော်လိုက်တော့သည်။

ထိုအခါ ​မီးလျှံများက တဟုန်းဟုန်း တောက်လောင်လာပြီး ခြင်္သေ့ဘုရင်၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် လွှမ်းခြုံသွားကာ သမုဒ္ဒရာကြီးကိုပါ မြေမြှုပ်ပစ်လိုက်၏။

​ရဟန်းပျိူ ရူရန့်မှာ လီချင်းချိုး၏ ဘေးတွင် မတ်တတ်ရပ်နေပြီး သင်္ကန်းများက လေထဲတွင် ပြင်းထန်စွာ လွင့်ပျံနေသည်။ ငယ်ရွယ်ချောမောသော မျက်နှာပေါ်တွင် မယုံနိုင်စရာများ ပြည့်နှက်နေပြီး တကိုယ်လုံး တုန်ယင်လာတော့၏။

သူသည် ​လီချင်းချိုး၏ ယန်စွမ်းအား မီးလျှံများကြောင့် မည်သည့်အချိန်တွင်မဆို ပြာအဖြစ် လောင်ကျွမ်းသွားနိုင်ပြီး အလွန် အားနည်းလှသည်ဟု ခံစားနေရသည်။

​ထို့ကြောင့် မနေနိုင်ဘဲ လေးစားအားကျမှုများ ဖြစ်ပေါ်လာခဲ့သည်။ သူ့မျက်လုံးထဲတွင် လီချင်းချိုး၏ ပုံရိပ်က ပိုမို ကြီးမားလာပြီး မီးလမ်းစဉ်ကို ထိန်းချုပ်နိုင်သည့် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေတော့သည်။

​နားကွဲလုမတတ် ဟိန်းဟောက်သံကြီးတစ်ခု ပေါက်ကွဲထွက်လာရာ ၎င်းမှာ ပိုမို စူးရှပြီး နာကျင်မှုများ ပြည့်နှက်နေ၏။

​ရဟန်းပျိူ ရူရန့်၏ စောင့်ကြည့်မှုအောက်တွင် ခြင်္သေ့ဘုရင်၏ ခန္ဓာကိုယ် လျင်မြန်စွာ သေးငယ်သွားပြီး နောက်ဆုံးတွင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကာ အဆုံးအစမရှိသော မီးပင်လယ်ကြီးအတွင်းသို့ကျဆင်း ပျောက်ကွယ်သွားတော့သည်။

ထိုအခါ ​လီချင်းချိုး၏ နဖူးပေါ်ရှိ ယန်စွမ်းအား ပုံစံများမှ အနီရောင် အလင်းတန်းများ ထပ်မံ ထွက်ပေါ်လာပြီး ယန်စွမ်းအား မီးလျှံများက သူ့နဖူးအတွင်းသို့ ကျုံ့ဝင်သွားကြသည်။

​အကယ်၍ ဤပြင်းထန်လှသော မီးလျှံများကို ထိန်းချုပ်မထားပါက ကြီးမားသော ဘေးဒုက္ခတစ်ခုကို ဖြစ်ပေါ်စေနိုင်သည်။

​လှိုင်းလုံးကြီးများသဖွယ် တက်လာသော ယန်စွမ်းအား မီးလျှံများက ကျွန်းဆီသို့ တိုးဝင်လာပြီး အပူလှိုင်းကြီးတစ်ခုကို ဖန်တီးလိုက်သဖြင့် ရဟန်းပျိူ ရူရန့်မှာ လီချင်းချိုးနှင့် အကွာအဝေးတစ်ခုအထိ ခွာထားရန် မသိစိတ်ကြောင့် နောက်သို့ ဆုတ်သွားမိတော့သည်။

​လီချင်းချိုးက ယန်စွမ်းအား မီးလျှံများကို လျင်မြန်စွာ ရုပ်သိမ်းလိုက်သော်လည်းမီး၏ အရွယ်အစားနှင့် ပြန့်နှံ့မှုကြောင့် ပျံ့နှံ့သွားသော ယန်စွမ်းအား မီးလျှံများကို ပြန်လည် ရုပ်သိမ်းရန် ထွက်သက်ဝင်သက် အကြိမ်ရေ ဒါဇင်ပေါင်းများစွာ အချိန်ယူလိုက်ရသည်။

​ရှေ့သို့ ကြည့်လိုက်သောအခါ ကျွန်းနှင့် တောင်တန်းများ၏ တစ်ဝက်ခန့်မှာ မီးလောင်ကျွမ်းထားသော မြေပြင်အဖြစ် ပြောင်းလဲသွားပြီး ပင်လယ်ရေများမှာ ဆူပွက်နေသော အိုးတစ်လုံးကဲ့သို့ ဖြစ်နေကာ ပင်လယ်ပြင်ထက်တွင် ထူထပ်သော မြူခိုးများ ဖုံးလွှမ်းနေသဖြင့် မိစ္ဆာကို မမြင်တွေ့နိုင်တော့ချေ။

​လီချင်းချိုး မော့ကြည့်လိုက်တော့ မိစ္ဆာတိမ်တိုက် ဝဲကတော့ကြီး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသော်လည်း ကောင်းကင်ယံတွင် ယန်စွမ်းအား မီးလျှံများ သောင်းကျန်းခဲ့သည့် အငွေ့အသက်များ ကျန်ရှိနေသေးသည်။

​သူ အနည်းငယ် မျက်မှောင် ကြုတ်လိုက်မိသည်။ အလိုအလျောက် သိစိတ်အရ မိစ္ဆာဘုရင် ချဲ့ရှီ မသေသေးကြောင်း အာရုံခံမိသည်။ ဝိဉာဉ်သုံးပါးပေါင်းစည်းခြင်းနယ်ပယ်တွင် သူ နားမလည်နိုင်သေးသော လျှို့ဝှက်ချက်များ ရှိနေသေးပုံ ရသည်။ ဤတစ်ကြိမ်တွင် ယန်စွမ်းအား မီးလျှံ အများအပြားကို ပြန်လည် ရရှိခဲ့သော်လည်း သူ အသုံးပြုခဲ့သော ယန်စွမ်းအား မီးလျှံများက ငါးရက်စာ စုဆောင်းထားသော စွမ်းအားများနှင့် ညီမျှနေသဖြင့် သူ့ကို ရင်နာစေသည်။

သူက ရဟန်းပျိူ ရူရန့်ဘက်သို့ လှည့်ကာ….

"မင်းကို လောကကို ကယ်တင်တဲ့ မသေမျိုးကျွန်းဆီ အမြန်ဆုံး ပြန်သွားဖို့ အကြံပေးချင်တယ်... အဲဒီ မိစ္ဆာတွေက မင်းကို ဒုက္ခပေးနေဦးမှာပဲ..." ဟု ဆိုလိုက်သည်။

​ ရဟန်းပျိူ ရူရန့်ဘက်က ကျိုးလင်ဟွမ်းထက် ပိုမို ချမ်းသာကြွယ်ဝမှုများကို ကမ်းလှမ်းလာလျှင်ပင် လီချင်းချိုးက သူ့ကို လောကကို ကယ်တင်သော မသေမျိုးကျွန်းဆီသို့ လိုက်ပို့ပေးမည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ သူသည် လောကကို ကယ်တင်သော မသေမျိုးကျွန်းအပေါ် သံသယ အချို့ ရှိနေသေးသည်။

​ရဟန်းပျိူ ရူရန့်က ဟန်ချန်းကို သတ်ဖြတ်ခဲ့သည့် နည်းလမ်းများနှင့် သဘောထားများကို ကြည့်ခြင်းအားဖြင့် လောကကို ကယ်တင်သော မသေမျိုးကျွန်းမှာ မည်သို့မျှ ကြင်နာတတ်သော အင်အားစုတစ်ခု မဟုတ်ကြောင်း သိသာလှပေသည်။

​ထိုသို့ပြောပြီးနောက် လီချင်းချိုးက ရဟန်းပျိူ ရူရန့်ကို တုံ့ပြန်ရန် အခွင့်အရေး မပေးတော့ဘဲ အထွတ်အထိပ် လှုပ်ရှားမှု ပညာရပ်ကို အသုံးပြု၍ ချက်ချင်း ထွက်ခွာသွားတော့သည်။

​ရဟန်းပျိူ ရူရန့် သတိပြန်ဝင်လာချိန်တွင် စကားပြောရန် ပြင်လိုက်သော်လည်း လီချင်းချိုး၏ တည်ရှိမှုကို မခံစားရတော့ချေ။

​သူက ခေါင်းလှည့်၍ ရှေ့မှောက်ရှိ ကမ္ဘာပျက်မည့် မြင်ကွင်းကဲ့သို့ ဖြစ်နေသော ကောင်းကင်နှင့် ပင်လယ်ပြင် တစ်ဝက်ကို ကြည့်လိုက်ရာ သူ့ ရင်ထဲရှိ အံ့ဩတုန်လှုပ်မှုများ အချိန်အကြာကြီးတိုင်အောင် ငြိမ်သက်သွားခြင်း မရှိတော့ပေ။

​"သူက ကောင်းကင်နေမင်းနယ်ပယ်မှာ မဟုတ်ဘူးလား..."

​ရဟန်းပျိူ ရူရန့်က တိုးတိုးလေး ရေရွတ်လိုက်ပြီး ရုတ်တရက် လီချင်းချိုး၏ စကားများကို စတင် ယုံကြည်လာတော့သည်။

​ဤလူက တကယ်ပဲ လေလွင့်ကျင့်ကြံသူ ဖြစ်နေနိုင်ပေသည်။

​အချို့သော ကြီးမြတ်သည့် ကျင့်ကြံသူများမှာ ထူးကဲသော ကျင့်ကြံခြင်း အဆင့်များ ရှိကြပြီး ဂိုဏ်းများက သူတို့ကို မချုပ်ချယ်နိုင်တော့ကြောင်း ဆရာသခင် ပြောပြဖူးသည်ကို သူ ကြားခဲ့ဖူးသည်။ဤလူများသည် လောကီ စည်းမျဉ်းများကို မလိုက်နာကြတော့ဘဲ သူတို့၏ ကိုယ်ပိုင် မသေမျိုးလမ်းကြောင်းကို ရှာဖွေရန်အတွက် လောကကြီးအတွင်း လှည့်လည် သွားလာနေတတ်ကြသည်။

​သူ နတ်ဘုရားတစ်ပါးနဲ့ တွေ့ခဲ့တာပဲ ဖြစ်ရမယ်!

​သူသည် လီပိုင်၏ နာမည်ကို ရင်ထဲတွင် နက်ရှိုင်းစွာ မှတ်သားထားလိုက်ပြီး အနာဂတ်တွင် နောက်တစ်ကြိမ် ပြန်လည် တွေ့ဆုံရရန် မျှော်လင့်နေမိသည်။

​တလိမ့်လိမ့် တက်လာသော မိစ္ဆာတိမ်တိုက်များအောက်တွင် လျှပ်စီးများ လက်လျက် မိုးကြိုးများ မြည်ဟည်းနေပြီး သမုဒ္ဒရာကြီးမှာလည်း ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးများဖြင့် လှိုင်းထန်နေ၏။ ဤအရာအားလုံးကြားတွင် ကျွန်းစုတစ်ခုမှာ ကြွေကျလာသော သစ်ရွက်များကဲ့သို့ အလွန် သေးငယ်စွာ ပေါ်ထွက်လာသည်။ ဤကျွန်းများထဲမှ တစ်ခုပေါ်ရှိ မီးတောင်တစ်ခု၏ အနက်ရှိုင်းဆုံး နေရာ၊ မီးရောင်ဖြင့် လင်းထိန်နေသော ဂူလှိုဏ်ဂူတစ်ခုအတွင်း၌ မိစ္ဆာဘုရင် ချဲ့ရှီက ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် သွေးတစ်လုတ် အန်ထုတ်လိုက်ကာ အမွေးအမှင်များ ကျွတ်ကျလာပြီး သူ့မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်လွင်နေသည်။

​"အဲဒီကောင်..."

​အစောပိုင်းက တိုက်ပွဲကို ပြန်တွေးမိချိန်တွင် ခြင်္သေ့ဘုရင်မှာ ပျောက်ကွယ်မသွားသေးသော အကြောက်တရားများဖြင့် ပြည့်နှက်နေ၏။

​သူသည် တစ်ချက်တည်းနှင့် လုံးဝ ဖိနှိပ်ခံလိုက်ရပြီး ခုခံရန် လုံးဝ အစွမ်းအစ မရှိခဲ့ပေ။

​လီချင်းချိုး၏ စွမ်းအားက သူ့ကို ထိတ်လန့်သွားစေခဲ့ပြီး လက်စားချေရန် စိတ်ကူးပင် မယဉ်ဝံ့တော့ချေ။

​သူ့ရဲ့ ဝိညာဉ်သုံးပါးထဲမှ တစ်ခုကို ဆုံးရှုံးလိုက်ရသည့်အပြင် ကိုယ်ပွားတစ်ခုကိုပါ ဆုံးရှုံးလိုက်ရသဖြင့် ကျင့်ကြံခြင်းအဆင့်မှာ အကြီးအကျယ် ကျဆင်းသွားမည် ဖြစ်ပြီး ပြန်လည် ကောင်းမွန်ရန်အတွက် နှစ်ရာချီ အချိန်ယူရပေလိမ့်မည်။

​သူသည် မိစ္ဆာဧကရာဇ်ကို ပြောပြသင့်၊ မပြောပြသင့် ချီတုံချတုံ ဖြစ်နေသော်လည်း မိစ္ဆာဧကရာဇ်၏ ရက်စက်ကြမ်းကြုတ်မှုကို တွေးမိသောအခါ ပြဿနာများကို ရှောင်ရှားခြင်းက ပိုကောင်းမည်ဟု ခံစားလိုက်ရသည်။

​ရဟန်းပျိူ ရူရန့်က လီချင်းချိုးကို အကူအညီ တောင်းခံသည့် မြင်ကွင်းကို သူ မြင်ခဲ့၊ ကြားခဲ့ရသည်။ ရဟန်းပျိူ ရူရန့်က လီချင်းချိုးကို အကူအညီအတွက် ပေးချေခဲ့ခြင်းက သူတို့နှစ်ဦးမှာ နက်ရှိုင်းသော ဆက်ဆံရေး မရှိဘဲ တိုက်ဆိုင်စွာ တွေ့ဆုံခဲ့ခြင်းသာ ဖြစ်ကြောင်း သက်သေပြနေ၏။

​မိစ္ဆာဘုရင် ချဲ့ရှီက လီပိုင်၏ နာမည်အပြင် လီချင်းချိုး၏ အသံနှင့် ရုပ်သွင်ကိုပါ မှတ်တမ်းတင်ထားလိုက်သည်။

​အကယ်၍ သူ ဤလူနှင့် ထပ်တွေ့ခဲ့လျှင် လမ်းလွှဲသွားရမည်သာ။

​အကယ်၍ မိတ်ဆွေဖွဲ့ရန် အခွင့်အရေး ရရှိပါက အလွန် ကောင်းမွန်ပေလိမ့်မည်။

​ယန်စွမ်းအား မီးလျှံများကို ကြုံတွေ့ခဲ့ရပြီးနောက် မိစ္ဆာဘုရင် ချဲ့ရှီမှာ လီချင်းချိုးနှင့် ရန်သူ မဖြစ်လိုတော့ချေ။ ဤမျှ ပြိုင်ဘက်ကင်းသော ကျွမ်းကျင်သူတစ်ဦးနှင့် တိုက်ခိုက်ရခြင်းမှာ တကယ်ကို ကြောက်မက်ဖွယ်ကောင်းလွန်းလှပေသည်။

မနက်ခင်း အစောပိုင်း အချိန်၌….

​လီချင်းချိုး ချင်းရှောင်တောင်သို့ ပြန်လည် ရောက်ရှိလာပြီး တောင်ခြေမှနေ၍ တောင်ပေါ်သို့ ဖြည်းညင်းစွာ တက်လာခဲ့သည်။

​သူ ရဟန်းပျိူ ရူရန့်ကို ကယ်တင်ခဲ့ပြီးနောက် သုံးရက် ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။ သူ့ခန္ဓာကိုယ်အတွင်းရှိ ယန်စွမ်းအား မီးလျှံများမှာ အပြည့်အဝ အလားအလာသို့ မရောက်ရှိသေးသော်လည်း ဤမျှဆိုလျှင် လုံလောက်ပြီဟု သူ ခံစားရသည်။ အများကြီး ရှိနေခြင်းကလည်း ကောင်းသောအရာ မဖြစ်နိုင်ပေ။

​ဤအချိန်အတောအတွင်း ချင်းရှောင်ဂိုဏ်းတွင် မည်သည့် ပြဿနာမျှ မဖြစ်ခဲ့ဘဲ ဂိုဏ်းချုပ် ထွက်ခွာသွားသည်ကို ဂိုဏ်းသားများ လုံးဝ မသိရှိခဲ့ကြပေ။

​ဂိုဏ်းချုပ် တောင်လမ်းပေါ်တွင် လမ်းလျှောက်လာသည်ကို မြင်သောအခါ လမ်းတစ်လျှောက်ရှိ ဂိုဏ်းသားများက သူ့ကို နှုတ်ဆက်၍ အရိုအသေပေးကြ၏။

​လီချင်းချိုးက ပြုံး၍ ခေါင်းညိတ်ပြပြီး တက်ကြွ၍ စိတ်အားထက်သန်သော ဂိုဏ်းသားအချို့နှင့် တစ်ခါတစ်ရံ စကားစမြည် ပြောဆိုခဲ့သည်။

​လီချင်းချိုးတယောက် လင်းရှောင်ဝင်းသို့ မွန်းလွဲပိုင်း ရောက်မှသာ ရောက်ရှိလာခဲ့သည်။

​ကျန်းယွီချွန်းခင်မျာ သူ့ကို အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ရသည်။

​"စီနီယာအစ်ကို... အစ်ကို နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ... ဒီတစ်ချိန်လုံး ဘယ်တွေ ရောက်နေတာလဲ... ကျွန်တော် ချင်းရှောင်တံဆိပ်ပြားနဲ့ ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ မရခဲ့ဘူး... အစ်ကို ပင်လယ်ထဲတော့ မသွားခဲ့ဘူး မဟုတ်လား..." ဟု ကျန်းယွီချွန်းက အနားသို့ ချဉ်းကပ်လာရင်း မေးလိုက်၏။

​လီချင်းချိုးက ရယ်မော၍ "ဒါကိုတော့ မင်းကို ပြောပြလို့ မရဘူး... မင်းအတွက် ပြဿနာ ဖြစ်သွားမှာ စိုးလို့..." ဟု ဆိုသည်။

​ကျန်းယွီချွန်း တွေးတောလိုက်တော့ အဓိပ္ပာယ်ရှိကြောင်း သဘောတူလိုက်သည်။

​စီနီယာအစ်ကို၏ လက်ရှိ စွမ်းရည်များနှင့် ဆိုလျှင် သူ ထိတွေ့ဆက်ဆံနေရသည့် အရာများမှာ သူ လုံးဝ မမီနိုင်သည့် အရာများသာ ဖြစ်ပေမည်။

​ထို့အပြင် စီနီယာအစ်ကိုကို လျှို့ဝှက်ဆန်းကြယ်စွာ ထားရှိခြင်းက ကောင်းသောအရာ ဖြစ်ပြီး ဂိုဏ်း၏ လျှို့ဝှက်လက်နက်များကို တိုးပွားစေကာ ဂိုဏ်းအတွင်းရှိ အဖွဲ့အစည်းများကိုလည်း ဟန့်တားပေးနိုင်ပေသည်။

​လီချင်းချိုးက ထိုင်ချလိုက်ပြီး "ဘာဖြစ်လို့လဲ..." ဟု မေးလိုက်သည်။

​ကျန်းယွီချွန်းကလည်း ထိုင်ချ၍….

"ဆဋ္ဌမမြောက် ညီငယ်က သူ့ရဲ့ ဇနီး၊ သားသမီးတွေနဲ့ ဖေ့ မိသားစုဝင်တွေကို ခေါ်ပြီး အနောက်ဘက်ကို သွားနေတယ်... သူတို့က အန္တရာယ်များတဲ့ အနောက်ဘက် နယ်မြေအပြင်ဘက်မှာ အခြေချဖို့ စီစဉ်ထားပြီး ချင်းရှောင်ဂိုဏ်းရဲ့ အနောက်ဘက် နယ်စပ်ကို ခိုင်မာအောင် ကူညီပေးမယ်လို့ ပြောတယ်... သူပြောတာကတော့ နားထောင်လို့ ကောင်းပေမဲ့ သူ ငြိမ်ငြိမ်မနေနိုင်လို့ပဲလို့ ကျွန်တော် ထင်တယ်... ပြီးတော့ ရှို့ကျန်းနဲ့ ရှို့မင်တို့ကလည်း ရည်မှန်းချက် အရမ်းကြီးကြတယ်..." ဟု ဆိုသည်။

​ဤစကားကို ကြားပြီးနောက် လီချင်းချိုး မျက်မှောင် မကြုတ်ခဲ့ပေ။ လီစစ်ဖုန်း၊ လီရှို့ကျန်း၊ သို့မဟုတ် လီရှို့မင် မည်သူပဲဖြစ်ဖြစ် သူတို့ အားလုံး ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ကြပြီ ဖြစ်၏။ သူတို့ ဂိုဏ်းထဲတွင် အမြဲတမ်း နေထိုင်လိမ့်မည်ဟု သူ မမျှော်လင့်နိုင်ပေ။

​"သူတို့နောက်ကို လိုက်တဲ့ ဂိုဏ်းသားတွေ ရှိလား..."

​"ရှိတယ်... တော်တော်များများပဲ... တရားဝင် ဂိုဏ်းသား အနည်းဆုံး တစ်ရာလောက် ရှိပြီး သူတို့ထဲက ဆယ်ယောက်ကျော်က ဝိညာဉ်အသိအာရုံအဆင့်မှာ ရှိနေတယ်..."

​ဤသည်က လီစစ်ဖုန်း ဖြစ်နေသောကြောင့်ပင်။ အကယ်၍ အခြား မည်သူမဆို ဤမျှများပြားသော ဂိုဏ်းသားများကို ခွင့်ပြုချက်မပါဘဲ ခေါ်ဆောင်သွားမည် ဆိုပါက ကျန်းယွီချွန်းက သေချာပေါက် ဓားဂိုဏ်း၏ စွမ်းအားများကို အသုံးပြု၍ ဖိနှိပ်မည်သာ ဖြစ်၏။

“ဂိုဏ်းသားတွေက သူ့သား နှစ်ယောက်နောက်ကို လိုက်သွားတာ ဖြစ်နိုင်တယ်..."

​ကျန်းယွီချွန်းက ခေါင်းညိတ်လိုက်သည်။လီရှို့ကျန်းနှင့် လီရှို့မင်တို့က ဂိုဏ်းအတွင်း၌ အလွန် ရေပန်းစားကြသည်။ ထိုညီအစ်ကို နှစ်ဦးစလုံး မိတ်ဆွေဖွဲ့ရသည်ကို နှစ်သက်ကြပြီး အဆက်အသွယ်များသည့် အပိုင်းတွင် လီစစ်ဖုန်း သူတို့ကို မယှဉ်နိုင်ပေ။

​"သူတို့ကို အပြင်ထွက်ပြီး စူးစမ်းလေ့လာခွင့် ပေးလိုက်ပါ... ဒါပေမဲ့ တစ်ယောက်ယောက်ကို သူတို့ကို စောင့်ကြည့်ခိုင်းထားတာ ပိုကောင်းမယ်... သူတို့ကို အရမ်း ဝေးဝေး မသွားခိုင်းနဲ့..."

​ "ကျွန်တော် အစီအစဉ်တွေ လုပ်ပြီးပါပြီ... ဒါကို အစ်ကို့ကို ပြောပြရမယ်လို့ ခံစားရလို့ အစ်ကို ပြန်လာပြီဆိုတာ သိတာနဲ့ ဒီမှာ စောင့်နေတာပါ..."

​ကျန်းယွီချွန်း၏ ကျင့်ကြံခြင်းအဆင့်က ဝိညာဉ်အသိအာရုံအဆင့်သို့ မရောက်ရှိသေးသော်လည်း ဂိုဏ်းအတွင်းရှိ အာဏာမှာ မည်သူနှင့်မျှ မယှဉ်သာပေ။ အကယ်၍ သူ တစ်ယောက်ယောက်ကို စောင့်ကြည့်ချင်ပါက မည်သူပင် ဖြစ်ပါစေ ထိုသူ ထိုက်ခွန်းတောင်တန်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူ ချက်ချင်း သိရှိနိုင်ပေသည်။

​လီချင်းချိုးသည် သူ၏ ညီငယ်၊ ညီမငယ်များနှင့် ပတ်သက်၍ တစ်ခါမျှ ချီတုံချတုံ မဖြစ်ခဲ့သလို သံသယလည်း မဝင်ခဲ့ပေ။ အမှန်တကယ်တွင် သူတို့ ပိုမို ကြီးမားသော အာဏာများ တည်ဆောက်နိုင်ရန်ပင် မျှော်လင့်နေမိသည်။

​သူ့မျက်လုံးထဲတွင် ချင်းရှောင်ဂိုဏ်းက သူ့ရဲ့စွမ်းအား မြစ်ဖျားခံရာ ဖြစ်သော်လည်း ၎င်းမှာ သူနှင့် ညီငယ်၊ ညီမငယ်များ အတူတကွ တည်ဆောက်ခဲ့သော အခြေခံအုတ်မြစ်လည်း ဖြစ်ပေသည်။

​ကျန်းယွီချွန်းက ဤအချိန်အတောအတွင်း ဖြစ်ပျက်ခဲ့သော အခြား အဖြစ်အပျက်များကို ဆက်လက် ပြောပြနေခဲ့သည်။

​အနောက်ဘက်တွင် ခံစစ်စခန်းများကို တည်ငြိမ်စွာ တည်ဆောက်နေကြပြီး ဂိုဏ်းသားများ ပိုမို စေလွှတ်နေကြသည်။ တောင်ဘက်တွင် မင်းမျိုးမင်းနွယ် မိသားစုများနှင့် ဝေထျန်းရှုံတို့က နယ်မြေချဲ့ထွင်ရန် တာဝန်ယူထားကြပြီး လောလောဆယ်တွင် ပြဿနာ မရှိသေးပေ။ ချင်းရှောင်ဂိုဏ်းအတွက် ဆိုလျှင် ဂိုဏ်းသားများကို ပြုစုပျိုးထောင်ရန်သာ အာရုံစိုက်ရန် လိုအပ်ပေသည်။

​ကျန်းယွီချွန်းက ဝိညာဉ်အမြစ်များကို စမ်းသပ်သည့် နည်းလမ်းကို ဝေထျန်းရှုံးထံမှ ရရှိထားပြီ ဖြစ်၏။ သူသည် ဝိညာဉ်အမြစ် စမ်းသပ်သည့် နည်းလမ်းကို အကောင်အထည်ဖော်သင့်၊ မသင့် ချီတုံချတုံ ဖြစ်နေသည်။ ဟွမ်ယွမ်ကျမ်းစာနှင့် ပတ်သက်လျှင် ဂိုဏ်းသားသစ်များကို ဟွမ်ယွမ်ကျမ်းစာ သင်ကြားပေးရန် မလိုအပ်တော့ဟု ခံစားရပြီး ဟွမ်ယွမ်ကျမ်းစာ ကျင့်ကြံခြင်းအတွက် ကန့်သတ်ချက်တစ်ခု ထည့်သွင်းနိုင်သည်ဟု ထင်မြင်နေမိသည်။

​ဆယ်စုနှစ်များစွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် စာကြည့်တိုက်ရှိ ကျင့်ကြံရေး နည်းလမ်း အရေအတွက်မှာ ရာဂဏန်းကျော်အထိ ရောက်ရှိလာပြီ ဖြစ်သည်။ မည်သည့် နည်းလမ်းကမျှ ဟွမ်ယွမ်ကျမ်းစာလောက် မကောင်းမွန်သော်လည်း ဂိုဏ်းသားသစ်များကို ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးရန်အတွက်တော့ လုံလောက်လှပေသည်။

​"ဝိညာဉ်အမြစ် စမ်းသပ်မှုကို ဖွင့်လှစ်နိုင်ပါတယ်... ဒါပေမဲ့ ဝိညာဉ်အမြစ် အမျိုးအစားတွေကို စမ်းသပ်ဖို့အတွက် အဓိက အသုံးပြုသွားမှာပါ... ဟွမ်ယွမ်ကျမ်းစာနဲ့ ပတ်သက်လို့ကတော့ လောလောဆယ် ဒီအတိုင်းပဲ ထားလိုက်ပါဦး... ငါ စဉ်းစားကြည့်ပါ့မယ်..."

​ထိုသို့ ပြုလုပ်ခြင်းက ဟွမ်ယွမ်ကျမ်းစာကို ပေါ်လွင်သွားစေမည်ကို သူ သိရှိသော်လည်း ပြီးပြည့်စုံသော ဖြေရှင်းချက် မရှိသဖြင့် ဆုံးရှုံးမှုများကို လျှော့ချရန် အစွမ်းကုန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သူ့အတွက်တော့ ကျင့်ကြံရေး နည်းလမ်းတစ်ခုကို ထိန်းသိမ်းထားခြင်းက အရေးအကြီးဆုံး အရာ မဟုတ်ဘဲ ချင်းရှောင်ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကသာ အရေးအကြီးဆုံး ဖြစ်ပေသည်။

​မှန်ပေသည်၊ ယွင်ချိုင်တယောက် ဟွမ်ယွမ်စည်းတံဆိပ်၏ ကျင့်ကြံရေး နည်းလမ်းကို နားလည်သဘောပေါက်သွားရန်လည်း သူ မျှော်လင့်နေမိသည်။

​လီချင်းချိုး၏ လက်ရှိ စွမ်းအားဖြင့် ဆိုလျှင် သူ ရင်ဆိုင်ရမည့် မည်သူ့ကိုမျှ ဟွမ်ယွမ်ကျမ်းစာ တစ်အုပ်တည်းနှင့် နှိုင်းယှဉ်၍ မရနိုင်တော့ချေ။

​ကျန်းယွီချွန်း အရင်ကထက် ပိုမို တည်ငြိမ်နေသည်။ သူ့ရဲ့ အကြံပြုချက်ကို လက်မခံသည်ကို မြင်သော်လည်း အလျင်စလို မဖြစ်ဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။

​ညီအစ်ကို နှစ်ဦးသား အချိန်အနည်းငယ်ကြာအောင် စကားပြောပြီးနောက် ရှောင်ဝူချင်း ရောက်ရှိလာချိန်တွင် ကျန်းယွီချွန်း နှုတ်ဆက်၍ ထွက်ခွာသွားခဲ့သည်။

​ရှောင်ဝူချင်းက လီချင်းချိုးကို အရိုအသေပေးလိုက်ပြီး….

"ဂိုဏ်းချုပ်... မြောက်ဘက်ကနေ မိစ္ဆာနယ်မြေနဲ့ သက်ဆိုင်တဲ့ သတင်းတစ်ခု ရောက်လာပါတယ်..." ဟု တိုးတိုးလေး လျှောက်တင်လိုက်သည်။

​

All Chapters