← Chapters

အခန်း (၂၅၀၅-၂၅၀၆)

Vol. 251 Ch. 2505-2506

အခန်း (၂၅၀၅-၂၅၀၆)

Vol. 251 Ch. 2505-2506

အခန်း (၂၅၀၅) - ချင်းမင်က မင်းတို့အတွက် လက်စားချေပေးလိမ့်မယ်

“ဖန့်ညီကို ယဲ့ထျန်းကူက မင်းကို ဒီမှာ ထားခဲ့ဖို့ သံန္နိဋ္ဌာန် ချလိုက်ပြီ။ ငါကတော့ ပြန်နိုင်လောက်မယ် ထင်တယ်။”

“ငါ ပြန်ရောက်သွားရင် အခွင့်အရေးရတာနဲ့ မင်းအတွက် လင်ယောင်ဘက်က သူတော်စင်တွေကို အနည်းဆုံး ငါးယောက်လောက် သတ်ပြီး မင်းအတွက် လက်စားချေပေးမယ်။”

လွမ်းဟုန်ဟွမ်က လေးနက်သော အမူအရာဖြင့် စိတ်ဓာတ်ကျစွာ စကားလှမ်းပြောလိုက်သည်။

“စောစောစီးစီး မပူပါနဲ့ဦး၊ ကိစ္စက မပြီးသေးဘူး။ ပြန်ရင် အတူတူပြန်ရမယ်၊ ငါ့တစ်ယောက်တည်းကို ဒီမှာ ထားခဲ့တာက ရုပ်ပျက်စရာကြီး ဖြစ်နေမှာပေါ့။”

ဖန့်ချန်က ပြန်ပြောလိုက်သည်။

ထိုအချိန်တွင် ဆွေ့ရွှမ်လင်းက ယဲ့ထျန်းကူကို ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်နေပြီး သူ့လက်ထဲတွင် ကိုင်ထားသည့် ယဲ့ချွမ်ကို ဝှေ့ယမ်းကာ -

“မင်း သူ့ကို တကယ်ပဲ စွန့်လွှတ်တော့မလို့လား။ သူက မင်းတစ်သက်မှာ ရနိုင်မယ့် အရည်အချင်းအရှိဆုံး သားတစ်ယောက် ဖြစ်နိုင်တာလေ။”

“မင်း သူ့ကို စွန့်လွှတ်လိုက်တာက မင်းတို့ရဲ့ ယဲ့မျိုးနွယ်စုရဲ့ အနာဂတ်ကို စွန့်လွှတ်လိုက်တာနဲ့ အတူတူပဲ။”

“ဆွေ့ရွှမ်လင်း၊ မင်း လေမပစ်နဲ့ မိတ်ဆွေယဲ့ က နောင်တစ်ချိန် ယဲ့ချွမ်လို သားမျိုးကို နောက်ထပ် မမွေးနိုင်တော့ဘူးလို့ ဘယ်သူက ပြောလဲ။”

စီကုယီက လှောင်ရယ်ပြု၍ -

“ဖန့်ချန်ဆိုတဲ့ ကောင်လေးကို ပြန်လဲလှယ်ယူချင်တာပဲ မဟုတ်လား။ တကယ်ပဲ ပါးစပ်ရှိတိုင်း ပြောနေတာပဲ။”

“မိတ်ဆွေယဲ့ ပြောပြီးပြီ၊ မင်းတို့ ချင်းမင်ဘက်က ဘယ်အခြေအနေကိုမှ လက်ခံမှာ မဟုတ်ဘူး။”

ဟေးဆန်းကလည်း ရယ်မောကာ ပြောလိုက်သည်။

“ဒါပေမဲ့ တခြား သူတော်စင်တွေကိုတော့ မင်းအတွက် လဲလှယ်ပေးနိုင်ပါတယ်။ ဥပမာ ထိုက်ဟောင်ဇုန်း၊ ဒါမှမဟုတ် ရှန်းလုနန်းတော်က အဲဒီ တစ်ပိုင်းသူတော်စင် ကျောင်းသားကိုးယောက်ပေါ့။”

“နောက်ပြီး ကောင်းကင်စစ်သည်မျိုးနွယ်စုက လွမ်းဟုန်ဟွမ်ကိုလည်း မင်းကို ပေးနိုင်တယ်။ သူက မင်းတို့ စစ်ဆေးရေးဌာနက အခုမှ အသစ်သွင်းထားတဲ့ သူတော်စင်ဆိုတာ ကြားတယ်၊ အနာဂတ်မှာ တောက်ပမယ့်သူပဲ၊ လင်ယောင်မှာပဲ ထားခဲ့ရင်တော့ သူ့အရည်အချင်းတွေ နှမြောစရာပဲ။”

ထိုစကားထွက်ပေါ်လာသည်နှင့် ထိုက်ဟောင်ဇုန်းမှာ စိတ်ထဲတွင် ကျိန်ဆဲချင်စိတ် ပေါက်သွားသော်လည်း ဘာမှ ပြန်မပြောဘဲ ယဲ့ထျန်းကူကိုသာ အရိပ်အကဲဖြင့် ကြည့်နေမိသည်။

ချင်းမင်ဘက်က တခြားသူကို ဖမ်းမိသည်ဆိုလျှင် ယဲ့ထျန်းကူက သူ့ကို ရောင်းစားသွားမည်ကို သူ လုံးဝ မကြောက်ပေ။

သို့သော် ချင်းမင်ဘက်က ဖမ်းမိထားသည်က ယဲ့ချွမ် ဖြစ်နေသည့်အတွက် ကိစ္စက ထိန်းချုပ်၍ မရတော့သည့် အခြေအနေသို့ ရောက်သွားပြီဖြစ်သည်။

ယဲ့ထျန်းကူက တည်ငြိမ်စွာပင် ပြောလိုက်သည်။

“သူတို့နဲ့ အခြေအနေတွေ ထပ်မဆွေးနွေးပါနဲ့တော့။ ယဲ့ချွမ်က လင်ယောင်အတွက် သေပေးတာ၊ ဂုဏ်ကျက်သရေရှိရှိ သေတာပဲ။ သူ သေတာနဲ့ တစ်ပြိုင်နက် ဖန့်ချန်၊ လွမ်းဟုန်ဟွမ်နဲ့ ကျန်တဲ့သူတွေကို ချက်ချင်း ကွပ်မျက်လိုက်။”

“ပြီးရင် သူတို့ရဲ့ ခေါင်းတွေကို ရှေ့တန်းစစ်မြေပြင်ဆီ ပို့လိုက်ပါ။”

စီကုယီနှင့် ဟေးဆန်းတို့မှာ ချက်ချင်းပင် စကားဆက်မပြောတော့ဘဲ ပါးစပ်ပိတ်သွားကြသည်။

ချန်းယောင် ပညာသင်ကျောင်းတော်မှာ ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော အငွေ့အသက်များဖြင့် ရုတ်တရက် လွှမ်းခြုံသွားသည်။

ထိုမြင်ကွင်းက လင်ယောင်တို့ ယနေ့ခေတ် အောင်မြင်မှုရရှိခြင်းမှာ ထိုကဲ့သို့သော သူတော်စင်များက စွန့်လွှတ်အနစ်နာခံကာ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သူတို့ကို ပို၍ ယုံကြည်သွားစေသည်။

သူတို့သည် ရှေ့လူသေလျှင် နောက်လူတက်၊ အသက်စွန့်ကာ ပြင်ပမျိုးနွယ်စုများ လက်ထဲသို့ ရခဲလှသော ထိုအောင်မြင်မှုကို အလုမခံရအောင် ကာကွယ်သွားကြမည်ဖြစ်သည်။

ထိုက်ဟောင်ဇုန်းမှာ စိတ်သက်သာရာရသွားပြီး ယဲ့ထျန်းကူကို ပို၍ လေးစားသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ထိုက်ဟောင်တန် မှာမူ အလွန်အမင်း ဝမ်းသာနေသည်။

လင်ယောင်၏ ကောင်းကင်အရှင်တို့က ချင်းမင်နှင့် အပေးအယူ မလုပ်လိုသမျှ ကိစ္စက ရိုးရှင်းသွားပြီ။

သို့သော် လွမ်းဟုန်ဟွမ်နှင့် ရှန်းလုနန်းတော်မှ တစ်ပိုင်းသူတော်စင် ကျောင်းသားရှစ်ဦးမှာမူ စိတ်ရှုပ်ထွေးနေကြသည်။

ယခုကိစ္စမှာ ချင်းမင်က ယဲ့ချွမ်နှင့် သူတို့ကို လဲလှယ်ချင်သလား မဟုတ်တော့ဘဲ လင်ယောင်ဘက်က အပေးအယူကို လုံးဝ လက်မခံတော့ခြင်းဖြစ်သည်။

“တကယ်ပဲ အပေးအယူ မလုပ်တော့ဘူးပေါ့။”

ဆွေ့ရွှမ်လင်းက သက်ပြင်းချလိုက်ပြီး သူ၏ အကြည့်တို့က ဖန့်ချန်နှင့် လွမ်းဟုန်ဟွမ်တို့ထံ ရောက်လာကာ ပြောလိုက်သည်။

“မင်းတို့ သေပြီးသွားရင် ချင်းမင်က မင်းတို့အတွက် လက်စားချေပေးလိမ့်မယ်။”

လွမ်းဟုန်ဟွမ်မှာ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။

ဖန့်ချန်၏ မျက်နှာမှာလည်း အလွန် လေးနက်သွားသည်။

ထိုကိစ္စမှာ အပေးအယူ ပြုလုပ်နိုင်မည့် အခွင့်အရေး လုံးဝ မရှိတော့ကြောင်း ထင်ရှားနေသည်။

‌ဆွေ့ရွှမ်လင်း၏ စကားကို ကြားလိုက်ရသည့်အခါ ယဲ့ထျန်းကူနှင့် ကောင်းကင်အရှင် သုံးပါးလုံးမှာ တစ်စုံတစ်ခုကို တွေးမိဟန်ရှိသည်။

နောက်တစ်စက္ကန့်တွင် သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော မီးလျှံများက ယဲ့ချွမ်ကို လွှမ်းခြုံသွားသည်ကို မြင်လိုက်ရသည်။

“အာ... အာ... အား...”

မေ့မြောနေသော ယဲ့ချွမ်မှာ ရုတ်တရက် ဝေဒနာပြင်းပြစွာဖြင့် အော်ဟစ်လိုက်သည်။

သူ၏ လက်ချောင်းများ တုန်ရီနေပြီး ခေါင်းကို နောက်သို့ ပစ်ကာ ရုန်းကန်နေသည်မှာ သူ့ဝိညာဉ်ကိုပါ လောင်ကျွမ်းသွားစေနိုင်သော ထိုမီးလျှံကို ဖယ်ရှားပစ်လိုသည့်အတွက် ဖြစ်သည်။

သို့သော် ထိုသို့ လုပ်ဆောင်မှုမှာ အချည်းနှီးသာ ဖြစ်သည်။

ဆွေ့ရွှမ်လင်း၏ မျက်ဝန်းတို့မှာ အေးစက်နေပြီး သူ၏ အော်ဟစ်သံများကို လျစ်လျူရှုထားကာ ယဲ့ထျန်းကူကိုသာ ငြိမ်သက်စွာ ကြည့်နေသည်။

ယဲ့ထျန်းကူကလည်း ယဲ့ချွမ်ဘက်ကို မကြည့်ဘဲ ဆွေ့ရွှမ်လင်းကိုသာ စိုက်ကြည့်နေသည်။

စီကုယီနှင့် ဟေးဆန်းတို့၏ အမူအရာမှာ အလွန်ပင် လေးနက်သွားသည်။

ယဲ့ချွမ်၏ အခြေအနေကြောင့် ချန်းယောင်ကျောင်းတော်မှ သူတော်စင်များ၏ မျက်ဝန်းတွင် မခံစားနိုင်သည့် အကြည့်များနှင့် ဒေါသများ ထွက်ပေါ်လာသည်။

ထိုအချိန်တွင် နှစ်ဖက်စလုံးမှာ မည်သူမျှ စကားမပြောဘဲ တိတ်ဆိတ်ငြိမ်သက်နေကြသည်။

နောက်ဆုံးတွင် ယဲ့ချွမ်မှာ ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားပြီး လုံးဝ ပျောက်ကွယ်သွားသည်။

ဆွေ့ရွှမ်လင်းမှ ယဲ့ထျန်းကူကို အနည်းငယ် ပြုံးပြလိုက်ပြီးနောက် လူသားမျိုးနွယ်စု ကျောင်းတော်အုပ်နှင့်အတူ အတွင်းကမ္ဘာထဲသို့ ပြန်လည်ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။

သူ အရေးယူပြီး ယဲ့ချွမ်ကို မီးရှို့သတ်ဖြတ်သည်မှ စ၍ ထွက်ခွာသွားသည်အထိ အချိန်မှာ တစ်ခဏမျှသာ ကြာသည်။

ထိုအချိန်အတွင်းတွင် သူသည် ယဲ့ထျန်းကူနှင့် အပေးအယူ ပြုလုပ်ရန် ထပ်မံ ကြိုးပမ်းခြင်း မရှိတော့ပေ။

၎င်းသည် ဆွေ့ရွှမ်လင်း၏ သဘောထားသာမက ချင်းမင်၏ လက်ရှိသဘောထားလည်း ဖြစ်သည်။

ချန်းယောင်မှ သူတော်စင်တိုင်းက ဤအချက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

“အေး... ဖန်ညီကို ငါတို့တော့ သေပြီပဲ။”

လွမ်းဟုန်ဟွမ်က သက်ပြင်းချလိုက်သည်။

“စောစောမပူပါနဲ့၊ သူတို့ ငါ့ကို အခွင့်အရေးလေး နည်းနည်းလေးသာ ပေးရင် မင်းကို ငါ ခေါ်သွားနိုင်တယ်။”

ဖန့်ချန်က စိတ်ထဲမှ တိုးတိုးလေး ပြောလိုက်သည်။

လွမ်းဟုန်ဟွမ်မှာ အနည်းငယ် အံ့အားသင့်သွားပြီး အမြန်ပင် စိတ်လှုပ်ရှားစွာ ပြန်မေးသည်။

“တကယ်လား။”

“သဘာဝပေါ့၊ ဒါပေမဲ့ သူတို့က အခွင့်အရေး ပေးမပေးပေါ်မှာ မူတည်တယ်။ အခွင့်အရေး မပေးဘူးဆိုရင်တော့…”

ဖန့်ချန်က ပြုံး၍ -

“ဘယ်သူမှ ငါတို့ကို ကယ်နိုင်မှာ မဟုတ်ဘူး။”

“ဆောင်းချန် …”

“မင်းတို့ မထွက်လာနဲ့။”

“...”

...

“မိတ်ဆွေယဲ့၊ မင်းရဲ့ ဒီတစ်ခါ အနစ်နာခံမှုက အတော်ကို ကြီးမားတာပဲ…”

စီကုယီက ရှက်ရွံ့စွာ ပြောလိုက်သည်။

“မင်း စိတ်မပူပါနဲ့၊ ငါ့ကို အခွင့်အရေးသာ ပေးပါ။ အပြင်မှာ ဆွေ့ရွှမ်လင်းရဲ့ တခြားသားသမီးတွေ ရှိမရှိ စုံစမ်းပြီး မင်းအတွက် တစ်ယောက်လောက် ဖမ်းခေါ်လာပေးမယ်။”

ဟေးဆန်းက အေးစက်စက် လှောင်ရယ်ပြု၍ -

“ငါတို့ဆီမှာလည်း ချင်းမင်ဘက်က အရေးကြီးတဲ့ သူတွေအကြောင်း အချက်အလက်တွေ အများကြီး ရှိပါတယ်။ ဒီအကြွေး ကိုတော့ အသေအချာ ချေနိုင်မှာပါ။”

စကားရပ်သွားပြီး သူသည် တံခါးဝတွင် ချိတ်ဆွဲခံထားရသည့် ဖန့်ချန်ကို ကြည့်ကာ ရယ်မောလိုက်သည်။

“ဒီကောင်လေးရဲ့ အရည်အချင်းကတော့ ထူးခြားတဲ့ သူတော်စင်ဆက်ခံသူ တစ်ယောက်ဆိုတာ သိသာတယ်။ အနည်းဆုံး သူတော်စင်အဆင့် အကန့်သက်ကို နှစ်ကြိမ်လောက် ကျော်လွန်ထားတာ ဖြစ်ရမယ်။”

“လွမ်းဟုန်ဟွမ်နဲ့ ပေါင်းလိုက်ရင် ချင်းမင်ရဲ့ ဆုံးရှုံးမှုကလည်း မသေးဘူး။”

သူတော်စင်အဆင့် အကန့်သက်ကို အနည်းဆုံး နှစ်ကြိမ်လောက် ကျော်လွန်ထားတာလား။

ကျောင်းသားများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အံ့အားသင့်နေကြသည်။

နေမင်းခုနစ်ပါး ကျောင်းသားများ၏ မျက်ဝန်းတွင်လည်း ထိတ်လန့်ရိပ်များ ထင်ဟပ်လာသည်။ သူတို့ မယုံကြည်ချင်သော်လည်း ဤစကားမှာ ဟေးဆန်း ဆိုသည့် ဟေးရွမ်းနဂါးမျိုးနွယ်မှ သူတော်စင်တစ်ပါး၏ ပါးစပ်မှ ထွက်လာခြင်း ဖြစ်သည်။

ထို့နောက် ဖန့်ချန်၏ စွမ်းဆောင်ရည်ကို ပြန်တွေးကြည့်သောအခါ အမှန်တရားမှာ သူတို့၏ မျက်စိရှေ့တွင်ပင် ရှိနေသည်ကို ခံစားလိုက်ရသည်။

“ဟုတ်တာပေါ့၊ သူတော်စင်အဆင့် အကန့်သက် ကို နှစ်ကြိမ်လောက် ကျော်လွန်ထားမှပဲ ဒီလိုမျိုး အခြေခံစွမ်းအားတွေ ရှိမှာပေါ့၊ မဟုတ်လား။”

တန်ခယ်ရွှမ် က တိုးတိုးလေး ရေရွတ်လိုက်သည်။

“နှမြောလိုက်တာ၊ သူတော်စင်အဆင့် အကန့်သက်ကို ကျော်လွန်တာက ဘယ်လောက်တောင် စွမ်းအားကြီးမလဲဆိုတာ တစ်ခါလောက်တော့ စမ်းကြည့်ချင်မိတယ်။”

ဘေးနားမှ ကျောင်းသားတစ်ဦးကလည်း ဖန့်ချန်ကို မနာလိုစွာ ကြည့်ရင်း ရေရွတ်သည်။

“သူက သူတော်စင်အဆင့် အကန့်သက်ကို နှစ်ကြိမ်တောင် ကျော်လွန်ထားတာလား။”

လွမ်းဟုန်ဟွမ်က ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပြီးမှ သဘောပေါက်သွားသည်။

ကိုယ့်ထက်သာသူကို ရှုံးနိမ့်ရတာ မမှားပါဘူးလေ။

ဒါပေမဲ့... သူတော်စင်အဆင့် အကန့်သက်ကို နှစ်ကြိမ်ကျော်လွန်လိုက်တာနဲ့ ဒီလောက်တောင် စွမ်းအားကြီးသွားတာလား။

ရုတ်တရက် သူလည်း သူတော်စင်အဆင့် အကန့်သက်ကို နောက်တစ်ကြိမ် ထပ်ကျော်လွန်ကြည့်ချင်စိတ် ဖြစ်ပေါ်လာသည်။

ဒုတိယအကြိမ် ကျော်လွန်ခြင်းက ပထမအကြိမ်ထက် အဆပေါင်းများစွာ ပို၍ စွမ်းအားတက်လာနိုင်တာများလား။

လူအများ စိတ်ထဲတွင် ထိတ်လန့်နေချိန်တွင် ယဲ့ထျန်းကူကမူ တည်ငြိမ်စွာပင် ပြောလိုက်သည်။

“ချင်းမင်ဘက်က သူတို့ ကံကောင်းလို့ ယဲ့ချွမ်အနားမှာ သူတို့လူကို ထည့်ထားနိုင်တာလို့ မင်းတို့ တကယ်ပဲ ထင်နေကြတာလား။”

စီကုယီမှာ အနည်းငယ် အံ့အားသင့်သွားပြီး -

“မင်း ဘာကို ဆိုလိုတာလဲ။”

“ယဲ့ချွမ်ရဲ့ သွားလာလှုပ်ရှားမှုတွေကို ငါတို့ဘက်က သူတော်စင်တွေကပဲ သတင်းပေးလိုက်တာ ဖြစ်ရမယ်။”

“ဒီကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးဌာနဘက်က ငါ့ကို အဖြေပေးဖို့ မျှော်လင့်တယ်။ မဟုတ်ရင်တော့ ငါ ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။”

ယဲ့ထျန်းကူက အေးဆေးစွာ ပြောသည်။

“မေ့လိုက်ပါ၊ စုံစမ်းစစ်ဆေးရေးဌာနနဲ့ ရန်မဖြစ်ပါနဲ့။ အဲဒီလူတွေက မလွယ်ဘူး။”

စီကုယီက ခါးသက်သက် ပြုံး၍ ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ဒီကိစ္စကို အသေးစိတ် စစ်ဆေးပါလိမ့်မယ်။ မင်း လိုချင်တဲ့ အဖြေ ထွက်လာမလားတော့ မသိဘူးပေါ့။”

ပြောပြီးသည်နှင့် သူသည် လက်ကို ပွတ်သပ်ကာ ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်သည်။

“အခု ဒီကောင်လေးကို စတင်ပြီးတော့ သန့်စင်ကြမလား။”

ယဲ့ထျန်းကူက ဖန့်ချန်ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

အခန်း (၂၅၀၆) - လှုပ်ရှားမှုများပြားသော ဒေသ၊ ရှန်ကျောက်

“ဖန့်ပစ်မှတ်ကတော့ ဒီတစ်ခါတော့ သေချာပေါက် သေရတော့မှာပဲ။”

“ချင်းမင်က ငါတို့ရဲ့ ကျောင်းတော်အုပ်ရဲ့ သားကိုတောင် သတ်ရဲတယ်ဆိုမှတော့၊ ဒီသွေးကြွေးကို သွေးနဲ့ပဲ ပြန်ဆပ်ရမယ် ”

“ဖန့်ပစ်မှတ်သာ သေသွားရင် ချင်းမင်က ငါတို့ လင်ယောင်ကို နေမင်း ခုနစ်ပါး ခန်းမမှာ ဘယ်လိုများ တားဆီးနိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်။”

ချန်းယောင် ပညာသင်ကျောင်းတော်သို့ ရောက်ရှိလာသည့် သူတော်စင်များ ပိုမိုများပြားလာသည်။ အပြင်ဘက်တွင် ရောက်ရှိနေကြသည့် သူတော်စင်များပင် ထိုကိစ္စကြောင့် အပြေးအလွှား ပြန်လာကြသည်။

သူတို့သည် ကောင်းကင်အရှင် သုံးပါးက ကျုံရွှမ်လက်စွပ်မှ ဖန်တီးထားသော ဘုရားကျောင်းငယ်ကို သန့်စင်နေသည်ကို မြင်လိုက်ရသည့်အခါ မျက်ဝန်းတို့တွင် စိတ်လှုပ်ရှားမှုများ အပြည့်ဖြင့် ကြည့်နေကြသည်။

“အေး... တကယ်ကို နှမြောစရာပဲ၊ သူ့ကို ကိုယ်တိုင် လက်ရည်တမ်း မစမ်းသပ်လိုက်ရဘူး။”

နေမင်းခုနစ်ပါး ကျောင်းသားတစ်ဦးက ရယ်မော၍ သက်ပြင်းချလိုက်သည်။

“သူနဲ့ လက်ရည်တမ်းလို့ ဘာအဓိပ္ပာယ်ရှိမှာလဲ၊ တူညီတဲ့ အဆင့်မှ မဟုတ်တာ။”

“သူ့ရဲ့ တည်ရှိမှုက ခြွင်းချက်တစ်ခုသာ ဖြစ်ပြီး ချင်းမင်ဘက်ရဲ့ စုစုပေါင်း စွမ်းအားကတော့ ငါတို့ လင်ယောင်ထက် တစ်ပတ်လျှော့နေတုန်းပဲ။”

“ဒါပေါ့၊ ကောင်းကင် ငါးပါး ကာလအတွင်းမှာ ငါတို့ လင်ယောင်ကို ဘယ်သူက ယှဉ်ပြိုင်နိုင်မှာလဲ။ နေမင်း ခုနစ်ပါး ပညာသင်ကျောင်းတော်တွေမှာတင် ငါတို့ လင်ယောင်က နှစ်ခုတောင် ပိုင်ဆိုင်ထားတာလေ ”

“ဘယ်နှစ်နှစ်၊ ဘယ်နှစ်လကြာမှ တန်လင်နဲ့ ရွှေဟွေးဆီ တကယ်ခြေချပြီး ဒီကျောင်းတော်နှစ်ခုလုံးကို သမိုင်းထဲကနေ လုံးဝ ပျောက်ကွယ်သွားအောင် လုပ်နိုင်မလဲဆိုတာ မသိဘူး ”

ထိုစကားများကို ကြားလိုက်ရချိန်တွင် တန်ခယ်ရွှမ်က ဖန့်ချန်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

ရင်ထဲတွင်လည်း မခံမရပ်နိုင်အောင် နှမြောစိတ် ဖြစ်ပေါ်လာသည်။

“စီကုပေ့ရဲ့ လက်စားချေမှုကတော့ ပြေလည်တော့မှာပဲ။”

စီကုကျင့်ဟွာက အေးဆေးစွာ ပြောသည်။

ဘေးနားမှ စောင့်ရှောက်သူများက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဘာမှ ထပ်မပြောကြတော့ပေ။

စီကုပေ့ သေသွားတာ သူနဲ့ပဲ ထိုက်တန်သည်၊ ဖန့်ချန် သေတာနဲ့ လင်ယောင်ရဲ့ အရှက်တကွဲ ဖြစ်မှုတွေကို ဆေးကြောနိုင်ပြီ ဒါကပဲ အရေးကြီးဆုံး ကိစ္စဖြစ်သည်။

သို့သော် သူတို့သည် ယဲ့ချွမ်ကို ဆွေ့ရွှမ်လင်းက ထိုနေရာမှာတင် တရားစီရင် သတ်ဖြတ်လိုက်သည့် မြင်ကွင်းကို ပြန်တွေးမိကြသည်။

စိတ်ထဲတွင်မူ မွန်းကျပ်မှုများ ဖြစ်ပေါ်လာသည်။

“ဘိုးဘေး၊ သားအတွက် အချိန်အခါ မပေးလို့ ဖခင်အတွက် လက်စားမချေနိုင်တာကိုပဲ နာကျည်းမိတယ်၊ အဖေ။”

ထိုက်ဟောင်တန်က ဖန့်ချန်ကို စိုက်ကြည့်နေပြီး မျက်ဝန်းထဲတွင် အမုန်းတရားများသာ ပြည့်နှက်နေသည်။

ထိုက်ဟောင်ဇုန်းက တည်ငြိမ်စွာဖြင့် -

“မင်းမှာ အရည်အချင်း ရှိပါတယ်၊ မဟုတ်ရင် ဘိုးဘေးက ဒီတစ်ခါ ချန်းယောင် ပညာသင်ကျောင်းတော်ကို ခေါ်လာမှာ မဟုတ်ဘူး။”

“ဒါပေမဲ့... မင်းရဲ့ အရည်အချင်းက ဖန့်ချန်နဲ့ ယှဉ်လိုက်ရင်တော့ အနည်းငယ် လိုအပ်နေသေးတယ်။ ကိုယ်တိုင် လက်စားမချေနိုင်တာကလည်း ကောင်းတဲ့ကိစ္စ တစ်ခုပါပဲ။”

“...”

ထိုက်ဟောင်တန်က လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး အကြည့်တို့မှာ ပို၍ မှောင်မိုက်သွားသည်။

အချိန်များ ကုန်ဆုံးလာသည်။

ကျုံရွှမ်လက်စွပ်၏ စွမ်းအားမှာ မျက်စိဖြင့် မြင်နိုင်သည့်နှုန်းဖြင့် တဖြည်းဖြည်း လျော့နည်းလာသည်။

ဟေးဆန်းနှင့် စီကုယီတို့က ထိုမြင်ကွင်းကို မြင်သည်နှင့် စွမ်းအားအကုန်သုံးကာ ပိုမိုပြင်းထန်သော အရှိန်အဟုန်ဖြင့် ရူးသွပ်စွာ သန့်စင်လိုက်ကြသည်။

ထိုကောင်းကင်အရှင် နှစ်ပါး၏ နောက်ကွယ်မှ အတွင်းကမ္ဘာ ပေါက်ဝများမှလည်း အရှိန်အဟုန်များ ရိုက်ခတ်လာပြီး လှိုင်းလုံးကြီးများကဲ့သို့ အတွင်းကမ္ဘာ၏ စွမ်းအားများက သူတို့၏ ခန္ဓာကိုယ်ထဲသို့ တရစပ် စီးဝင်လာသည်။

သာမန်အားဖြင့်သာ သူတို့က ရိုက်ခတ်မှုကို မပိတ်ပင်ထားလျှင် ထိုအရှိန်အဟုန်၏ အစိတ်အပိုင်းလေး တစ်ခုတည်းကပင် ထိုနေရာရှိ သူတော်စင် ၉၉ ရာခိုင်နှုန်းကို သတ်ဖြတ်ပစ်နိုင်လောက်သည်။

ယဲ့ထျန်းကူကမူ ထိုတစ်လျှောက်လုံး စိတ်လှုပ်ရှားမှု မရှိသလောက်ပင်။

သူသည် သူ၏ ကောင်းကင်စွမ်းအားကို တည်ငြိမ်စွာပင် ထုတ်ဖော်နေပြီး ဖန့်ချန်ကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်နေသည်။

“ဒီတစ်ခါတော့ တကယ် သေတော့မှာပဲ။”

လွမ်းဟုန်ဟွမ်က စိတ်ပျက်လက်ပျက်ဖြင့် -

“ငါသာ အချုပ်အနှောင် မခံထားရရင် အလွန်ဆုံး အဆင့်မြင့် ကောင်းကင်စစ်လက်နက်ကို ဖျက်ဆီးပစ်လိုက်မှာ၊ အသန့်စင်ခံရမယ့် အဖြစ်မျိုးတော့ မရောက်ဘူး…”

ထိုသို့ တွေးမိရင်း ဖန့်ချန်ကို ကြည့်လိုက်ရာ ဖန့်ချန်၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ မရှိဘဲ ကြောက်ရွံ့ခြင်း၏ အရိပ်အယောင်ကိုပင် မတွေ့ရသဖြင့် သူ၏ ရင်ထဲတွင် အံ့ဩမှုများ ဖြစ်ပေါ်လာသည်။

...

...

“မှန်လေး ငါ သေပြီးတဲ့နောက်မှာ အတွင်းကမ္ဘာကို ယဲ့ထျန်းကူတို့ မသိမ်းပိုက်နိုင်အောင် ဘာနည်းလမ်းရှိမလဲ။”

“နည်းလမ်းတစ်ခုပဲ ရှိတယ်... ငါ ရိပ်ခြေဗုဒ္ဓ ရဲ့ နည်းလမ်းကို အသုံးပြုပြီး အတွင်းကမ္ဘာကို ဗလာနယ်ထဲမှာ နှစ်မြှုပ်လိုက်လို့ ရတယ်။”

“ကောင်းပြီ၊ အဲဒီလိုပဲ လုပ်လိုက်။ နောက်ကျမှ လီဝူကို ပြောပြီး ဝမ်အိုကြီးကို ရှာခိုင်းလိုက်ပါ။”

“သူ့ကို တွေ့ရင် ငါ့ရဲ့ နတ်ဘုရားစွမ်းအားကို လေ့လာခိုင်း၊ ဘယ်လောက်ရမလဲ ဆိုတာကိုတော့ သူ့အပေါ်မှာပဲ မူတည်တယ်။”

“ညီီီကို၊ ကိစ္စက မပြီးသေးဘူးလေ၊ ဒီလောက်ထိ စိတ်ဓာတ်ကျစရာ မလိုပါဘူး။”

“ဖန့်ချန်၊ မင်း မသေပါဘူး”

“ကြိုတင် စီစဉ်ထားတာကတော့ ကောင်းပါတယ်။ ၊ ဓားငယ်လေး ရုဏာတောင်က တပည့်တွေကို မင်း ဘယ်သူနဲ့ လိုက်ချင်လဲ။”

“ငါ ဘယ်သူနဲ့မှ မလိုက်ချင်ဘူး”

“ဒါဆိုရင်... ၁၉ လွှာ ဟင်းလင်းပြင်ကို သွားဖို့ ကြိုးစားကြည့်၊ ဖိန့်အန်းကို ရှာပြီး သူ့နောက်ကို လိုက်သွားလိုက်။”

“ဖန့်ချန်”

“စကားနားထောင်၊ ဒါက အဆိုးဆုံး ဖြစ်လာနိုင်တဲ့ အခြေအနေကို ကြိုတွက်ထားတာ၊ နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုလည်း ရှိသေးတယ်။”

“သူတို့သာ ငါ့ရဲ့ ဝိညာဉ်အနှစ်သာရ ကို မသိမ်းပိုက်နိုင်ရင် ငါ ၁၉ လွှာမှာ မင်းကို လာရှာမယ်။”

ဖန့်ချန်၏ အကြည့်တို့မှာ တည်ငြိမ်စွာဖြင့် ယဲ့ထျန်းကူ၊ ဟေးဆန်းနှင့် စီကုယီတို့ကို ကြည့်နေသည်။

ထိုလူသုံးဦးကို အမှတ်ရသွားစေရန် ကြိုးစားနေပုံရသည်။

ကျုံရွှမ်လက်စွပ် ပျက်စီးသွားလျှင် တစ်ခုတည်းသော မျှော်လင့်ချက်မှာ ဝိညာဉ်အနှစ်သာရဖြစ်သည်။

သူတို့သာ ဝိညာဉ်ကို မသိမ်းပိုက်နိုင်လျှင် သူသည် ပြန်လည် အသက်ရှင်နိုင်မည့် နည်းလမ်းကို ရှာဖွေနိုင်သေးသည်။

အကယ်၍ ဝိညာဉ်အနှစ်သာရကိုပါ သိမ်းပိုက်နိုင်သည်ဆိုပါက၊

နောက်ပိုင်း ကိစ္စများကို ဝမ်အိုကြီးက ဆက်လက် တာဝန်ယူသွားလိမ့်မည်။

ဒါက အကောင်းဆုံး စီစဉ်မှုဖြစ်ပြီး အလုံခြုံဆုံး စီစဉ်မှုလည်း ဖြစ်သည်။

ရှန်းဟုန် မျိုးနွယ်စု ၏ အခြေအနေမှာ အရင်လို မစိုးရိမ်ရတော့ပါ။

ယင်လောကတွင် 'ယဲ့' က စောင့်ကြည့်နေသည်။

အဘိုးတို့ကလည်း ယန် နတ်ဘုရားများ ဖြစ်နေ၍ မသေနိုင်ပါ။

တစ်နေ့နေ့တွင် ဟော်ဆွေ့ ဘိုးဘေးလက်ထဲမှ လွတ်မြောက်လာနိုင်မည်။

ထိုအချိန်ကျလျှင် လူမျိုးစုများ မပျောက်ကွယ်သ၍ ရှန်းဟုန်လည်း မပျောက်ကွယ်ပါ။

ထိုသို့ တွေးတောနေစဉ် ချန်းယောင် ပညာသင်ကျောင်းတော်မှာ ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။

ဝဲဂယက်တစ်ခုက ဖြည်းညှင်းစွာ ပွင့်လာသည်။

ဟေးဆန်းနှင့် စီကုယီတို့က လက်ထဲမှ အလုပ်ကို မရပ်တန့်ကြပေ။

ယဲ့ထျန်းကူသာ လှုပ်ရှားမှုကို ရပ်လိုက်ပြီး ဝဲဂယက်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“ဘယ်သူလဲ။”

ယဲ့ထျန်းကူက အေးဆေးစွာ ပြောသည်။

“မငြိမ်သက်သော ဒေသ၊ ရှန်ကျောက် ။”

အေးစက်စက် အမျိုးသမီး အသံတစ်ခုက ချန်းယောင် ကျောင်းတော်တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည်။

“မငြိမ်သက်သော ဒေသ ရှန်ကျောက် ကောင်းကင်အရှင်”

ဖန့်ချန်၏ တွေးတောမှုများ ရပ်တန့်သွားပြီး မျက်ဝန်းထဲတွင် အံ့အားသင့်မှုများ ထွက်ပေါ်လာသည်။

ရှောင်ယွီ သိသွားပြီး သူမ၏ ဆရာသမားကို အကူအညီ တောင်းလိုက်တာများလား။

သို့သော် ဖန့်ချန်ကမူ ထိုအချက်ကို သိပ်ပြီး မျှော်လင့်မထားပါ။

လင်ယောင်က ချင်းမင်ကိုတောင် အပေးအယူ မလုပ်တာ၊ မငြိမ်သက်သော ဒေသရဲ့ စကားကို နားထောင်ပါ့မလား။

“ရှန်ကျောက် ကောင်းကင်အရှင် ဒီကို ဘာလာလုပ်တာလဲ။”

လွမ်းဟုန်ဟွမ်၏ မျက်ဝန်းတွင်လည်း မေးခွန်းထုတ်မှုများ ထွက်ပေါ်လာသည်။

ထိုအချိန်တွင် ချန်းယောင် ပညာသင်ကျောင်းတော်မှ သူတော်စင်များမှာလည်း အံ့အားသင့်သွားကြသည်။

သူတော်စင် အများစုမှာမူ ရှန်ကျောက် ဆိုသည်မှာ မည်သူမှန်း မသိကြပေ။

ကမ္ဘာကြီး အဆင့် ၊ ကောင်းကင်နိမိတ်အဆင့် နှင့်အထွတ်ထိပ်တာအို အဆင့် ကျောင်းသားများသာ ရှန်ကျောက် ဆိုသည့် အမည်ကို ကြားသည်နှင့် အံ့ဩမှုနှင့် သံသယများ ဖြစ်ပေါ်လာကြသည်။

“သူ ဒီကို ဘာလာလုပ်တာလဲ။”

ဟေးဆန်းနှင့် စီကုယီတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အမူအရာမှာ တင်းမာသွားသည်။

ယဲ့ထျန်းကူက အေးဆေးစွာ -

“ရှန်ကျောက် ကောင်းကင်အရှင်၊ ကျွန်တော်တို့ သိပ်ပြီး မရင်းနှီးဘူး၊ ဒီနေ့ ဒီကို ဘာလာလုပ်တာလဲ။”

“ဖန့် ဆိုတဲ့ ကောင်လေးကို မင်းတို့ ရောင်းမလား။”

ရှန်ကျောက် ကောင်းကင်အရှင်၏ အသံက တစ်ဖန် ပဲ့တင်ထပ်လာသည်။

ဖန့်ချန်ကို လာဝယ်တာလား

သူတော်စင်များအားလုံး အံ့အားသင့်သွားကြသည်။

ယဲ့ထျန်းကူက လှောင်ရယ်ပြု၍ -

“မငြိမ်သက်သော ဒေသက ချင်းမင်နဲ့ ဘယ်အချိန်ကတည်းက ဒီလောက်တောင် ရင်းနှီးသွားတာလဲ။”

“သူတို့ကိုယ်စား လာရွေးတာလား။ ချင်းမင်ရဲ့ ဆွေ့ရွှမ်လင်း မင်းကို မပြောလိုက်ဘူးလား။”

“ငါ့သား ယဲ့ချွမ်က သူ့လက်ထဲမှာ သေသွားပြီဆိုတာကိုလေ။”

“မင်းသားက ငါနဲ့ ဘာမှမဆိုင်ဘူး၊ ငါက ချင်းမင်နဲ့လည်း ဘာမှ မသက်ဆိုင်ဘူး။”

“ဒီကို လာတာက ဒီကောင်လေးကို ဝယ်ဖို့ပဲ။ မင်းတို့နဲ့ ချင်းမင်ကြားက အငြင်းပွားမှုတွေကို မငြိမ်သက်သောဒေသက ဘာမှ ဝင်ပါမှာ မဟုတ်ဘူး။”

ရှန်ကျောက် ကောင်းကင်အရှင်က တည်ငြိမ်စွာဖြင့် ပြောသည်။

“ဒီကောင်လေးက သူတော်စင်အဆင့်ကို နှစ်ကြိမ်တောင် ကျော်လွန်ထားတာ သိသာတယ်၊ အရည်အချင်း ကောင်းတယ်။ ဒီအတိုင်း သတ်ပစ်လိုက်ရင်တော့ နှမြောစရာပဲ။”

“သူ့ကို ငါ့ရဲ့ ကောင်းကင်အရှင် ဆက်ခံသူအဖြစ် ခန့်ထားဖို့ စိတ်ကူးထားတယ်၊ မင်းတို့ ငါ့ကို မျက်နှာသာ ပေးပါ့မလား။”

ထိုစကားကြောင့် ကျောင်းသားပေါင်း မြောက်မြားစွာမှာ မနာလိုစွာ ကြည့်လိုက်ကြသည်။

ကောင်းကင်အရှင် တစ်ပါးက လူတစ်ယောက်ကို လာကယ်ပြီး ကောင်းကင်အရှင် ဆက်ခံသူအဖြစ် ခန့်အပ်ဖို့ ပြောလိုက်ခြင်းဖြစ်သည်။

ဒါက ဘယ်လောက်တောင် ရှားပါးတဲ့အခွင့်အရေးလဲ။

ကောင်းကင်ငါးပါး ကာလအတွင်းက ဆက်ခံသူ ၉၉ ရာခိုင်နှုန်းတောင် ဒီလို အခွင့်အရေး မရကြပါဘူး။

သူတို့က အဆင့်အတန်းနဲ့ လေ့ကျင့်ရေး အရင်းအမြစ်လောက်ပဲ ရကြတာပါ။

ကောင်းကင်အရှင် တစ်ပါးရဲ့ ကိုယ်တိုင် လေ့ကျင့်ပေးမှု ခံရဖို့ဆိုတာ အထွတ်ထိပ်တာအို အဆင့်ကို မရောက်မချင်း လုံးဝ မဖြစ်နိုင်တဲ့ အရာပါ။

ယဲ့ထျန်းကူက ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပြီးမှ ရယ်မောကာ -

“မင်းရဲ့ အရည်အချင်းက တကယ်ပဲ ကောင်းကင်အရှင်တွေကို ဆွဲဆောင်နိုင်တာပဲ၊ တကယ်ကို နှမြောစရာပဲ။”

“ငါသာ မင်းကို အခွင့်အရေး တစ်ခုပေးပြီး ငါ့တပည့်အဖြစ် လက်ခံမယ်ဆိုရင်…”

“နောင်တစ်ချိန် ငါနဲ့အတူ ချင်းမင်ကို တိုက်ခိုက်ဖို့ မင်း ဆန္ဒရှိမလား။”

“မင်းသာ ခေါင်းညိတ်လိုက်ရင် မင်း သေရတော့မှာ မဟုတ်ဘူး။”

All Chapters