← Chapters

အခန်း ၂၅၈

Vol. 26 Ch. 258

အခန်း ၂၅၈

Vol. 26 Ch. 258

အခန်း (၂၅၈)

စုမေနျန်၏ ဆေးဖော်စပ်ခြင်း

ခြံဝင်းအနောက်ဘက်မှ အသားကင်နံ့မှာ ကျန်ရစ်နေဆဲဖြစ်ပြီး အမျိုးသမီးများ၏ ရယ်မောသံများက သူ၏နားထဲ တွင် ပဲ့တင်ထပ်နေဆဲဖြစ်သော်လည်း ဖန်းဟန်၏ နှလုံးသားမှာမူ ရေခဲတမျှ အေးစက်နေခဲ့လေ၏။

ထျန်ကုန်းအလုပ်ရုံ၊ အရေးပေါ်စစ်ရေးအစည်းအဝေး။

'ထာဝရမီးအိမ်' ၏ အလင်းရောင်က ဧရာမသဲပုံစံငယ်စားပွဲကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေစေပြီး အနောက် ပိုင်းလျန်စစ်တပ်၏ သွေးရောင်လွှမ်းသော စစ်ချီလမ်းကြောင်းမှာ နန်ယန်စီရင်စု၏ အချက်အချာနေရာဆီသို့ တိုက်ရိုက်ဦးတည်နေလေသည်။

ဖန်းဟန်သည် သဲပုံစံငယ်စားပွဲရှေ့တွင် ရပ်နေကာ သူ၏မျက်နှာမှာ ဖြူရော်နေပြီး သူ၏လက်ချောင်းများက နန်ယန် စီရင်စု ဟူသော စာလုံးသုံးလုံးအပေါ်သို့ ပြင်းထန်စွာ ထုချလိုက်ရာ ထိုအသံမှာ တက်ရောက်လာကြသော စစ်သူကြီးတိုင်း၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားခဲ့လေ၏။

"အနိုင်မခံအရှုံးမပေးဘူးလို့ နာမည်ကြီးတဲ့ အနောက်ပိုင်းလျန် သံချပ်ကာမြင်းတပ်က သံချပ်ကာအထူကြီးတွေနဲ့ အမြန်နှုန်းမြင့် လှုပ်ရှားနိုင်တဲ့ အားသာချက်တွေ ရှိတယ်..."

ဖန်းဟန်၏ အသံမှာ မကျယ်လောင်သော်လည်း လူတိုင်း၏ နားထဲသို့ ရှင်းလင်းပြတ်သားစွာ ရောက်ရှိသွားခဲ့ လေသည်။

"ငါတို့ရဲ့ မိုးကြိုးနတ်ဘုရား လှံတံက ထက်မြက်ပေမယ့်လည်း သောင်းနဲ့ချီတဲ့ မြင်းတပ်တွေရဲ့ တားဆီးမရနိုင်တဲ့ ဝင်ရောက်တိုက်ခိုက်မှုကို ရင်ဆိုင်ရတဲ့အခါ လက်ရှိ ငါတို့ရဲ့ ပစ်ခတ်နှုန်းနဲ့ ပစ်အားက ပထမဆုံးအနေနဲ့ ထိရောက် တဲ့ ပိတ်ဆို့မှုကို ဖန်တီးနိုင်မှာ မဟုတ်ဘူး..."

တက်ရောက်လာကြသော စစ်သူကြီးများ၏ မျက်နှာများမှာ တည်ကြည်လေးနက်သွားကြလေ၏။ သူတို့ အားလုံး မှာ အတွေ့အကြုံရင့်ကျက်သော တပ်မှူးများဖြစ်ကြရာ ဖန်းဟန်၏ စကားများနောက်ကွယ်မှ အဓိပ္ပာယ်ကိုမူ သဘာဝကျကျပင် နားလည်သဘောပေါက်ကြပေသည်။

ခြေလျင်တပ်မှာ မြင်းတပ်နှင့် ယှဉ်လျှင် အမြဲတမ်း အားနည်းချက်ရှိနေခဲ့ပြီး အထူးသဖြင့် နာမည်ကျော် အနောက် ပိုင်းလျန် သံချပ်ကာမြင်းတပ်နှင့် ရင်ဆိုင်ရချိန်တွင် ပို၍ပင် ဆိုးရွားလှပေသည်။

"အရှင်... ကျုပ်တို့မှာ ကာကွယ်ဖို့ ခိုင်ခံ့တဲ့ မြို့တစ်မြို့ရှိတယ်... ဒါကြောင့်..."

စစ်သူကြီးတစ်ဦးက ရှေ့သို့ထွက်ကာ ပြောလိုက်လေသည်။

ဖန်းဟန်သည် ခေါင်းခါလိုက်ပြီး သူ၏ စကားကို ဖြတ်ပြောလိုက်လေ၏။

"မဟုတ်ဘူး... ငါတို့က အသက်မဲ့စွာနဲ့ ခံစစ်ချည်းပဲ လုပ်နေလို့မရဘူး... ငါလိုချင်တာက သူတို့ကို ဆုတ်ခွာသွား အောင် လုပ်ဖို့မဟုတ်ဘူး... အကုန်လုံးကို ချေမှုန်းပစ်ဖို့ပဲ... ငါက ဒီတိုက်ပွဲကို အသုံးပြုပြီး အန်းကော်မြို့စားရဲ့ အနောက်မြောက်ဘက်ကို လှမ်းနေတဲ့ လက်သည်းတွေကို အပြီးတိုင် ဖြတ်တောက်ချင်တယ်... ပြီးတော့ ငါ ဖန်းဟန်ကို ဆန့်ကျင်တဲ့ အကျိုးဆက်က ဘာလဲဆိုတာကို တစ်ကမ္ဘာလုံးက မြင်တွေ့သွားအောင် လုပ်ပြမယ်..."

သူတို့အားလုံးကို ချေမှုန်းပစ်မည်။

ထိုစကားလုံးများက လူတိုင်း၏ ကျောရိုးတစ်လျှောက်ကို အေးစိမ့်သွားစေခဲ့လေ၏။ ၎င်းမှာ အထက်တန်းစား မြင်းတပ်သား (၃၀,၀၀၀) ပါဝင်သော အင်အား (၁၀၀,၀၀၀) ရှိသည့် စစ်တပ်ကြီးတစ်ခု ဖြစ်ပေသည်။

ဖန်းဟန်၏ အကြည့်များက လူအုပ်ကြီးကို သိမ်းငှက်တစ်ကောင်ကဲ့သို့ ဝေ့ဝဲကြည့်ရှုသွားပြီးနောက် ထောင့်စွန်းမှ ကျက်သရေရှိကာ ဆွဲဆောင်မှုရှိသော ပုံရိပ်လေးတစ်ခုအပေါ်တွင် အဆုံးသတ်သွားခဲ့လေသည်။ ထိုသူမှာ ထျန်ကုန်းအလုပ်ရုံ၏ နည်းပြချုပ် စုမေနျန်ပင် ဖြစ်ပေသည်။

"မေနျန်..."

ဖန်းဟန်၏ အသံမှာ ချက်ချင်းပင် နူးညံ့သွားခဲ့ပြီး ယခုလေးတင် သူ ထုတ်လွှတ်လိုက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များမှာ အိပ်မက်တစ်ခုအလား ထင်မှတ်ရပေသည်။

"အရှင်...၊ ကျွန်မ ဒီမှာရှိပါတယ်..."

စုမေနျန်သည် ကျက်သရေရှိစွာဖြင့် ရှေ့သို့ထွက်လာခဲ့ပြီး သူမ၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများဖြင့် ဖန်းဟန် ကို မေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်လိုက်လေ၏။

ဖန်းဟန်သည် သူ၏လက်ကို လှန်ကာ စာအုပ်ငယ်တစ်အုပ်ကို စုမေနျန်ထံသို့ ကမ်းပေးလိုက်လေသည်။ စာအုပ် ငယ်၏ မျက်နှာဖုံးတွင် 'အခြေခံ ဓာတုဗေဒနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အခြေခံသဘော တရား များ' ဟူသော စာလုံးများ ရေးသားထားလေသည်။

"အနောက်ပိုင်းလျန် သံချပ်ကာမြင်းတပ်ရဲ့ အိပ်မက်ဆိုးက ဒီထဲမှာရှိတယ်..."

ဖန်းဟန်သည် သူ၏အသံကို နှိမ့်ကာ စကားလုံးတစ်လုံးချင်းစီကို ပီပီသသ ပြောလိုက်လေ၏။

"မင်း ဆေးဖော်စပ်တာပဲဖြစ်ဖြစ်… အင်းဆွဲတာပဲဖြစ်ဖြစ် ဘယ်လိုနည်းလမ်းကို သုံးသုံး ငါ ဂရုမစိုက်ဘူး...၊ သုံးရက်အတွင်းမှာ မိုးကြိုးနတ်ဘုရား လှံတံကို အစစ်အမှန် မိုးကြိုး တပ်ဆင်ပေးဖို့ ငါ အလိုရှိတယ်...၊ သံချပ် ကာမြင်းတပ်ကို ကောင်းကင်ပေါ် လွင့်စင်သွားစေနိုင်တဲ့ ယမ်းမှုန့်မျိုးနဲ့ ချက်ချင်း ပေါက်ကွဲသွားစေနိုင်တဲ့ 'စနက်ကြိုး' တစ်ခုပေါ့..."

စုမေနျန်သည် စာအုပ်ငယ်ကို ဖွင့်လိုက်သောအခါ 'နိုက်ထရိုဂလစ်ဆရင်း'၊ 'ပြဒါးဆား' နှင့် 'အက်ဆစ်-ဘေ့စ် တုံ့ပြန်မှု' ကဲ့သို့သော ဝေါဟာရများအပါအဝင် နားလည်ရခက်သော သင်္ကေတများနှင့် ပုံကြမ်းများစွာကို တွေ့ လိုက်ရသဖြင့် ခေါင်းမူးသွားသကဲ့သို့ ခံစားလိုက်ရလေသည်။

သို့သော် သူမသည် ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ သူမ၏ လှပသော မျက်ဝန်းများမှာ ယခင်က တစ်ကြိမ်တစ်ခါ မျှ မရှိခဲ့ဖူးသော အလင်းရောင်များဖြင့် တောက်ပသွားခဲ့လေ၏။

ဤသည်မှာ ဆေးဖော်စပ်ခြင်းပင် မဟုတ်ပါလော။

မဟုတ်ပေ။ ဤသည်မှာ ဆေးဖော်စပ်ခြင်းထက် အဆပေါင်းတစ်သောင်းမက ပို၍ ကြမ်းတမ်းလှပေသည်။ ဤ သည်မှာ... 'ပေါက်ကွဲစေတတ်သော ဆေးလုံး' ၏ နည်းစနစ်ပင် ဖြစ်လေသည်။

"စိတ်မပူပါနဲ့ အရှင်...၊"

စုမေနျန်သည် သူမ၏ ပြည့်ဖြိုးသော ရင်အုံကို ကော့လိုက်ကာ စိတ်လှုပ်ရှားမှုကြောင့် ပါးပြင်များ နီရဲလာပြီး ပြတ်သားစွာ ပြောလိုက်လေ၏။

"သုံးရက်ဆိုတာကိုတောင် ထည့်မပြောပါနဲ့... အိပ်မောမကျဘဲ သုံးရက်သုံးည အချိန်ပေးရင်တောင် အရှင့်အ တွက် ဒီ 'မိုးကြိုး' ကို ကျွန်မ သေချာပေါက် ဖော်စပ်ပေးပါမယ်..."

ထိုညတွင် ထျန်ကုန်းအလုပ်ရုံ၏ အလယ်ဗဟို အကျဆုံးနေရာရှိ အသစ်ဆောက်လုပ်ထားသော ခြံဝင်းတစ်ခုကို အရေးပေါ် ရှင်းလင်းလိုက်ပြီး နဂါးအစွယ်တပ်မတော်မှ အထက်တန်းစား တပ်ဖွဲ့ဝင်များက အထူးစောင့်ကြပ်ကာ အမြင့်ဆုံး တားမြစ်နယ်မြေအဖြစ် သတ်မှတ်လိုက်လေသည်။ ခြံဝင်းအဝင်ဝတွင်မူ ဆိုင်းဘုတ်အသစ်တစ်ခုကို ချိတ်ဆွဲထားလေ၏။

၎င်းမှာ 'မီးတောက်ဆေးခန်းမ' ပင် ဖြစ်ပေသည်။

စုမေနျန်သည် ထိုခန်းမအတွင်း၌ သူမကိုယ်သူမ အကျယ်ချုပ် ချထားသကဲ့သို့ ပိတ်လှောင်ထားခဲ့လေ၏။

သူမသည် ကျွမ်းကျင်ပြီး အကြွင်းမဲ့ သစ္စာရှိသော အမျိုးသမီးအလုပ်သမား တစ်ဒါဇင်ခန့်ကို ရွေးချယ်ခဲ့ပြီး လာ ရောက်ကူညီပေးသော လျူရူမေကိုပင် သူမ၏ လက်ထောက်အဖြစ် ခေါ်ယူခဲ့လေသည်။

ထူးခြားသော 'ဆေးဖော်စပ်ခြင်း' လုပ်ငန်းစဉ်တစ်ခု စတင်နေပြီ ဖြစ်ပေသည်။

"အစ်မရူမေ... သတိထားနော်...၊ ဒါက ပြင်းအားများတဲ့ ဆာလဖျူရစ်အက်ဆစ်ပဲ... သခင်ကြီးက ပြောတယ်၊ ဒါက အရမ်းကို စားပစ်နိုင်ပြီး အသားပေါ်ကို ကျသွားရင် အရေပြားကို အပေါက်ဖြစ်သွားစေနိုင်တယ်တဲ့..."

အထူးပြုလုပ်ထားသော သားရေခါးစီးနှင့် ပုံဆောင်ခဲမျက်မှန်ကို တပ်ဆင်ထားသော စုမေနျန်သည် ဖန်ပြွန်ကို အသုံးပြု၍ အရည်များကို ဂရုတစိုက် လွှဲပြောင်းထည့်သွင်းနေခဲ့လေသည်။

လျူရူမေ၏ မျက်နှာမှာလည်း စိုးရိမ်ပူပန်နေပုံပေါ်ပြီး သူမ၏ နဖူးတွင် သေးငယ်သော ချွေးစက်လေးများ သီး နေခဲ့လေသည်။ ဤသည်မှာ ထိုပုလင်းများနှင့် အိုးများကို သူမ ပထမဆုံးအကြိမ် ကိုင်တွယ်ရခြင်းဖြစ်ပြီး ဧရာမ ဖန်းမိသားစုစံအိမ်ကြီးကို စီမံခန့်ခွဲရသည်ထက်ပင် ပို၍ ပင်ပန်းသည်ဟု သူမ ခံစားနေရလေ၏။

နောက်ထပ် နှစ်ရက်နှင့် နှစ်ညတိုင်တိုင် မီးတောက်ဆေးခန်းမမှာ တစ်ခုလုံးသော နန်ယန်စီရင်စုတွင် အရှုပ်ထွေး ဆုံးနှင့် အန္တရာယ်အများဆုံး နေရာတစ်ခု ဖြစ်လာခဲ့လေတော့သည်။

"ဝုန်း..."

"အား...၊ မေနျန်...၊ ထပ်ပြီး ပေါက်ကွဲပြန်ပြီ..."

"ရတယ်... ရတယ်...၊ အစ်မရူမေ... မကြောက်ပါနဲ့... ကျွန်မရဲ့ ဆံပင်နည်းနည်းပါးပါး မီးဟပ်သွားရုံပါပဲ... မြန် မြန်... အဲဒါကို မှတ်ထားလိုက်...၊ ယမ်းစိမ်းအချိုးအစားက သုည ဒသမ သုံး ချန် ပိုများသွားတယ်... ပြန်လုပ်ကြ ရအောင်..."

ပေါက်ကွဲသံများ၊ အမျိုးသမီးများ၏ အော်ဟစ်သံများနှင့် စုမေနျန်၏ ရူးသွပ်နေသည့်အလား အမိန့်ပေးသံများက အဆက်မပြတ် ထွက်ပေါ်လျက်ရှိနေခဲ့လေသည်။

မီးတောက်ဆေးခန်းမတစ်ခုလုံးမှာ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော မီးခိုးများနှင့် ဖုန်မှုန့်များဖြင့် ပြည့်နှက်နေ လေ၏။ အပြင်ဘက်တွင် စောင့်ကြပ်နေကြသော အထက်တန်းစား နဂါးအစွယ်တပ်မတော်မှ စစ်သည်များမှာ ခြံဝင်းတစ်ခုလုံး အချိန်မရွေး ကောင်းကင်ပေါ်သို့ လွင့်စင်သွားမည်ကို စိုးရိမ်သဖြင့် ထိတ်လန့်တုန်လှုပ်နေခဲ့ ကြပေသည်။

စုမေနျန်မှာ လုံးဝကို ရူးသွပ်သွားခဲ့ပြီ ဖြစ်လေသည်။

သူမ၏ ဆံပင်များမှာ ရှုပ်ပွနေပြီး ဖြူဖွေးသော မျက်နှာလေးမှာ မီးခိုးခိုးများဖြင့် ပေကျံနေသဖြင့် ကြောင်ပေါက် လေးတစ်ကောင်နှင့်ပင် တူနေလေ၏။ သူမသည် နှစ်ရက်နှင့် နှစ်ညတိုင်တိုင် မျက်စိပင် မမှိတ်ခဲ့ရချေ။

ဗိုက်ဆာလာသောအခါ ဘေးနားရှိ အစားအစာခြောက်များကို ဆွဲယူကာ ကိုက်စားလိုက်ပြီး ရေဆာသောအခါ ရေအေးတစ်ငုံကို မျိုချလိုက်ကာ ထိုပုလင်းများနှင့် အိုးများထဲသို့ ပြန်လည်နစ်မြုပ်သွားခဲ့လေသည်။

သူမ၏ မျက်လုံးများမှာ သွေးကြောများ နီရဲနေသော်လည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် တောက်ပ နေပြီး ၊

"မဟုတ်ဘူး...၊ အပူချိန်က မှားနေတယ်..."

"အက်ဆစ်ပြင်းအားက ပိုများဖို့ လိုတယ်..."

"သိပြီ...၊ အဲဒါက ဒီလိုမျိုး ဓာတ်ပြုတာပဲ..." ဟု အဆက်မပြတ် တီးတိုးရေရွတ်နေခဲ့လေတော့သည်။

ဆေးဖော်စပ်ခြင်းအတွက် သူမ၏ မွေးရာပါပါရမီမှာ ယခုအချိန်တွင် အခြားကမ္ဘာတစ်ခုမှ ဓာတုဗေဒအသိပညာ များနှင့် ပြင်းထန်စွာ ပေါင်းစပ်သွားခဲ့ပြီး တောက်ပသော မီးပွားများကဲ့သို့ ထွက်ပေါ်လာခဲ့လေသည်။

နောက်ဆုံးတွင်မူ တတိယမြောက်နေ့၏ နံနက်ခင်း၌ ပထမဆုံး နေရောင်ခြည်တန်းများက မီးတောက်ဆေးခန်းမ အတွင်းသို့ ထိုးကျလာခဲ့လေ၏။

သူမ၏ရှေ့ရှိ ကြေးခွံငယ်လေးအတွင်း၌ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သော မီးခိုးရောင်သန်းနေသည့် ဖြူဖွေးသော ပုံဆောင်ခဲအရာဝတ္ထု အနည်းငယ်ကို မြင်လိုက်ရသောအခါ စုမေနျန်မှာ လွန်စွာ စိတ်လှုပ်ရှားသွားပြီး ခုန်ပေါက် လုမတတ် ဖြစ်သွားခဲ့လေသည်။

မာကျူရီ ဖူလ်မီနိတ်ပင် ဖြစ်လေသည်။

စနက်ကြိုးအတွက် သော့ချက်မှာ အောင်မြင်သွားခဲ့ပြီ ဖြစ်ပေသည်။

ထို့နောက်တွင် အဆိုပါ အခြေခံသဘောတရားအပေါ် မူတည်၍ သူမသည် ဝါဂွမ်းနှင့် အက်ဆစ်ကို အသုံးပြုကာ လောင်ကျွမ်းပြီးနောက်တွင် အကြွင်းအကျန် သို့မဟုတ် မီးခိုးများ လုံးဝမထွက်ပေါ်စေသည့် 'မီးခိုးမဲ့ယမ်း' ကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့လေသည်။

သူမသည် မီးခိုးမဲ့ယမ်းအနည်းငယ်ကို သံပြားပေါ်တွင် တင်ကာ မီးရှို့လိုက်သောအခါ 'ဝုန်း' ခနဲ အသံနှင့်အတူ ပြင်းထန်သော အပူရှိန်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီးနောက် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ရာ သံပြားပေါ်တွင် မီးလောင်ထားသော အရာမှလွဲ၍ သန့်ရှင်းနေခဲ့လေသည်။

၎င်းမှာ အောင်မြင်မှုတစ်ခုပင် ဖြစ်ချေသည်။

တောက်ပသော အပြုံးတစ်ခုက စုမေနျန်၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာပေါ်တွင် ပျံ့နှံ့သွားခဲ့လေ၏။ သူမ သည် နမူနာနှစ်ခုကို ကိုင်ဆောင်ထားရင်း ဆေးဖော်စပ်ရာ ခန်းမထဲမှ အပြေးအလွှား ထွက်လာခဲ့ကာ အော်ဟစ် လိုက်လေတော့သည်။

"သခင်ကြီး... အောင်မြင်သွားပြီ...၊ အရှင့်အတွက် မိုးကြိုးကို ကျွန်မ ဖော်စပ်ပေးနိုင်ခဲ့ပြီ..."

All Chapters