← Chapters

အခန်း ၂၆၇

Vol. 27 Ch. 267

အခန်း ၂၆၇

Vol. 27 Ch. 267

အခန်း (၂၆၇) ကျားသစ်ဘုရင်နေရာအတွက် တိုက်ပွဲ၊ လူသားစားကျားသစ် ပွဲချင်းပြီး သေဆုံးသွားခြင်း

အထီးတစ်ကောင်နှင့် အမတစ်ကောင်ဖြစ်သော ကျားသစ်နှစ်ကောင်မှာ တိုက်ခိုက်နေကြလေသည်။ တိုက်ပွဲအတွင်းသို့ ကျားသစ်အမပါ ဝင်ရောက်လာသောအခါ လူသားစားကျားသစ်မှာ နောက်ထပ် ပြင်းထန်သော ဒဏ်ရာများစွာကို ထပ်မံရရှိသွားတော့၏။

လီလန်သည် ဘေးမှရပ်ကြည့်နေရင်း လူသားစားကျားသစ်ကို ချိန်ရွယ်ရန် သူ၏သေနတ်ကို မြှောက်လိုက်သည်။

ကျားသစ်နှစ်ကောင်မှာ လူသားစားကျားသစ်နှင့် တိုက်ခိုက်နေကြသဖြင့် ထိုကြမ်းကြုတ်သော သားရဲကြီး၏ အာရုံကို အသေအချာပင် အနှောင့်အယှက် ဖြစ်စေခဲ့သည်။ အခွင့်ကောင်းရခိုက် အမြန်သတ်ဖြတ်ရမည် ဖြစ်၏။

ဤအကောင်များမှာ ကျားသစ်ပေါက်စလေးတစ်ကောင် ပါဝင်သော ကျားသစ်အထီးနှင့် အမတို့ ဖြစ်ကြသည်။ ကျားသစ်ပေါက်စလေးမှာ ဖျော့တော့နေပြီး ယိုင်တိုင်တိုင် လမ်းလျှောက်နေကာ ဖျားနာနေခြင်းလော သို့မဟုတ် ဒဏ်ရာရထားခြင်းလော ဆိုသည်ကိုမူ သဲသဲကွဲကွဲ မသိရပေ။

အကယ်၍ ကျားသစ်အမသာ ကျားသစ်အထီးနှင့် တိုက်ခိုက်ရင်း သေဆုံးသွားပါက ထိုအကောင်ပေါက်လေးမှာ မိဘမဲ့ဖြစ်သွားပြီး မောင်အားတောင်ပေါ်တွင် ကျန်ရစ်ခဲ့မည်ဖြစ်သည်။ ညတွင်းချင်းပင် သေဆုံးသွားနိုင်ပေ၏။

သူ၏အိမ်တွင် ကော့ကေးရှန်း သိုးထိန်းခွေးပေါက်လေးနှင့် တောကြောင်ရိုင်းလေးတို့ ရှိနေသောကြောင့် လီလန်သည် တောရိုင်းတိရစ္ဆာန် အကောင်ပေါက်လေးများကို မြင်တွေ့ရသည့်အခါတိုင်း ကရုဏာသက်မိလေသည်။

ထို့ကြောင့် ဤကျားသစ်ဘုရင်နေရာအတွက် တိုက်ပွဲတွင် လီလန်သည် မျက်နှာအမာရွတ်နှင့် ကျားသစ်ဘက်သို့ ပို၍ယိမ်းယိုင်နေမိသည်။ သူ လူသားစားကျားသစ်ကို သတ်ပြီးနောက် မျက်နှာအမာရွတ်နှင့် ကျားသစ်တို့က သူ့ကို ပြန်လည်တိုက်ခိုက်မည်လော ဆိုသည်ကိုမူ နောက်မှသာ ဆက်ပြောရတော့မည်ဖြစ်၏။ ယခုအချိန်တွင်မူ လီလန်နှင့် သူတို့အားလုံး၌ ဘုံရန်သူတစ်ကောင် ရှိနေလေသည်။ ထိုရန်သူမှာ လူသားစားကျားသစ်ပင် ဖြစ်တော့သည်။

ဤလူသားစားကျားသစ်မှာ နာမည်ဆိုးဖြင့် ကျော်ကြားသော မှတ်တမ်းရှိသည်။ ပထမဆုံးအနေဖြင့် နှစ်သစ်ကူးမတိုင်မီက စန်းဟော့ရွာမှ လူငယ်မုဆိုးသုံးယောက်ကို တိုက်ခိုက်ခဲ့ပြီး တစ်ယောက်ကို စားသောက်ခဲ့လေသည်။ ယနေ့တွင်လည်း လီဟူတို့ မိသားစုသုံးယောက်ကို ထပ်မံချုံခိုတိုက်ခိုက်ခဲ့ပြီး မုဆိုးမဝူ၏ ခြေထောက်များကို စားသောက်ခဲ့ပြန်သည်။ လူသား၏ အသားကို မြည်းစမ်းဖူးသော ဤလူသားစားကျားသစ်ကို ဆက်လက် အသက်ရှင်ခွင့် ပေးထား၍ မဖြစ်တော့ပေ။

ခဏအကြာတွင် သားရဲများ၏ ဟိန်းဟောက်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး တောရိုင်းတိရစ္ဆာန်များ အချင်းချင်း တိုက်ခိုက်နေသည့် မြင်ကွင်းမှာ အလွန်ပင် ဖရိုဖရဲ ဖြစ်နေတော့သည်။

အခြားတစ်ဖက်တွင်မူ လီလန်သည် သူ၏သေနတ်ကို မြှောက်၍ ချိန်ရွယ်ထားလိုက်၏။

လူသားစားကျားသစ်နှင့် မျက်နှာအမာရွတ်နှင့် ကျားသစ်တို့မှာ အနီးကပ် လုံးထွေးတိုက်ခိုက်နေကြသည်။ လီလန် သေနတ်ပစ်လိုက်ပါက အနည်းငယ်မျှ လွဲချော်သွားလျှင်ပင် ကျားသစ်ဇနီးမောင်နှံကို အမှတ်တမဲ့ ဒဏ်ရာရသွားစေရန် လွယ်ကူလှပေသည်။ တစ်ခဏမျှ လီလန်သည် သေနတ်ကို ငြိမ်သက်စွာ ကိုင်ထားရင်း ခလုတ်ဆွဲရန် တုံ့ဆိုင်းနေကာ ထိုနေရာတွင်ပင် ရပ်တန့်နေခဲ့လေသည်။

နောက်ဆုံးတွင် လူသားစားကျားသစ်နှင့် မျက်နှာအမာရွတ်နှင့် ကျားသစ်တို့ အကွာအဝေးတစ်ခုသို့ ရောက်ရှိသွားသောအခါ၊ လီလန်သည် အခွင့်အရေးကို ဆုပ်ကိုင်၍ သေနတ်ခလုတ်ကို ပြတ်သားစွာ ဆွဲချလိုက်တော့သည်။

ဒိုင်း…

သေနတ်သံတစ်ချက် ထွက်ပေါ်လာပြီး တောအုပ်အတွင်းရှိ မရေမတွက်နိုင်သော ငှက်များကို လန့်ဖြတ်ပျံသန်းသွားစေသည်။

"ထိသွားပြီ..."

လူသားစားကျားသစ်၏ ညာဘက်နောက်ခြေကို ထိမှန်သွားသည်ကို မြင်လိုက်ရသောအခါ လီလန်မှာ အလွန်စိတ်လှုပ်ရှားသွားတော့သည်။

ကျည်ဆန်သည် လူသားစားကျားသစ်၏ လည်ပင်းကို မထိမှန်လျှင်ပင် ပြဿနာမရှိပေ။ ထိမှန်သွားသရွေ့ အဆင်ပြေသည်။ ထိမှန်သွားပါက လူသားစားကျားသစ်၏ တိုက်ခိုက်နိုင်စွမ်းကို များစွာ လျော့ကျသွားစေနိုင်ပေ၏။ ထိုသို့ဖြစ်လျှင် မျက်နှာအမာရွတ်နှင့် ကျားသစ်တို့အတွက် အခွင့်အရေး ရလာမည်ဖြစ်သည်။

သေချာသည်မှာပင် သေနတ်ထိမှန်သွားပြီးနောက် လူသားစားကျားသစ်သည် သူ၏နောက်ခြေမှ သွေးများ ပန်းထွက်လာကာ သွေးသံရဲရဲဖြစ်သွားသဖြင့် နာကျင်စွာ အော်ဟစ်လိုက်တော့သည်။ ၎င်း၏ နောက်ခြေမှာ ကျည်ဆန်ကြောင့် ရှင်းလင်းစွာ ကျိုးပဲ့သွားပြီး ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို ဆက်လက် ထောက်ပံ့ပေးနိုင်ခြင်း မရှိတော့ပေ။

လူသားစားကျားသစ် ဒဏ်ရာရသွားသည်ကို မြင်လိုက်ရသောအခါ မျက်နှာအမာရွတ်နှင့် ကျားသစ်ဇနီးမောင်နှံမှာ အလွန် စိတ်အားထက်သန်သော အသံများဖြင့် ဟိန်းဟောက်လိုက်ကြပြီးနောက် သားရဲနှစ်ကောင်စလုံးသည် သူတို့၏ အသေအကြေရန်သူထံသို့ အတူတကွ ခုန်အုပ်လိုက်ကြသည်။

ကျားသစ်တစ်ကောင်၏ အကြောက်မက်ဖွယ်အကောင်းဆုံး အင်္ဂါရပ်မှာ တကယ်တမ်းတွင် ၎င်း၏ အစွယ်များ မဟုတ်သလို၊ အရွယ်အစားလည်း မဟုတ်ပေ။ ယင်းအစား ခြေထောက်များပင် ဖြစ်၏။ ကြွက်သားအပြည့်ရှိသော ရှည်လျားသည့် ခြေထောက်လေးချောင်းဖြင့် လေကဲ့သို့ ပြေးလွှားနိုင်ပြီး မည်သည့်သားကောင်မျှ ၎င်း၏ အမဲလိုက်ခြင်းမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ခြေထောက်လေးချောင်းသည် ကျားသစ်တစ်ကောင်အတွက် အသက်ရှင်သန်ရေး ဗီဇဖြစ်ပြီး တောင်ပေါင်းတစ်သောင်းအတွင်းရှိ ၎င်း၏ အစွမ်းထက်သော လက်နက်လည်း ဖြစ်သည်ဟု ပြောနိုင်လေသည်။

သို့သော် ခြေထောက်တစ်ဖက် ဆုံးရှုံးသွားပါက မည်သို့ဖြစ်မည်နည်း။ ထိုအခါ သေရန် စောင့်ဆိုင်းရုံသာ ရှိတော့မည်ဖြစ်၏။ ခြေထောက်မရှိလျှင် သို့မဟုတ် ခြေထောက်တစ်ဖက်သာ ဆုံးရှုံးသွားလျှင်ပင် ကျားသစ်တစ်ကောင်သည် သွားမရှိသော ကျားတစ်ကောင်ကဲ့သို့ ဖြစ်သွားပြီး မည်သည့် ခြိမ်းခြောက်မှုမျှ မပေးနိုင်တော့ပေ။

ခဏအကြာတွင် မျက်နှာအမာရွတ်နှင့် ကျားသစ်သည် လူသားစားကျားသစ်၏ လည်ချောင်းကို ကိုက်ဖြတ်လိုက်တော့သည်။

ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးမှာ သနားစရာကောင်းလောက်အောင် အော်ဟစ်ရင်း လဲကျသွားသည်။ မျက်နှာအမာရွတ်နှင့် ကျားသစ်မှာ လည်ပင်းကို တင်းကျပ်စွာ ကိုက်ခဲထားပြီး လွှတ်မပေးတော့ပေ။ လူသားစားကျားသစ်မှာ ခြေလေးချောင်းလုံးကို ယက်ကန်ယက်ကန်ဖြင့် ရူးသွပ်စွာ ရုန်းကန်နေတော့၏။ (ဒီလိုအခန်းတွေဆို စာရေးသူမရေးချင်ဘူး သရဲထက်ပိုကြောက်လို့) (⁠。⁠ŏ⁠﹏⁠ŏ⁠)

သို့သော် နောက်ဆုံးတွင် အချည်းနှီးသာ ဖြစ်သွားလေသည်။

မိနစ်အနည်းငယ်အကြာတွင် လူသားစားကျားသစ်၏ အော်ဟစ်သံများ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး ၎င်း၏ ရုန်းကန်လှုပ်ရှားမှုများမှာလည်း သိသာမှု မရှိတော့ပေ။

နောက်ဆုံးတွင် ၎င်း၏ မျက်လုံးသူငယ်အိမ်များ ကျယ်လာပြီး ကြီးမားလှသော သားရဲခေါင်းကြီးမှာ လီလန်ရှိရာသို့ လှည့်လာကာ မျက်လုံးထဲရှိ အလင်းရောင်များ တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။ မောင်အားတောင်မှ ဤသွေးဆာနေသော လူသတ်သားရဲကြီးမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီဖြစ်၏။

"ဟူး..."

လူသားစားကျားသစ် သေဆုံးသွားသည်ကို မြင်လိုက်ရမှ လီလန်က နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချနိုင်တော့သည်။ ဤလူသားစားကျားသစ် သေဆုံးသွားခြင်းက ရွာအတွက် အလားအလာရှိသော ခြိမ်းခြောက်မှုတစ်ခုကို ဖယ်ရှားပေးလိုက်ပြီး မကြာမီကာလအတွက် ငြိမ်းချမ်းရေးကို ရရှိစေခဲ့သည်။

မျက်နှာအမာရွတ်နှင့် ကျားသစ်နှင့် ကျားသစ်အမတို့မှာ ယခုလေးတင် ပြင်းထန်သော တိုက်ပွဲကို အဆုံးသတ်ထားခြင်းဖြစ်သည်။ ယခုအခါ မျက်နှာအမာရွတ်နှင့် ကျားသစ်သည် မြေပြင်ပေါ်တွင် လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေပြီး အသက်ရှူရန် ရင်ဘတ်ကြီး နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။

လူသားစားကျားသစ်နှင့် တိုက်ခိုက်ရခြင်းက သူတို့၏ ခွန်အားများကို အလွန်အမင်း ကုန်ခမ်းစေခဲ့သည်။

သူတို့၏ ခန္ဓာကိုယ်များမှာ ပြင်းထန်စွာ ဒဏ်ရာရထားပြီး အထူးသဖြင့် ကျားသစ်အထီးမှာ ယခင်ဒဏ်ရာများအပြင် ဒဏ်ရာအသစ်များစွာ ထပ်မံရရှိထားလေသည်။ ဝမ်းဗိုက်ဧရိယာမှာ စုတ်ပြဲနေပြီး ၂၀ စင်တီမီတာခန့်ရှိသော ဒဏ်ရာမှ သွေးများ ပန်းထွက်နေကာ ကျားသစ်အထီး၏ ဖြူဖွေးသော ဝမ်းဗိုက်အမွှေးများကို ချက်ချင်းပင် အနီရောင်အဖြစ် ပြောင်းလဲသွားစေတော့သည်။

ဤကျားသစ်အထီးမှာ ပြင်းထန်စွာ ဒဏ်ရာရထားပြီး အသက်ရှူရုံသာ ကျန်တော့ကာ နောက်ဆုံးထွက်သက်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ပြင်းထန်သော ဒဏ်ရာများနှင့် အသက်ရှူပြင်းနေသော်လည်း ကျားသစ်အထီးသည် မတ်တပ်ရပ်ရန် ကြိုးစားလိုက်ပြီး ၎င်း၏ သွေးဆာနေသော မျက်လုံးများဖြင့် လီလန်ကို စိုက်ကြည့်နေလေသည်။

ရန်သူသေဆုံးသွားပြီ ဖြစ်သော်လည်း လူသားတစ်ဦး အသက်ရှင်ကျန်ရစ်နေသေးသည်။ ၎င်းတို့၏ မျိုးဆက်များ ဘေးကင်းရေးအတွက် ဤလူသားကို မောင်းထုတ်ရမည်ဖြစ်၏။

မတ်တပ်ရပ်ရန် ရုန်းကန်နေရသော မျက်နှာအမာရွတ်နှင့် ကျားသစ်သည် လီလန်ဆီသို့ လျှောက်လာခဲ့ရာ ပြင်းထန်သော သွေးနံ့များနှင့် အသက်ရှူကြပ်စေလောက်သည့် ဖိနှိပ်မှုအငွေ့အသက်များ ထွက်ပေါ်နေလေသည်။

သို့သော် ၎င်း၏ ခန္ဓာကိုယ်မှာ အလွန်အမင်း ဒဏ်ရာရနေခဲ့ပြီ ဖြစ်သည်။ ယိုင်တိုင်တိုင်ဖြင့် ဘယ်ညာယိမ်းယိုင်ကာ လမ်းလျှောက်နေပြီး ခြေလှမ်းအနည်းငယ် လျှောက်ပြီးသည်နှင့် မြေပြင်ပေါ်သို့ "ဝုန်း" ခနဲ လဲကျသွားတော့၏။

"ဝေါင်း..."

ကျားသစ်အမသည် အော်ဟစ်လိုက်ပြီး ကျားသစ်အထီး၏ ခန္ဓာကိုယ်ကို နှာခေါင်းဖြင့် သွားရောက်ပွတ်သပ်လေသည်။

ကျားသစ်အထီးမှာ ပြင်းထန်စွာ ဒဏ်ရာရထားပြီး အသက်ပြင်းပြင်းရှူနေကာ ဝမ်းဗိုက်မှနေ၍ တောက်ပသော သွေးနီများ အလုံးအရင်းဖြင့် စီးကျနေ၏။ သွေးများ စီးကျလာပြီး ချက်ချင်းပင် သွေးကွက်ကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။

ဤမျက်နှာအမာရွတ်နှင့် ကျားသစ်မှာ သေခါနီးအချိန်သို့ ရောက်နေပြီဖြစ်သည်မှာ ထင်ရှားလှပေသည်။

၎င်းသည် တိုးညှင်းစွာ ဟိန်းဟောက်လိုက်သော်လည်း လူသားစားကျားသစ်နှင့် တိုက်ခိုက်စဉ်က ပြသခဲ့သော အဟုန်မျိုး လုံးဝမရှိတော့ဘဲ အလွန်အားနည်းကာ ခွန်အားကင်းမဲ့နေပုံပေါ်လေသည်။

ကျားသစ်အမသည် သနားစရာကောင်းလောက်အောင် အော်ဟစ်လိုက်ပြီးနောက် ၎င်း၏ ကျားသစ်ပေါက်စကို အမြန်သွားယူရန် လှည့်ထွက်သွားတော့သည်။ သို့သော် အကောင်ပေါက်လေးကို ဝှက်ထားခဲ့သည့် နေရာသို့ ရောက်သောအခါ၊ အကောင်ပေါက်လေး ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရလေသည်။

"ဝေါင်း..."

"ဝေါင်း..."

ကျားသစ်အမသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ၎င်း၏ အကောင်ပေါက်လေး၏ အရိပ်အယောင်ကို ရှာဖွေရန် အရူးအမူး အနံ့ခံနေတော့သည်။

လီလန်သည် လူသားစားကျားသစ်ကို သတ်ပြီးနောက် သူ၏ထံသို့ လျှောက်လာသော မျက်နှာအမာရွတ်နှင့် ကျားသစ်ကို မြင်လိုက်ရသည်။ သူ လန့်ဖြတ်သွားပြီး သူ၏အမဲလိုက်ခွေး ဟေးလုံကို ခေါ်ကာ တဖြည်းဖြည်း နောက်ဆုတ်ရန် ပြင်ဆင်လိုက်၏။

သို့သော် ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပြီးနောက် အားနည်းသော ကလေးငယ်တစ်ဦး၏ အော်သံကဲ့သို့ အသံတစ်ခုကို ကြားလိုက်ရလေသည်။

အောက်သို့ ငုံ့ကြည့်လိုက်ရာ အမွှေးပွပွ တိရစ္ဆာန်လေးတစ်ကောင်ကို တွေ့လိုက်ရ၏။

ဖျားနာနေသော ကျားသစ်ပေါက်စလေးမှာ မည်သူမျှ သတိမထားမိဘဲ လီလန်၏ ခြေရင်းသို့ မည်သို့မည်ပုံ ရောက်ရှိလာခဲ့သည်ကို မသိရပေ။

"အောင်း...အုအု"

ကျားသစ်ပေါက်စလေးသည် ၎င်း၏ ခေါင်းလေးကို မော့ကာ မျက်လုံးဝိုင်းကြီးများကို ပေကလပ်ပေကလပ် လုပ်ရင်း လီလန်ကို ကြည့်နေသည်။

၎င်းမှာ အလွန်ယဉ်ကျေးပုံရပြီး လီလန်အပေါ် မည်သည့်ရန်လိုမှုမျှ မပြသပေ။ ဆန့်ကျင်ဘက်အနေဖြင့် လီလန်ကို အလွန်သဘောကျပုံရကာ ၎င်း၏ ခန္ဓာကိုယ်လေးဖြင့် လီလန်၏ ဘောင်းဘီစကို ပွတ်သပ်နေတော့၏။

၎င်း၏ ခန္ဓာကိုယ်လေးမှာ ပိန်လှီနေပြီး အသံမှာလည်း အလွန်တိုးညှင်းလှသည်။ ဖျားနာနေပုံရသော်လည်း ၎င်း၏ အမြီးလေးကိုမူ ခက်ခဲစွာဖြင့် လှုပ်ရမ်းပြနေသေးလေသည်။

ယေဘုယျအားဖြင့် ကြောင်မျိုးရင်းဝင် တိရစ္ဆာန်တစ်ကောင်သည် သင့်ထံလာ၍ ပွတ်သပ်နေပါက ၎င်းသည် သင့်အပေါ် ချစ်ခင်မှု ပြသနေခြင်းပင်ဖြစ်သည်။ ဤကျားသစ်ပေါက်စလေးမှာ လီလန်အပေါ် ချစ်ခင်မှု ပြသနေသည်မှာ ထင်ရှားလှပေ၏။

လီလန်သည် ထိုအကောင်ပေါက်လေးကို ငုံ့ကြည့်လိုက်ရာ သူ၏မျက်လုံးထဲတွင် အံ့သြမှုအရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။

"သူက... ငါ့ကို ကယ်တင်ပေးဖို့ တောင်းဆိုနေတာလား..."

"မဟုတ်ဘူး၊ ဒါတင်မကသေးဘူး..."

လီလန်သည် ပြင်းထန်စွာ ဒဏ်ရာရထားသော မျက်နှာအမာရွတ်နှင့် ကျားသစ်ကို ကြည့်လိုက်သည်။

ဤအကောင်ပေါက်လေးက သူ၏ အဖေကို ကယ်တင်ပေးရန် တောင်းဆိုနေခြင်းပင် ဖြစ်၏။

ကျားသစ်ပေါက်စလေး၏ အော်သံများက မျက်နှာအမာရွတ်နှင့် ကျားသစ်နှင့် ကျားသစ်အမတို့၏ အာရုံကို ဆွဲဆောင်သွားလေသည်။

ခေါင်းလှည့်ကြည့်လိုက်သောအခါ ၎င်း၏ အကောင်ပေါက်လေးမှာ လူသားထံသို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။ ကျားသစ်အမ၏ မျက်နှာမှာ ချက်ချင်းပင် ကြမ်းကြုတ်သွားပြီး ခြိမ်းခြောက်သည့် အသံဖြင့် တိုးညှင်းစွာ ဟိန်းဟောက်ကာ လီလန်ရှိရာသို့ ပြေးဝင်လာတော့၏။

မျက်နှာအမာရွတ်နှင့် ကျားသစ်မှာမူ မုဆိုးက အကောင်ပေါက်လေးအနီးသို့ ချဉ်းကပ်သွားသည်ကို မြင်လိုက်ရသောအခါ သူငယ်အိမ်များ ကျုံ့သွားပြီး တိုးညှင်းစွာ ဟိန်းဟောက်လိုက်သည်။ ၎င်းသည် အသက်ရှူကြပ်စွာဖြင့် မတ်တပ်ရပ်ရန် ရုန်းကန်လိုက်ပြန်၏။

သို့သော် ဒဏ်ရာများမှာ အလွန်ပြင်းထန်လှသည်။ မတ်တပ်ရပ်လိုက်သည်နှင့် "ဝုန်း" ခနဲ ပြန်လဲကျသွားပြီး ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ သွေးအိုင်ထဲတွင် နစ်မြုပ်သွားတော့သည်။

"ကောင်လေး... မင်းက ငါ့ဆီလာပြီး အကူအညီတောင်းနေမှတော့ မင်းကို ငါ ကူညီပေးရမှာပေါ့..."

လီလန်က ပြုံးရင်း ပြောလိုက်သည်။

ဤကျားသစ်ပေါက်စလေးမှာ နားလည်တတ်လွန်းလှသဖြင့် ၎င်းကို ကူညီပေးလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။ ထို့နောက် လီလန်သည် ငုံ့၍ ကျားသစ်ပေါက်စလေးကို ပွေ့ချီရန် ဆောင့်ကြောင့်ထိုင်လိုက်လေသည်။

"အောင်း..."

"အောင်း..."

အကောင်ပေါက်လေးကို လူသားက ပွေ့ချီသွားသည်ကို မြင်လိုက်ရသောအခါ ကျားသစ်အမမှာ အလွန်အမင်း စိုးရိမ်ပူပန်သွားပြီး ကျားသစ်တစ်ကောင်လုံး ချက်ချင်းပင် အလွန်ကြမ်းကြုတ်လာကာ သွားများကို ထုတ်ပြရင်း တိုးညှင်းစွာ ဟိန်းဟောက်ကာ တိုက်ခိုက်မည့် ဟန်ပြင်လိုက်တော့သည်။

လီလန်သည် တည်ငြိမ်အေးဆေးစွာပင် အကောင်ပေါက်လေးကို ပွေ့ချီထားရင်း ၎င်း၏ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးနေလိုက်၏။

ကျားသစ်ပေါက်စလေးမှာ သူ၏ အယုအယကို သဘောကျပုံရပြီး ကလေးငယ်တစ်ဦးကဲ့သို့ တိုးညှင်းစွာ အော်လိုက်လေသည်။

ထိုအခါ ကျားသစ်အမ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ ရုတ်တရက် ရပ်တန့်သွားတော့သည်။

All Chapters