← Chapters

အခန်း (၂၅၀၁-၂၅၀၂)

Vol. 251 Ch. 2501-2502

အခန်း (၂၅၀၁-၂၅၀၂)

Vol. 251 Ch. 2501-2502

အခန်း (၂၅၀၁) - ကံစမ်းတာ တအားညံ့လွန်းတယ်

လွမ်းဟုန်ဟွမ်က ဖန့်ချန်ကို ကြည့်လိုက်သည်။

“မီးမြွေမျိုးနွယ်စုက ကောင်းကင်အရှင်ပဲ……”

“ငါ သိတယ်။”

ဖန့်ချန်က ခေါင်းငြိမ့်လိုက်သော်လည်း သူ၏ အမူအရာမှာ ပို၍ပင် လေးနက်လာသည်။

ချန်းယောင်း ပညာသင်ကျောင်းမှ သူတော်စင်တို့သည် ဝဲဂယက်အတွင်းမှ ကြီးမားလှသော တံခါးပေါက်ကို စိုက်ကြည့်ရင်း တစ်ဖက်လူ၏ ပုံရိပ်ကို အသေအချာ မြင်တွေ့လိုကြသည်။ သို့သော်လည်း သူတို့ မြင်ရသည်မှာ ဝါးတားတား အရိပ်တစ်ခုသာ ဖြစ်သည်။

ယဲ့ထျန်းကူက ရယ်သလိုလိုနှင့် ပြောသည်။

“ကျောင်းထျန်းယွင်၊ မင်း တကယ်ပဲ ငါနဲ့ လောင်းကစား လုပ်မလို့လား။ မင်းတို့မျိုးနွယ်စုရဲ့ နာမည်ကို ဒီလူငယ်လေး နှစ်ယောက်နဲ့ လဲမယ်ပေါ့လေ။”

“စကားများမနေနဲ့၊ လောင်းမလား၊ မလောင်းဘူးလားသာ ပြော”

“ငါ့အတွက်တော့ အကျိုးအမြတ် မရှိပါဘူး။ မင်းတို့က မြွေဖြစ်ဖြစ်၊ ကျောင်း ဖြစ်ဖြစ် ငါနဲ့ ဘာမှမဆိုင်ဘူး။”

ယဲ့ထျန်းကူက တည်ငြိမ်စွာ ရယ်မောသည်။

“ငါ မလောင်းဘူး။”

ထိုအချိန်တွင် အသံတစ်ခုက ချန်းယောင်း ပညာသင်ကျောင်းတစ်လျှောက် ကျယ်လောင်စွာ ပေါ်ထွက်လာသည်။

“ယဲ့ထျန်းကူ၊ သူနဲ့ လောင်းလိုက်စမ်း။ ရှုံးရင်တော့ လူငယ်လေး နှစ်ယောက် ရှုံးရုံပေါ့။ ငါက ကျောင်းထျန်းယွင်ရဲ့ မောက်မာတဲ့ပုံစံကို ကြည့်ရတာ ကြာပြီ၊ ဒီတစ်ခါ သူ့မျိုးနွယ်စုနာမည်ကို အရှုံးပေးလိုက်ရင် သူ ဘယ်လောက်တောင် မောက်မာဦးမလဲဆိုတာ ကြည့်ရသေးတာပေါ့ ”

အဖွဲ့အစည်းအသီးသီးမှ သူတော်စင်တို့သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကြသော်လည်း စကားပြောသူမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရပေ။ စိတ်ထဲတွင်တော့ ထိတ်လန့်သွားကြပြီး သူသည်လည်း ကောင်းကင်အရှင်အဆင့် သူတော်စင်တစ်ပါး ဖြစ်လိမ့်မည်ဟု တွေးလိုက်ကြသည်။

“မင်း သေချာပြီလား။ ဒီနှစ်ကောင်ကို ဖမ်းဖို့ ဘယ်လောက်တောင် အားစိုက်ခဲ့ရလဲ။ အဲဒီအတွက် ပေးဆပ်ခဲ့ရတဲ့ တန်ဖိုးကလည်း အများကြီးပဲ။”

ယဲ့ထျန်းကူက တစ်ဖက်လူကို မြင်နေရသည့်အလား မျက်မှောင်ကြုတ်၍ ပြောသည်။

စကားပြောနေစဉ်မှာပင် မနီးမဝေးတွင် ဝဲဂယက်တစ်ခု ထပ်မံဖြစ်ပေါ်လာပြီး အတွင်းတွင်လည်း ကြီးမားလှသော အတွင်းကမ္ဘာတံခါးတစ်ခု ပေါ်လာသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ဖိအားပြင်းပြင်းများ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။

“ဒီတစ်ခါ ငါတို့ ချင်းမင်ဘက်က ထောက်လှမ်းရေးတွေ အများကြီး စွန့်လွှတ်ခဲ့ရတယ်၊ အဲဒီထဲမှာ ထူးချွန်တဲ့သူတွေလည်း ပါတယ်၊ ဒီလိုတန်ဖိုးက သာမန်မဟုတ်ဘူးလေ။”

ယဲ့ထျန်းကူက စဉ်းစားဟန်ဖြင့် ပြောသည်။

“ဒါက ဘာဖြစ်လဲ။ ကျောင်းထျန်းယွင်က သူ့ဘာသာ လာရှာတာဆိုတော့ ချင်းမင်ဘက်ကို နောက်တစ်ကြိမ်လောက် အရှက်ကွဲခိုင်းလိုက်ပေါ့ ”

“ငါတို့က သူတို့ ကျပ်တည်းနေတဲ့အချိန်မှာ အပေါ်ကနေ ကျောက်ခဲနဲ့ ထုရမှာ၊ မီးလောင်ရာ လေပင့်ရမှာ၊ ဒုက္ခရောက်နေတာကို ပိုဆိုးသွားအောင် လုပ်ရမှာ ”

“သူနဲ့ လောင်းလိုက် သူတို့ မီးမြွေမျိုးနွယ်စုက ရှုံးမှာ သေချာတယ် ”

ထိုက်ဟောင်ဇုန်း၏ မျက်နှာမှာ အနည်းငယ် လေးနက်လာသည်။ သူသည် ယဲ့ထျန်းကူကို ဤလောင်းကစားကို လက်မခံစေချင်ပေ။ သို့သော် သူသည်လည်း ကောင်းကင်နိမိတ်အဆင့်တွင် ရှိနေသဖြင့် ဤနေရာတွင် စကားပြောခွင့် မရှိပေ။

ရှန်းလုနန်းတော်မှ ကျောင်းသား ရှစ်ဦးမှာမူ စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။ အဆိုပါ မီးမြွေမျိုးနွယ်စုမှ ကောင်းကင်အရှင်သည် ဖန့်ချန်နှင့် လွမ်းဟုန်ဟွမ်ကိုသာ အာရုံစိုက်ပြီး သူတို့ကို လုံးဝ လျစ်လျူရှုထားသည်။ သူတို့သည် လင်ယောင်ဘက်က သူတော်စင်များ၏ အထင်သေးခြင်းကို ခံရုံတင်မကဘဲ ကိုယ့်လူမျိုး၏ လျစ်လျူရှုခြင်းကိုပါ ခံလိုက်ရသည်။

“ဘယ်လိုလဲ ယဲ့ထျန်းကူ၊ မင်း မလောင်းရဲဘူးလား ”

ကျောင်းထျန်းယွင်၏ အသံမှာ ထပ်မံ ပေါ်ထွက်လာသည်။ ထိုအချိန်တွင် သူသည် အတွင်းကမ္ဘာတံခါးရှေ့တွင် ရပ်ကာ ချန်းယောင်း ပညာသင်ကျောင်းရှိ မြင်ကွင်းကို စူးစိုက်ကြည့်နေပြီး ဖန့်ချန်နှင့်လွမ်းဟုန်ဟွမ်ကို တံခါးပေါက်အောက်တွင် ချိတ်ဆွဲထားသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ကျောင်းထျန်းယွင်၏ နောက်တွင်လည်း ပုဂ္ဂိုလ်များစွာ ရှိနေပြီး မီးမြွေမျိုးနွယ်စုမှ ထိပ်သီးပုဂ္ဂိုလ်များစွာ ပါဝင်နေသည်။

“ကျောင်းထျန်းယွင်၊ သူတို့သာ လက်ခံရင် ဒီတစ်ခါ မင်း အနိုင်ရဖို့ သေချာရဲ့လား။”

ပုဂ္ဂိုလ်တစ်ဦးက တိုးတိုးလေး ပြောသည်။ ဖန့်ချန်သာ ဤနေရာမှာ ရှိနေလျှင် သူသည် ရွှေဟွေး ပညာသင်ကျောင်း၏ ကျောင်းတော်အုပ်ကြီး ဖြစ်ကြောင်း သိနိုင်မည်။ လွမ်းချူးထျန်းမှာ သူ့နောက်တွင် ရပ်နေပြီး ဖန့်ချန်ကို လေထဲတွင် ချိတ်ဆွဲထားသည်ကို ကြည့်ကာ အပြစ်ရှိစိတ်တို့ဖြင့် ပြည့်နှက်နေသည်။

“စိတ်ချပါ။ ငါ့ မီးမြွေမျိုးနွယ်စုက တခြားကိစ္စတွေမှာ မတော်ပေမဲ့ လောင်းကစားဆိုတာကတော့ သွေးထဲမှာကို ရှိနေတာ။”

ကျောင်းထျန်းယွင်က ရယ်မောလိုက်သည်။ မီးမြွေမျိုးနွယ်စုမှ ပုဂ္ဂိုလ်များမှာလည်း ယုံကြည်မှုအပြည့် ရှိနေကြပြီး အနိုင်ရပြီးသားဟု ထင်မှတ်နေကြသည်။

ထိုအချိန်တွင် ယဲ့ထျန်းကူ၏ အသံ ပေါ်လာသည်။

“ကောင်းပြီ၊ တစ်ပွဲ လောင်းမယ်၊ ဘယ်လို လောင်းမလဲ ပြော။”

“ငါးကို ချိတ်မိပြီ။”

ကျောင်းထျန်းယွင်က ရွှေဟွေး ကျောင်းတော်အုပ်ကြီးကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ ထို့နောက် သူက လည်ချောင်းရှင်း၍ ပြောသည်။

“ငါတို့ အန်စာတုံး လောင်းကြမယ်၊ ဒီလောင်းနည်းက စိတ်ဝင်စားဖို့ ကောင်းတယ်၊ နာမည်က အပေါစား တဲ့။”

ထို့နောက် သူသည် လောင်းနည်းကို ရှင်းပြပြီးနောက် ဖြည့်စွက်ပြောသည်။

“ဒါကို တီထွင်ခဲ့တာက ငါ့ မီးမြွေမျိုးနွယ်စုရဲ့ ပညာရှင် ကျောင်းမိန်ပဲ။”

စကားပြောနေစဉ်မှာပင် ကောင်းကင်တွင် အန်စာတုံး ခွက်နှစ်ခု ရုတ်တရက် ပေါ်လာသည်။ စည်းကမ်းချက်များကို နားလည်သွားသည့် ယဲ့ထျန်းကူသည် အန်စာတုံး ခွက်ဆီသို့ ရောက်သွားသည်။ ကျောင်းထျန်းယွင်လည်း အနားသို့ ရောက်လာပြီး တည်ငြိမ်စွာ ပြောသည်။

“ငါက မင်းထက် အသက်ကြီးတော့ ငါ အရင် စခေါ်မယ်။”

“သဘောပဲ။”

ယဲ့ထျန်းကူက ပြောသည်။

ကျောင်းထျန်းယွင်သည် လက်ကို ဝှေ့ယမ်းလိုက်ရာ အန်စာတုံးခွက်မှာ ပြင်းပြင်းထန်ထန် လှုပ်ခါသွားသည်။ ခွက်ရပ်သွားသောအခါ သူ ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ငါ ခြောက်သုံးလုံး ခေါ်မယ်။”

“လှန်လိုက်။”

ယဲ့ထျန်းကူက ပြောသည်။

ကျောင်းထျန်းယွင်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

“ငါတို့မှာ အန်စာတုံး ၁၂ လုံး ရှိတယ်၊ ငါက ခြောက်သုံးလုံး ခေါ်တာ၊ မင်းက ငါ့ကို လှန်ခိုင်းတာလား။”

“လှန်လိုက်၊ ငါ့ဆီမှာ တစ်ခုမှ မရှိဘူး။”

ယဲ့ထျန်းကူက ခွက်ကို ဖွင့်ပြလိုက်ရာ တကယ်ပင် ခြောက်တစ်လုံးမှ မပါပေ။ ကျောင်းထျန်းယွင်မှာ သွားများကို ကြိတ်လိုက်ပြီး ခွက်ကို ဖွင့်လိုက်ရာ အထဲတွင်လည်း ခြောက်တစ်လုံးမှ မပါပေ။ ယဲ့ထျန်းကူက ပြုံးရွှင်စွာ ပြောသည်။

“အရှုံးပေးလိုက်ပါတော့၊ မြွေထျန်းယွင်။”

မြွေထျန်းယွင် ၏ အတွင်းကမ္ဘာအတွင်းရှိ သူတော်စင်များမှာ စိတ်ထဲမှ သက်ပြင်းချလိုက်ကြသည်။ မြွေထျန်းယွင်က ယဲ့ထျန်းကူကို အမူအရာမဲ့စွာ ကြည့်ကာ ပြောသည်။

“မင်း ပထမဆုံးအကြိမ် လောင်းတာ၊ ဘာလို့ ငါ့ဆီမှာ ခြောက်မရှိဘူးလို့ ဒီလောက်တောင် သေချာနေတာလဲ။”

“ငါ မင်းကို မယုံရုံသက်သက်ပါ။”

ယဲ့ထျန်းကူက ပြောသည်။

“လောင်းကစား ပြီးသွားပြီ၊ ရှုံးရင် အရှုံးခံရမှာပဲ။”

“ရတယ်၊ ငါ့ မီးမြွေမျိုးနွယ်စုက အမြဲတမ်း အရှုံးခံတတ်ပါတယ်၊ ဒါပေမဲ့ နောက်တစ်ပွဲ ထပ်လောင်းမယ်၊ မင်း လက်ခံမလား။”

မြွေထျန်းယွင်က အေးစက်စက် ပြောသည်။

“ဒီတစ်ခါ မင်းနိုင်ရင် မီးမြွေမျိုးနွယ်စုက မီးပိုးမျိုးနွယ်စုလို့ နာမည်ပြောင်းပေးမယ် ”

“ရတယ်၊ ငါ လက်ခံတယ်။”

လက်ဖက်ရည်တစ်ခွက်စာ အချိန်ကြာပြီးနောက်။

“မင်းတို့ မီးပိုးမျိုးနွယ်စု၊ အခု လက်ခံပြီလား။”

ယဲ့ထျန်းကူက ကျယ်လောင်စွာ ရယ်မောသည်။

ချန်းယောင်း ပညာသင်ကျောင်းမှ သူတော်စင်များမှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ လှောင်ရယ်နေကြသည်။

လေထဲတွင် ချိတ်ဆွဲခံထားရသော ဖန့်ချန်မှာ ကြည့်ရတာ မသက်သာတော့သဖြင့် မျက်လုံးကို မှိတ်လိုက်သည်။ လွမ်းဟုန်ဟွမ်ကမူ မျှော်လင့်ချက် ရှိနေသေးသည်။

“ညီကိုဖန့်၊ အခွင့်အရေး ရှိပါသေးတယ်၊ ဒီနှစ်ပွဲက ထျန်းယွင်ဆရာကြီး ကံစမ်းတာ အရမ်းညံ့သွားလို့ပါ။”

“မဟုတ်ဘူး၊ အခွင့်အရေး မရှိတော့ဘူး၊ ဒါက ကံတရား မဟုတ်တော့ဘူး။”

ဖန့်ချန်က ခေါင်းခါလိုက်သည်။

……

……

မြွေထျန်းယွင်၏ မျက်နှာမှာ ပြာနှမ်းနေသည်။

“ထပ်လောင်းမယ်၊ မင်း လက်ခံမလား ဒီတစ်ခါ ငါရှုံးရင် ငါ့မျိုးနွယ်စုကို ပိုးမျိုးနွယ်စုလို့ နာမည်ပြောင်းမယ် ”

“ထျန်းယွင်၊ မလောင်းပါနဲ့တော့။”

အတွင်းကမ္ဘာထဲတွင် ရွှေဟွေး ကျောင်းတော်အုပ်ကြီးနှင့် အခြားသော ကောင်းကင်အရှင်များမှာ တိုင်ပင်ကာ တားမြစ်လိုက်သည်။ သို့သော် မီးပိုးမျိုးနွယ်စုမှ အခြားသူတော်စင်များမှာမူ ဂရုမစိုက်ဘဲ ပြောလိုက်ကြသည်။

“ကောင်းကင်အရှင်တို့၊ ငါ့တို့ ကျောင်းတော်အုပ်ကြီးကို သူတို့နဲ့ လောင်းခိုင်းလိုက်ပါ၊ ဒီတစ်ခါတော့ အနိုင်ရမှာ သေချာတယ် ”

“ဟုတ်တယ်၊ မနိုင်ရင် ငါ ဝမ်းတွင်းကဟာကို စားမယ် ”

“ငါတို့ ကျောင်းတော်အုပ်ကြီးကို ယုံတယ် ”

ထိုအချိန်တွင် ယဲ့ထျန်းကူ၏ နားထဲသို့ ရယ်မောသံများ ရောက်လာသည်။

“သူနဲ့ လောင်း၊ လောင်းလိုက် ဟားဟားဟား၊ တန်မိုနဂါးမျိုးနွယ်စုက နောက်ဆုံးတော့ ပိုးကောင်တွေ ဖြစ်သွားတော့မှာပဲ၊ ဟားဟား ”

ယဲ့ထျန်းကူက မျက်မှောင်ကြုတ်လိုက်သည်။ ဒီလိုလုပ်တာ ရက်စက်လွန်းမလား။

မြွေထျန်းယွင်က လှောင်ရယ်သည်။

“ဘာလဲ မလောင်းရဲဘူးလား။ မလောင်းရဲရင် အဲဒီလူငယ်လေး နှစ်ယောက်ကို ပြန်ပေးလိုက် ”

“လောင်းမယ်။”

ယဲ့ထျန်းကူ၏ မျက်ဝန်းမှာ တည်ငြိမ်နေသည်။

ဒီတစ်ခါ လောင်းနည်းမှာ ပို၍ ရှုပ်ထွေးသည်။ ဆိုလိုသည်မှာ မြွေထျန်းယွင်လည်း အလွန် အလေးအနက်ထားကြောင်း ပြသနေသည်။

တစ်နာရီခန့် ကြာပြီးနောက်။

ပိုးထျန်းယွင်က လှောင်ရယ်သည်။

“ရပြီ၊ မင်းကိုပဲ အရှုံးပေးလိုက်မယ် ”

ပြောပြီးနောက် သူသည် အတွင်းကမ္ဘာသို့ ပြန်လှည့်သွားပြီး ရှက်ရွံ့စွာ ပြောသည်။

“အားလုံးပဲ၊ ဒီတစ်ခါ ငါ ကံစမ်းတာ တအားညံ့သွားလို့ အဲဒီ လူငယ်နှစ်ယောက်ကို မကယ်နိုင်လိုက်ဘူး။”

ရွှေဟွေး ကျောင်းတော်အုပ်ကြီးမှာ သက်ပြင်းချလိုက်ပြီး အတွင်းကမ္ဘာမှ ထွက်လာကာ ယဲ့ထျန်းကူကို စိုက်ကြည့်လိုက်သည်။

“ယဲ့ထျန်းကူ၊ ငါ မင်းတို့လူတွေနဲ့ ဖန့်ချန်နဲ့ လွမ်းဟုန်ဟွမ်ကို လဲမယ်၊ ဘယ်လိုလဲ။”

“မလဲဘူး။”

ယဲ့ထျန်းကူက ပြုံးလိုက်ပြီး လှည့်ထွက်သွားသည်။

ဝဲဂယက်မှာလည်း ထိုအချိန်တွင် ပျောက်ကွယ်သွားသည်။

ချန်းယောင်း ပညာသင်ကျောင်းမှာ အနည်းငယ် တိတ်ဆိတ်သွားသည်။

သူတော်စင်တိုင်းသည် အချိန်အနည်းငယ်အတွင်းမှာပင် တန်ဖိုးကြီးမားသော လောင်းကစားပွဲများကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ယဲ့ထျန်းကူ ပွဲဆက်နိုင်သည်ကို ကြည့်ကာ စိတ်ထဲတွင် လှုပ်ရှားနေကြသည်။

လွမ်းဟုန်ဟွမ်က ရေရွတ်သည်။

“ထျန်းယွင်ဆရာကြီး ကံစမ်းတာ တအားညံ့တာပဲ……”

အခန်း (၂၅၀၂) - မင်း ထမင်းမစားလာဘူးလားငပျော့ကောင်

"မိတ်ဆွေ‌ဆွေ့ ဒီတစ်ခါတော့ ငါ လက်လွန်သွားပြီ၊ အဲဒီကောင်လေးနှစ်ယောက်ကို ကယ်ထုတ်နိုင်မယ့် တခြားနည်းလမ်းရှိသေးလား။”

ပိုးထျန်းယွင်က ရွှေဟွေး ပညာသင်ကျောင်းတော်၏ ကျောင်းတော်အုပ်ကြီးကို ကြည့်ကာ သက်ပြင်းတစ်ချက် ထပ်ချလိုက်သည်။

အခြားသော ကောင်းကင်အရှင်တို့ကလည်း တစ်ယောက်တစ်ပေါက်နှင့် နှစ်သိမ့်စကား ပြောလိုက်ကြသည်။

ဆွေ့ရွှမ်လင်းက ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။

“ယဲ့ထျန်းကူရဲ့ သဘောထားကို ကြည့်ရရင် လင်ယောင်ဘက်က ဒီတစ်ခါ ငါတို့နဲ့ လဲလှယ်တော့မှာ မဟုတ်ဘူး။ ရှန်းလုနန်းတော်က ကျောင်းသားတွေကိုတော့ ပြန်လဲပေးနိုင်ဖို့ ရှိသေးတယ်။ လွမ်းဟုန်ဟွမ်ကလည်း အခွင့်အရေး အနည်းငယ် ရှိပေမဲ့ ဖြစ်နိုင်ခြေ နည်းတယ်။ ဖန့်ချန်အကြောင်းကတော့ သူတို့ ဘယ်လိုနည်းနဲ့မဆို လင်ယောင်မှာပဲ ထိန်းသိမ်းထားမှာ သေချာတယ်။”

“သူတို့ ဒီတစ်ခါ တကယ်ကို ကျပ်တည်းသွားကြတာ။ အောက်ခြေက သူတော်စင်တွေဆီက သတင်းအရ ငါတို့ ဖမ်းမိထားတဲ့ လင်ယောင်ဘက်က သူလျှို အရေအတွက်က ၃၆၅ ယောက်တောင် ရှိနေပြီ။”

မျက်နှာပြင် နီရဲရဲနှင့် အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော သက်ကြီးဝါရင့် ပုဂ္ဂိုလ်တစ်ဦးက လေးနက်စွာ ပြောလိုက်သည်။

ခဏရပ်ပြီးနောက် သူက ပိုးထျန်းယွင်ကို ကြည့်ကာ

“မင်း အထင်မလွဲပါနဲ့ဦး…”

ပိုးထျန်းယွင်က လက်ကာပြလိုက်သည်။

“ငါတို့ မီးမြွေ… မီးပိုးမျိုးနွယ်စုက ဒါတွေကို ဂရုမစိုက်ပါဘူး။ ပိုးကောင် ဖြစ်သွားလည်း အမွှေးတစ်ပင်မှ ကျွတ်သွားမှာ မဟုတ်ဘူးလေ။ ဒီလို အရေးမကြီးတဲ့ ကိစ္စနဲ့ ငါ့ကို လောင်းကစား လာလုပ်တဲ့ သူတို့တွေသာ အရူးတွေ။ ကံဆိုးတာက ဒီတစ်ခါ တအား ကံစမ်းတာ ညံ့သွားလို့။ တစ်ပွဲလောက်သာ နိုင်ခဲ့ရင် ငါတို့ သေချာပေါက် အမြတ်ထွက်မှာ။ အခုတော့ သရေပဲ ကျသွားတယ်။”

မီးပိုးမျိုးနွယ်စုမှ သူတော်စင်တို့ကလည်း ခေါင်းငြိမ့်ကာ ထောက်ခံကြသည်။

မျက်နှာ နီရဲရဲနှင့် သက်ကြီးပုဂ္ဂိုလ်က ဆက်ပြောသည်။

“အဲဒီ သူလျှိုတွေထဲမှာ ကောင်းကင်နိမိတ်အဆင့်တင် ၁၀ ယောက်မက ရှိနေတယ်။ တချို့ဆိုရင် ဆရာတောင် ဖြစ်နေကြပြီ။ ထူးချွန်တဲ့ ကျောင်းသားတွေကလည်း လင်ယောင်ရဲ့ အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့နဲ့ ပတ်သက်နေတယ်။ သူတို့လည်း တကယ်ကို စွန့်လွှတ်ရဲကြသားပဲ။ တကယ်တမ်း နှိုင်းယှဉ်ကြည့်ရင် ဒီတစ်ခါ သူတို့လည်း အရှုံးကြီး ရှုံးသွားတာပါပဲ။”

ဆွေ့ရွှမ်လင်းက မျက်မှောင်ကြုတ်သည်။

“သူတို့ အရင်ဆုံး အရှုံးကြီး ရှုံးလိုက်ရလို့ပဲ ဒီလို ခွေးအဖြစ်နဲ့ နံရံခုန်တဲ့ (ကျပ်တည်းလာ၍ အရူးအမူး လုပ်ဆောင်သည့်) အခြေအနေမျိုး လုပ်လာတာ။ ယဲ့ထျန်းကူက တအား လည်လွန်းတော့ ငါတို့တောင် တုံ့ပြန်ဖို့ အချိန်မရလိုက်ဘဲ ဖန့်ချန်ကို အတင်း ဖမ်းဆွဲခေါ်သွားတာ။”

“ဆရာ၊ ဖန့်ညီလေးကို ကယ်ဖို့ နည်းလမ်း မရှိတော့ဘူးလား။”

လွမ်းချူးထျန်းက ခါးသီးစွာ မေးသည်။

ဆွေ့ရွှမ်လင်းက ခဏတာ စဉ်းစားပြီးနောက် -

“သူ့ဆီမှာ ငါ့ရဲ့ ကျုံရွှမ်လက်စွပ် ရှိနေတော့ ဖန့်ချန်ကို သူ လက်တွေ့ လောလောဆယ် မလုပ်နိုင်သေးဘူး။ ဒါပေမဲ့ အဲဒီလက်စွပ်သာ ပျက်သွားရင်တော့ ဖန့်ချန်ရဲ့ အသက်က မလုံခြုံတော့ဘူး။ အဲဒီအချိန်အတွင်းမှာ ငါတို့မှာ မျှော်လင့်ချက်လေးတော့ ရှိသေးတယ်။ သူတို့ တခြား အရောင်းအဝယ်တစ်ခုခု လုပ်ဖို့ စိတ်ဝင်စားမလား ကြည့်ရမယ်။ သူတို့ဆီမှာပဲ သူလျှို ရှိတယ် မထင်နဲ့။ ငါတို့ ချင်းမင်က လင်ယောင်မှာ ထားထားတဲ့ သူလျှိုတွေက သူတို့ထက် အနည်းဆုံး နှစ်ဆလောက် ပိုများတယ်။”

ခဏရပ်ပြီးနောက်

“ဒီလိုဆိုရင်တော့ ချင်းမင်နဲ့ လင်ယောင်ကြားက စစ်ပွဲအတွက် အဖြေတစ်ခုတော့ ထွက်လာရလိမ့်မယ်။”

သူတော်စင်တို့က တိတ်ဆိတ်စွာ ခေါင်းငြိတ်လိုက်ကြသည်။ စစ်ပွဲတွင် နှစ်ဖက်စလုံးက သူလျှိုများကို စတင် အသုံးပြုလာပြီဆိုလျှင် အခြေအနေမှာ ထိန်းချုပ်ရ ခက်ခဲသွားပြီ ဖြစ်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ အတွင်းကမ္ဘာတားမြစ်နယ် မြေ က ငါတို့ ချင်းမင်ပိုင်ပဲ။ ဒီစစ်ပွဲကို အနိုင်ကို အနိုင်ရရမယ်၊ ဒါက အောက်ခြေမျဉ်းပဲ။"

ဆွေ့ရွှမ်လင်းက လေးနက်စွာ ပြောသည်။

……

……

“ဟားဟား၊ မိတ်ဆွေယဲ့ ၊ ဒီတစ်ခါတော့ မင်း လုပ်လိုက်တာ အတော်ပဲ၊ ပိုးထျန်းယွင် တစ်ယောက်တော့ အကြီးအကျယ် မျက်နှာပျက်ရပြီ၊ ဟားဟား ”

ကျယ်လောင်သော ရယ်မောသံနှင့်အတူ ဝဲဂယက်ထဲမှ ပုဂ္ဂိုလ်တစ်ဦး ထွက်ပေါ်လာသည်။ သူသည် နဂါးခေါင်း၊ လူကိုယ်နှင့်ဖြစ်ပြီး ခန္ဓာကိုယ်မှာ အလွန်ပင် ကြီးမားလှသည်။

လွမ်းဟုန်ဟွမ်က သူ့ကို တစ်ချက်ကြည့်ပြီး ဖန့်ချန်ကို စိတ်ဖြင့် ဆက်သွယ်ပြောသည်။

“သူက အနက်ရောင် ချိုင့်ဝှမ်း နဂါးဆိုးမျိုးနွယ်စုကပဲ။ မီးမြွေမျိုးနွယ်စုကို အရင်က တန့်မို မျိုးနွယ်စုလို့ ခေါ်တုန်းက သူတို့ကိုပဲ နှိမ်နင်းတာလို့ ကြားဖူးတယ်။”

“ဒါကြောင့်ပေါ့၊ ရန်ငြိုးကြီးမားနေတာကိုး။”

ဖန့်ချန်က ထူးဆန်းစွာ တွေးလိုက်သည်။ တန့်မို မျိုးနွယ်စု ဆိုသည်မှာ သူတို့၏ မူလ နာမည်တောင် ဖြစ်ချင်မှ ဖြစ်မည်။

“ငါလည်း ကံကောင်းလို့ပါပဲ။”

ယဲ့ထျန်းကူက ရယ်မောသည်။

“ဟေးဆန်း ၊ မင်း ဒီကို ဘယ်လိုရောက်လာတာလဲ။”

“ဒီလူငယ်လေးကို လာကြည့်တာ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ နိုးလာတာ၊ လင်ယောင်ဘက်က အကြီးအကျယ် အရှုံးကြီး ရှုံးသွားတယ်လို့ ကြားလိုက်လို့။”

ဟေးဆန်း၏ အကြည့်က ဖန့်ချန်အပေါ် ရောက်လာသည်။

“ငါတော့ စိတ်ဝင်စားမိတယ်၊ ဘယ်လိုလူမျိုးမို့လို့ စွမ်းအင်စုဆောင်းခြင်း အဆင့်လောက်နဲ့တင် လင်ယောင်ရဲ့ စိတ်ဓာတ်ကို ဒီလောက်ထိ ကျဆင်းအောင် လုပ်နိုင်တာလဲ။”

စကားဆုံးသည်နှင့် သူသည် ဖန့်ချန်ကို အသေးစိတ် စူးစိုက်ကြည့်ကာ ပြုံး၍ ပြောသည်။

“သိပ်ထူးခြားတဲ့ အချက်လည်း မတွေ့ပါလား။”

“အဲဒီလိုတော့ မပြောနဲ့လေ။”

ယဲ့ထျန်းကူက ရယ်သည်။

“ဒီလူငယ်လေးရဲ့ အရည်အချင်းက တကယ် မြင့်မားတာ။ စီကုပေ့ ကိစ္စ မရှိခဲ့ရင်တောင် လင်ယောင်က သူ့ရဲ့ သူတော်စင်လမ်းကြောင်းကို ကြိုတင် ဖြတ်တောက်ဖို့ ကြိုးစားမှာပဲ။”

ဟေးဆန်းက စကားကို ခေါင်းငြိမ့်မပြဘဲ ရိုးရိုးလေး ပြောသည်။

“သူ့ဆီမှာ ဆွေ့ရွှမ်လင်း အဲဒီကောင် ပေးထားတဲ့ ကျုံးရွှမ်လက်စွပ် ပါတယ်ဆို။”

“ဟုတ်တယ်၊ သူငယ်ချင်းတချို့ကို စောင့်နေတာ၊ စုံသွားရင် အတူတူ လက်စွမ်းပြကြမယ်။”

ယဲ့ထျန်းကူက ပြောသည်။

“ဆရာ့နာမည်က ဆေွ့ရွှမ်လင်းတဲ့လား ‘ဆွေ့’ ဆိုတဲ့ နာမည်က… ဒါပေမဲ့ ‘ယန်တန်း’ မျိုးနွယ်စုက ဆွေ့မျိုးနွယ်စုတော့ မဟုတ်လောက်ဘူး။ လွမ်းချူးထျန်း ပြောပြတဲ့ ဆရာ့နောက်ခံက သာမန်ပါပဲ။”

ဖန့်ချန် တွေးနေစဉ်မှာပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု သူ့ဆီကို တိုးဝင်လာသည်။

ဟေးဆန်းက ဟားဟား ရယ်မောသည်။

“တခြားသူတွေကို စောင့်မနေနဲ့တော့၊ ကျုံးရွှမ်လက်စွပ် တစ်ခုတည်းနဲ့ ဘာဖြစ်မလဲ၊ ဒီ ဆွေ့ရွှမ်လင်း ဆိုတဲ့ အမှိုက်လေးရဲ့ လက်စွမ်းက အခု ဘယ်လောက်ရှိလဲဆိုတာ ကြည့်လိုက်မယ် ”

လွမ်းဟုန်ဟွမ်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ ဟေးဆန်းမှာ ကောင်းကင်အရှင်တစ်ပါး ဖြစ်သည်။ သူ၏ တိုက်ခိုက်မှုက ဖန့်ချန်ကို ရည်ရွယ်သော်လည်း သူက ဖန့်ချန်ဘေးတွင် ရှိနေသည်။ ဒီလောက်နီးကပ်တဲ့ နေရာမှာ အနည်းငယ်မျှ ထိမိရုံနဲ့တင် သူ ပြာဖြစ်သွားနိုင်သည်။

ဖန့်ချန်လည်း ဘေးဒုက္ခ ရောက်တော့မည်ကို ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ ကျုံးရွှမ်လက်စွပ်က နောက်ဆုံးတော့ လှုပ်ရှားလာသည်။ တောက်ပသော ဘုရားစေတီ ပုံသဏ္ဌာန် အလွှာများက အောက်မှအပေါ်သို့ တစ်ထပ်ချင်း ထွက်ပေါ်လာပြီး ဖန့်ချန်နှင့် လွမ်းဟုန်ဟွမ်ကို အကာအကွယ် ပေးလိုက်သည်။

ဟေးဆန်း၏ တိုက်ခိုက်မှုက စေတီပေါ်သို့ ကျရောက်လာသော်လည်း ချက်ချင်းပင် လမ်းကြောင်းလွဲသွားပြီး နှစ်ဖက်သို့ လျှောကျသွားသည်။ စေတီတွင် လှိုင်းအနည်းငယ်သာ တုန်ခါသွားပြီးနောက် ငြိမ်သက်သွားသည်။

လွမ်းဟုန်ဟွမ်မှာ စိတ်သက်သာရာ ရသွားပြီးနောက် မနာလိုမှု အနည်းငယ်ဖြင့် ပြောသည်။

“ညီကိုဖန့်၊ ဒီအရာက…”

“ရွှေဟွေး ပညာသင်ကျောင်းရဲ့ ကျောင်းတော်အုပ်ကြီး ပေးလိုက်တာ။”

“အော်…”

ထိုအချိန်တွင် ဟေးဆန်းက သူ့တိုက်ခိုက်မှုကို ဆွေ့ရွှမ်လင်း၏ အကာအကွယ်က တားဆီးလိုက်နိုင်သည်ကို မြင်သောအခါ စိတ်တိုသွားသည်။ သူက ကျယ်လောင်စွာ ဟောက်လိုက်ရာ ကောင်းကင်မှ မီးတောက်များ ကျဆင်းလာပြီး စေတီကို ဝန်းရံကာ အရည်ပျော်အောင် ကြိုးစားတော့သည်။

ချန်းယောင်း ပညာသင်ကျောင်းမှ သူတော်စင်တို့က ထိုမြင်ကွင်းကို ကြည့်ကာ စိတ်ကျေနပ်မှု အပြည့်ဖြင့် မျှော်လင့်ချက်ထား ကြည့်နေကြသည်။ ယဲ့ထျန်းကူကတော့ စကားမပြောဘဲ တိတ်ဆိတ်စွာ ကြည့်နေသည်။

ခဏကြာပြီးနောက် သူက -

“ဟေးဆန်း၊ ဒီလောက် လုပ်စရာ မလိုပါဘူး။ မင်းရဲ့ ကျင့်စဉ်နဲ့ဆိုရင် ဒါကို အရည်ပျော်ဖို့ အချိန် အတော်ကြာဦးမှာ။ တခြားသူတွေ ရောက်လာရင် အတူတူ လုပ်ကြတာပေါ့။ အဲဒီမတိုင်ခင် ကျောင်းသားတွေကို စမ်းသပ်ခိုင်းလိုက်လေ။”

ဟေးဆန်းက မကြား။ သုံးရက်သုံးညတိုင်တိုင် အရည်ပျော်အောင် လုပ်ပြီးနောက်မှသာ ရပ်လိုက်သည်။ သူ လက်ကို ရုပ်သိမ်းလိုက်သည်နှင့် စေတီမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။

“ဒီအချိန်အတွင်းမှာ မင်းတို့ ဖန့်ချန်ကို ကြိုက်သလို လုပ်လို့ရတယ်။”

ယဲ့ထျန်းကူက ကျောင်းသားများကို ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။

“ငါ လုပ်မယ်”

ချီထျန်းမျိုးနွယ်စုမှ သူတော်စင်တစ်ပါး ထွက်လာသည်။ သူ၏ ကျင့်စဉ်မှာ စွမ်းအင်စုဆောင်းခြင်း နောက်ဆုံးအဆင့်သာ ရှိသေးသည်။ မဆိုင်းမတွပင် သူ၏ အတွင်းကမ္ဘာကို ထုတ်ဖော်ကာ စွမ်းအင်လှိုင်းများကို ဖန့်ချန်ဆီသို့ ပစ်လွှတ်လိုက်သည်။

သူ၏ ကျင့်စဉ် ဖိနှိပ်ခံထားရသဖြင့် ဖန့်ချန်မှာ ခန္ဓာကိုယ်ဖြင့်သာ တောင့်ခံရသည်။ ကံကောင်းသည်မှာ လွန်ခဲ့သည့်နှစ်များအတွင်း သူ၏ ခန္ဓာကိုယ်မှာ ဓားငယ်လေး ၏ အကူအညီဖြင့် သာမန်လူတို့ မမှီနိုင်လောက်အောင် ကြံ့ခိုင်နေပြီ ဖြစ်သည်။

တစ်ဖက်လူ၏ ရိုက်နှက်ခြင်းကို ခံလိုက်ရပြီးနောက် ဖန့်ချန်မှာ ပင်ပန်းနွမ်းနယ်ခြင်း မရှိဘဲ ရယ်မော၍ ပြောလိုက်သည်။

“မင်း ထမင်းမစားလာဘူးလား ငပျော့ကောင်။”

ချက်ချင်းပင် မရေမတွက်နိုင်သော အကြည့်တို့မှာ စွမ်းအင်စုဆောင်းခြင်း နောက်ဆုံးအဆင့်ရှိ အဆိုပါ သူတော်စင်ဆီသို့ ရောက်သွားသည်။ အကြည့်တို့မှာ ရှုပ်ထွေးလှသည်။ မည်သည့်အတွက်ကြောင့်ဆိုသော် ထိုသူတော်စင်မှာ နေမင်း ခုနစ်ပါးကျောင်းသား တစ်ဦး ဖြစ်နေသောကြောင့်ပင်။

ဂုဏ်သရေရှိ နေမင်းခုနစ်ပါး ကျောင်းသားတစ်ဦး၏ တိုက်ခိုက်မှုက ဖန့်ချန်ကို လုံးဝ မထိခိုက်နိုင်ဘူးလား။

“ဒီကောင်… ငါတို့နဲ့ကြားထဲက ကွာဟချက်က ဘယ်လောက်တောင် ရှိနေတာလဲ။”

တန်ခယ်ရွှမ်က ရေရွတ်သည်။

“သေစမ်း”

ထိုကျောင်းသားမှာ ဒေါသထွက်ကာ ထပ်မံ တိုက်ခိုက်သည်။ လွမ်းဟုန်ဟွမ်က မျက်လုံးကို အကြီးအကျယ် ပြူးကြည့်မိသည်။ ဖန့်ညီကို က ရှေ့ပွဲတွေမှာ တကယ်ပဲ သူ့ရဲ့ စွမ်းအားကို ၁၀ ဆသုံးခဲ့တာလား။

All Chapters